လိပ်နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျင့်ကြံခြင်း
Vol. 146 Ch. 2078
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တိုက်ပွဲသည် တုန်းဟွာနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ အဓိက ကုန်းမြေများရှိ ထိပ်သီးအင်အားစု အားလုံးမှ လူတိုင်း ထိုသတင်းကိုကြားပြီးနောက် ၎င်းသည် တုန်းဟွာနယ်မြေအတွင်းရှိ အခြားသော ကုန်းမြေများထံသို့ ပျံ့နှံ့သွားပြီး ဒဏ္ဍာရီ တစ်ခုဖြစ်လာတော့၏။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အမည်က တုန်းဟွာနယ်မြေမှ ဖျက်သိမ်းခံရမည်ဟု နယ်မြေသခင် ကြေညာလိုက်သည့်နေ့တွင် ရန်ဟောင်အားလုံးက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို လုယက်ခဲ့ကြသည်။ ထိုအချိန်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ပထမဆုံးတပည့် လီချန်ရှန်းက နတ်မျှော်စင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူက လူတိုင်း၏ ဝန်းရံခြင်းကို ခံနေရသည့် အချိန်တွင် သူ၏ အသွေးအသား အပါအဝင် စိတ်ဝိညာဉ်အားလုံးကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ နေရာတိုင်းသို့ ပေးအပ်မြှုပ်နှံလိုက်သည်။
သို့သော် သူက အလွန်အံ့သြဖွယ်ကောင်းလှစွာဖြင့် သေခြင်းမှ ပြန်လည်ရှင်သန်လာခဲ့သည်။ လီချန်ရှန်း၏ စိတ်ဝိညာဉ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ပေါင်းစပ်သွားခဲ့ပြီး သူ၏ ပြန်လည်ရှင်သန်ခြင်းကို ဖြစ်ပေါ်လာစေခဲ့သည်။ သူက ထိုရန်ဟောင်များကို သုတ်သင်လိုက်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို သူတို့၏ သွေးများဖြင့် ဆေးကြောလိုက်သည်။ လီချန်ရှန်းက ပြန်လည်ရှင်သန်လာပြီး ကျင့်ကြံခြင်း၏ အတားအဆီးကို ဖြတ်ကျော်၍ အထွတ်အထိပ် လမ်းစဉ်ကို သက်သေပြခဲ့သည်။
ယန်ဟန်ရှင်းသည်သာ သူ၏ ကြိုတင်ခံစားသိရှိမှုကြောင့် လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့နောက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အာခီမီနတ်နန်းတော်မှ နန်းတော်သခင် အပါအဝင် လူတိုင်းကို သတ်ဖြတ်ခဲ့ပြီးနောက် ချိပ်ပိတ်သွားခဲ့၏။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဖျက်ဆီးခံလိုက်ရပြီး ကျုံးချန်က အသတ်ခံလိုက်ရသည်။ မည်သူမှ ထင်မှတ်မထားခဲ့မိသည်မှာ ဤသို့သော အခြေအနေက နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို မွေးထုတ်ပေးလိုက်နိုင်လိမ့်မည်ဟုပင် ဖြစ်သည်။
လီချန်ရှန်းက အဆင့်တက်သွားပြီးနောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ထွက်ခွာသွားသည်။ လူအချို့က သူသည် ဆေးအင်ပါယာကို သွားရှာသည်ဟု ခန့်မှန်းနေကြ၏။ ယခင်က လီချန်ရှန်းသည် လက်စားချေရန် မည်သည့်မျှော်လင့်ချက်မှ မထားနိုင်ခဲ့ဘဲ နောက်ဆုံးတိုက်ခိုက်မှုအဖြစ် သူ၏ အသက်ကိုပါ ပုံအပ်၍ တိုက်ခိုက်ခဲ့သည်။ သို့သော် ယခုတွင် ကွဲပြားခြားနားသွားခဲ့ပြီဖြစ်သည်။ ယနေ့ သူသည် လက်စားချေနိုင်စွမ်း ရှိနေပြီ ဖြစ်၏။ သူနှင့် ဆေးအင်ပါယာတို့က လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင်ယန်မိသားစုတို့ကို ဆန့်ကျင်ရန် လုံလောက်နေပေလိမ့်မည်။ ထိုသို့သော အခြေအနေအောက်တွင် လီချန်ရှန်းက သူ့သေတွင်းသူ မတူးတော့ဘဲ ကျုံးချန်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတပည့်များ၏ သေဆုံးခြင်းအတွက် လက်စားချေရန်သာ အာရုံစိုက်တော့မည် ဖြစ်သည်။
ဆေးအင်ပါယာက အသက်ရှင်လျက် ရှိသေးပြီး ယခုတွင် လီချန်ရှန်းလည်း ရှိလာပြီ ဖြစ်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အပျက်အစီးများအဖြစ် ကျန်ရစ်နေလျှင်ပင် ယခုချိန်မှစကာ မည်သူမှ ဂရုမစိုက်ဘဲ ခြေချရဲလိမ့်မည်မဟုတ်ပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ချင်သည့် မည်သူမဆို အကျိုးဆက်ကို လက်ခံနိုင်ရလိမ့်မည်။
အရာအားလုံးက ယခု ကွဲပြားခြားနားသွားပြီဟု ထင်မှတ်ရ၏။
ဤမုန်တိုင်းက ပြီးဆုံးသွားရန် အဝေးကြီး လိုသေးပုံ ရသော်လည်း မည်သူကမှ မည်သူမှန်သည် မှားသည်ဟု ထပ်အငြင်းမပွားကြတော့ပေ။ ထိုကိစ္စက ပြသာနာမဟုတ်ဘဲ အခုလက်ရှိ အရေးကြီးဆုံးကိစ္စမှာ အနာဂတ်တွင် ဖြစ်လာမည့် မုန်တိုင်းအကြောင်းသာ ဖြစ်သည်။ ထိုဂယက်က မမြင်နိုင်သည့် သက်ရောက်မှုများ ရှိခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ရီဖူရှင်းက ထိုသတင်းကို ကြားသိခဲ့၏။ သူက ကျင့်ကြံနေသည့်အချိန်၌ ရှားရှင်းယွန်၏ ဆက်သွယ်ပြောဆိုမှုကို နားထောင်ခဲ့ရခြင်း ဖြစ်သည်။ သူသည် ယခင်က လီချန်ရှန်းအကြောင်း စိတ်ပူနေခဲ့သော်လည်း ယခုနောက်ဆုံးတွင် သူက စိတ်သက်သာရာ ရသွားပြီဖြစ်သည်။
ရန်ဝူချီက ရီဖူရှင်းကို လာရောက်တွေ့ဆုံခဲ့ပြီး ရီဖူရှင်းက ကျင့်ကြံနေသည်ကို ရပ်တန့် လိုက်သည်ကို မြင်သောအခါ သူက အပြုံးနှင့် ပြောလိုက်၏။ "ကြည့်ရတာ မင်း သိပြီးသွားပြီနဲ့ တူတယ်။"
"အင်း" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
"ဆေးအင်ပါယာရဲ့ တပည့် ခေါင်းဆောင်က ဒီလို အခွင့်အရေး မျိုးရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး။ ဒီအဆင့်တက်မှုပြီးသွားရင် နယ်မြေသခင်အိမ်တော်နဲ့ ယန်ပြည်ထောင်က သူ့ကို ရင်ဆိုင်ဖို့ လွယ်ကူတော့မှာ မဟုတ်ဘူး။" ရန်ဝူချီက ပြောလိုက်သည်။ အဆင့်တက်ပြီးနောက် သူက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကာ အခြားလောကတစ်ခုကို ဖွင့်လှစ်လိုက်နိုင်ပြီ ဖြစ်၏။
လီချန်ရှန်းက အဆင့်တက်သွားလျှင်ပင် ထိုပြိုင်ဘက် ခေါင်းဆောင်များအားလုံးနှင့် ရင်ဆိုင်ရန် လုံလောက်အောင် သန်မာခြင်း မရှိသေးပေ။ ကောင်းကင်ဒေသသည် ကြီးမားသော နယ်မြေကြီးတစ်ခု ဖြစ်ပြီး လီချန်ရှန်းက နေရာအနှံ့သွားနိုင်သည်။ သူသည် တုန်းဟွာနယ်မြေမှ ထွက်သွားနိုင်ပြီး သူ့ကို လွယ်လွယ်နှင့် ခြေရာခံ၍ ဖမ်းဆီးနိုင်လိမ့်မည်မဟုတ်ပေ။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက လီချန်ရှန်းအတွက် အလွန် ပျော်ရွှင်နေသော်လည်း ကျုံးချန်အကြောင်းကို တွေးမိသည့်အခါ သူ၏ စိတ်ခံစားချက်က တဖန် မည်းမှောင်သွားပြန်သည်။ သူက တီးတိုးပြောလိုက်၏။ "စီနီယာအစ်ကို ကျုံးချန်သာရှိနေသေးရင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့သူ သုံးယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်။"
"ကျုံးချန်သာ အသက်ရှင်နေသေးရင် လီချန်ရှန်းက ဒီလို အခွင့်အရေးမျိုးကို ရနိုင်လိမ့်မှာ မဟုတ်ဘူး။" ရန်ဝူချီကပြောလိုက်သည်။ "ဒါက ကျရှုံးမှုရှိမှ အောင်မြင်မှု ရလာနိုင်သလိုပေါ့။ အများကြီး မတွေးပါနဲ့။ မင်းရှေ့ဆက်လျှောက်ဖို့ လိုတယ်။ တစ်နေ့မှာ အဆင့်ကိုးရန်ဟောင်ဖြစ်လာတဲ့အခါကျမှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပြန်တည်ထောင်မယ်ဆိုရင် ပြသာနာရှိမှာ မဟုတ်ဘူး။"
ရီဖူရှင်းက အများကြီး မပြောတော့ပေ။ "ကျွန်တော်ရဲ့ မိတ်ဆွေတချို့ ဒီနေရာကို ရက်နည်းနည်းလောက်နေရင် ရောက်လာလိမ့်မယ်။ ဒါကြောင့် သူတို့ကို ကြိုဆိုပေးဖို့ တောင်းဆိုပါတယ်။"
"အကောင်းဆုံး လုပ်ပေးပါ့မယ်။" ရန်ဝူချီက ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ဦးညွှတ်လိုက်၏။ နတ်မိမယ်တုံ့လိုင်နှင့် ရှားရှင်းယွန်တို့က လမ်းတွင် ရောက်နေပြီ ဖြစ်သည်။
…
နတ်မိမယ်တုံ့လိုင်နှင့် အခြားလူများ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ပြန်ရောက်သည့်အခါ သူတို့က ကျွန်းစုနယ်မြေမှ အရင်းအမြစ်များကို တန်ခိုးရှင်များထံ ခွဲဝေပေးသည်။ သူတို့က ထိုတန်ခိုးရှင်များကို သူတို့ သွားချင်သည့်နေရာကို သွားရန် ခွင့်ပြုပေးခဲ့၏။
တုန်းဟွာနယ်မြေသခင် အိမ်တော်ကဲ့သို့ အင်အားစုများသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဂရုမစိုက်ဘဲ အပင်ပန်းခံ တိုက်ခိုက်လိမ့်မည် မဟုတ်သော်လည်း သူတို့က ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် အခြားလူများ၏ရန်မှ ကာကွယ်ရန် ကြိုးစားရအုံးမည် ဖြစ်သည်။ ထို့ကြောင့် နတ်မိမယ်တုံ့လိုင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖျက်သိမ်းရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်၏။ သူမက တွန့်ဆုတ်နေလျှင်ပင် ဖြစ်လာမည့် အကျိုးဆက်များကို ရှောင်ရှားရန် လိုအပ်သည်။
သို့သော် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တည်ရှိနေဆဲ ဖြစ်ပြီး အချို့က လိုလိုလားလားနှင့် ဖမ်းလိုင်နတ်ဘုရားကျွန်းပေါ်တွင် နေပြီး စောင့်ကြပ်ပေးနေသည်။ နတ်မိမယ်တုံ့လိုင်က သူမ တစ်နေ့ ဤနေရာသို့ ပြန်လာနိုင်မည်ဟူသော မျှော်လင့်ချက်ကို ကိုင်ဆွဲထား၏။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူခွဲပြီးသည့်နောက် နတ်မိမယ်တုံ့လိုင်က လူအနည်းငယ်ကို ခေါ်ဆောင်၍ နတ်သမုဒ္ဒရာကုန်းမြေသို့ ဦးတည်လိုက်သည်။
ထိုနေ့တွင် သူတို့က နတ်သမုဒ္ဒရာကို ဖြတ်သန်းသောအခါ နတ်လိပ်တစ်ကောင်နှင့် ဆင်တူသော ကြီးမားသည့် ကျွန်းစုကြီးတစ်ခုကို သူတို့ရှေ့တွင် မြင်တွေ့လိုက်ရသည်။
"ကျုပ်တို့ရောက်ပြီ။" အာခီမီအင်ပါယာပြောလိုက်သည်။ သူသည်လည်း နတ်မိမယ်တုံ့လိုင်နှင့်အတူ လိုက်ပါလာသည်။ ဆေးအင်ပါယာနှင့် နတ်မိမယ်တုံ့လိုင်တို့က သူ၏ ကျေးဇူးရှင်များဖြစ်သည်။ ယခုသူတို့ နှစ်ယောက်လုံးက အခန့်မသင့်သော ဖြစ်ရပ်များကြောင့် သားကောင်များဖြစ်ခဲ့ကြရပြီး နယ်မြေသခင်နင်က သူတို့ကို ရှင်းလင်းဖယ်ရှားရန် ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့် သူက သူမ၏ ကျေးဇူးကိုပြန်ဆပ်ဖို့ရာ ကူညီရန်အတွက် နတ်မိမယ်တုံ့လိုင်နှင့်အတူလိုက်ပါရန် ဆုံးဖြတ်လိုက်သည်။
အစွမ်းထက်သော နတ်အာရုံတစ်ခု လူတိုင်းဆီသို့ ဖြန့်ကျက်လာခဲ့သည်။ အာခီမီအင်ပါယာနှင့် နတ်မိမယ်တုံ့လိုင် နှစ်ယောက်လုံးသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြပြီး လေဟာနယ်အတွင်းမှ ပုံရိပ်တစ်ခု လာနေသည်ကို မြင်လိုက်ကြရသည်။ ထိုလေဟာနယ်ကို ဖြတ်သန်းလာနေသည့် လူက သူတို့၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ထိုသူက သာမန်ဟုထင်မှတ်ရပြီး မည်သည့် ပြောပလောက်စရာ အရှိန်အဝါကိုမှထုတ်လွှတ်မနေခဲ့ပေ။ သို့ဆိုလျှင်ပင် အာခီမီအင်ပါယာ၊ နတ်မိမယ်တုံ့လိုင်နှင့် အခြားလူများက ဤလူသည် သာမန်မဟုတ်ကြောင်း သိကြ၏။
ရန်ဝူချီက လက်နှစ်ဖက်ကိုဆုပ်ကာ အခြားလူများကို အရိုအသေပြု၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "ရန်ဝူချီပါ။"
မိတ်ဆက်ပြီးနောက် နတ်မိမယ်တုံ့လိုင်နှင့် အခြားလူများက သူ့ကို ပြန်လည်နှုတ်ဆက်လိုက်သည်။ ရှားရှင်းယွန်က ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်။ စီနီယာ အရင်နေ့က ကူညီပေးခဲ့တဲ့အတွက်ပါ။"
ရန်ဝူချီက ရှားရှင်းယွန်ကို ကြည့်ကာ အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ "ဒါက ကိစ္စသေးသေးလေးပါပဲ။ လူတိုင်းပဲ...ဒီလမ်းကို ကြွပါ။"
ထိုလူစုက လိပ်နတ်ဘုရားကျွန်းစုဆီသို့ ဦးတည်လိုက်ကြသည်။ မကြာခင်မှာပင် သူတို့က တောင်ထွတ်တစ်ခုသို့ ရောက်ရှိလာပြီး ထိုနေရာ၌ ကြီးမားသော အိမ်တော်တစ်ခု ရှိနေသည်။ တောင်၏ အနောက်ဘက် နေရာတစ်ခုတွင် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ကောင်းကင်သို့ ကြည့်နေပုံရသည်။ နတ်မိမယ်တုံ့လိုင် ရှားရှင်းယွန်နှင့် အခြားလူများကို မြင်သည့်အခါ သူက စိတ်လှုပ်ရှားလာခဲ့သည်။
သိမ်းငှက်လေးက ရီဖူရှင်း၏ ဘေးသို့ရောက်ရှိလာပြီး ရီဖူရှင်းက သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူက နတ်မိမယ်တုံ့လိုင်ကို အပြုံးနှင့်ကြည့်လိုက်၏။ "စီနီယာအမ အဆင်ပြေတာကို မြင်ရလို့ စိတ်သက်သာရာ ရသွားပါပြီ။"
"နောက်ပိုင်းမှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ။" နတ်မိမယ်တုံ့လိုင်က မေးလိုက်သည်။ နယ်မြေသခင်အိမ်တော်က သူတို့ကို ဝရမ်းထုတ်ထားလိုက်ပြီ ဖြစ်၏။ တုန်းဟွာနယ်မြေ တစ်ခွင်လုံးတွင် နယ်မြေသခင်အိမ်တော်က တရားဝင် အုပ်စိုးထားသည်။ သူတို့သည် တုန်းဟွာနယ်မြေမှ အလိုရှိသည့် တရားခံပြေးများ ဖြစ်နေလိမ့်မည်။
"အချိန်ခဏတော့ နောက်ဆုတ်နေဖို့ စီစဉ်ထားတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို နည်းနည်းလောက် ပိုအဆင့်မြှင့်ဖို့အတွက် နောက်တစ်ဆင့်ကို မချိုးဖျက်ခင် လိပ်နတ်ဘုရားကျွန်းစုမှာ ဆက်ပြီး ကျင့်ကြံဦးမယ်။"
တုန်းဟွာအခမ်းအနားကို တက်ရောက်သည့် ဤခရီးအတွင်း သူသည် အလွန်များပြားသော ဖိအားတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ယခု တုန်းဟွာနယ်မြေအတွင်းမှာ အခြေအနေများအပြင် မူလဘုံ၌ သူဆန့်ကျင်ခဲ့မိသော ထိပ်သီး အင်အားစုများက သူအသက်ရှင်နေသေးကြောင်း သတင်းရသွားနိုင်သည်။ သူက ပို၍ သတိထားရမည်ဖြစ်၏။
ရန်ဟောင်များတွင် အဆင့်လေးဆင့်ရှိသည်။ ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် သူသည် သာမန်အဆင့်ရှစ်ရန်ဟောင်များကိုသာ ရင်ဆိုင်နိုင်ပြီး နင်ဟွာကဲ့သို့ အဆင့်မှ လူများကို ရင်ဆိုင်နိုင်ခြင်း မရှိပေ။ ထိုပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူက ပြန်လည် တိုက်ခိုက်ရန်ပင် စွမ်းအားမရှိဘဲ ချက်ချင်း ဖိနှိပ်ခံရလိမ့်မည်။
ကျင့်ကြံခြင်းဟူသည်မှာ အဆုံးမရှိပေ။ သူက ရန်ဟောင်ဟူသည်မှာ အရာအားလုံး၏ အထက်တွင် ရှိနေကြောင်း တွေးထားခဲ့သည်။ သို့သော်လည်း သူက ဤအဆင့်သို့ ရောက်သည့်အခါ သူနှင့် ပတ်သတ်မိသည့် ရန်သူများက သူ့ အဆင့်ထက်ပင် အမြဲသာလွန်နေခဲ့သည်။
ထို့ကြောင့် သူက ရှေ့ဆက်ရန် ကိုယ့်ကိုယ်ကိုယ် အမြဲ ဖိအားပေးနေခဲ့ရသည်။ တစ်နေ့တွင် ရန်ဟောင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသည့်အခါ သူက ကောင်းကင်ဒေသ၏ နယ်မြေများကို အမှန်တကယ် လွှမ်းမိုးနိုင်လိမ့်မည်။
နတ်မိမယ်တုံ့လိုင်က ခေါင်းညိတ်လိုက်၏။ လိပ်နတ်ဘုရားကျွန်းစုနယ်မြေကို အင်ပါယာရှီ အုပ်စိုးသောကြောင့် ဤနေရာထက် ပို၍ လုံခြုံသည့်နေရာ မရှိနိုင်ပေ။
"ဒီလို ဆိုမှတော့ အင်ပါယာရှီကိုပဲ အနှောက်အယှက်ပေးရမှာပေါ့။" နတ်မိမယ်တုံ့လိုင်က ရန်ဝူချီကို ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ဆရာက ခင်ဗျားတို့ ဒီမှာ နေချင်သလောက် နေနိုင်တယ်လို့ ပြောထားပြီးပြီ။" ရန်ဝူချီက ပြုံးလိုက်သည်။ "ဒါဆိုရင် ကျုပ် အရင် နှုတ်ဆက်ပြီး သွားလိုက်ပါအုံးမယ်။"
ထို့နောက်တွင် သူက လှည့်ထွက်သွားခဲ့သည်။
နတ်မိမယ်တုံ့လိုင်က သက်ပြင်းချလိုက်၏။ ဤသည်မှာ ကြီးမားသော ခွန်အားရှိခြင်းမှ ယူဆောင်လာသည့် ယုံကြည်ချက်ပင် ဖြစ်သည်။ နယ်မြေသခင်နင်ယွမ်က တစ်နေ့ ဤအကြောင်းကို ရှာဖွေတွေ့ရှိသွားလျှင်ပင် သူက အင်ပါယာရှီကို မည်သို့သော အရာကိုမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ဆေးအင်ပါယာနှင့် လီချန်ရှန်းကို စစ်ကြေညာခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် သူသည် နောက်ထပ် အစွမ်းထက် ပြိုင်ဘက်များ ဖြစ်သော အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်ကဲ့သို့ သူမျိုးနှင့် ရန်သူလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူက ထိုသို့လုပ်ရန် လုံလောက်အောင်ရူးသွပ်နေလျှင်ပင် အရှင်ဒွန်ဟောင်က သူ၏ စွမ်းရည်နှင့် စိတ်ကူးများကို မေးခွန်းထုတ်လာလိမ့်မည်။
အဆုံးမှာတော့ အရှင်ဒွန်ဟောင်က သူ့ကို တုန်းဟွာနယ်မြေအား အုပ်ချုပ်ရန် စေလွှတ်ခြင်းဖြစ်ပြီး စစ်ပွဲစတင်ရန်အတွက် မဟုတ်ပေ။ထို့အပြင် တုန်းဟွာအခမ်းအနား၌ ဖြစ်ပျက်ခဲ့သည်များက အင်အားစုအများအပြားကို နယ်မြေသခင်အိမ်တော်အား သတိထားမိစေရန် လုံလောက်သည်။ သို့သော် ဤသည်က မျှော်လင့်ထားသည့်အထဲတွင်သာ ရှိနေသေး၏။ ရီဖူရှင်းက လျှို့ဝှက်နယ်မြေအတွင်း၌ ရှေးဟောင်းတော်ဝင်ယန်မိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလျှင် အခြေအနေက လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင် သူ၏ ပါဝင်ပတ်သတ်ခြင်း မရှိဘဲနှင့် ရှေးဟောင်းတော်ဝင်ယန် မိသားစု လင်းရှောင်နန်းတော်နှင့် ဆေးအင်ပါယာတို့က စစ်ပွဲ ဖြစ်ပွားလိမ့်မည်။ ထိုအဖြစ်အပျက်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းနှင့် တူညီလိမ့်မည် ဖြစ်သည်။ သူ့ကို မည်သူမှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ထိုအဖြစ်အပျက် တစ်ခုလုံး၌ အဓိက ကျသောနေရာ၌ ပါဝင်နေသည်။
***