ပေါက်ကွဲမူ
Vol. 40 Ch. 587
စိတ်ရှည်သော လက်စားချေသူ က ပေါက်ကွဲထွက်ခါနီး အချိန်လေးမှာပဲ..ဆန်နီက နောက်ကို ခုန်ဆုတ်လိုက်ပြီး..ကျယ်ပြန့်တဲ့ ကျောက်တိုင်တစ်ခုရဲ့ အရိပ်ထဲကို ဝင်ရောက်နေလိုက်ပါတယ်..။ပီယာ ရဲ့ မျက်လုံးထဲမှာ အံ့ဩမူတစ်ချို့ ဖြစ်ပေါ်သွားတာကို သူ သတိထားမိလိုက်တယ်..။နောက်ထပ်တစ်စက္ကန့်အကြာမှာတော့..ရုတ်တရက် ဆိုသလိုပဲ..မျက်စိကျိန်းလောက်တဲ့ အဖြူရောင် အလင်းတန်းတွေရဲ့ အောက်မှာ နစ်မြုပ်သွားခဲ့ပါတယ်..။
အသံက နောက်မှထွက်ပေါ်လာခဲ့တာပါ..။သူ အရိပ်အဖြစ် မပြောင်းသေးခင် အချိန်မှာပဲ..နားစည်ကျိန်းလုမတတ် အသံကြီးက..ထွက်ပေါ်လာခဲ့ပါတယ်..။ယင်းနောက်မှာတော့..လှိုင်းလုံးကြီးတစ်ခု ရောက်လာခဲ့ပြီး..တိုင်ကြီးတွေကို ဖျက်ဆီးကာ..ကျောက်စရစ်ခဲတွေ အဖြစ် လွင့်ထွက် သွားစေခဲ့ပါတယ်..။ဆန်နီရဲ့ အကာအကွယ်က ပျက်ဆီးသွားခဲ့ပြီး အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဆီကို ပြန်တွန်းပို့ခြင်း ခံလိုက်ရပါတယ်..။အဲ့အချိန်မှာပဲ..ကြောက်မက်ဖွယ်ကောင်းတဲ့ မီးတောက်တွေက သူ့ကို ဖုံးလွှမ်းသွားခဲ့တယ်..။
ကံကောင်းချင်တော့..သူက မီးမှတ်သားမူကို..တိုက်ခိုက်မူ စတင်ကတည်းက ဖော်ထုတ်ထားခဲ့တာပါ..။ပြီးတာနဲ့ ..သူ့ရဲ့ တိုးမြှင့်မူ နဲ့ ထာဝရ ချိန်းကြိုးတို့ရဲ့ အကူအညီနဲ့ ဆန်နီဟာ ကြောက်မက်ဖွယ်ရာ အပူချိန်ကို တောင့်ခံထားနိုင်ခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက တင်းကြပ်စွာ ပိတ်ထားခဲ့တာကြောင့် မျက်ခွံတွေကိုသာ မီးလောင်ကျွမ်းသွားခဲ့ပါတယ်..။
ဒီပေါက်ကွဲမူက..သူထင်ထားတာထက် ပိုပြီး အားပြင်းနေခဲ့တယ်ဆိုတာ သိသာနေခဲ့ပါပြီ..။
‘ချီးတဲ့မှပဲ…’
ခန်းမကြီးက လုံးဝကို ပျက်စီးသွားခဲ့တယ်..။မျက်နှာကျတ်တွေကို ထောက်ကန်ပေးထားတဲ့ တိုင်တွေက ပျက်စီးသွားခဲ့ပြီး..သူ့ရဲ့ နံရံတွေက အက်ကွဲလာခဲ့ကြပါတယ်..။တစ်ချို့ အစိတ်အပိုင်းတွေက လုံးဝကို ပျက်ဆီးသွားခဲ့ကြတယ်..။အသတ်ခံထားကြရတဲ့ ဆုံးရှုံးသူတွေရဲ့ ခန္တာကိုယ်တွေက တည်ရှိမူကနေ ပျောက်ကွယ်သွားခဲ့ကြပြီး..နေရာတစ်ခုလုံးကို သွေးအိုင်တွေ ခြောက်ခန်းသွားတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကြက်သွေးရောင် မြုမှုန်တွေ နဲ့..ကျောက်တုံး အမှုန်တွေသာ ဖုံးအုပ်နေခဲ့ပါတယ်..။
ဒီလို အရှုပ်အထွေးတွေကြားထဲမှာတော့..ဆန်နီက ရင်းနှီးတဲ့ ပုံရိပ်တစ်ချို့ကို မြင်တွေ့နေခဲ့ရတယ်..။ဝိဉာဉ်မြွေက ပေါက်ကွဲမူ မဖြစ်ခင်ကတည်းက..အရိပ်တွေနဲ့ ပေါင်းစည်းသွားခဲ့တာကြောင့်..သူလည်း ထိခိုက်မူ မဖြစ်ခဲ့ပါဘူး..။
သို့ပေမယ့် သူတော်စင်ကတော့ သိပ်ပြီး ကံမကောင်းခဲ့ပေ..။သူမရဲ့ ဘယ်ဘက်လက်တစ်ခုလုံးက တွန့်ကြေနေခဲ့ပြီး..မဟူရာအကာအကွယ်က ပျက်ဆီးကာ မီးလောင်ခံထားရတဲ့ အဖြူရောင် အရည်ပြားသာ ပေါ်ထွက်နေခဲ့ပါတယ်..။ပတ္တမြားရောင် အမှုန့်တွေက..ဆိုးဝါးတဲ့ ဒဏ်ရာကနေ စီးကျလာနေခဲ့ပြီး..ကြမ်းပြင်ပေါ်ကို သဲနာရီ တစ်ခုလို စီးကျနေခဲ့တယ်..။ဒါက သူမ အသက်ရှင်ဖို့အတွက် အချိန်ဘယ်လောက်ပဲ ကြာနိုင်တော့မယ် ဆိုတာကို ရေတွက်နေသလိုပါပဲ..။
ဒါက တက်ရောက်မူအဆင့် မှတ်သားမူ ရဲ့ စွမ်းအားတိုးမြင့်မူ နဲ့ လွှမ်းမိုးနိုင်စွမ်းတွေ ဖြစ်ပြီး..ကိုင်ဆောင်သူတောင်မှ နောက်ဆက်တွဲ အန္တရာယ်ကနေ..လုံခြုံခြင်း မရှိခဲ့ပေ..။
ဆန်နီရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့ပြီး..တိတ်ဆိတ်သော စစ်သည်တော်ကို ရုတ်သိမ်းလိုက်ကာ..သူ့ရဲ့ တတိယမြောက်..အရိပ်ကို ပြန်ခေါ်လိုက်ပါတယ်..။
ဒီအရိပ်က သူ့ဆီကို ပြန်ရောက်လာပြီး ခန္တာကိုယ်ကို မရစ်ပတ်ခင်အချိန်မှာပဲ..ခန်းမကြီးရဲ့ ကျန်တဲ့ အခြေအနေတွေကို လေ့လာကြည့်လိုက်ပါတယ်..။
ထပ်တူညီမူတွေကတော့ ပျက်ဆီးသွားကြသလိုပါပဲ..။ဝယ်သီက အဝေးတစ်နေရာမှာ ဒူးထောက်လျက်သား ရှိနေခဲ့ပြီး..တုန်လှုပ်ကာ ဒဏ်ရာတွေ ရနေခဲ့တယ်..။သို့ပေမယ့် သူမက အသက်ရှင်နေတုန်းပါပဲ..။မော်ဒရက်က ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး..သူ့ရဲ့ မမြင်ရတဲ့ စွမ်းရည်က ပယ်ဖျက်ခြင်းခံလိုက်ရပုံပေါ်ပါတယ်..။
ပီယာ တစ်ယောက် တည်းကသာ..ပေါက်ကွဲမူက သက်ရောက်ခြင်း မရှိတဲ့ အလား..မတ်တတ်ရပ် လျက်ရှိနေခဲ့ပါတယ်..။သူ့ရဲ့ အကာအကွယ် အက်ျီက .. ထိခိုက်ပျက်ဆီးနေခဲ့ပြီး..အက်ကွဲကြောင်းထဲကနေ မီးခိုးငွေ့တွေ ထွက်ပေါ်နေခဲ့တယ်..။သို့ပေမယ့် မာစတာ ကိုယ်တိုင်ကတော့..ဘာမှ ထိခိုက်ပုံ မရခဲ့ပါဘူး..။အမှန်တော့ သူ့ရဲ့ သတ်ဖြတ်လိုစိတ်တွေကသာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်..။
သူက ဒေါသတကြီးတိုက်ခတ်နေတဲ့ လေပြင်းမုန်တိုင်းတွေကြောင့် ဘယ်တော့မှ လဲပြိုကျသွားခြင်း မရှိနိုင်တဲ့ ကျောက်တုံး ချောက်ကမ်းပါး ကြီးတစ်ခုနဲ့သာ တူညီနေခဲ့ပါတယ်..။
ကိုယ့်ကိုကို..မထုတ်ဖော်ပြချင်တဲ့ ဆန်နီဟာ..ဒေါသထွက်နေတဲ့ စိတ်တွေကို ထိန်းချုပ်ရင်း..ရှေ့ကို တိတ်တဆိတ် တိုးသွားခဲ့လိုက်တယ်..။
ရက်စက်သော မြင်ကွင်းရဲ့ ငွေရောင် အသွားက..တိတ်တဆိတ် အသံမြည်သွားခဲပြီး..အဲဒီခွေးသားရဲ့ နှလုံးတည့်တည့်ကို ပစ်လွှတ်လိုက်ပါတယ်..။
သို့ပေမယ့်..
နောက်ဆုံးအခိုက်အတန့်လေးမှာပဲ..ပီယာက ရွေ့လျားသွားခဲ့ပြီး..တိုက်ခိုက်လာမူကို သူ့ရဲ့ ဓားနဲ့ လွယ်ကူစွာ ဖယ်ရှားလိုက်တယ်.။ဒါပေါ့ လှံရှည်က ထိခိုက်နိုင်ခြင်း မရှိခဲ့ပါဘူး..။သူ့ရဲ့ သံမဏိ လက်သီးက လေပေါ်မှာ မြောက်တက်လာပြီး..ဆန်နီရဲ့ ဦးခေါင်းကို ထိမှန်သွားခဲ့ပါတယ်..။
ဒီထိခိုက်မူ ကျရောက်လာတဲ့ အချိန်မှာတော့..ဆန်နီက တစ်ခနလောက်..အမြင်အာရုံ ပျောက်ဆုံးသွားခဲ့တယ်..။သူ့ မျက်လုံးတွေက ပိတ်ထားတုန်းဖြစ်ပေမယ့်..မျက်ခွံတွေရဲ့ အနောက်ဘက်မှာ တစ်ခုခုက ပေါက်ကွဲထွက်သွားသလိုပါပဲ..။တစ်ချိန်တည်းမှာပဲ သူ့ရဲ့စိတ်လည်း..အမှောင်ထုထဲ ကျရောက်သွားခဲ့ပါတယ်..။သူက ကမ္ဘာကြီး လည်ပတ်နေတာကိုသာ ခံစားမိပါတော့တယ်..။
အသိစိတ်ကင်းမဲ့နေတဲ့ ဆန်နီဟာ ရှေ့ကို ဆက်တိုက်တိုးဝင်သွားပြီး..မာစတာ ဖြစ်သူနဲ့ တိုက်မိသွားခဲ့ပါတယ်..။သက်ရောက်မူက သူတို့ရဲ့ ချပ်ဝတ်အက်ျီတွေ တိုက်မိပြီး မြေကြီးပေါ်ကို လဲကျသွားစေခဲ့တယ်..။
သူတို့က နောက်ကို လွင့်ထွက်သွားခဲ့ပြီး..ကျောက်တုံးကြမ်းခင်းနဲ့ ထိတွေ့သွားခဲ့ကြတာပါ..။ပီယာက ဆန်နီ ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး..သူ့ရဲ့ ဝမ်းဗိုက်ကို ဒူးနဲ တိုက်လိုက်တယ်..။ဒါက ဆန်နီရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ နာကျင်မူတွေ ထပ်မံဖြစ်ပေါ်လာစေခဲ့ပါတယ်..။ပြီးတာနဲ့..သူ့ရဲ့ ခန္တာကိုယ်ကို အဝေးကို တွန်းထုတ်လိုက်ပါတယ်..။
သို့ပေမယ့်..အဲဒီမတိုင်ခင်မှာပဲ ဆန်နီရဲ့ လွတ်နေတဲ့ လက်တစ်ဖက်က တက်ရောက်မူအဆင့် သူရဲကောင်းရဲ့..အကာအကွယ်အက်ျီက အက်ကွဲကြောင်းထဲကို ရောက်သွားပြီး..သူ့ရဲ့ အသွေးအသားထဲကို တစ်ခုခု ထိုးစိုက်နိုင်ခဲ့ပါတယ်..။
ဒါက အနက်ရောင် သံမဏိ ကနေ ထုလုပ်ထားတဲ့ ရှည်လျား ၊ သေးငယ်တဲ့ အပ်တစ်ချောင်းဖြစ်ပြီး သူ့ရဲ့ အစွန်းတစ်ဖက်မှာတော့..ရွှေကြောင်ကြိုးတစ်ခု ရစ်ပတ်ထားခဲ့တယ်..။
ဆန်နီရဲ့ အားအကုန်ထုတ်သုံးလိုက်တာကြောင့်..ကောင်းကင် ဖိအားက..ပီယာရဲ့ အသွေးအသားထဲကို လုံးဝ နစ်ဝင်သွားခဲ့ပါတယ်..။ဒါက သူ့အရည်ပြားပေါ်ကနေ စင်တီမီတာ အနည်းငယ်လောက်သာ ထွက်ပေါ်နေခဲ့ပြီး..အကာအကွယ် အက်ကွဲကြောင်းကနေ အပေါ်ယံလောက်သာ မြင်နေခဲ့ရတယ်..။
ဒါပေါ့ ဒီသေးငယ်တဲ့ အပ်ကလေးက..မာစတာ တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတာ ဒါမှမဟုတ်..သူ့ရဲ့ လှုပ်ရှားမူတွေကို နှေးကွေးသွားစေနိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့်..ဆန်နီ လိုချင်တာက..ထိခိုက်ဒဏ်ရာရဖို့ မဟုတ်ပေ..။
မြေကြီးပေါ်မှာ လှိမ့်ရင်း..ဆန်နီက ဒူးထောက်လျက်သား ဖြစ်သွားခဲ့ကာ..ဟန်ချက်ကို ချက်ချင်း ဆိုသလိုပဲ ပြန်ထိန်းလိုက်ပါတယ်..။
မီတာ အနည်းငယ် အကွာမှာတော့..ပီယာဟာ ပြန်လည် မတ်တတ်ရပ်လာခဲ့ပါပြီ..။သူ့ရဲ့ မျက်လုံးတွေကတော့ သတ်ဖြတ်လိုစိတ်တွေနဲ့ လောင်ကျွမ်းနေခဲ့ပြီး..သူ့ရဲ့ ဓားရှည်က ပတ်ဝန်းကျင်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို အလင်းပြန်နေခဲ့ပါတယ်…။သူက ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
သို့ပေမယ့် အဲ့အချိန်မှာပဲ တစ်ခုခု ထူးခြားတာ ဖြစ်သွားခဲ့တယ်..။
ကြောက်မက်ဖွယ် မာစတာ က တုန်လှုပ်သွားခဲ့ပြီး..သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာ ဖြစ်ပေါ်လာခဲ့ပါတယ်..။ခနအကြာမှဦတော့..သူ့ရဲ့ အကာအကွယ် ဖိနပ်တွေက..ကြမ်းပြင်နဲ့ ကင်းကွာသွားခဲ့ပြီး လေပေါ်ကို မြောက်တက်လာခဲ့ပါတယ်..။
ကောင်းကင် ဖိအားဆိုတာက..ဆန်နီဟာ..မာစတာဂျက်ကို ကူညီပြီး..အရိပ်ဓား ကတ်ကို သတ်ခဲ့တဲ့ အချိန်တုန်းက..ထောက်ပံ့ရေးအမှတ်တွေနဲ့ လဲလှယ်ယူခဲ့တဲ့ မှတ်သားမူ တစ်ခုပါ..။သူ့ရဲ့ တစ်ခုတည်းသော တိုးမြှင့်မူက..ရိုးရှင်းပြီး..ပြတ်သားမူ ရှိနေခဲ့တယ်..။ဒီဟာနဲ့ ထိုးစိုက်ခံလိုက်ရတဲ့ ဘယ်လို သက်ရှိမဆို..အပ်ကို ပြန်မဖယ်မချင်း အပေါ်ကို မြောက်တက်နေတော့ မှာပါ..။
ဆန်နီက အနက်ရောင်တောင်ပံ နဲ့ ပူးပေါင်းပြီး..အောက်ဘက်ကောင်းကင် မှာ ပျံသန်းနိုင်ဖို့အတွက် ဒီ မှတ်သားမူ ကို ရယူထားခဲ့တယ်..။
အဲတာက တစ်ခြားနေရာတွေမှာ အသုံးမဝင်တော့ဘူးလို့ မဆိုလိုပါဘူး..။
…ပီယာက လေထဲကို မြောက်တက်နေပြီး.သူ့ရဲ့ ခြေထောက်က တစ်မီတာလောက်တောင် မြောက်တက်နေခဲ့ပါပြီ..။သူ့ရဲ့ အစောပိုင်း စိတ်ရှုပ်ထွေးမူတွေက ပျောက်ကွယ်သွားခဲ့တယ်..။ပြီးတော့ သူအောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ အသားထဲမှာ စိုက်ဝင်နေတဲ့ အပ်ရဲ့ ထိပ်ဖျားကို တွေ့လိုက်ရပါတယ်..။မာစတာ ရဲ့ လက်က ရှေ့ကို တက်သွားခဲ့ပြီး..ဖယ်ရှားဖို့လုပ်လိုက်ပေမယ့်..ချပ်ဝတ်အက်ျီကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့ လက်ချောင်းတွေက အရမ်းကို ထူနေတာကြောင့်..ဒီအပ်ကို ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။
သူက မကြာခင်မှာ ဖယ်နိုင်သွားလိမ့်မယ် ဆိုတာကို ဆန်နီ သံသယ မဖြစ်မိပေ..။ဒီ တက်ရောက်မူအဆင့် စစ်သည်တော်မှာ..ကောင်းကင်ဖိအား ရဲ့ သက်ရောက်မူကို ကူညီပြီး ထိန်ချုပ်ပေးနိုင်တဲ့ မှတ်သားမူမျိုးက..သူ့ရဲ့ လက်နက်တိုက်ထဲမှာ ကျိန်းသေ ရှိနေမှာပါ..။
သို့ပေမယ့်..ဘာပဲဖြစ်ဖြစ် ဒီလိုတွေ လုပ်ဖို့အတွက် ဆိုရင် သူ့မှာ အချိန်လိုအပ်ပါတယ်..။
အချိန်ဆိုတာက..ဆန်နီ သူ့ကို လုံးဝ မပေးချင်တဲ့ အရာပါပဲ..။
သူက လက်ကို ရှေ့ကို ပစ်လွှလိုက်ပြီး..ရုတ်တရက်ပေါ်လာတဲ့ လအမြုတေနဲ့ ပီယာရဲ့ မျက်လုံးတွေကို လှမ်းပစ်လိုက်တယ်..။သူက လေထဲမှာ ရောက်နေခဲ့တာကြောင့် စစ်သည်တော်တစ်ယောက်ရဲ့ အရေးအကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ မြေပြင်နဲ့ ထိတွေ့နေမူကို ဆုံးရှုံးခဲ့ရပါပြီ..။သူက ရှောင်ရှားလို့ မရသလို ၊ သူ့ရဲ့ အလေးချိန်တွေကိုလည်း..ခုခံကာကွယ်မူအဖြစ် သေချာ မထိန်းချုပ်နိုင်တော့ပါဘူး..။ပြီးတော့ သူ့ရဲ့ ခွန်အားကိုလည်း မထိန်းချုပ်နိုင်တော့ပေ..။
သို့ပေမယ့် ပီယာက သူ့ရဲ့ ဓားနဲ့ ရောက်လာတဲ့ တစ္ဆေဓားကို ဖယ်ရှားလိုက်နိုင်ပါသေးတယ်..။
ဒါကပဲ ဆန်နီ ရဲ့ နောက်ထပ် စစ်မှန်တဲ့ တိုက်ခိုက်မူအတွက် သူ့ကို အကာအကွယ်မဲ့သွားစေခဲ့ပါတယ်..။
သန်ခေါင်းယံအမြုတေ သူ့ရဲ့ ညာဘက်လက်ကနေ ထွက်ခွာသွားတာနဲ့ ဆန်နီဟာ..သူ့ရဲ့အနောက်ဘက်မှာ ရှိနေတဲ့ ဘယ်ဘက်လက်ကို မြောက်လိုက်တယ်..။သူ့ရဲ့ အရိပ်သုံးခုလုံးရဲ့ အားဖြည့်မူ ၊ ကြွက်သားတွေထဲမှာ ရှိနေတဲ့ အဆီအနှစ်တွေ ရဲ့ အားအပြည့်နဲ့..ရက်စက်သော မြင်ကွင်းဟာ ရှေ့ကို ထွက်ခွာသွားခဲ့ပါပြီ..။
သူ့ရဲ့ ပစ်လွတ်မူကတော့ အယ်ဖီ သင်ကြားပေးထားတဲ့အတိုင်းပဲ..ပြီးပြည့်စုံမူ ရှိနေခဲ့ ..။
နောက်ဆုံးအခိုက်အတန့်လေးမှာပဲ..အရိပ် သုံးခုက သူ့ရဲ့ လက်ချောင်းတွေကနေ ထွက်ခွာပြီး လှံရှည်ရဲ့ ငွေရောင် အသွားပေါ်ကို ရစ်ပတ်လိုက်ပါတယ်..။
ပီယာ ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါပြီ..။
ရက်စက်သော မြင်ကွင်းကတော့..အနက်ရောင် ကြယ်တံခွန်တစ်ခုလိုပဲ..ဖြတ်သန်းသွားခဲ့ပြီး..အကြောက်အလန့်ကင်းတဲ့ သူရဲကောင်းရဲ့ ရင်ဘတ်ထဲကို ထိုးစိုက်သွားခဲ့ပါတယ်..။ပစ်လွှတ်မူမှာပါဝင်လာတဲ့ အင်အားက အရမ်းကို ကြီးမားတာကြောင့်..သူ့ရဲ့ အကာအကွယ်ကို ဖောက်ဝင်သွားပြီး..အရည်ပြားနဲ့ အရိုးတွေကို ထိုးဖောက်ကာ..နှလုံးသားထဲအထိ တိုးဝင်သွားခဲ့ပါတယ်..။
ဒါတောင်မှ..ကံကောင်းကင်ဖိအား ရဲ့ သက်ရောက်မူကြောင့် မာစတာရဲ့ ခန္တာကိုယ်ဟာ လျင်မြန်တဲ့ အရှိန်နဲ့ ဆက်တိုက်မြင့်တက်နေတုန်းပါပဲ..။ယင်းနောက် သူ့ရဲ့ ခန္တာကိုယ်က အပေါ်ဘက်မျက်နှာကျတ် တွေအထိ တက်သွားခဲ့ပြီး..ကျောက်တုံးတွေဆီမှာ စိုက်လျက်သား ဖြစ်နေခဲ့ပါတယ်..။
သွေးတွေက ကြက်သွေးရောင် မိုးရေတွေလိုမျိုး တရစပ် စီးကျနေခဲ့တယ်..။
ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..သူ့ရဲ့ ခန္တာကိုယ်ကို လက်နဲ့ ထိန်းထားက အသက်ကို ရူထုတ်လိုက်ပါတယ်..။
‘လုပ်စမ်းပါ..’
ခနကြာအောင် တိတ််ဆတ်နေပြီးမှာတော့..သူက နောက်ဆုံးမှာ နာကျင်ဖွယ်ကောင်းလောက်အောင် ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရပါတယ်..။
ဒီတစ်ကြိမ်မှာတော့..အခိုက်အတန့်ရဲ့ အသံက သူ့ရဲ့ နားထဲမှာတော့..အရမ်းကို သာယာတဲ့ ဂီတသံစဉ်တစ်ခုလိုပါပဲ..။
..သင်က..တက်ရောက်မူအဆင့် လူသား..ပီယာကို သတ်လိုက်ပါပြီ..
သင့်ရဲ့ အရိပ်က သန်မာလာခဲ့ပါပြီ..
‘ဘုရားရေ…ငါတကယ်ကို လုပ်နိုင်ခဲ့တာပဲ..’
ဆန်နီ နက်မှောင်စွာ ပြုံးလိုက်ပြီး..စက္ကန့်အနည်းငယ်လောက် အနားယူနေခဲ့တယ်..။ယင်းနောက် မတ်တတ်ထရပ်လိုက်ပြီး တစ်ခြားလူတွေရဲ့ တိုက်ပွဲက ဘယ်လိုဖြစ်နေပြီလဲ ဆိုတာကို ကြည့်လိုက်ပါတယ်..။
မော်ဒရက်နဲ့ ဝယ်သီတို့ဟာ…ရှိနေကြတုန်းပါပဲ..။သူတို့နှစ်ယောက်စလုံးက သူအခုသတ်လိုက်တဲ့..ခွေးသားလိုပဲ..သေလောက်အောင် အန္တရာယ်များကြတဲ့ သူတွေပါ..။
သူက ရက်စက်သော မြင်ကွင်းကို ရုတ်သိမ်းလိုက်ပြီး..ချက်ချင်းဆိုသလိုပဲ ပြန်လည် ဖော်ထုတ်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အရိပ်အဆီအနှစ် ပမာဏကို စစ်ဆေးလိုက်ပါတယ်..။ဆန်နီ အနေနဲ့ အဆီအနှစ်တွေ အများကြီး သုံးစွဲခဲ့ပေမယ့်..အခုထိတော့ စိတ်ပူရလောက်အောင် လျော့နည်းမနေသေးပါဘူး..။
ဝိဉာဉ်မြွေက အရိပ်တွေထဲကနေ ပေါ်ထွက်လာခဲ့ပြီး..သူ့ရဲ့ အရည်ပြားထဲကို ဝင်ရောက်သွားကာ..တက်တူး အဖြစ် ပြောင်းလဲသွားခဲ့တယ်..။
သူက မျက်လုံးတွေကို မှိတ်ထားတုန်းပါပဲ..။တစ်ခုကတော့..သတိထားဖို့အတွက်ဖြစ်ပြီး..ကျန်တဲ့အချက်ကတော့..သူ့ရဲ့ မျက်ခွံတွေက လောင်ကျွမ်းခံရတာကြောင့် ငရဲတစ်ခုလို နာကျင်နေခဲ့တာကြောင့်ပါ..။ဆန်နီဟာ သူ့ရဲ့ အရိပ်အာရုံခံမူကို ဖြန့်ကျတ်လိုက်ပြီး. ကျန်တဲ့နှစ်ယောက်ရဲ့ ငရဲလို တိုက်ပွဲက ဘယ်လို အခြေအနေရှိနေပြီလဲဆိုတာကို စစ်ဆေးကြည့်လိုက်တယ်..။
ဝယ်သီက သူနဲ့ အကွာအဝေးတစ်ခုမှာ ရပ်နေခဲ့ပြီး..တုန်လှုပ်နေခဲ့ပါတယ်..။သူ့ရဲ့ လက်တွေကတော့..သူမရဲ့ မျက်နှာပေါ်မှာ အုပ်ထားခဲ့တယ်..။
အဲ့အချိန်မှာ မော်ဒရက်ကတော့…
ဆန်နီ အေးခဲသွားခဲ့တယ်..။
အမျိုးသမီး ကင်းစောင့်က သေဆုံးသွားခဲ့ပါပြီ..။
သူ အစက သတိမထားမိပေမယ့်..သူမက ကြမ်းပြင်ပေါ်မှာ အသက်မဲ့စွာ လဲလျောင်းနေခဲ့ပါတယ်..။သူမရဲ့ လည်ပင်းကတော့..သဘာဝမကျတဲ့ အနေအထားနဲ့. စောင်းနေခဲ့တယ်..။
‘ဒါက..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…’
တစ်ခုခုက တော့ သိပ်ပြီး မဟုတ်တော့ပါဘူး..။မော်ဒရက်က ..သူ့ရဲ့ တစ်ယောက်တည်းသော ပြိုင်ဖက်ကို ဘယ်လိုလုပ် ရှုံးနိမ့်သွားခဲ့တာလဲ..။သူက မာစတာတွေထဲက တစ်ယောက်ကိုသာ တိုက်ခိုက်နေရတာကြောင့်..ဝယ်သီကို တစ်ယောက်ချင်း အနိုင်ယူနိုင်တယ် ဆိုတာ သေချာသလောက် ရှိပါတယ်..။မဟုတ်ရင်..ဆန်နီက ..ဗာလာကလန်ရဲ့ မာစတာတွေနဲ့ ပူးပေါင်းသွားခဲ့ရင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားခဲ့တာလဲ..။သူသာ ဒီလောက်အထိ အားနည်းနေတယ်ဆိုရင်..တတိယ တစ်ယောက်မပြောနဲ့..မာစတာ နှစ်ယောက်ကိုတောင် ဘယ်လိုရင်ဆိုင်ဖို့ စဉ်းစားထားခဲ့တာလဲ..။
ဘာမှမရှိတဲ့ မင်းသားက ဒီလောက်ထိ အားနည်းနေတဲ့ လူတစ်ယောက်မဟုတ်လောက်ပေ…
ရုတ်တရက် သေးငယ်တဲ့ အချက်အလက်လေး တစ်ခုက ဆန်နီကို ဆွဲဆောင်သွားခဲ့တယ်..။
ကင်းစောင့်ရဲ့ လက်သီးထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားပြီး ချိတ်ဆွဲထားသလို ဖြစ်နေခဲ့ပါတယ်..။
..ပျက်ဆီးနေတဲ့ ချိန်းကြိုးတစ်ခု…
..ဒါက အတော်လေးကို ရင်းနှီးနေပုံမရဘူးလား…။
အေးစက်ပြီး မသက်မသာဖြစ်စေတဲ့..ခံစားချက်တွေက ဆန်နီ ရင်ထဲမှာ ပေါ်ထွက်လာခဲ့တယ်..။သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး..ဗာလာကလန်ရဲ့ နောက်ဆုံးရှင်ကျန်ရစ်သူကို ကြည့်လိုက်ပါတယ်..။
ဝယ်သီက..ရုတ်တရက် ရယ်မောလိုက်တယ်..။သူမရဲ့ အသံက ..ထူးဆန်းပြီး မတူညီတော့ပါဘူး..။
ပြီးတော့..သူမရဲ့ အဆောင်…အန်ဗီ အဆောင်က မရှိတော့ပေ..။
မာစတာက သူမရဲ့ ခေါင်းကို ငုံ့ထားရင်း..ပြုံးလိုက်တယ်..။
“အိုး..ဒါကမှ အတော်ကောင်းသွားတာပဲ..။အတော်ကောင်းတယ်..”
အပိုင်း ( ၅၈၇ ) ပြီး၏။