← Chapters

ပျံသန်းနေတဲ့ သဘော်..

Vol. 40 Ch. 599

ပျံသန်းနေတဲ့ သဘော်..

Vol. 40 Ch. 599

ပျံသန်းနိုင်တဲ့ သဘော်ဟာ..အမှောင်ထုထဲမှာ ဖြတ်သန်းရင်း..ဘာမှမရှိတဲ့ လေဟာနယ်ထဲကို ပိုမိုနက်ရှိုင်းစွာ ဆင်းသက်နေခဲ့ပါတယ်..။သူတော်စင် တိုင်းရစ် ထွက်ခွားသွားပြီးတဲ့ နောက်မှာတော့..အချိန်အတော်ကြာတဲ့ အထိ ဘာမှဖြစ်မလာခဲ့ပေ..။

သူ့တို့ရဲ့ ပတ်ဝန်းကျင်မှာ ဘာမှရှိမနေခဲ့ပဲ..ဘယ်အရာကမှ..သူတို့ကို စိတ်အနှောက်ယှက် ဖြစ်စေခဲ့ခြင်း မရှိပေ..။

ဒီလိုမျိုး ဘာမှမရှိတဲ့ နိုပ်စက်မူမျိုးကို..ဆန်နီက ကောင်းကောင်းကြီး ရင်းနှီးထားခဲ့ပါတယ်..။

သို့ပေမယ့် အခုချိန်မှာတော့..အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ..။သူ အောက်ဘက်ကောင်းကင်ကို ပထမဆုံး ကျဆင်းခဲ့တဲ့ အချိန်တုန်းက..သနားစရာကောင်းလောက်အောင် တစ်ယောက်တည်း ဖြစ်နေပြီး..လွတ်မြောက်ဖို့လမ်းလည်း ရှိမနေခဲ့ပေ..။အောက်ဘက်မှာ သူ့ကို ဘယ်လိုအရာက စောင့်ကြိုနေမလဲ ဆိုတာကို..မသိနိုင်ခဲ့ပါဘူး..။ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ဘေးနားမှာ လူတွေအများကြီး ရှိနေခဲ့ပြီး..သူကိုယ်တိုင် ဘယ်ကိုသွားနေတာလဲ ဆိုတာကို သိထားပြီးသားပါ..။တကယ်လို့ လိုအပ်လာမယ် ဆိုရင်လည်း..သူက ဘယ်အချိန်မဆို အပေါ်ကို ပြန်တက်သွားနိုင်စွမ်း ရှီနိုင်ပါသေးတယ်..။

ဒါက သေဆုံးနေတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အလောင်းပေါ်မှာ ထိုင်နေရတာမျိုး မဟုတ်ပဲ..သူ့မှာ ရှာဖွေဖို့ သဘော်ကြီးတစ်စီးလုံး ရှိနေတယ် ဆိုတဲ့ အချက်ကိုတော့ ပြောနေစရာတောင် မလိုအပ်ပါဘူး..။

ရှေးဟောင်း သဘော်က အရမ်းကြီး ကြီးမားနေတာမျိုး မဟုတ်ပေမယ့်..သူတို့ရဲ့ခရီးကို သက်သောင့်သက်သာ ဖြစ်ဖို့အတွက်တော့ လုံလောက်အောင်..ကြီးမားပါတယ်..။

ဒီပေါ်မှာတော့..အပေါ်ဘက် ကုန်းပတ် ၊ အဓိက ကုန်တင်သေတ္တာခန်း ၊ သဘော်ရဲ့ အလယ်ကနေ..ဦးပိုင်းအထိ ရှိနေတဲ့..အောက်ဘက် ကုန်းပတ် ၊ အောက်မှာရှိနေတဲ့..အရံ ကုန်တင်ခန်းတွေနဲ့ သဘော်သားတွေ နေထိုင်ကြတဲ့ နေထိုင်ရာနေရာ ၊ ကပ္ပတိန်အတွက် ကျယ်ဝန်းတဲ့ အခန်းငယ် ၊ အရာရှိတွေ ဒါမှမဟုတ် ဧည့်သည်တွေအတွက် ရည်ရွယ်ထားပုံရတဲ့ အခန်းတစ်ချို့ ၊ ကြီးမားတဲ့ စစ်ရေးအခန်းတစ်ခု နဲ့ ဝန်ဆောင်မူပေးနိုင်တဲ့အ ခန်းတစ်ချို့လည်းပါဝင်နေခဲ့ပါသေးတယ်..။

လတ်တလောမှာတော့..သဘော်ပေါ်မှာ..အယောက်သုံးဆယ် နီးပါးတော့ ရှိနေခဲ့တယ်..။ဒီတော့ လူတိုင်းအတွက် လိုအပ်တာထက် ပိုတဲ့ နေရာလွတ်တောင် ရနေခဲ့ပါတယ်..။အမှန်တော့..သဘော်ရဲ့ အတွင်းပိုင်းက..ဘာမှမရှိနေပဲ..အကြမ်းထည်သဘော်မျိုးသာ ဖြစ်နေခဲ့တယ်..။ကတ်စီရဲ့ အဖွဲ့သားတွေ နဲ့ ထပ်မံပူးပေါင်းလာကြတဲ့ မီးစောင့်ရှောက်သူတွေက..ပျံသန်းနိုင်တဲ့ သဘော်ကို သေချာပြင်ဆင်နိုင်ခဲ့ကြပေမယ့်..သူ့ရဲ့ အတွင်းပိုင်းကို ပြင်ဆင်ဖို့အတွက်တော့ အချိန်မရခဲ့ကြပါဘူး..။

အရေးကြီးတဲ့ အရာတစ်ချို့နဲ့..လိုအပ်တာတွေ အားလုံးကို တတ်နိုင်သမျှ တတ်ဆင်ထားခဲ့ပေမယ့်..အစိတ်အပိုင်းအများစုကတော့ ပြန်လည် ပြင်ဆင်ဖို့အတွက် လိုအပ်နေတုန်းပါပဲ..။တစ်ချို့ မခိုင်ခံ့တဲ့ စားပွဲ ၊ ကုလားထိုင်နဲ့..အိပ်ယာ ကုတင်တွေကလွယ်ပြီး ပရိဘောဂ ပစ္စည်းတွေက သိပ်ပြီး ရှိနေခဲ့ပေ..။ဒါက တစ်ချိန်က ခန်းနားထည်ဝါစွာ ပြင်ဆင်ထားတဲ့ အသွင်အပြင်တွေနဲ့ အတော်လေးကို ဝေးကွာလျက် ရှိနေခဲ့ပါတယ်..။

သို့ပေမယ့်..ညဘုရားကျောင်းထဲက ငရဲလို ကာလတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ..ဒီပတ်ဝန်းကျင်က ဆန်နီ အတွက်တော့ နိဗ္ဗာန်ကိုရောက်နေသလိုတောင် ဖြစ်နေခဲ့ပါတယ်..။သူ့မှာသီးသန့်အခန်းတစ်ခန်း ရှိနေခဲ့ပြီး..လပေါင်းအနည်းငယ် အတွက် အစားအသောက်တွေ လုံလုံလောက်လောက် ထည့်ထားခဲ့တဲ့ သိုလှောင်ခန်းတစ်ခုလည်း ရှိနေပါသေးတယ်..။ချက်ပြုတ်ခန်းတွေကလည်း အပြည့်အဝ အလုပ်လုပ်နေခဲ့တာကြောင့်..အနည်းဆုံးတော့ သူတို့ရဲ့ အစားအသောက်အတွက်..ဂရုစိုက်ပြီးသား ဖြစ်နေပါလိမ့်မယ်..။

ထပ်ပြောရရင်..ပျံသန်းနိုင်တဲ့ သဘော်က..ပင်လယ်ပြင်မှာ မောင်းနှင်သလိုမျိုး..အနိမ့်အမြင့် အတက်အကျတွေ ရှိမနေပဲ..အဲဒီအစား..အချိန်အတော်ကြာမှ တစ်ကြိမ်လောက် လှုပ်ခတ်တာမျိုး ရှိပါတယ်..။ဒါက အတော်လေးကို တည်ငြိမ်ပြီး..အနည်းငယ် နွေးထွေးနေသယောင်တောင် ရှိနေခဲ့တယ်..။

ထူးဆန်းတဲ့ သဘော်က..ဒေါင်လိုက်အနေအထား ရွေ့လျားနေတာက..သူ့ရဲ့ ကုန်းပတ်ပေါ်မှာ ပေါက်နေတဲ့ မြင့်မြတ်တဲ့ သစ်ပင်ရဲ့ မှော်ဆန်မူကြောင့်ဖြစ်ပြီး..တစ်စိတ်တစ်ပိုင်းကတော့ လေရဲ့ အကူအညီကြောင့်ပါ..။မီးစောင့်ရှောက်သူတွေက အနည်းနဲ့အများတော့ သဘော်ကို ရွက်လွင့်နိုင်စွမ်း ရှိနေကြတဲ့ ပုံပါပဲ..။သူတို့က ကတ်စီရဲ့ တုတ်တံလိုမျိုး..ဂဏ္ဍစွမ်းရည်တွေ ဒါမှမဟုတ် မှတ်သားမူတွေကို အသုံးပြုပြီး သဘော်ရဲ့ လားရာကို ထိန်းချုပ်နေခဲ့ကြတာပါ..။

ရလာဒ်အနေနဲ့ သူတို့ရဲ့ အက်ကွဲကြောင်း ချောက်နက်ထဲကို သွားတဲ့ ခရီးစဉ်က ချောမွေ့ပြီး မြန်ဆန်နေခဲ့တယ်..။

ဆန်နီ တစ်ပတ်လောက် အနားယူပြီး..သူ့ရဲ့ ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်စေကာ..ခွန်အားတွေကို ပြန်ဖြည့်နေခဲ့ပါတယ်..။သူ တတ်နိုင်သလောက်..အိပ်လိုက်..စားလိုက် လုပ်နေခဲ့တယ်..။ဒါကလည်း..ဒုတိယ အိပ်မက်ဆိုးက သူ့ရဲ့ ခံနိုင်ရည်စွမ်း အကန့်အသတ်ကို စမ်းသပ်တော့မယ် ဆိုတာကို သိနေတာကြောင့်ပါ..။သူက ဒီအထဲကို..တတ်နိုင်သလောက် အကောင်းမွန်ဆုံး ပုံစံနဲ့ ဝင်ရောက်သွားဖို့ လိုအပ်ပါတယ်..။

သူက ဒီအချိန်တွေမှာ..ညဘုရားကျောင်းထဲက အဖြစ်အပျက်ကို ပြန်တွေးပြီး..မော်ဒရက်နဲ့ ပတ်သက်လို့ သိထားသမျှအရာတွေကို ခွဲခြမ်းစိတ်ဖြာမူ လုပ်နေခဲ့တယ်..။ပြီးတော့ တစ်ခြား သူ့ရဲ့ အတွေးတွေ နဲ့ ဆုံးဖြတ်ချက်တွေကို တွေးတောကာ အမှားတွေကနေ သင်ခန်းစာ ယူဖို့ လုပ်နေခဲ့ပါတယ်..။ဘာမှမရှိတဲ့ မင်းသားရဲ့ လှည့်စားခံရမူ ၊ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရမူတွေက..သူ့ရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ် နေတုန်းပါပဲ..။

ဒီလအတွင်းမှာတော့..ဆန်နီ သိရှိလိုက်တဲ့ အချက်အလက် အသစ်တွေက အများကြီးပါပဲ..။ပိုပြီး အဆင့်မြင့်တဲ့ နိုးထသူတွေရဲ့ အချက်အလက်တွေ ၊ ဗာလာကလန်ရဲ့ အန်ဗီ ၊ ကြီးမြတ်တဲ့ ကလန်တွေ ၊ ကလန်ကြီးတွေ ကြားထဲက တင်းမာမူ တွေအပြင်…သူ့ရဲ့ ကိုယ်ပိုင် ဂဏ္ဍစွမ်းရည်လည်း ပါဝင်ပါတယ်..။

သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲမှာ နေထိုင်နေကြတဲ့ တိတ်ဆိတ်နေတဲ့ အရိပ်တွေက အလှဆင်ထားတာမျိုး မဟုတ်ပါဘူး..။သူ့တို့က ရည်ရွယ်ချက် တစ်ခုခု ကြောင့် ရောက်နေခဲ့တယ် ဆိုတာကို သိပေမယ့်..သူက ဘယ်တော့မှ..သိရှိနိုင်ခြင်း မရှိခဲ့ပေ..။

ကောင်းပြီလေ..အခုတော့ လက်တွေ့မြင်ခဲ့ရပါပြီ..။ဒါက ဘာကိုဆိုလိုတာလဲ ၊ ပြီးတော့..သူက ဒီအရာတွေနဲ့ ဘာလုပ်ရမလဲ ဆိုတာကို မသိရှိနိင်သေးပေ..။မော်ဒရက် နဲ့ တိုက်ပွဲပြီးဆုံးသွားပြီးတဲ့ နောက်မှာ သူက ဘယ်လောက်ပဲ ထပ်မံကြိုးစားပါစေ..ဒီအရိပ်တွေက တုန့်ပြန်လာခြင်း မရှိတော့ပါဘူး..။သူတို့က သူတို့ရဲ့ နေရာမှာသာ..အရင်ကအတိုင်း အသက်မဲ့ပြီး..တိတ်ဆိတ်နေခဲ့ကြပါတယ်..။ဒါက ဘာမှမဖြစ်ခဲ့တဲ့ အတိုင်း သရုပ်ဆောင်နေကြသလိုပါပဲ..။

ဒါက ..သူ့အနေနဲ့..ကိစ္စတစ်ရပ်လုံးကို..စိတ်ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုတောင် ဖြစ်နေခဲ့ပါတယ်..။

အဆုံးမှာတော့..ဒီအရိပ်တွေရဲ့ ဆန်းကျယ်မူက အရင်ကလိုပဲ သိရှိဖို့ မဖြစ်နိုင်သေးဘူး ဆိုတာကို လက်ခံလိုက်ရတယ်..။

သူ့ ဝိဉာဉ်က သိမ်းပိုက်ဖို့ ကြိုးစားလာသူတွေ အတွက် ကြောက်မက်ဖွယ်ရာ ကောင်းလောက်တဲ့ ခုခံစွမ်းအား တွေကို ပိုင်ဆိုင်ထားတယ် ဆိုတာကိုတော့ သိလိုက်ရပါတယ်..။အနည်းဆုံးတော့..ဒါက သူသိလိုက်ရတဲ့ တစ်ခုခုပါပဲ..။

…ပထမရက်သတ္တပတ် ကုန်ဆုံးသွားပြီးတဲ့ နောက်မှာတော့..သူ့ရဲ့ ဒဏ်ရာတွေက လုံလောက်အောင် ပြန်လည် သက်သာလာခဲ့တယ်..။ဆန်နီက စတင်လေ့ကျင့်နေခဲ့ပြီး..ရှေ့မှာဖြစ်ပျက်လာတော့မယ့်..ကြောက်မက်ဖွယ်စမ်းသပ်မူအတွက် ခန္တကိုယ်ကို အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်နေခဲ့ပါတယ်..။သူက အိပ်မက်ဆိုးတဲ့ ရောက်တဲ့အချိန်မှာ မတူညီတဲ့ လူတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလေ့ကျင့်မူတွေက အမှန်တကယ်တော့ ..အသုံးမဝင်ပါဘူး..။သို့ပေမယ့်..သူ့ရဲ့ ခန္တာကိုယ်ကို လေ့ကျင့်တာက..သူ့ရဲ့စိတ်ကို တည်ငြိမ်စေဖို့အတွက် ကူညီပေးပါတယ်..။

ဒီအကြောင်းပြချက်ကြောင့်ပဲ..ဆန်နီက အမှောင်မြို့တော်ထဲကလိုမျိုး..ပြတ်သားတဲ့ စိတ်ဓာတ်မျိုးနဲ့ လေ့ကျင့်နေခဲ့တာပါ..။ကိုင် ၊ အယ်ဖီ နဲ့ ကတ်စီ တို့ကလည်း သူနဲ့ အတူပူးပေါင်းပြီး သူတို့ရဲ့ အခြေအနေကို တိုးတက်အောင် လုပ်ဆောင်နေခဲ့ကြတယ်..။အလားတူစွာပဲ အဖွဲ့တစ်ဖွဲ့ အနေနဲ့ ဘယ်လို အတူတကွ လုပ်ဆောင်ကြမလဲဆိုတာကိုပါ..လေ့လာခဲ့ကြပါတယ်..။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်..ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့တဲ့ အချိန်တွေက အတော်လေးကို ကြာမြင့်ခဲ့ပါပြီ..။သူတို့အားလုံးက..စွမ်းအားပိုင်းရော..အတွေ့အကြုံပိုင်းပါ..အတော်လေး အင်အားကောင်းလာခဲ့တယ်..။သူတို့က အခုဆိုရင် နိုးထသူတွေဖြစ်နေပြီ ဖြစ်တာကြောင့်..စွမ်းရည် အသစ်တွေကို ပိုင်ဆိုင်ထားကြကာ..ကိုယ်ခံပညာရဲ့ နည်စနစ် နဲ့ ကျွမ်းကျင်မူတွေ အပေါ် နားလည်နိုင်စွမ်းတွေလည်း တိုးတက်လာခဲ့ကြတယ်..။သူတို့က တစ်ယောက်ကိုတစ်ယောက် ကူညီထောက်ပံ့ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်ခဲ့ကြပါတယ်..။ဒါက..တစ်ယောက်ရဲ့ အားနည်းနေတဲ့ အရာကို ဘယ်လိုကာကွယ်ပေးမလဲ ၊ ပန်းတိုင်ကို ရောက်ဖို့အတွက် ဘယ်လို ချောချောမွေ့မွေ့ ပူးပေါင်းမလဲ ဆိုတာတွေပါ ပါဝင်ပါတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ လမ်းညွှန်မူတွေ မရှိတာကြောင့်..ဒါက သူတို့အရင်တုန်းက ကြုံတွေ့ခဲ့ရတာထက်တော့ ပိုပြီး ခက်ခဲနေတာ အမှန်ပါပဲ..။သူတို့ထဲက တစ်ယောက်ကမှ..စစ်မှန်တဲ့ ခေါင်းဆောင်စွမ်းရည်မျိုး ရှိမနေခဲ့ပေ..။မေ့ပျောက်ကုန်းမြေပေါ်မှာ နစ်ဖီ ဆောင်ရွက်ခဲ့သလိုမျိုး..တိုက်ပွဲတွေအပေါ်နားလည်နိုင်စွမ်းနဲ့ ဗျူဟာခင်း နိုင်မူတွေ မရှိကြတာကိုတော့..ထည့်ပြောစရာတောင် မလိုတော့ပါဘူး..။အခု သူမ မရှိတော့တဲ့ အချိန်ကြမှ..သန်မာ ၊ အားကောင်းပြီး ၊ ထိရောက်မူ ရှိတဲ့ အဖွဲ့တစ်ခုကို တည်ဆောက်ရတာက ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာကို နားလည်နိုင်ခဲ့ပါတယ်..။

ဒါတောင်မှ..သူတို့က အကောင်းဆုံး လုပ်နေခဲ့ကြတယ်..။

နတ်ဘုရား မီးတောက်တွေ ဝန်းရံနေတဲ့ အက်ကွဲကြောင်းကိုမရောက်ခင် ရက်အနည်းငယ်လောက် အလိုမှာတော့..သဘော်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ လေထုက ပူနွေးလာခဲ့ပြပြီ..။ဆန်နီ နိုးထလာခဲ့ပြီး..အပြင်ဘက်မှာရှိနေတဲ့ အမှောင်ထုကို တစ်ချက်ကြည့်လိုက်ကာ..သက်ပြင်းချလိုက်တယ်..။ပြီးတဲ့နောက်မှာတော့..တစ်ခုခုစားသောက်ဖို့ အတွက် စားဖိုခန်းထဲကို လျောက်သွားလိုက်ပါတယ်..။

အစားအသောက်တွေက အရသာရှိတယ် ဆိုပေမယ့်..ခမ်းခမ်းနားနားတွေတော့ မဟုတ်ပါဘူး..။

နောက်တစ်ကြိမ် ဆိုသလိုပဲ..သူက ဒီနေ့ကို..သကြားတွေအများကြီး ထည့်ထားတဲ့ ကော်ဖီတစ်ခွက် ဒါမှမဟုတ် နွားနို့တစ်ခွက်နဲ့ အတူ မဖြတ်သန်းနိုင်ခဲ့ပြန်ပါဘူး..။လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက..သူက ဒီလိုမျိုး ဖြတ်သန်းချင်မိတယ်လို့ ဆန္ဒရှိခဲ့ဖူးပါတယ်..။အဲတာက အိပ်မက်ကမ္ဘာထဲကို ပထမဆုံးအကြိမ် မဝင်ရောက်ခင်..အကယ်ဒမီရဲ့ ကဖေးဆိုင်မှာ ရှိနေတုန်းကပါ..။

ဒီနေ့က ဆောင်းယဉ်စွန်းတန်း ကျရောက်တဲ့နေ့ပါ..။

ဆန်နီက အသက် ဆယ့်ကိုးနှစ် ပြည့်မြောက်သွားခဲ့ပါပြီ..။ပြီးခဲ့တဲ့ မွေးနေ့တုန်းကတော့..သူ့ရဲ့ မွေးနေ့ကို..ကျိန်စာသင့်မြို့လယ်ခေါင်မှာ ရှိတဲ့ သွေးစိုနေတဲ့ ရဲတိုက်မှာ ဖြတ်သန်းခဲ့ရပါတယ်..။

ဒီတစ်ကြိမ်မှာတော့..သူက အလင်းမရှိတဲ့ ချောက်နက်ကို ဖြတ်သန်းပြီး..မီးတောက်ပင်လယ်ဆီကို ဆင်းသက်နေတဲ့..ရှေးဟောင်း သဘော်ကြီးတစ်စင်းရဲ့ အပေါ်မှာ ဖြတ်သန်းနေခဲ့ရတာပါ..။

“…ဒါက နည်းနည်းတော့ ပိုကောင်းလာခဲ့တာပဲ…။ဟုတ်တယ်မလား..’

အပိုင်း ( ၅၉၉ ) ပြီး၏။

All Chapters