အိမ်ရှင်
Vol. 40 Ch. 590
အမှန်တကယ်ပဲ..ဆန်နီ တွေးထားတဲ့ အတိုင်းဖြစ်နေခဲ့တယ်..။
မော်ဒရက်က..သူ့ရဲ့ သားရဲ ချန်ထားရစ်ခဲ့တဲ့ မှန်အပိုင်းအစကနေပြီး..ဒီ လျိုဝှက်ချက်တွေကို သိရှိခဲ့တာပါ..။သူက ဆန်နီရဲ့ ဂဏ္ဍစွမ်းရည်တွေကို သေချာသိထားတာမျိုး မဟုတ်ပဲ..သူ့ရဲ့ အလင်းပြန်မူ သိထားသလောက်သာ သိထားခဲ့ပါတယ်..။
ပြီးတော့..သူ့ရဲ့ အလင်းပြန်မူ သိထားတဲ့ အရာက ပြည့်စုံခြင်း မရှိပါဘူး..။
ဒါကြောင့်ပဲ..တွက်ချက်တတ်တဲ့ မင်းသားက..ဆန်နီရဲ့ အစစ်အမှန် နာမည်ကို အသုံးပြုပြီး..သူ့ကို ကျွန်ပြု နိုင်မယ်လို့ ထင်နေခဲ့တာပါ..။ဒါပေါ့ မော်ဒရက်ကလည်း..အလင်းမှပျောက်ဆုံးသူ မှာ သခင်တစ်ယောက် ရှိနေပြီးပြီ ဆိုတဲ့ အချက်ကို ကြိုတင် တွက်ဆထားခဲ့တယ်..။သို့ပေမယ့်..ဆန်နီက သူ့ထက် ခြေတစ်လှမ်း ပိုသာ သွားခဲ့ပါတယ်..။သူက..အချိန်ကိုက် အတိအကျ ဆိုသလိုပဲ..ကျွန်ပြုခံရတဲ့ လူတစ်ယောက်လိုမျိုး ဟန်ဆောင်ခဲ့တယ်..။
ပြီးတဲ့နောက်မှ တိုက်ခိုက်လိုက်ပါတယ်..။
…ရက်စက်သော မြင်ကွင်းဟာ..ရှေ့ကို တိုးဝင်သွားခဲ့ပြီး..မှန်သားရဲရဲ့ ဓားကို ရှောင်ရှားကာ..သူ့ရဲ့ အသွေးအသား ထဲကို စိုက်ဝင်သွားခဲ့ပါတယ်..။အဲတာက..အနက်ရောင် အက်ျီကိုဖြတ်ကာ..ဝယ်သီရဲ့ ခန္တာကိုယ်ထဲကို စိုက်ဝင်သွားခဲ့ပြီး..နောက်ကျောဘက်ကနေ ပြန်ထွက်လာခဲ့တယ်..။
မော်ဒရက် ရဲ့ မျက်နှာကတော့..အံ့ဩမူ ၊ နာကျင်မူတွေ အပြည့်နဲ့..ရှုံ့မဲ့နေခဲ့ပါပြီ..။
ဒါပေါ့ ဆန်နီကတော့ ဒီအရာကို မမြင်နိုင်ပါဘူးး..။သူက လက်ရှိအချိန်အထိ အရိပ်အာရုံခံမူကို အသုံးပြုပြီး ကမ္ဘာကြီးတစ်ခုလုံးကို..သိမြင်အောင် ကြိုးစားနေခဲ့ရတာပါ..။သူခံစားလိုက်ရတာ ဆိုလို့..ရန်သူရဲ့ ခန္တာကိုယ်ကို ဖောက်ဝင်သွားတဲ့ အတွက် သူ့ရဲ့ လက်တစ်ခုလုံး တုန်ရီသွားခဲ့တာပါပဲ..။
ခနအကြာမှာတော့..ဘာမှမရှိတဲ့ မင်းသားက ညဉ်းညူလိုက်ပြီး..သူ့ရဲ့ ပါးစပ်ထဲကနေ သွေးတွေ ဆက်တိုက်စီးကျလာခဲ့တယ်..။
ယင်းနောက် သူက ဓားရှည်ကို ဝေ့ယမ်းလိုက်ပြီး..ဆန််နီကို နောက်ကို ဆုတ်ဖို့အတွက် ဖိအားပေးလိုက်တယ်..။ရက်စက်သော မြင်ကွင်းက ဆိုးဝါးတဲ့ ဒဏ်ရာကနေ ပြန်လည်ဆုတ်ခွာ သွားတဲ့ အချိန်မှာတော့..လမ်းတစ်လျောက်လုံး ကို..ပိုမိုဆိုးဝါးသွားစေခဲ့ပါတယ်..။ဆန်နီဟာ ဒီနေရာမှာ တိုက်ပွဲကို အဆုံးမသတ်နိုင်ခဲ့တဲ့ အတွက် အနည်းငယ် စိတ်ပျက်သွားခဲ့ပေမယ့်..ဒါက အခြေအနေကို ခက်ခဲသွားစေတာကတော့ အမှန်ပါပဲ..။
သူ ပေးအပ်လိုက်တဲ့ ဒဏ်ရာက..ချက်ချင်း သေဆုံးစေနိုင်တဲ ဒဏ်ရာမျိုးမဟုတ်ပေမယ့်..သေးဆုံးဖို့ အတွက်ကတော့ ရှောင်လွှဲလို့ မရပါဘူး..။အခုတော့..သူ လုပ်ဖို့ လိုအပ်တာဆိုလို့..ရန်သူ သွေးထွက်လွန်မယ့် အချိန်ကို စောင့်နေဖို့ပါပဲ..။မာစတာ တစ်ယောက်ရဲ့ ခန္တာကိုယ်ဆိုရင်တောင်..သွေးတွေ အဆက်အပြတ်ထွက်နေတဲ့ အကျိုးဆက်ကို ခံစားနိုင်မှာမဟုတ်ပေ..။
ကြည့်ရတာတော့ မော်ဒရက် ကလည်း..ဒီဟာကို သဘောပေါက်တဲ့ ပုံပါပဲ..။သူ့က သွေးထွက်လွန်ပြီး အားနည်းမလာခင်မှာ ရှေ့ကို အမြန်တက်လာပြီး..ဆန်နီကို သတ်ဖို့ ကြိုးစားချင်နေခဲ့ပါတယ်..။
…ဒါမှမဟုတ်..ဆန်နီ က ဒီလိုထင်ခဲ့တာပါ..။
‘ဘာလဲ..’
ဘာမှမရှိတဲ့ မင်းသားဟာ.. ဓားရှည်နဲ့ သူ့ကို တိုက်ခိုက်ရမယ့် အစား..ရက်စက်သောမြင်ကွင်းကိုသာ ဘေးကို တွန်းထုတ်လိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို ထပ်တက်လာခဲ့ပြီး..နောက်ဆုံးမှာတော့..ဆန်နီအနားကို ရောက်လာခဲ့ကာ..လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်..။
‘သူ ရူးနေတာလား…’
ဒီလောက် နီးကပ်တဲ့ အကွာအဝေးမှာဆိုရင်..ဆန်နီအတွက် အားသာချက်တွေ အများကြီးပါပဲ..။မော်ဒရက်က ဓားရှည်နဲ့ သူ့ကို မခုတ်နိုင်တော့တဲ့ အချိန်မှာ..သူက သူ့ရဲ့ ဓားရှည်ကို ချက်ချင်း တိုဝင်အောင် လုပ်လို့ရပါတယ်..။ပြီးရင်တော့..ဘယ်သူမှ သူ့လည်ပင်းကို လာ မညှစ်ခင်မှာတင်..ဓားနဲ့ ထိုးလိုက်လို့ ရပါတယ်..။
ဒီတိုက်ခိုက်မူကြီးကတော့..လုံးဝကို အဓိပ္ပာယ် မရှိပါဘူး..။
သို့ပေမယ့် နောက်ထပ်တစ်ခန အတွင်းမှာတော့.တစ်ခုခုက မှားယွင်းနေတာကို သူ ခံစားလိုက်ရတယ်..။
ပြီးတဲ့နောက်မှာတော့..သူ့ရဲ့ ရင်ဘတ်မှာ စူးရှတဲ့ နာကျင်မူတစ်ခုက ထိုးဖောက်ဝင်ရောက်လာခဲ့တာကို ခံစားလိုက်ရပါတယ်..။
ဆန်နီ အော်ဟစ်ပြီး..နောက်ကို ယိမ်းယိုင်သွားကာ..ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်..။တစ်နည်းအားဖြင့် ဘာမှမရှိတဲ့ မင်းသားဟာ..သဘောတရားတွေ အားလုံးကို ဆန့်ကျင်ပြီး နောက်ထပ်တစ်ကြိမ် ဘာမှမဖြစ်သလို ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ သွေးသံတရဲရဲ ဒဏ်ရာကြီးက အခုဆိုရင် မရှိတော့ပါဘူး..။
အဲဒီအစား..ဆန်နီက ကိုယ့်ဓားနဲ့ ကိုယ် ပြန်ထိုးခြင်း ခံရသလို ခံစားနေခဲ့ရတယ်..။ထာဝရ ချိန်း ရဲ့ ချပ်ဝတ်မျက်နှာပြင်က မကျိုးပဲ့ပဲ ရှိနေခဲ့ပေမယ့်..သူ့ရဲ့ ရင်ဘတ်မှာ နက်ရှိုင်းတဲ့ ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့ပြီ ဆိုတာကို သူ ခံစားနေခဲ့ရပါတယ်..။
‘ခ…ချီးတဲ့မှပဲ…’
သူက နာကျင်မူကို အံတုရင်း..ကျရောက်လာတဲ့ ဓားရှည်ကို ဘေးကို လှိမ့်ပြီး ရှောင်ရှားလိုက်တယ်..။ကံကောင်းချင်တော့..မော်ဒရက်က သူ့နောက်ကို ဆက်လိုက်မလာတော့ပဲ..ကတ်စီ နဲ့ မှန် ထောင်ခြောက်ဆီကိုသာ ဦးတည်သွားလိုက်ပါတယ်..။
‘ချီးပဲ….ချီးပဲ…ဝယ််သီ..’
ဘာတွေဖြစ်ပျက်ခဲ့တာလဲ…သူ့ရဲ့ ရင်ဘတ်မှာ ဘယ်လိုလုပ် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာတာလဲ ဆိုတာကို ဆန်နီ ရှင်းရှင်းလင်းလင်း မသိပေမယ့်..ခန့်မှန်းမိတာလေးတော့ ရှိနေခဲ့ပါတယ်..။ဝယ်သီရဲ့စွမ်းရည်က..ရန်သူရဲ့ စွမ်းအားတွေကို လျော့ကျစေပြီး..သူ့ရဲ့စွမ်းအားတွေကို မြင့်တင်နိုင်စွမ်းရှိနေယုံတင်မကပဲ…သူမ ရရှိထားတဲ့ ဒဏ်ရာတွေကိုပါ တစ်ခြားတစ်ယောက်ဆီကို လွဲပြောင်းနိုင်နေတဲ့ ပုံပါပဲ..။မာစတာ တစ်ယောက်မှာက..ဂဏ္ဍစွမ်းရည် သုံးခု ရှိပါတယ်..
သူမရဲ့ တတိယမြောက် စွမ်းရည်က..သူမ ခန္တာကိုယ်ပေါ်က..ဒဏ်ရာတွေကို တစ်ခြားတစ်ယောက်ဆီ လွှဲပြောင်းပေးလို့ ရနေတာလား..
ဒီလိုဆိုရင်တော့..သူက ကိုယ့်ဓားချက်နဲ့ကို သေဆုံးရတော့မှာလား..
မဟုတ်ဘူး..မဟုတ်ဘူး..သူ သေမှာမဟုတ်ဘူး..
မော်ဒရက်နဲ့ မတူတဲ့ အချက်က..ဆန်နီက သွေးထွက်လွန်ပြီး သေစရာအကြောင်း မရှိပါဘူး..။အမှန်တော့..သူ့မှာ သွေးထွက်နေတယ် ဆိုတာက ရှားပါးပါတယ်..။သူ့ရဲ့ ခန္တာကိုယ်က ထိုးဖောက်ခံရပြီး ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားတယ်ဆိုပေမယ့် ကံကောင်းချင်တော့..သွေးထွက်လွန်ပြီး သေတယ်ဆိုတာက..သူ ခံနိုင်ရည်ရှိတဲ့ အရာနှစ်ခုတည်းက တစ်ခု ဖြစ်နေခဲ့ပါတယ်..။
နောက်ထပ်တစ်ခုကတော့..အရိုးတွေ ကျိုးကြေသွားခြင်းပါပဲ..။
ဝီဗာရဲ့ စွမ်းအားတွေ ရှိနေတာကြောင့်.. သူ့ရဲ့ ခန္တာကိုယ်က ဒီလိုအရာမျိုးတွေ ဖြစ်ပေါ်လာဖို့ အတွက် ခွင့်မပြုခဲ့ပေ..။
“အား…”
ဆန်နီ နာကျင်စွာ ညဉ်းညူရင်း..မတ်တတ်ထရပ်လိုက်တဲ့ အချိန်မှာ အနည်းငယ်..ယိုင်နဲ့သွားခဲ့တယ်..။သူ့ အခြေအနေက သိပ်တော့ မကောင်းပါဘူး..။အမှန်တော့ အတော်လေးကို ဆိုးဝါးနေခဲ့တာပါ..။အသက်ရူလိုက်တိုင်း နိုပ်စက်နေသလို ခံစားနေရပြီး..သူ့ရဲ့ နှလုံးခုန်နှုန်းတွေကလည်း..ထူးဆန်းပြီး ပုံမှန်မဟုတ်သလို ခံစားနေခဲ့ရတယ်..။ခန္တာကိုယ် ကျုံ့သွားတိုင်းမှာ..ဝေဒနာတွေက ဆက်တိုက်ဖြစ်ပေါ်လာနေခဲ့တယ်..။
“ဒါ အဆင်ပြေတယ်..။ငါက ပိုဆိုးတဲ့ အခြေအနေတွေကိုတောင် ဖြတ်ကျော်ခဲ့သေးတာပဲ..’
ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို ဖြစ်တည်လာဖို့အတွက်..စိတ်နဲ့ ညွှန်ကြားလိုက်တယ်..။ပြီးတာနဲ့..သူ့ဘေးနားမှာ ဖြစ်ပျက်နေတာတွေကိုနားလည် သဘောပေါက်စေလိုက်ပါတယ်..။
မော်ဒရက်က တော့ ကတ်စီရဲ့ အပေါ်မှာ ရောက်နေခဲ့ပါပြီ..။သူ့ရဲ့ ဓားရှည်က သူမရဲ့ လည်ပင်းတည့်တည့်ကို ဦးတည်လာခဲ့တယ်..။မျက်မမြင် မိန်းကလေးက..သူ့ရဲ့ တိုက်ခိုက်မူကို ပြီးပြည့်စုံစွာ..ကာကွယ်ထားလိုက်တယ်..။သိသာစွာပဲ..တိတ်တဆိတ်ကခုန်သူက..ရန်သူရဲ့ ဓားချက်ကို တားဆီးထားခဲ့တာပါ..။မျက်မမြင် မိန်းကလေးက..အသက်ရှင်နိုင်ခဲ့တယ်..။
သို့ပေမယ့် သူမက နောက်ကို ဆုတ်ပေးလိုက်ရပြီး..မှန် ထောင်ခြောက်ရဲ့ အဝေးကို ရောက်သွားခဲ့ပါတယ်...။
သူမရဲ့ လက်က သစ်သား သေတ္တာရဲ့ မျက်နှာပြင်ကနေ လွတ်သွားလိုက်တာနဲ့ တစ်ပြိုင်နက်..ဝိဉာဉ်အဆီအနှစ် စီးဆင်းမူတွေက..ကြားဖြတ်ခြင်း ခံလိုက်ရပါတယ်..။ဒီလို ဖြစ်သွားခဲ့တာနဲ့ ပုံစံခွက်တွေ တောက်ပနေမူက မှေးမှိန်ကာ..ပျောက်ကွယ်သွားခဲ့ပါပြီ..။
မော်ဒရက် သက်ပြင်းချလိုက်ပြီး..
“မဆိုးဘူး..။ကောင်လေးတို့…တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲ..”
သူက မှန်ထောင်ချောက်ကို ကြည့်လိုက်ပြီး ဓားနဲ့ တစ်ချက်တည်း ပိုင််းဖြတ်ကာ..သစ်သားအပိုင်းအစတွေ ၊ ငွေရောင် မှန်ကွဲစတွေ ဖြစ်ပေါ်သွားစေခဲ့ပါတယ်..။
ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။
‘..ခရက်..’
သူ့အပေါ်မှာ ကျရောက်နေတဲ့ ဖိအားကို ဖယ်ရှားပြီး..ခိုးယူထားတဲ့ ခန္တာကိုယ်ကို အကောင်းဆုံး ပြန်အသုံးချနိုင်သွားတာကြောင့်..ဘာမှမရှိတဲ့ မင်းသားဟာ..ကျေနပ်တဲ့ အမူအရာနဲ့ အသက်ကို ဝအောင် ရူလိုက်ပါတယ်..။ယင်းနောက် ဆန်နီဘက်ကို လှည့်ကာ ပြုံးလိုက်ပြီး..
“အခု..ငါ ဘယ်သူ့ကို အရင်သတ်ပေးရမလဲ..”
နောက်ထပ်တစ်ခနမှာတော့..တောက်ပတဲ့ ဓားသွားက..ဖြစ်တည်လာမူ ပြီးမြောက်သွားခဲ့ပြီး အပြည့်အဝ ပုံပေါ်လာခဲ့ပါပြီ..။မကျိုးပျက်နိုင်သော..စွမ်းရည်က အသက်ဝင်လာတာကြောင့်..သူ့ကို နက်ရှိုင်းတဲ့ စွမ်းအားတွေနဲ့ ပြည့်ဝသွားစေခဲ့တယ်..။သူ့ရဲ့ သက်ရောက်မူက ဆန်နီ အိပ်စက်သူ ဘဝတုန်းက အခြေအနေလောက် အားမကောင်းတော့ပေမယ့်..အတော်လေးကို သက်ရောက်မူရှိနေတုန်းပါပဲ..။
သန်းခေါင်းယံ အမြုတေကို တစ်ဖက် ၊ ရက်စက်သော မြင်ကွင်းကို တစ်ဖက်က ကိုင်ထားတဲ့ ဆန်နီဟာ..မှန်ဓားသွားကို ကောင်းမီးတောက်ရဲ့ တောက်ပတဲ့ အလင်းရောင်တွေနဲ့ လွှမ်းခြုံနေစေခဲ့တယ်..။
“ဒီကို အရင်လာခဲ့ပါ..အရှင့်သား..။ကျွန်တော်မျိုးက..အလျင်မြန်ဆုံး သတ်ပြီး အဆုံးသတ်ပေးပါ့မယ်..”
ဆန်နီက သူ့ရဲ့ ရှေ့မှာရှိပြီး ၊ ကတ်စီက အနောက်မှာရှိနေတာကြောင့် မော်ဒရက်ဟာ ရယ်မောလိုက်တယ်..။
“အတော် ရယ်စရာ ကောင်းတာပဲ..။အာ..ဘယ်လောက်စိတ်မကောင်းစရာလဲ..။ငါမင်းကို သတိရနေတော့မှာပဲ ..ဆန်းလပ်စ်..”
ဒီလို ပြောပြီးတာနဲ့..သူက ဝေဝါးသွားခဲ့ပြီး..ရုတ်တရက်ဆိုသလိုပဲ ခြေလှမ်းအနည်းငယ် အကွာမှာ ပေါ်ပေါက်လာခဲ့တယ်..။သွေးသွယ်တဲ့ ဓာရှည်ကတော့..ကြောက်မက်ဖွယ် အရှိန်နှုန်းနဲ့..ကျဆင်းလာခဲ့ပါတယ်..။
သူတို့နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီး..တစ်ယောက်က တိုက်ခိုက်ကာ..တစ်ယောက်ကတော့ သနားစရာကောင်းလောက်အောင် ခုခံဖို့ ကြိုးစားနေခဲ့တယ်..။သံမဏိချင်း ထိတွေ့တဲ့ အသံတွေကတော့ နားစည်ကျိန်းလောက်အောင်ကို..ထွက်ပေါ်နေခဲ့ပါတယ်..။ဆန်နီ ကျိန်ဆဲလိုက်တယ်..။
ဒါက အဆုံးမရှိလောက်အောင် ကြာသွားပြီလို့ ထင်ရပေမယ့် အမှန်တကယ်တော့ စက္ကန့်အနည်းငယ်လောက်ပဲ ကုန်ဆုံးသွားခဲ့တာပါ..။တိတ်တဆိတ်ကခုန်သူက..ခန်းမရဲ့ တစ်ခြားတစ်ဖက်မှာ ရှိနေခဲ့တာကြောင့် သူ့ကို လာပြီး ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်ပေ..။
…ပြီးတော့..သူက တကယ်…တကယ်ကို အကူအညီ လိုအပ်နေခဲ့တာပါ..။
ဖြစ်နိုင်တာက..ဝယ်သီ ပိုင်ဆိုင်ထားတဲ့ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ရင်..ဆန်နီက မင်းသားရဲ့ တိုက်ခိုက်နေမူတွေကို တောင့်ခံနိုင်လောက်ပါတယ်..။အရိပ်သုံးခုက သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်ထားခဲ့ပြီး..မကျိုးပဲ့နိုင်သော စွမ်းရည်ရဲ့ အားဖြည့်မူတွေကိုပါ ပေါင်းစပ်လိုက်မယ် ဆိုရင်..သူက မာစတာ တစ်ယောက်ထက် အများကြီး နိမ့်ကျနေတာမျိုး မရှိတော့ပေ..။
သို့ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရ..မော်ဒရက်နဲ့ တိုက်ခိုက်နေရတာက မုန်တိုင်းတစ်ခုနဲ့ ရင်ဆိုင်နေရသလိုပါပဲ..။သူက သေစေနိုင်တဲ့ တိုက်ခိုက်လာမူတွေကို ရှောင်ရှားနိုင်ယုံမျှသာ ရှိပြီး..မိုးရွာသလို ဆက်တိုက်ကျဆင်းနေတဲ့ ကျန်တဲ့ တိုက်ခိုက်မူတွေကိုတော့..ဘာမှ တုန့်ပြန်ုနိင်မူ မရှိခဲ့ပေ..။ဘာမှမရှိတဲ့ မင်းသားက ကြောက်မက်ဖွယ်ကောင်းတဲ့ ကျွမ်းကျင်မူတွေနဲ့ တိုက်ခိုက်ပြီး..ဆန်နီကို အသက်ရူခွင့်တောင် မပေးခဲ့ပေ..။ကောင်းပြီလေ..စစ်ပွဲနတ်ဘုရားရဲ့ မျိုးဆက်ဆီကနေ သူက ဘာတွေများ မျှော်လင့်နိုင်ဦးမှာလဲ..။
ဒီခွေးသားက သူ့ရဲ့မျိုးနွယ်အတိုင်း အတိအကျပါပဲ..။
ထာဝရချိန်းက လက်ရှိမှာ တောင့်ခံနေခဲ့ပေမယ့်..ဒီအရာကလည်း သူ့ကို အကြာကြီး ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို ဆန်နီ သိထားပြီးသားပါ..။
တိတ်တဆိတ်ကခုန်သူက တိုက်ပွဲထဲမှာ ပူးပေါင်းလာခဲ့မယ် ဆိုရင်တောင် ဒါက ထူးခြားလာမှာ မဟုတ်ပါဘူး..။
ဆန်နီ သေချာစဉ်းစားလိုက်ပြီး..ရှင်သန်နိုင်ဖို့..လှည့်စားမူ ဒါမှမဟုတ် နည်းလမ်း တစ်ခုကို အမြန်တွေးတော လိုက်ပါတယ်..။သို့ပေမယ် သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..ဒီတိုက်ပွဲကို အနိုင်ရရှိနိုင်မယ့် နည်းလမ်းကို မစဉ်းစားနိုင်ခဲ့ပေ..။
ဒီတိုက်ပွဲရဲ့ အနေအထားအရတော့ မျှော်လင့်ချက်မဲ့နေခဲ့ပါပြီ..။
ဖြည့်ညှင်းစွာပဲ..အကြောက်တရားက သူ့ရဲ့ နှလုံးသားထဲကို ဝင်ရောက်လာခဲ့တယ်..။ဆန်နီဟာ..သူ့ရင်ဘတ်မှာဖြစ်ပေါ်နေတဲ့ ဆိုးဝါးတဲ့ နာကျင်မူကို လျစ်လျူရူထားပြီး..အံကိုကြိတ်ထားကာ..သူ့ရဲ့ ခွန်အားတွေ ၊ တွက်ချက်မူတွေ ၊ စိတ်ဆန္ဒတွေ အကုန်လုံးနဲ့ ဆက်လက်တောင့်ခံနေခဲ့ပါတယ်..။
ပြီးတော့..အဲ့အချိန်မှာပဲ ကတ်စီ ရဲ့ အသံက သူ့ရဲ့ နားထဲကို ဝင်ရောက်လာခဲ့တယ်..။
“နင့် မျက်လုံးတွေကိုဖွင့်လိုက်..”
သူ ကျောချမ်းသွားခဲ့ပြီး..ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့ အမှတ်တရ အချို့ကို ပြန်သတိရလိုက်တယ်..။
‘ဘာလဲ…သူမ စိတ်လွတ်သွားတာလား..’
“နင့်ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်…ဖွင့်လိုက်တော့..ဆန်နီ..”
ကတ်စီက ကယောင်ကတမ်း ဖြစ်နေတာလား..ဒါမှမဟုတ် သူ့ကို သတ်ဖို့ကြိုးစားနေတာလား..။မဟုတ်ရင် ဘာလို့ သူမက ဒီလိုတုံးအတဲ့ အကြံဉာဏ်မျိုးကို ပေးနေရတာလဲ..။
သူမရဲ့ အကြံဉာဏ်ကို နားထောင်ဖို့အတွက် သူ့မှာ ဆီလျော်တဲ့ အကြောင်းပြချက်တွေ တစ်ခုမှ ရှိမနေခဲ့ပါဘူး..။
..အဆုံးမှာတော့..အရာအားလုံးက..မျက်စိမှိတ်ပြီး ယုံလိုက်တယ် ဆိုတဲ့အရာအဖြစ် ကျရောက်သွားခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ မျက်ခွံတွေကို အားပြုကာ..မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပါတယ်..။
မော်ဒရက်ရဲ့ ပုံရိပ်က သူ့ရဲ့ အာရုံထဲကို ဝင်ရောက်လာခဲ့ပြီး..သူ့ရဲ့ ခိုးယူထားတဲ့ မျက်နှာပေါ်မှာ အံ့ဩမူနဲ့ ဝမ်းသာ ပျော်ရွှင်မူကို တွေ့နေခဲ့ရတယ်..။
ဆန်နီဟာ..ဝယ်သီရဲ့ မျက်လုံးထဲမှာ..ထာဝရချိန်းကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ပုံရိပ်ကို ပြန်မြင်နေခဲ့ရတယ်..။မဟုတ်ဘူး..မဟုတ်ဘူး..ဒါက သူ မဟုတ်ဘူး..။နက်ရှိုင်းတဲ့ အမှောင်ထု တစ်နေရာမှာ နောက်ထပ် ပုံရိပ်တစ်ခုက ပုန်းအောင်း နေနေသေးတယ်..။
..ယင်းနောက် ဒါက ပျောက်ကွယ်သွားခဲ့ပါတယ်..။
အေးစက်ပြီး..မရင်းနှီးတဲ့ တစ်စုံတစ်ခုက..ပုံရိပ်ထဲကနေတဆင့် သူ့အထဲကို ဝင်ရောက်လာခဲ့ပြီး..သူ့ ဝိဉာဉ်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို နစ်မြုပ်သွားခဲ့ပါပြီ..။
ခနအကြာမှာတော့..ကမ္ဘာကြီးတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့တယ်..။
အပိုင်း ( ၅၉၀ ) ပြီး၏။