ယုံကြည်မူ ပြသနာ..
Vol. 40 Ch. 588
‘မော်ဒရက်..သူက ဝယ်သီရဲ့ ခန္တာကိုယ်ကို ယူသွားခဲ့ပြီ..’
ဆန်နီ လှုပ်ရှားလိုက်ပြီး..ရက်စက်သောမြင်ကွင်းကို အောက်ကို ချလိုက်ကာ..သူ့ရဲ့ ဓားသွားကို ပြောင်းလဲလိုက်ပါတယ်..။သူ့ရဲ့ နှလုံးသားထဲမှာတော့ မသက်မသာမူတွေ ပြည့်နှက်နေခဲပြီး..သူ့စိတ်ထဲမှာလည်း…မကောင်းတာတစ်ခုခု ဖြစ်လာတော့ မလို ခံစားနေခဲ့ရတယ်..။စွန့်ပစ်ခံရတဲ့ မင်းသားက နဂိုကတည်းက အတော်လေးကို အားကောင်းနေခဲ့တာပါ..။မာစတာ တစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားပြီဆိုတော့..သူက ဘယ်လောက်အထိတောင် သန်မာလာခဲ့ပြီလဲ..။
အနည်းဆုံးတော့ ကိစ္စအချို့က ရှင်းလင်းသွားခဲ့ပါပြီ..။တက်ရောက်မူအဆင့် စစ်သည်နှစ်ယောက်မှာ..ဝယ်သီက ပိုပြီး အားကောင်းတယ်လို့ ပြောလို့ ရပါတယ်..။သူမပိုင်ဆိုင်ထားတဲ့ စွမ်းရည်က ရန်သူကို အင်အားချိနဲ့စေပြီး..သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို အားကောင်းလာစေတာပါ..။ဒါကြောင့်ပဲ သူမက မော်ဒရက်ရဲ့ စွမ်းအားအများစုကို ကုန်ခမ်းသွားအောင် ပြုလုပ်ပြီးကာမှ သူ့ကို တိုက်ခိုက်ခဲ့တယ်..။
ဒါတောင်မှ..ဘာမှမရှိတဲ့ မင်းသားက သူမကိုဒီလောက်အထိ ကြာအောင် တိုက်ခိုက်နေရတယ် ဆိုတာက..ထူးဆန်းတဲ့အရာပါပဲ..။သူက မာစတာတစ်ယောက်ကို တောင် အနိုင်မယူနိုင်ဘူးဆိုရင်..နှစ်ယောက်စလုံးကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုများ စီစဉ်ထားခဲ့တာလဲ..။
သို့ပေမယ့် သူက ဝယ်သီရဲ့ ခန္တာကိုယ်ကို ယူဖို့ ဆုံးဖြတ်ထားပြီး ထိခိုက်မူ မရှိအောင် ပြုလုပ်ချင်နေခဲ့တယ် ဆိုရင်တော့..သူ့ရဲ့ ခက်ခဲနေမူက ရှင်းပြပြီးသားဖြစ်သွားခဲ့ပါပြီ..။ထူးချွန်တဲ့ တက်ရောက်မူအဆင့် စစ်သည်တော်တစ်ဦးကို ဒဏ်ရာ မရရှိစေပဲ ထိန်းပြီး တိုက်ခိုက် အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပါဘူး..။
မော်ဒရက်က အစကတည်းက ဝယ်သီရဲ့ ခန္တာကိုယ်ကို ယူဖို့ ကြံစည်ထားခဲ့တာလား..ဒါမှမဟုတ် အခွင့်အရေးက သူ့ရှေ့မှာပေါ်လာတဲ့ အချိန််မှာ..စိတ်ပြောင်းသွားခဲ့တာလား..။
ဆန်နီ ရဲ့ ခန္တာကိုယ်ကို ယူမယ်ဆိုတဲ့ သူ့ရဲ့ အကြံအစည်က..လမ်းမှားအောင် ပြုလုပ်ထားရုံ သက်သက်ပဲလား..ဒါမှမဟုတ်..ဆန်နီက အခုထိ အန္တရာယ်ရှိနေသေးတာလား..။
‘မဖြစ်နိုင်တာ..သူက မာစတာ တစ်ယောက်ရဲ့ ခန္တာကိုယ်ကို ရထားပြီးပြီ မဟုတ်ဘူးလား..။ငါ့ခန္တာကိုယ်ကို ယူဖို့အတွက်နဲ့တော့..သူ ပိုင်ဆိုင်ထားတဲ့ အရာကို မစွန့်လွှတ်လောက်ဘူးမလား..”
မော်ဒရက်က ခန္တာကိုယ်ကို ဆန့်တန်းလိုက်ပြီး..သူ့ရဲ့ လက်တွေကို သိချင်စွာ ကြည့်လိုက်တယ်..။သူက ဝယ်သီရဲ့ လက်သီးကို ဆုပ်လိုက်ပြီး..အနည်းငယ်မျက်နှာ ရှုံ့မဲ့ကာ..သက်သောင့်သက်သာ ဖြစ်အောင် လုပ်လိုက်ပါတယ်..။နောက်ဆုံးမှာတော့..ဘာမှမရှိတဲ့ မင်းသားဟာ..ဆန်နီ ဘက်ကို လှည့်ပြီး ပြုံးပြလာခဲ့တယ်..။
“..ပြောစရာ မရှိဘူးလား..ဆန်းလပ်စ်..”
ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးကာမှ..သိချင်စွာ ခေါင်းညိမ့်လိုက်တယ်..။
“အဲလိုထင်တာပဲ..။အဲတာက အတိအကျဆိုရင် ဘယ်လို အလုပ်လုပ်တာလဲ..။မင်းက အခု တက်ရောက်သူ ဖြစ်သွားပြီလား..”
မော်ဒရက်ရဲ့ အပြုံးက အနည်းငယ် ကြီးမားလာခဲ့တယ်..။
“အရမ်းကို သိချင်စိတ်ပြင်းပြတာပဲ..။မင်းရဲ့ စပ်စုတတ်တဲ့ အကျင့်စရိုက်က..အကယ်ဒမီရဲ့ စူးစမ်းရှာဖွေသူ တကယ်ဖြစ်သင့်ပါတယ်..’
‘ခါတိုင်းလိုပဲ..မေးခွန်းကို ရှောင်ရှားနေပြန်ပြီပေါ့..ဟမ်..’
ဆန်နီဟာ မာစတာရဲ့ ခြေထောက်နားမှာ ဓားတစ်ချောင်းရှိနေတာကို သတိထားလိုက်ပြီး..ကင်းစောင့်အမျိုးသမီးရဲ့ အလောင်းကို ခနလောက် ကြည့်လိုက်ပါတယ်..။
“ဒီတော့..အခု ဘယ်လိုဖြစ်ပြီလဲ..။သူတော်စင် ရောက်မလာခင်မှာ ငါတို့ ဒီကနေ ဘယ်လို ထွက်သွားကြမှာလဲ..”
ဘာမှမရှိတဲ့ မင်းသားဟာ ခါးကို ကုန်းပြီး ဓားရှည်ကို ကောက်ယူလိုက်တယ်..။ပြီးကာမှ သက်ပြင်းချလိုက်ပြီး..
“အိုး …အဲတာလား…စိတ်မပူနဲ့..။ငါ့ မှာ အစီအစဉ်တစ်ခု ရှိတယ်..။အဲတာက ဒီတိုင်း..မင်းသိပ်ပြီး သဘောမကျမှာပဲ စိုးရိမ်မိတယ်..ဆန်းလပ်စ်..”
ဆန်နီဟာ ခန္တာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းထသွားသလို ခံစားလိုက်ရတယ်..။မော်ဒရက်ရဲ့ လေသံက ရင်းနှီးနေတုန်းဖြစ်ပေမယ့်..သူ့စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေက..ကောင်းမွန်တဲ့ အရာတွေဖြစ်လာမယ့် ပုံစံ မရှိပါဘူး..။
‘ခွေးသားလေး..။သူက ငါ့ကိုပါ ထပ်လှည့်ထားချင်နေတာလား..’
ကောင်းပြီလေ..ဆန်နီလည်း ဒီလို မလုပ်ဖို့ စဉ်းစားထားတာ မျိုးတော့ မဟုတ်ပါဘူး..။
သူ အံကိုကြိတ်ပြီး သုန်မုန်စွာ ပြောလိုက်တယ်..။
“ငါတို့ ဒါကို လုပ်ဖို့မလိုပါဘူး..သိတယ်မလား..။မင်းပြောခဲ့တဲ့ အတိုင်းပဲလေ..ငါတို့ကြားမှာ ဘာရန်ငြိုးမှ ရှိနေတာ မဟုတ်ဘူး..။ငါတို့က ဒီတိုင်း လမ်းခွဲသွားကြလို့ရတယ်..။ဖြစ်နိုင်တာက အတူတူ အလုပ်လုပ်လို့တောင် ရနိုင်လောက်တယ်..အာ…တစ်ခနလောက်ပေါ့..။သူ ငယ်ချင်း ဖြစ်ကြမလား..”
မော်ဒရက် ရယ်မောလိုက်တယ်..။
“အိုး..။ငါတော့ ဒါကို တကယ် သဘောကျတယ်..။ဒါပေမဲ့ ဆန်းလပ်စ်..မင်းသာ ငါ့နဲ့ အမှန်တကယ်သူငယ်ချင်း ဖြစ်ချင်တယ် ဆိုရင်..ဘာလို့ မင်းရဲ့ မျက်လုံးတွေကို မှိတ်ထားနေသေးတာလဲ..”
ဒီလိုပြောပြီးတာနဲ..သူက ခန္တာကိုယ် အသစ်နဲ့ အသားမကျသေးတဲ့ အလား..ရှေ့ကို တစ်လှမ်းတိုးလာခဲ့ပါတယ်..။
“မင်းရဲ့ မျက်လုံးတွေကိုတောင် တည့်တည့်မကြည့်နိုင်တဲ့ လူမျိုးကို ယုံကြည်ဖို့ဆိုတာက ခက်ခဲတယ်လေ..သိတယ်မလား..။ဘာလို့ ငါ့ကို မကြည့်တာလဲ…။ဟမ်…ဆန်းလပ်စ်..”
ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..နောက်ကို အနည်းငယ် ဆုတ်လိုက်ပါတယ်..။
“ငါ..ငါ ဖွင့်လို့ မရဘူး..။ငါ့ရဲ့ မျက်ခွံတွေ..နာကျင်နေလို့..”
မော်ဒရက်..ပြုံးလိုက်ပြီး..
“ဒါက စိတ်မကောင်းဘူး..။ဒါပေမဲ့..အိုး..ကောင်းပြီလေ..ငါ မင်းကို အမှန်အတိုင်းပဲ ပြောပြတော့မယ်..။ဘာပဲဖြစ်ဖြစ် ငါတို့က အမှန်တကယ်သူငယ်ချင်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး..”
ဆန်နီ နောက်ထပ်ခြေတစ်လှမ်း ဆုတ်လိုက်ပြီး စိုးရိမ်စွာ မေးလိုက်ပါတယ်..။
“အိုး..ဟုတ်လား..။ဘာဖြစ်လို့များလဲ..”
ဘာမှမရှိတဲ့ မင်းသားက ပြုံးနေတာ ရပ်တန့်လိုက်ပါတယ်..။သူ စကားပြောတဲ့အချိန်မှာတော့..ဝယ်သီရဲ့ အသံက အေးစက်ပြီး..အဆုံးမရှိတဲ့ နက်မှောင်မူတွေ ပြည့်နှက်နေခဲ့တယ်..။
“မင်းက ငါ့ကို အရူးလို့ထင်နေတာလား..။ငါက မင်းဆီကနေ အိပ်မက်မွေးဖွားသူ ရဲ့ အနံ့ကို မရဘူးလို့ ထင်နေတာလား..။ဟင်..။မင်းငါ့ကို ပြောပြတာ ကောင်းလိမ့်မယ် ဆန်းလပ်စ်..။အက်စတာရီယွန်က မင်းကို ဘာလို့ ချိန်းကျွန်းစု ဆီ ပို့လိုက်တာလဲ..။ဘာလို့ ငါ့သားရဲကို သတ်လိုက်တာလဲ..။အဲဒီ သတ္တဝါကရော အခု ဘာတွေကို အစီစဉ်ဆွဲနေတာလဲ..”
ဆန်နီ အံ့ဩသွားခဲ့တယ်..။
‘ဘာလဲ..’
သူ လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့ပါပြီ..။တကယ်လို့ သူ့ မျကိလုံးတွေသာ မမှိတ်ထားဘူး ဆိုရင် အခုချိန််မှာ အံ့ဩလွန်းလို့ မျက်တောင် ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေပါလိမ့်မယ်..။မော်ဒရက်က အသိစိတ် လွတ်သွားတာလား..။
“မင်း ဘယ်လို သောက်ကျိုးနဲ့တွေ ပြောနေတာလဲ ဆိုတာကို ငါနားမလည်ဘူး..။ငါကို ဘာလို့ အက်စတာရီယွန်က ပို့ရမှာလဲ..။ငါက သူတို့ရဲ့ တွက်ချက်မူတွေကို သိဖို့မပြောနဲ့ အဲဒီနာမည်နဲ့ တစ်ယောက်မှတောင် မတွေ့ခဲ့ဖူးဘူး..။မင်းက ထင်ယောင်ထင်မှား ဖြစ်နေတာလား..အရူး..”
‘ခနလေား..မင်းသား…အိပ်မက်မွေးဖွားသူ…ဖြစ်နိုင်တာက…’
မော်ဒရက် အေးခဲသွားခဲ့ပြီး..စိတ်ဝင်စားသွားခဲ့တယ်..။
“ဟမ်..စိတ်ဝင်စားစရာပဲ..။မင်းက လိမ်လို့မရဘူးဆိုတော့ အခုပြောနေတာတွေက အမှန်တရားတွေပဲဖြစ်လိမ့်မယ်..။ဒါပေမဲ့ မင်းက အက်စတာရီယွန်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး ဆိုရင်..ဘာလို့ အိပ်မက်မွေးဖွားသူ ရဲ့ အနံ့အသက်တွေ ထွက်ပေါ်နေရတာလဲ..”
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး အဖြေကို ပြန်မပေးချင်ခဲ့ပါဘူး..။သိုပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိပေ..။သူ့ရဲ့ အားနည်းချက်ကို အရှုံးပေးလိုက်ရတာကြောင့် အံ့ကိုကြိတ်ထားခဲ့တယ်..။
“ငါ..တစ်ခြား အိပ်မက်မွေးဖွားသူ တစ်ယောက်နဲ့ တွေ့ခဲ့တာပဲဖြစ်ရမယ်..”
ဘာမှမရှိတဲ့ မင်းသားက အံ့ဩစွာ မျက်ခုံးပင့်တင်လိုက်ပြီး..
“တကယ်လား..။ဘယ်သူလဲ..”
‘ချီးတဲ့မှပဲ..’
ဆန်နီ လက်သီးကို ဆုပ်ထားပြီး နက်မှောင်စွာ ပြန်ဖြေလိုက်ပါတယ်..။
“နစ်ဖီ..”
မော်ဒရက် မျက်မှောင်ကျုတ်လိုက်တယ်..။
“နစ်ဖီ..အင်မော်တယ်မီးတောက်ကလန်ရဲ့ နစ်ဖီလား.။ခနလေး..သူမက အသက်ရှင်နေသေးတာလား..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်...။အဲဒီနောက်မှာတော့..စွန့်ပစ်ခံထားရတဲ့ မင်းသားက ခေါင်းကို မော့ကာ ရယ်မောပါတော့တယ်..။
“အိူး..အိူး..မိုင်…။ဒီတော့ အိပ်မက်ကမ္ဘာထဲမှာ နောက်ထပ် အိပ်မက်မွေးဖွားသူ တစ်ယောက် ရှိနေသေးတာပေါ့..။ပြီးတော့ သူမက..ကောင်းကင်အပြုံး နဲ့ ကျိုးပဲ့ဓား တို့ရဲ့ သမီးဖြစ်နေသေးတယ်..။ဒါက ကံတရားပဲဖြစ်ရမယ်…အာ…အဲ့ခွေးအိုကြီး တွေ ဒါကို သိပြီးပြီလား မသိဘူး..”
မော်ဒရက် ရယ်မောနေတဲ့ အချိန်မှာတော့ ဆန်နီက လုံးဝကို အေးစကိနေခဲ့ပါပြီ..။ဒါက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကိစ္စကြောင့်မဟုတ်ပဲ..ဘာမှမရှိတဲ့ မင်းသား အစောက ပြောလိုက်တဲ့ စကားကြောင့်ပါ..။
‘မင်းက လိမ်လို့ မရဘူး..။ဒီတော့..ဒါတွေက အမှန်တွေပဲဖြစ်ရမယ်..။သူ…သူက ငါလိမ်လို့ မရဘူး ဆိုတာကို ဘယ်လိုလုပ် သိနေခဲ့တာလဲ..’
မော်ဒရက်က ဘယ်တုန်းက သူ့ရဲ့ အားနည်းချက်ကို သိသွားရတာလဲ..။
သူက ဆန်နီကို လအနည်းငယ်စောင့်ကြည့်လိုက်တာနဲ့ သိရှိသွားခဲ့တာလား..။မဟုတ်ဘူး ဒါက မဖြစ်နိုင်ပေ..။ဆန််နီက အောက်ဘက်ကောင်းကင်က လွတ်မြောက်လာပြီးနောက်မှာ..အိပ်မက်ကမ္ဘာထဲမှာ အချိန်အများကြီး ရှိမနေခဲ့ပေ..။ပြီးတော့ အထူးသဖြင့် အပြင်ကမ္ဘာရဲ့ ပစ္စည်းတွေကို ရောင်းချတဲ့ အခါမှာလည်း စကားတွေ အများကြီး ပြောတာ မဟုတ်ပါဘူး..။သူက ကိုယ့်ကိုကို ဖော်ထုတ်ခံရမယ့် ကိစ္စမျိုးကို ဘာမှ မလုပ်ခဲ့ပေ…။
ဘာ…ဘာတွေဖြစ်နေတာလဲ…။
အပိုင်း ( ၅၈၈ ) ပြီး၏။