ဝိဉာဉ် ပင်လယ်..
Vol. 40 Ch. 591
ဆန်နီဟာ..သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲက ..ငြိမ်သက်တဲ့ အမှောင်ထု ထဲမှာ ရောက်နေတာကို တွေ့လိုက်ရတယ်..။
ဒါက ခါတိုင်းလိုပဲ တိတ်ဆိတ်ပြီး..ဘာမှရှိမနေခဲ့ပါဘူး..။အနက်ရောင် နေလုံး သုံးလုံးက သူ့ရဲ့အထက်မှာ အမှောင်မီးတောက်တွေနဲ့ လောင်ကျွမ်းနေခဲ့ပြီး..ပြီးပြည့်စုံတဲ့ တြိဂံပုံစံ ဖန်တီးထားခဲ့ပါတယ်..။သူ့ရဲ့ မှတ်သားမူတွေဖြစ်တဲ့..ဂြိုလ်အလင်းရောင်လေးတွေက..သေအံ့ဆဲဆဲဖြစ်နေတဲ့ ကြယ်လေးတွေလိုမျိုး လွင့်မျောနေကြပါတယ်..။တိတ်ဆိတ်တဲ့ ရေပြင်ကတော့..ကျယ်ပြန်ပြီး..ခံစားချက်မဲ့နေခဲ့တယ်..။သူ့ရဲ့ အမြင်အာရုံနဲ့ အနည်းငယ် ဝေးတဲ့နေရာမှာတော့..အသက်မရှိတဲ့ အရိပ်တွေက..မလှုပ်မယှက်နဲ့ ရပ်နေကြပါတယ်..။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..တစ်ခုခုက ကွဲပြားနေခဲ့ပါပြီ..။
ဆန်နီက ဝိဉာဉ်ပင်လယ်ထဲကို ဝင်ရောက်တာက ဘယ်လိုမျိုးလဲဆိုတာကိုတောင် မမှတ်မိတော့ပါဘူး..။ထပ်ပြောရရင်..သူက အပြင်ကမ္ဘာရဲ့ အခြေအနေတွေကို လုံးဝ မသိတော့ပေ..။ပုံမှန်အားဖြင့် ဒီနေရာကို လာရောက်တာကသူ့ရဲ့ သိစိတ်ကို နှစ်ပိုင်းခွဲထားသလိုမျိုးပါပဲ..။တစ်ပိုင်းက ဝိဉာဉ်ပင်လယ်ထဲမှာ စူးစမ်းနေတဲ့ အချိန်မှာ ကျန်တဲ့တစ်ပိုင်းက အစစ်အမှန်အခြေအနေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေခဲ့တာတွေကို သိရှိနေခဲ့ပါတယ်..။ဒါက..ပုံရိပ်ယောင်တစ်ခုကို စိတ်ကူးယဉ်နေသလိုမျိုးဖြစ်ပြီး..ဒီလိုလုပ်တာက သူ့ရဲ့ အမြင်အာရုံ နဲ့ အကြားအာရုံကို မထိခိုက်စေခဲ့ပေ..။
သို့ပေမယ့်..အခုတော့..သူက အနက်ရောင် တိတ်ဆိတ်နေတဲ့ ပယ်လင်ကြီးရဲ့ အပြင်ဘက်မှာ ရှိမနေပဲ..ဒီနေရာ တစ်ခုတည်းမှာ ရှိနေတယ်လို့ ခံစားနေရပါတယ်..။
ဒါကို တွေးမိလိုက်တဲ့အချိန်မှာတော့..ဒါက အထီးကျန်ပြီး..ကြောက်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေခဲ့တယ်..။အစစ်အမှန်ကမ္ဘာကနေ ပိုင်းခြားထားပြီး..ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်မူကလွဲပြီး ဘာမှ ရှိမနေခဲ့တာကြောင့်..ဆန်နီဟာ ခါတိုင်းလိုပဲ တည်ငြိမ်ပြီး သက်သောင့်သက်သာ ပုံစံမျိုး ခံစားမနေခဲ့ရပါဘူး..။
…ပြီးတော့..သူက အမှောင်ထုထဲမှာ တစ်ယောက်ထဲရှိနေခဲ့တာ မဟုတ်ပေ..။
“မင်းမှာ ထူးဆန်းတဲ့ ဝိဉာဉ်မျိုး ရှိနေတာပဲ…”
ဒီစကားတွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ဆန်နီ တုန်လှုပ်သွားခဲ့ပြီး.တစ်ဖက်ကို လှည့်လိုက်တယ်..။
ဒါကို ပြောလာခဲ့တဲ့စကားက..ဝယ်သီရဲ့ အသံနဲ့ မတူပါဘူ..။ဒါက အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲမှာ ကြားခဲ့ရတဲ့ အသံအတိုင်း ရင်းနှီးပြီး ဖော်ရွေတဲ့ အသံမျိုးပါ..။မော်ဒရက်က နောက်တစ်ကြိမ် ဆိုသလိုပဲ သူ့ရဲ့ အသံအစစ်အမှန်နဲ့ ပြောနေခဲ့တယ်..။
ဘာမှမမရှိတဲ့ မင်းသားက အဝေးတစ်နေရာမှာ ရပ်နေခဲ့ပြီး..စူးစမ်းလိုတဲ့ အပြုံးတစ်ခုနဲ့ အတူ ကြည့်နေခဲ့ပါတယ်..။အခုတော့..ပထမဆုံးအကြိမ်အဖြစ်..မော်ဒရက်ရဲ့ ခန္တာကိုယ် မဖျက်ဆီးခံရခင် တုန်းကဘယ်လိုရှိတာလဲ ဆိုတာကို သိလိုက်ရပါပြီ..။
မော်ဒရက်က အရပ်ရှည်ပြီး သေးသွယ်ကာ..ဖြူဖျော့တဲ့ အသားအရည်နဲ့ အနက်ရောင် ဆံပင်တွေ ရှိပါတယ်..။သူ့ရဲ့ ပုံစံကြည့်ရတာ အသက်နှစ်ဆယ် ဝန်းကျင်လောက်ဖြစ်ပြီး..ကိုင် နဲ့ အယ်ဖီတို့ထက် အနည်းငယ် အသက်ပိုကြီးမယ့် ပုံပါပဲ..။သူ့ရဲ့ မျက်နှာက ထက်ရှနေခဲ့ပြီး..လုံးဝ ခန့်ညားနေတာမျိုးတော့ မဟုတ်ပေ..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..ထူးဆန်းစွာနဲ့ ဆွဲဆောင်မူရှိပြီး..လှပနေခဲ့ပါတယ်..။သူ့ရဲ့ အထူးခြားဆုံး အစိတ်အပိုင်းက..အရောင်တွေ ရှိမနေတဲ့ သူ့ရဲ့ မျက်လုံးတွေ ဖြစ်ပြီး..ရေကန်နှစ်ခုလိုပဲ..ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အလင်းပြန်ပေးထားခဲ့ပါတယ်..။
လတ်တလောမှာတော့ သူတို့က လေဟာနယ်ရဲ့ အဆုံးမရှိတဲ့ ချောက်နက်ကြီးထဲက..အမှောင်နဲ့ အလင်းမရှိမူတို့လို ဖြစ်နေခဲ့ကြတယ်..။
မော်ဒရက်က ရိုးရှင်းတဲ့ အပေါ်အက်ျီတစ်ထည်ကိုသာ ဝတ်ဆင်ထားခဲ့တယ်..။သူ့ရဲ့ ပိုးချည်ုသားက ဘာအရောင်မှ ရှိမနေခဲ့ပါဘူး..။သူက ဘာအကာအကွယ်မှ ဝတ်မထားခဲ့သလို လက်နက်လည်း မကိုင်ဆောင် ထားခဲ့ပေ..။သို့ပေမယ့်..ဆန်နီက သူ့ရဲ့ သေးသွယ်တဲ့ ခန္တာကိုယ်ထဲကနေ..ဖိအားကို ခံစားနေရပြီး..သူက အန္တရာယ်ထဲမှာ ရောက်နေပြီ ဆိုတာကို သိလိုက်ပါတယ်..။
သို့ပေမယ့် သူ့ကို အံ့ဩသင့်စေတဲ့ အရာက မော်ဒရက်ရဲ့ မျက်နှာက သူ့အတွက် ရင်းနှီးနေခဲ့တာပါပဲ..။အမှန်တော့..သူက ဗာလာကလန်ရဲ့ မော်ဂန် ထက် အနည်းငယ် အသက်ကြီးပြီး ယောကျ်ားလေး တစ်ယောက်အဖြစ် ပုံစံမျိုးရှိနေခဲ့တယ်..။ဒီလောက်ထိ ရုပ်ရည်ချင်းဆင်တူနေတာကတော့ အံ့ဩဖို့ကောင်းလောက်တဲ့ တိုက်ခိုက်မူတစ်ခုပါပဲ..။ဒါက ဆွေမျိုးတွေမှာပဲ ဖြစ်လေ့ရှိတာပါ..။
ပြီးတော့..ဆန်နီကို နောက်ထပ် စိုးရိမ်စေတဲ့ အရာတစ်ခုလည်း ရှိနေခဲ့သေးတယ်..။
ဘာမှမရှိတဲ့ မင်းသားရဲ့ ပတ်ဝန်းကျင်မှာ..မှိန်ပြပြ ရွှေရောင်အလင်းတွေကို သူ မြင်နေရပါတယ်..။ဒါက သူ့ရဲ့ သွေးထဲမှာ ရှိနေတဲ့ အရာနဲ့..နစ်ဖီ ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လှပမူမျိုးနဲ့ တစ်ထပ်တည်းပါပဲ…။နတ်ဘုရား အလင်းရောင်..
‘ချီးပဲ…’
မော်ဒရက်ကတော့..ဆန်နီရဲ့ အမြုတေသုံးခုကို..သိချင်စွာကြည့်နေခဲ့ပြီးမှ..ရင်းနှီးတဲ့ အပြုံးနဲ့ ပြုံးပြလာခဲ့တယ်..။
“ငါ ဒီလိုအရာမျိုးကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး..။ငါ့ကို အထဲထိ ဖိတ်ခေါ်လိုက်တာက..ဘယ်လောက်တောင် ကြင်နာတတ်တဲ့ စိတ်ထားလဲ..ဆန်းလပ်စ်..။မင်းရဲ့ သူငယ်ချင်းလေးက ဘာတွေတွေးနေတာလဲ ဆိုတာကို ငါတကယ်သိချင်မိတယ်..။ဒါပေမဲ့..သူမက..သူမက မင်းငါ့ကို တောင့်ခံနိုင်မယ်လို့များ ထင်နေခဲ့တာလား..”
ဆန်နီဟာ ကျူးကျော်လာသူကို စိုက်ကြည့်နေလိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။
“သူမ ဘာတွေးနေတာလဲ ဆိုတာကို ငါက ဘယ်လိုလုပ်သိမှာလဲ..။မျက်မမြင်တစ်ယောက်ကို နားလည်ဖို့ ကြိုးးစားတာက ရူးသွပ်နေတဲ့ အလုပ်ပဲ..သိတယ်မလား..”
မော်ဒရက် ရယ်မောလိုက်တယ်..။
“အာ..ဒီစကားလောက် ပညာရှိတဲ့ စကားမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး..။ကောင်းပြီလေ..ငါတို့မကြာခင် သိရတော့မယ်လို့ ထင်တာပဲ..”
ဆန်နီ အနည်းငယ် လှုပ်သွားခဲ့ပြီး..သုန်မုန်နေတဲ့ အသံနဲ့ မေးလိုက်တယ်..။
“မင်းက ဘာလို့ ငါ့ရဲ့ ခန္တာကိုယ်ကို လိုချင်နေရသေးတာလဲ..။မင်းက ဝယ်သီရဲ့ ခန္တာကိုယ်ကို ယူထားပြီးပြီ မဟုတ်ဘူးလား..။မာစတာ တစ်ယောက်ရဲ့ ခန္တာကိုယ်ထက်တောင် ပိုလိုချင်ရလောက်အောင် ဘာတွေများ ထူးခြားနေလို့လဲ..”
ဘာမှမရှိတဲ့ မင်းသားက ပြုံးလိုက်ပြီး..
“ငါက နှစ်ခုစလုံးကို မယူထားနိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ..”
ဒါက အဖြေတစ်ခုလို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဲလို မဟုတ်ပါဘူး..။ဆန်နီက မော်ဒရက်ရဲ့ အဖြေကို ရှောင်ရှားတတ်တဲ့ အကျင့်ကို သိထားပြီးနေခဲ့ပါပြီ..။သူ မျက်မှောင်ကျုတ်လိုက်ပြီး..မှန်သားရဲ ကို မကျေနပ်စွာ စိုက်ကြည့်နေလိုက်တယ်..။
ကျူးကျော်သူက ရယ်မောလိုက်ပြီး..
“အရမ်းကို လေးနက်တာပဲ..ကိုယ်ကိုကို လျော့မတွက်လိုက်နဲ့ ဆန်းလပ်စ်..။မင်းက နိုးထသူတစ်ယောက်သာ ဖြစ်နိုင်ပေမယ့်..တကယ်လို့ ငါသာ တက်ရောက်မူ အဆင့်ကို ရောက်ချင်တယ်ဆိုရင်..ဘယ်သူရဲ့ ခန္တာကိုယ်ကို ယူသင့်တယ်လို့ မင်းက ထင်လို့လဲ..။ထပ်ပြောရရင် မင်းရဲ့ ခန္တာကိုယ်က ငါ့ရဲ့ လတ်တလော လိုအပ်ချက်တွေနဲ့ ပြီးပြည့်စုံမူ ရှိနေတယ်..။မင်းမှာက..ပုန်းကွယ်ဖို့ နဲ့ နေရာရွေ့ပြောင်းဖို့အတွက် စွမ်းရည်တွေ ရှိနေခဲ့တယ်လေ..။ဒါက သူတော်စင်တစ်ယောက်နေ လွတ်မြောက်ချင်တဲ့ လူတစ်ယောက် အတွက်တော့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မူ တစ်ခုပဲ မဟုတ်ဘူးလား..။
သူက နောက်ထပ် ခြေတစ်လှမ်းတိုးပြီး ပြောလိုက်တယ်..။
“ငါက နတ်ဘုရားစွမ်းရည် တွေပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို မတွေ့ခဲ့ဖူးသလို ၊ ကြားလည်း မကြားခဲ့ဖူးဘူး..။မင်းက ငါ့လိုမျိုး လူတစ်ယောက်ပဲ ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ ငါ ဘယ်လောက်တောင် အံ့ဩသွားလဲ ဆိုတာကို မင်း စိတ်ကူးကြည့်စမ်းပါဦး..။ပြီးတော့..မင်းမှာရှိတဲ့အရာ..အနက်ရောင် တာဝါမှာတုန်းက မင်းမှာ ရှိနေတဲ့ ဘယ်လို အရာကများ ငါ့ရဲ့ အမြင်အာရုံကို ကွယ်ပျောက်သွားစေနိုင်တာလဲ..။ဒီလောက်အားကောင်းတဲ့ လက်နက်နဲ့ဆိုရင် ငါ့ရဲ့ ဘဝက အများကြီး ပိုလွယ်ကူသွားလိမ့်မယ်..။ဒီတော့..မင်းသိတယ်မလား..။ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်တော့ ပျော်ရွှင်တာ မဟုတ်ဘူး..။မင်းကို လက်ခံကောင်အဖြစ် ရွေးချယ်ရတာက နောင်တရစရာကိစ္စ တစ်ခုဖြစ်ပေမယ့်..ငါ့အတွက်တော့ ရွေးချယ်စရာ မရှိတဲ့ အရာတစ်ခုပဲ.”
ဆန်နီရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး မော်ဒရက် ပြောနေတဲ့ အရာတွေကို နားလည်ဖို့ ကြိုးစားနေခဲ့တယ်..။အနက်ရောင် တာဝါမှာတုန်းက သူ့ကို မမြင်ရအောင် လုပ်ခဲ့တာတဲ့လား..။ဆန်နီက..မြေအောက်ကမ္ဘာ အုပ်ချုပ်သူရဲ့ ငါးထပ်မြှောက် ခံတပ်မှာ ရှိနေတဲ့ ထိပ်လန့်ဖွယ်ရာ ရူးစ်တွေကို ဝီဗာ မျက်နှာဖုံးဝတ်ပြီး..ဖတ်ခဲ့ရပါတယ်..။မှန်သားရဲ ကောင်က ဘာကို ဆိုလိုချင်တာလဲ..။
ဒီတော့..မျက်နှာဖုံးက ဆန်နီကို ခိုးကြောင်ခိုးဝှက် ထောက်လှမ်းနေတာနဲ့ ပတ်သက်ပြီးလည်း ကာကွယ်ပေးနိုင်တာပေါ့..။ထပ်ပြောရရင်..မှန်သားရဲက ဒီမျက်နှာဖုံးရဲ့ လျို့ဝှက်ချက်ကို မသိထားသေးဘူးပေါ့..။ဒီတော့..မော်ဒရက်က ဆန်နီ ပိုင်ဆိုင်ထားတဲ့ ဘယ်အရာက သူ့ကို တားဆီးထားတာလဲ ဆိုတာကို မသိပေ..။
သူ မျက်လုံးကျဉ်းမြောင်းလိုက်တဲ့ အချိန်မှာတော့..တစ်ခုခု ဖြစ်ပျက်သွားခဲ့တယ်..။
သူ ဒါကို မထင်ထားခဲ့တာကြောင့်..စိတ်တည်ငြိမ်မူ ပျောက်သွားတော့မလိုတောင် ခံစားနေခဲ့ရပါတယ်..။သူ့မှာ ဒီလိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားခဲ့တယ် ဆိုတာကိုတောင် သူ မသိလိုက်ပါဘူး..။ဝီဗာရဲ့ သွေးတွေကသူ့ရဲ့ အမြင်အာရုံကိုတောင် တိုးမြင့်နိုင်စွမ်း ရှိနေခဲ့ပါတယ်..။
ရုတ်တရက် ဆိုသလိုပဲ သူက မော်ဒရက် ရဲ့ ဝိဉာဉ်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသွားခဲ့တယ်..။ဒါက သူ မှတ်သားမူ နဲ့ ထပ်တူညီမူ လှိုင်းတွေရဲ့ အောက်က ရက်လုပ်မူတွေကို မြင်နိုင်စွမ်းရှိသွားသလိုပါပဲ..။
ပြီးတော့ သူမြင်လိုက်ရတဲ့ အရာကြောင့် တုန်ရီသွားခဲ့တယ်..။
‘ခရက်…’
ဒါပေါ့..ဘာမှမရှိတဲ့ မင်းသားက သက်ရှိတစ်ယောက်လိုမျိုးတော့ မှော်စွမ်းအင် ရက်လုပ်မူတွေ ရှိမနေခဲ့ပါဘူး..။သို့ပေမယ့်..သူပိုင်ဆိုင်ထားတဲ့ အရာက..ဝိဉာဉ် အမြုတေ ခြောက်ခုပါ…။
မော်ဒရက်က..တယ်ရာ တစ်ကောင် ဖြစ်နေခဲ့ပါပြီ..။
ပြီးတော့ ဒီ တယ်ရာက ဆန်နီနဲ့ ပိုပိုပြီး နီးကပ်လာနေခဲ့တယ်..။
“..ငါ အမှန်အတိုင်း ပြောပြမယ် ဆန်းလပ်စ်..။မင်းရဲ့ ခန္တာကိုယ်က ငါ့အတွက် အရမ်းကို သင့်တော်နေတာကြောင့် တစ်ခနလောက် ငါကို အဘိုးကြီးက လက်ဆောင်အဖြစ် ပို့ပေးလိုက်တာလား လို့တောင် ထင်သွားခဲ့တာ..။အဲဒီကိစ္စအတွက် ငါ့ကို သူတောင်းပန်ရမယ် ဆိုတာ နတ်ဘုရားတွေတောင် သိကြတယ်လေ..။ဒါက အဲဒီကိစ္စနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး..။ဒါတွေအားလုံးက တိုက်ဆိုင်မူတစ်ခုပဲ ဖြစ်ရမယ်..။မင်းရဲ့ ရယ်စရာ စွမ်းရည်က တစ်ခုခုတော့ တစ်ခုခုပဲနော်..။ဟုတ်တယ်မလား..”
ဆန်နီ အံကိုကြိတ်ထားလိုက်ပြီး..သုန်မုန်တဲ့ အသံနဲ့ပြောလိုက်တယ်..။
“ဒါက တကယ်ကို အံ့ဩစရာပဲ..။ငါ လည်းမင်းအတွက် ဝမ်းသာရပါတယ်..။ဒါပေမဲ့..ဘာ ဘယ်လိုဖြစ်သွားပြီလဲ..။ငါ့ရဲ့ ခန္တာကိုယ်ကို ဒီတိုင်းပေးလိုက်မယ်လို့တော့ မင်းက ထင်ထားတာ မဟုတ်ပါဘူးနော်..။ဟုတ်တယ်မလား..”
ဒီဝိဉာဉ်ပင်လယ်ထဲမှာတော့..ဆန်နီအတွက် အားနည်းချက်ဆိုတာ မရှိတော့ပါဘူး..။ဒါက သူ ပြောနေတဲ့ စကားလုံးတွေ အားလုံးက အတွေးတွေပဲဖြစ်နေတာကြောင့်ပါ..။ဒါက အမှန်တကယ်ကိုပဲ စိတ်သက်သာရာရစေခဲ့တယ်..။
မော်ဒရက် က သူနဲ့ ခြေလှမ်းအနည်းငယ်မှာ ရပ်တန့်လိုက်ပြီး ပြုံးလိုက်တယ်..။
“အခုလား..။ဘာထပ်ရှိရဦးမှာလဲ…ဒါပေါ့ ငါက မင်းရဲ့ ဝိဉာဉ်ကို ဖျက်ဆီးပစ်တော့မှာလေ..”
အပိုင်း ( ၅၉၁ ) ပြီး၏။