ထွက်ခွာခြင်း..
Vol. 40 Ch. 600
ဒီနေ့မှာ..သဘော်ပေါ်က လူတွေအားလုံးက အနည်းငယ်ဝမ်းနည်းပူဆွေးနေကြတာကြောင့်..ဆန်နီ အနေနဲ့ ထူးထူးခြားခြား ပြုလုပ်ဖို့ ဘာမှမစီစဉ် ထားခဲ့ပေ..။မေ့ပျောက်ကုန်းမြေက ပြန်လာပြီးတဲ့ နောက်မှာ ဒါက သူတို့ရဲ့ ပထမဆုံး..ကြုံတွေရတဲ့ ဆောင်းယဉ်စွန်းတန်း အချိန်ပါ..။ဒီတော့..မီးစောင့်ရှောက်သူတွေဟာ..တစ်ယောက်နဲ့ တစ်ယောက် နှစ်သိမ့်ရင်း..သူတို့ရဲ့ ကျရှုံးသွားတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို..ပြန် အမှတ်ရနေခဲ့ပါတယ်..။ပြီးတော့..အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်ကြတော့မယ့် လူငယ်လေးတွေ အတွက်လည်း..ဆုတောင်းပေးနေခဲ့ကြတယ်..။
သို့ပေမယ့်..အယ်ဖီ နဲ့ ကိုင် တို့မှာတော့..တစ်ခြား အစီစဉ်တွေ ရှိနေခဲ့ပါသေးတယ်..။ကြည့်ရတာတော့..ကတ်စီက ဒီနေ့က သူ့ရဲ့ မွေးနေ့ဖြစ်တယ် ဆိုတာကို ပြောပြထားခဲ့တဲ့ ပုံပါပဲ..။ဒီတော့..မုဆိုးမိန်းကလေးက..ထူးခြားတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ခဲ့ပြီး..လေးယောက်သား သဘော်ကုန်းပတ်ပေါ်မှာ စားသောက်ခဲ့ကြတယ်..။သူတို့က ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြီး ဟိုဟိုဒီဒီ ရယ်မောနေခဲ့ကြပါတယ်..။
ဝမ်းနည်းမူဆွေးနေတာထက်..ရယ်မောနေရတာကပဲ ပိုပြီး ကောင်းမွန်ပါလိမ့်မယ်..။
အထူးသဖြင့်..အခုလိုမျိုး ဘယ်ချိန်ကြမှ ပြန်လည်ရယ်မောနိုင်မှာလဲ ဆိုတာကို မသိနိုင်တဲ့ အချိန်မျိုးမှာပါ..။
..နောက်တစ်ရက်မှာတော့..သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လေထုက..အပေါ်ဘက် ကုန်းပတ်ပေါ်ကို ရွေ့ပြောင်းကြရလောက်တဲ့ အထိကို ပူပြင်းလာခဲ့တယ်..။သူတို့အားလုံးက သူတို့ရဲ့ အကာအကွယ်တွေကို ချွတ်ပြီး ရွက်လွင့်ဖို့ ကြိုးစားလိုက်ကြပါတယ်..။သူတို့ရဲ့ ခန္တာကိုယ်တွေပေါ်မှာလည်း ချွေးတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။သဘော်ကြီး ဆက်လက်ပျံသန်းနေပြီး..မှန်ကန်တဲ့ ဦးတည်ချက်ကို ရွေ့လျားနေဖို့အတွက်..အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ..နှစ်ဖွဲ့ခွဲလိုက်ကြတယ်..။
တစ်ဖွဲ့က သဘော်ကို ထိန်းချုပ်ကြပြီး..ကျန်တဲ့ တစ်ဖွဲ့ကတော့..အေးမြတဲ့ အထဲကို ဝင်ရောက်ကာ..ရေသောက်လိုက်ကြပါတယ်..။ကံကောင်းချင်တော့..အောက်ဘက်ကနေ ရိုက်ခတ်နေတဲ့ လေပူတွေကြောင့်..သူတို့က ပန်းတိုင်ကို ရောက်ဖို့ ရွက်တိုင်အားလုံးကို မလိုအပ်ခဲ့ပါဘူး..။ဒါက လုပ်ရကိုင်ရ တာကို ပိုလွယ်ကူနေစေပါတယ်..။
အရင်တုန်းက ဆန်နီ အနေနဲ့..ကောင်းကင်မီးတောက် တွေဆီကို ရောက်ဖို့..တစ်လလောက် အချိန်ယူခဲ့ရတယ် ဆိုပေမယ့်..သဘော်ပျံ နဲ့ ခရီးသွားတဲ့ အချိန်မှာတော့..ခရီးကို ပိုမိုမြန်ဆန်စေခဲ့ပါတယ်..။ဂဏ္ဍစွမ်းရည် အများအပြားနဲ့ ဆန်းသစ်တီထွင်တဲ့ ကိရိယာတွေကြောင့်..သူတို့က ချောက်နက်ထဲမှာ လုံလောက်တဲ့ တိကျမူနဲ့ အတူ သွားလာနိုင်နေခဲ့တယ်..။ဒါက အက်ကွဲကြောင်း ရှိရာကိုလည်း ခရုပတ်ပုံစံ ဆင်းသက်ကာ အလျင်အမြန်ရောက်လာစေပါတယ်..။
ရွှေရောင် ကံတရား ကြိုးနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်က သူ့ရဲ့ ဦးနှောက်ထဲမှာ ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ..။ဒီတော့..ကွေ့ကောက်ကျောက်တုံးက သူတို့ရဲ့ လက်ရှိတည်နေရာနဲ့ ဘယ်လောက် ဝေးကွာနေလဲ ဆိုတာကို သိရုံနဲ့..ဆန်နီက သဘော်ကို မီးတောက်ပင်လယ်ကြားထဲက အက်ကွဲကြောင်းဆီကို မောင်းနှင်နိုင်ပါလိမ့်မယ်..။
ညနေလောက် ရောက်တဲ့အချိန်မှာတော့..ဒေါသတကြီး လောင်းကျွမ်းနေတဲ့ မီးပြင်းဖို ပန်းချီကားကြီးထဲမှာ..သေးငယ်တဲ့ အနက်ရောင် အပေါက်တစ်ခုကို မြင်တွေ့လာခဲ့ရပါတယ်..။
သို့ပေမယ့် အမှန်တကယ်တော့ အက်ကွဲကြောင်းက အဲလောက်ထိ မသေးငယ်ပါဘူး..။သူက သေးငယ်တဲ့ ပုံစံပေါက်နေတယ် ဆိုတာက..အကွာအဝေးကြောင့်ပါ..။ပထမတစ်ခေါက်တုန်းက ဆန်နီက ဒီအရာနဲ့ လွဲချော်လုနီးပါးပါပဲ..။သူက..အက်ကွဲကြောင်းရဲ့အစွန်းနေရာကိုသာ..ကျရောက်သွားခဲ့ပြီး..ကောင်းကင်မီးတောက်တွေရဲ့ လောင်ကျွမ်းခြင်းကို ခံခဲ့ရပါတယ်..။ဒီတစ်ကြိမ်မှာတော့..သူတို့က အက်ကွဲကြောင်းရဲ့ အလည်တည့်တည့်ကနေ ဆင်းသက်မှာဖြစ်ပြီး..မီးတောက်တွေနဲ့ ကီလိုမီတာ တစ်ချို့ ဝေးကွာတဲ့ နေရာကနေ သွားကြမှာပါ..။
ဒါက အပူရှိန်ကြောင့်..သေဆုံးမယ့် အဖြစ်ကနေ လုံလောက်အောင် ဝေးကွာမယ်လို့ မျှော်လင့်ရတာပါပဲ..။
ရွက်တိုင်တွေကို ဆက်လက် လွင့်ထားခဲ့တယ်..။သဘော်ကတော့ မီးတောက်တွေ ဆီကို ဆက်လက် ဆင်းသက်နေတုန်းပါပဲ..။ဒါက..မြင့်မြတ်တဲ့ သစ်ပင်ရဲ့ မှော်စွမ်းအားတွေနဲ့ ကာကွယ်ထားခဲ့ကာ..သဘော်ကိုယ်ထည်ကနေလည်း..ရှေးဟောင်း သကေ်တတွေ ထွက်ပေါ်နေခဲ့ပါတယ်..။ပဲ့ထိန်းနေရာမှာတော့..ဆန်နီ တစ်ယောက်တည်းသာ ရှိနေခဲ့ပြီး ကျန်တဲ့ လူတွေကတော့..သဘော်ရဲ့ အေးစက်ရာနေရာကို ရှာဖွေကာ..အမိုးအကာတွေအောက်ကို ဝင်နေခဲ့ကြပါတယ်..။
သူက ထာဝရချိန်းကို ထုတ်ဖော်ပြီး..အကာအကွယ်အဆောင်ဖြစ်တဲ့ မီးမှတ်သားမူ ကို အသုံးပြုကာ..အရိပ်သုံးခုနဲ့ ပေါင်းစပ်ထားခဲ့ပါတယ်..။ပျံသန်းနေတဲ့သဘော်က အက်ကွဲကြောင်းနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာတဲ့အချိန်မှာတော့…သူ့အပေါ်မှာရှိနေတဲ့ နုပျိုတဲ့ သစ်ပင်ရဲ့ သစ်ရွက်တွေက လှုပ်ခတ်လာခဲ့တယ်..။ရှေးဟောင်းသဘော် ရဲ့ မျက်နှာပြင်ပေါ်က ရူးစ်တွေကလည်း ပိုမို တောက်ပလာခဲ့ပါတယ်..။
ဖြည်းညှင်းစွာပဲ အပူချိန်က အနည်းငယ်လောက် ဆုတ်ခွာသွားခဲ့တယ်.။အပေါ်ဘက် ကုန်းပတ်ပေါ်မှာ ရပ်နေခဲ့တာတောင်..ဒါက ခက်ခဲပြီး..မသက်မသာ ဖြစ်နေတုန်းပါပဲ..။သို့ပေမယ့် သူ့ရဲ့ အဆောင်ရှိနေခဲ့တာကြောင့် အနည်းဆုံးတော့ အပူချိန်ကို တောင့်ခံနေနိုင်ခဲ့တယ်..။
ဆန်နီဟာ..သဘော်ကို အက်ကွဲကြောင်းဆီကို ဂရုတစိုက် လမ်းညွှန်လိုက်ပါတယ်..။သူက ဒါကို အလယ်တည့်တည့်ကနေ ဖြတ်သန်းစေပြီး..ကောင်းကင်မီးတောက်တွေနဲ့ ဝေးနိုင်သမျှ အဝေးမှာ ရှိနေစေခဲ့တယ်..။သူ့အနေနဲ့ သဘော်ကို ဒေါင်လိုက်ဉမင် အတိုင်း လမ်းညွှန်ပြီး ဘယ်ညာ ၊ အရှေ့ ..အနောက် ထိန်းညှိပေးနေခဲ့ရပါတယ်..။
ကံကောင်းချင်တော့..မာလိန်မှူးနေရာမှာ နေရတာက..ကျွမ်းကျင်မူ အများကြီး မလိုအပ်ခဲ့ပါဘူး..။ဆန်နီက..လှေလှော်တာတောင်..သိပ်ပြီးကျွမ်းကျင်တာ မဟုတ်တဲ့ လူတစ်ယောက်ပါ..။အခုလို..ကြီးမားတဲ့ ရှေးဟောင်းသဘော်ကြီးတစ်စင်းကို ထိန်းချုပ်ဖို့ဆိုတာကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။ဒီတော့..တစ်ခုခုမှားယွင်းသွားတာမျိုး ဆိုရင်..သူက ဘာမှလုပ်နိုင်မှာ မဟုတ်ပေ..။
သို့ပေမယ့်..ဘာမှဖြစ်မလာခဲ့ပါဘူး..။
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..ရှေးဟောင်းသဘော်က အက်ကွဲကြောင်းထဲကို ဝင်ရောက်နိုင်ခဲ့ပြီး..အမှောင်ထုထဲကို နောက်တစ်ကြိမ်ရောက်ရှိသွားခဲ့ပါတယ်..။ကောင်းကင်ထက်မှာတော့..မီးတောက်ပင်လယ်ကြီးအလား ရှိနေခဲ့တယ်..။သူက သဘော်ပျံကို လေဟာနယ်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ ကျွန်းဆီကို ဦီးတည်မောင်းနှင်လိုက်ရင်း သက်ပြင်းချလိုက်ပါတယ်..။
သူတို့က လုပ်နိုင်ခဲ့ပါပြီ..။
….
သူတို့က..ကျွန်းရဲ့ အစွန်းကနေ..ထိုးထွက်နေတဲ့..ရေပြင်ညီကျောက်တိုင် ထဲက တစ်ခုမှာ..ကျောက်ချပြီး ဆင်းသက်လိုက်ကြတယ်..။မီးတောင်ကျောက်တိုင်ကြီးတွေကို ဖြတ်သန်းလိုက်တဲ့အချိန်မှာတော့..လူတိုင်းက ကျစ်လစ်တဲ့ မြေပြင်ပေါ်ကို ရောက်လာခဲ့ကြပါတယ်..။ပြီးတာနဲ့..မှောင်မိုက်နေတဲ့..ကုန်းမြေရူခင်းကို မှင်သက်စွာ ကြည့်နေခဲ့ကြတယ်..။
အနက်ရောင်ကျွန်းကြီးက..ဆန်နီ ပြီးခဲ့တဲ့ တစ်ခေါက်က ရောက်လာခဲ့တဲ့ အတိုင်းပါပဲ..။ဒါက အနက်ရောင်ကျောက်တုံးကြီး တစ်ခုကနေ ဖြတ်တောက်ထားပုံရပြီး လေထဲမှာ လွင့်မျောနေခဲ့တယ်..။မီးတောင်ကျောက်တိုင် အချို့က..သူ့ရဲ့ အစွန်းကနေ..အလျားလိုက်ရှိနေခဲ့ကြတယ်..။ဒါက ဘာမှမရှိတဲ့ လေဟာနယ်ထဲမှာ..ထူးဆန်းတဲ့ ဆိပ်ကမ်းတွေ အဖြစ် ရှိနေခဲ့ကြပါတယ်..။ပျံသန်းနေတဲ့ သဘော်က..သူတို့ထဲက တစ်ခုမှာ ခိုင်ခံ့တဲ့ သံကြိုးနဲ့ ချည်နှောင်ပြီး လွင့်မျှောနေခဲ့တယ်..။
အယ်ဖီ ဟာ..အနက်ရောင်တာဝါကို စိုက်ကြည့်နေခဲ့ပြီးမှ..ဆန်နီ ဘက်ကို လှည့်လိုက်တယ်..။သူမရဲ့ မျက်နှာကတော့..ပုံမှန်မဟုတ်လောက်အောင် ဖြူဖျော့နေခဲ့ပါတယ်..။
“..နင်က ဒီနေရာအထိ တစ်ယောက်တည်း ရောက်လာနိုင်တာ ယုံတောင် မယုံနိုင်တော့ဘူး..။နင် ဘယ်လိုများ ရှင်သန်နိုင်ခဲ့တာလဲ..”
ဆန်နီ တွေဝေသွားခဲ့ပြီး..ပုခုံးတွန့်လိုက်တယ်..။
“လုပ်နိုင်ခဲ့ယုံလေးပဲ..။ကံတရား အနည်းငယ်လည်း ပါတာပေါ့..”
ဒီလိုပြောပြီးတာနဲ့ သူက သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ အနက်ရောင်တာဝါဆီကို ဦးတည်သွားလိုက်ပါတယ်..။
တံခါးနားကို ရောက်တဲ့အချိန်မှာတော့..သူတို့လေးယောက်က မီးစောင့်ရှောက်သူတွေကို နှုတ်ဆက်ရမယ့် အချိန်ရောက်လာခဲ့တယ်..။ကတ်စီရဲ့ အဖွဲ့သားတွေနဲ့ ကျန်တဲ့ သူတွေက သူတို့နဲ့ အတူ အိပ်မက်ဆိုးထဲကို လိုက်မှာ မဟုတ်ပါဘူး..။တစ်ချို့ကတော့ အဆင်သင့်ဖြစ်ပြီဆိုရင် အနာဂတ်မှာ သူတို့ရဲ့ ကိုယ်ပိုင် စိန်ခေါ်မူကို ပြုလုပ်နိုင်လောက်တယ် ဆိုပေမယ့်..တစ်နှစ်ဆိုတဲ့အချိန်ကာလက..နိုးထသူအများစုအတွက် ကြမ်းတမ်းတဲ့ စိန်ခေါမူတွေကို ရင်ဆိုင်ဖို့ မလုံလောက်ကြသေးပါဘူး..။
အဲဒီအစား..မီးစောင့်ရှောက်သူတွေက..မီးတောင်ကျောက် ကျွန်းမှာ ရှိနေကြမှာပါ..။တစ်ချို့ကတော့..ဒီနေရာမှာ ယာယီအခြေချကြမှာ ဖြစ်ပြီး ၊ တစ်ချို့တွေကတော့..သဘော်ပျံနဲ့ နိုတစ် မြင့်မြတ်နယ်မြေကို ပြန်သွားကာ.. လိုအပ်တဲ့ အထောက်အပံ့တွေကို ယူဆောင်ကာ ပြန်လာကြပါလိမ့်မယ်..။ပြီးတာနဲ့ သဘော်ကို ဆက်လက် ပြင်ဆင်ကြဦးမှာပါ..။
ဒီအတောအတွင်းမှာတော့..သူတို့က..အောက်ဘက်ကောင်းကင်နဲ့ ချိန်းကျွန်းစု ကို သွားလာပြီး စိန်ခေါ်သူတွေ ပြန်လာတဲ့ အချိန်ရောက်အောင် စောင့်နေကြပါလိမ့်မယ်..။
နှုတ်ဆက်ခွဲခွာခြင်းက..အနည်းငယ်တော့..စိတ်ခံစားချက်ဖြစ်ပေါ်စေခဲ့တယ်..။အနည်းဆုံးတော့ ကတ်စီရဲ့ အဖွဲ့သားတွေ အတွက်ပါ..။သူမက အဖွဲ့ခေါင်းဆောင်နေရာကို ကုသသူ ရှင်း ဆီကို လွဲပေးလိုက်ပြီး..ငွေရောက်မျက်နှာဖုံးတစ်ဝက်နဲ့..ခံစားချက်တွေကို ဖုံးကွယ်ကာ..တစ်ဖက်ကို လွှဲသွားခဲ့ပါတယ်..။
သူတို့က နောက်တစ်ကြိမ် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့နိုင်ကြဦးမှာလား ဆိုတာကို မသိနိုင်ကြပေ..။မေ့ပျောက်ကုန်းမြေရဲ့ ရှင်ကျန်သူတွေ အတွက်ကတော့..ခွဲခွာခြင်းဆိုတာက အသစ်အဆန်းတော့ မဟုတ်တော့ပါဘူး..။
သို့ပေမယ့်..ဒီအရာက ဘယ်တော့မှ မလွယ်ကူခဲ့ပေ..။
ဆန်နီဟာ..အနက်ရောင် တာဝါရဲ့ တံခါးပေါက်တွေကို ဖွင့်လိုက်ပြီး မှောင်မိုက်နေတဲ့ ခန်းမဆီကို တစ်ခြားလူတွေကို ခေါ်သွားလိုက်ပါတယ်..။သူတို့က တစ်ထပ်ကနေ တစ်ထပ် အပေါ်ကို တက်သွားလိုက်ကြတယ်..။အယ်ဖီနဲ့ ကိုင် တို့ကတော့..ပတ်ဝန်းကျင်ကို ကြည့်နေခဲ့ပြီး သူတို့ရဲ့ မျက်နှာပေါ်မှာ သိချင်စိတ်တွေ ၊ အကြောက်တရားတွေ နဲ့ ပြည့်နှက်နေခဲ့ကြတယ်..။နတ်ဘုရားတစ်ပါးရဲ့ လက်ပြတ် ရှိနေတဲ့ အထပ်ကို ရောက်လာတဲ့အချိန်မှာတော့..ကတ်စီရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်..။သို့ပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး..။
ခန်းမထဲမှာ ရှိနေတဲ့ ရူးစ်တွေကတော့ သူမကို ပိုပြီးတော့တောင် သက်ရောက်စေခဲ့ပါတယ်..။ကိုင် နဲ့ အယ်ဖီတို့ဟာ..သူတို့ရဲ့ မျက်လုံးကို တင်းကြပ်စွာ မှိတ်ရင်း..ဆန်နီ ရဲ့ လမ်းပြမူနဲ့အတူ သွားနေခဲ့ကြတယ်..။သို့ပေမယ့် မျက်မမြင် မိန်းကလေးကတော့..ဒီလို မလုပ်နိုင်ခဲ့ပေ..။သူမရဲ့ ထက်သန်တဲ့ အလိုလိုသိစိတ်နဲ့ ခံစားနိုင်စွမ်းတွေက..တစ်ခါတစ်ရံမှာတော့ ကျိန်စာ တစ်ခုလိုပါပဲ..။
သို့ပေမယ့်..အဲဒီအကြောင်းပြချက်ကြောင့်ပဲ..သူမရဲ့ စိတ်ပိုင်းဆိုင်ရာ..ခံနိုင်ရည်စွမ်းအားတွေက..ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပါတယ်..။သူမက အံကိုကြိတ်ထားရင်း တောင့်ခံနေခဲ့တယ်..။
နောက်ဆုံးမှာတော့..သူတို့က နောက်ဆုံးအထပ်ကို ရောက်လာခဲ့ပါတယ်..။ပြီးတာနဲ့..သူတို့ရဲ့ အဆီအနှစ်တွေကို ရက်စက်သော မြင်ကွင်း အတွင်းကို ထည့်သွင်းကာ..ပေါ်တယ်ရဲ့ ကျောက်တုံးပေါင်းကူးတစ်ခုလုံးကို နတ်ဘုရား မီးတောက်တွေနဲ့ လွှမ်းခြုံစေလိုက်ပါတယ်..။သူတို့အားလုံး ပူးပေါင်းပြီး ကြိုးစားလိုက်တာကြောင့်..ဒီ ပေါ်တယ်ကို အသက်သွင်းဖို့အတွက်က..ဆန်နီတစ်ယောက်တည်း ကြိုးစားခဲ့သလောက် မကြာခဲ့ပေ..။
မကြာခင်မှာပဲ..သူတို့နောက်မှာရှိနေတဲ့ ပေါ်တယ်က ပျောက်ကွယ်သွားခဲ့ပြီး..သူတို့ကတော့..အဖြူရောင် ဆောက်အအုံငယ်ထဲမှာ ရပ်နေခဲ့ကြတယ်..။
သူတို့ရဲ့ အရှေ့မှာကတော့…ဆင်စွယ်ရောင်ကျွန်းရဲ့ တည်ငြိမ်တဲ့ ကောင်းကင်တစ်ခု ရှိနေခဲ့ပါတယ်..။
အက်ကွဲနေတဲ့ စကျင်ကျောက်ပြားတွေကတော့..သူ့ရဲ့ ပတ်ဝန်းကျင်မှာ လွင့်မျှောနေခဲ့ကြတယ်..။အဆောက်အအုံငယ်ရဲ့ ပတ်ဝန်းကျင်မှာ..လှပတဲ့ မြက်ခင်း ချိုင့်ဝှမ်းတစ်ခုလည်း ရှိနေခဲ့ပါတယ်..။ငြိမ်းချမ်းတဲ့ တောအုပ်လေးတစ်ခုနဲ့ အပင်တွေရဲ့ အကိုင်းအခက်တွေက..သိမ်မွေ့တဲ့ လေညှင်းတွေအောက်မှာ အသံတွေ မြည်နေခဲ့တာပါ..။အနည်းငယ် ဝေးကွာတဲ့ တစ်နေရာမှာတော့.. ကျောက်တုံးလမ်းလေးတစ်ခုက အဆောက်အအုံငယ်လေးနဲ့ တောက်ပတဲ့ အဖြူရောင် အရာဝတ္တုနဲ့တည်ဆောက်ထားတဲ့ ကြီးမြတ်တဲ့ စေတီတစ်ဆူကို ဆက်သွယ်ထားခဲ့တယ်..။ဒီ စေတီက ကျောက်တုံး သို့မဟုတ် သစ်သား နဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး..။ဒါက လှပ ၊ ခမ်းနား ကာ..အနည်းငယ် သဘာဝ မဆန်သလို ဖြစ်နေခဲ့ပါတယ်..။ဒီစေတီက..လူသားကမ္ဘာမှာ တည်ရှိနေဖို့အတွက် အတော်လေးကို မြင့်မြတ်သပ္ပာယ် လွန်းနေသလိုပါပဲ..။
သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ သေဆုံးနေတဲ့ နဂါးကြီးရဲ့ အရိုးတွေ ဝန်းရံလျက်ရှိနေခဲ့တယ်..။ဒီအရိုးတွေက နေရောင်ကို အလင်းပြန်နေခဲ့ပါတယ်..။
သူတို့က..ကြည်လင်နေတဲ့ ရေကန် နဲ့..သားရဲကြီးရဲ့ မေးရိုးတွေကို ဖြတ်ကျော်လာခဲ့ကြပြီး နောက်ဆုံးမှာတော့..ချိန်းကြိုးတွေ ရှိနေတဲ့ အမှောင်ထု ခန်းမထဲကို ရောက်လာခဲ့ကြပါတယ်..။
တစ်ချိန်က မျှော်လင့်ချက် ချုပ်နှောင်ခြင်း ခံခဲ့ရတဲ့နေရာကို…
အထဲကို ရောက်တဲ့ အချိန်မှာတော့..သူတို့လေးယောက်ဟာ..ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မူတွေကြောင့် အေးခဲသွားခဲ့ပါတယ်..။ သူတို့ရှေ့က သန့်ရှင်းတဲ့ ကြမ်းပြင်ပေါ်မှာတော့..ချိန်းကြိုးခုနှစ်ခု ရှိနေခဲ့ပြီး တစ်ခုချင်းစီရဲ့ အဆုံးမှာလည်း ခြေကျင်းတွေ ရှိနေခဲ့တယ်..။ခြေကျင်းတွေက..ပျက်ဆီးယိုယွင်းပြီး တွန့်ကြေနေခဲ့ကာ..၊သူတို့ရဲ့ မျက်နှာပြင်တွေပေါ်မှာလည်း.. ဆန်းကျယ်တဲ့ ရူးစ် တွေ အများကြီး ရေးထိုးထားခဲ့ပါသေးတယ်..။
သူတို့ရဲ့ မျက်နှာပြင်တွေက တလက်လက်တောက်ပနေခဲ့ပြီး အလွန်နူးညံ့သိမ်မွေ့တဲ့ အမျှင်တန်းတွေအဖြစ် အပေါ်ကို တက်လာခဲ့တယ်..။ပြီးတာနဲ့..ခန်းမကြီးတစ်ခုလုံးရဲ့ အမှောင်ထုထဲမှာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတဲ့ စစ်မှန်တဲ့ အမှောင်ထု အဖြစ် ပေါင်းစည်းသွားကြပါတယ်..။
ဒါပေမဲ့ အဲတာက အမှောင်ထု တစ်ခု မဟုတ်ဘူး..။လုံးဝ မဟုတ်ဘူး..။အဲဒီအစား..အဲတာက စစ်မှန်တဲ့ အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ အက်ကွဲကြောင်းတစ်ခု ဖြစ်ပြီး..အလင်း ကိုပါ ဝါးမြိုနိုင်စွမ်း ရှိနေခဲ့ပါတယ်..။
မျိုးစေ့ရဲ့ ပုံပန်းသွင်ပြင်မှာ..တွေဝေမိန်းမောနေရင်း..ဆန်နီဟာ..သူ့ရဲ့ ဝိဉာဉ်အနက်ရှိုင်းဆုံး အပိုင်းကနေ ခံစားချက်တစ်ချို့ရနေခဲ့တယ်..။
အိပ်မက်ဆိုး ရဲ့ ဆွဲဆောင်မူရှိပြီး..ကောက်ကျစ်စဉ်းလဲတဲ့ ခေါ်သံတစ်ခု..။
ဒီတစ်ကြိမ်မှာတော့…သူက ဒီခေါ်သံကို ပြန်ဖြေဆိုတော့မှာပါ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ အပေါင်းအပါတွေကို ကြည့်လိုက်တယ်..။
သူတို့က ပြောသင့်တာအားလုံးကို ပြောပြီးပြီ ဖြစ်ပြီး..ဆွေးနွေးသင့်တာ အားလုံးကို ဆွေးနွေးထားပြီး ကြပါပြီ..။
ဘာမှ တွေဝေနေစရာ အကြောင်းမရှိတော့ပေ..။
“…မင်းတို့ အဆင်သင့်ပဲလား..”
အယ်ဖီ ၊ ကိုင် နဲ့ ကတ်စီ တို့ဟာ အတော်ကြာအောင် တိတ်ဆိတ်နေပြီး..အမှောင်ထုကိုသာ စိုက်ကြည့်နေခဲ့ကြတယ်..။သူတို့ရဲ့ မျက်နှာတွေက..ဖြူဖျော့ကာ..အားနည်းနေခဲ့ပါတယ်..။သူတို့က အရင်ကလို ယုံကြည်မူ ရှိမနေကြတော့ပါဘူး..။
နောက်ဆုံးမှာတော့..မျက်မမြင် မိန်းကလေးဟာ တီးတိုးပြောလာခဲ့တယ်..။
“ဘာတွေ စောင့်နေကြတာလဲ..။ဒါက..ဒါက ဒုတိယ အိပ်မက်ဆိုးလေးပဲ မဟုတ်ဘူးလား..”
ဆန်နီ ပြုံးလိုက်ပြီးကာမှ..ရုတ်တရက် ရယ်ချလိုက်တယ်..။
“အမှန်ပဲ..”
ဒီလိုပြောပြီးတာနဲ့..သူက သူမရဲ့ ပုခုံးကို တစ်ခနလောက် ညှစ်လိုက်ပြီး..ရှေ့ကို တိုးကာ..အစစ်အမှန်အခြေအနေရဲ့ အက်ကွဲကြောင်းဆီကို ဦးတည်လိုက်ပါတယ်..။ခြေတစ်လှမ်းတိုးလိုက်တိုင်းမှာ..ကမ္ဘာကြီးက အနည်းငယ်စီ မှေးမှိန်သွားခဲ့ပြီး..ပိုမိုနက်မှောင်သွားခဲ့တယ်..။
အယ်ဖီ ၊ ကိုင် နဲ့ ကတ်စီ တို့ကတော့ နောက်ကနေ လိုက်လာခဲ့ပါတယ်..။
…ခနအကြာမှာတော့..သူတို့က မရှိကြတော့ပါဘူး..။
ချိန်းကြိုးတွေ ရှိနေတဲ့ ခန်းမကြီးကလည်း မရှိတော့ပေ..။
ဆန်နီက..သူ့ကိုယ်သူ အမှောင်ထုထဲမှာ ရပ်နေပြီး..ဘာမှမရှိမူတွေသာ ဝန်းရံနေခဲ့တာကို တွေ့လိုက်ရပါတယ်..။
ဒီ ဘာမှမရှိမူ ထဲမှာတော့..သူက အခိုက်အတန့်ရဲ့ အသံကို ကြားလိုက်ရတယ်..။
[ နိုးထသူတို့..သင်တို့ရဲ့ ဒုတိယအိပ်မက်ဆိုး အတွက် ပြင်ဆင်ထားကြပါ ]
သူ နက်မှောင်စွာ ပြုံးလိုက်တယ်..။
‘ပထမတစ်ခုတုန်းကလိုပဲပေါ့…ကောင်းပြီလေ..ဒီတစ်ကြိမ် ငါဘယ်ကို ရောက်သွားမလဲ ဆိုတာကို ကြည့်ကြရအောင်..။ဒါက အရင်တစ်ခေါက်ကထက်တော့ ပိုပြီး မဆိုးဝါးနိုင်လောက်ပါဘူး..’
အခိုက်အတန့်ရဲ့ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာတဲ့အချိန်မှာတော့..သူ ကျောချမ်းသွားခဲ့ပါပြီ။
[ ရဲရင့်သူ ငါးယောက်…အိပ်မက်ဆိုးကနေ ကြိုဆိုပါတယ် ]
အမှောင်ထုက ရွေ့လျားသွားခဲ့ပြီး တစ်စုံတစ်ခု ၊ သို့မဟုတ် မတူညီတဲ့ အရာတစ်ခုခု အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
…သို့ပေမယ့် ဆန်နီကတော့..ဒီအရာကို အာရုံမစိုက်နိုင်တော့ပေ..။
‘ခနလေး…ငါးယောက်လား..။ဒါက ငါးယောက်လို့ ပြောလိုက်တာလား..။ငါးယောက်မြောက်က ဘယ်သူလဲ..။ဘာလို့….’
သို့ပေမယ့် သူက ဒီအတွေးကို ပြီးဆုံးအောင် မတွေးနိုင်ခဲ့ပေ..။
သူ့အမြင်အာရုံက ရှင်းလင်းပြီး..ပုံပေါ်လာခဲ့ပါတယ်..။
[ အတွဲ ၃ ပြီး၏ ; ချိန်းကျွန်းစု ]