လူသားမျိုးနွယ်၏ အနိုင်ကျင့်မှု...
Vol. 36 Ch. 554
အော်ရိုရာ၏ စွမ်းအားက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်နေခဲ့ပြီး စစ်မြေပြင်ကြီးတစ်ခုကို အလွယ်တကူ ဖျက်စီးပစ်နိုင်ခဲ့သည်။ ကြီးမြတ်သူများသာ ပူးပေါင်းပြီး ထိန်းချုပ်ခြင်းမရှိခဲ့လျှင် ပျက်စီးမှုက ပို၍ ကြီးမားနိုင်လေသည်။
အော်ရိုရာ၏ စွမ်းအားက ပို၍ ကြီးမားလေ ပို၍ တန်ဖိုးကြီးလေဖြစ်ပြီး ကြီးမြတ်သူများက ကြားဖြတ်ဝင်ရောက်ထိန်းချုပ်ခဲ့သောကြောင့် ထင်ရှားသော အကျိုးအမြတ်များ ရရှိမည်မှာ သေချာလေသည်။
" ကြီးမြတ်သူတွေက ထာဝရလေဟာနယ်အက်ကြောင်းတွေကို မပြုပြင်ဘဲထားတာ ဒီလိုအချိန်အတွက်ထားတာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ထာဝရလေဟာနယ်အက်ကြောင်းက ကြီးမြတ်သူ၏ ဖျက်ဆီးနိုင်စွမ်းကို ပါဝင်ပြီး ပင်မစကြာဝဠာ၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ကောင်းမွန်နိုင်မည်မဟုတ်ပေ။ သို့သော် ကြီးမြတ်သူများသာ ဆန္ဒရှိလျှင် သူတို့က ထာဝရလေဟာနယ်အက်ကြောင်းအတွင်းမှ ဖျက်ဆီးခြင်းစွမ်းအားကို ဖယ်ရှားပစ်နိုင်လေသည်။ ဖျက်ဆီးခြင်းစွမ်းအား ပျောက်ကွယ်သွားသည်နှင့် ပင်စကြာဝဠာ၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ထာဝရလေဟာနယ်အက်ကြောင်းကို အလွယ်တကူ ပြုပြင်နိုင်လေသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က ခဏအနားယူပြီးနောက် သူ၏ ကျင့်ကြံခြင်းကို ပြန်လည်စတင်ခဲ့သည်။
" မဟာဖျက်ဆီးခြင်းနိယာမ..."
ဖျက်ဆီးခြင်းစွမ်းအား၏ အနှစ်သာရမျှင်များက လင်းယွမ်၏ ရှေ့တွင် ပေါ်လာပြီး သတ်ဖြတ်နိုင်စွမ်းအရ မဟာဖျက်ဆီးခြင်းနိယာမက သေခြင်းရှင်ခြင်းနိယာမကိုတောင် ကျော်လွန်ခဲ့သည်။
လင်းယွမ်က လက်ရှိ ထိန်းချုပ်ထားသော အဓိကပေါင်းစပ်နိယာမ ခြောက်ခုထဲမှ သေခြင်းရှင်ခြင်းနိယာမက ဒုတိယအဆင့်ကို ရောက်ရှိခဲ့ပြီး အမြင့်ဆုံးနိယာမဖြစ်လေသည်။
မဟာဖျက်ဆီးခြင်းနိယာမက နောက်မှဖြစ်ပြီး ဒုတိယအဆင့်မှ ဆံချည်မျှင်တစ်မျှင်သာ ဝေးကွာတော့သည်။ လင်းယွမ်က ရက်အနည်းငယ်အတွင်း သို့မဟုတ် လအနည်းငယ်အတွင်း သူက ထိုပေါင်းစပ်နိယာမကို ဒုတိယအဆင့်ထိ မြှင့်တင်နိုင်မည်ဟု ခန့်မှန်းမိလေသည်။ ထိုအချိန်တွင် လင်းယွမ်က ဒုတိယအဆင့် ပေါင်းစပ်နိယာမနှစ်ခုရှိမည်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးပေလိမ့်မည်။
" မဟာဖျက်ဆီးခြင်းနိယာမ..."
အနက်ရောင်ဂြိုလ်၏ လမ်းညွှန်မှုလမ်းကြောင်းတွင် လင်းယွမ်က မဟာဖျက်ဆီးခြင်းနိယာမ၏ အနှစ်သာရကို နားလည်ရန် နစ်မြှုပ်နေခဲ့သည်။
တစ်ချိန်တည်းတွင် လင်းယွမ်က အခြားပေါင်းစပ်နိယာမများကိုလည်း လေ့လာနေခဲ့ပြီး တစ်ခုချင်းစီက ထိုးထွင်းသိမြင်မှုများကို ရရှိနေခဲ့သည်။
ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် ကြီးကျယ်ခမ်းနားသော ပုံရိပ် ဆယ်ခုကျော်က ရပ်နေခဲ့ပြီး သူတို့၏ အလယ်တွင် မိုင်တစ်ရာကျော်ရှည်လျားသော တောက်ပသည့်အလင်း အော်ရိုရာရှိနေသည်။
" ဒီအော်ရိုရာက ရှားပါးတဲ့ အလွှာဆယ့်နှစ် ပစ္စည်းတစ်ခုဖြစ်ပြီး အမြင့်ဆုံးလက်နက်တစ်ခုဖန်တီးဖို့အတွက် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။ အခု ဒါကို ဘယ်လိုခွဲယူကြမလဲ။ " နဖူးတွင် ချိုတစ်ချောင်းနှင့် ကြီးမြတ်သူက ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ငါးဆယ်က ကြီးမြတ်သူ ဆယ်ယောက်ကျော်က စကြာဝဠာအပြင်ဘက်မှလာသော အော်ရိုရာကို ထိန်းချုပ်ရန် ပူးပေါင်းခဲ့ကြသည်။ နှစ်ငါးဆယ်ဖိနှိပ်ပြီးနောက် သူတို့က အော်ရိုရာ၏ အနှစ်သာရကို ဆွဲထုတ်နိုင်ခဲ့ပြီး ယခု ခွဲဝေရမည့်အချိန်ဖြစ်လေသည်။
အမှန်တွင် ထိုနေရာတွင်ရှိသော ကြီးမြတ်သူတစ်ယောက်ချင်းစီက ထိုအော်ရိုရာကို လက်ဝါးကြီးအုပ်ချင်ကြလေသည်။ သို့သော် ထို့သို့လုပ်လျှင် အခြားကြီးမြတ်သူများကလည်း လှုပ်ရှားပေလိမ့်မည်။
ထိုအခြေအနေအောက်တွင် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက် သတိထားနေကြပြီး ကြီးမြတ်သူ ဆယ်ယောက်ကျော်က နောက်ဆုံးတွင် ထိုအော်ရိုရာကို ခွဲဝေရန် ဆုံးဖြတ်ခဲ့ကြသည်။
ကြီးမြတ်သူများ၏ အဆင့်နှင့် ပြင်ပအရာတစ်ခုအတွက် အသေခံတိုက်ခိုက်ရန် မလိုအပ်ပေ။
" စစ်မြေပြင် A076က ငါတို့ လူသားမျိုးနွယ်ရဲ့ အဓိကစစ်မြေပြင်တွေထဲက တစ်ခုပဲ။ ပြီးတော့ ဒီအော်ရိုရာကြောင့် ငါတို့ဆင့်ကဲပြောင်းလဲသူတွေက ကြီးမားတဲ့ ဆုံးရှုံးမှုတွေရှိခဲ့တယ်။ " လူသားမျိုးနွယ်၏ ကြီးမြတ်သူကုလီက ပြောလိုက်သည်။ " ဒါကြောင့် ငါတို့လူသားမျိုးနွယ်က ဒီအော်ရိုရာရဲ့ ငါးပုံတစ်ပုံကို လိုချင်တယ်။ "
" ငါးပုံတစ်ပုံလား။ " အခြားကြီးမြတ်သူများက မကျေမနပ် ဖြစ်သွားကြသည်။
ကြီးမြတ်သူဆယ်ယောက်ကျော်တွင် ဆယ်ပုံတစ်ပုံပင် မလုံလောက်ဘဲ ငါးပုံတစ်ပုံက ပြောစရာပင်မလိုပေ။
" ကုလီ အဲ့ဒါက အရမ်းမများလွန်းဘူးလား။ " ဦးချိုတစ်ချောင်းနှင့် ကြီးမြတ်သူက ပြောလိုက်သည်။
" များတယ်။ ငါတို့ လူသားဆင့်ကဲပြောင်းလဲသူတွေရဲ့ ဆုံးရှုံးမှုကို မင်းဘယ်လိုရှင်းပြမှာလဲ။ သူတို့က ငါတို့ လူသားမျိုးနွယ်ရဲ့ လက်ရွေးစင်တွေ ငါတို့ရဲ့ အနာဂတ်ပဲ။ " ကြီးမြတ်သူ ကုလီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ " ငါးပုံတစ်ပုံမရရင် ငါ့လူတွေကိုလည်း ဖျောင်းဖျနိုင်မှာမဟုတ်ဘူး။ "
သူစကားပြောပြီးနောက် အခြားကြီးမြတ်သူရှစ်ယောက်၏ အော်ရာများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
" ဘယ်လိုလဲ။ ငါတို့လူသားမျိုးနွယ်က အော်ရိုရာရဲ့ ငါးပုံတစ်ပုံပဲလိုချင်တာပါ။ ဒါက အများကြီးမဟုတ်ပါဘူး။ " ကြီးမြတ်သူကုလီက တည်ငြိမ်စွာ ပြောနေသော်လည်း လေဟာနယ်အတွင်းမှ ကြီးမြတ်သူရှစ်ယောက်၏ အော်ရာများကို ဖုံးကွယ်ထားခြင်းမရှိပေ။
အခြားကြီးမြတ်သူဆယ်ယောက်ကျော်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ နောက်တွင် ကြီးမြတ်သူများ ရှိသော်လည်း လူသားမျိုးနွယ်မှ ကြီးမြတ်သူကိုးယောက်၏ တိုက်ခိုက်ရေးစွမ်းအားက အမှန်တကယ် ကိုင်တွယ်ရန် ခက်ခဲလေသည်။
" ကောင်းပြီလေ။ " ဦးချိုတစ်ချောင်းနှင့် ကြီးမြတ်သူက နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။
ရွေးချယ်စရာမရှိပေ။ သူတို့က လူသားမျိုးနွယ်ကို ကျေနပ်အောင် မလုပ်ပေးလျှင် နောက်ပိုင်းခွဲဝေမှုကို ပြီးမြောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
ကြီးမြတ်သူကုလီက သူ၏ လက်ကို မြှောက်၍ အော်ရိုရာ၏ ငါးပုံတစ်ပုံကို ဆွဲယူပြီး လေဟာနယ်အတွင်း ပျောက်ကွယ်သွားသည်။ မကြာမီ လူသားမျိုးနွယ်မှ ကြီးမြတ်သူရှစ်ယောက်၏ အော်ရာများကလည်း ပျောက်ကွယ်သွားကြသည်။
" ငါ့ရဲ့ ထျန်းယုမျိုးနွယ်ကလည်း ပြင်းထန်တဲ့ဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လူသားမျိုးနွယ်ကို အတုယူပြီး စတင်ပြောဆိုလိုက်သည်။
လူသားမျိုးနွယ်၏ နယ်မြေတွင် ကြီးမြတ်သူကိုးယောက်က အတွေးချင်း ဖလှယ်နေကြသည်။
" ဒီအော်ရိုရာအပိုင်းအစ အတွင်းမှာ ကျိန်စာသတ်ဖြတ်ခြင်းစွမ်းအားရဲ့ နက်ရှိုင်းတဲ့ စွမ်းအားတစ်ခု ပါဝင်နေတယ်။ ဒါကိုသာ အမြင့်ဆုံးလက်နက်အဖြစ် ပြောင်းလဲလိုက်ရင် အရည်အချင်းရှိတဲ့ ဆင့်ကဲပြောင်းလဲသူတွေ နားလည်ဖို့ အသုံးပြုနိုင်တယ်။ "
" တကယ်တော့ ကြောင်းကျိုးနိယာမက အဓိကနိယာမမဟုတ်ပေမယ့် အဲ့ဒါက နက်ရှိုင်းပြီး ထူးဆန်းတယ်။ လူတစ်ယောက်က ကြောင်းကျိုးနိယာမကို ပိုပြီး နားလည်လေ ပိုအကျိုးရှိလေပဲ။ "
" ဒါဆို ငါ ဒီအော်ရိုရာအပိုင်းအစကို အရင်ဆုံး သန့်စင်လိုက်မယ်။ "
ကြီးမြတ်သူကိုးယောက်က အော်ရိုရာအတွက် အသုံးပြုမည့်နည်းလမ်းကို လျင်မြန်စွာ ဆုံးဖြတ်ခဲ့သည်။ ၎င်းကို အမြင့်ဆုံးလက်နက်အဖြစ်ဖန်တီးပစ်မည်ဖြစ်သည်။ သို့သော် သန့်စင်ခြင်းမပြုမီ လူသားမျိုးနွယ်၏ အရည်အချင်းရှိသော ဆင့်ကဲပြောင်းလဲသူများက အော်ရိုရာ၏ အနှစ်သာရကို လေ့လာနိုင်လေသည်။
ကြီးမြတ်သူရှချင်၏ ကိုယ်ပိုင်ကမ္ဘာတွင် ကြီးမြတ်သူရှချင်က ပလ္လင်ပေါ်တွင် ထိုင်ပြီး စဉ်းစားနေသည်။
" ကြီးမြတ်သူ " မကြာမီ လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။
" အင်း " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " မင်း ကျင့်ကြံတာဘယ်လိုလဲ။ အတားအဆီးတွေနဲ့ ကြုံတွေ့သေးလား။ "
ကြီးမြတ်သူ၏ မျက်လုံးထဲတွင် လင်းယွမ်က လက်ရှိခေတ်တွင် ကြီးမြတ်သူဖြစ်လာရန် အလားအလာရှိသောကြောင့် သူက လင်းယွမ်ကို အတော်ဂရုစိုက်လေသည်။ လူသားမျိုးနွယ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို မွေးထုတ်နိုင်ခဲ့လျှင် သူတို့ခံစားနေရသော ဖိအားက လျော့ကျသွားပေလိမ့်မည်။
" အဆင်ပြေပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အဆင်ပြေသည်ထက် ပိုလေသည်။ လွန်ခဲ့သော နှစ်ငါးဆယ်က လင်းယွမ်က အဓိကပေါင်းစပ်နိယာမ နှစ်ခုကိုသာ နားလည်ခဲ့သည်။ ယခု လင်းယွမ်က အဓိကပေါင်းစပ်နိယာမ ခြောက်ခုကို နားလည်နေပြီး သေခြင်းရှင်ခြင်းနိယာမက ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ပုံမှန် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများ နှစ်ပေါင်းများစွာတိုင်အောင် မရနိုင်သောအရာများကို လင်းယွမ်က နှစ်ငါးဆယ်နှင့် ရယူနိုင်ခဲ့သည်။
ပေါင်းစပ်နိယာမများအပြင် လင်းယွမ်က လေဟာနယ်နိယာမ၊ အချိန်နိယာမနှင့် ဧကရာဇ်ရွှမ်ဟွမ်၏ နည်းစနစ်သုံးခုတွင်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
" အဲ့ဒါကောင်းတယ်။ " ကြီးမြတ်သူရှချင်က များစွာစပ်စုခြင်းမရှိပေ။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကိုယ်ပိုင်ကိစ္စတစ်ခုဖြစ်သည်။ လင်းယွမ်၏ ပါရမီနှင့်အရည်အချင်းအရ သူက ကိုယ်ပိုင်လမ်းစဉ်ကို ဖန်တီးပြီးသားဖြစ်သည်။ ယခု ကြီးမြတ်သူရှချင် လုပ်ပေးနိုင်သောအရာမှာ လင်းယွမ်၏ အခက်အခဲနှင့် အတားအဆီးများကို တတ်နိုင်သမျှ ဖြေရှင်းပေးရန်သာ ဖြစ်သည်။
" မကြာခင် အော်ရိုရာရဲ့ အနှစ်သာရကို နားလည်ဖို့ အခွင့်အရေး ရလိမ့်မယ်။ မင်းလည်း သွားရမယ်။ " ကြီးမြတ်သူရှချင်က တိုက်ရိုက်ပြောလိုက်သည်။
" အော်ရိုရာ... စစ်မြေပြင်ကြီးတစ်ခုကို ဖျက်ဆီးခဲ့တဲ့ အော်ရိုရာပေါ့။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း မေးလိုက်သည်။
" ဟုတ်တယ် " ကြီးမြတ်သူ ရှချင်က ခေါင်းညိမ့်လိုက်သည်။ ထိုကိစ္စက လျို့ဝှက်ထားရန် မလိုအပ်ပေ။
" အဲ့ဒီမျိုးနွယ်ခြားကြီးမြတ်သူတွေနဲ့ ညှိနှိုင်းမှုအပြီးမှာ ငါတို့လူသားမျိုးနွယ်က အော်ရိုရာတစ်ခုလုံးရဲ့ ငါးပုံတစ်ပုံကို ရရှိခဲ့တယ်။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။
" ညှိနှိုင်းမှု... ငါးပုံတစ်ပုံ..." လင်းယွမ်က မျက်တောင်ခတ်လိုက်သည်။
အထွတ်အထိပ်မျိုးနွယ်များကြားတွင် ခွန်အားကသာ အဓိကဖြစ်သည်။ အော်ရိုရာကို တားဆီးသူများထဲတွင် ကြီးမြတ်သူ ဆယ်ယောက်ကျော်ပါဝင်လေသည်။ အော်ရိုရာ၏ ငါးပုံတစ်ပုံကို လူသားမျိုးနွယ်က ရယူခြင်းမှာ ညှိနှိုင်းခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်းသာဖြစ်သည်။