← Chapters

ပြန်လည်အသက်သွင်းခြင်း....

Vol. 36 Ch. 551

ပြန်လည်အသက်သွင်းခြင်း....

Vol. 36 Ch. 551

" ကိစ္စမရှိဘူး။ ပြန်လည်အသက်သွင်းမယ့်သူရဲ့ နိုင်ငံသားနံပါတ်ကို နောက်မှ ငါ့ဆီပို့လိုက်ပါ။ " ကြီးမြတ်သူရှချင်က သာမန်အတိုင်း ပြောလိုက်သည်။

ကြီးမြတ်သူတစ်ယောက်အတွက် ဆင့်ကဲပြောင်းလဲသူများစွာကို ပြန်လည်အသက်သွင်းချိန်တွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ထည့်သွင်းလိုက်ခြင်းက ခက်ခဲသောကိစ္စတစ်ခုမဟုတ်ပေ။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။

ကြီးမြတ်သူများအတွက် သေးငယ်သော ကိစ္စတစ်ခုဖြစ်သော်လည်း အဆင့်နိမ့်သူများအတွက် စိတ်ကူးမယဉ်နိုင်သော ကိစ္စတစ်ခုဖြစ်သည်။

တစ်နှစ်ကြာပြီးသောအခါ.....

ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် လင်းယွမ်က အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့်အတူ ရပ်နေခဲ့သည်။

ကြီးမြတ်သူတစ်ယောက်က ပြန်လည်အသက်သွင်းမှုတစ်ခုကို လုပိဆောင်သည့်အချိန်တိုငိး အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများက အနီးမှ စောင့်ကြည့်ကြလေသည်။

အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့၏ လုပ်ဆောင်ပုံများပါဝင်သော ထိုအဖြစ်အပျက်မျိုးက ဆင့်ကဲပြောင်းလဲသူများအတွက် သိသာသော အကျိုးကျေးဇူးများ ရရှိစေလေသည်။

" နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူတစ်ယောက် ပြန်လည်အသက်သွင်းခြင်းလုပ်တာကို ပထမဆုံး မြင်ဖူးတာထင်တယ်။ " နာလန်က ဘေးတွင်ရပ်ပြီး မေးလိုက်သည်။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လူသားမျိုးနွယ်၏ စစ်မြေပြင်မှ ဆင့်ကဲပြောင်းလဲသူများ သေဆုံးနှုန်းအပေါ် အခြေခံပြီး ပြန်လည်အသက်သွင်းသည့်အချိန်က နှစ်ပေါင်းတစ်သောင်းမှ ငါးသောင်းအထိ ကြာနိုင်လေသည်။

" ဒါဆို မင်းကောင်းကောင်းကြည့်သင့်တယ်။ " နာလန်က ပြောလိုက်သည်။ " ကြီးမြတ်သူက အချိန်စီးဆင်းမှုကို ဆန့်ကျင်ရင် အချိန်မြစ်ရဲ့ ပုံသဏ္ဍန်အချို့ကို ဖြစ်ပေါ်စေလိမ့်မယ်။ မင်း သေချာကြည့်ရင် အချိန်နိယာမအပေါ် မင်းရဲ့ နားလည်မှုကို အကျိုးဖြစ်စေလိမ့်မယ်။ "

" နားလည်ပါပြီ " လင်းယွမ်က ပြန်ပြောလိုက်သည်။

အချိန်မြစ်၏ အစိတ်အပိုင်းမပြောနှင့် လင်းယွမ်က အချိန်မြစ်တစ်ခုလုံးကိုပင် မြင်ခဲ့ဖူးလေသည်။

ထိုအချိန်တွင် ဆင့်ကဲပြောင်းလဲသူများ၏ အကြည့်အောက်တွင် ကြီးမြတ်သူရှချင်က ပေါ်လာသည်။ အော်ရာကို ထုတ်လွှတ်ခြင်းမရှိသော်လည်း ထိုနေရာတွင် ရပ်နေရုံနှင့် စကြာဝဠာ၏ နိယာမများက လမ်းဖယ်ပေးရသည်ကို လင်းယွမ်က ခံစားမိလေသည်။ ကြီးမြတ်သူတစ်ယောက်က ပြည့်စုံသော နိယာမများစွာ ပါဝင်သည့် အတွင်းစကြာဝဠာကို ပိုင်ဆိုင်ထားပြီး သူ၏ အသက်စွမ်းအားက ကြီးမားလွန်းလှသည်။

" ကြီးမြတ်သူ " လင်းယွမ်က စကြာဝဠာထဲတွင် ကြီးမြတ်သူတစ်ယောက်၏ မူလခန္ဓာကို ပထမဆုံးမြင်တွေ့လိုက်ရသည်။ ယခင် အချိန်မြစ်၏ အပြင်ဘက်တွင် မြင်ခဲ့ရသော်လည်း သူ၏ စိတ်အသိမျှင်တစ်ခုသာ ဖြစ်လေသည်။

" အဲ့ဒါ စနေပြီ။ " နာလန်က အသံတိုးတိုးနှင့် ပြောလိုက်သည်။ သူက ကြီးမြတ်သူ ပြန်လည်အသက်သွင်းခြင်းကို အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီး ၎င်းနှင့် ပက်သက်၍ အတွေ့အကြုံရှိလေသည်။

ထိုအချိန်တွင် ပြင်းထန်သော အချိန်လေဟာနယ် လှုပ်ရှားမှုများက ရှေ့သို့ မြင့်တက်လာသည်။ အံ့ဩစရာကောင်းသော မြစ်တစ်စင်းက ကြီးမြတ်သူရှချင်း၏ ရှေ့တွင် ထွက်ပေါ်လာသည်။

လင်းယွမ်ကလည်း အချိန်မြစ်၏ ကြီးမားသော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူက အချိန်မြစ်တစ်ခုလုံးကို လေ့လာခဲ့သည့်အချိန်လောက် ပြင်းထန်ခြင်းမရှိသော်လည်း အချိန်နိယာမကို ပုံမှန်လေ့လာခြင်းထက် ပို၍ အကျိုးများနေဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် ကြီးမြတ်သူရှချင်က အချိန်မြစ်ကို ဆန်တက်ပြီး သူ၏ ညာလက်ဖြင့် ပုံရိပ်အချို့ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်ဆန့်လိုက်သည့်အချိန်တိုင်း ပုံရိပ်များစွာ ပါလာပြီး တစ်ချိန်တည်းတွင် စကြာဝဠာနှင့် အချိန်မြစ်မှ မမြင်ရသော တန်ပြန်မှုက ကြီးမြတ်သူရှချင်ပေါ်သို့ ကျရောက်လာသည်။ သို့သော် သူက အားလုံးကို ပိတ်ဆို့ထားခဲ့သည်။

" အချိန်မြစ်... ကြီးမြတ်သူတွေကလွဲရင် အရာအားလုံး၊ စိတ်ဝိညာဉ်အားလုံးပ အချိန်မြစ်ထဲမှာ တည်ရှိနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်နှစ်အောက် သက်ရှိများက အချိန်မြစ်ထဲတွင် နေထိုင်ကြသော်လည်း သူတို့၏ ခွန်အားနှင့် အဆင့်အတန်းပေါ် မူတည်ပြီး အချိန်မြစ်အတွင်း သူတို့၏ အရွယ်အစားကလည်း ကွဲပြားလေသည်။

" ငါ အခု အလွှာတစ်ဆယ်ကို ရောက်နေပြီဆိုတော့ အချိန်မြစ်ထဲမှာ ငါ့ရဲ့ ပုံသဏ္ဍန်က ဘယ်လိုနေမလဲမသိဘူး။ " ထိုအတွေးနှင့်အတူ လင်းယွမ်က အချိန်မြစ်ထဲမှ သူ၏ ပုံသဏ္ဍန်ကို စတင်ခံစားလိုက်သည်။

အချိန်မြစ်က အတိတ်မှ အနာဂတ်သို့ ခမ်းနားစွာ စီးဆင်းနေသည်။ အချိန်မြစ်ထဲတွင် အလွှာတစ်ဆယ်သက်ရှိများက သာမန်ငါးထက် အနည်းငယ် ပိုကြီးရုံသာရှိသည်။ အလွှာဆယ့်တစ် သက်ရှိများကတော့ ငါးကြီးများအဖြစ် ယူဆနိုင်လေသည်။

" အခု ငါက ငါးကြီးတစ်ကောင်လို့ ယူဆလို့ရနေပြီလား။ "

လင်းယွမ်က အလွှာတစ်ဆယ်သာ ဖြစ်သော်လည်း သူ၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာပြီး အချိန်မြစ်ထဲတွင် ရောင်ပြန်ဟပ်သောအခါ အလွှာဆယ့်တစ်သက်ရှိများနှင့် နှိုင်းယှဉ်နိုင်လေသည်။

" ငါ အလွှာဆယ့်တစ် ဒါမှမဟုတ် အလွှာဆယ့်တစ်အထွတ်အထိပ်ကို ရောက်ရင် အချိန်မြစ်ထဲမှာ ငါ့ရဲ့အရွယ်အစားက ဘယ်လောက်ကြီးမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က အချိန်မြစ်၏ လှုပ်ရှားမှုများကို ခံစားနေချိန်တွင် ကြီးမြတ်သူရှချင်က စာရင်းထဲတွင်ရှိသော ဆင့်ကဲပြောင်းလဲသူများကို ဖမ်းယူပြီးသွားပြီဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲသူများက ပစ္စုပ္ပန်အချိန်ကို ပြန်ရောက်သည်နှင့် သူတို့၏ မှတ်ဉာဏ်များ ပြန်လည်ပေါင်းစပ်ပြီး သေဆုံးခြင်း၏ ရှေ့တွင် ရပ်တန့်သွားပေလိမ့်မည်။

အချိန်မြစ်က ကျယ်ပြောလှပြီး မြစ်လက်တက်တစ်ခုပင် မရေတွက်နိုင်သော အသက်ပေါင်းများစွာ ပါဝင်လေသည်။ ထို့ကြောင့် ကြီးမြတ်သူတစ်ယောက်အတွက် အစွမ်းထက်သော သက်ရှိတစ်ယောက်ကို ပြန်လည်အသက်သွင်းရန် သူတို့၏ အသက်တံဆိပ်ကို လမ်းညွှန်အမှတ်ဖြစ် အသုံးပြုရန် လိုအပ်လေသည်။

လမ်းညွှန်မှတ်ပြုလုပ်ရန် အသက်တံဆိပ်မရှိလျှင် ကြီးမြတ်သူတစ်ယောက်ပင် အလိုရှိသော သက်ရှိတစ်ယောက်ကို အချိန်မြစ်ထဲတွင် ရှာဖွေနိုင်မည်မဟုတ်ပေ။ ကြီးမြတ်သူများက အချိန်မြစ်ထဲမှ ထွက်နိုင်ခြင်းသာဖြစ်ပြီး ထိန်းချုပ်နိုင်ခြင်းမဟုတ်ပေ။

" ဒါဘယ်နေရာလဲ။ "

" ငါ ပြန်လည်ရှင်သန်လာတာလား။ "

" ငါ စစ်မြေပြင်မှ တိုက်ခိုက်ရင်း ရုတ်တရက် သေဆုံးသွားခဲ့တာပဲ။ "

ပြန်လည်အသက်သွင်းခံလိုက်ရသော ဆင့်ကဲပြောင်းလဲသူများက ပထမဆုံး စိတ်ရှုပ်ထွေးသွားကြသော်လည်း လျင်မြန်စွာ နားလည်သွားကြသည်။ လူသားမျိုးနွယ်တွင် ကြီးမြတ်သူများက ပြန်လည်အသက်သွင်းနိုင်ခြင်းက လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

ကြီးမြတ်သူရှချင်က စာရင်းထဲမှ ဆင့်ကဲပြောင်းလဲသူများကို ပြန်လည်အသက်သွင်းပြီးနောက် အားလုံးကို တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားခဲ့သည်။

မကြာမီ ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မှ ဆင့်ကဲပြောင်းလဲသူများက ပြန်လည်အသက်သွင်းခံလိုက်ရသော ဆင့်ကဲပြောင်းလဲသူများကို လမ်းညွှန်ပေးရန် ရှေ့သို့ တက်လာကြသည်။

လွန်ခဲ့သော နှစ်ပေါင်းသောင်းချီမှ သေဆုံးသွားသော ဆင့်ကဲပြောင်းလဲသူများက ပစ္စုပ္ပန်အခြေအနေနှင့် ရင်းနှီးရန် အချိန်ယူရလေသည်။

" ငါ ငါလည်း ပြန်လည်အသက်သွင်းခံရတာလား။ "

ပြန်လည်အသက်သွင်းခံရသော ဆင့်ကဲပြောင်းလဲသူများကို သူတို့၏ အဆင့်အလိုက် ခွဲခြားထားလေသည်။ ဆဋ္ဌမအလွှာ၊ သတ္တမအလွှာ၊ အဋ္ဌမအလွှာ၊ နဝမအလွှာ စသည်ဖြင့် အဖွဲ့များ ခွဲထားကြသည်။

ဆဋ္ဌမအလွှာအဖွဲ့အတွင်းမှ ဖန်ချင်းက သူ၏ ပတ်ဝန်းကျင်မှ ပြန်လည်အသက်သွင်းခံလိုက်ရသော ဆဋ္ဌမအလွှာများကို ကြည့်လိုက်သည်။

" ငါက ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့လူပဲ။ ငါက ပြန်လည်အသက်သွင်းခံရဖို့ အရည်အချင်း မပြည့်မီဘူး။ " ဖန်ချင်းက စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ ပတ်ဝန်းကျင်မှ ဆဋ္ဌမအလွှာများက ကြယ်နယ်မြေအသီးသီးမှ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။ သူက နှစ်ပေါင်းရာချီအတွင်း ဆဋ္ဌမအလွှာသို့ ရောက်ခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသူဖြစ်သည်။

အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကဲ့သို့ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပါရမီနှင့် အရည်အချင်းများ မလိုအပ်ပေ။ သက်ဆိုင်ရာရှေးဟောင်းနတ်ဘုရားနှင့် ကိုက်ညီရန်သာ လိုအပ်လေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက ဖန်ချင်း၏ ဘေးတွင် ပေါ်လာသည်။

" တောင်ထိပ်သခင် " ဖန်ချင်းက မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားသည်။

" အင်း ပြန်လည်အသက်သွင်းခံရတာ ဘယ်လိုခံစားရလဲ။ " လင်းယွမ်က ဖန်ချင်းကို ကြည့်လိုက်သည်။

" ကျွန်တော်မသိဘူး။ ကျွန်တော်က အိပ်မက်ရှည်ကြီးထဲမှာ ရှိနေသလို ခံစားရတယ်။ " ဖန်ချင်းက ပြန်ဖြေလိုက်၏။ " တောင်ထိပ်သခင် ကျွန်တော် ပြန်လည်အသက်သွင်းခံရတာက..."

" ငါမင်းကို ပြန်လည်အသက်သွင်းမယ့် စာရင်းထဲ ထည့်ပေးဖို့ ကြီးမြတ်သူကို တောင်းဆိုခဲ့တာပဲ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

ဖန်ချင်းက ထိတ်လန့်သွားသည်။ သူသိသလောက် ပြန်လည်အသက်သွင်းမည့် စာရင်းတွင် ရှိသူများကို နတ်ဘုရားသုံးပါးက အကြိမ်ကြိမ် စစ်ဆေးဆုံးဖြတ်ပြီးမှ ကြီးမြတ်သူဆီ ပေးပို့ခြင်းဖြစ်သည်။

ထိုအချိန်တွင်း နတ်ဘုရားသုံးပါး၏ ဆုံးဖြတ်ချက်ကို ဘယ်သူမှ ပြောင်းလဲနိုင်ခြင်းမရှိပေ။ သို့သော် လင်းယွမ်က သူ့ကို ပြန်လည်အသက်သွင်းမည့် စာရင်းထဲသို့ ထည့်သွင်းပေးခဲ့သည်။

လင်းယွမ်က နတ်ဘုရားသုံးပါး၏ ဆုံးဖြတ်ချက်နှင့် ဖန်ချင်းကို ထည့်သွင်းပေးခဲ့ခြင်းမဟုတ်ဘဲ ပြန်လည်အသက်သွင်စပေးမည့် ကြီးမြတ်သူရှချင်ဆီ တိုက်ရိုက်တောင်းဆိုခြင်းဖြစ်သည်ကို ဖန်ချင်က မသိပေ။

" ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင် " ဖန်ချင်းက အသက်ပြင်းပြင်းရှူလိုက်သည်။

လင်းယွမ်က သူ့ကို ပြန်လည်အသက်သွင်းမည့်စာရင်းထဲသို့ ထည့်ပေးရန် မည်သည့်နည်းလမ်းအား အသုံးပြုခဲ့သည်ကို သူမသိသော်လည်း တန်ဖိုးတစ်ခုပေးဆပ်ခဲ့ရမည်မှာ အမှန်ပင်ဖြစ်သည်။

" နောက်တစ်ချက်အနေနဲ့ မင်းရဲ့ ရုပ်ခန္ဓာက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သန့်စင်ဖို့ ငါလုပ်ပေးမယ်။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

ဖန်ချင်းက ပြန်လည်အသက်သွင်းခံလိုက်ရသော်လည်း ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားဆဲဖြစ်သည်။ ရှေးဟောင်းနတ်ဘုရား ထို့ပါ ဆန္ဒရှိသရွေ့ သူ၏ စိတ်အသိကို ယူဆောင်သွားနိုင်လေသည်။

လင်းယွမ်၏ ရည်ရွယ်ချက်က ဖန်ချင်း၏ ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကျင့်ကြံခြင်းကို လုံးဝ ဖျက်ပစ်ရန်ဖြစ်သည်။ ထိုသို့ဖြင့် သူက ရှေးဟောင်းနတ်ဘုရား ထို့ပါနှင့် ချိတ်ဆက်မှုကို လုံးဝ ဖြတ်တောက်နိုင်ပေလိမ့်မည်။

All Chapters