← Chapters

ဒုတိယအဆင့် ပေါင်းစပ်နိယာမ...

Vol. 36 Ch. 552

ဒုတိယအဆင့် ပေါင်းစပ်နိယာမ...

Vol. 36 Ch. 552

" ကောင်းပါပြီ တောင်ထိပ်သခင် " ဖန်ချင်းက ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်သည်။

သူ၏ နောက်ဆုံး မှတ်ဉာဏ်များအရ သူကျင့်ကြံနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပေါက်ကွဲသွားပြီး သူ၏ စိတ်အသိကို နေရာတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်ကို မှတ်မိလေသည်။

လင်းယွမ်၏ လှုပ်ရှားမှုအောက်တွင် ဖန်ချင်း၏ ခန္ဓာကိုယ်မှ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကျင့်ကြံခြင်းများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဖန်ချင်းက ဆဋ္ဌမအလွှာသာရှိသောကြောင့်သာ သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖျက်ပစ်နိုင်ခြင်းဖြစ်သည်။

ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးတွင် ရှေးဟောင်းနတ်ဘုရားထို့ပါက လူသားမျိုးနွယ်ရှိရာသို့ ကြည့်လိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ သူငယ်ချင်းက ပြန်လည်အသက်သွင်းခံလိုက်ရပြီ။ " ရှေးဟောင်းနတ်ဘုရားထို့ပါက တွေးလိုက်သည်။

သူက နဂါးငွေ့တန်းကြယ်သခင် သူငယ်ချင်း၏ ခန္ဓာကိုယ်ကို ခံစားမိခဲ့သော်လည်း ခဏအတွင်း ၎င်းက ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက သူကျင့်ကြံနေသော ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖျက်ပစ်ခြင်းဖြစ်နိုင်လေသည်။

ရှေးဟောင်းနတ်ဘုရား ထို့ပါက ၎င်းကို အံ့ဩခြင်းမရှိဘဲ ကြားဝင်ခြင်းလည်း မရှိခဲ့ပေ။ နဂါးငွေ့တန်းကြယ်သခင်၏ သူငယ်ချင်းက ပြန်လည်အသက်သွင်းပြီးခါစဖြစ်သောကြောင့် အနီးတွင် ကြီးမြတ်သူတစ်ယောက် ရှိနေနိုင်လေသည်။ သူက လှုပ်ရှားခဲ့လျှင် ကြီးမြတ်သူ၏ အာရုံကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူက နဂါးငွေ့တန်းကြယ်သခင်၏ သူငယ်ချင်း စိတ်အသိကို ရရှိခဲ့လျှင်တောင် အဓိပ္ပါယ်မရှိတော့ပေ။ နဂါးငွေ့တန်းကြယ်သခင်က နောက်တစ်ကြိမ် ကျိန်စာတိုက်သတ်ဖြတ်ပစ်ပေလိမ့်မည်။

" ဟူး.... အင်းဆက်မျိုးနွယ်က ငါ့ကို စစ်မြေပြင် A098ဆီ ဖိတ်ခေါ်ထားတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အလွှာဆယ့်တစ် အထွတ်အထိပ်တွင် ရှိသူတစ်ယောက်အနေဖြင့် သူက အထွတ်အထိပ်မျိုးနွယ်များ၏ ဖိတ်ခေါ်မှုကို မကြာခဏ ရရှိလေသည်။ စစ်မြေပြင်ကြီးတစ်ခုဆီသွားပြီး ကူညီပေးရန်ဖြစ်သည်။

ပုံမှန်အားဖြင့် ရှေးဟောင်းနတ်ဘုရားထို့ပါက ထိုကဲ့သို့သော ဖိတ်ခေါ်မှုများကို ငြင်းဆန်ပေလိမ့်မည်။ သူက ထိုအထွတ်အထိပ်မျိုးနွယ်များကြား ကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် အလွန်ပျင်းလေသည်။

သို့သော် ယခု သူက နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်မိပြီးနောက် ရှေးဟောင်းနတ်ဘုရားထို့ပါက အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် သူ၏ ဆက်ဆံရေးကို ဦးစားပေးရန် စတင်ခဲ့သည်။အထူးသဖြင့် လူသားမျိုးနွယ်၏ အဓိကရန်သူဖြစ်သော အင်းဆက်မျိုးနွယ်ပင်ဖြစ်သည်။

သူက လူသားမျိုးနွယ်၏ ရန်သူဖြစ်သောကြောင့် အင်ဆက်မျိုးနွယ်ကို ဦးစားမပေးလျှင် အနာဂတ်တွင် နောက်ဆုတ်ရမည့် ရွေးချယ်မှုက အလွန်ကန့်သတ်ခံရပေလိမ့်မည်။

" ကောင်းပြီ။ ငါသွားရမှာပေါ့။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက ဆုံးဖြတ်လိုက်သည်။

" သေခြင်းနိယာမနဲ့ ဖျက်ဆီးခြင်းနိယာမ..."

" မဟာဖျက်ဆီးခြင်းနိယာမ..." လင်းယွမ်က သေခြင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမ အဓိကနိယာမနှစ်ခုကို ပေါင်းစပ်ပြီး မဟာဖျက်ဆီးခြင်းနိယာမကို ဖြစ်ပေါ်စေခဲ့သည်။

မဟာဖျက်ဆီးခြင်းနိယာမက သေခြင်းရှင်ခြင်းနိယာမထက် ပို၍ သန့်စင်သော တိုက်ခိုက်ရေးနိယာမတစ်ခုဖြစ်သည်။ ၎င်းက သတ်ဖြတ်ခြင်းတွင် သေခြင်းရှင်ခြင်းနိယာမကို ကျော်လွန်နိုင်သော အဓိကပေါင်းစပ်နိယာမတစ်ခုလည်း ဖြစ်သည်။

အလွှာတစ်ဆယ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမကို လေ့လာခြင်းအပြင် အခြာအဓိကနိယာမများ၏ ပေါင်းစပ်ခြင်းကိုလည်း လေ့လာခဲ့သည်။ ယခု မဟာဖျက်ဆီးခြင်းနိယာမဖြစ်သည်။

" မဟာဖျက်ဆီးခြင်းနိယာမက အနက်ရောင်ဂြိုလ်ပေါ်က တံခါးဆယ့်နှစ်ခုထဲက တစ်ခုနဲ့ သက်ဆိုင်တယ်။ "

လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထွက်ခွာသွားပြီး အနက်ရောင်ဂြိုလ်ပေါ်သို့ ဆင်းသက်သွားသည်။

" မဟာဖျက်ဆီးခြင်းနိယာမ..." လင်းယွမ်က မဟာဖျက်ဆီးခြင်းနိယာမကို ကိုယ်စားပြုသော အနက်ရောင်တံခါးရှေ့တွင် ရပ်နေသည်။ ထို့နောက် မဟာဖျက်ဆီးခြင်းနိယာမကို ထုတ်ဖော်ပြီး အတွင်းသို့ ဝင်ရောက်သွားသည်။ သူက သေခြင်းရှင်ခြင်းနိယာမ၏ လမ်းကြောင်းနှင့် ဆင်တူသော ယဇ်ပလ္လင်ရှေ့သို့ ရောက်သွားခဲ့သည်။

" မင်း လာပြန်ပြီလား။ " အနက်ရောင်ဝတ်ရုံနှင့်လူက ထွက်ပေါ်လာသည်။ သူက လင်းယွမ်ကို ကြည့်ပြီး အနည်းငယ် ခေါင်းခါလိုက်သည်။

" အကြီးအကဲ စမ်းသပ်မှုကို စတော့မလား။ " လင်းယွမ်က နှုတ်ဆက်ပြီး တိုက်ရိုက်မေးလိုက်သည်။

" စမ်းသပ်မှုလား။ " အနက်ရောင်ဝတ်ရုံနှင့်လူက တိတ်ဆိတ်သွားသည်။

လင်းယွမ်က မဟာဖျက်ဆီးခြင်းနိယာမကို မကြာသေးမီကမှ နားလည်ခဲ့သည်ကို သူခံစားမိလေသည်။ သို့သော် ယခင် သေခြင်းရှင်ခြင်းနိယာမ၏ စမ်းသပ်မှုကြောင့် အနက်ရောင်ဂြိုလ်ပေါ်မှ စမ်းသပ်မှုများက လင်းယွမ်အတွက် အဓိပ္ပါယ်မရှိသည်ကို သူနားလည်လေသည်။

" ထားလိုက်တော့။ မင်းအထဲကိုသွားတာ ပိုကောင်းမယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူလည်း အချိန်မဖြုန်းချင်သောကြောင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ငါမီတာ မြင့်သော အနက်ရောင်တံခါးတစ်ခု ပေါ်လာသည်။

" ကျေးဇူးတင်ပါတယ် အကြီးအကဲ။ " လင်းယွမ်က ၎င်းကို မြင်သောအခါ ငြင်းဆန်ခြင်းမရှိဘဲ ကိုယ်ပွားတစ်ခုကို အနက်ရောင်တံခါးထဲသို့ စေလွှတ်လိုက်သည်။

အထဲတွင် မိုင်အနည်းငယ် ကျယ်သော ဧရိယာတစ်ခုဖြစ်ပြီး မဟာဖျက်ဆီးခြင်းနိယာမများနှင့် ပြည့်နှက်နေသည်။

" မဟာဖျက်ဆီးခြင်း... "

လင်းယွမ်က မဟာဖျက်ဆီးခြင်းနိယာမ၏ လှုပ်ရှားမှုများကို သတိထားပြီး ကြည့်နေသည်။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် များပြားသော အသိအမြင်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာကြသည်။

ထို့သို့ဖြင့် လင်းယွမ်၏ ကိုယ်ပွားနှစ်ခုက သေခြင်းရှင်ခြင်းနိယာမနှင့် မဟာဖျက်ဆီးခြင်းနိယာမတို့ကို လေ့လာနေခဲ့သည်။ သူ၏ မူလခန္ဓာကိုယ်၊ ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ကလည်း အခြားနိယာမများ၊ လျို့ဝှက်နည်းစနစ်များနှင့် အခြားအရာများကို ကျင့်ကြံနေခဲ့သည်။

နှစ်ငါးဆယ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

အနက်ရောင်ဂြိုလ်၊ သေခြင်းရှင်ခြင်းနိယာမ၏ လမ်းညွှန်မှုလမ်းကြောင်းတွင် အသက်နိယာမနှင့် သေခြင်းနိယာမတို့က အဆုံးမရှိသော စက်ဝန်းတစ်ခုကဲ့သို့ လည်ပတ်နေခဲ့သည်။ လင်းယွမ်က ထိုင်နေပြီး နားလည်မှုထဲတွင် နစ်မြှုပ်နေခဲ့သည်။ ထိုအချိန်တွင် အသက်နိယာမနှင့် သေခြင်းနိယာမတို့က သူ၏ ရှေ့တွင် အဆက်မပြတ် ရောယှက်ပြီး ပေါင်းစပ်နေခဲ့သည်။

" မဆုံးနိုင်တဲ့ အသက်စွမ်းအားတွေ ပြည့်နှက်နေတဲ့ အသက်နိယာမနဲ့ မဆုံးနိုင်တဲ့ သေခြင်းစွမ်းအားတွေ ပြည့်နှက်နေတဲ့ သေခြင်းနိယာမတွေရဲ့ ပေါင်းစပ်မှုက သေခြင်းရှင်ခြင်းနိယာမကို ဖန်တီးခဲ့တယ်။ ဒါက အနှစ်သာရအားဖြင့် ပြန်လည်မွေးဖွားခြင်းပဲ။ "

လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် အသက်နိယာမနှင့် သေခြင်းနိယာမတို့က သူ၏ လက်ထဲတွင် ရောယှက်ပြီး ပေါင်းစပ်သွားကြသည်။

" ဒါကြောင့် သေခြင်းရှင်ခြင်းနိယာမက အသက်နိယာမနဲ့ သေခြင်းနိယာမတွေ ပြောင်းလဲပြီး ရောယှက်နိုင်အောင် တည်ငြိမ်တဲ့ စက်ဝန်းပုံစံတစ်ခု တည်ဆောက်ဖို့ လိုတယ်။ " လင်းယွမ်က လူသားမျိုးနွယ်၏ နိယာမပုံစံနည်းလမ်းကို အသုံးပြုပြီး သေခြင်းရှင်ခြင်းနိယာမကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက်သည်။

" တည်ငြိမ်ပြီး ပြည့်စုံတဲ့ စက်ဝန်းပုံစံတစ်ခု..."

လင်းယွမ်၏ ရှေ့တွင် အသက်နှင့် သေခြင်းနိယာမများက ပြောင်းလဲနေပြီး နောက်ဆုံးတွင် အနက်ရောင်စုပ်ဝဲတစ်ခုနှင့် ဆင်တူသော ပုံစံတစ်ခု ပေါ်လာပြီး အချိန်နှင့် လေဟာနယ်ကို သိမ်မွေ့စွာ ပြောင်းလဲသွားစေခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သေခြင်းရှင်ခြင်းနိယာမကို လေ့လာပြီး တည်ငြိမ်သော စက်ဝန်းပုံစံတစ်ခုကို တည်ဆောက်နိုင်သွားပါပြီ။ ]

" နောက်ဆုံးတော့ ဒီပေါင်းစပ်နိယာမကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

ပေါင်းစပ်နိယာမများကို နားလည်ခြင်းက ထင်ထားသည်ထက် ပိုမိုခက်ခဲပြီး အထူးသဖြင့် ပထမအဆင့်မှ ဒုတိယအဆင့်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။

အနက်ရောင်ကြယ်သခင်နှင့် လျို့လီကြယ်သခင်ကဲ့သို့ အလွှာတစ်ဆယ် အဆင့်အေ သက်ရှိအများစုက ထိုအဆင့်တွင် ပိတ်မိနေကြခြင်းဖြစ်သည်။

လင်းယွမ်ပင် ပထမဆုံး သေခြင်းရှင်ခြင်းနိယာမကို နားလည်ပြီးချိန်တွင် သူ၏ ခန့်မှန်းချက်အရ ထိုပေါင်းစပ်နိယာမကို ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်ရန် နှစ်ပေါင်း ငါးရာမှ ခြောက်ရာအထိ ကြာနိုင်သည်ဟု တွေးခဲ့သည်။

သို့သော် သူက နှစ်ငါးဆယ်အတွင်း ဒုတိယအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ သီအိုရီအရ ယခု လင်းယွမ်က ဒုတိယအဆင့် သေခြင်းရှင်ခြင်းနိယာမကို အသုံးပြုပြီး အလွှာဆယ့်တစ်သို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။

" သေခြင်းရှင်ခြင်းနိယာမက ဒုတိယအဆင့်မှာ ငါ့ရဲ့ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအားနဲ့ ရွှမ်ဟွမ်တိုက်ကွက်တို့ကို ပေါင်းစပ်ပြီး ထွက်ပေါ်လာတဲ့ အမြင့်ဆုံးစွမ်းအားက တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်လောက်ကို ရောက်နိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက ပထမဆုံး သေခြင်းရှင်ခြင်းနိယာမကို နားလည်ချိန်တွင် လင်းယွမ်က နည်းလမ်းအမျိုးမျိုး၏ မြှင့်တင်မှုဖြင့် သေခြင်းရှင်ခြင်းနိယာမက ပထမအဆင့်မှ ဒုတိယအဆင့်ထိ အတင်းအကျပ် တိုးမြှင့်ခြင်းခံရပြီး တတိယအဆင့် ကန့်သတ်ချက်အထိပင် ရောက်ခဲ့လေသည်။

ယခု သူက သေခြင်းရှင်ခြင်းနိယာမကို ဒုတိယအဆင့်ထိ နားလည်သွားပြီဖြစ်သောကြောင့် ထုတ်ဖော်လိုက်သောစွမ်းအားက စတုတ္ထအဆင့်ထိ နီးကပ်သွားနိုင်လေသည်။

စတုတ္ထအဆင့် ပေါင်းစပ်နိယာမက အလွှာဆယ့်တစ်သက်ရှိများကြားမှာပင် အစွမ်းထက်သည်ဟု ပြောနိုင်လေသည်။ သီအိုရီအရ သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် ပေါင်းစပ်နိယာမများက ကြီးမြတ်သူများ၏ နယ်ပယ်ဖြစ်လေသည်။

အလွှာဆယ့်တစ်သက်ရှိများ၏ စွမ်းရည်များကို ပေါင်းစပ်နိယာမများဖြင့် ကန့်သတ်ထားခြင်းမရှိပေ။ သို့သော် အနည်းဆုံးတော့ လင်းယွမ်က အလွှာဆယ့်တစ်သက်ရှိတစ်ယောက်၏ ပုံမှန်စံနှုန်းကို ရောက်ရှိနေပြီဟု ပြောနိုင်လေသည်။

All Chapters