← Chapters

သူတော်စင်တွေ ရောက်လာပြီ..

Vol. 40 Ch. 595

သူတော်စင်တွေ ရောက်လာပြီ..

Vol. 40 Ch. 595

အဲ့အချိန်မှာတော့..ဆန်နီ နဲ့ ကတ်စီ တို့ဟာ..ထွက်ပေါက်နဲ့ သိပ်ပြီး မဝေးကြတော့ပေ..။သူတို့က လှောင်အိမ်ထဲကနေ လွတ်မြောက်ပြီး..သေခြင်းတရားနဲ့ ပတ်သက်တဲ့ အမြင်အာရုံတွေကို ရရှိခဲ့တဲ့ နေရာမှာ ရောက်နေကြတာပါ..။အစတုန်းကတော့…လေးလံတဲ့ ထွက်ပေါက်တံခါးကြီးတွေဟာ..ချိန်ပိတ်ထားခဲ့ကြပေမယ့်..အခုတော့..ဒါက နောက်ဆုံးမှာ ပွင့်သွားခဲ့ပါပြီ..။

သူတော်စင် ကော်မတ်ရဲ့ ဟောလိုးတောင်တန်း ဆီကို သွားတဲ့ ခရီးစဉ်က ထင်ထားတာထက် ရက်အနည်းငယ် စောပြီး ပြန်ရောက်လာခဲ့တဲ့ ပုံပါပဲ..။

ဆန်နီဟာ..တစ်ခနလောက်..စိတ်ထဲမှာ ပျော်ရွှင်မူတွေနဲ့ လွှမ်းမိုးသွားခဲ့တယ်..။

သို့ပေမယ့်..ခနအကြာမှာပဲ…သူ့စိတ်ကို အေးအေးထားပြီး..ကြောင်းကျိုးဆင်ခြင်မူတွေနဲ့ ပြန်တွေးကြည့်လိုက်တယ်..။

ဟုတ်တယ်…သူတော်စင် ရောက်ရှိလာတယ် ဆိုတာက လွတ်မြောက်ဖို့အတွက် လမ်းကြောင်းတစ်ခုပါပဲ..။ပြီးတော့..မော်ဒရက်နဲ့ ပြသနာကို လည်း ဖြေရှင်းပြီးသလို ဖြစ်သွားမှာပါ..။

သိုပေမယ့်..အထွတ်အထိပ် အဆင့် စစ်သည်တော်က..ပိုပြီး အန္တရာယ်များတဲ့ ခြိမ်းခြောက်မူမျိုးတွေ မလုပ်ပါဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ..။

ဘုရားကျောင်းထဲကို သူတော်စင်ကော်မတ် ဝင်ရောက်လာတဲ့ အချိန်ကြရင် ပထမဆုံးတွေ့မြင်ရမယ့် အရာက တောင်ပုံ ရာပုံ ဖြစ်နေတဲ့ အလောင်းတွေပါပဲ..။ပြီးတဲ့နောက်မှာတော့..သူက သူ့မျက်စိရှေ့မှာ မြင်သမျှအရာအားလုံးကို သတ်ချင်စိတ် ဖြစ်သွားပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ်..အသက်ရှင်ကျန်ရစ်နေတဲ့ လူတိုင်းက..စွန့်ပစ်ခံရတဲ့ မင်းသားရဲ့ ..သားကောင် ဒါမှမဟုတ်..မျက်မြင်သက်သေ ဖြစ်နေလို့ပါ..။

ဆန်နီ အံကိုကြိတ်ထားရင်း..မတ်တတ်ထရပ်လိုက်တယ်..။ပြီးတာနဲ့ ကတ်စီကို ဆွဲကာ..ကော်ရစ်ဒါရဲ့ ဘေးဘက် ဆီကို သွားလိုက်ပါတယ်..။အဲ့နေရာမှာတော့..သူတို့က အရိပ်တွေထဲမှာ ပုန်းအောင်းရင်း..သူမရဲ့ ဝတ်ရုံနဲ့သူတို့နှစ်ယောက်စလုံးရဲ့ ခန္တာကိုယ်ထဲကို ပတ်ကာ စောင့်နေလိုက်ကြတယ်..။သူက တံခါးပေါက် ရှိနေတဲ့ ဘက်ကို..အရိပ်အာရုံခံမူ နဲ့ မဆန်းစစ် ရဲသလို..သူ့ရဲ့ အရိပ်တွေကိုသုံးပြီး ထောက်လှမ်းတာမျိုးလည်း မလုပ်ရဲပါဘူး..။ဒီလိုလုပ်လိုက်ရင်..သူတော်စင်ရဲ့ အာရုံစိုက်မူကို ရသွားမှာ စိုးလို့ပါ..။ဒါကြောင့်..သူတို့နှစ်ယောက်စလုံးက ဘာတွေ ဖြစ်နေပြီလဲ ဆိုတာကို မသိကြပေ..။

စက္ကန့်အနည်းငယ်ကြာအောင်..ကြောက်ဖို့ကောင်းစွာ တိတ်ဆိတ်နေပြီးနောက်မှာတော့..ဆန်နီဟာ သူတို့ ထွက်ခွာလာခဲ့တဲ့ ကော်ရစ်ဒါကနေ အသံတွေကို ကြားနေခဲ့ရတယ်..။တစ်စုံတစ်ခုက မယုံနိုင်စရာ အမြန်နှုန်းနဲ့ ဖြတ်သွားခဲ့သလိုပဲ..သူတို့နှစ်ယောက် အပေါ်ကိုတောင်..လေ တိုက်ခတ်သွားခဲ့ပါတယ်..။

ခနအကြာမှာတော့..အဝေးတစ်နေရာက..တိုက်မိသံတစ်ခုကို ကြားလိုက်ရပြီး..ညဘုရားကျောင်းကလည်း နောက်ထပ်တစ်ကြိမ် တုန်လှုပ်သွားခဲ့ပြန်ပါတယ်..။

ကြည့်ရတာတော့..သူတော်စင် ကော်မတ်က ..မော်ဒရစ်ကို ရှာတွေ့သွားတဲ့ ပုံပါပဲ..။

ဆန်နီက ကတ်စီရဲ့ ခြေထောက်ကို တွန်းပြီး ပြောလိုက်တယ်..။

“ထွက်ပေါက် နေရာဆီကို အမြန်ပြေးတော့..”

သူတို့က ထွက်ပေါက်နေရာဆီကို အမြန်ပြေးလိုက်ကြတယ်..။မကြာခင်မှာပဲ..ရင်းနှီးတဲ့ အခန်းငယ်လေးက သူတို့ရဲ့ မျက်စိရှေ့မှာ ပေါ်လာခဲ့ပါတယ်..။ဒီနေရာမှာတော့..လေထုက အလောင်းတွေရဲ့ ပုပ်ပွနေတဲ့ အနံ့တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။ညဘုရားကျောင်းရဲ့ တံခါးပေါက်ကြီးတွေက ကျယ်ပြန့်စွာ ပွင့်နေခဲ့ပြီး..အောက်ဘက်ကောင်းကင်ရဲ့ မထိုးဖောက်နိုင်တဲ့ အမှောင်ထုက..အဆုံးမရှိ ဆန့်ထုတ်ထားသလိုပါပဲ..။

ဒီမြင့်မားတဲ့ တံခါးပေါက်ကြီးတွေက..အဆုံးမရှိတဲ့ ညအမှောင်ထုတွေဆီကို သွားတဲ့ ဝင်ပေါက်တစ်ခုလိုတောင် ဖြစ်နေခဲ့တာပါ..။

ဆန်နီ နဲ့ ကတ်စီတို့ဟာ..နည်းနည်လေးတောင် နှေးကွေးသွားခြင်း မရှိပဲ..သူတို့ရဲ့ လွတ်မြောက်ရာ နေရာဆီကို ပြေးနေခဲ့ကြတယ်..။ဂိတ်ပေါက်ကို ဖြတ်ပြီးတဲ့ နောက်မှာတော့..သူတို့ဟာ နောက်ဆုံးမှာ..ကျိန်စာသင့် ဘုရားကျောင်းကနေ လွတ်မြောက်သွားခဲ့ကြပါပြီ..။ဒီကျောက်တုံး ထောင်ခြောက်ကြီးထဲမှာ..ဒုက္ခတွေ ၊ သွေးသံတရဲရဲ အခြေအနေတွေ ၊ ထိပ်လန့်စရာ ခြောက်ခြားမူတွေကို တစ်လလောက် ခံစားရပြီးတဲ့ နောက်မှာတော့..အလင်းမရှိတဲ့ အောက်ဘက်ကောင်းကင် ချောက်နက်ကြီးရဲ့ လေထုကတောင် ပိုပြီး ချိုမြိန်နေသလိုပါပဲ..။

သူတို့ထွက်သွားပြီးတဲ့ အချိန်မှာပဲ..ညဘုရားကျောင်းကြီးဟာ..နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့ပြီး..ရှေးဟောင်း နံရံကြီးတွေရဲ့ ပြိုကျမူကြောင့် ဖုန်တွေ ဖြစ်ပေါ်လာခဲ့တယ်..။အောက်ဘက်မှာတော့..ခေါင်းလောင်းတွေက မကောင်းတဲ့ အတိတ်နိမိတ်တွေနဲ့ မြည်နေခဲ့ကြပါတယ်..။ဒါက ခါတိုင်းလို သာယာဖွယ် အသံမျိုး မဟုတ်တော့ပဲ..ထူးဆန်းစွာပဲ..တုန်လှုပ်ဖွယ် အတိဖြစ်နေခဲ့ပါတယ်..။

သူတော်စင်က ဘာမှမရှိတဲ့ မင်းသားနဲ့ တိုက်ခိုက်နေခဲ့တာကြောင့်..ဘုရားကျောင်းကြီးတစ်ခုလုံးက..သူတို့ရဲ့ ဒေါသတကြီး ထိုးနှက်မူတွေကို ခံစားနေခဲ့ရတယ်..။

“အမြန်..ဒါက အခုထိ မပြီးသေးဘူး..”

သူတို့နှစ်ယောက်ဟာ..အောက်ဘက်ကောင်းကင်ရဲ့ သံကြေးတက်နေတဲ့ ချိန်းကြိုးပေါ်မှာ ဖြတ်ပြေးနေခဲ့ကြတယ်..။မကြာခင်မှာပဲ..မြောက်ပိုင်း ကျွန်းရဲ့ တောင်စောင်းတစ်လျောက်မှာ လှည့်ပတ် ဖန်တီးထားတဲ့..လှေကား..တွေနေရာကို ရောက်လာခဲ့ကြပါတယ်..။

သူတို့နှစ်ယောက်လုံးက ကျဉ်းမြောင်းတဲ့ လမ်းတွေအတိုင်း အပေါ်ကို လျင်မြန်စွာ တက်နေခဲ့ကြတယ်.။ခြေလှမ်းတစ်ချက်မှားလိုက်တာနဲ့..သူတို့ရဲ့ အသက်ကို ဆုံးရှုံးသွားစေနိုင်တယ် ဆိုတာကိုလည်း သိထားခဲ့ကြပါတယ်..။သို့ပေမယ့် ဆန်နီကတော့..အရှိန်ကို လျော့ဖို့အတွက် စိတ်ကူးမရှိပေ..။သူတို့က မျက်နှာပြင်ပေါ်အထိ ရောက်အောင် တက်ပြီး..ကျွန်းကို ဖြတ်သန်းကာ..ကောင်းကင်ချိန်းကို ကို ဖြတ်သန်းကြရပါလိမ့်မယ်..။ဒါတွေအားလုံးက..သူတော်စင်ကော်မတ် အနေနဲ့ လွတ်မြောက်နေတဲ့ အကျဉ်းသားရဲ့ ပြသနာကို ဖြေရှင်းလို့ မပြီးခင် အချိန်အတွင်းမှာ လုပ်ဆောင်ရမှာပါ..။

‘အရမ်း..ရှည်လွန်းတယ်…သွားရတာ အရမ်းဝေးလွန်းနေတယ်..’

ဆန်နီ ခနလောက်‌ေတွဝေနေခဲ့ပြီးကာမှ..ကောင်းကင် ဖိအားကို ဖော်ထုတ်လိုက်တယ်..။

“ငါ့ နောက်ကျောပေါ်ကို တက်လိုက်..”

ကတ်စီ ခနလောက်တွေဝေသွားခဲ့ပေမယ့် သူပြောသလိုပဲ လုပ်လိုက်ပါတယ်..။သူက အနက်ရောင် အပ်ကို ချပ်ဝတ်အက်ျီရဲ့ ကြားထဲကို ထိုးစိုက်ရင်း ကျိန်ဆဲလိုက်တယ်..။ပြီးမှ..သုံးမြောင့်ဆူးချွန်ကို လက်ကကိုင်ပြီးြ..တောင်စောင်းရဲ့ အမြင့်ဆုံးနေရာကို လှမ်းပစ်လိုက်ပါတယ်..။

မျက်မမြင် မိန်းကလေးရဲ့ အလေးချိန်ပါ ပေါင်းထည့်ထားတာကြောင့်..သူတို့အပေါ်ကို တက်နေတဲ့ အရှိန်နှုန်းက သိပ်ပြီးတော့ ..မမြန်ပါဘူး..။သို့ပေမယ့်..ကူနယ်ရဲ့ မမြင်ရတဲ့ ကြိုးဆီက အကူအညီပါ ရနေခဲ့တာကြောင့်..ဆန်နီက တစ်နည်းအားဖြင့် မြန်အောင် လုပ်နိုင်နေခဲ့တယ်..။သူတို့နှစ်ယောက်ရဲ့ ပုံစံက..ပိုးချည်မျှင်တစ်ချောင်းထဲနဲ့ တောင်ပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ ပင့်ကူတစ်ကောင်နဲ့တောင် တူနေခဲ့ပါပြီ..။

ကွဲပြားချက်ကတော့..ဒီတောင်ကုန်းက ဒေါင်လိုက်အနေအထား ဆိုတာထက်တောင် ပိုမို မတ်စောင်နေခဲ့ပြီး..ဒေါသတကြီးတိုက်ခတ်နေတဲ့ လေထုကလည်း..သူတို့ကို အောက်ဘက်ကောင်းကင် ရဲ့ အမှောင်ထုဆီ ပြတ်ကျသွားအောင် ကြိုးစားနေခဲ့တယ်..။

သို့ပေမယ့်..မိနစ်အနည်းငယ်လောက် ပင်ပန်းဆင်းရဲပြီးတဲ့နောက်မှာ..ဒါမှမဟုတ် အဆုံးမရှိကြာမြင့်ပြီးတဲ့ နောက်မှာ..သူတို့က..ကျွန်းရဲ့ မျက်နှာပြင်ပေါ်ကို အသက်ရှင်လျက် တက်လာနိုင်ခဲ့ကြပါတယ်..။

ဆန်နီက အပ်ကို ပြန်သိမ်းလိုက်ပြီး..နူးညံ့တဲ့ မြေကြီးပေါ်ကို လဲကျသွားခဲ့တယ် ..။သူ့ရဲ့ ရင်ဘတ်ကတော့..နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပါပြီ..။အသက်တစ်ခါ ရူလိုက်တိုင်းမှာလည်း သူ့ရဲ့ အဆုတ်က..ထူးဆန်းပြီး..စိတ်အနှောက်အယှက် ဖြစ်လောက်တဲ့ အသံတွေ ထွက်ပေါ်နေခဲ့သေးတယ်..။သူက ခနကြာအောင် ခံစားချက်မဲ့စွာ လဲလျောင်းနေပြီးကာမှ..ကတ်စီရဲ့ ဆွဲထူမူနဲ့ မတ်တတ်ထရပ်လိုက်ပါတယ်..။

“ငါသိတယ်..ငါသိတယ်..။ငါတို့ သွားမှရမယ်..။အခုထိ အနားယူဖို့ အချိန်မကြသေးဘူး..”

သူတို့က ပန်းပွင့်ကွင်းပြင် ကြီးကို ဖြတ်ပြေးနေခဲ့ကြတယ်..။ဟောလိုးတောင်တန်းကတော့ သူတို့ရဲ့ နောက်ဘက်မှာ အုပ်မိုးပြီး ရှိနေခဲ့ပါတယ်..။အဖြူရောင် မြူနှင်းတွေက သူ့ရဲ့ တောင်စောင်းတစ်ယောက် မှာ ကျဆင်းနေခဲ့တယ်..။သူတို့ရဲ့ ရှေ့မှာလည်း..အဖြူရောင်နဲ့ တူတဲ့ အရာတွေက..လေထဲမှာ ကခုန်နေခဲ့ကြပါပြီ..။

ဆန်နီ ဟာ..သူ့ရဲ့ ပူလောင်နေတဲ့ မျက်နှာပြင်ပေါ်ကို အေးစက်တဲ့ ထိတွေမူတွေ ကျရောက်လာတာကို ခံစားလိုက်ရတဘ်..။

သူ့နှလုံးသားက..နာကျင်စွာပဲ..အံ့ဩသွားခဲ့ပါတယ်..။

‘နှင်း..ဒါက နှင်းကျနေတာပဲ..’

အခုက ဒီဇင်ဘာတောင် ရောက်နေပြီလား..။ဒါမှမဟုတ် နှင်းတွေကပဲ..ပုံမှန်အချိန်ထက်စောပြီး ကျဆင်းနေခဲ့တာလား..။

ဒီ ကံကြမ္မာကနေ..မလွတ်မြောက်နိုင်တော့ဘူး..

သူတို့ရဲ့ အောက်ဘက်က မြောက်ပိုင်း ကျွန်း ဟာ..တုန်လှုပ်သွားခဲ့တယ်..။

…ပြီးတော့..နောက်ထပ်တစ်ခန အကြာမှာပဲ..အနက်ရောင်ပုံရိပ်တစ်ခုက သူတို့ရဲ့ မြင်ကွင်းရှေ့မှာ ပေါ်လာခဲ့ပါတယ်..။

ဆန်နီက သူတော်စင် ကော်မတ် နဲ့တစ်ခါမှ မတွေ့ခဲ့ဖူးပေ..။သိုပေမယ့် သူက ချက်ချင်း ဆိုသလိုပဲ မှတ်မိလိုက်ပါတယ်..။အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကသာ..ဒိလိုမျိုး..နက်ရှိုင်းပြီး..မခန့်မှန်းနိုင်လောက်တဲ့ အရိပ်တစ်ခုကို ပိုင်ဆိုင်ထားနိုင်မှာပဲ..။သူ့ရဲ့ တည်ရှိမူတစ်ခုကတင်..သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို..သက်ရောက်သွားခဲ့သလိုပါပဲ..။

သူတော်စင်က အသက်သုံးဆယ်ဝန်းကျင်လောက်ရှိပြီး..အေးစက်တဲ့ မျက်နှာ ၊ ရက်စက်တဲ့ အနက်ရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားခဲ့တယ်..။သူ့ရဲ့ အနက်ရောင် အကာအကွယ်က..အတော်လေး စုတ်ပြတ်နေပြီး..သေဆုံးခြင်းနယ်မြေထဲကို..တစ်လလောက် စူးစမ်းရှာဖွေပြီးနောက်မှာ ..ပုံမှန်အတိုင်း ရှိနေဖို့တောင် မနည်း ထိန်းထားရတဲ့ ပုံပါပဲ..။အံ့ဩဖို့ကောင်းစွာပဲ..အကာအကွယ်အမျိုးအစား မှတ်သားမူတွေထဲမှာ ဒီအရာက သိပ်ပြီး ထူးခြားတဲ့ ပုံစံမျိုး မရှိပေ..။ပြီးတော့ သူက ကြောက်စရာ လက်နက်တစ်ခုကို ကိုင်ဆောင်ထားခြင်းလည်း မရှိပါဘူး..။

သို့ပေမယ့် သူ့ရဲ့ လက်ချောင်းတွေမှာ လတ်ဆတ်တဲ့ သွေးတွေ ပေနေခဲ့ပြီး..အောက်ဘက်ကို တစက် တစက် ကျဆင်းနေခဲ့ပါတယ်..။ဒါက ခရမ်းရောင် ပန်းပွင့်တွေကို အနီရောင်အဖြစ် ပြောင်းလဲ ခြယ်မှုန်းသလိုဖြစ်နေခဲ့တယ်..။

ကြည့်ရတာတော့…မော်ဒရက်က လွတ်မြောက်ခွင့်ရဖို့ အတွက် ကျရှုံးသွားခဲ့တဲ့ ပုံပါပဲ..။အဆုံးမှာတော့..သူ့ရဲ့ နောက်ဆုံး လက်ခံကောင်က ဖျက်ဆီးခြင်း ခံလိုက်ရတယ်..။

သူတော်စင် ကော်မတ်ဟာ..မျက်မှောင်ကျုတ်ပြီး..သူတို့နှစ်ယောက်ကို ကြည့်နေခဲ့တယ်..။ယင်းနောက် ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့ပါတယ်..။သူ့ ပတ်ဝန်းကျင်မှာ ကျဆင်းနေတဲ့ နှင်းစက်လေးတွေက..အေးစက်တဲ့ ခြုံထည်တစ်ခုလိုပါပဲ..။ဆန်နီဟာ..ရုတ်တရက် သူ့ကို သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေက လွှမ်းခြုံသွားခဲ့တာကို ခံစားလိုက်ရတယ်..။

သူ အနည်းငယ်တုန်လှုပ်သွားခဲ့ပြီး..ကတ်စီကို သူ့နောက်ကို ပို့လိုက်ပါတယ်..။သူ့မျက်လုံးတွေက..ပတ်ဝန်းကျင်ကို ကြည့်ကာ..သူ့တို့ အသက်ကို ကယ်တင်နိုင်တဲ့ တစ်စုံတစ်ခု..တစ်ခုခုကို ရှာတွေ့ဖို့..မျှော်လင့်နေခဲ့တယ်..။

ယင်းနောက် ခနတာ ဖြတ်သန်းသွားတဲ့ အရိပ်တစ်ခုက..နေကို ဖုံးကွယ်သွားခဲ့သလိုပဲ…ကမ္ဘာကြီးက ရုတ်တရက် မှောင်မိုက်သွားခဲ့ပါတယ်…။တစ်စက္ကန့်အကြာမှာတော့..တောင်ပံခတ်သံတွေနဲ့ အတူပဲ..အရိပ်က ပျောက်ကွယ်သွားခဲ့ပြီး..ရှည်လျား ၊ သွယ်လျတဲ့ အမျိုးသမီး ပုံရိပ်တစ်ခုက.သူတို့နဲ့ သူတော်စင်ကြားမှာ ရပ်နေခဲ့တယ်..။သူမရဲ့ ကိုယ်နေဟန်ထားက..မြားတစ်စင်းအလား ဖြောင့်မတ်နေခဲ့ပါတယ်..။

ကောင်းကင် ဒီရေ ဟာ..ဆန်နီ နဲ့ ကတ်စီ တို့ကို သူမရဲ့ ခန္တာကိုယ်နဲ့ ကာကွယ်ထားခဲ့ပြီး..တစ်ဖက်က အထွတ်အထိပ်အဆင့် စစ်သည်တော်ကို ကြည့်နေခဲ့တယ်..။သူမရဲ့ လှပတဲ့ မျက်နှာက ခါတိုင်းလိုပဲ အေးစက် နေခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေကတော့…တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားနေခဲ့တယ်..။

“…တော်လောက်ပြီ..ကော်မတ်..။ပြန်လိုက်တော့…”

အပိုင်း (၅၉၅ ) ပြီး၏။

All Chapters