← Chapters

မဟာမိတ်လက်ထပ်ခြင်း

Vol. 146 Ch. 2080

မဟာမိတ်လက်ထပ်ခြင်း

Vol. 146 Ch. 2080

ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အင်ပါယာယန်တွင် သားသမီးခုနစ်ယောက် ရှိသည်။ ယန်တုန်းရန်က ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရရာ မင်းသားလေးပါး ကျန်ရှိ၏။

ဤမဟာမိတ်လက်ထပ်ပွဲမှာ အင်ပါယာယန်၏ ဒုတိယသားဖြစ်သူ ယန်ကျူးဖြစ်သည်။

ယန်ကျူးသည် အဆင့်ခုနစ်ရန်ဟောင်တစ်ပါးဖြစ်ပြီး အလွန်အစွမ်းထက်၏။ သို့သော် သူ အလယ်အလတ်ရန်ဟောင် ဖြစ်လာသည့်အခါ၌ သူ၏ မဟာလမ်းစဉ်က ချို့ယွင်းချက် ရှိလာခဲ့သည်။ သူ့ပါရမီက ယန်တုန်းရန်နှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုတွင် သူ၏ အဆင့်အတန်းက သူ့ညီငယ် ယန်တုန်းရန်လောက် မမြင့်မားချေ။

သို့သော် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အိမ်ရှေ့စံ ယန်ဟန်ရှင်း၌ တာအိုလက်တွဲဖော် ရှိပြီးသားဖြစ်ကာ ယန်တုန်းရန်က အသတ်ခံလိုက်ရသည်။ ထို့ကြောင့် မဟာမိတ်လက်ထပ်ပွဲအတွက် ယန်ကျုးသည်သာ အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်လာသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူ့ကို လင်းရှောင်နန်းတော်မင်းသမီးတစ်ပါးနှင့် လက်ထပ်ရန် ရွေးချယ်ခဲ့သည်။

အမှန်တွင် ဤသည်မှာ ထိပ်သီးအင်အားစုနှစ်ခုကြား၌ မဟာမိတ်ဖွဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အင်အားစုနှစ်ခုသည် တုန်းဟွာနယ်မြေအတွင်း ပို၍ အစွမ်းထက်လာလိမ့်မည်။

အချို့သော အင်အားစုကြီးများက ဤအဖြစ်အပျက်များ၏ နောက်ကွယ်တွင် နယ်မြေသခင်အိမ်တော်က ကြိုးကိုင်နေကြောင်း ခန့်မှန်းကြသည်။

အဆုံးမှာတော့ တုန်းဟွာအခမ်းအနားအတွင်း သူတို့သည် တုန်းဟွာကောင်းကင်မှ အင်အားစုတစ်ခုဖြစ်သော လင်းရှောင်နန်းတော်က နယ်မြေသခင်အိမ်တော်၏ အမိန့်ကို လိုက်နာကြောင်း သတိပြုမိကြသည်။ လင်းရှောင်နန်းတော်သခင်၏ နယ်မြေသခင်နင်ယွမ်အပေါ် ပြသသော သဘောထားက ပုံမှန်မဟုတ်ပေ။ လင်းရှောင်နန်းတော်နှင့် နယ်မြေသခင်အိမ်တော်က တူညီသော ကုန်းမြေတစ်ခုတည်းမှ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ပြောနိုင်၏။

ယခု လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုက မဟာမိတ်များ ဖြစ်လာပြီး အလွန် အစွမ်းထက်သည့် အင်အားစု ဖြစ်လာသည်။ သူတို့၏ အင်အားက ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။ ထပ်ပြောရလျှင် သူတို့၏ နောက်တွင် နယ်မြေသခင်အိမ်တော်က ကျောထောက်နောက်ခံအနေနှင့် ရှိနေခဲ့သည်။ ဤသို့သော မဟာမိတ်က အခြားအင်အားစုကြီးများကို ကြီးစွာသော ဖိအားဖြစ်စေသည်။

အင်အားစုကြီးနှစ်ခုကြားမှ မဟာမိတ်လက်ထပ်မှုက တုန်းဟွာနယ်မြေတစ်ခွင်လုံးကို ဂယက်ထစေခဲ့သည်။ ဤသတင်းသည် နယ်မြေ၏ အဓိကကုန်းမြေများထံ ပျံ့နှံ့သွားပြီး အခြားကုန်းမြေများသို့ပင် ရောက်ရှိသွားသည်။

ကောလာဟလများအရ ရှေးဟောင်းတော်ဝင်ယန်မိသားစုက လင်းရှောင်နန်းတော်၏ မင်းသမီးကို ပြန်ခေါ်ဆောင်သွားရန် တုန်းဟွာနယ်မြေတစ်ဝက်ကို ဖြတ်ကျော်လာလိမ့်မည်ဟု ဆိုကြသည်။ သူတို့က အာကာသခရီးသွားဝင်္ကပါကို အသုံးမပြုဘဲ ကုန်းမြေများစွာကို ဖြတ်သန်းခရီးဆက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် ဤအခမ်းအနားကို တလောကလုံးမှ သိရှိပြီး အားလုံး၏ အာရုံကို ဖမ်းစားချင်ခဲ့ကြသည်။

ထိုသတင်းပျံ့နှံ့သွားပြီးနောက် လူအများက စိတ်လှုပ်ရှားလာကြ၏။ သူတို့က ဤအခမ်းအနားကို ကိုယ်တိုင် မြင်တွေ့ချင်ကြသည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက ဤမဟာမိတ်လက်ထပ်ပွဲကို အာရုံစိုက်မှုအများအပြားရရှိစေရန် ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုသတင်းကို တလောကလုံးထံ ထုတ်ပြန်ခဲ့ပြီး သူတို့က ထိုမဟာမိတ်လက်ထပ်ပွဲအား အလေးအနက်ထားကြောင်း သိစေသည်။

အချို့လူများသည် ရှေးဟောင်းတော်ဝင် ယန်မိသားစုက တုန်းဟွာနယ်မြေ၏ တောင်ဘက်ဒေသမှ ထွက်ခွာလာပြီး တုန်းဟွာကောင်းကင်၏ အလယ်ပိုင်းသို့ ဦးတည်သောအခါ ထောင်ချီသော ကုန်းမြေအကြီးအသေးများစွာကို ဖြတ်ကျော်လာရန် လိုအပ်သည်။ ထိုအခမ်းအနားက မည်မျှ ကြီးကျယ်ခမ်းနားသည်ကို ခန့်မှန်းနိုင်၏။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူတို့ ကြာမြင့်မည့် အချိန်ကိုပင် ခန့်မှန်းထားကြသည်။ သူတို့က တုန်းဟွာကောင်းကင်သို့ သတ်မှတ်ချိန်အတွင်း ရောက်ရှိရန် တစ်လအလိုတွင် ထွက်ခွာလိမ့်မည်ဖြစ်သည်။ တစ်လကြာပြီးနောက် သူတို့က တုန်းဟွာကောင်းကင်သို့ ရောက်ရှိပြီး လင်းရှောင်နန်းတော် မင်းသမီးနှင့် လက်ထပ်မည် ဖြစ်သည်။

ထိုနေ့တွင် တောင်ပိုင်းဒေသရှိ ကုန်းမြေအသေးလေးတစ်ခုမှ အဓိကမြို့တော်တွင် သက်ဝင်လှုပ်ရှားနေ၏။ ကြီးမားသော စားသောက်ဆိုင်ကြီးတစ်ခုတွင် ဧည့်သည်များက အချင်းချင်း စကားစမြည်ပြောဆိုကာ သက်ဝင်မြူးကြွနေကြသည်။ သူတို့က လက်ရှိအခမ်းအနားများနှင့် ပတ်သတ်ပြီး ဆွေးနွေးရင်း အလုပ်များနေကြ၏။

"ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်တို့ မဟာမိတ်လက်ထပ်ပွဲ ကျင်းပမှာကို အားလုံးသိကြတယ်မလား။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ကျုပ် သတင်းတချို့ ကြားခဲ့တယ်။ အဲဒီ အင်အားစုကြီးတွေက အထွတ်အထိပ်မှာ ရှိနေကြပြီး ရှေးဟောင်းတော်ဝင် မိသားစုဆိုတာကကျုပ်တို့ရဲ့ အထက်မှာ ရှိကြတယ်။ ပုံမှန်အားဖြင့် ကျုပ်တို့က သူတို့အကြောင်းကို ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက် သူတို့ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တဲ့ အခြေအနေက အတော်ကြီးမားတယ်။ ဒါကြောင့် သိရဖို့ သိပ်မခက်ဘူး။" တစ်စုံတစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ သူတို့ရှိနေသော ကုန်းမြေသည် ရီဖူရှင်း ကောင်းကင်ဒေသသို့ ပထမဆုံးရောက်လာစဉ်က ကုန်းမြေနှင့် ဆင်တူသည်။ ၎င်း၌ အမည်ပင် မရှိချေ။

သူတို့အတွက် ထိပ်သီးအင်အားစုများမှာ သူတို့နှင့် အလွန် ဝေးကွာလှသော အမြင့်ပိုင်းတွင် ရှိနေသူများ ဖြစ်ကြသည်။ ထိုအင်အားစုအားလုံးနှင့် တန်ခိုးရှင်များက ဒဏ္ဍာရီများ ဖြစ်ကြသည်။ သူတို့က အခြားလူများ၏ ပါးစပ်များမှသာ ထိုသို့သော ကိစ္စမျိုးကို ကြားသိနိုင်ကြသည်။

"ဒါက အထွတ်အထိပ်အင်အားစုနှစ်ခုကြားက မဟာမိတ်လက်ထပ်ပွဲတစ်ခုပဲ။ သူတို့ရဲ့ ရိုးသားမှုကို ပြသဖို့ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အခမ်းအနားကို လူအများအာရုံစိုက်ခံရအောင် လုပ်လိမ့်မယ်။ သူတို့က ဒီမဟာမိတ်လက်ထပ်ပွဲကို ဘယ်လောက် အလေးအနက်ထားလဲဆိုတာ ပြချင်နေကြတာ။ သူတို့ ဖြတ်သွားမယ့် ကုန်းမြေတွေထဲမှာ ငါတို့ကုန်းမြေကိုရော ဖြတ်သွားမလား သိချင်မိတယ်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက မင်္ဂလာပွဲအတွက် စေလွှတ်လိုက်တဲ့ လူတွေက ဘယ်လောက်အစွမ်းထက်မလဲ သိချင်မိတယ်။"

"ရှေးဟောင်းတော်ဝင် ယန်မိသားစုက ကျုပ်တို့လို အမည်မဲ့ကုန်းမြေတစ်ခုအတွက် အလုပ်ရှုပ်ခံမှာ မဟုတ်ဘူး။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံး အဲဒီမင်္ဂလာပွဲစီတန်းလှည့်လည်တဲ့ သူတွေကို မြင်ချင်တယ်ဆိုရင် ရှေးဟောင်းတော်ဝင် ယန်မိသားစု ကျိန်းသေ ဖြတ်သွားရမယ့် ကုန်းမြေတစ်ခု ရှိတယ်။"

လူအများက အပြုံးနှင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ထိုလူရည်ညွှန်းသော ကုန်းမြေကို သိရှိကြပုံပေါ်သည်။

"အဲဒါက ထျန်းချီကုန်းမြေမလား။" တစ်စုံတစ်ယောက်က ပြောလိုက်၏။

"ဟုတ်တာပေါ့။ ထျန်းချီကုန်းမြေက  ကျုပ်တို့ရဲ့ ကုန်းမြေအစုတွေကြားမှာ အဓိကကုန်းမြေတစ်ခုပဲလေ။ အဲဒီကုန်းမြေက အနီးအနားမှာရှိတဲ့ ကုန်းမြေတွေကို လွှမ်းမိုးထားတာ။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အခမ်းအနားကို တတ်နိုင်သမျှ ခမ်းနားအောင် လုပ်ချင်တာကြောင့် သူတို့ တုန်းဟွာနယ်မြေကို ချီတက်မယ့် လမ်းကြောင်းမြေပုံအရ ကျိန်းသေ ထိုက်ချီကုန်းမြေကို ဖြတ်သွားကြလိမ့်မယ်။ သူတို့ ကျော်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။" လူတစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ သူ့အနီးမှ လူအုပ်ကြီးက ခေါင်းညိတ်လိုက်ကြ၏။ သူ့ဆန်းစစ်ချက်က အဓိပ္ပါယ်ရှိသည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက မင်္ဂလာအခမ်းအနားကို ခမ်းခမ်းနားနားဖြစ်စေချင်နေသည့်အတွက် ထျန်းချီကုန်းမြေကို ဖြတ်သွားသင့်သည်။

"ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ အင်အားက အစွမ်းထက်တာကြောင့် သူတို့ရဲ့ ခရီးဆက်မှုက အတော်လေး မြန်ဆန်မှာ အသေအချာပဲ။ ကျုပ်တို့ သူတို့ကို မြင်လိုက်ရရင်တောင် မျက်တောင်တစ်ခတ်လောက်ပဲ ဖြစ်မှာ။ ဒီလောက် ခဏလေးကြောင့် ဘာလို့ ဒုက္ခခံနေတော့မှာလဲ။" တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။ လူအများက ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ထိုအခမ်းအနားကို စူးစမ်း​လေ့လာကာ ပါဝင်လိုသော်လည်း အကျိုးမရှိ အချိန်ဖြုန်းခြင်းတော့ မလုပ်ချင်ကြပေ။

တန်ခိုးရှင်အများစုအတွက် ကုန်းမြေများသို့ ခရီးသွားခြင်းက လွယ်ကူနေသည်မဟုတ်ပေ။ ထိုသည်မှာ ရန်ဟောင်များအတွက်သာ လွယ်ကူခြင်း ဖြစ်သည်။

သို့သော် သူတို့ပြောနေစဉ် လူတစ်စုက ထောင့်ဘက်ရှိ စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်ရင်း အရက်သောက်နေကြသည်။ သူတို့က ထိုလူများ ပြောနေသည်ကို စိတ်ဝင်တစားနားထောင်နေကြ၏။

ထိုလူစုသည် ထူးခြားလှသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူတို့ကြားတွင် မြက်ခမောက်ဆောင်းထားသော ပုံရိပ်တစ်ခုရှိသည်။ မြက်ခမောက်ထဲမှ အဖြူရောင်ဆံပင်တို့ ထွက်နေကြ၏။ လူအချို့သည် ထိုသူက နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည့် မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းနေခဲ့ကြသည်။ သို့သော် သူက အလွန်ငယ်ရွယ်ပုံပေါ်နေပြီး ထိုသည်မှာ သူ့ကျင့်ကြံခြင်းက မြင့်မားသောကြောင့် ဖြစ်နိုင်သည်။

သူတို့သည် ထိုနေရာ၌ ထိုင်နေသူများက လက်ရှိ တုန်းဟွာနယ်မြေတွင် အလိုရှိနေသော ဝရမ်းပြေးများဖြစ်ကြောင်း မသိကြပေ။ ထိုသူတို့မှာ ရီဖူရှင်းတို့ အဖွဲ့ဖြစ်သည်။

ရီဖူရှင်းက သူ၏ လက်ချောင်းနှင့် စားပွဲကို ခေါက်နေခဲ့သည်။ သူက တစ်ဖက်လူ ပြောသည်ကို ကြားပြီးနောက် ထရပ်ကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်။ အခြားလူများက ချက်ချင်း သူ့နောက်သို့ လိုက်လာကြ၏။ ထိုလူများက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားကာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ စားသောက်ဆိုင်အတွင်းမှ လူများ၏ နှလုံးသားများက တုန်ယင်လာကြသည်။ ထိုလူများက မည်သူနည်း။ သူတို့၏ အရှိန်က အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် လူတစ်စုက တိမ်တိုက်များအကြား အလွန် လျင်မြန်စွာ ခရီးဆက်နေကြသည်။ ကောက်ရိုးခမောက်ဆောင်းထားသော ပုဂ္ဂိုလ်က ရီဖူရှင်းပင် ဖြစ်သည်။

"ဘာလုပ်နေတာလဲ။" သူ့နောက်မှ လူက မေးလိုက်၏။ ထိုသူက ထူးခြားလှပသော အသွင်အပြင်နှင့် အံ့အားသင့်ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ၎င်းမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင် နတ်မိမယ်တုံ့လိုင် ​ဖြစ်သည်။

"ထျန်းချီကုန်းမြေကို သွားမလို့။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

နတ်မိမယ်တုံ့လိုင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ဤကောင်က....

အခြားလူများသည်လည်း လေးနက်သော အမူအရာများ ဖြစ်လာကြသည်။ သူတို့ထံ၌ လူများစွာ မရှိသော်လည်း သူတို့က အလွန် အစွမ်းထက်သော သူများ ​ဖြစ်နေဆဲ ဖြစ်သည်။ နတ်မိမယ်တုံ့လိုင်၊ အာခီမီအင်ပါယာ၊ ဖုန့်မိသားစုခေါင်းဆောင်၊ မုန်တိုင်းနတ်ဆိုးနှင့် အခြားတန်ခိုးရှင်များကဲ့သို့ အမျိုးမျိုးသော အင်အားစုများ၏ ထိပ်သီးပုဂ္ဂိုလ်များက ဤနေရာ၌ အတူတကွစုဝေးနေကြသည်။ သူတို့အားလုံးက ထိပ်သီးအဆင့် ရန်ဟောင်များ ဖြစ်ကြသည်။ ထိုသို့သော အဖွဲ့မျိုးက အလွန် အစွမ်းထက်သည်။ သူတို့က အလွန် အစွမ်းထက်သည့် အင်အားစုများကို ဆန့်ကျင်ခြင်းမရှိသရွေ့ သူတို့က မည်သည့်နေရာကိုမဆို သွားလာနိုင်လိမ့်မည်။

သို့သော် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီးနောက် ရီဖူရှင်းက ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရန် ကြံစည်နေပြန်ပြီလား။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ နှစ်အနည်းငယ် ကုန်လွန်ပြီးနောက် တုန်းဟွာနယ်မြေက သူတို့ကို တဖြေးဖြေး မေ့ပျောက်လာပြီ ဖြစ်သည်။ သူတို့က ယခု နယ်မြေအတွင်းမှ ထွက်ခွာလျှင် အလွန် လုံခြုံလိမ့်မည်။ သူတို့ ထွက်ခွာမသွားလျှင်ပင် သူတို့ ကုန်းမြေသေးသေးလေးအချို့၌ ကျင့်ကြံနေသည်ဖြစ်စေ လိပ်နတ်ဘုရားကျွန်းစု၌ ဆက်လက်နေသည်ဖြစ်စေ မည်သူကမှ သတိပြုမိလိမ့်မည် မဟုတ်ပေ။

သို့သော် ရှေးဟောင်းတော်ဝင် ယန်မိသားစုကို ကြားဖြတ်တားဆီးလိုက်သည်နှင့် သူတို့၏ ဖုံးကွယ်ထားမှုက ချက်ချင်း ကွာကျသွားလိမ့်မည်။ သူတို့သည် အသက်အတွက် ပြေးလွှားနေရသော အနားမရသည့် နေ့ရက်များသို့ပင် ပြန်ရောက်သွားနိုင်သည်။

***

All Chapters