← Chapters

ကြီးမြတ်သူရှချင်၏ စိတ်ကူး....

Vol. 36 Ch. 548

ကြီးမြတ်သူရှချင်၏ စိတ်ကူး....

Vol. 36 Ch. 548

" အခု ကိုယ်ပွားက အဲ့ဒီမှာ သေခြင်းရှင်ခြင်းနိယာမကို နားလည်နေတော့ မူလစိတ်ဝိညာဉ်နှစ်ခုလုံးကို အသုံးပြုနိုင်တယ်။ ဒါက အကောင်းဆုံးရလဒ်ပဲ။ " လင်းယွမ်က ခဏစဉ်းစားပြီး ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။ ၎င်းကို ပြောင်းပြန်လှန်ပြီးနောက် ခရမ်းရောင်အရည်အစက်ကို စုစည်းလိုက်သည်။

အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်တွင် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များစွာကို ခံနိုင်ရည်ရှိခဲ့ပြီး သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့က အဆင့်မြင့်လာခဲ့သည်။ ထို့ကြောင့် ဘူးသီးခြောက်အတွင်းမှ ခရမ်းရောင်အရည်ကို စုပ်ယူရာတွင်လည်း ကြီးမားသော တိုးတက်မှုရှိခဲ့လေသည်။

သူက ခရမ်းရောင်အရည်ကို လုံးဝ စုပ်ယူနိုင်ရန် အချိန်ကြာတော့မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် လင်းယွမ်၏ အတွင်းကမ္ဘာက ၂.၃၃ ဘီလီယံမိုင် ရှိလာပေလိမ့်မည်။

" ထိုက်ယန်မူလစိတ်ဝိညာဉ်က ထာဝရလေဟာနယ်အက်ကြောင်းကို ရောက်သွားပြီလား။ " လင်းယွမ်က ခရမ်းရောင်အရည်ကို စုပ်ယူနေချိန်တွင် အတွေးတစ်ချက် လှုပ်ရှားသွားပြီး မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီး ရှိရာသို့ ကြည့်လိုက်သည်။

စစ်မြေပြင် A098။

စစ်မြေပြင်၏ မြောက်ဘက်ပိုင်းတွင် မိုင်တစ်ထောင်ကျယ်သော ထာဝရလေဟာနယ်အက်ကြောင်းတစ်ခု ရှိနေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

" ထာဝရလေဟာနယ်အက်ကြောင်း " လင်းယွမ်က ကြီးမားသော ထာဝရလေဟာနယ်အက်ကြောင်းကို ကြည့်လိုက်သည်။ မီးခိုးရောင်လေစီးကြောင်းများက တစ်ခါတစ်ရံ မျောလွင့်လာပြီး လင်းယွမ်၏ စိတ်ဝိညာဉ်ကို တုန်ယင်စေသော အတက်အကျများကို ထုတ်လွှတ်နေသည်။

စစ်မြေပြင်ကြီးမှ ထာဝရလေဟာနယ်အက်ကြောင်းများက အလွန်ကြီးမားသောကြောင့် တစ်ခါတစ်ရံ စကြာဝဠာအလွန်မှ အရာဝတ္ထုများ အတွင်းသို့ မျောလွင့်လာတတ်လေသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်က ဝင်ရောက်လာသော ကြီးမြတ်သူ၏ အလောင်းကဲ့သို့ ဖြစ်သည်။

လူသားမျိုးနွယ်၏ မှတ်တမ်းများတွင် အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်၏ စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းမှ ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင် ဝင်ရောက်လာခဲ့ဖူးသည်။

ထိုသတ္တဝါက ကြယ်စကြာဝဠာတစ်ခုလုံးကို ကြီးမားသော ကပ်ဘေးတစ်ခု ယူဆောင်လာခဲ့ဖူးသည်။ နောက်ဆုံးတွင် ကြီးမြတ်သူဆယ်ယောက်ကျော် ပူးပေါင်းပြီး ထိုသတ္တဝါကို စကြာဝဠာ၏ အပြင်ဘက်သို့ မောင်းထုတ်ခဲ့ရသည်။

" စစ်မြေပြင်ကြီးမှာ ငါ ပိုပြီး သတိထားရမယ်။ အဲ့ဒီ မျိုးနွယ်ခြားသန်မာသူတွေကို ရင်ဆိုင်တာအပြင် ထာဝရလေဟာနယ်အက်ကြောင်းက ပြောင်းလဲမှုတွေကိုလည်း အချိန်တိုင်း သတိထားနေရမယ်။ " လင်းယွမ်က စဉ်းစားနေရင်း ပြုံးလိုက်သည်။

မိုင်တစ်ထောင်ကျယ်သော ထာဝရလေဟာနယ်အက်ကြောင်းသို့ ရောက်ရှိချိန်တွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်မှုအရှိန်က အလွန်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

ပုံမှန်အတိုင်းဆိုလျှင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ၃၃၃ရက်တိုင်းတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို သုဆောင်းလေသည်။ စစ်မြေပြင် B0001 ရှိ ထာဝရလေဟာနယ်အက်ကြောင်းက စုဆောင်းမှုအရှိန်ကို ရက်ပေါင်း၁၅၀ထိ မြှင့်တင်ပေးခဲ့သည်။

ယခု ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းသည့်အရှိန်က နောက်တစ်ဆင့်မြင့်တက်သွားခဲ့သည်။ ၎င်းက တစ်မျှင်လျှင် ရက်ကိုးဆယ်သာ ကြာတော့လေသည်။ တစ်နှစ်လျှင် လေးမျှင် စုဆောင်းနိုင်မည်ဖြစ်ပြီး ဆယ်နှစ်နှင့် လေးဆယ်မျှင်ကို စုဆောင်းနိုင်ပေလိမ့်မည်။

" ငါ လက်ရှိပိုင်ဆိုင်ထားတဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်က နှစ်ရာကျော်သွားပြီဆိုတော့ စစ်မြေပြင်ကြီးမှာ စွမ်းအားမျှင်တစ်ထောင်ကို စုဆောင်းဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး။ " လင်းယွမ်က ကျေနပ်သွားသည်။

" ဆယ်ကြိမ်မြောက် ဆင်းသက်မှုကို ငါ့ရဲ့ ခွန်အားက အတားအဆီးတစ်ခုနဲ့ ကြုံတဲ့အထိ စောင့်ရမယ်။ " လင်းယွမ်က သူ၏ စိတ်ထဲမှ ခမ်းနားထည်ဝါသော ဂိတ်တံခါးကို ကြည့်လိုက်သည်။

လက်ရှိတွင် လင်းယွမ်က အလွှာတစ်ဆယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး အနက်ရောင်ဂြိုလ်ပေါ်တွင် ပေါင်းစပ်နိယာမများကို လေ့လာနေခဲ့သည်။ လက်ရှိအချိန်က သူ၏ တိုးတက်မှုအမြန်ဆုံးအချိန်ဟု ပြောနိုင်လေသည်။ ယခုချိန်ဆင်းသက်ခြင်းက ဖြုန်းတီးမှုဖြစ်သွားနိုင်လေသည်။

" ဆက်ပြီး ကျင့်ကြံရမယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။

နဂါးငွေ့တန်းကြယ်တွင် လင်းယွမ်၏ မူလခန္ဓာကိုယ်ကလည်း ကျင့်ကြံနေသည်။

" ကြီးမြတ်သူရှချင်က ငါ့ကို ရှာနေတာလား။ " လင်းယွမ်က စိတ်အသိတစ်ခုကို ခွဲထုတ်ပြီး VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

" ကြီးမြတ်သူ " လင်းယွမ်က အနည်းငယ် ဦးညွှတ်လိုက်သည်။

ကြီးမြတ်သူရှချင်က သူ့ကို အကြိမ်များစွာ ကူညီပေးခဲ့ပြီး သူက လေးစားမှုကို ပြရမည်ဖြစ်သည်။

" လင်းယွမ် " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " မင်း အမွေအနှစ်ကြယ်ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး ပေါင်းစပ်နိယာမရဲ့ လမ်းညွှန်မှုလမ်းကြောင်းကို တွေ့ခဲ့ပြီလား။ "

" အမွေအနှစ်ကြယ်။ " ကြီမြတ်သူရှချင်က အနက်ရောင်ဂြိုလ်အား ရည်ညွှန်းသည်ကို လင်းယွမ်က နားလည်သွားသည်။

နတ်ဘုရားသုံးပါး သိသောကိစ္စကို ကြီးမြတ်သူများလည်း သိနေနိုင်သောကြောင့် လင်းယွမ်က အံ့ဩခြင်းမရှိပေ။

" ကျွန်တော် တွေ့ခဲ့ပါတယ်။ အခု အဲ့ဒါကို လေ့လာနေတာပါ။ " လင်းယွမ်က အမှန်အတိုင်း ဖြေလိုက်သည်။

ဉာဏ်ပညာနတ်ဘုရားပေးသော အချက်အလက်များအရ လူသားမျိုးနွယ်ကလည်း အလားတူ အမွေအနှစ်ကြယ်အား ပိုင်ဆိုင်ထားသည်ကို လင်းယွမ်က ခန့်မှန်းနိုင်လေသည်။

" ဘယ်လိုလဲ။ မင်းတွေ့ခဲ့တဲ့ လမ်းညွှန်မှုလမ်းကြောင်းက ဘယ်အဆင့်ရောက်ပြီလဲ။ " ကြီးမြတ်သူရှချင်က သိလိုစိတ်နှင့် မေးလိုက်သည်။

" စတုတ္ထအဆင့် " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

" စတုတ္ထအဆင့် လမ်းညွှန်မှုလမ်းကြောင်းလား။ " ကြီးမြတ်သူရှချင်က အနည်းငယ် အံ့အားသင့်သွားသည်။

သူက ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ဟုသာ ထင်ခဲ့သည်။ ထို့ကြောင့်လည်း ဉာဏ်ပညာနတ်ဘုရားက ကောင်းမှုအမှတ် သန်းငါးရာသာ ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် စတုတ္ထအဆင့် လမ်းညွှန်မှုဖြစ်လျှင် အနက်ရောင်ဂြိုလ်၏ တန်ဖိုးက ကောင်းမှုအမှတ် သန်းငါးရာထက် ကျော်လွန်သွားပေလိမ့်မည်။

" မင်းရဲ့ ကံကောင်းမှုကတော့ တကယ် ပြိုင်ဘက်ကင်းပါပဲ။ " ကြီးမြတ်သူရှချင်က အထင်ကြီးမိသွားသည်။

လင်းယွမ်ကလည်း ခေါင်းညိမ့်လိုက်သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်အတွင်း ဆင်းသက်မှုကိုးကြိမ်ပြုလုပ်ခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခြင်းမှ ရရှိသော ကောင်းမှုအမှတ်က သန်းရာနှင့်ချီခဲ့သော်လည်း အနက်ရောင်ဂြိုလ်၏ တန်ဖိုးကို ယှဉ်နိုင်ခြင်းမရှိပေ။

၎င်းက အခွင့်အလမ်းတွေ့ကြုံမှုဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူတိုင်း ကြုံတွေ့ချင်ကြသော အရာဖြစ်လေသည်။ ကြီးမားသော အခွင့်အလမ်းတစ်ခုက သူတို့၏ အခြေခံအုတ်မြစ်ကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိလေသည်။

အခွင့်အလမ်းက မည်မျှကြီးမားသည်ဖြစ်စေ ၎င်းက လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားပေါ်တွင် တည်ဆောက်ခြင်းဖြစ်သည်။ အနက်ရောင်ဂြိုလ်ကို ရှာတွေ့ခဲ့သူက သာမန်နိုင်ငံသားတစ်ယောက်ဖြစ်လျှင် လူသားမျိုးနွယ်နှင့် မျှတသော ကုန်သွယ်မှုလုပ်နိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ သမိုင်းတွင် အစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်သော လင်းယွမ်က ညှိနှိုင်းရန် အရည်အချင်း ပြည့်မီလေသည်။

" အဲ့ဒီအမွေအနှစ်ကြယ်ကို မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။ " ကြီးမြတ်သူရှချင်က မေးလိုက်သည်။

" အကြံပေးပါဦး ကြီးမြတ်သူ။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

" ငါ့ရဲ့ အကြံကတော့ အဲ့ဒါကို ငှားရမ်းဖို့ပဲ။ " ကြီးမြတ်သူရှချင်က ပြုံး၍ ပြောလိုက်သည်။

" စတုတ္ထအဆင့် ပေါင်းစပ်နိယာမရဲ့ လမ်းညွှန်မှုလမ်းကြောင်းက ငါတို့ လူသားမျိုးနွယ်ရဲ့ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတွေကို ရူးသွပ်သွားစေဖို့ လုံလောက်တယ်။ သူတို့က အတွင်းကို ဝင်ဖို့ ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးချေကြလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။

ထိုအကြံပြုချက်နှင့် ပက်သက်ပြီး သူ့မှာ မရိုးသားသော ရည်ရွယ်ချက်မရှိပေ။ သူက သူ၏ ရှုထောင့်မှ လင်းယွမ်၏ အကျိုးစီးပွားကို အများဆုံးဖြစ်အောသ် စဉ်းစားပေးခြင်းဖြစ်သည်။

လင်းယွမ်က အနက်ရောင်ဂြိုလ်ပေါ်မှ တံခါးဆယ့်နှစ်ခုကို ဆယ့်နှစ်ကြိမ်သာ ဝင်ရောက်နိုင်လေသည်။ ထိုဆယ့်နှစ်ကြိမ်ပြီးသွားလျှင် အနက်ရောင်ဂြိုလ်က ပျက်စီးသွားမည်မဟုတ်သောကြောင့် အကျိုးအမြတ် ပိုမိုဖန်တီးခြင်းရန်အတွက် ငှားရမ်းခြင်းက အကောင်းဆုံးဖြစ်လေသည်။

" ကြီးမြတ်သူ ငှားရမ်းခက ဘယ်လောက်ဖြစ်သင့်တယ်လို့ ထင်လဲ။ " လင်းယွမ်က တွေးလိုက်သည်။

" သန်းတစ်ရာ " ကြီးမြတ်သူရှချင်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အခွင့်အလမ်းတစ်ခုကို ဝင်ရောက်ပြီး နားလည်ဖို့ ကောင်းမှုအမှတ် သန်းတစ်ရာပဲ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" ကောင်းမှုအမှတ် သန်းတစ်ရာလား။ " လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

ကြီးမြတ်သူရှချင်၏ သန်းတစ်ရာက စကြာဝဠာသလင်းကျောက် သို့မဟုတ် အခြားတစ်ခုဟု သူက ထင်ခဲ့လေသည်။ ရလဒ်က ကောင်းမှုအမှတ်ဖြစ်လေသည်။

လူသားမျိုးနွယ်၏ ကောင်းမှုအမှတ်များက အတည်ငြိမ်ဆုံး ငွေးကြေးတစ်ခုဖြစ်ပြီး စကြာဝဠာသလင်းကျောက်များထက်ပင် အဆင့်မြင့်လေသည်။ ၎င်းက လူသားမျိုးနွယ်ရှိ ကန့်သတ်ထားသော အရင်းအမြစ်များစွာကို ဝယ်ယူနိုင်လေသည်။

အခွင့်အလမ်းတစ်ခုကို တစ်ကြိမ် ဝင်ရောက်ပြီး နားလည်ရန်အတွက် ကောင်းမှုအမှတ် သန်းတစ်ရာက အလွန်မြင့်မားသော စျေးနှုန်းဖြစ်ပြီး လင်းယွမ်ကို အနည်းငယ် တွန့်ဆုတ်သွားစေလေသည်။

" လေ့လာဖို့အတွက် ကောင်းမှုအမှတ် သန်းတစ်ရာက မများပါဘူး။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။ " အဲ့ဒီအမွေအနှစ်ကြယ်အတွင်းက လမ်းညွှန်မှုလမ်းကြောင်းက စတုတ္ထအဆင့်မှာဆိုတာ မင်းသိသင့်တယ်။ "

" လေ့လာဖို့ ဝင်ရောက်တဲ့ ဆင့်ကဲပြောင်းလဲသူတိုင်းက သူတို့ရဲ့ ပေါင်းစပ်နိယာမကို စတုတ္ထအဆင့်ထိ မြှင့်တင်ပြီးမှ ထွက်ခွာကြလိမ့်မယ်။ ဒါကအတော်လေး အချိန်ယူရလိမ့်မယ်။ နောက်ဆုံးအကျိုးအမြတ်က စတုတ္ထအဆင့် ပေါင်းစပ်နိယာမဆိုတော့ အလွှာဆယ့်တစ်မှာတောင် အားနည်းတယ်လို့ ယူဆမှာမဟုတ်ပါဘူး။ "

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အနက်ရောင်ဂြိုလ်ပေါ်တွင် တံခါးဆယ့်နှစ်ခု ရှိပြီး တစ်ချိန်တည်းတွင် ဆင့်ကဲပြောင်းလဲသူ ဆယ့်နှစ်ယောက်ဝင်ရောက်နိုင်လေသည်။ တစ်ယောက်ကို ကောင်းမှုအမှတ် သန်းတစ်ရာဆိုလျှင် ဆယ့်နှစ်ယောက်က ကောင်းမှုအမှတ် သန်း ၁၂၀၀ ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့ များပြားသော ကောင်းမှုအမှတ်များဖြင့် သာမန်နိုင်ငံသားတစ်ယောက်ကိုပင် အဆင့်ကိုးနိုင်ငံသားအဖြစ် မြှင့်တင်နိုင်ပေလိမ့်မည်။ ၎င်းက ပထမအုပ်စုအတွက် ဖြစ်ပြီး သူတို့ထွက်သွားလျှင် နောက်ထပ် တစ်အုပ်စုထပ်ဝင်လာမည်ဖြစ်သည်။

All Chapters