← Chapters

ကြိုဆိုမူ

Vol. 40 Ch. 597

ကြိုဆိုမူ

Vol. 40 Ch. 597

“ခနလောက် တောင့်ခံထားဦး..”

လေးသည်တော်ဟာ အနည်းငယ်အားစိုက်လိုက်ပြီး..သူတို့နှစ်ယောက်ရဲ့ အလေးချိန်ကို ထမ်းပိုးကာ..ချောက်နက်ထဲမှာ ပျံသန်းလိုက်ပါတယ်..။သူ့ရဲ့ ပျံသန်းမူက ပေါ့ပါးပြီး အလေးချိန်ကင်းမဲ့နေခဲ့တယ်..။မီးအိမ်ရဲ့ အလင်းရောင်ပါ ရှိနေခဲ့တာကြောင့် သူတို့သုံးယောက်..အမှောင်ထုထဲမှာသွားလာနေတဲ့ ပုံစံက ကြယ်တစ်ခွန် တစ်စင်းအလား ဖြစ်နေခဲ့ပါတယ်..။သူတို့က မြန်သထက် မြန်အောင် ရွေ့လျားနေခဲ့ကြတယ်..။

ဆန်နီရဲ့ နားထဲမှာတော့ လေတိုးသံတွေကိုသာ ကြားနေရပါတယ်..။

သူက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..အံ့ဩသင့်စွာ မေးလိုက်တယ်..။

“ခနလေး..မင်းက သူတော်စင် တိုင်းရစ်ကို ဒီခေါ်လာခဲ့တာလား..”

ကိုင်ပြုံးလိုက်ပြီး အဝေးတစ်နေရာကို ကြည့်လိုက်တယ်..။

“ဒါပေါ့..မင်းနဲ့ ကတ်စီတို့ အစစ်အမှန်ကမ္ဘာကို ပြန်မလာကတည်းက..ဗာလာကလန်ရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အချိန်မှာ မင်းတို့ တစ်ခုခုဖြစ်နေပြီ ဆိုတာကို ငါတို့သိလိုက်တယ်..။ဒါပေမဲ့..မင်းတို့က စီစဉ်ထားတဲ့ အတိုင်း သဘော်ပျက်ကျွန်းကို နိုဝင်ဘာလ မတိုင်ခင် ရောက်မလာနိုင်ကြတဲ့ အချိန်မှာတော့..တစ်ခုခု မှားယွင်းနေပြီ ဆိုတာက သိသာသွားပြီလေ..။ဒီတော့ အယ်ဖီနဲ့ ငါက..ခနလောက် ထပ်စောင့်ပြီးနောက်မှာ..အဖြူရောင်တောင်ပံဆီသွားပြီး အကူအညီ တောင်းခဲ့ကြတာပဲ..”

သူက ခနလောက် ရပ်တန့်လိုက်ပြီးကာမှ ထပ်ပြောလိုက်တယ်..။

“နောက်ဆုံးတော့ ငါတို့က..ညဘုရားကျောင်းကို ကိုယ့်ဟာကို လာကြဖို့ ဆုံးဖြတ်လိုက်ကြတယ်..။အဲတာက ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပျက်ခဲ့တာပဲ..။ငါတို့က မနေ့ကမှ ရောက်လာခဲ့ကြတာ..”

‘ဒါပေမဲ့..ဘုရားကျောင်းက..ချိတ်ပိတ်ခံထားရမှာပေါ့..’

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..ကိုင်ရဲ့စကားထဲမှာ တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်တယ်..။

“ခနလေး..ပြီးခဲ့တဲ့ တစ်ပတ်ကလား..။မင်းက ချိန်းကျွန်းစုကို အဲလောက်မြန်မြန်ကြီး ဘယ်လို ဖြတ်လာခဲ့တာလဲ..”

လေးသည်တော်ဟာ တောက်ပစွာ ပြုံးလိုက်ပြီး..

“..ရှေ့ကို ကြည့်လိုက်..”

‘သူက ဘာကို…’

ဆန်နီ ရှေ့ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အေးခဲသွားခဲ့တယ်..။

သူတို့က နောက်ထပ် အလင်းရောင် အရင်းအမြစ်တစ်ခု ဆီကို ချည်းကပ်နေခဲ့ကြတာ ဖြစ်ပြီး.ဒီတစ်ခုက အတော်လေးကို ကြီးမားပါတယ်..။ဒါမှမဟုတ်..အဲဒီအရာက..သူတို့ရှိနေတဲ့ နေရာကို ကိုင် ထက်တောင် လျင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းလာနေခဲ့တာပါ..။

ခနအကြာမှာတော့..ထည်ဝါလှတဲ့ သစ်သားသဘော်တစ်စီးရဲ့ ပုံရိပ်က..အောက်ဘက်ကောင်းကင်က အမှောင်ထုထဲမှာ..ပျံသန်းနေတာကို တွေ့လိုက်ရတယ်..။ဒါက ရေထဲမှာ ခုတ်မောင်းနေတဲ့ အတိုင်းပါပဲ..။သူ့ရဲ့ ရွက်တွေက အဖြူရောင်ဖြစ်ပြီး..ရွက်တိုင်တွေပတ်ဝန်းကျင်မှာတော့..သစ်ပင်တစ်ပင် ရှိနေခဲ့တယ်..။သူ့ရဲ့ အကိုင်းတွေမှာတော့..တောက်ပတဲ့ အစိမ်းရောင် အရွက်တွေ ရှိနေခဲ့ပါတယ်..။

…ကြည့်ရတာတော့..နောက်ဆုံးမှာ မီးစောင့်ရှောက်သူတွေက..ရှေးဟောင်း သဘော်ကြီးကို ပြင်ဆင်နိုင်ခဲ့ကြတဲ့ ပုံပါပဲ..။

ဒါက အရင်တုန်းကလို..မျက်နှာပြင်ပေါ်က အက်ကွဲကြောင်းတွေ ၊ ဒဏ်ရာတွေ ရှိမနေတော့ပဲ..ကိုယ်ထည်အသစ်နဲ့ ထည်ဝါပြီး မြန်ဆန်နေခဲ့ပါတယ်..။အစားထိုးနေရာတွေမှာ အသုံးပြုထားတဲ့ သစ်သားတွေကို ဆေးသုတ်ထားတဲ့ နေရာတွေက သစ်လွင်နေဆဲဖြစ်ပြီး..ဟိုနားဒီနား မှာလည်း သဘော်ရဲ့ တည်ဆောက်ပုံက ခနော်ခနဲ့ နဲ့ အလျင်စလို လုပ်ထားရတဲ့ ပုံပေါက်နေခဲ့ပါသေးတယ်..။အထူးသဖြင့်..အရင်က လုံးဝကို ပျက်ဆီးထားခဲ့တဲ့ သဘော်ရဲ့ ဦးပိုင်းနေရာတွေမှာပါ..။သို့ပေမယ့် အားလုံးခြုံပြီး ပြောမယ်ဆိုရင်..ဒီသဘော်က ငေးကြည့်ဖို့ ထိုက်တန်လောက်အောင်ကို ထည်ဝါတဲ့ အသွင်သဏ္ဍာန်တစ်ခု ရှိနေခဲ့ပါတယ်..။

အဲဒီမှာတော့..သဘော်ကို အလင်းရောင်ပေးနိုင်တဲ့ မှတ်သားမူတွေကို စုစည်းထားခဲ့တယ်..။အထူးသဖြင့် အတော်လေးအားကောင်းတဲ့ အလင်းရောင်တစ်ခုက..ရှည်လျားပြီး ချွန်ထက်တဲ့ သဘော်ဦးမှာ ရှိနေခဲ့ပါတယ်..။သဘော်ပေါ်မှာ လှုပ်ရှားနေကြတဲ့ လူသားတွေရဲ့ ပုံရိပ်တွေကိုလည်း မြင်နေခဲ့ရပါပြီ..။

ဆန်နီဟာ..နီးကပ်လာတဲ့ သဘော်ကြီးကို ကြည့်နေရင်းနဲ့..သူ့ရဲ့ မြင်ကွင်းကြောင့် အံ့ဩသင့်နေခဲ့တယ်..။ဒါက အန္တရာယ်များတဲ့ သတ္တဝါတစ်ကောင် နေထိုင်ခဲ့တဲ့ သူသိထားတဲ့ သဘော်တစ်စင်း ဆိုတာကိုတောင် ယုံကြည်ဖို့ ခက်ခဲနေခဲ့ပါတယ်..။

အခုတော့ ရှေးဟောင်း သဘော်ကြီးက ပြန်ပြင်ပြီးခဲ့ပြီဖြစ်တာကြောင့်..သူ့ရဲ့ အသွင်သဏ္ဍာန်က နိုတစ်မြင့်မြတ်နယ်မြေရဲ့ ပုလ္လင်ပေါ်မှာ..စတေးခဲ့တဲ့ ဒဂ်ါးပြားထဲကအတိုင်း တစ်ထပ်တည်း ဖြစ်နေခဲ့ပါတယ်..။

ကိုင်က အရှိန်ကို ထပ်မံမြင့်တင်လိုက်ပြီးနောက်မှ..အရှိန်ပြန်လျော့လိုက်ကာ..သဘော်ကုန်းပတ်ပေါ်ကို ဖြည်းညှင်းစွာ ဆင်းလိုက်တယ်..။

ဆန်နီဟာ..သူ့ရဲ့ ခြေထောက်ကို မာကျောတဲ့ အရာတစ်ခုခု ရောက်လာတဲ့ အချိန်မှာတော့..အနည်းငယ် ယိမ်းယိုင်သွားခဲ့ပါတယ်..။ပြီးတာနဲ့ သူတို့ကို ဝန်းရံနေကြတဲ့ မီးစောင့်ရှောက်သူတွေကို ကြည့်လိုက်တယ်..။

ယင်းနောက် သူ သက်ပြင်းချလိုက်ကာ..အောက်ကိုလဲကျပြီး..သတိလစ်သွားခဲ့ပါတယ်..။

ဆိုးဝါးတဲ့ နေ့တစ်နေ့အပြီးမှာတော့…မဟုတ်ဘူး..ဆိုးဝါးတဲ့ လတစ်လကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့..အနားယူဖို့ဆိုတာက ..အတော်လေး နောက်ကျနေခဲ့ပါပြီ..။

…

နာရီအချို့ ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီက အသိစိတ်ပြန်ဝင်လာခဲ့တယ်..။သူက အဓီက ရွက်တိုင်အနားက သစ်ပင်ငယ်လေးရဲ့ အကိုင်းအခတ်တွေအောက် မှာ လဲလျောင်းနေခဲ့တာဖြစ်ပြီး..သူ့ခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံး နဲ့ ခြုံထည်တစ်ခုလည်း ရှိနေခဲ့ပါတယ်..။သူက ဆိုးဆိုးဝါးဝါး ခံစားနေရဆဲဖြစ်ပေမယ့်..အများစုက မော်ဒရက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဝိဉာဉ်ထိခိုက်မူတွေကြောင့်ပါ..။ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက သူ့ကို ဒီလောက်အထိ..အနှောက်အယှက်မပေးကြတော့ပါဘူးး..။

ကြည့်ရတာတော့..ဆန်နီ သတိလစ်နေတဲ့ အချိန်မှာ..မီးစောင့်ရှောက်သူအဖွဲ့ရဲ့ ကုသသူ ရှင်း က သူ့ကို ကုသပေးထားခဲ့တဲ့ ပုံပါပဲ..။

‘ငါတကယ် အသက်ရှင်နိုင်ခဲ့တာပဲ..။ဘယ်လောက် မယုံနိုင်စရာ ကောင်းလိုက်လဲ..’

သူက မျက်နှာရှုံ့မဲ့ပြီး ထထိုင်လိုက်ကာ..အမှောင်ထုထဲကို တစ်ခနလောက် စိုက်ကြည့်လိုက်တယ်..။ရှေးဟောင်းသဘော်ကတော့..အမှောင်ထုထဲမှာ ပျံသန်းနေခဲ့ပြီး..အောက်ဘက် နက်ရှိုင်းတဲ့နေရာဆီကို ဆင်းသက်နေတဲ့ ပုံပါပဲ..။ဒါကြောင့် သူ့ရဲ့ ခန္တာကိုယ်က အလေးချိန်လျော့နည်းပြီး အနည်းငယ် ခံစားလို့ကောင်းနေခဲ့ပါတယ်..။

ဆန်နီက ထာဝရချိန်းရဲ့ အပြင်ဘက်အလွှာကို ဖယ်ရှားပြီး သူရဲ့ ရင်ဘတ်ကိုကြည့်လိုက်တယ်..။ဆိုးဝါးတဲ့ ဒဏ်ရာကြီးကတော့..ပြန်ပြီး ပိတ်သွားခဲ့ပါပြီ..။အခု သူက အသိစိတ်ဝင်နိုင်ပြီ ဆိုတော့..အနည်းဆုံးတော့ ဒဏ်ရာကို ပတ်တီးစည်းတာမျိုးတော့ လုပ်နိုင်လာခဲ့ပါပြီ..။အလားတူစွာပဲ..သူ့ရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့..ဒဏ်ရာအသေးအမွှားလေးတွေကိုလည်း..ဂရုစိုက်နိုင်တော့မှာပါ..။

ဆန်နီ သူ့ရဲ့ အခြေအနေအပေါ်ကျေနပ်သွားခဲ့ပြီးနောက်မှာတော့..ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာ..ဘေးနားမှာ အိပ်နေတဲ့ ကတ်စီကို သတိထားမိလိုက်တယ်..။သူမရဲ့ မျက်နှာက တည်ငြိမ်ပြီး အေးချမ်းနေခဲ့ပါတယ်..။

သူက ခနလောက် တိတ်ဆိတ်နေပြီးတဲ့နောက်မှာ..သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ခရီးစဉ်က ပြီးဆုံးသွားပြီ ဆိုတဲ့ အသိစိတ်ဝင်လာခဲ့တယ်..။ဒါပေါ့ အနာဂတ်မှာ သူက ဒီရဲ့ နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖြေရှင်းရဦးမှာပါ..။ပြီးတော့ အဲဒီမတိုင်ခင်မှာလည်း..ပိုပြီး ကြောက်စရာကောင်းနိုင်တဲ့..ဒုတိယ အိပ်မက်ဆိုးက စောင့်ကြိုနေပါသေးတယ်..။

သို့ပေမယ့်..အနည်းဆုံးတော့ သူတို့က အဲဒီ သောက်ကျိုးနဲ ဘုရားကျောင်းကနေ လွတ်မြောက်လာခဲ့ကြပါပြီ..။

‘ဘယ်လောက် ကံဆိုးလိုက်လဲ..’

သို့ပေမယ့် သူက ဒီစိတ်ပျက်စရာ အခြေအနေအပေါ်မှာ ကြာရှည်ရှိမနေခဲ့ရပေ..။ဘာလို့လဲဆိုတော့..အရသာရှိလောက်တဲ့ မွှေးရနံ့က..သူ့ရဲ့ နှာခေါင်းဆီကို တိုးဝင်လာခဲ့လို့ပါ..။ ခနအကြာမှာတော့..အယ်ဖီက အမှန်တကယ် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပုံရတဲ့ ပန်းကန်နှစ်ချပ်ကို သယ်ဆောင်လာခဲ့တယ်..။

ဆန်နီရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်..။ပြီးတော့ သူ့ပါးစပ်က ချက်ချင်းဆိုသလိုပဲ..စိုစွတ်လာခဲ့တယ်..။

မုဆိုးမိန်းကလေး က ပြုံးလိုက်ပြီး..သူ့ကို ပန်းကန်တစ်ချပ် ကမ်းပေးလိုက်တယ်..။

“ရော့..ငတုံးလေး..။သဘော်ပေါ်ကနေ ကြိုဆိုပါတယ်..”

သူက ပြန်ပြုံးပြလိုက်ပြီး..အစားအသောက်ကို ဆာလောင်မွတ်သိပ်နေတဲ့ သားရဲတစ်ကောင်လို စားသောက်ပါတော့တယ်..။အယ်ဖီက ကုန်းပတ်ပေါ်မှာထိုင်ချလိုက်ပြီး..ဒုတိယ ဟင်းပွဲကို မကြာခင်နိုးလာတော့မယ့် ကတ်စီရဲ့ အနားမှာ ချထားပေးလိုက်တယ်..။

မိနစ်အနည်းငယ်ကြာအောင် အားရပါးရ စားသောက်နေတဲ့ အသံက လွဲပြီး ဘာအသံမှ ထွက်ပေါ်မနေခဲ့ပေ..။အဲ့အချိန်မှာပဲ..ကိုင်က လွတ်လပ်တဲ့အပြုံးနဲ့ အတူပဲ..သူတို့ အနားကို ရောက်လာခဲ့တယ်..။

နောက်ဆုံးမှာတော့..ဆန်နီက စားသောက်လို့ ပြီးသွားခဲ့ပြီး ပန်းကန်ကို ဘေးဖက်ဆီ တွန်းပို့လိုက်တယ်..။

“ဟေး..အယ်ဖီ..။နင့်ရဲ့ လက်ထပ်ခွင့်တင်တောင်း မူကိုတော့…ငါ စိတ်ပြောင်းမှ ရတော့မယ် ထင်တယ်..”

သူမ ပြန်ပြောလိုက်တယ်..။

“ဟမ့်..ဆုတောင်းနေလိုက်..”

သူ ရဘ်မောလိုက်ပြီး..ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရှိနေတဲ့ အမှောင်ထုဆီကို လှမ်းကြည့်လိုက်ပါတယ်..။

“…ငါတို့ အောက်ကို ဆင်းသက်နေပုံထောက်ရင်..အနက်ရောင် တာဝါဆီကို ဦးတည်ပြီးသွားနေတာ ဖြစ်ရမယ်..”

ကိုင် ခေါင်းညိမ့်လိုက်တယ်..။

“ဟုတ်တယ် ငါတို့က..အက်ကွဲကြောင်းရှိတဲ့နေရာကို ရွေ့လျားနေကြတာ..။မြန်နိုင်သမျှ မြန်မြန်ပေါ့..။အက်ကွဲကြောင်းနားက မီးတောက်တွေ ဆီကို ရောက်ရင်တော့ မင်းက ငါတို့ကို လမ်းပြရလိမ့်မယ်..။ငါတို့က…ညဘုရားကျောင်းမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ..အဆင့်တက်ဖို့က..အရေးကြီးဆုံးပဲလို့ စဉ်းစားခဲ့ကြတာလဲ..။နောက်ဆက်တွဲတွေကို မာစတာတစ်ယောက် အနေနဲ့ ရင်ဆိုင်တာက..ရလာဒ်တွေကို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာကို ပြောစရာတောင် မလိုတော့ဘူး..”

ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ပြုံးလိုက်တယ်..။

“စဉ်းစားတာ ကောင်းတယ်..”

သူဒီလို ပြောပြီးတာနဲ့ သူ့မျက်နှာက သုန်မုန်သွားခဲ့ပါတယ်..။

ဆန်နီ အပေါ်ကို ရုတ်တရက် ကြည့်လိုက်တဲ့ အချိန်မှာတော့..အနည်းငယ်ဖြူဖျော့သွားခဲ့တယ်..။

“…အသင့်ပြင်ထားကြ..။တစ်ခုခုက နီးကပ်လာနေတယ်..”

သူတို့က အလျင်အမြန် မတ်တတ်ရပ်ပြီး..လက်နက်တွေကို ထုတ်လိုက်ကြတယ်..။မီးစောင့်ရှောက်သူတွေလည်း လက်နက်တွေကို ထုတ်ပြီး အမှောင်ထုထဲကို စိုးရိမ်တဲ့ မျက်နှာ အမူအရာနဲ့ ကြည့်နေခဲ့ကြပါတယ်..။

ခနအကြာမှာတော့..သဘော်ကုန်းပတ်ပေါ်ကို တစ်ခုခု စိုစွတ်တဲ့ အရာကြီးက ပြုတ်ကျလာခဲ့ပါတယ်..။ထက်ရှတဲ့ ဦးချိုကြီးက..မီးအိမ်တွေရဲ့ အလင်းရောင်တွေကို အလင်းပြန်နေခဲ့တယ်..။

ဒါက အနက်ရောင် ဝီဗန်ရဲ့ ဦးခေါင်းဖြစ်ပြီး..လည်ပင်းကနေ ရက်ရက်စက်စက် ဖြတ်တောက် ခံထားရတာပါ..။သူ့ရဲ့ မျက်လုံးတွေက..ဖန်သားလို ကြည်လင်ပြီး ဘာမှရှိမနေခဲ့ပေ..။ပြီးတော့..သူ့ရဲ့ လျာက..ပါးစပ်ထဲကနေ အသက်မဲ့စွာ ထွက်နေခဲ့တယ်..။တစ်ချိန်က လောင်ကျွမ်းနေခဲ့တဲ့ အနီရောင် မီးတောက်တွေကတော့ အခုချိန်မှာ မရှိတော့ပါဘူး..။

သူတော်စင် ကော်မတ်..က…သေဆုံးသွားခဲ့ပါပြီ..။

ဒီနားလည်သဘောပေါက်မူက ဆန်နီရဲ့ တစ်ကိုယ်လုံးကို..ကျောချမ်းသွားစေခဲ့တယ်..။နောက်ထပ် စက္ကန့်ဝက်လောက် အကြာမှာတော့…ကောင်းကင်ဒီရေက..သူမသတ်ဖြတ်လိုက်တဲ့ အထွတ်အထိပ်အဆင့် ဦးခေါင်းရဲ့ အပေါ်မှာ မတ်တတ်ရပ်ပြီး ပေါ်လာခဲ့ပါတယ်..။သူမရဲ့ မျက်နှာအမူအရာက အေးစက်နေခဲ့တယ်..။

တိုင်းရစ်ရဲ့ ပုံစံက..စုတ်တိစုတ်ပြတ်ဖြစ်နေပြီး..သူမရဲ့ ထည်ဝါတဲ့ အကာအကွယ်က..သွေးတွေစွန်းပေကာ..တွန့်ကြေနေခဲ့ပါတယ်..။သူမရဲ့ ရွှေရောင် ဆံပင်က..ရှုပ်ပွနေခဲ့ပြီး..တစ်ချို့ဆံ ပင်တွေက အနီရောင်‌ ပြောင်းနေခဲ့ကြတယ်..။သိုပေမယ့် သူမရဲ့တည်ရှိမူကတော့..မပြောင်းလဲသွားခဲ့ပါဘူး..။

ဒါက တည်ငြိမ်ပြီး..မြဲမြံနေခဲ့ပါတယ်..။

သူမက သူတို့လေးယောက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။

ယင်းနောက်သူမရဲ့ အကြည့်ကို အနည်းငယ်အောက်ချလိုက်ပြီး..ဘာမှမရှိတော့တဲ့ ပန်းကန်လွတ်တွေကို ကြည့်လိုက်ပါတယ်..။

“မင်းတို့မှာ တစ်ခုခုစားဖို့ ထပ်ရှိသေးလား..။ယူလာခဲ့လိုက်..ငါ ဗိုက်အတော် ဆာနေပြီ..”

အပိုင်း ( ၉၅၇ ) ပြီး၏။

All Chapters