နောက်သို့ ခြေနှစ်လှမ်း
Vol. 40 Ch. 594
သူတို့ရဲ့ အောက်ဘက်မှာတော့..မော်ဒရက်က မှောင်မိုက်နေတဲ့ ဘုရားကျောင်းရဲ့ ခန်းမထဲကို သက်သောင့်သက်သာ အမူအရာနဲ့ လျောက်ထွက်လာခဲ့ပါတယ်..။သူ့ရဲ့ ပုခုံးပေါ်မှာတော့..မျက််စိကျိန်းလောက်အောင် တောက်ပနေတဲ့..ပုဆိန်တွေ အများကြီးက လေပေါ်မှာ ဝဲနေခဲ့ကြတယ်..။ဒီပုဆိတန်တွေက အနက်ရောင် ကျောက်တုံးတွေကို အလင်းပြန်နေခဲ့ပါတယ်..။
ဆန်နီက တိတ်တဆိတ်နောက်ကို ဆုတ်လိုက်ပြီး..ကတ်စီကို လှမ်းဆွဲလိုက်တယ်..။ပြီးတာနဲ့..ဝရန်တာရဲ့ နောက်မှာရှိတဲ့..အနက်ရောင်နံရံတွေမှာ ကျောကပ်ထားပြီး..နက်ရှိုင်းတဲ့ အရိပ်တွေထဲမှာ လုံခြုံစွာပုန်းအောင်းနေလိုက်တယ်..။သူတို့က ဖြည်းညှင်စွာပဲ ရွေ့လျားနေခဲ့ကြပါတယ်..။
အောက်ဘက်မှာရှိနေတဲ့ အလင်းရောင်မှိန်ပြပြတွေက နေရာအနှံ့ကို ရောက်နေပြီး..အနက်ရောင်ခန်းမကြီးရဲ့ နေရာတော်တော်များများကို အလင်းရောင် ထွက်ပေါ်နေစေခဲ့တယ်..။ကံကောင်းချင်တော့ သူတို့ရဲ့ အလင်းရောင်တွေက..ဝရန်တာထိအောင် ရောက်မလာခဲ့ပါဘူး..။ရောက်တယ် ဆိုယုံလေးပဲ..။
..သို့ပေမယ့် ဒီအလင်းရောင်တွေ ရောက်တာကတော့..ကျယ်ပြန့်တဲ့ ခန်းမကြီးထဲမှာ..ပျံ့ကျဲနေတဲ့ မှန်အပိုင်းအစတွေ ဆီကိုပါပဲ..။ဒီ မှန်တစ်ခုချင်းစီတိုင်ငးက..တောက်ပလာခဲ့ပြီး..အဖြူရောင်အလင်းတွေကို အလင်းပြန်လာခဲ့တယ်..။
ဒါက မရေတွက်နိုင်တဲ့ ကြယ်တွေက အမှောင်ထုထဲမှာ ရုတ်တရက်ပေါ်ထွက်လာခဲ့သလိုပါပဲ..။
ဒီ အပိုင်းအစတွေက မော်ဒရက်ရဲ့ မျက်လုံးတွေ အဖြစ် အမူထမ်းနေတယ် ဆိုတာကို သိနေတာကြောင့် ဆန်နီ တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်..။ဒီ ဘုရာကျောင်းထဲမှာ မှန်အပိုင်းအစေတွ နောက်ထပ် ဘယ်လောက်တောင် ရှိနိုင်မလဲ ဆိုတာကို ဘယ်သူ သိမှာလဲ..။သူက နည်းနည်းလေးတောင် နှေးကွေးမနေပဲ..ချန်ထားရစ်ခဲ့တဲ့ မှတ်သားမူတွေ အားလုံးကို ပြန်သိမ်းလိုက်တယ်..။ပြီးတာနဲ့..ကျယ်ပြန့်တဲ့ ခန်းမရဲ့ ဝေးရာနေရာဆီကို ရွေ့လျားသွားခဲ့ပါတယ်..။
အဲ့အချိန်မှာတော့..ဘာမှမရှိတဲ့ မင်းသားဟာ..စိတ်ဝင်စားနေခဲ့တယ်..။
“သူတို့ ဘယ်မှာပုန်းနေတာလဲ.။စိတ်ဝင်စားစရာပဲ..”
ရုတ်တရက် ဆိုသလိုပဲ..သူ့ရဲ့ ပတ်ဝန်းကျင်မှာ အဖြူရောင် အလင်းစက်တွေ ဝန်းရံလာခဲ့ပါတယ်.။မော်ဒရက်က ဘယ်လိုမှတ်သားမူတွေကို ဖော်ထုတ်နေသလဲဆိုတာကိုတောင် ဂရုစိုက်မနေတော့ပဲ..ဆန်နီဟာ..နောက်ထပ် တံခါးတစ်ခုစီရောက်အောင်သာ အာရုံစိုက်ပြီး သွားနေခဲ့တယ်..။
အလင်းစက်တွေက..ပုံစံပေါ်မလာသေးခင်အချိန်မှာပဲ..ကတ်စီနဲ့ သူက..ဝရန်တာကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး..နောက်ထပ် ကော်ရစ်ဒါတစ်ခုဆီကို ရောက်နေခဲ့ပါပြီ..။
သူတို့က မြင့်မြတ်နယ်မြေကို အောင်မြင်စွာ ချန်ိထားရစ်နိုင်ခဲ့ကြပြီး..ဘုရားကျောင်းရဲ့ အဓိက အဆောက်အဦးတွေ ဆီကို ရောက်လာနိုင်ခဲ့ကြတယ်..။ဒါက အတော်လေးကို ကြီးမားပြီး..ကျယ်ပြန့်တာကြောင့်..သူတို့ကို ရှာတွေ့နိုင်ဖို့ ဆိုတာက လွယ်ကူမှာ မဟုတ်ပါဘူး..။လက်ရှိသူတို့ ရပ်နေတဲ့ နေရာကနေ ဆိုရင်..အပြင်ဘက် ခြံဝန်းဆီကို သွားလို့ ရသလို ၊ ကျန်တဲ့ ခေါင်းလောင်း အထပ်ခြောက်ခုထဲက ကြိုက်တဲ့အထပ်ဆီကို သွားလို့ရပါတယ်.။
သူတို့က အဓိက ခေါင်းလောင်းတာဝါကြီးဖြစ်တဲ့ ခုနှစ်ခုမြောက် ခေါင်းလောင်းတာဝါကိုတောင် နောက်တစ်ကြိမ် တစ်ပတ်ပတ်ပြီး ပုန်းအောင်းနေလို့ ရပါသေးတယ်..။ဒီလိုဆိုရင် မှန်သားရဲ အနေနဲ့ သူတို့ ဒီအထပ်မှာပဲ..ရှိနေသေးတယ်လို့ ထင်ထားမှာ မဟုတ်လောက်ပါဘူး..။
သို့ပေမယ့်..မော်ဒရက်ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့က ဒီလောက်အထိ မလွယ်ကူနိုင်ဘူးဆိုတာကို ဆန်နီ သံသယဖြစ်နေမိတယ်..။
ဘာပဲဖြစ်ဖြစ် သူ သတ်ဖြတ်ထားတဲ့ သားကောင်တွေရဲ့ အလောင်း အကြွင်းအကျန်တွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာတင် ရှိနေကြတာပါ..။ဒီလူတွေထဲက တစ်ယောက်မှ မလွတ်မြောက်နိုင်ကြပါဘူး..။
သူက ခနလောက်တွေဝေနေပြီးကာမှ..ကတ်စီကို ဆွဲခေါ်က အပြင်ဘက်နေရာဆီကို ဦးတည်သွားလိုက်တယ်..။ဘုရားကျောင်းရဲ့ ဒီအပိုင်းက သူတို့နှစ်ယောက်စလုံး ကောငး်ကောင်းသိထားတဲ့ နေရာဖြစ်တာကြောင့်..အရေးကြီးတဲ့ အားသာချက်တွေကို ရနိုင်ပါတယ်..။ဒါပေါ့ သူတို့ ဒီကို လာနိုင်တယ်ဆိုတာကို လည်း..စွန့်ပစ်ခံရတဲ့ မင်းသားက နားလည်ထားမှာပါပဲ..။
ဒါက ဆန်နီ ရွေးချယ်ရမဲ့ စွန့်စားမူ တစ်ခုပါ..။
နောက်ဆုံးမှာ သူတို့ရဲ့ ရည်မှန်းချက် ဆိုတာက လွတ်မြောက်ဖို့ပါပဲ..။ဒီလို လွတ်မြောက်ဖို့ ဆိုတာကလည်း..ဘုရားကျောင်းရဲ့ ထွက်ပေါက်နဲ့ အနီးဆုံးနေရာမှာ ရှိနေမှာသာ လုပ်ဆောင်နိုင်ပါလိမ့်မယ်..။
….
စိုးရိမ်မူ တွေ ၊ ကြောက်လန့်မူတွေနဲ့အတူပဲ..နာရီအနည်းငယ် ကုန်ဆုံးသွားခဲ့တယ်..။ဆန်နီနဲ့ ကတ်စီတို့ဟာ..ဘုရားကျောင်းရဲ့ အဓီက အဆောက်အဦးကနေ..ရွေ့လျားနေကြပြီး..အပြင်ဘက်စည်းနဲ့ ပိုပို နီးကပ်လာကြပါပြီ..။လမ်းတစ်လျောက်မှာတော့..သူတို့ ခနတစ်ဖြုတ်နားခဲ့ကြတယ်..။ဒါက စားသောက်ဖို့နဲ့ ခွန်အားပြန်ဖြည့် ဖို့အတွက် တစ်ပိုင်းတစ်စ ပါဝင်တယ် ဆိုပေမယ့် အများစုကတော့..ရိုးရှင်းစွာပဲ..ဆက်လက်လမ်းမလျောက်နိုင်ကြတော့လို့ပါ..။
ဆန်နီဟာ..မောပန်းမူတွေ ၊ နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။သူက လုံခြုံတဲ့ နေရာတစ်ခုကို ရှာလိုက်ပြီး..ကြမ်းပြင်ပေါ်မှာ လဲချလိုက်ကာ..အတော်ကြာအောင် ငြိမ်သက်ပြီး ခပ်ပြင်းပြင်း အသက်ရူနေခဲ့ပါတယ်..။ယင်းနောက်သူက ထာဝရ ချိန်းရဲ့ ချပ်ဝတ်ပြားတွေကို ဖယ်ရှားလိုက်ပြီး အောက်ဘက်မှာ ရှိနေတဲ့..အဝတ်ကို ဆွဲလိုက်တဲ့ အချိန်မှာ..မော်ဒရက်က လွဲပြောင်းပေးထားတဲ့ ဒဏ်ရာကြီး ထွက်ပေါ်လာခဲ့တယ်..။
ရလာဒ်ကတော့ အခြေအနေသိပ်မကောင်းပါဘူး..။ဒီဒဏ်ရာကြောင့် ဆန်နီက မကြာခင် သေဆုံးတော့ မယ့် ပုံစံမျိုး မဟုတ်ပေမယ့်..အလျင်အမြန်ပျောက်ကင်းမဲ့ ပုံစံလည်း မရှိပေ..။လတ်တလော အခြေအနေမှာတော့..သူက ဒုက္ခိတ တစ်ယောက်လိုပါပဲ..။
“ချီးပဲ..”
အနည်းဆုံးတော့..သူက သွေးထွက်ပြီး သေဆုံးတာမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး..။
သူက ချပ်ဝတ်ကို ပြန်ထုတ်ဖော်လိုက်ပြီး..တပ်မက်ခြင်းသေတ္တာကို ဖွင့်လိုက်ကာ..အသင့်စား ဆီသွပ်အစားအသောက် နှစ်ဗူးယူလိုက်တယ်..။သူတို့နှစ်ယောက်က အဟာရ အစားအသောက်ကို အလျင်အမြန်စားလိုက်ပြီး..ထပ်မံ ချီတက်ဖို့ အချိန်ရောက်လာခဲ့ပြန်ပါတယ်..။
သို့ပေမယ် အဲဒီမတိုင်ခင်မှာပဲ…ကတ်စီက သူ့ကို တစ်ခုခု ပေးလာခဲ့တယ်..။
“ရော့..နင်ဒါကို ယူထားလိုက်..”
ဆန်နီ ပစ္စည်းကို ယူလိုက်တဲ့ အချိန်မှာ..သူ့ရဲ့ ပုံသဏ္ဌာန်ကို မှတ်မိနေတာကြောင့် မျက်ခုံးပင့်တက်သွားခဲ့တယ်..။ဒါက သေးငယ်ပြီး အေးစက်တဲ့ အနက်ရောင် သံမဏိတစ်ခုဖြစ်ပြီး..အိမ်ပုံစံ အရာလေးတစ်ခုပါ..။
သူ့ လက်တွေနဲ့ ထိတွေ့လိုက်တာနဲ့တင် ဒီအရာက မရိုးရှင်းဘူး ဆိုတာကို ခံစားနခဲ့ရတယ်..။အမှန်တော့..ဒါက သူ ကိုင်ဆောင်ဖူးသမျှထဲမှာ..စွမ်းအားအကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုလို့တောင် ပြောနိုင်ပါတယ်..။
“ဝယ်သီရဲ့ အဆောင်လား..။နင် ဘယ်တုန်းက ယူခဲ့တာလဲ..”
မျက်မမြင် မိန်းကလေးက သက်ပြင်းချလိုက်ပြီး..
“နင့်ရဲ့ မျက်လုံးတွေ ပြန်ပွင့်လာတုန်းက..။အဲဒီအစား..ငါက သူ့ရဲ့ ခန္တာကိုယ်ဆီကိုပဲ အချိန်မှီရောက်အောင် သွားလိုက်သင့်တာ..။တကယ်လို့ ငါ့မှာသာ အဆီအနှစ်တွေ ပိုရှိမယ် ဆိုရင်..ငါက ဒါကို မြင်နိုင်မှာဖြစ်သလို..တစ်ခုခုကွဲပြားတာကိုလည်း လုပ်ဆောင်နိုင်လိမ့်မယ်..”
ဆန်နီ ခနလောက်ေတွဝေလိုက်ပြီး..အဆောင်ကို တပ်မက်ခြင်းသေတ္တာရဲ့ ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်..။
“နင်က ဘာလို့ စိတ်ပျက်နေတာလဲ..။ဟုတ်တယ်..ငါတို့က အဲ့ခွေးသားကို သတ်ဖို့ ကျရှုံးခဲ့တယ်..။ဒါပေမဲ့..ငါတို့က..ဗာလာကလန်ရဲ့ ဆုံးရှုံးသူ အယောက်တစ်ရာ နဲ့ စစ်သည် နှစ်ယောက်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြတာပဲ..။ဒီ အောင်မြင်မူက သိပ်တော့ မဆိုးဘူးလေ..ဟုတ်တယ်မလား..။ထပ်ပြောရရင်..မော်ဒရက်ရဲ့ အစီအစဉ်ကလည်း ပျက်ဆီးသွားပြီ..။လက်ရှိသူ့ပုံစံက အရာအားလုံးကို ထိန်းချုပ်ထားပုံရပေမယ့်..ငါ့ ပြောတာကို ယုံလိုက်..၊ အဲ့ငနဲရဲ့ အခြေအနေက ငါ့တို့ထက်တောင် ပြသနာ တက်နေပြီ..။အရာရာတိုင်းကလည်း သူစီစဉ်ထားသလို ဖြစ်လာနေတာ မဟုတ်ဘူး..”
မျက်မမြင် မိန်းကလေးဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ခေါင်းညိမ့်လိုက်ပြီး..သူ့ကို မတ်တတ်ရပ်ဖို့ကူတွဲပေးလိုက်တယ်..။
အနည်းငယ် အနားယူလိုက်ရတာက..မောပန်းမူတွေ အားလုံးကို ပျောက်ကွယ်မသွားနိုင်စေပေမယ့်..သူတို့က ဆက်ပြီး လျောက်လာခဲ့ကြပါတယ်.။။မပြင်မှာပဲ..ဘုရားကျောင်း အပြင်ဘက်နေရာကို ရောက်လာခဲ့ကြတယ်..။
သို့ပေမယ့် သူတို့ ရောက်လာပြီ ဆိုတာနဲ့..ကတ်စီက ရုတ်တရက် အေးခဲပြီး တုန်ရီသွားခဲ့ပါတယ်..။
ဆန်နီ စိတ်ပူသွားခဲ့တယ်..။
‘ဘာ….’
ယင်းနောက်..သူလည်း မသိမသာ နီးကပ်လာနေတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်..။တစ်စက္ကန့်လောက်ကြာပြီးတဲ့ နောက်မှာတော့..ဝယ်သီရဲ့ ရင်းနှီးတဲ့ အသံကြီးက ထွက်ပေါ်လာခဲ့ပါတယ်..။
“မင်းတို့က..ဒီရောက်နေတာပဲ…”
ဆန်နီ အံကိုကြိတ်ထားပြီး..ကတ်စီရဲ့ လက်ကို ဆုပ်ကိုင်ထားကာ..ဆန့်ကျင်ဘက် ဦးတည်ရာကို ထွက်ပြေးပါတော့တယ်..။
‘ချီးပဲ…ချီးပဲ…ချီးပဲ…’
သူ့ရဲ့ ရင်ဘတ်က နာကျင်နေပြီး မခံမရပ်နိုင်တဲ့ နာကျင်မူကို ဖြစ်ပေါ်နေစေခဲ့တယ်..။သူတို့က အမြန်နှုန်းကို အကန့်အသတ်ရောက်တဲ့အထိ ထွက်ပြေးနေခဲ့ကြတယ်..။ဒါပေမဲ့..ဘာများ ထူးသွားမှာ မို့လို့လဲ..။မာစတာ တစ်ယောက် ဆိုတာက နိုးထသူတစ်ယောက် ထက်ပိုပြီး လျင်မြန်ပါတယ်..။မော်ဒရက်က အလျင်စလို လိုက်နေတဲ့ ပုံစံ မဟုတ်ပေမယ့်လည်း..သူ့ရဲ့ ခြေသံတွေက နီးသထက် နီးကပ်လာခဲ့ပါပြီ..။
သို့ပေမယ့်..သူက…သူတို့ဆီကို ရောက်မလာသေးခင်မှာပဲ…
ညဘုရားကျောင်းကြီး တစ်ခုလုံးက ရုတ်တရက် တုန်ခါသွားခဲ့ပြီး..ဆန်နီကို ကြမ်းပြင်ပေါ် လဲကျသွားစေခဲ့တယ်..။
နာကျင်မူက သူ့ခန္တာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး..ခနအကြာမှာတော့..သူ့ရဲ့ အရိပ်အာရုံခံမူကို ဘုရားကျောင်းကြီးရဲ့ ခြံစည်းရိုးနံရံတွေက တားဆီးထားခြင်း မရှိတော့ပါဘူး..။ဒါက အနက်ရောင် ကျောက်တုံးတွေကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့ပြီး..အပြင်ဘက်မှာရှိတဲ့ ကျယ်ပြောလှတဲ့..အမှောင်ထုကြီးဆီကို..ရောက်ရှိသွားနိုင်ခဲ့ပါတယ်..။
ဆန်နီ လက်သီးတွေကို ကျစ်နေအောင် ဆုပ်ထားခဲ့တယ်..။
‘ ချုပ်နှောင်မူ…အဲတာက မရှိတော့ဘူး..”
…သူတော်စင်က ရောက်လာခဲ့ပါပြီ..။
အပိုင်း ( ၅၉၄ ) ပြီး၏။