အေးစက်နေတဲ့ သံမဏိ
Vol. 40 Ch. 586
ဆန်နီ ကတော့ သူ့မှာရှိသမျှ အရာရာတိုင်းကို ထုတ်သုံးနေခဲ့တယ်.။သူ့ရဲ့ မယုံကြည်နိုင်လောက်အောင် လျင်မြန်မူ ၊ ဖြတ်လတ်မူ နဲ့ တိကျမူတွေရောပါပဲ..။သူ့ရဲ့ အရိပ်အဆီအနှစ် နဲ့..ဝီဗာရဲ့ ဇွဲကောင်းတဲ့ သွေးတွေက သူ့ရဲ့ ခန္တာကိုယ်ထဲမှာ စီးဆင်းနေပြီး..လူသားတစ်ယောက် မစွမ်းဆောင်နိုင်လောက်တဲ့ ခွန်အား နဲ့ ခုခံနိုင်စွမ်းတွေကို ပေးစွမ်းထားခဲ့ပါတယ်..။
သူ့ရဲ့ စိတ်ဓာတ်ကလည်း ပြင်းထန်နေခဲ့ပြီး..သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ ရန်သူရဲ့ လှုပ်ရှားမူတွေကို လေ့လာကာ..လျှပ်စီးလို လျှင်မြန်တဲ့ ဆုံးဖြတ်ချက်တွေကို..ချမှတ်နေနိုင်ခဲ့တယ်..။သူ့အနေနဲ့ ဒီကနေတဆင့်..မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ချေတွေကို ခန့်မှန်းနိုင်ခဲ့ပြီး..တိုက်ပွဲရည်ပြည့်ဝနေတဲ့ မာစတာ ရဲ့ တိုက်ပွဲဟန်ပန်ကိုပါ လေ့လာနိုင်နေခဲ့ပါတယ်..။
…ဒီလောက်အထိ လုပ်နေတာတောင်မှ..သူက ပီယာရဲ့ ရက်စက်တဲ့ တိုက်ခိုက်မူတွေအောက်မှာ အသက်ရှင်နိုင်ယုံမျှသာ ရှိနေခဲ့တယ်..။စက္ကန့်အပိုင်းအခြား တစ်ခုစီတိုင်းက သူသေဆုံးဖို့အတွက် လက်မတင် လေးတွေပါပဲ..။
ဗာလာကလန်ရဲ့ သူရဲကောင်းက..အရမ်းကို ကျွမ်းကျင် ၊ အားကောင်းပြီး..လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့တယ်..။သူ့ရဲ့ အေးစက်တဲ့ မျက်လုံးတွေက..တွက်ချက်မူတွေ ၊ သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သူတို့တွေက အရမ်းကို တည်ငြိမ်လွန်းနေတာကြောင့်..သားရဲတစ်ကောင်က အကူညီမဲ့နေတဲ့..သားကောင် တစ်ကောင်ကို ချောင်းမြောင်းနေသလိုတောင် ဖြစ်နေခဲ့တယ်..။
ကံဆိုးစွာနဲ့ပဲ..အဲဒီသားကောင်က ဆန်နီ ဖြစ်နေခဲ့ပါတယ်..။
‘ချီးတဲ့မှပဲ..’
သူ့ရဲ့ အတွေ့အကြုံတွေထဲက တစ်ခုကမှ ဒီ အခြေအနေ အတွက် ပြင်ဆင်ထားခဲ့တာမျိုး ရှိမနေခဲ့ပါဘူး..။ဆန်နီက သူ့ထက် ပိုသန်မာတဲ့ ပြိုင်ဖက်တွေ အများကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ် ဆိုပေမယ့်..ဒီလောက်အထိ စွမ်းအားချင်း ကွာဟနေတဲ့ ရန်သူမျိုးနဲ့တော့ တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ဘူး..။အနည်းဆုံးတော့..ဒီလိုမျိုး လူသား တစ်ယောက်နဲ တိုက်ခိုက်ဖူးချင်း မရှိပါဘူး..။အိပ်မက်ဆိုးသတ္တဝါတွေနဲ့ မတူတဲ့ အချက်က သူ့မှာ..စိတ်အားထက်သန်မူ ၊ လှည်စားတတ်တဲ့ တွက်ချက်မူ နဲ့ လူသားတွေရဲ့ အကြီးမားဆုံး လက်နက်ဖြစ်တဲ့ ကိုယ်ခံပညာ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါတယ်..။
သူတိုက်ခိုက်ဖူးတာဆိုလို့ ဗာလာကလန်ရဲ့ မော်ဂန် ရှိနိုင်ပေမယ့်..သူမကလည်း စွမ်းအားတွေကို ထိန်းချုပ်ထားတာ ဖြစ်ပြီး..သူတို့နှစ်ယောက်က သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးကို တိုက်ခိုက်ကြတာ မဟုတ်ပေ..။
ဆန်နီ နဲ့ ပီယာ တို့ဟာ..သွေးသံတရဲရဲ ကျောက်တုံးတွေအလား တိုက်ခိုက်နေကြပြီး..သူတို့ရဲ့ လက်နက်တွေက အရမ်းကို လျင်မြန်လွန်းနေတာကြောင့်..လေထဲမှာ ပုံရိပ်တွေ အဖြစ်သာ ထင်ကျန်ရစ် နေခဲ့ကြပါတယ်..။သံမဏိချင်း ထိမှန်တဲ့ အသံတွေက ခန်းမ ထဲမှာ ပျံ့နှံ့နေခဲ့ပြီး..သူတို့ရဲ့ ဘယ်ဘက်မှာကလည်း..ဒေါသတကြီး ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအသံတွေကို ကြားနေခဲ့ရတယ်..။
ဒီနေရာမှာ သတ္တုချင်း ပြင်းပြင်းထန်ထန် ထိတွေ့နေတဲ့ အသံနှစ်ခုလည်း ရှိနေခဲ့တယ်..။တစ်ခုက မော်ဒရက် နဲ့ ဝယ်သီ တို့ဆီက ဖြစ်ပြီး..နောက်ထပ်တစ်ခုကတော့..အရိပ်တွေနဲ့ မာစတာ ရဲ့ ထပ်တူညီမူတွေ တိုက်ခိုက်နေကြတဲ့ တိုက်ပွဲဆီကပါ..။
ဆန်နီက သူတို့ကို လှည့်ကြည့်ဖို့အတွက် အချိန်မရပေမယ့်..သူတော်စင်ရဲ့ ဒိုင်းကာပေါ်ကို အဆက်မပြတ်ကျရောက်နေတဲ့ ဓားချက်တွေကို ကြားနေခဲ့ရပါတယ်..။ဒီ ထိခိုက်မူတွေက အဆက်မပြတ်ဆိုသလို ဖြစ်နေခဲ့တာကြောင့်..ဘုန်းကြီးကျောင်းမှာ ဘုရားစာရွတ်ဖတ်နေသလား လို့တောင် ထင်မှတ်ရပါတယ်..။အခိုက်အတန့်ရဲ့ အသံကို ကြားရတာမျိုး မရှိတာကြောင့်.. ထပ်တူညီမူတွေ တစ်ခုကမှ..ဖျက်ဆီးခြင်း မခံရသေးဘူး ဆိုတာကို သိနေခဲ့တယ်..။
အရိပ်တွေက ထိခိုက်ခံထားရလား ၊ သေအံ့ဆဲဆဲ ဖြစ်နေလား ဆိုတာကို သူ မသိပေမယ့် အစိတ်အပိုင်းတစ်ခုတည်း အဖြစ် ရှိနေကြတုန်းပါပဲ..။
သူက ပီယာရဲ့ ဓားရှည်ဆီက နောက်ထပ်တိုက်ခိုက်မူ တစ်ခုကို ဖယ်ရှားလိုက်ပြီး..ရက်စက်သော မြင်ကွင်းရဲ့ လက််ကိုင်ကို နောက်ကနေတွန်းလိုက်ကာ..ရန်သူရဲ့ မျက်နှာကို ထိခိုက်အောင် လုပ်နိုင်ဖို့ ကြိုးစားလိုက်တယ်..။ခေါင်းစွပ်ပဲဖြစ်ဖြစ် ..ဘာပဲဖြစ်ဖြစ်…ဒီလိုတိုက်ခိုက်မူမျိုးက..ထိခိုက်မူအချို့တော့ ဖြစ်သွားစေနိုင်ပါတယ်..။
ပီယာ ကတော့ ဒီတိုက်ခိုက်မူကို တည်တည်ငြိမ်ငြိမ်ပဲ ခံယူလိုက်တယ်..။သူက တုန်လှုပ်သွားခြင်းတောင် မရှိခဲ့ပါဘူး..။အဲဒီအစား..သူက ရှေ့ကိုတက်သွားလိုက်ပြီး..ဆန်နီရဲ့ ခန္တာကိုယ်ကို သူ့ရဲ့ ပုခုံးနဲ့ ဝင်တိုက်လိုက်ကာ..နောက်ကို လွင့်စင်သွားစေခဲ့ပါတယ်..။
‘ချီးပဲ..ဒီခွေးသား..။သူက ကျောက်တုံးနဲ့ ပြုလုပ်ထားတာလား…ဘာလား..’
ဆန်နီ လေထဲမှာ တစ်ပတ်လှည့်လိုက်ပြီး..ခြေထာက်နဲ့ ပြန်လည်ဆင်းသက်လိုက်တယ်..။သူ့ရဲ့ နှုတ်ခမ်းထောင့်မှာတော့သွေး တစ်ချို့ စီးကျလာခဲ့ပါပြီ..။သူ့ရဲ့ ဒီပုခုံးတိုက်ချက်က..နံရံတစ်ခုကိုတောင် ကြေမွသွားလောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်..။
သိုပေမယ့်..သူ့ရဲ့ အရိုးတွေကတော့ ဒါကို တောင့်ခံထားနိုင်ခဲ့တယ်..။
သူ အံကို ကြိတ်ပြီး လှုပ်ရှားလိုက်ကာ..နောက်ထပ် အားပါတဲ့ ထိုးနှက်ချက် တစ်ခုကို ရှောင်တိမ်းလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ လှံရှည်နဲ့ ရန်သူဆီကို ထိုးလိုက်ပါတယ်..။
‘ကောင်းပြီလေ…တကယ်ကောင်းတယ်..။ငါ အချိန်ကြာကြာ အသက်ရှင်နိုင်လေလေ..သူ့ရဲ့ ဟန်ပန်ကို ပိုပြီး နားလည်နိုင်လာလေလေပဲ..။ငါ သူ့ရဲ့ ဟန်ပန်ကို နားလည်နိုင်လာလေလေ..ပိုပြီး ကြာကြာ အသက်ရှင််နိုင်လေ ဖြစ်လိမ့်မယ်..’
သူတို့နှစ်ယောက်က အပြင်းအထန် ဆက်လက် တိုက်ခိုက်နေခဲ့ကြပြီး..နှစ်ယောက်စလုံးက..သံသယဖြစ်မူတွေ ၊ တွေဝေမူတွေ ဒါမှမဟုတ် အားနည်းသွားတာမျိုးတွေ လုံးဝမရှိကြပါဘူး..။ဟုတ်ပါတယ်..ဆန်နီက ငယ်ရွယ်ပြီး..ပိုအားနည်းတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့်..သူကလည်း အတွေ့အကြုံရှိပြီး ၊ ကျွမ်းကျင်မူ ရှိတဲ့ လူတစ်ယောက်ပါပဲ..။သူက လည်း..အရမ်းကို တွက်ချက်တတ်ပါတယ်..။
..သူကိုယ်တိုင်ကလည်း..သတ်ဖြတ်သူ တစ်ယောက်ပါ..။
ပီယာက..သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံး ပေါ်ကို ထိခိုက်မူအချို့ ကျရောက်တဲ့ အထိစွမ်းဆောင်ထားနိုင်ခဲ့တယ်..။ထာဝရချိန်းက ဒီ ထိခိုက်မူတွေကို တောင့်ခံထားနိုင်ပေမယ့်..အောက်ဘက်မှာ ရှိနေတဲ့ ဆန်နီကတော့..အတွင်းကြေ ဒဏ်ရာတွေနဲ့..ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့ပါပြီ..။
သို့ပေမယ့် သူကလည်း သူရဲကောင်းရဲ့ ခုခံကာကွယ်မူကို ချိုးဖြတ်နိုင်ခဲ့တယ်..။ပြီးတာနဲ့..ခန္တာကိုယ် ထဲကို တိုက်ခိုက်မူ အမျိုး ပြုလုပ်နိုင်ခဲ့ပါတယ်..။သို့ပေမယ့် ရလာဒ်ကတော့..ထင်ထားသလောက် မဟုတ်ခဲ့ပါဘူး..။သူက ရန်သူရဲ့ အကာအကွယ်ဆီက အက်ကွဲကြောင်းကို ရက်စက်သောမြင်ကွင်းရဲ့ ထိပ်ဖျားနဲ့ ထိုးနှက်နိုင်ခဲ့တယ် ဆိုရင်တောင်..သူက မွန်းစတား တစ်ကောင်ရဲ့ ကြေးခွံကို ဖြတ်တောက်နေရသလိုဖြစ်နေခဲ့တယ်..။သူက ဒီခွေးသားကို အနည်းငယ်လောက်ကျွမ်း သွားစေပြီး..သွေးတစ်ချို့ ထွက်လာအောင်သာ ပြုလုပ်နိုင်ခဲ့ပါတယ်..။
ဘာလို့ နတ်ဘုရား မီးတောက်က ဖျက်ဆီးနိုင်သင့်သလောက် ဖျက်ဆီးနိုင်စွမ်း မရှိရတာလဲ..။ဒီ မွန်းစတားက ဘာတွေ များ မှားယွင်းနေတာလဲ..။
ပီယာက သူ့ကို နောက်ဘက်ဆီ တွန်းလွှတ်လိုက်ပြီး..သူ့ရဲ့ ဒဏ်ရာ အသေးလေးကို တစ်ချက်ကြည့်လိုက်တယ်..။ပြီးတာနဲ့..နက်မှောင်စွာ ပြုံးလိုက်ပြီး ..ဒီဒဏ်ရာကို ထပ်မံ ဂရုမစိုက်တော့ပါဘူး.။
“..မင်းလုပ်နိုင်တာ ဒါ အကုန်ပဲလား…။မလုံလောက်သေးဘူး…လုံးဝကို မနီးစပ်သေးဘူး..ကြွက်ကလေး..”
ဆန်နီ အော်ဟစ်လိုက်တယ်..။
“ပါးစပ်ပိတ်ထားလိုက်..။မင်းက ရုတ်တရက် အနားယူဖို့ အချိန်ရသွားတာလား..”
ဒီလို ပြောပြီးတာနဲ့ သူက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်တယ်..။ဒီတစ်ကြိမ်မှာတော့..ဓားးသွားရဲ့ တိုးမြင့်မူကို..တောက်ပတဲ့ မီးတောက် အဖြစ်ကနေ..မမြင်ရတဲ့ ဝိဉာဉ်တိုက်ခိုက်မူ အဖြစ် ပြောင်းလဲလိုက်ပါတယ်..။
ပီယာ နှာခေါင်းရှုတ်လိုက်ပြီး..တိုက်ခိုက်မူကို အားသုံးခြင်း မရှိပဲ သက်သောင့်သက်သာ ဖယ်ရှားလိုက်တယ်..။
..သို့ပေမယ့် အချိန်က ကျရောက်လု နီးပါးဖြစ်နေခဲ့ပါပြီ..။
မာစတာ စကားပြောနေတဲ့ အချိန်တုန်းက..ဆန်နီဟာ..သူ့အရိပ်တွေရဲ့ အခြေအနေကို တစ်ခနနောက် လှည့်ကြည့်ခွင့် ရလိုက်တယ်..။
ဝိဉာဉ်မြွေက ထပ်တူညီမူ တစ်ခုကို ဖျက်ဆီးနိုင်လု နီးပါး ဖြစ်နေပြီး..နောက်တစ်ကောင်ကို ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်ထားနိုင်ခဲ့ပါတယ်..။
သူတော်စင်ရဲ့အခြေအနေကတော့ ဆိုးဝါးနေခဲ့တယ်..။ပြိုင်ဖက်ခြောက်ယောက်နဲ့ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာကြောင့်..သူမက အောင်မြင်တဲ့ တိုက်ခိုက်မူတွေကို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး..။သူမကို ဝန်းရံထားတဲ့..ထပ်တူညီမူ တစ်ချို့က ဒဏ်ရာရရှိထားကြပြီဖြစ်ပေမယ့်..သေဆုံးဖို့အတွက်တော့ မနီးကပ်ကြပေ..။
ဘာပဲဖြစ်ဖြစ်..ဒါက သူမလုပ်ဆောင်နိုင်တဲ့ စမ်းသပ်မူတစ်ခု မဟုတ်ပါဘူး..။
အမှန်တကယ်တော့..သူမက ထပ်တူညီမူ တစ်ကောင်ကိုမှ မသတ်နိုင်တာကိုပဲ..ဆန်နီ ပိုသဘော ကျနေခဲ့တယ်..။သူက အကုန်လုံး အကောင်းအတိုင်း ရှိနေသေးတာကို လိုချင်ပြီး..တိတ်ဆိတ်တဲ့ စစ်သည်တော်ကို ဆက်တိုက် တိုက်ခိုက်နေစေချင်တာပါ..။
သူမရဲ့ ဒိုင်းကာ အပေါ်ကို ထိခိုက်မူတွေ ဆက်တိုက်ဖြစ်ပေါ်နေစေဖို့ လိုအပ်ပါတယ်..။
စိတ်ရှည်သော..လက်စားချေသူ…
အခုချိန်မှာတော့..သူ့ရဲ့ မျက်နှာပြင်က လိမ္မော်ရောင် အလင်းရောင်တွေနဲ့ တောက်လောက်နေခဲ့တယ်..။ဒါက သူ့ရဲ့ အေးစက်တဲ့ သံမဏိအောက်မှာ မီးတောက်တွေ ဒေါသတကြီး လောင်ကျွမ်းနေခဲ့သလိုပါပဲ..။
သူ့ မှတ်သားမူရဲ့ အောက်ဘက်မှာ စားသားတစ်ကြောငး်က ပေါ်လာခဲ့ပါပြီ..။
အေးစက်နေတဲ့ သံမဏိ တိုးမြင့်မူ ဖော်ပြချက် - “ ဒီ ဒိုင်းကာသည်..ရန်သူကိုင်ဆောင်ထားသော လက်နက်၏ တိုက်ခိုက်မူများကို လက်ခံရယူပြီး..သူ့ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို သိမ်းဆည်းထားကာ..မီးတောက်ပင်လယ် လှိုင်းတစ်ခု အဖြစ် ပြန်လည် ထုတ်လွတ်ပေးနိုင်သည် “
ကောင်းပြီလေ..အခုချိန်မှာတော့ စိတ်ရှည်သော လက်စားချေသူ ဟာ..မီးတောက်ပင်လယ်ကြီးကို ထုတ်ဖော်ပေးဖို့အတွက် ထိခိုက်မူတွေကို လိုအပ်တာထက်ပိုပြီးတော့တောင်..ရရှိနေခဲ့ပါပြီ..။နောက်ထပ် တိုက်ခိုက် အနည်းငယ်ကိုသာ လက်ခံရရှိလိုက်ရင်..ဒါက ..ပြည့်နှက်လာတော့ မှာဖြစ်ပြီး..မီးတောက်တွေကို ပြန်လည် ထုတ်လွှတ်ပေးပါလိမ့်မယ်..။
ဆန်နီ စဉ်းစားနေတုန်းမှာပဲ..နောက်ထပ်တိုက်ခိုက်မူ နှစ်ခုက ဒိုင်းကာ ပေါ်ကို ထပ်မံကျရောက်လာခဲ့တယ်..။သူ့ရဲ့ ဒေါသထွက်နေတဲ့ လိမ္မော်ရောင် အလင်းတန်းတွေက ပိုမို တောက်ပလာခဲ့ပြီး..ဖြည်းညှင်းစွာပဲ..တောက်ပတဲ့ အဖြူရောင် အဖြစ် ကူးပြောင်းသွားခဲ့ကြပါတယ်..။
လတ်တလောမှာ သူတော်စင်က..သွေးပန်းပွင့်ကို ကိုင်ဆောင်ထားခဲ့တာကြောင့်..ဘေးနားက ခြေလက်ပြတ်နေတဲ့ အလောင်းတွေ ရှိနေတဲ့ အချိန်မှာ..သူ့ရဲ့ တိုးမြှင့်မူက အရင်ကတည်းက အကန့်အသတ် အနေအထားအထိကို ရောက်နေခဲ့တယ်..။သူက အရိပ်ကိုင်ဆောင်ထားတဲ့ မှတ်သားမူတိုင်းကို မယုံနိုင်စရာစွမ်းအားတွေနဲ့ တိုးမြှင့်ပေးထားခဲ့ပါတယ်..။
ဆန်နီဟာ ပီယာ ရဲ့ တိုက်ခိုက်မူကို တားဆီးလိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်တယ်..။သက်ရောက်လာတဲ့ ပြင်အားက အတော်လေး အားကောင်းတာကြောင့် သူ့ရဲ့ လက်တွေ ဟာ တုန်ရီနေခဲ့ပါပြီ..။
တစ်ချိန်တည်းမှာပဲ သူတော်စင်ဟာ တစ်ပတ်လှည့်လိုက်ပြီး..နောက်ထပ်တိုက်ခိုက်လာမူ နှစ်ခုကို ဒိုင်းကာနဲ့ ခုခံထားလိုက်တယ်..။အခုချိန်မှာတော့ ဒိုင်းကာ ရဲ့မျက်နှာပြင်ဟာ လုံးဝကိုဖြူဖျော့နေခဲ့ပါပြီ..။
“..ရောက်လုနီးပါး ပဲ…ချီး…’
ဆန်ီဟာ..သူတော်စင်ရဲ့ အပေါ်မှာ ရှိနေတဲ့ အရိပ်ကို နတ်ဆိုးရဲ့ ခန္တာကိုယ်ပေါ်ကနေ တောက်ပနေတဲ့ ဒိုင်းကာ ဆီကို သွားဖို့ စိတ်နဲ့ ညွှန်ကြားလိုက်တယ်..။
နောက်ထပ်တိုက်ခိုက်မူ တစ်ခုက..စိတ်ရှည်သော လက်စားချေသူ အပေါ်ကို ကျရောက်လာခဲ့ပါတယ်..။
သူတော်စင်ဟာ သူမရဲ့ ပုခုံးကို အနောက်မှာထားရင်း..ဒိုင်းကာကို မြှောက်လိုက်တယ်..။
‘ခရက်..’
..ပြီးတာနဲ့..နောက်ထပ်တစ်ခနမှာတော့..ကြောက်မက်ဖွယ် ပေါ်ကွဲမူတစ်ခုက..အတွင်းပိုင်း မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။
အပိုင်း ( ၅၈၆ ) ပြီး၏။