ဘူးသီးခြောက်၏ ပြောင်းလဲမှု...
Vol. 36 Ch. 549
" ကြီးမြတ်သူ ကျွန်တော်က အလွှာဆယ့်တစ်ကို ဝင်ရောက်ပြီးမှ ဒါကို ငှားရမ်းမယ်လို့ တွေးထားပါတယ်။ " လင်းယွမ်က စဉ်းစားပြီး ပြောလိုက်သည်။
ငှားရမ်းခက ဆွဲဆောင်မှုရှိသော်လည်း လင်းယွမ်က သူ၏ ကိုယ်ပိုင်တိုးတက်မှုကို ပို၍ တန်ဖိုးထားလေသည်။ အခြားဆင့်ကဲပြောင်းလဲသူများက ထိုအနက်ရောင်ဂြိုလ်ကို ပိုင်ဆိုင်ထားလျှင်တောင် စွမ်းအား အကန့်အသတ်ရှိပြီး အမ်ားဆုံး တစ္ခု၊ နှစ်ခုကိုသာ နားလည်နိုင်ပေလိမ့်မည်။
သို့သော် လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အဓိကပေါင်းစပ်နိယာမ ဆယ့်နှစ်ခုလုံးကို လေ့လာနိုင်လေသည်။ ထိုကာလအတွင်း သူက အခြားဆင့်ကဲပြောင်းလဲသူများကို ဝင်ရောက်လေ့လာခွင့်ပြုမည်မဟုတ်ပေ။ မဟုတ်လျှင် သူက အျခားသူမ်ား ပြီးသည်အထိ စောင့်ဆိုင်းနေရပေလိမ့်မည်။
" ပြဿနာမရှိဘူး။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
သူ၏ အမြင်အရ လင်းယွမ်၏ ပါရမီနှင့် အလွှာဆယ့်တစ်သို့ ဝင်ရောက်ခြင်းက အချိန်အကြာကြီး ယူမည်မဟုတ်ပေ။ လင်းယွမ်ကို အနက်ရောင်ဂြိုလ်အား ငှားရမ်းရန် အကြံပြုခြင်းကလည်း လူသားမျိုးနွယ်၏ အခြေခံကို မြှင့်တင်ရန်ဖြစ်သည်။ စတုတၳအဆင့ျ ပေါင်းစပ်နိယာမကို နားလည်ထားသော ဆင့်ကဲပြောင်းလဲသူများနှင့် လူသားမျိုးနွယ်၏ စုစုပေါင်း အခြေခံအုတ်မြစ်က တိုးတက်လာပေလိမ့်မည်။
VR ကမ်ဘာမှ ထွက်ခွာပြီးနောက် လင်းယွမ်က နဂါးငွေ့တန်း ပင်မကြယ်၏ ခန်းမထဲတွင် ထိုင်နေသည်။
" ကောင်းမှုအမှတ် သန်း ၁၂၀၀ " လင်းယွမ်က ကျေနပ်နေသည်။
သူက အနက်ရောင်ဂြိုလ်မှ ပေါင်းစပ်နိယာမ လမ်းညွှန်မှုလမ်းကြောင်း ဆယ့်နှစ်ခုကို နားလည်သွားလျှင် အနက်ရောင်ဂြိုလ်ကို ငှားရမ်းနိုင်ပြီဖြစ်သည်။ ထိုအချိန်ကျလျှင် သူ၏ အကောင့်ထဲတွင် ကောင်းမှုအမှတ် သန်း ၁၂၀၀ ရောက်နေပေလိမ့်မည်။ ထို့နောက် သူက အဆင့်ကိုနိုင်ငံသားကို အလြယ္တကူ မြှင့်တင်နိုင်ပေလိမ့်မည်။
" ဒါပေမယ့် ငါ အလွှာတစ်ဆယ်ထဲ ဝင်ရောက်သွားပြီဆိုတော့ ဘယ်ရတနာကို ရွေးချယ်သင့်လဲ။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်သွား၏။
ထိုရတနာများဆိုသည်မှာ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ပဉ္စမအထပ်မှ ဆုလာဘ္မ်ားကို ရည်ညွှန်းခြင်း ဖြစ်သည်။ လင်းယွမ်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်ပြီးနောက် ပဉ္စမအထပ်ကို ထိုးဖောက်ရန် အချိန်ယူခဲ့ရလေသည်။ နဝမအလွှာနှင့် ပဉ္စမအထပ်ကို ဖြတ်ကျော်ခြင်းက ပို၍ ကောင်းမွန်သော ဆုလာဘ္မ်ားကို ရရှိသေနိုင်လေသည်။
ထို့ကြောင့် လင်းယွမ်က ကျောက်ရုပ်တုရှန်းကျိပေးသော ဆုလာဘ်စာရင်းကို ကြည့်ပြီး ဆုံးဖြတ်ရန် တွန့်ဆုတ်နေခဲ့သည်။ ဆုလာဘ်စာရင်းထဲတွင် စကြာဝဠာရတနာ ငါးခုရှိလေသည်။ စကြာဝဠာရတနာငါးခုက ကြယ်ဆယ့်နှစ်လုံးရတနာများ ဖြစ်ကြပြီး လင်းယွမ်က တစ္ခုကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ကြီးမြတ်သူအဆင့် ရတနများနှင့် ကိုက်ညီလေသည်။
" ထပ်ကြည့်ရမှာပေါ့။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် အလျင်မလိုရန် ဆုံးဖြတ်လိုက်သည်။ သူက အချိန်နည်းနည်း လေ့ကျင့်ပြီး လိုအပ်ချက်များနှင့် ကိုက်ညီသော ရွေးချယ်မှုကို ပြုလုပ်မည်ဖြစ်သည်။
ခြောက်လကြာပြီးနောက် အတွင်းကမ်ဘာထဲတွင် လင်းယွမ်က အောက်သို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် အတွင်းကမ်ဘာ၏ ဧရိယာက တဖန် ကျယ်ပြန့်လာခဲ့သည်။ အတွင်းကမ်ဘာ၏ အရွယ်အစားက ၂.၃၃ ဘီလီယံသို့ ရေညက်သွားခဲ့သည်။ လင်းယွမ်က ဘူးသီးခြောက်ထဲမှ အရည်အားလုံးကို စပ်ယူပြီးသွားပြီဖြစ်သည်။
" ငါ့ရဲ့ အတွင်းကမ္ဘာက အကန့်အသတ်ကို ရောက်နေပြီ။ " လင်းယွမ်က တွေးပြီး အတွင်းကမ်ဘာမှ ထွက်ခွာသွားသည်။
လင်းယွမ်က သူ၏ ရှေ့မှ ဘူးသီးခြောက်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ညာလက်နှင့် ကိုင်လိုက်သည်။ ဘူးသီးခြောက်က လင်းယွမ်၏ ရုပ်ခန္ဓာ ထိတွေ့မှုကို သိရှိသွားပုံရပြီး အချက်အလက်အချို့က လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
" ဒီတော့ အရည်ခုနှစ်မျိုးကို စုပ်ယူပြီးတော့ နောက်ဆက်တွဲတွေ ရှိသေးတယ်ပေါ့။ " လင်းယွမ်က ဘူးသီးခြောက်မှ ပေးပို့သော အချက်အလက်များကို စဉ်းစားလိုက်သည်။
ခုနှစ်ခုမြောက် အရည်၏ နောက်တွင် ရှစ်ခုမြောက်အရည် ရှိနေသည်။ သို့သော် ရှစ်ခုမြောက် အရည်ကို စုစည်းရန်အတွက် ခန္ဓာကိုယ်တွင် လိုအပ်ချက်များ ရှိနေခဲ့သည်။ ရုပ်ခန္ဓာက အလွှာဆယ့်နှစ်သို့ ရောက်ရမည်ဖြစ်ပြီး အတွင်းကမ်ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။ သို့မှသာ ဘူးသီးခြောင်အတွင်းမှ ရှစ်ခုမြောက်အရည်ကို စုပ်ယူနိုင်ပေလိမ့်မည်။
" အလွှာဆယ့်နှစ်.... အတွင်းစကြာဝဠာ..." လင်းယွမ်က အံ့အားသင့်နေသည်။
ထိုအခြေအနေနှစ်ခုကို ပြည့်မီသွားလျှင် ကြီးမြတ်သူဖြစ်နေပြီဖြစ်သည်။ ရွှမ်ဟွမ်မျိုးနွယ်၏ အချက်အလက်များအရ ပြင်ပအကူအညီများအပြင် ပေါင်းစပ်နိယာမ၏ အကူအညီနှင့် အလွှာဆယ့်တစ်၏ ရုပ်ခန္ဓာကို အလွှာဆယ့်နှစ်ထိ မြှင့်တင်နိုင်ရန် မျှော်လင့်ချက်တစ်ခုတော့ ရှိလေသည်။
သို့သော် အတွင်းစကြာဝဠာက အန္တိမအသိအမြင်ကို ကြိုးစားပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းမှသာ ရရှိနိုင်လေသည်။ လင်းယွမ်၏ လက်ရှိ အတွင်းကမ်ဘာကပင် အတွင်းစကြာဝဠာ၏ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသေးပေ။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို နောက်တစ်ကြိမ် စုပ်ယူပြီး အတွင်းကမ်ဘာ၏ အခြေခံအုတ်မြစ်ကို မြှင့်တင်နိုင်လျှင်တောင် အတွင်းစကြာဝဠာနှင့် ယှဉ်လျှင် လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။
ကြီးမြတ်သူတစ်ယောက်၏ အတွင်းစကြာဝဠာက သူတို့၏ ခွန်အားအရင်းအမြစ်၊ အချိန်မြစ်ကို ကျော်လွန်ရန် သူတို့၏ မှီခိုမှု၊ ပင်မစကြာဝဠာ၏ အားနည်းသော ပုံစံတစ်ခုဖြစ်သည်။
" ဒီဘူးသီးခြောက်ရဲ့ မူလက ဘာများဖြစ်မလဲ။ " လင်းယွမ်က ဘူးသီးခြောက်ကို လေးနက်စွာ ကြည့်လိုက်သည်။
ဘူးသီးခြောက်၏ ရှစ်ခုမြောက်အရည်က အတွင်းစကြာဝဠာ၏ အသုံးဝင်ပုံကို မသိသော်လည်း ပထမဆုံး အရည်ခုနှစ်မျိုး၏ သက်ရောက်မှုများကို ကြည့်လျှင် ၎က ကြီးမြတ်သူတစ်ယောက်အတွက် ပြောင်းလဲမှုတစ်ခု ဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်လေသည်။
အချို့ရတနာများက အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်သက်ရှိများအပေါ် သိသိသာသာ တိုးတက်စေနိုင်သည့် အကျိုးသက်ရောက်မှုများ ရှိလေသည်။ သို့သော် ကြီးမြတ်သူတစ်ယောက်၏ ရှေ့တွင် ၎င်းတို့က အသုံးမဝင်တော့ပေ။ ကြီးမြတ်သူတစ်ယောက်ကို ပြောင်းလဲပေးနိုင်သော စကြာဝဠာရတနာဟု လင်းယွမ်က တစ်ခါမှမကြားဖူးပေ။
" ငါ ဒီဘူးသီးခြောက်ကို လုံခြုံအောင် သေချာထိန်းသိမ်းထားရမယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။
အစတွင် သူက ဘူးသီးခြောက်မှာ အလွှာဆယ့်နှစ်အောက် သက်ရှိများအတွက်သာ သက်ရောက်မှုရှိသည်ဟု ထင်ခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ၎င်း၏ တန်ဖိုးက ထာဝရစမ်းချောင်းထက် များစွာ ကျော်လွန်နေခဲ့သည်။ သို့သော် ယခု ၎င်းက ကြီးမြတ်သူတစ်ယောက်ကိုပင် ပြောင်းလဲပေးနိုင်သောကြောင့် ဘူးသီးခြောက်၏ တန်ဖိုးက တိုင်းတာ၍ပင် မရတော့ပေ။
" ဒါကို သိမ်းထားရမယ်။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ဆက်သွယ်ပြီး ဘူးသီးခြောက်ကို သိုလှောင်လက်ကောက်ထဲတွင် ထည့်၍ လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် သိမ်းထားလိုက်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က လူသားမျိုးနွယ်၏ နယ်မြေအတွင်း နဂါးငွေ့တန်းပင်မကြယ်တွင် ရှိပြီး ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေလေသည်။ ဥပမာ မျိုးနွယ်ခြားများ၏ ကြီးမြတ်သူများ ရောက်လာပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူများမတုန့်ပြန်နိုင်မီ သူတို့က လင်းယွမ်ကို သတ်လိုက်လျှင် ဘူးသီးခြောက်ကို သူတို့ရရှိသွားပေလိမ့်မည်။
ထိုဖြစ်နိုင်ခြေက နည်းသော်လည်း လင်းယွမ်က သတိထားနေခဲ့သည်။ ဘူးသီးခြောက်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် သိမ်းဆည်းထားခြင်းက လုံခြုံလေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အကြိမ်ကြိမ် ပေါ်လာခဲ့သော်လည်း ကြီးမြတ်သူတစ်ယောက်မှ ဝင်ရောက်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ဘူးသီးခြောက်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် သိမ်းဆည်းထားခြင်းက သူ့ဆီတွင် ထားခြင်းထက် ပို၍ လုံခြုံလေသည်။
အနက်ရောင်ဂြိုလ်ပေါ်တွင် လင်းယွမ်၏ ကိုယ်ပွားတစ်ခုက သေခြင်းရှင်ခြင်းနိယာမ၏ လမ်းညွှန်မှုလမ်းကြောင်းကို လေ့လာနေသည်။ စက္ကန့်တိုင်းတွင် လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမ၏ အသိအမြင်အသစ်များကို ရရှိနေခဲ့သည်။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် လမ်းညွှန်မှုလမ်းကြောင်းကို လေ့လာခြင်းက တိုးတက်မှု အလွန်လျင်မြန်နေသည်။
" အံ့ဩစရာပဲ။ သေခြင်းရှင်ခြင်းနိယာမကို ဒီလိုပေါင်းစပ်နိုင်တယ်ဆိုတာ ဘယ်သူကတွေးမိမှာလဲ။ " လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များနှင့် ပြည့်နှက်နေခဲ့သည်။
သာမန်အလွှာတစ်ဆယ် သက်ရှိတစ်ယောက်အတွက် အဓိကပေါင်းစပ်နိယာမအပေါ် အသိအမြင်တစ်ခုရရှိရန် ကြိုးစားအားထုတ်မှုများ လိုအပ်လေသည်။
" အသက်က ရိုးရှင်းတဲ့ ရှင်သန်ခြင်းမဟုတ်ဘူး။ "
" သေခြင်းကလည်း အဆုံးသတ်တစ်ခုမဟုတ်ဘူး။ "
လင်းယွမ်၏ သေခြင်းရှင်ခြင်းနိယာမအပေါ် နားလည်မှုက ပို၍ နက်ရှိုင်းလာခဲ့သည်။ အသက်နိယာမနှင့် သေခြင်းနိယာမတို့ တစ်ခုစီ ဖြစ်လျှင် အလွန်အစွမ်းထက်သော အဓိကနိယာမတစ်ခုအဖြစ် ယူဆကြမည်မဟုတ်ပေ။
သို့သော် ပေါင်းစပ်လိုက်သောအခါ ပေါက်ကွဲထွက်လာသော သေခြင်းရှင်ခြင်းနိယာမက သတ်ဖြတ်ခြင်းအတွက် အကောင်းဆုံး ပေါင်းစပ်နိယာမ တစ်ခုဖြစ်သွားခဲ့သည်။
စစ်မြေပြင် A076။
လင်းယွမ်ရှိနေသော စစ်မြေပြင်ကြီးနှင့်ယှဉ်လျှင် ဤစစ်မြေပြင်က ပို၍ ပြင်းထန်လေသည်။ ၎င်းက လူသားမျိုးနွယ်၊ အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် ငရဲမျိုးနွယ် အထွတ်အထိပ်မျိုးနွယ်လေးခု ပေါင်းစပ်ထားခြင်းဖြစ်သည်။
စစ်မြေပြင်တစ်ခုလုံးက အသားကြိတ်စက်နှင့် တူပြီး အဋ္ဌမအလွှာနှင့် နဝမအလွှာများက နေ့စဉ် သေဆုံးနေကြသည်။ စစ်မြေပြင်ကြီးသို့ လာရောက်သူများမှ အများအားဖြင့် ကိုယ်ပွားများသာ ဖြစ်သည်။ သို့သော် ကိုယ်ပွားတစ်ခု၏ သေဆုံးမှုကလည်း မူလခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။
ကိုယ်ပွားတစ်ခုကို မူလခန္ဓာကိုယ်နီးပါး အစွမ်းထက်စေရန် အရင်းအမြစ်များစွာကို လိုအပ်လေသည်။ အလွှာတစ်ဆယ်တစ်ယောက်က ကိုယ်ပွားတစ်ခုကို ဆုံးရှုံးသွားလျှင် နှစ်ပေါင်း ထောင်ချီ သောင်းချီအထိ ပြန်လည်ကောင်းမွန်နိုင်မည်မဟုတ်ပေ။