← Chapters

ကြောက်စရာကောင်းသော အော်ရိုရာ...

Vol. 36 Ch. 550

ကြောက်စရာကောင်းသော အော်ရိုရာ...

Vol. 36 Ch. 550

စစ်မြေပြင် A076 ၏ အလယ်တွင် မိုင်ပေါင်းထောင်ချီ ရှည်လျားသော ထာဝရလေဟာနယ်အက်ကြောင်း၏ အနက်ရှိုင်းဆုံးမှ မီးခိုးရောင်မြူခိုးတစ်ခု ထွက်ပေါ်လာသည်။ ထာဝရလေဟာနယ်အက်ကြောင်း၏ အနက်ရှိုင်းဆုံးတွင် မီးခိုးရောင်မြူခိုးများက နေရာအနှံ့အပြားတွင် ရှိနေကြသည်။ ၎င်းက မရေတွက်နိုင်သော စကြာဝဠာများ၏ မွေးဖွားရာ ဖရိုဖရဲဟင်းလင်းပြင်ပင်ဖြစ်သည်။

ထိုထာဝရလေဟာနယ်အက်ကြောင်း၏ အပြင်ဘက် ဝေးလံသော အကွာအဝေးတစ်ခုတွင် အော်ရိုရာနှင့်တူသော ရောင်ခြည်အလင်းတန်းတစ်ခုက မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းနှင့် ပျံသန်းလာသည်။

အော်ရိုရာဖြတ်သွားသော နေရာတိုင်းတွင် မီးခိုးရောမြူခိုးများက လွင့်ပျယ်သွားသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း မျက်စိကျိန်းစရာ အော်ရိုရာက ထာဝရလေဟာနယ်အက်ကြောင်းကို ထိုးဖောက်သွားသည်။

စစ်မြေပြင် A076။

အစွမ်းထက်သော သက်ရှိများက တိုက်ပွဲတွင် တိုက်ခိုက်နေကြသည်။ အလွှာတစ်ဆယ် အဆင့်အေနှင့် အလွှာဆယ့်တစ်သက်ရှိများက စစ်ပွဲ၏ အခြေအနေကို သက်ရောက်မှုရှိစေသောကြောင့် တိုက်ပွဲကို တစ်ခါတစ်ရံမှ ဝင်ရောက်ကြလေသည်။

ထိုအချိန်တွင် စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းအတွင်းမှ အလွန်တောက်ပသော အော်ရိုရာက ပေါက်ကွဲထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း....

အော်ရိုရာက အရာရာကို ဆုတ်ဖြဲသွားခဲ့သည်။ စစ်မြေပြင်၏ လေဟာနယ်က ပါးလွှာသော စက္ကူကဲ့သို့ ပျက်စီးလွယ်နေပြီး စစ်မြေပြင်ကိုယ်တိုင်ပင် အလွန်အားနည်းနေသည်။

" အား...."

" အဲ့ဒါ ဘာလဲ။ "

စစ်မြေပြင်တွင် အလွှာဆယ့်တစ်သက်ရှိများက အော်ရိုရာကြောင့် တုန့်ပြန်နိုင်ခြင်းမရှိဘဲ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း စစ်မြေပြင်၏ အလင်းနှစ် ရာချီ ထောင်ချီက လျင်မြန်စွာ ပြိုကျလာပြီး အလွှာဆယ့်တစ်သက်ရှိများအပါအဝင် မရေတွက်နိုင်သော သက်ရှိများက သေဆုံးသွားကြသည်။

" အဲ့ဒါ..."

" အဲ့ဒါ အော်ရိုရာလား...."

" အဲ့ဒါကို တားစမ်း..."

အင်အားကြီးမားသော သက်ရှိဆယ်ယောက်ကျော်က လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး အချိန်နှင့် လေဟာနယ်ကို ကျော်လွန်သော စွမ်းအားက ဆက်လက်ပျံ့နှံ့၍ နောက်ဆုံးတွင် သူတို့က အော်ရိုရာကို ထိန်းချုပ်နိုင်ခဲ့သည်။

" ဒီအော်ရိုရာက ကျိန်စာသတ်ဖြတ်ခြင်းစွမ်းအားကို သယ်ဆောင်လာတယ်။ အော်ရိုရာအောက်မှာ သေဆုံးတဲ့ သက်ရှိတိုင်းက ကျိန်စာသတ်ဖြတ်ခြင်းကို ခံယူရလိမ့်မယ်။ "

" အလွှာတစ်ဆယ်အောက်ကသူတွေ ဒါကို မခုခံနိုင်ဘူး။ "

" ဒါက ဘယ်ရှေးဟောင်းအမွေအနှစ်နည်းလမ်းလဲ။ "

အင်အားကြီးမားသော သက်ရှိဆယ်ယောက်ကျော်က ကြီးမြတ်သူများပင်ဖြစ်သည်။ သူတို့က စကားအနည်းငယ်ပြောပြီး အော်ရိုရာကို လေ့လာလိုက်ကြသည်။

နှစ်ပေါင်းများစွာအတွင်း ထူးဆန်းသောအရာများက ထာဝရလေဟာနယ်အက်ကြောင်းအတွင်းသို့ မကြာခဏ ဝင်ရောက်လာကြလေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာမှ ကြီးမြတ်သူ၏ ရုပ်အလောင်းကဲ့သို့ ယခု တောက်ပသော အော်ရိုရာကဲ့သို့ ဖြစ်သည်။

ထိုအရာနှစ်ခုလုံစက အလွှာဆယ့်နှစ်သို့ ရောက်နေကြပြီး အထူးသဖြင့် အော်ရိုရာက မဆုံးနိုင်သော အကွာအဝေးကို ဖြတ်ကျော်ခဲ့လျှင်တောင် ကျန်ရှိသော စွမ်းအားက ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။

စစ်မြေပြင် A076 မှ အဖြစ်အပျက်များက အထွတ်အထိပ်မျိုးနွယ်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။

" ဘာ...."

" စစ်မြေပြင်ကြီးတစ်ခုက ပျောက်ကွယ်သွားတာလား။ " လင်းယွမ်က နာလန်ကို ကြည့်လိုက်သည်။

စစ်မြေပြင်ကြီးတစ်ခုက အလင်းနှစ်ရာချီကျယ်ဝန်းပြီး စကြာဝဠာအတွင်းမှာပင် ကြီးမားသည်ဟု ဆိုနိုင်လေသည်။

" အဲ့ဒါက စကြာဝဠာအလွန်က အော်ရိုရာကြောင့် ပျက်စီးသွားတယ်လို့ ပြောတယ်။ " နာလန်က အနည်းငယ်ထိတ်လန့်စွာ ပြောလိုက်သည်။

ပုံမှန်အားဖြင့် ကြီးမြတ်သူများကိုယ်တိုင်ဖန်တီးထားသော စစ်မြေပြင်ကြီးများက ဖျက်ဆီးရန် ခက်ခဲလှသည်။ ကြီးမြတ်သူများ၏ တိုင်ပွဲမှာပင် အစိတ်အပိုင်းအချို့သာ ပျက်စီးသွားနိုင်လေသည်။ သူတို့က တိုက်ခိုက်ချိန်တွင် စစ်မြေပြင်ကို တတ်နိုင်သမျှ မထိခိုက်အောင် ရှောင်ရှားကြသောကြောင့်လည်း ဖြစ်သည်။

" စကြာဝဠာအလွန်က အော်ရိုရာတစ်ခုလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။

" မှန်တယ်။ " နာလန်က ပြောလိုက်သည်။ " စကြာဝဠာအလွန်က အော်ရိုရာတစ်ခုက စစ်မြေပြင်ကြီးတစ်ခုလုံးကို ကြေမွသွားစေခဲ့တယ်။ ကြီးမြတ်သူတွေသာ မလှုပ်ရှားခဲ့ရင် အဲ့ဒီအော်ရိုရာကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေနိုင်တယ်။ "

" ကြောက်စရာကောင်းတယ်။ " လင်းယွမ်က ခဏတိတ်ဆိတ်သွားသည်။

စစ်မြေပြင်ကြီသများတွင် အန္တရာယ်က မျိုးနွယ်ခြားများသာ မဟုတ်ပေ။ ဖရိုဖရဲဟင်းလင်းပြင်မှ ထာဝရလေဟာနယ်အက်ကြောင်းကို ဖြတ်လာသော အန္တရာယ်များစွာကလည်း စစ်မြေပြင်မှ သက်ရှိများကို ခြိမ်းခြောက်နိုင်လေသည်။

" အဲ့ဒီအော်ရိုရာက အခု ဘယ်ရောက်သွားလဲ။ " လင်းယွမ်က မေးလိုက်သည်။

" မသေချာဘူး။ " နာလန်က ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ " အဲ့ဒါက ကြီးမြတ်သူတစ်ယောက် လက်ထဲရောက်သွားတာ ဖြစ်နိုင်တယ်။ "

" အဲ့ဒီအော်ရိုရာက ကျိန်စာသတ်ဖြတ်ခြင်းစွမ်းအားကို သယ်ဆောင်လာတယ်။ အော်ရိုရာအောက်မှာ သေဆုံးသွားတဲ့ နဝမအလွှာနဲ့ အဋ္ဌမအလွှာတွေအားလုံးက သူတို့ကိုယ်ပွားတွေနဲ့အတူ သေဆုံးသွားခဲ့တယ်။ အဲ့ဒါကြောင့် ငါတို့ လူသားမျိုးနွယ်က နဝမအလွှာနဲ့ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ တစ်သန်းကျော် ဆုံးရှုံးခဲ့ရတယ်။ " နာလန်က ပြောလိုက်သည်။

" ကျိန်စာသတ်ဖြတ်ခြင်းစွမ်းအား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

နဝမအလွှာနှင့် အဋ္ဌမအလွှာသက်ရှိများအပေါ် ထိုကဲ့သို့ ကျယ်ပြန့်သော ကျိန်စာတိုက်သတ်ဖြတ်ခြင်းက ကြီးမြတ်သူတစ်ယောက်အတွက်ပင် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လေသည်။

" ဒါကြောင့် လူသားမျိုးနွယ်ရဲ့ ပြန်လည်အသက်သွင်းတဲ့အချိန်က ပြောင်းသွားလောက်တယ်။ " နာလန်က ပြောလိုက်သည်။

ကြီးမြတ်သူများက သက်ရှိများကို ပြန်လည်အသက်သွင်းရန် နောက်တစ်ကြိမ်က နှစ်ပေါင်းနှစ်ထောင်အတွင်း ဖြစ်လေသည်။ သို့သော် စစ်မြေပြင်ကြီး ပျက်စီးမှုကြောင့် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများစွာ သေဆုံးခဲ့ရပြီး နောက်နှစ် နှစ်ထောင်အတွက် အကန့်အသတ်က ပြည့်သွားခဲ့သည်။ ထိုအခြေအနေအောက်တွင် ကြီးမြတ်သူများက ပြန်လည်အသက်သွင်းမည့်နေကို ရွှေ့ပြောင်းရလေသည်။

" ပြန်လည်အသက်သွင်းမယ်နေ့ကို ရွှေ့ရမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ကြီးမြတ်သူများက သေဆုံးသူများကို ပြန်လည်အသက်သွင်းခြင်းမှာ သေဆုံးသူများ၏ အရေအတွက်ကို ကြည့်ခြင်းဖြစ်သည်။ ပြန်လည်အသက်သွင်းခြင်းစာရင်းတွင် ဆင့်ကဲပြောင်းလဲသူအရေအတွက်က အကန့်အသတ်သို့ ရောက်သွားသည်နှင့် ကြီးမြတ်သူများက ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ကြပေလိမ့်မည်။

ကြီးမြတ်သူရှချင်၏ VR ကမ္ဘာတွင်....

" ကြီးမြတ်သူ " လင်းယွမ်၏ပုံရိပ်က ပေါ်လာပြီး ပလ္လင်ပေါ်မှ ကြီးမြတ်သူကို နှုတ်ဆက်လိုက်သည်။

" မင်း အမွေအနှစ်ကြယ်က ပေါင်းစပ်နိယာမတွေကို နားလည်တာ ဘယ်လိုလဲ။ " ကြီးမြတ်သူ ရှချင်က ပြုံး၍ ပြောလိုက်သည်။

" အဆင်ပြေပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သေခြင်းရှင်ခြင်းနိယာမအပေါ် လင်းယွမ်၏ နားလည်မှုက နေ့စဉ်နှင့်အမျှ အလျင်အမြန် တိုးတက်လာသည်။

" ကြီးမြတ်သူကို လာတွေ့တာ အခြားကိစ္စတစ်ခုကြောင့်ပါ။ " လင်းယွမ်က ပြောလိုက်သည်။

" အော် ဘာကိစ္စလဲ။ " ကြီးမြတ်သူ၏ အမူအရာက မပြောင်းလဲသော်လည်း စိတ်ထဲတွင် ကျေနပ်နေသည်။

သူက လင်းယွမ် တောင်းဆိုမည်ကို မစိုးရိမ်ဘဲ တောင်းဆိုမှုမရှိမည်ကိုသာ စိုးရိမ်လေသည်။

" ပြန်လည်အသက်သွင်းမယ့်နေ့ကို ရွှေ့မယ်လို့ ကျွန်တော်ကြားတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ဟုတ်တယ်။ နောက် ပြန်လည်အသက်သွင်းမယ့်နေ့က နောက်တစ်နှစ်ကြာရင် ဖြစ်လိမ့်မယ်။ " ကြီးမြတ်သူက ရှချင်က ခေါင်းညိမ့်လိုက်သည်။

ကြီးမြတ်သူများအတွက် အချိန်စီးဆင်းမှုကို ဆန့်ကျင်ခြင်းက တန်ဖိုးတစ်ခုကို ပေးဆပ်ရန် လိုအပ်လေသည်။ အသက်တစ်ချောင်း သို့မဟုတ် အသက်တစ်ထောင်ကို ပြန်လည်အသက်သွင်းရန် အချိန်စီးဆင်းမှုကို ဆန့်ကျင်ခြင်းက အတူတူပင်ဖြစ်သည်။ နောက်ဆုံး တန်ပြန်မှုကသာ ပြန်လည်အသက်သွင်းမည့် သက်ရှိများ၏ ခွန်အားနှင့် အရေအတွက်အပေါ် မူတည်သွားဖြစ်သည်။

" ကျွန်တော်မှာ ဆဋ္ဌမအလွှာကို ဝင်ရောက်ခါစ သူငယ်ချင်းကောင်းတစ်ယောက်ရှိပါတယ်။ သူက ပြန်လည်အသက်သွင်းမယ့်စာရင်းထဲမှာ မပါပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

ပြန်လည်အသက်သွင်းခြင်းစာရင်းတွင် ပါဝင်ရန် နည်းလမ်းနှစ်ခုရှိလေသည်။ တစ်ခုက အလွန်အံ့ဩစရာကောင်းသော ပါရမီနှင့် အရည်အချင်း ရှိရန် ဖြစ်သည်။ ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အချိန်မတန်ဘဲ သေဆုံးခဲ့လျှင် ပြန်လည်အသက်သွင်းမည့်စာရင်းသို့ ထည့်သွင်းခြင်းခံရပေလိမ့်မည်။

နောက်တစ်ခုမှာ စစ်မြေပြင်တွင် ကျဆုံးသွားသော ဆင့်ကဲပြောင်းလဲသူများဖြစ်ကြသည်။ သူတို့က လူသားမျိုးနွယ်အတွက် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး မျိုးနွယ်ခြားများ၏ လက်ထဲတွင် သေဆုံးသွားလျှင် သက်ဆိုင်ရာ ကြီးမြတ်သူများက ပြန်လည်အသက်သွင်းပေးကြလေသည်။

ပထမ သို့မဟုတ် ဒုတိယနည်းလမ်းဖြစ်စေ ဆင့်ကဲပြောင်းလဲသူတိုင်းက ပြန်လည်အသက်သွင်းသည့် ကုန်ကျစရိတ်ကို ခံယူရပေလိမ့်မည်။ နောက်တစ်ကြိမ် ရှင်သန်ခြင်းနှင့် ယှဉ်လျှင် သူတို့အတွက် ထိုကုန်ကျစရိတ်က အရေးမပါတော့ပေ။

" မင်းရဲ့ သူငယ်ချင်းကိုလည်း ပြန်လည်အသက်သွင်းပေးဖို့ ငါ့ကို ပြောချင်တာလား။ " ကြီးမြတ်သူရှချင်က မေးလိုက်သည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဖန်ချင်း၏ စိတ်အသိက ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ယူဆောင်ခြင်းခံခဲ့ရပြီး လင်းယွမ်ကို ၎င်းနှင့် ခြိမ်းခြောက်ခဲ့လေသည်။ လင်းယွမ်က ခြိမ်းခြောက်ခံမည့်သူမဟုတ်သောကြောင့် ဖန်ချင်း၏ စိတ်အသိကို ကျိန်စာသတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်ခဲ့လေသည်။ ထိုလုပ်ရပ်က ရက်စက်သည်ဟု ထင်ရသော်လည်း ဖန်ချင်းအသက်ရှင်နိုင်မည့် အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။

လင်းယွမ်သာ လှုပ်ရှားခြင်းမရှိခဲ့လျှင် ရှေးဟောင်းနတ်ဘုရားထို့ပါက အတွေ့အကြုံခံစားပြီး ဖန်ချင်း၏ မှတ်ဉာဏ်များက ညစ်ညမ်းသွားမည်ဖြစ်သောကြောင့် ပြန်လည်အသက်သွင်းရန် မဖြစ်နိုင်တော့ပေ။

သို့သော် ဖန်ချင်း၏ ပါရမီနှင့် အရည်အချင်းက ပြန်လည်အသက်သွင်းမည့်စာရင်းထဲတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်ကိုယ်တိုင်က ကြီးမြတ်သူကို တောင်းဆိုရခြင်းဖြစ်သည်။

All Chapters