← Chapters

အနက်ရောင် မှန်..

Vol. 40 Ch. 589

အနက်ရောင် မှန်..

Vol. 40 Ch. 589

တစ်ခနလောက် ဆန်နီရဲ့ နှလုံးသားက လေးလံသွားခဲ့ပြီး..သူ့ရဲ့ စိတ်ကို သတ်ဖြတ်ချင်တဲ့ အမှောင်ထုတွေ ဖုံးလွှမ်းသွားခဲ့တယ်..။သူက နောက်တစ်ကြိမ်ထပ်ပြီး..သစ္စာဖောက်ခံရပြန်ပြီလို့ တွေးလိုက်မိတာပါ..

ဒီကမ္ဘာကြီးနှစ်ခုစလုံးမှာ သူ့ရဲ့ အားနည်းချက်ကိုသိထားတဲ့ လူဆိုလို့ နှစ်ယောက်တည်းပဲ ရှိပါတယ်..။တစ်ယောက်က နစ်ဖီ ဖြစ်ပြီး..သူမက အဝေးတစ်နေရာမှာ ရှိနေခဲ့တယ်..။ကိုင် နဲ့ အယ်ဖီတို့ကလည်း သူ့ရဲ့ အားနည်းချက်ကို ခန့်မှန်းမိပြီး လောက်ကြပါပြီ..။သို့ပေမေယ့်..သူက ဒီကိစ္စကိုမပြောချင်တာကြောင့် လေးစားသမူ အနေနဲ့ တိတ်တဆိတ်သာ နေခဲ့ကြပါတယ်..။

ကတ်စီတစ်ယောက်တည်းသာ ကျန်နေတော့တယ်..။

ကတ်စီ ဆိုတာက အခု ဒီ ညဘုရားကျောင်းဝန်းထဲမှာ ရှိနေတဲ့ သူ ဖြစ်ပြီး..သူ့ကိုလည်း တစ်ကြိမ် သစ္စာဖောက်ဖူးပါတယ်..။

သို့ပေမယ့် အနည်းငယ် စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ စွမ်းရည်နဲ့ ပတ်သက်တာကို သိထားတဲ့ နောက်ထပ် သက်ရှိတစ်ဦးရှိနေသေးတယ် ဆိုတာကို ဆန်နီ နားလည်လိုက်တယ်..။ဒီပြသနာကတော့..အချိန် အတော်…အတော်ကြာကတည်းက..သေဆုံးသွားခဲ့ပါပြီ..။

မှန်သားရဲ….

တက်ရောက်မူအဆင့် ပုံရိပ်ယောင် ဟာ..သူ့ရဲ့ စွမ်းရည်ကို ပုံတူကူးယူသွားခဲ့တာကြောင့် ဒီအရာက တစ်နည်းနည်းနဲ့ ပေါက်ကြားသွားနိုင်ပါတယ်..။ပြီးတော့..မော်ဒရက်က ကတ်စီထက်စာရင်..ဒီမှန်သားရဲ နဲ့ပဲ ပိုပြီးတော့ ဆက်စပ်မူ ရှိနေခဲ့တာပါ..။

ဘာမှမရှိတဲ့ မင်းသားဟာ..အစတုန်းက သူ့ရဲ့ အရိပ်အစေခံ စွမ်းရည်နဲ့ ပတ်သက်ပြီး ဘာမှ မသိထားဘူး ဆိုတာကို ဆန်နီ သေချာပြောနိုင်ပါတယ်..။မဟုတ်ရင် အောက်ဘက်ကောင်းကင်ရဲ့ ချောက်နက်မှာတုန်းက..သူ သိထားပြီးတဲ့ အရာအတွက် အံ့ဩနေမှာမဟုတ်ပါဘူး..။

ဆိုလိုတာက..ဆိုလိုတာက..သူက မှန်အပိုင်းအစကို..ညဘုရားကျောင်းဆီကို ယူလာတဲ့ အချိန်ကြမှ..မော်ဒရက်က ဒီအချက်အလက်တွေကို ရရှိသွားခဲ့တာပါ..။ဒါကလည်း…သူက မှန်သားရဲ သိထားသလောက်ကိုသာ သိရှိထားတယ်လို့ ဆိုလိုပါတယ်..။တကယ်လို့ ဒီ ခန့်မှန်းမူသာ မှန်ကန်မယ်ဆိုရင်..ဆန်နီက မော်ဒရက် သိရှိဖို့ကျန်ရှိနေတဲ့ အချက်အလက်ကို အသုံးပြုပြီး သူ့ရဲ့ အားသာချက်အဖြစ် ပြောင်းလဲနိုင်ပါလိမ့်မယ်..။

…ဒါမှမဟုတ်..သူပဲမှားယွင်းသွားပြီလား..။ကတ်စီက သူ့ကို နောက်တစ်ကြိမ် သစ္စဖောက်သွားတာ မဖြစ်နိုင်ဘူးလား..။

သူက သူမကို ယုံကြည်မှာလား..မယုံကြည်ဘူးလား ဆိုတဲ့ အပေါ်မှာ ကိစ္စရပ်တွေ အများကြီး မူတည်နေခဲ့တယ်..။ဒါက သူ့ရဲ့ အသက်လည်း အပါအဝင်ပါပဲ..။

ဆန်နီ မျက်မှောင် ကျုတ်လိုက်ပြီး..ပုံမှန်အသံနဲ့ ပြောလိုက်ပါတယ်...။

“မင်းကြည့်ရတာ ပျော်နေသလိုပဲ..။ဒီတော့…အခု အက်စတာရီယွန်လား ၊ ဘာပဲဖြစ်ဖြစ် အဲတာက ငါနဲ့ ဘာမှမသက်ဆိုင်မှန်း သိပြီဆိုတော့…မင်းရဲ့ အစီစဉ်ကို ပြန်ပြီး စဉ်းစားပေးနိုင်မလား..။ငါ့ကို ဒီတိုင်း လွှတ်ပေးလိုက်ရင်ရော..”

မော်ဒရက် ရယ်မောလိုက်တယ်..။

“မင်း ဘယ်လိုထင်လဲ..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။

“အရိုးသားဆုံးပြောရရင်..ငါ ဘယ်လိုတွေးရမလဲ ဆိုတာကိုတောင် မသိတော့ဘူး..။အနည်းဆုံးတော့ မင်းနဲ့ ပတ်သက်လာရင် မတွေးတတ်တော့ဘူး.။မင်းက တကယ်ကို လှည့်စားတတ်တဲ့ ခွေးသားပဲ..မင်းလည်း ဒါကို သိထားမှာပါ ဟုတ်တယ်မလား..။အိုး..ဒါကို စော်ကားတာလို့ မယူဆလိုက်နဲ့နော်..။ငါပြောလိုက်တဲ့ စကားတွေက..ချီးမွှမ်းမူတွေ ချည်းပဲ..”

ဘာမှမရှိတဲ့ မင်းသားဟာ ခေါင်းခါယမ်းလိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးလိုက်တယ်..။

“ကောင်းပြီလေ..။မှန်တစ်ချပ်ဆိုတာက..သူ့ရဲ့ ရှေ့မှာရှိနေတဲ့ အရာကို..အလင်းပြန်ပေးနိုင်တဲ့ အရာပဲ..ဆန်းလပ်စ်..။ငါ့ရဲ့ ရှေ့မှာ ရှိနေတဲ့ အရာမှန်သမျှက ရက်စက် ၊ ကြမ်းကြုပ် ပြီး..လှည့်စားမူတွေချည်းပဲ ဖြစ်နေတာက ..ငါ့ရဲ့ အပြစ်များ ဖြစ်နေတာလား..။ငါတော့ အဲလိုမဟုတ်ဘူးလို့ ထင်တာပဲ..။ဒီလိုဆိုရင်တောင် ငါ့ရဲ့ အပြစ်ဖြစ်နေနိုင်တယ်လေ..။ဘာပဲဖြစ်ဖြစ်..ငါကတော့ ဂရုမစိုက်ဘူး..။တကယ်လို့ မင်းအပြစ်တင်ချင်တယ် ဆိုရင်လည်း..ငါ့အတွက် အသုံးဝင်နေတဲ့ မင်းရဲ့ ကံတရားကိုပဲ အပြစ်တင်လိုက်ပါ..”

သူ့ရဲ့ မျက်လုံးတွေက ညို့ငင်တတ်တဲ့ အနီရောင် အလင်းရောင် တောက်ပသွားခဲ့တယ်..။ဆန်နီရဲ့ မျက်လုံးတွေက ပိတ်ထားခဲ့ပေမယ့်..သူက ရုတ်တရက် နှေးကွေး လေးလံ သွားသလို ခံစားရပြီး. ကြွက်သားထဲက ခွန်အားတွေ ထွက်ခွာသွားသလို ခံစားလိုက်ရပါတယ်..။သူ တုန်လှုပ်သွားခဲ့ပြီး..ရက်စက်သော မြင်ကွင်းကို အသုံးပြုကာ..ကိုယ်ကိုကို ထောက်ထားလိုက်ရတယ်..။

“အား..ခ..ခနလေး..။ငါတို့ ဒီဟာကို မစတင် ခင်မှာ မေးခွန်းတစ်ခုလုံး ဖြေပေးသွားလို့ ရနိုင်မလား..”

မော်ဒရက် ပြုံးလိုက်ပြီး..

“သေချာတာပေါ့..။ဘာလို့ မဖြေပေးနိုင်ရမှာလဲ..။မင်း ဘာသိချင်တာလဲ..”

ဆန်နီ တစ်ခုခု ပြောတော့မယ့်အလား အားစိုက်ထုတ်နေခဲ့တယ်..။သူ့ရဲ့ ပါးစပ်တွေ ပွင့်လာခဲ့ပါတယ်..။

သို့ပေမယ့် တစ်ခုခု ပြောရမယ့် အစား..သူက ရိုးရှင်းစွာပဲ တိုက်ခိုက်မူ တစ်ခုကို ပြုလုပ်လိုက်ပါတယ်..။

ဘာမှမရှိတဲ့ မင်းသားက သူ့ရဲ့ သေးငယ်တဲ့ လှည့်စားမူလေးကို သဘောကျသွားပြီး ရယ်မောလိုက်တယ်..။သူ့ရဲ့ ဆေဘာဓားက ရှေ့ကို တိုးဝင်သွားခဲ့ပြီး ရက်စက်သော မြင်ကွင်းနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်..။

သို့ပေမယ့် ခနအကြာမှာပဲ..သူ့ရဲ့ ရယ်မောမူတွေက ရပ်တန့်သွားခဲ့ပါပြီ..။

….

မော်ဒရက်နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ..သူ့အနိုင်ရနိုင်တဲ့ ဆိုတဲ့ ထင်ယောင်ထင်မှားမူမျိုးတွေ ဆန်နီမှာ လုံးဝ မရှိပါဘူး.။အထူးသဖြင့် ဒီခွေးသားက အားကောင်းတဲံ မာစတာတစ်ယောက်ရဲ့ ခန္တာကိုယ်ကို ယူထားပြီး..သူမရဲ့ ရန်သူကို အားနည်းပြီး..မိမိကိုယ်ကို သန်မာစေတဲ့ စွမ်းရည်ကို အသုံးပြုနေတဲ့ အချိန်မျိုးမှာ အနိုင်မယူနိုင်လောက်ပေ..။

သို့ပေမယ့်..ဒီလိုဆိုရင်တောင်..ဆန်နီက ဘယ်တုန်းက မျှမျှတတ တိုက်ခိုက်ခဲ့ဘူးလို့လဲ..။

အစကတည်းက သူက စွန့်ပစ်ခံ မင်းသားရဲ့ ချယ်လှယ်မူကို ခံနေခဲ့ရတယ်..။သူ ပြုလုပ်နေတဲ့ နောက်တစ်လှမ်းဆုတ်ခွာမူတွေကလည်း..မှန်ကန်တဲ့ နေရာယူမူ အတွက် ပြုလုပ်နေခဲ့တာပါ..။ရက်စက်သော မြင်ကွင်းကို ဆုပ်ကိုင်ပြီး ရပ်နေတဲ့ ဒီနေရာက သေချာတွက်ချက်ထားခဲ့တာဖြစ်တာကြောင့်..မှန် ဓားသွားက ဆန်နီ မော်ဒရက်ကို မြင်စေချင်တဲ့ အစိတ်အပိုင်းကိုပဲ အလင်းပြန်ထားပါတယ်..။

ဒါမှမဟုတ်..ဒါက..မော်ဒရက် မြင်ခွင့်မရှိတဲ့ အရာတွေကို မြင်တွေ့နိုင်စွမ်း မရှိနိုင်ပေ..။

…ပြီးတော့ အဲဒီအချိန်မှာပဲ..သူ့ရဲ့ ကြိုးစားအားထုတ်မူတွေက နောက်ဆုံးမှာ..အရာထင်လာခဲ့ပါတယ်..။

..ဘာလို့လဲဆိုတော့ အဆုံးမှာ သူက ကတ်စီကို ယုံကြည်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့လို့ပါပဲ..။

မျက်မမြင် မိန်းကလေးက..ခန်းမရဲ့ ဝင်ပေါက်ဖြစ်တဲ့ မင်းသားရဲ့ အနောက်ဘက်ကနေပြီး ထွက်ပေါ်လာခဲ့တယ်..။သူမရဲ့ မျက်လုံးတွေကို ငွေရောင် မျက်နှာဖုံးတစ်ဝက်နဲ့ ဖုံးကာထားဆဲဖြစ်ပေမယ့်..သံမဏီအကာအကွယ် နဲ့ အပြာရောင် ကုတ်အက်ျီက မရှိတော့ပေ..။အဲဒီအစား သူမက ရိုးရှင်းပြီး ပေါ့်ပါးတဲ့..ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားခဲ့တာပါ..။

ဒါကတော့ နစ်ဖီ သူမကို ပေးခဲ့တဲ့ မှတ်သားမူ လက်ဆောင်တစ်ခုပါ..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဒီအက်ျီကို ပထမအိပ်မက်ဆိုးမှာတင်..နိုးထမူအဆင့် တယ်ရာကို ဒီမှတ်သားမူကို ရယူနိုင်ခဲ့ပါတယ်..။ဒီ အကာအကွယ်က ဝတ်ဆင်ထားတဲ့ သူကို ရန်သူက သိပ်ပြီး သတိမထားမိအောင် ကာကွယ်ပေးနိုင်တဲ့စွမ်းရည်တွေ ပါဝင်ပါတယ်..။

သတိထားခြင်းမခံရတဲ့ ကတ်စီဟာ..ဒူးထောက်ချလိုက်ပြီး..သူမရဲ့ ရှေ့ဘက်က ကြမ်းပြင်မှာ တစ်ခုခု ထားလိုက်တယ်..။

ဒါကတော့ ကြီးမားတဲ့ သစ်သားသေတ္တာကြီးတစ်ခုဖြစ်ပြီး..သူ့ရဲ့ အပေါ်ယံမှာတော့ လှပပေမယ့် ရှုပ်ထွေးတဲ့ ပုံစံခွက်တွေကို အလင်းပြန်ထားခဲ့ပါတယ်..။သူ့ရဲ့ အဖုံးက အနည်းငယ် ပွင့်နေတုန်းဖြစ်ပြီး..မီလီမီတာ အနည်းငယ်လောက် အထက်ကို ရောက်နေခဲ့တယ်..။

ဆန်နီ ပြုံးလိုက်မိပါတယ်..။

‘တွေးတာ ကောင်းတယ်..’

ဒီ သေတ္တာက အစီစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ပေမယ့်..ကတ်စီက လက်ထဲမှာရောက်နေတဲ့ အခွင့်အရေးကို အသုံးပြုချင်နေပုံရပါတယ်..။

ရက်စက်သော မြင်ကွင်းရဲ့ ဓားသွားက..ဝယ်သီရဲ့ဓားရှည်နဲ့ တွေ့သွားတဲ့ အချိန်မှာတော့..မျက်မမြင် မိန်းကလေးက..အဖုံးကိုင်ပြီး ဖွင့်လိုက်တယ်..။ပြီးတာနဲ့ သေတ္တာထဲကို သူ့ရဲ့ ဝိဉာဉ်အဆီအနှစ်တွေ ထည့်သွင်းပါတော့တယ်..။

အတွင်းထဲမှာတော့..မှန်ထောင်ချောက်က ငွေရောင် အပြားတွေအဖြစ် အစီအရီရှိနေခဲ့ပြီး တစ်ခုကို တစ်ခု အလင်းပြန်ကာ..အဆုံးမရှိတဲ့ အလင်းပြန်မူ ဝက်ပါကြီးတစ်ခု အဖြစ် ဖော်ပြထားခဲ့ပါတယ်..။သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ပုံစံခွက်တွေကလည်း..မှိန်ပြပြ အလင်းရောင်လေးနဲ့ တိတ်ဆိတ်နေခဲ့တယ်..။

မော်ဒရက် ဟာ ယိမ်းယိုင်သွားခဲ့ပြီး သူ့ရဲ့ ရယ်မောမူတွေကလည်း တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားခဲ့ပါပြီ..။သူ့ကြည့်ရတာ အားနည်းသွားတဲ့ ပုံပါပဲ..။

ဆန်နီ က ဓားရှည်ကို ဘေးဘက်ကို လွယ်ကူစွာ ဖယ်ရှားလိုက်ပြီး..လှံရှည်ကို ရှေ့ဘက်ဆီ ထိုးသွင်းလိုက်တယ်..။ဒီတိုက်ခိုက်မူက..တစ်ချက်တည်းနဲ့ ရန်သူကို အဆုံးသတ်ဖို့ ရည်ရွယ်ထားခဲ့တာပါ..။ရက်စက်သော မြင်ကွင်းရဲ့ ထိပ်ဖျားက ဝယ်သီရဲ့ အသွေးအသားထဲကို ဝင်ရောက်သွားခဲ့ပေမယ့် ဒဏ်ရာက သေစေနိုင်လောက်အောင် အထိတော့ မဟုတ်ပေ..။ခနအကြာမှာတော့..မော်ဒရက်က..နောက်ကို ခုန်ဆုတ်လိုက်ပြီး..သူ့ရဲ့ ဓားရှည်ကို မြှောက်ကာ ..တုန်ရီစွာနဲ့ ခုခံမူ အသွင်အဖြစ်‌ေပြာင်းလဲလိုက်ပါတယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..သစ်သားသေတ္တာဆီကို ရောက်သွားခဲ့ပါပြီ..။

“ချီးပဲ..အဲဒီအရာ..”

သွေးတွေက..သူ့ရဲ့ နံရိုးဘေးကနေ ထွက်ပေါ်နေခဲ့ပေမယ့်စွန့်ပစ်ခံရတဲ့ မင်းသားဟာ..ဒါကို ဂရုမစိုက်ခဲ့ပေ..။

ဆန်နီလည်း ဒါကို စိတ်မဝင်စားပါဘူး..။သူက ရှေ့ကို တက်သွားလိုက်ပြီး..ဓားနဲ့ ပိုင်းခုတ်လိုက်သလို ဟန်ဆောင်လိုက်ကာာ..ထိုးနှက်မူ အသွင်အဖြစ်ပြောင်းလဲလိုက်တယ်..။မှန် ထောင်ချောက်က မော်ဒရက်ကို ဘယ်လောက်အထိ အချိန်ကြာအောင် နှေးကွေးပေးထားနိုင်မလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ..။သူက ဒီ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့အတွက် လိုအပ်ပါတယ်..။

မော်ဒရက်က ..တိုက်ခိုက်မူကို လွတ်ရုံကလေး ရှောင်တိမ်းလိုက်ပြီး မြင်နိုင်ရတဲ့ အမြန်နှုန်းနဲ့ ရွေ့လျားလိုက်တယ်..။သူ့ရဲ့ နှုတ်ခမ်းက လှုပ်သွားခဲ့ပါတယ်..။

“ဟေး..ဆန်းလပ်စ်…မင်းဘာလို့…အဲဒီ သေတ္တာကို သွာမဖျက်ဆီးတာလဲ..”

ဆန်နီ ရှေ့ကို ထပ်တက်လိုက်ပြီး..အကွာအဝေးကို လျော့ချလိုက်ကာ..ရက်စက်သောမြင်ကွင်းကို ဓားအသွင် ပြောင်းလဲပြီး တိုက်ခိုက်လိုက်တယ်..။ဒါက လေထဲမှာ အရောင်လက်သွားခဲ့ပေမယ့် ထပ်ပြီး ဖယ်ရှားခံလိုက်ရပြန်ပါတယ်..။သူ့ရဲ့ စွမ်းအားတွေ လျော့ချခံထားရတယ် ဆိုရင်တော့ မင်းသား က အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နေတုနး်ပါပဲ..။

မော်ဒရက် အံကိုကြိတ်ထားလိုက်ပြီး..

“မလုပ်ဘူးလား..။အာ..ဒါပေမဲ့ ငါကတော့ ကြိုးစားဦးမှာပဲ..။မင်းဘာလို့ မင်းရဲ့ အဲဒီ မျက်မမြင် လေးကို သွားမသတ်တာလဲ..”

သူ့ရဲံ မျက်လုံးတွေက ရက်စက်မူ ၊ ကျေနပ်အားရမူတွေနဲ့ တောက်ပသွားခဲ့တယ်..။

“အလင်းမှ ပျောက်ဆုံးသူ လား…။အဲဒါက မင်းရဲ့ အစစ်အမှန်နာမည်မလား…ဟုတ်တယ်နော်..။အခု သွားလုပ်လိုက်..”

ဆန်နီ အေးခဲသွားပြီး သူ့ရဲ့ ဓားက တုန်ရီသွားခဲ့တယ်..။

ယင်းနောက်သူ့ရဲ့ မျက်နှာက သရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသလို ဖြူဖျော့သွားခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက ထိပ်လန့်မူကြောင့် ပြူကျယ်သွားခဲ့တယ်..။သူ ဖြည်းညှင်းစွာ လှည့်ပြီး ကတ်စီဘက်ကို မျက်နှာမူလိုက်ပါတယ်..။သူ့ရဲ့ နှုတ်ခမ်းမှာတော့..ထူးဆန်းတဲ့ အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

မော်ဒရက်ဟာ ပြုံးလိုက်ပြီး..ခုခံကာကွယ်ဖို့အတွက်ကို သတိမထားတော့ပါဘူး..။

…အဲ့အချိန်မှာပဲ..ရက်စက်သော မြင်ကွင်း သွယ်လျှတဲ့ ဓားရှည်ကို အလွယ်တကူ ကျော်ဖြတ်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို အလွယ်တကူ ဖောက်ဝင်သွားခဲ့တယ်..။

ဆန်နီ နှာခေါင်းရှုတ်လိုက်ပြီး..

“..မင်းဘာလို့ ငရဲကို မသွားတာလဲ..။ငါ့မှာက သခင်တစ်ယောက် ရှိနေပြီးသား…”

အပိုင်း ( ၅၈၉ ) ပြီး၏။

All Chapters