← Chapters

စတုတ္ထအဆင့် လမ်းညွှန်မှုလမ်းကြောင်း...

Vol. 36 Ch. 547

စတုတ္ထအဆင့် လမ်းညွှန်မှုလမ်းကြောင်း...

Vol. 36 Ch. 547

" သေခြင်းရှင်ခြင်းနိယာမရဲ့ ပထမအဆင့်မှာ ဘာလို့ ဒီလောက်ကြီးမားတဲ့ စွမ်းအားရှိနေတာလဲ။ " အနက်ရောင်ဝတ်ရုံနှင့် လူက လင်းယွမ်ကို ဂရုတစိုက် ကြည့်ရှုနေသည်။

" ပြင်ပစွမ်းအားတွေရဲ့ အကူအညီမပါဘဲ လျို့ဝှက်လက်နက်က နိယာမအတက်အကျတွေမရှိဘဲ ဒါက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားပေါ့။ သူ့ရဲ့ ရုပ်ခန္ဓာက ပုံမှန်အလွှာတစ်ဆယ်သက်ရှိတစ်ယောက်ထက် အများကြီး ကျော်လွန်နေတယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူက တစ်စုံတစ်ခုကို နားလည်သွားသည်။

ဤကမ္ဘာ၏ စမ်းသပ်မှုများက ပြင်ပစွမ်းအားများကို အသုံးပြုခွင့်မပြုပေ။ ပြင်ပစွမ်းအားဆိုသည်မှာ လျို့ဝှက်ရတနာများ သို့မဟုတ် အခြားအဆင့်မြင့်လက်နက်များကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ယောက်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့ကို ပြင်ပစွမ်းအားအဖြစ် ထည့်တွက်၍မရပေ။

လင်းယွမ်က ထုတ်ဖော်ခဲ့သော သေခြင်းရှင်ခြင်းနိယာမက ပထမအဆင့်တွင် ရှိနေလေသည်။ သို့သော် သူ၏ အခြေခံအုတ်တြစ်က အလွန်နက်ရှိုင်းလှသည်။ သေခြင်းရှင်ခြင်းနိယာမကို နားလည်နိုင်စွမ်းက ထိုပေါင်းစပ်နိယာမ၏ စွမ်းအားကို သက်ရောက်မှုရှိလေသည်။

" အကြီးအကဲ ကျွန်တော် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပြီလား။ " လင်းယွမ်က သူ၏ တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူက သူ့ကို ထိန်းချုပ်စရာမလိုကြောင်း ပြောခဲ့လေသည်။ လင်းယွမ်က သဘာဝအတိုင်း ထိန်းချုပ်ထားခြင်းမရှိဘဲ သူ၏ တိုက်ခိုက်မှုကို အပြည့်အဝထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ သူ၏ အတွင်းကမ္ဘာမှ ကျယ်ပြောလှသော စွမ်းအား၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ စွမ်းအားအပြင် တတိယအဆင့်ထိ ကျင့်ကြံထားသော ရွှမ်ဟွမ်တိုက်ကွက်ကိုပင် ပေါင်းထည့်ခဲ့လေသည်။

အားဖြည့်ခြင်းနတ်စွမ်းရည်ကိုတော့ လင်းယွမ်က အသုံးပြုခြင်းမရှိခဲ့ပေ။ သူက ထိုစွမ်းရည်ကို အသုံးပြုပြီးနောက် အားနည်းသော အခြေအနေတစ်ခုသို့ ရောက်သွားမည်ဖြစ်သည်။

" စည်းမျဉ်းတွေအရတော့ မင်းက စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူက ပြောလိုက်သည်။

အနက်ရောင်ဂြိုလ်က ချမှတ်ထားသော စည်းမျဉ်းများအရ လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမ၏ ပထမအဆင့် စွမ်းအားကို ပိုဆိုင်ထားသရွေ့ စမ်းသပ်မှုကို အောင်မြင်မည်ဖြစ်သည်။ ၎င်းက အလွှာတစ်ဆယ်သက်ရှိတစ်ယောက် ရှိနိုင်သော အဆင့်အတန်းဖြစ်လေသည်။ သေခြင်းရှင်ခြင်းနိယာမကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်လျှင် အလွှာဆယ့်တစ်ထဲသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။

လင်းယွမ်၏ သေခြင်းရှင်ခြင်းနိယာမက နားလည်မှုအရ ပထမအဆင့်တွင် ရှိနေသော်လည်း စွမ်းအားက တတိယအဆင့် တံခါးဝကို ရောက်နေပြီဖြစ်သည်။

" ကောင်းတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ အနက်ရောင်ဂြိုလ်၏ စမ်းသပ်မှုက များစွာခက်ခဲခြင်းမရှိဘဲ တစ်ချက်တိုက်ခိုက်ရုံနှင့် လုံလောက်ခဲ့လေသည်။

" အဲ့ဒီတံခါးထဲမှ ဒီလမ်းကြောင်းရဲ့ ဆုလာဘ်ရှိနေတယလ။ " အနက်ရောင်ဝတ်ရုံနှင့် လူက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

မဝေးသောနေရာတွင် အနက်ရောင်တံခါးတစ်ခု ထွက်ပေါ်လာသည်။ အပြင်မှ တံခါးဆယ့်နှစ်ခုနှင့် ယှဉ်လျှင် ထိုတံခါးက ငါးမီတာသာ ရှိပြီး အတော်လေး ရိုးရှင်းပုံရလေသည်။

" ဒါပေမယ့် ငါမင်းကို သတိပေးလိုက်မယ်။ ဘယ်သူမဆို ဒီတံခါးထဲကို တစ်ကြိမ်သာ ဝင်ရောင်ခွင့်ရှိတယ်။ မင်းက လမ်းတစ်ဝက်မှာ ထွက်သွားခဲ့ရင် စမ်းသပ်မှုကို ထပ်ပြီး ဖြတ်ကျော်နိုင်ရင်တောင် တံခါးထဲကို ဝင်ရောက်လို့မရတော့ဘူး။ "

အနက်ရောင်ဝတ်ရုံနှင့် လူက ပြောလိုက်သည်။

" တံခါးအတွင်းမှာ အန္တရာယ်တစ်ခုခုရှိလား။ " လင်းယွမ်က မေးလိုက်သည်။

" အန္တရာယ်မရှိဘူး။ " အနက်ရောင်ဝတ်ရုံနှင့်လူက တံခါးအတွင်း ဘာရှိမှန်းမသိသော်လည်း အန္တရာယ်မရှိသည်မှာ သေချာလေသည်။

" ဒါဆို တံခါးအတွင်းမှာ ခွန်အားကို အသုံးပြုရဦးမှာလား။ " လင်းယွမ်က ထပ်မေးလိုက်သည်။

" မင်းက စမ်းသပ်မှုကို ဖြတ်ကျော်သွားပြီဖြစ်လို့ နောက်တစ်ကြိမ် စမ်းသပ်ဖို့ မလိုတော့ပါဘူး။ " အနက်ရောင်ဝတ်ရုံနှင့် လူက ပြန်ဖြေလိုက်သည်။

" ကျွန်တော် ကိုယ်ပွားတစ်ခုကိုရော အထဲကို လွှတ်လို့ရလား။ " လင်းယွမ်က ခဏစဉ်းစားပြီးပြောလိုက်သည်။

ကိုယ်ပွားတစ်ခုက စိတ်အသိမျှင်တစ်ခုကို အသုံးပြုပြီး စကြာဝဠာစွမ်းအားများ စုစည်းထားခြင်းကို ဆိုလိုလေသည်။

" ရတယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။ သူက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး တခါးထဲသို့ ဝင်ရောက်သွားသည်။

လင်းယွမ်၏ ကိုယ်ပွားက မိုင်အနည်းငယ် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာ၏ ဘယ်ဘက်ခြမ်းက အသက်နိယာမများနှင့် ပြည့်နှက်နေပြီး ညာဘက်ခြမ်းက သေခြင်းနိယာမများနှင့် ပြည့်နှက်နေသည်။

နိယာမနှစ်ခုက တစ်ခုနှင့်တစ်ခု ပြောင်းလဲပြီး ပေါင်းစပ်နေကြသည်။ ရှင်သန်ခြင်း၏ အဆုံးက သေဆုံးခြင်းဖြစ်ပြီး သေဆုံးခြင်း၏ အဆုံးက ရှင်သန်ခြင်းဖြစ်သည်။ သေဆုံးခြင်းနှင့်ရှန်သန်ခြင်း၏ အဆုံးမရှိသော သံသရာတစ်ခု။

" ပေါင်းစပ်နိယာမကို လမ်းညွှန်ပေးတာလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

ပေါင်းစပ်နိယာမများက စကြာဝဠာ၏ နိယာမများနှင့်မတူဘဲ လမ်းညွှန်မှုမရှိပေ။ ပေါင်းစမ်နိယာမများကို နားလည်ခြင်းက ပုံမှန်အားဖြင့် မိမိအပေါ်တွင်သာ မှီခိုလေသည်။

ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ နားလည်ထားသူတစ်ယောက်က ထိုကဲ့သို့ လမ်းညွှန်မှုကို ဖန်တီးပေးနိုင်လေသည်။ သာမန်နိယာမများ၏ ပေါင်းစပ်နိယာများကပင် သတ္တမအဆင့်က အလွှာဆယ့်တစ်သက်ရှိတစ်ယောက်အတွက် အကန့်သတ်ဖြစ်လေသည်။ အဓိကပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ ရောက်ရှိခြင်းက ကြီးမြတ်သူများသာ ဝင်ရောက်နိုင်သော နယ်ပယ်ဖြစ်လေသည်။

" သေခြင်းရှင်ခြင်းနိယာမရဲ့ လမ်းညွှန်မှု လမ်းကြောင်း... စတုတ္ထအဆင့်..." လင်းယွမ်က စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။

စတုတ္ထအဆင့် လမ်းညွှန်မှုလမ်းကြောင်းမှာ လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမကို နားလည်နေချိန်တွင် ပထမအဆင့်မှ စတုတ္ထအဆင့်ထိ တိကျသောလမ်းညွန်မှုတစ်ခု ရနိုင်သည်ဟု ဆိုလိုလေသည်။

ပေါင်းစပ်နိယာမများအပေါ် ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများအရ ကြီးမြတ်သူများက မတူညီသော လမ်းညွှန်မှုလမ်းကြောင်းများကို ဖန်တီးနိုင်ကြလေသည်။

ဒုတိယအဆင့် လမ်းညွှန်မှုလမ်းကြောင်းက ကြီးမြတ်သူများအတွက် သက်ရောက်မှုမရှိပေ။ သူတို့က ထောင်စုနှစ်အနည်းငယ် ဆက်လက်လေ့လာခြင်းဖြင့် သူတို့၏ ကျင့်ကြံမှုကို ပြန်လည်ရရှိနိုင်လေသည်။

တတိယအဆင့် လမ်းညွှန်မှုလမ်းကြောင်းဆိုလျှင် ကြီးမြတ်သူများအတွက် သိသာသော သက်ရောက်မှုရှိပြီး ပြန်လည်နားလည်နိုင်ရန် နှစ်ပေါင်းသောင်းချီ လိုအပ်ပေလိမ့်မည်။

စတုတ္ထအဆင့် လမ်းညွှန်မှုလမ်းကြောင်းက ကြီးမြတ်သူများအတွက် ပြန်လည်ကောင်းမွန်ရန် အကန့်အသတ်ဖြစ်ပြီး ပဉ္စမအဆင့် လမ်းညွှန်မှုလမ်းကြောင်းဖြစ်လျှင် ကြီးမြတ်သူက ထိုပေါင်းစပ်နိယာမကို စွန့်လွှတ်လိုက်ခြင်းက ပိုကောင်းလေသည်။

" ကြီးမြတ်သူတသ်ယောက်ကတောင် ဒီလိုပေးဆပ်မှုမျိုးလုပ်ခဲ့တယ်ဆိုတော့ ဒီအနက်ရောင်ဂြိုလ်ရဲ့ မူလက ဘာမှားဖြစ်မလဲ။ "

အနက်ရောင်ဂြိုလ်ပေါ်တွင် တံခါးဆယ့်နှစ်ခုရှိသောကြောင့် ကြီးမြတ်သူဆယ့်နှစ်ယောက်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

အနက်ရောင်တံခါးတစ်ခုစီက လင်းယွမ် လက်ရှိတွေ့နေရသော သေခြင်းရှင်ခြင်းနိယာမ၏ စတုတ္ထအဆင့် လမ်ညွှန်မှုလမ်းကြောင်းကဲ့သို့ အခြားပေါင်းစပ်နိယာမများ ရှိနေပေလိမ့်မည်။ အခြားတံခါးဆယ့်တစ်ခုမှ ဆုလာဘ်များကလည်း အလားတူပင်ဖြစ်ပေလိမ့်မည်။

" ဘာမှမထူးဘူး။ အခုတော့ နားလည်ဖို့ လုပ်ရမယ်။ "

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်နှင့် သေခြင်းနိယာမတို့၏ ပေါင်းစပ်မှုအနှစ်သာရကို လေ့လာပြီး သေခြင်းရှင်ခြင်းနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

" ငါ့ရဲ့ လက်ရှိနားလည်မှုနှုန်းအရဆို အများဆုံး နှစ်ငါးဆယ်အတွင်း သေခြင်းရှင်ခြင်းနိယာမကို ဒုတိယအဆင့်ထိ မြှင့်တင်နိုင်လိမ့်မယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် နှစ်ငါးဆယ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးပေလိမ့်မည်။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဓိကနိယာမများ၏ ပေါင်းစပ်ခြင်းကို နားလည်ရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရပြီး ၎င်းကို ဒုတိယအဆင့်ထိ မြှင့်တင်နိုင်ရန် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူအများစုက ထိုအဆင့်တွင် ပိတ်မိနေကြလေသည်။

ယခင် နာလန်၊ အနက်ရောင်ကြယ်သခင်နှင့် လျိုလီကြယ်သခင်ကဲ့သို့ အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူများကလည်း ထိုနေရာတွင် ပိတ်မိနေကြခြင်းဖြစ်သည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော လင်းယွမ်ပင် သေခြင်းရှင်ခြင်း နိယာမကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်ရန် နှစ်ပေါင်း ရာချီ ကြိုးစားရပေလိမ့်မည်။ လင်းယွမ်ဆန္ဒရှိသရွေ့ နှစ်ငါးဆယ်ကြာပြီးလျှင် သူက အလွှာဆယ့်တစ်သို့ တက်လှမ်းရန် ကြိုးစားနိုင်လေသည်။

" ဘယ်လောက်တောင်ကြီးမားတဲ့ အခွင့်အရေးလဲ။ " လင်းယွမ်က စိတ်တက်ကြွသွားသည်။

ကြီးမြတ်သူများ၏ ပေါင်းစပ်နိယာမ လမ်းညွှန်မှုလမ်းကြောင်းများကို လင်းယွမ်က ကြားဖူးရုံသာရှိပြီး မမြင်ဖူးခဲ့ပေ။ လူသားမျိုးနွယ်အတွင်း အလားတူ အခွင့်အလမ်းများ ရှိနိုင်သော်လည်း တန်းစီရပေလိမ့်မည်။ ဥပမာ အနက်ရောင်ဂြိုလ်ပေါ်မှ တံခါးများကို သက်ရှိတစ်ယောက်သာ ဝင်နိုင်လေသည်။

လင်းယွမ်က လက်ရှိ သေခြင်းရှင်ခြင်းနိယာမ၏ လမ်းညွှန်မှုလမ်းကြောင်းကို လေ့လာနေချိန်တွင် အခြားအလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့လျှင်တောင် လင်းယွမ်၏ နားလည်မှုပြီးဆုံးသည်အထိ စောင့်ရပေလိမ့်မည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ပြုံးလိုက်သည်။

" ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို အထဲသွားခိုင်းလိုက်တာ ကံကောင်းတာပဲ။ မူလစိတ်ဝိညာဉ်သာဆို အဲ့ဒီမှာ အချိန်အတော်ကြာ နေရလိမ့်မယ်။ "

ပြည့်စုံသော လမ်းညွှန်မှုလမ်းကြောင်းတစ်ခု ရှိနေသော်လည်း သေခြင်းရှင်ခြင်းနိယာမကို စတုတ္ထအဆင့်ထိ နားလည်နိုင်ရန် အချိန်ယူရပေလိမ့်မည်။

အကယ်၍ ထိုက်ယင်မူလစိတ်ဝိညာဉ်သာ ဝင်ရောက်သွားလျှင် လင်းယွမ်က အချိန်အတော်ကြာသည်အထိ ထိုက်ယင်မူလစိတ်ဝိညာဉ်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။ ပေါင်းစပ်နိယာမကို နားလည်နေချိန် ထွက်သွားခဲ့လျှင် နောက်တစ်ကြိမ် ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။

All Chapters