စကြာဝဠာအပြင်ဘက်မှ လျို့ဝှက်ချက်များ....
Vol. 36 Ch. 555
" ကြီးမြတ်သူ အဲ့ဒီအော်ရိုရာက ဘယ်ကလာတာလဲ။ " လင်းယွမ်က မေးလိုက်သည်။
အော်ရိုရာက ထာဝရလေဟာနယ်အက်ကြောင်းကို ဖြတ်၍ ဝင်ရောက်လာခြင်းကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ လာသည်ကို သူသိလေသည်။ သို့သော် အော်ရိုရာကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုက ဘာကြောင့် ပေါ်လာလဲ သူမရှင်းပေ။
" အဲ့ဒီအော်ရိုရာက ထိုက်ယွမ်အမွေအနှစ်က လာတာဖြစ်နိုင်တယ်။ " ကြီးမြတ်သူရှချင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ထိုက်ယွမ်အမွေအနှစ်..." လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။
" မှန်တယ်။ လက်ရှိ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ တွေ့ရှိထားတဲ့ နယ်ပယ်အတွင်းမျိာ ထိုက်ယွမ်အမွေအနှစ်က အန္တရာယ်အများဆုံး နေရာကိုးခုထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
ကြီးမြတ်သူရှချင်၏ ပြောစကားများက စကြာဝဠာအပြင်ဘက်မှ ကိစ္စများဖြစ်သောကြောင့် လင်းယွမ်က သေချာနားထောင်နေသည်။
" ထိုက်ယွမ်အမွေအနှစ်က အရမ်းအန္တရာယ်များလား။ " လင်းယွမ်က ကြီးမြတ်သူရှချင်၏ စကားမှ အန္တရာယ်အများဆုံးနေရာကိုးခုကို စိတ်ဝင်စားသွားသည်။
" အဲ့ဒါက သဘာဝအားဖြင့်တော့ အရမ်းအန္တရာယ်များတယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်တောင် ဂရုမစိုက်ရင် ထိုက်ယွမ်အမွေအနှစ်အတွင်းမှာ လုံးဝပျက်စီးသွားနိုင်တယ်။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။
ထို့အပြင် ထိုက်ယွမ်အမွေအနှစ်မှ အန္တရာယ်များက အမွေအနှစ်အတွင်း ကန့်သတ်ထားခြင်းမဟုတ်ဘဲ ၎င်း၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော တားမြစ်ပစ္စည်းများလည်း ပါဝင်လေသည်။ တားမြစ်ပစ္စည်းများ၏ သက်ရောက်မှုမှာ ကွဲပြားပြီး အချို့က အစွမ်းထက်၍ အချို့က အားနည်းကြလေသည်။
" စကြာဝဠာထဲမှာဆို အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်က မရှုံးနိမ့်နိုင်ဘူး။ အများဆုံး ဒဏ်ရာရုံပဲ။ " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။ " ဒါပေမယ့် စကြာဝဠာအပြင်ဘက် ဖရိုဖရဲဟင်းလင်းပြင်ထဲမှာတော့ အလွှာဆယ့်နှစ်တစ်ယောက်က သေခြင်းကို ရင်ဆိုင်ရနိုင်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကြီးမြတ်သူတစ်ယောက်က အချိန်မြစ်မှ ထွက်လာပြီး သက်တမ်းနှင့် ချုပ်နှောင်ခြင်းမခံရသော်လည်း သူတို့က မသေနိုင်ဘူးဟု မဆိုလိုပေ။
" ဖရိုဖရဲဟင်းလင်းပြင်က အန္တရာယ်ရှိပေမယ့် အခွင့်အရေးတွေလည်း ရှိနေတယ်။ ငါတို့ အလွှာဆယ့်နှစ်တွေအနေနဲ့ ပြည့်စုံတဲ့အချိန်သက်ရှိအဖြစ် ပြောင်းလဲဖို့ နောက်ထပ်ဆင့်ကဲပြောင်းလဲဖို့ လိုအပ်တယ်။ ဒီလိုအခွင့်အရေးမျိုးကလည်း ဖရိုဖရဲဟင်းလင်းပြင်ထဲမှာသာ ရှိနိုင်တယ်။ " ကြီးမြတ်သူရှချင်က ဆက်ပြောလိုက်သည်။
" ပြည့်စုံတဲ့ အချိန်သက်ရှိ..."
အလွှာဆယ့်နှစ်သက်ရှိများကို အချိန်တစ်ဝက်သက်ရှိများဟု ခေါ်ပြီး သူတို့က အတိတ်နှင့်ပစ္စုပ္ပန်ကို ထိန်းချုပ်ကာ အချိန်မြစ်၏ ကမ်းခြေတွင် လှည့်ပတ်နေကြသည်။ သို့ပင် ကြီးမြတ်သူများအတွက် နောက်ထပ် မျှော်လင့်ချက်တစ်ခုမှာ ပြည့်စုံသော အချိန်သက်ရှိအဖြစ် ပြောင်းလဲရန်ဖြစ်သည်။
ရိုးရှင်းစွာပြောရလျှင် အလွှာဆယ့်နှစ်တစ်ယောက်၏ ရည်မှန်းချက်မှာ အနာဂတ်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို တပြိုင်နက် ထိန်းချုပ်နိုင်လျှင် ပြည့်စုံသော အချိန်သက်ရှိဖြစ်လာပေလိမ့်မည်။
ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်က အဆုံးမဲ့အနာဂတ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်နိုင်ပြီး ရှေးဟောင်းအတိတ်ဆီသို့လည်း ပြန်သွားနိုင်ကြလေသည်။ ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်က သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်ပြီး အနာဂတ်ကို သူတို့ဆန္ဒရှိသလို ပုံဖော်နိုင်လေသည်။
သို့သော် လင်းယွမ်က ယခုအချိန်အထိ ပြည့်စုံသော အချိန်သက်ရှိတစ်ယောက် တည်ရှိနေသည်ကို တစ်ခါမှမကြားဖူးခဲ့ပေ။ ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် ပြည့်စုံသော အချိန်သက်ရှိဖြစ်ရန် အရည်အချင်းအပြည့်မီကြပေ။ သူတို့က အလွှာဆယ့်နှစ် ကြီးမြတ်သူများထက် ပို၍ အစွမ်းထက်ရုံသာဖြစ်သည်။
" ဖရိုဖရဲဟင်းလင်းပြင်မှာ ကြီးမားတဲ့ အခွင့်အလမ်းတွေရှိပေမယ့် စိတ်မကောင်းစရာက ငါတို့ အလွှာဆယ့်နှစ်တွေတောင် စကြာဝဠာထဲက ထွက်မသွားနိုင်ဘူး။ " ကြီးမြတ်သူရှချင်က တစ်စုံတစ်ခုကို တွေးမိပြီး သက်ပြင်းချလိုက်သည်။
" မထွက်သွားနိုင်ဘူးလား။ " လင်းယွမ်က စိတ်ရှုပ်ထွေးသွားသည်။ ထာဝရလေဟာနယ်အက်ကြောင်းကနေ ထွက်သွားလို့မရဘူးလား။
" စကြာဝဠာမှာ စိတ်အသိတစ်ခုရှိတယ်။ ပြီးတော့ ငါတို့လို အလွှာဆယ့်နှစ်သက်ရှိတွေက စကြာဝဠာစွမ်းအားတွေ အများကြီး စုပ်ယူထားကြတယ်။ ငါတို့က စကြာဝဠာထဲက ထွက်ပြီး ဖရိုဖရဲဟင်းလင်းပြင်ထဲကိုသွားတာနဲ့ စကြာဝဠာ စိတ်အသိက ငါတို့ကို တားဆီးဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်။ "
" ကျွန်တော်နားလည်ပါပြီ။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။
" ဒါကြောင့် ငါတို့က ဖရိုဖရဲဟင်းလင်းပြင်ထဲကို ဝင်ချင်ရင် ဒီစကြာဝဠာခေတ်အဆုံးသတ်ပြီး အရာအားလုံး ဖျက်ဆီးခံရတဲ့အထိ စောင့်ရုံပဲရှိတယ်။ အဲ့အချိန်မှသာ အခွင့်အရေးတစ်ခု ရရှိနိုင်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
ထိုကိစ္စက သူပြောသလောက် မရိုးရှင်းပေ။ စကြာဝဠာတခတ်၏ အဆုံးသတ်၊ အရာအားလုံး၏ ပျက်စီးမှု ကြီးမြတ်သူများက ၎င်းကို ကျော်လွန်ပြီး ရှင်သန်နိုင်မှသာ စကြာဝဠာကန့်သတ်ချက်များမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
သူတို့သာ ခံနိုင်ရည်မရှိခဲ့လျှင် စကြာဝဠာနှင့်အတူ သေဆုံးသွားကြပေလိမ့်မည်။ ကြီးမြတ်သူတစ်ယောက်က စကြာဝဠာနှင့်အတူ ပျက်စီးသွားလျှင် သူတို့၏ အနှစ်သာရက စကြာဝဠာခေတ်အသစ်တစ်ခု မွေးဖွားခြင်းကို ထောက်ပံ့ရန် ဖရိုဖရဲစွမ်းအားအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။
ပုံမှန်အားဖြင့် အလွှာဆယ့်နှစ် ဆယ်ယောက်တွင် တစ်ဝက်လောက်သာ စကြာဝဠာခေတ်တစ်ခု၏ အဆုံးသတ်ကို ရှင်သန်နိုင်ကြလေသည်။ စကြာဝဠာခေတ်၏ အဆုံးသတ်ကို ခံနိုင်ရည်ရှိသူများသာ ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေးရှိပေလိမ့်မည်။
ကြီးမြတ်သူရှချင်၏ ကိုယ်ပိုင်ကမ္ဘာမှ ထွက်လာပြီးနောက် လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဤတစ်ကြိမ်တွင် ကြီးမြတ်သူဆီမှ ပို၍ အဆင့်မြင့်သော အချက်အလက်များကို သူက ကြားခဲ့ရလေသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ အန္တရာယ်အရှိဆုံး နေရာကိုးခု၊ ကြီးမြတ်သူများအပေါ် စကြာဝဠာ၏ ကန့်သတ်ချက်များ။
" ဒါတွေက ငါနဲ့ ဝေးပါသေးတယ်။ " လင်းယွမ်က ထိုအကြောင်းကို မစဉ်းစားတော့ပေ။
သူက လက်ရှိတွင် အလွှာတစ်ဆယ်သာရှိပြီး အလွှာဆယ့်နှစ်သို့ရောက်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ ထို့အပြင် ကြီးမြတ်သူရှချင်၏ ခန့်မှန်းချက်အရ စကြာဝဠာ၏ မွေးဖွားချိန်မှ ယခုအချိန်ထိ စကြာဝဠာခေတ်၏ ဆယ်ပုံတစ်ပုံသာ ကုန်ဆုံးခဲ့လေသည်။
ဆိုလိုသည်မှာ စကြာဝဠာခေတ်အဆုံးသတ်ရန် စကြာဝဠာခေတ်၏ ဆယ်ပုံကိုးပုံ မရေတွက်နိုင်သော နှစ်များ ကျန်နေသေးသည်။
တစ်ချိန်တည်းတွင် လင်းယွမ်နေထိုင်သော စကြာဝဠာ၏ အပြင်ဘက်ရှိ မီးခိုးရောင် ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် အဖြူရောင်စာရွက်အပိုင်းအစတစ်ခုက ဦးတည်ရာတစ်ခုသို့ လျင်မြန်စွာ ရွေ့လျားနေသည်။
ထိုအဖြူရောင်စာရွက်က ထူထဲသော သဘောတရားကို မပိုင်ဆိုင်ဘဲ အလျားနှင့်အနံသာ ရှိလေသည်။ အဖြူရောင်စာရွက်အတွင်း မြူခိုးများရစ်ဝဲနေပြီး ကမ္ဘာတစ်ခုကို ဝန်းရံထားသည်။
ပို၍ ထူးဆန်းသည်မှာ အဖြူရောင်စာရွက် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဖရိုဖရဲဟင်းလင်းပြင်၏ လေဟာနယ်က နူးညံ့စွာ ပြိုကွဲသွားခဲ့သည်။
ဝှစ်....
ချက်ချင်းပင် အဖြူရောင်စာရွက်က ဖရိုဖရဲဟင်းလင်းပြင်စီးကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
" မဟာဖျက်ဆီးခြင်းနိယာမ ဒုတိယအဆင့်ကို အောင်မြင်ပြီ။ "
ကြီးမြတ်သူရှချင်နှင့် လမ်းခွဲပြီး မကြာမီ လင်းယွမ်က မဟာဖျက်ဆီးခြင်းနိယာမကို ဒုတိယအဆင့်ထိ နားလည်ခဲ့သည်။ အလွှာတစ်ဆယ် အဆင့်အေတစ်ယောက်က ပေါင်းစပ်နိယာမကို ဒုတိယအဆင့်သို့ နားလည်သွားသည်နှင့် အလွှာဆယ့်တစ်သို့ ဝင်ရောက်နိုင်ပြီဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားသွားကြပေလိမ့်မည်။
ကြယ်စကြာဝဠာထဲ၏ အထွတ်အထိပ်မျိုးနွယ်များတွင် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က ကြီးမြတ်သူအဆင့်အောက် အစွမ်းထက်ဆုံး ဖြစ်လေသည်။ အစွမ်းထက်ဆုံး ဆိုသည်မှာ ခွန်အားကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ရှုထောင့်အားလုံးကို ဆိုလိုခြင်းဖြစ်သည်။
အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က အချိန်နိယာမကို နားလည်ရန် ယခင်ကတည်းက မဖြစ်ပွားခဲ့ဖူးသော အရာဖြစ်လေသည်။ သို့သော် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်နိယာမကို နားလည်ရန် ခက်ခဲသော်လည်း အလွှာတစ်ဆယ်များထက် ပို၍ လွယ်ကူလေသည်။
အချိန်နိယာမကို နားလည်သွားသည်နှင့် သက်တမ်းကို တိုးချဲ့နိုင်မည်ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နှေးကွေးစေခြင်းဖြင့် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်၏ တစ်နှစ်က အလွှာတစ်ဆယ်သက်ရှိတစ်ယောက်၏ နှစ်တစ်ထောင်၊ နှစ်တစ်သောင်းပင်ဖြစ်နိုင်လေသည်။