ပျက်ဆီးသွားတဲ့ ဟန်ချက်..
Vol. 40 Ch. 598
သူတော်စင်ဟာ..ကြောက်မက်ဖွယ်ကောင်းတဲ့ ဝီဗန်သားရဲ ဦးခေါင်းက သေဆုံးနေတဲ့ မျက်လုံးတွေနဲ့ သူမကို စိုက်ကြည့်နေတာကိုတောင် ဂရုမစိုက်ပဲ စားသောက်နေခဲ့တယ်..။ကျန်တဲ့လူတွေကတော့..သူမ ဆာလောင်စွာ စားသောက်နေတာကို..ရှက်ရွံစွာပဲ..မတ်တတ်ရပ်ပြီး စောင့်နေခဲ့ကြပါတယ်..။
ဆန်နီက ကောင်းကင်ဒီရေကို သုန်မုန်တဲ့ အမူအရာနဲ့ လေ့လာနေခဲ့တယ်..။ပြီးတာနဲ့..အထွတ်အထိပ်အဆင့် သူရဲကောင်း ကော်မတ်ရဲ့ အကြွင်းအကျန်ကို တစ်ချက်ကြည့်လိုက်ပါတယ်..။သူ့ နှလုံးသားကတော့ လေးလံနေခဲ့ပါပြီ..။
‘…ချီးတဲ့မှပဲ..’
ဆုံးရှုံးသူ အယောက်တစ်ရာ နဲ့..မာစတာနှစ်ယောက် သေဆုံးသွားတာက..သူ့ကြောင့် ဆိုတဲ့အချက်ကတင် ..အတော်လေး ဆိုးဝါးနေခဲ့ပါပြီ..။ဒါက ညဘုရားကျောင်းရဲ့ အကျဉ်းသားတစ်ယောက်ဖြစ်တဲ့..မင်းသား မော်ဒရက် ဘယ်ရောက်သွားမှန်း မသိတဲ့ အချက်ကိုတောင် ထည့်ပြောသေးတာ မဟုတ်ပါဘူး..။အဲတာကလည်း ဆန်နီနဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်နေခဲ့တာပါ..။
သို့ပေမယ့်..သူတောင်စင် တစ်ယောက်ကို သေဆုံးသွားအောင် လုပ်လိုက်တယ် ဆိုတဲ့ အချက်ကတော့ တကယ်ကို ကပ်ဆိုးကြီးတစ်ခုလိုပါပဲ..။
သူတော်စင် တွေ ဆိုတာက..အစားထိုးလို့ ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ မဟုတ်ကြပါဘူး..။လူသားမျိုးနွယ်ထဲမှာတောင်မှ သူတော်စင်တွေ ဆိုတာက..ဒါဇင်အနည်းငယ် လောက်ပဲ ရှိနေခဲ့တာပါ..။ကော်မတ် ရဲ့ သေဆုံးမူကို..လုံးဝ ဂရုမစိုက်ပဲ..ဒါမှမဟုတ်..မပြစ်ဒဏ်မပေးပဲ..ကျော်သွားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပေ..။
‘ငါက ဒီပုံစံနဲ့ အစစ်အမှန် ကမ္ဘာကိုတောင် ပြန်နိုင်ပါဦးမလား..’
ကောင်းကင်ဒီရေ ဟာ..နောက်ဆုံးမှာ..စားသောက်လို့ ပြီးဆုံးသွားခဲ့တယ်..။ယင်းနောက် ရေတစ်ချို့ကို သောက်လိုက်ပြီး..ကတ်စီ နဲ့ သူ့ကို ကြည့်လိုက်ပါတယ်..။
“ညဘုရားကျောင်းမှာ..အတိအကျ ဘာဖြစ်ခဲ့တာလဲ..”
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။တစ်ခနလောက်ကြာပြီးကာမှ..ဆန်နီက သုန်မုန်တဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။
“..အရာအားလုံးက အစကတည်းက မှားယွင်းသွားခဲ့တာ..။ကျွန်တော်တို့..ရောက်ပြီဆိုတာနဲ့..မာစတာတွေထဲက တစ်ယောက်က..ကျွန်တော်ရဲ့ ပစ္ဏည်းတွေထဲမှာ..မှန်အပိုင်းအစ တစ်ခုကို တွေ့သွားခဲ့တယ်..။အဲဒီအပိုင်းအစက..ကျွန်တော် မျှော်လင့်ခြင်း ကျွန်းကနေ ကောက်ယူလာခဲ့တဲ့ အရာပဲ..။ဘုရားကျောင်းထဲမှာ အကျဉ်းသားတစ်ယောက်ကို ချုပ်နှောင်ထားတယ် ဆိုတဲ့ အချက်ကတော့ သိသာနေခဲ့တယ်..။ပြီးတော့..သူက ကျွန်တော် ယူလာတဲ့ မှန်အပိုင်းအစကို အသုံးပြုပြီး တစ်နည်းနည်းနဲ့ လွတ်မြောက်သွားခဲ့တာ..”
သူက ခနလောက် ရပ်တန့်လိုက်ပြီး..သူတော်စင်ရဲ့ မျက်နှာကို အကဲခတ်လိုက်တယ်..။သူမက ဒီအရာတွေ ဖြစ်လာမှာကို ကြိုသိနေခဲ့တာလား ဆိုတာကို ခန့်မှန့်ဖို့ ကြိုးစားကြည့်ချင်ခဲ့တာပါ..။တိုင်းရစ် က မှန်သားရဲ အကြောင်းကို သိထားတယ် ဆိုပေမယ့်..ဆန်နီက အဲဒီသားရဲ ထားထားခဲ့တဲ့ မှန်အပိုင်းအစကို သယ်ဆောင်ထားတယ် ဆိုတာကိုတော့ မသိခဲ့ပါဘူး..။
သူမရဲ့ မျက်နှာကို အကဲခတ်ကြည့်ချင်တဲ့ သူ့ရဲ့ ကြိုးစားမူက ကျရှုံးသွားခဲ့တာကြောင့်..သူက..အဖြေမရပဲ ဖြစ်သွားခဲ့တယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..ဆက်ပြောလိုက်ပါတယ်..။
“မာစတာတွေက ဂိတ်ပေါက်ကို ဖျက်ဆီးပြီး..ဘုရားကျောင်းကို ချိတ်ပိတ်လိုက်ကြတယ်..။ပြီးတဲ့ နောက်မှာတော့..အကျဉ်းသားက..ဆုံးရှုံးသူတွေ အကုန်လုံးကို သတ်ဖြတ်ပြီး..မာစတာတစ်ယောက်ရဲ့ ခန္တာကိုယ်ကို အပိုင်သိမ်းယူ တော့တာပဲ..။သူက ပျက်ဆီးနေတဲ့ ယဇ်ပုလ္လင်ပေါ်က ဓားကိုတောင် ခိုးယူသွားခဲ့သေးတယ်..။အဆုံးမှာတော့ ကျွန်တော်တို့ သုံးယောက်ပဲ အသက်ရှင် ကျန်ရစ်နေတော့တယ် လေ..။ပြီးတော့ ..သူကလည်း ကျွန်တော်တို့ကိုပါ သတ်ချင်နေခဲ့တာ..။ဒါပေမဲ့ သူတော်စင် ကော်မတ်က အချိန်ကိုက်ဆိုသလိုပဲ..ပြန်ရောက်လာနိုင်ခဲ့တယ်..။ကျန်တာကတော့..သိထားပြီး ဖြစ်မှာပါ..”
သူတော်စင် တိုင်းရစ်က သူ့ကို တစ်ခနလောက် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် ခေါင်းခါယမ်းလိုက်ပါတယ်..။
“ဒီတော့…မင်းးသားက အသက်ရှင်နေတုန်းပေါ့..။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”
သူမက မျက်မှောင်ကျုတ်ိလုက်ပြီး..သူ့ကို တည့်တည့်ကြည့်လိုက်တယ်..။
“သူက အခု ဘယ်မှာလဲ..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“အဲတာကတော့..ကျွန်တော်လည်း မသိဘူး..။သူတော်စင် ကော်မတ် က..သူ့ရဲ့ ခန္တာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီ..။ဒါပေမဲ့ သူ့ရဲ့ ဝိဉာဉ်က ဘယ်ကို ထွက်သွားပြီလဲ ဆိုတာကတော့..အရှင်မရဲ့ ခန့်မှန်းချက်က ကျွန်တော် ခန့်မှန်းတာထက် ပိုပြီး တိကျပါလိမ့်မယ်..။သူက မှန်အပိုင်းအစတွေထဲက တစ်ခုထဲမှာ ပုန်းအောင်းနေတာတောင် ဖြစ်နိုင်တယ်လေ..။ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာတောင်..ဘုရားကျောင်း အပျက်အစီးတွေနဲ့ အတူ အောက်ဘက်ကောင်းကင် ဆီကို ပြုတ်ကျသွားလောက်ပြီ..”
ကောင်းကင်ဒီရေဟာ..အတော်ကြအောင် တိတ်ဆိတ်နေပြီးကာမှ..သက်ပြင်းချလိုက်တယ်..။
“ငါ သိပြီ..။မင်းတို့ အကောင်းဆုံး ရှင်သန်နိုင်ခဲ့ကြတာပဲ..။ကျန်တာတွေ အတွက် စိတ်မပူနဲ့..။ဒီမှာက ဘာသက်သေမှ ကျန်ခဲ့တာ မရှိတဲ့ အပြင်..ဘုရားကျောင်းကိုယ်တိုင်ကလည်း ပျက်ဆီးသွားခဲ့ပြီ..။ကျန်တဲ့ ကိစ္စတွေကို ငါ ဖြေရှင်းလိုက်မယ်…ငါကိုင်တွယ်နိုင်သလောက်ပေါ့..။ဒါပေမဲ့ မင်းတို့က စီစဉ်ထားတဲ့ အတိုင်း အိပ်မက်ဆိုး မျိုးစေ့ကို စိန်ခေါ်ပြီး ခနလောက် ပျောက်ကွယ်သွားတာက ပိုကောင်းလိမ့်မယ်..။မင်းတို့ ပြန်လာတဲ့ အချိန်ကျရင်တော့..အဆိုးဆုံးအပိုင်းတွေက ပြီးဆုံးနေပြီးလောက်ပြီ..။မင်းတို့ ပြန်လာနိုင်ခဲ့မယ် ဆိုရင်ပေါ့..။အဲ့အချိန်ကျရင် အခြေအနေတွေကလည်း..ပြောင်းလဲသွားလောက်မှာပါ..”
သူ မတ်တတ်ထရပ်လိုက်ပြီး..အောက်ဘက်ကောင်းကင် ရဲ့ အမှောင်ထုထဲကို ကြည့်လိုက်ပါတယ်..။သူမရဲ့ မျက်နှာကတော့ သိပ်ပြီး ကြည်လင်မူ မရှိပါဘူး..။
“…အခု ဟောလိုးတောင်တန်းမှာ ရှိနေတဲ့ ကင်းတပ်က မရှိတော့ဘူး ဆိုတော့..ချိန်းကျွန်းစုက..လှုပ်ခတ်ပြီး နေရာတွေ ပြောင်းလဲတော့မယ်..။ဒါက အပေါ်ဘက်ခြမ် နဲ့ အမှောင်ဘက်ခြမ်းမှာ ရှိနေကြတဲ့ အိပ်မက်ဆိုးသားရဲ တွေအတွက် ကြီးမားတဲ့ နေရာပြောင်းရွေ့မူတွေ ဖြစ်လာစေလိမ့်မယ်လေ..။တစ်ချို့ ပျက်ပြားခြင်းအဆင့်သတ္တဝါတွေတောင်…ကျတ်စားတဲ့ နယ်မြေအသစ်တွေကို ရွေ့ပြောင်းနိုင်လောက်တယ်..။အနာဂတ်မှာ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိလာတော့မယ်..ဒီတော့..ငါတို့က အတော်ကြာတဲ့အထိ ပြန်တွေ့ကြရမှာ မဟုတ်တော့ဘူး..။မင်းတို့တွေ ကံကောင်းကြပါစေ..”
ဆန်နီဟာ..လှပတဲ့ သူတော်စင်ကို ငေးပြီး ကြည့်နေခဲ့တယ်..။ယင်းနောက်..ဝီဗန် သားရဲရဲ့ ခေါင်းကို ပြန်ကြည့်လိုက်ပါတယ်..။သူ လည်ချောင်းကို ရှင်းလိုက်ပြီး..
“ကျွန်တော် တောင်းပန်ပါတယ်..လေဒီ ကောင်းကင်ဒီရေ..။ဒါပေမဲ့ အရှင်မ အနေနဲ့ ပြသနာထဲ ရောက်နေပြီ မဟုတ်ဘူးလား..။သူတော်စင် တစ်ယောက်ကို သတ်ဖြတ်တာက ခွင့်လွှတ်လို့ ရတဲ အပြစ်တစ်ခု မဟုတ်ဘူးလေ..။အရှင်မရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်ပေါ့..ဟုတ်တယ်မလား..”
တိုင်းရစ် တွေဝေသွားခဲ့ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။
“ငါက အပြစ်ပေးခံရမှာတော့ သေချာတယ်..။ဒါပေမဲ့ အရမ်းဆိုးဆိုး ဝါးဝးါကြီးတော့ မဟုတ်ဘူး..။ဘာလို့လဲ ဆိုတာ မင်းတို့ နားလည်ရဲ့လား..”
ဆန်နီ သူ့ရဲ့ သူငယ်ချင်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူတို့လည်း ရှုပ်ထွေးနေတဲ့ အမူအရာ ဖြစ်ပေါ်နေခဲ့ကြပါတယ်..။
“သိပ်နားမလည်ဘူး..”
သူမ သက်ပြင်းချလိုက်တယ်..။
“ကြီးမြတ်တဲ့ ဗာလာ ကလန်မှာ…သစ္စာခံထားတဲ့ သူတော်စင်က ၁၂ ယောက်ပဲ ရှိတာ..။ဒါက ကြီးမြတ်တဲ့ ဆောင်ကလန်မှာ ရှိနေတဲ့ အရေအတွက် ထက် တစ်ယောက်နည်းနေသေးတယ်..။အခု ၁၁ ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဆောင်ကလန်ကတော့ အရေအတွက် ၁၃ ယောက် အပြည့်အဝ ရှိနေသေးတယ်လေ..။ဆောင်ဆိုင်ရှန် ကလည်း မေ့ပျောက်ကုန်းမြေကနေ ပြန်ရောက်လာနိုင်ခဲ့တယ် ဆိုတော့..အရေအတွက်က ထပ်မံပြီး ပြောင်းလဲလာဖို့ ရှိနေသေးတယ်..။အဲ့အချိန်မှာ လေဒီ မော်ဂန်က..တတိယအိပ်မက်ဆိုး ကို စိန်ခေါ်ဖို့အတွက် အရမ်းကို ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်နေသေးတယ်..။နှစ်ဖက် အင်အားရဲ့ ချိန်ခွင်လျှာက ကျိုးပျက်သွားခဲ့ပြီ..”
ဆန််နီဟာ..သူမရဲ့ စကားတွေကို လေးလေးနက်နက် နားထောင်နေခဲ့တယ်..။
‘ဒီတော့..ကြီးမြတ်တဲ့ ကလန်တွေကလည်း..တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဆိုင်မူတွေ ရှိနေကြတာလား..အနည်းဆုံး အသန်မာဆုံးနှစ်ခုကပေါ့..။ဒါက အဓိပ္ပာယ်ရှိတယ်..’
ကောင်းကင် ဒီရေက မျက်မှောင်ကျုတ်လိုက်တယ်..။သူမက အနည်းငယ်လောက် တိတ်ဆတ်နေပြီး ကာမှ ထပ်ပြောလိုက်ပါတယ်..။
“ကွာခြားချက်က အရမ်းကို ကြီးမားသွားပြီ ဆိုတော့..ဗာလာကလန်အနေနဲ့ ငါ့ကို ထပ်ပြီး အဆုံးရှုံးခံလို့ မဖြစ်တော့ဘူး..။ဒါမှမဟုတ်..သူတို့ရဲ့ သူတော်စင်တွေကို အဆုံးရှုံးမခံနိုင်တော့ဘူးလေ..။ဒီတော့..ငါက အနည်းနဲ့ အများတော့ အဆင်ပြေနေလိမ့်မယ်..။ဒီအကြောင်းပြချက်ကြောင့်ပဲ..မင်းတို့တွေလည်း အဆင်ပြေနေနိုင်လိမ့်မယ်..”
သူ မျက်ခုံးပင့်တင်လိုက်တယ်..။
“ကျွန်တော်တို့လား..။ကျွန်တော်တို့က ဒီထဲမှာ ဘယ်လိုလုပ် ပါလာရတာလဲ..”
တိုင်းရစ်က အနည်းငယ် ပြုံးလိုက်ပြီး..သူ ၊ ကတ်စီ ၊ အယ်ဖီ နဲ့ ကိုင်တို့ကို ကြည့်လိုက်ပါတယ်..။
“အခုချိန်မှာ မင်းတို့ လေးယောက်က အလားအလာကောင်းနေတဲ့ လူငယ်လေးတွေပဲ..။မင်းတို့က အရမ်းကို တန်ဖိုးရှိတယ်..။ဒါပေမဲ့ အစားထိုး လို့ မရနိုင်တဲ့ အဆင့်မျိုးတော့ မဟုတ်သေးဘူး..။ဒါကြောင့် မင်းတို့သာ ဒုတိယအိပ်မက်ဆိုးကို ဖြတ်ကျော်ပြီး တက်ရောက်နိုင်ခဲ့မယ် ဆိုရင်..မင်းတို့ရဲ့ သတ္တိ ၊ ကျွမ်းကျင်မူ နဲ့ ဆုံးဖြတ်ချက် ပြတ်သားမူတွေက မင်းတို့ရဲ့ အလားအလာအပေါ်မှာ ယုံကြည်မူရှိတယ် ဆိုတာကို သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်..။မင်းတို့ ပြန်လာတဲ့ အချိန်ကြရင်..ကြီးမြတ်တဲ့ ကလန်တွေက မင်းတို့ကို..ဖယ်ရှားပစ်ဖို့ ဆန္ဒမရှိကြမယ့် အပြင်..သူတို့က မင်းတို့ကို ပိုင်ဆိုင်ခွင့်ရဖို့တောင် တိုက်ခိုက်ကြဦးမှာ..”
ဆန်နီဟာ..မာစတာ ဂျက် ပြောခဲ့တဲ့ စကားလုံးတွေကို ပြန်ပြီး သတိရလိုက်မိတယ်..။သူ့ရဲ့ မျက်လုံးတွေက နက်မှောင်သွားခဲ့ပြီး..
“တကယ်လို့ ကျွန်တော်တို့က..ဘယ်သူ့ပိုင်ဆိုင်မူမှ မလိုချင်ရင်ရော..”
ကောင်းကင်ဒီရေဟာ..သူ့ကို အတော်ကြာအောင် ကြည့်နေပြီးကာမှ..တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။သူမရဲ့ အသံကတော့ ပုံမှန်အတိုင်းပါပဲ..။
“ဒါဆိုရင်တော့..မင်းက ကံဆိုးသွားပြီပေါ့..”
ဒီလိုပြောပြီးတာနဲ့သူမက အောက်ကို ခုန်ချလိုက်ပါတယ်..။အေးစက်တဲ့ လေထုက..ပျံသန်းနေတဲ့ သဘော်ပေါ်ကို တိုက်ခတ်သွားခဲ့တယ်..။ခနအကြာမှာတော့..ကြီးမားတဲ့ အရိပ်တစ်ခုက..သဘော်ကနေ..ခွဲထွက်ပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါတယ်..။ဒါက..မကြာခင်မှာပဲ..အဝေးကို ရောက်ကာ ပျောက်ကွယ်သွားခဲ့တယ်..။
သဘော်ပေါ်က အမှောင်ထုထဲမှာတော့..ဆန်နီ ၊ ကတ်စီ ၊ အယ်ဖီ ၊ ကိုင် နဲ့ တစ်ခြား မီးစောင့်ရှောက်သူတွေသာ ကျန်ရစ်နေပါတော့တယ်..။
အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှ..မုဆိုးမိန်းကလေးဟာ..လှုပ်လာခဲ့ပြီး လေးလံစွာ သက်ပြင်းချလိုက်ပါတယ်..။
“သူမ…သူမက ငါစားမယ့် ဟာတွေကို အကုန်စားသွားတာပဲ..။ဘယ်လို ကပ်ဆိုးမျိုးလဲ..။ဘယ်လို အဖြစ်ဆိုးမျိုးလဲ…”
အပိုင်း ( ၅၉၈ ) ပြီး၏။