ဝိဉာဉ် သတ်ဖြတ်သူ..
Vol. 40 Ch. 592
ဆန်နီ အောက်ကိုငုံ့ကြည့်လိုက်ပြီး ကိုယ့်အခြေအနေကို ပြန်သုံးသပ်လိုက်တယ်..။
သူ့ရဲ့ ရင်ဘတ်မှာရှိနေတဲ့ ဒဏ်ရာကတော့ မရှိတော့ပါဘူး..။သို့ပေမယ့်..သူက လုံးဝ ဒဏ်ရာကင်းစင်နေတာမျိုးတော့ မဟုတ်ပေ..။သူ့ရဲ့ ခန္တာကိုယ် ဒါမှမဟုတ်..အနည်းဆုံးတော့..လက်ရှိ ဖြစ်တည်မူက အတော်လေး ရိုက်နှက်ခံထားရပုံ ပေါ်နေခဲ့ပါတယ်..။သို့ပေမယ့် ဒီခန္တာကိုယ်က ခွန်အား နဲ့ တက်ကြွမူတွေ အပြည့်အဝ ရှိနေကြပြီး..အလားတူစွာပဲပေါ့ပါးနေခဲ့တယ်...။ဒါက သူ့ရဲ့ ပုခုံးပေါ်မှာ ရှိနေတဲ့ အလေးချိန်ကို အစောကတည်းက မ တင်ပေးထားခဲ့တဲ့ အတိုင်းပါပဲ…။
ဒီ ဝိဉာဉ်တိုက်ပွဲတွေက အတိအကျ ဆိုသလိုပဲ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို မပြောတတ်ပေ..။သို့ပေမယ့် လက်ရှိပုံစံက စိတ်ဝိဉာဉ်တွေကို ကိုယ်စားပြုထားပုံ ရပါတယ်..။လက်တလော ရက်သတ္တပတ်တွေမှာ သူတွေ့ကြုံခံစားရတဲ့ အရာတွေက..တစ်စုံတစ်ယောက် ကြောက်ရွံ့နေစေဖို့ လုံလောက်တယ် ဆိုပေမယ့် ဆန်နီကိုယ်တိုင်က အဆိုးဆုံးတွေကို ကျော်ဖြတ်ဖူးခဲ့တာကြောင့်..သူ့ရဲ့ အင်အားတွေ အများကြီး လျော့နည်းမနေခဲ့ပါဘူး..။
သူက အနက်ရောင် ထာဝရချိန်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး..လက်နက်တွေကို ကိုင်ဆောင်ထားခဲ့တယ်..။အရိပ်သုံးခုက သူ့ရဲ့ ခြေထောက်အောက်မှာ ရှိနေခဲ့ကာ..ဝိဉာဉ်မြွေကလည်း သူ့ရဲ့ အနားမှာ ရှိနေတာကို ခံစားနေမိခဲ့ပါတယ်..။အဲ့အချိန်မှာတော့..သူ့ရဲ့ ရန်သူက တစ်ယောက်တည်း ဖြစ်နေပြီး..ဘာလက်နက်မှ ရှိမနေခဲ့ပါဘူး..။
ဘာပဲဖြစ်ဖြစ် ဒီအရာက ဆန်နီရဲ့ ဝိဉာဉ်ထဲမှာပါ..။ဒီနေရာမှာဆိုရင်..သူ့အတွက် အားသာချက်တွေ အများကြီးပါပဲ..။
ဆန်နီ အရိပ်တွေကို သူ့ရဲ့ခန္တာကိုယ်ကို ရစ်ပတ်ဖို့အတွက် ညွှန်ကြားလိုက်တယ်..။ချက်ချင်းဆိုသလိုပဲ..သူ့ရဲ့ ခွန်အား ၊ အမြန်နှုန်း နဲ့ ခုခံနိုင်စွမ်း တွေက မြင့်တက်လာခဲ့ပါပြီ..။
သို့ပေမယ့် နောက်ထပ်တစ်ခနမှာတော့…သူ့ရဲ့ အမူအရာက အေးခဲသွားခဲ့တယ်..။
မော်ဒရက်က သူ့ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။သူ ပြုံးနေတုန်းမှာပဲ..အရိပ်ခြောက်ခုက သူ့ရဲ့ အပေါ်ကို အနက်ရောင် ခြုံထည်တစ်ခုလိုကျဆင်းလာခဲ့တယ်..။ဘာမှမရှိတဲ့ မင်းသားရဲ့ တည်ရှိမူကတင်..အသက်ရူမွန်းကြပ်စေတဲ့ ဖိအားတစ်ရပ်ကို ဖန်တီးထားခဲ့ပါပြီ..။
“…ဒါက လွယ်ကူမှာ မဟုတ်ဘူးလို့တော့ေ တွးထားတယ်မလား..ဟုတ်တယ်နော်..”
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..သူက ဆန်နီ ရဲ့ ဘေးနားကို ချက်ချင်းရောက်လာခဲ့ပြီး..သူ့ရဲ့ လက်သီးက ထာဝရချိန်းရဲ့ အပေါ်ကို ကျရောက်သွားခဲ့ပါတယ်..။နာကျင်မူတွေက သူ့ရဲ့ ခန္တာကိုယ်တစ်လျောက်လုံးကို ပေါက်ကွဲထွက်လာခဲ့ပြီး..ဆန်နီက နောက်ပြန်လန်ကျသွားကာ..အမှောင်ထုထဲကို ဆက်တိုက်ဆိုသလို လျောတိုက်ရွေ့ သွားခဲ့တယ်..။
‘ဘာလဲ..’
သူ ပြန်မထနိုင်သေးခင်မှာပဲ..မော်ဒရက်က သူ့ရဲ့ အပေါ်ကိုရောက်နေခဲ့ပြီဖြစ်ပြီး..သူ့ရဲ့ ခြေထောက်တွေက ဆန်နီရဲ့ နံရိုးတွေနဲ့ မိတ်ဆက်သွားခဲ့တယ်..။ဆန်နီ အော်ဟစ်လိုက်ပြီး လေထဲမှာ လွင့်စင်သွားခဲ့ပါတယ်..။ယင်းနောက်..နောက်ထပ်တိုက်ခိုက်မူ တစ်ခုက သူ့ရဲ့ ရင်ဘတ်ကို ဝင်ရောက်လာခဲ့ပြီး..အဆုတ်ထဲက လေတွေထွက်သွားစေကာ..အောက်ကို ပြန်ပြုတ်ကျသွားခဲ့ပါတယ်..။
သူ တစ်နည်းအားဖြင့်..လွတ်မြောက်အောင် လုပ်ရမယ် ဆိုတာကို သိနေတာကြောင့်..ဆန်နီဟာ..အရိပ်တွေထဲကို တိုးဝင်သွားခဲ့တယ်..။ပြီးတာနဲ့ ဘာမှမရှိတဲ့ မင်းသားရဲ့ အနောက်ဘက်ကနေ ပြန်ပေါ်လာခဲ့ပြီး ရက်စက်သော မြင်ကွင်းရဲ့ ထိပ်ဖျားနဲ့ ထိုးသွင်းလိုက်ပါတယ်.။
သို့ပေမယ့် ဒါက လေကိုသာ ထိုးမိသွားခဲ့တယ်..။
မော်ဒရက်က အရိပ်တစ်ခု အဖြစ်ပျောက်ကွယ်သွားခဲ့ပြီး..သူ့ရဲ့ ရယ်မောသံက..တိတ်ဆိတ်နေတဲ့ ပင်လယ် မျက်နှာပြင် ပေါ်မှာ ပဲ့တင်ထပ်နေခဲ့ပါတယ်..။
“အားနည်းတယ်…အရမ်းအားနည်းတယ်..”
ဆန်နီရဲ့ နောက်ကျောကို တစ်ခုခုက ထိမှန်သွားခဲ့ပြီး..နောက်ထပ် ပေါက်ကွဲထွက်လာတဲ့ နာကျင်မူတစ်ခုက သူ့ရဲ့ အတွင်းပိုင်းအထိတောင်..ဝင်ရောက်လာခဲ့တယ်..။သူ ညဉ်းညူလိုက်ပြီး..သန်းခေါင်းယံ အမြုတေနဲ့ ခုတ်ဖြတ်လိုက်ဖို့ ကြိုးစားလိုက်ပါတယ်..။သို့ပေမယ့် ရန်သူက ရှိမနေတော့ပါဘူး..။ခနအကြာမှာတော့..သူက..ရင်ဘတ်ကို အကန်ခံလိုက်ရပြီး..နောက်ထပ်ဆိုသလိုပဲ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ်..။
မော်ဒရက် ရဲ့ လက်သီးက ဆယ်ပေါင်တူ ကြီး တစ်ခုလိုပါပဲ…မဟုတ်ဘူး..တောင်ကြီးတစ်တောင် ဆင်းသက်လာသလို မျိုးပဲ..။
အမြင်အာရုံ ချွတ်ယွင်းပြီး..မထိန်းချုပ်နိုင်ဖြစ်နေတဲ့ ဆန်နီဟာ..ဒူးထောက်ချလိုက်ပြီး သွေးတစ်ပွက် အန်လိုက်ရတယ်..။
‘ဘ…ဘယ်လိုငရဲ မျိုးလဲ..’
ဒါက သူ မျှော်လင့်ထားတဲ့ အခြေအနေမျိုး လုံးဝမဟုတ်ပါဘူး..။ဒီ သောက်ကျိုးနဲ မှန်သားရဲက အတော်လေးကို အားကောင်းနေခဲ့ပြီး..သားကောင်ကို မတိုက်ခိုက်ခင်မှာပဲ..အားနည်းသွားအောင် လုပ်နိုင်စွမ်းရှိနေပါတယ်..။ဒီတော့ သူ့ရဲ့ အောင်နိုင်မူက မြေကြီးလက်ခတ်မလွဲတော့ပေ..။တစ်နည်းအားဖြင့်တော့ သူ့ကို အနိုင်ယူဖို့ နည်းလမ်းက ရှိနေခဲ့တယ်.။ဆန်နီရဲ့ စိတ်ဝိဉာဉ်က မပျက်ဆီးသွားသ၍ ဒီအတွက် သူ့မှာ မျှော်လင့်ချက် ရှိပါတယ်..။
သို့ပေမယ့် ဒီခွေးသားက အတော်လေးကို အားကောင်းနေခဲ့တယ်..။ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အင်အားကို သူက ဘယ်လိုလုပ်ပြီး တောင်ခံနိုင်မှာလဲ..။
ပိုပြီးဆိုးဝါးတာက..မော်ဒရက်က သူ့ရဲ့ စွမ်းအားတွေ အားလုံးကို ပုံတူကူးချနိုင်နေတဲ့ ပုံပါပဲ..။
“ခွေးသား..အလင်းမှ ပျောက်ဆုံးသူ…ရပ်လိုက်..”
ဘာမှမရှိတဲ့ မင်းသားက နောက်တစ်ကြိမ် ရယ်မောလိုက်တယ်.။ယင်းနောက်..ဆန်နီရဲ့ ဦးခေါင်းကို ထိးနှက်လိုက်ပြီး ကြယ်တွေ လတွေ မြင်လုနီးပါး ဖြစ်သွားစေခဲ့ပါတယ်..။
“ပြောရမှာတော့ စိတ်မကောင်းပါဘူး..။ဒါပေမဲ့ အဲဒီလှည့်စားမူက အလုပ်ဖြစ်မှာ မဟုတ်ဘူး..။ဒါက လုံးဝကို မတူညီတဲ့ အခြေအနေပဲ သိတယ်မလား..”
ဆန်နီဟာ..နာကျင်မူနဲ့ အတူပဲ..နောက်ထပ်ကျရောက်လာမယ့်..တိုက်ခိုက်မူကို လွတ်မြောက်ဖို့ မျှော်လင့်နေခဲ့တယ်..။သူက နောက်တစ်ကြိမ် ဆိုသလိုပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..သူက တိုက်ခိုက်ဖို့အတွက် အလျင်မလိုတော့ပါဘူး..။အဲဒီအစား..အရိပ်အဖြစ်နေပြီးသာ..တွေးတောနေခဲ့တယ်..။
သို့ပေမယ့်..သူ ဘာမှမစဉ်းစားရသေးခင် အချိန်မှာပဲ..နောက်ထပ် အရိပ်တစ်ခုက အမှောင်ထုထဲမှာ ပေါ်ထွက်လာခဲ့ပါတယ်..။ရုတ်တရက် ဆိုသလိုပဲ သူက မဖော်ပြနိုင်လောက်တဲ့ နာကျင်မူကို ခံစားလိုက်ရပြီး..သူ့ရဲ့ ဝိဉာဉ်က ဒဏ်ရာရကာ..အက်ကွဲသွားတော့မလို ခံစားနေရတယ်..။ဆန်နီ အရိပ်ထဲကနေ အမြန်ထွက်ကာ လူသားပုံစံအတိုင်း ပြန်လည် ရယူလိုက်ပါတယ်..။ခနအကြာမှာတော့ နောက်ထပ်တိုက်ခိုက်မူတစ်ခုက ထပ်မံကျရောက်လာခဲ့တယ်..။
သူက နောက်ပြန်လှန်ကျသွားခဲ့ပြီး..လေကို အငမ်းမရ ရူနေခဲ့ရပါတယ်..။သို့ပေမယ့် သူ့ရဲ့ အဆုတ်ကတော့ အလုပ်မလုပ် ချင်တော့ပါဘူး..။သူ လုပ်ဖို့လိုအပ်တာဆိုလို့..နောက်ထပ်တိုက်ခိုက်မူကို တားဆီးထားဖို့ပါပဲ..။ဒီတားဆီးမူကလည်း ကျရှုံးသွားခဲ့ပြီး..နောက်ထပ်နာကျင်မူ လှိုင်းလုံးကြီးက သူ့ရဲ့ ခန္တာကိုယ်ထဲကို ပြန့်နှံ့လာခဲ့ပြန်ပါတယ်..။
‘ချီးတဲ့မှပဲ..’
ဆန်နီ အရိပ်ခြေလှမ်းကို သုံးပြီး ရှောင်တိမ်းလိုက်ပေမယ့်..သူ့ရဲ့ ရန်သူက ရိုးရှင်းစွာပဲ လိုက်လာခဲ့တယ်..။သူက တိုက်ခိုက်မူ တစ်ခုကို ပြန်လုပ်လိုက်တာကြောင့်..မော်ဒရက်ရဲ့ လက်မောင်းကိုတောင် ဖြတ်တောက်လုနီးပါး ဖြစ်သွားခဲ့တယ်..။သို့ပေမယ့် မှန်သားရဲ က အရမ်းကို လျင်မြန် ၊ သန်မာ နေခဲ့ပြီး ကျွမ်းကျင်မူတွေ ရှိနေခဲ့ပါတယ်..။
ဆန်နီ ဘယ်လောက်ပဲ ကြိုးစားပမ်းစား တိုက်ခိုက်ပါစေ..ဒါတွေအကုန်လုံးက အသုံးမဝင်ပါဘူး..။သူက ဘယ်လို နည်းဗျူဟာကို အသုံးပြုဖို့ ကြိုးစားပါစေ…မော်ဒရက်က ဒါကို ထိုးဖောက်မြင်နိုင်ခဲ့တယ်..။ဘာမှမရှိတဲ့ မင်းသားနဲ့ တိုက်ခိုက်ရတာက သေခြင်းတရားနဲ့ တိုက်ခိုက်နေရသလိုပါပဲ..။သူက ကြောက်မက်ဖွယ်ကောင်းပြီး..လှည့်စားမူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။
လွတ်မြောက်ဖို့အတွက် လမ်းဆိုတာ မရှိပေ..။
သို့ပေမယ့် ဆန်နီက လက်လျော့မှာ မဟုတ်ပါဘူး..။အခုချိန်မှာတော့..သူက ဘယ်လို အရှုံးပေးရမလဲ ဆိုတာကိုတောင် မသိတော့ပေ..။
သူက နာကျင်မူကို အံကြိတ်ခံပြီး တိုက်ခိုက်လိုက်တယ်..။
အဆုံးမရှိကြာအောင်..သွေးသံတရဲရဲ နဲ့ အရိုက်အနှက် ခံပြီးတဲ့ နောက်မှာတော့..ဆန်နီက နောက်တစ်ကြိမ် အောက်ကို ပြန်ကျသွားခဲ့တယ်..။ထာဝရ ချိန်းရဲ့ ခေါင်းစွပ်က တွန့်လိမ်နေပြီး..သူ့ရဲ့ နားထင်ကို ဖိထားကာ..အမြင်အာရုံတွေကို ဝေဝါးနေစေခဲ့တယ်..။သူ ဒါကို ဖယ်ရှားလိုက်ပြီး..လက်တစ်ဖက်ကို မြှောက်ကာ..ကိုယ့်ကိုကို ကာကွယ်ဖို့ လုပ်လိုက်ပါတယ်..။သို့ပေမယ့် ဒါက အလွယ်တကူ ဖြတ်ကျော်ခံလိုက်ရတယ်..။
မော်ဒရက်မှာလည်း ဒဏ်ရာ အချို့ ရနေခဲ့ပေမယ့်..သူ့ရဲ့ အခြေအနေက ဆန်နီထက် ပိုပြီး ကောင်းမွန်ပါတယ်..။ဘာမှမရှိတဲ့ မင်းသားက သူ့ရဲ့ လည်ပင်းကို ညှစ်ထားပြီး..အသက်ကို ရူသွင်းလိုက်တယ်..။ပြီးတာနဲ့ သုန်မုန်နေတဲ့ အသံနဲ့…
“ဒါက တော်လောက်ပြီလို့ မထင်ဘူးလား..။မင်းက ဘာလို့ အရှုံးမပေးသေးတာလဲ..။ငါက ဒီဟာကို နည်းနည်းလေးမှ သဘောမကျဘူး..သိရဲ့လား..”
ဆန်နီ သူ့ရဲ့ အနီရောင်မျက်လုံးတွေနဲ့ တည့်တည့်ပြန်ကြည့်ပြီး ပြုံးလိုက်တယ်..။သူ့ရဲ့ သွားတွေကလည်း သွေးတွေနဲ့ နီရဲနေခဲ့ပါပြီ..။
“တ..တကယ်လား..။အာ..အတော်ဆိုးတာပဲ…တကယ်တော့ ငါက ငါ့ဘဝရဲ့ အပျော်ဆုံး အချိန်ကို ရောက်နေတာပဲ..”
ဒီလိုပြောပြီးတာနဲ့..သူက ခေါင်းကိုငုံ့ပြီး..မော်ဒရက်ရဲ့ လက်ကို သွားနဲ့ ကိုက်ဖို့လုပ်လိုက်ပါတယ်..။
ဘာမှမရှိတဲ့ မင်းသားဟာ သက်ပြင်းချလိုက်ပြီး..ဆန်နီရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ကာ..အဝေးကို လွင့်စင်သွားစေခဲ့တယ်..။
‘ခရက်..ဒီတစ်ခါကတော့..တကယ်..တကယ် နာတာပဲ..’
ဆန်နီဟာ မီတာ အနည်းငယ် လွင့်စင်သွားပြီး..ကျန်ရှိနေတဲ့ အရိပ်တွေ အတန်းလိုက်ရှိနေတဲ့ နေရာကိုတောင်..ကျော်လွန်သွားခဲ့ပါတယ်..။သူက မတ်တတ်ထရပ်ဖို့ ကြိုးစားလိုက်ပေမယ့်..ကမ္ဘာကြီးက ရုတ်တရက် လည်ပတ်နေသလို ခံစားရကာ..နောက်ကို ပြန်လန်ကျသွားခဲ့ပါတယ်..။သူ့နှုတ်ခမ်းကနေ ညဉ်းတွားသံတစ်ခု ထွက်လာခဲ့တယ်..။
မော်ဒရက်က စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ပြီး..ရက်စက်သော မြင်ကွင်းရှိနေတဲ့ နေရာဆီကို လျောက်သွားခဲ့တယ်..။ဒီအရာက..တည်ငြိမ်နေတဲ့ ရေပြင်ပေါ်မှာ ဆန်နီ ပြုတ်ကျကျန်ခဲ့တာပါ..။သူက ဒီအရာကို ကောက်ယူဖို့ လုပ်လိုက်ပေမယ့် ..သူ့ရဲ့သခင်က ရုတ်သိမ်းလိုက်တာကြောင့် အလင်းစက်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်..။
မှန်သားရဲကတော့ မရပ်တန့်သွားခဲ့ပါဘူး..။သူက သူ့လက်တွေကို ရေထဲကို နှိုက်လိုက်ပြီး..မှတ်သားမူရဲ့ ပုံရိပ်ပျောက်ကွယ် မသွားခင် အချိန်မှီ လှမ်းကိုင်လိုက်တယ်..။ယင်းနောက် အပေါ်ကို မ တင်လိုက်တဲ့ အချိန်မှာ..လှံရှည်နဲ့ တစ်ထပ်တည်း တူညီတဲ့ လက်နက်က သူ့လက်ထဲမှာ ရောက်နေခဲ့ပါပြီ..။
“အခိုက်အတန့်က အသစ်တစ်ခု လုပ်ပြီး ငါ့ဆီကို ပို့ပေးလိုက်သလိုပဲ..။အတော်လေး ကိုက်ညီမူ ရှိနေတာပဲ..”
သူက ရက်စက်သောမြင်ကွင်းကို အတော်ကြာအောင် ကြည့်နေပြီးကာမှ..ဆန်နီဘက်ကို လှည့်ကာ နက်မှောင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
“အခုပဲ အဆုံးသတ်လိုက်ကြရအောင်..မင်းဘယ်လို ထင်မလဲတော့ မသိဘူး..။ငါကတော့ လူတွေကို နိုပ်စက်ရတာကို သဘောမကျတာ အမှန်ပဲ..။အာ..ဒါပေါ့..သူတို့က အမှန်တကယ် အနိပ်စက်ခံဖို့ မထိုက်တန်ဘူး ဆိုရင်ပေါ့..”
ဆန်နီ နောက်ဆုံးမှာတော့ ပြန်ထလာနိုင်ခဲ့တယ်..။သူက မင်းသား နီးကပ်လာတာကို ပြုံးပြီး ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ လက်တစ်ဖက်က..သန်းခေါင်ယံအမြတေကို ကိုင်ထားခဲ့ပြီး..တစ်ဖက်ကတော့ နောက်ကို ပစ်ထားခဲ့တယ်..။
အဲ့အချိန်မှာပဲ လအမြုတေက သူ့လက်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး..ဒါကို ဆန်နီ ရဲ့ ခန္တာကိုယ်နဲ့ ဖုံးကွယ်ထားခဲ့ပါတယ်..။
“မင်း ပြောချင်တာပြောတော့..”
မော်ဒရက်က..ရက်စက်သော မြင်ကွင်းကို အလျားအကုန်အထိ ဆန့်တန်းလိုက်ပြီး ရှေ့ကို တိုးသွားကာ..ဆန်နီရဲ့ နှလုံးသား တည့်တည့်ကို ထိုးစိုက်လိုက်တယ်..။
ဆန်နီ စိုးရိမ်သွားခဲ့ပြီး ရှောင်တိမ်းဖို့ လုပ်လိုက်ပါတယ်..။
သို့ပေမယ့်..သူ ဒီလိုလုပ်ဖို့ အခွင့်အရေး မရခင်မှာပဲ..ကြီးမားတဲ့ အရိပ်ကြီးတစ်ခုက ဒီတိုက်ခိုက်မူကို တားဆီးပေးထားခဲ့တယ်..။ဒီအရိပ်က အတော်လေး ရှည်လျားကာ အဆစ်တွေ အများကြီး ရှိနေပြီး..အပေါ်ကနေ ထွက်ပေါ်လာခဲ့တာပါ..။သူ့ရဲ့ ကြောက်မက်ဖွယ် အရိုးလက်သည်းတွေနဲ့..လှံရှည်ရဲ့ဓားသွား ကို တားဆီးပေးထားခဲ့တယ်..။
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
မော်ဒရက်လည်း အံ့ဩသင့်နေခဲ့ပါပြီ..။ပြီးတာနဲ့ အပေါ်ကို မော့ကြည့်လိုက်တယ်..။သူ ဒီလိုလုပ်တဲ့ အချိန်မှာတော့..ဆန်နီလည်း သူ့အတိုင်း အပေါ်ကို ကြည့်လိုက်မိတယ်..။
သူ့ရဲ့ အပေါ်မှာတော့..တောင်ဘုရင်က တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး..သူ့ရဲ့ ခြေလက်လေးခုက ဆန့်တန်းထားခဲ့တယ်..။တစ်ခနလောက် အထိတော့ ဘာမှဖြစ်မလာခဲ့ပါဘူး..။
ယင်းနောက်..နောက်ထပ်အရိပ်တစ်ခုက သူ့ရဲ့ လက်သည်းတွေ အသံမြည်ရင်း ရွေ့လျားလာခဲ့ပါတယ်..။ကြေးခွံသသားရဲတွေထဲက တစ်ကောင်က ရှေကို တက်လာခဲ့တယ်..။
ဆက်တိုက်ဆိုသလိုပဲ..လှုပ်ရှားမူ လှိုင်းလုံးကြီးက တိတ်ဆိတ်နေတဲ့ အရိပ်တွေ ကြားထဲမှာ ဖြစ်ပေါ်လာခဲ့ပါပြီ..။ဒါက သူတို့အားလုံး အသက်ဝင်လာကြသလိုပါပဲ..။သူတို့အားလုံးက ရွေ့လျားလာခဲ့ကြပြီး သူတို့ရဲ့ အကြည့်တွေကို မော်ဒရက် အပေါ်မှာသာ အာရုံစိုက်ထားခဲ့တယ်..။ဒီမှာတော့..ကြေးခွံသားရဲ ခေါင်းဆောင်တွေ ၊ ကြက်သွေးရောင် ဝက်ပါထဲက နေထိုင်သူတွေ ၊ အနက်ရောင်မြို့တော်ထဲက ထိပ်လန့်စရာတွေနဲ့ ချိန်းကျွန်းစုပေါ်က သက်ရှိတွေ ရှိနေခဲ့ကြတယ်..။သူတို့အားလုံးက ပုံသဏ္ဍာန်မျိုးစုံနဲ့ မွနး်စတားတွေဖြစ်ပြီး တစ်ခုချင်းစီကလည်း ကြောက်မက်ဖွယ်ကောင်းကြပါတယ်..။ဒါကတော့ ဆန်နီ သတ်ဖြတ်ထားတဲ့ သားရဲ အုပ်လိုက်ကြီးပါ..။
ဒီထဲမှာ ဆူးချွန်ဆတ်သား ၊ နွယ်ဆူး သားရဲ ၊ လေးလံတဲ့ ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ အနက်ရောင်စစ်သည်တော် ၊ ရင်ဘတ်မှာ ဉီးခေါင်းရောက်နေတဲ့ ထူးဆန်းတဲ့သားရဲ တွေရှိနေခဲ့တယ်..။ပြီးတော့ နောက်ထပ် နောက်ထပ် အများကြီးပါပဲ..။
ပထမဆုံးအကြိမ်အဖြစ် မော်ဒရက်ရဲ့ မျက်နှာပေါ်က ယုံကြည်မူတွေက ပျော်ကွယ်သွားခဲ့ပါပြီ..။ဘာမှမရှိတဲ့ မင်းသားက နောက်ကို ခြေတစ်လှမ်းဆုတ်သွားပြီး တွေဝေနေခဲ့တယ်..။ယင်နောက်ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပြောလာခဲ့ပါတယ်..။
“ဆန်းလပ်စ်..ချစ်ရတဲ့ သူငယ်ချင်းလေ..ငါ့ကို ပြောပါဉီး..ဘာလို့ ဒီအိပ်မက်ဆိုးသားရဲ စစ်တပ်ကြီးက မင်းရဲ့ ဝိဉာဉ်ပင်လယ်ထဲမှာ ရှိနေရတာလဲ..”
ဆန်နီ နောက်ဆုံးမှာတော့..သန်းခေါင်းယံ အမြုတေရဲ့ လက်ကိုင်ကို ဆုပ်ကိုင်ပြီး..သူ့ရဲ့ ထိပ်ဖျားကို အားပြုကာ မတ်တတ်ထရပ်နိုင်ခဲ့တယ်..။သူ့ရဲ့ မျက်နှာမှာတော့ နက်မှောင်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။
“အိုး..ငါ့မှာ လူသား ဝိဉာဉ်တွေလည်း ရှိသေးတယ်..။ဒီတော့..စိတ်မပူနဲ့ မော်ဒရက်..။ငါမင်းကို သတ်ပြီးသွားရင် အနည်းဆုံးတော့..မင်းမှာ အဖော်ကောင်းတွေ ရှိမှာပါ..”
မှန်သားရဲ ဟာ..ကြောက်ရွံ့စွာ ရယ်မောလိုက်တယ်..။ယင်းနောက်..ရက်စက်သော မြင်ကွင်းရဲ့ အလင်းပြန်မူကို ပျောက်ကွယ်သွားစေခဲ့ပါတယ်..။
နောက်ထပ်တစ်ခနမှာတော့..အရိပ်စစ်တပ်ကြီးက..သူ့ရဲ့ အပေါ်ကို အမှောင်ထုကြီးတစ်ခု တိုးဝင်လာခဲ့သလိုပဲ..ဆင်းသက်လာခဲ့ကြပါပြီ..။
ပြီးတော့..မော်ဒရက်က ရုတ်တရက်ဆိုသလိုပဲ….
ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးတဲ့အလား..အစအနမရှိပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။
အပိုင်း ( ၅၉၂ ) ပြီး၏။