← Chapters

ဂိုဏ်းဆရာအဆင့် စိတ်ဝိညာဉ်ဝါးမျိုခြင်းစွမ်းအင်၊ ပေါက်ကွဲစေသော စိတ်စွမ်းအား

Vol. 5 Ch. 60

ဂိုဏ်းဆရာအဆင့် စိတ်ဝိညာဉ်ဝါးမျိုခြင်းစွမ်းအင်၊ ပေါက်ကွဲစေသော စိတ်စွမ်းအား

Vol. 5 Ch. 60

"တင်း! hostက ဧကရာဇ်အဆင့် ကြယ်သားရဲတစ်ကောင်ကို သတ်ခဲ့ကြောင်း တွေ့ရှိထားပါတယ်... ဆုလာဘ်- အဆငါးဆယ်တိုး!"

"နှစ်ငါးဆယ်ကြာ ကျင့်ကြံမှုအောင်မြင်ခဲ့တဲ့ hostကို ဂုဏ်ပြုပါတယ်"

"ဝိညာဥ်လျှို့ဝှက်စွမ်းအင် စိတ်ဝိညာဥ်ဝါးမျိုစွမ်းအင်ကို ရရှိတဲ့အတွက် hostကို ဂုဏ်ယူပါတယ်"

စနစ်သတိပေးချက်များ မြည်လာသည်နှင့်အမျှ ချင်းယန် နှလုံးသားလည်း ရွှင်လန်းစွာ ခုန်ပေါက်သွားသည်။

"ဟုတ်ပြီ! ထွက်သွားလို့ ရပြီ!"

ချင်းယန်သည် သူ့ဆုလာဘ်များကို ကျေနပ်စွာ စစ်ဆေးရင်း သူ့နဖူးမှ စိတ်လှုပ်ရှားမှုများကြောင့် အနေအထား အမျိုးမျိုး ထွက်ပေါ်လာသည်။ ဂိုဏ်းဆရာနယ်ပယ် အစောပိုင်း အဆင့်ကို သူနောက်ဆုံးရောက်တာ ဘယ်နှစ်ရက်ရှိပြီလဲ။

တစ်ပတ်မပြည့်သေးလို့ ခံစားရလား။

သိပ်မကြာလိုက်ခင်မှာပင် နောက်ထပ် အနှစ်ငါးဆယ် ကျင့်ကြံမှုက ရောက်ရှိလာခဲ့ပြီ။

ဆိုင်ကယ်စီးနေတဲ့ နွားငယ်လေးနဲ့တောင် တူနေသယောင်ပင်။

အရမ်းကောင်းတယ်။

ထိုထက်မက ချင်းယန် ပိုစိတ်ဝင်စားခဲ့တာက "စိတ်ဝိညာဥ်ဝါးမျိုစွမ်းအင်" လို့ ခေါ်တဲ့ ဝိညာဥ်စွမ်းအင် လျှို့ဝှက်စွမ်းအင် တစ်မျိုးကိုပဲ ဖြစ်ပါသည်။

စိတ်ဝိညာဉ်ရဲ့ စိတ်စွမ်းအား ကျင့်ကြံနည်းစနစ်များသည် အစပြုရန် ရှားပါးသည်။ ကျန်းဟိုင်မြို့မှာတောင် မိတ္တူအနည်းငယ်ပဲ ရှိသည်။ ဒါက ဤကျင့်စဥ် အမျိုးအစားဟာ ဘယ်လောက်တောင် အဖိုးတန်ကြောင်း ပြသနေ၏။

"မဆိုးဘူး မဆိုးဘူး... ပိုကောင်းလာပြီ"

ချင်းယန်သည် တံစက်မြိတ်အောက်တွင် ရပ်နေကာ ရိတ်သိမ်းမိတာတွေကို ရေတွက်ရင်း ကျေနပ်သွားသည်။ ထို့နောက် ဝိညာဥ်စားပိုးကောင် သေဆုံးသွားသည့် နေရာကို လှမ်းကြည့်လိုက်သည်။

အနီရောင်နှင့် အစိမ်းရောင် မီးပွိုင့်ကြား၌ ဖျော့တော့ပြီး ဖောက်ထွင်းမြင်ရသော ပုတီးစေ့တစ်စေ့ တိတ်တဆိတ် ပျံဝဲလျက်ရှိသည်။ မိုးရေများက ၎င်းထဲ စိမ့်ဝင်သွားပြီး အတွင်းမှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်လာသည်။

ဤသည်မှာ ဝိညာဥ်စားပိုးကောင်၏ ဝိညာဉ်စွမ်းအား သလင်းကျောက် ဖြစ်သည်။

"မင်း တစ်သက်လုံး ပင်ပင်ပန်းပန်း စုဆောင်ထားတာတွေက နောက်ဆုံးတော့ ငါ့ကို အလစ်သုတ်လို့ရအောင် လုပ်သွားတာပဲ!"

ချင်းယန်သည် သလင်းကျောက်ကို ကြည့်ပြီး ဤသဘာဝ လက်ဆောင်အတွက် အလွန် ကျေးဇူးတင်​နေသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကြယ်စွမ်းအင်ကို ထုတ်​လွှတ်လိုက်ရာ နောက်အခိုက်အတန့်တွင် မီးပွိုင့်ပေါ်ရှိ ဝိညာဉ်သလင်းကျောက်သည် မိုးသားကန့်လန့်ကာကို ဖြတ်သွားကာ သူ့လက်ထဲတွင် အလျင်အမြန် ဆင်းသက်လာခဲ့သည်။

သေးငယ်ပြီး လုံးဝန်းသည့် ပုတီးစေ့​​လေးတစ်ခု ဖြစ်သည်။ ၎င်းသည် ပွင့်လင်းမြင်သာကာ စိုစွတ်နေသည်။ စိတ်ဝိညာဉ်၏ တုန်လှုပ်ချောက်ချားဖွယ် တီးတိုးသံကိုပင် ဖျတ်ခနဲ ကြားနိုင်သည်။

ချင်းယန် ၎င်းကို လက်နှစ်ချောင်းဖြင့် ချိန်ဆကာ သူ့စိတ်ထဲတွင် များပြားလှသော အသီးအနှံများကိုပါ ပျော်ရွှင်စွာ ချိန်ဆလိုက်သည်။

"အခု ဝိညာဥ်စားပိုးကောင်ကို ဖယ်ထုတ်လိုက်ပြီဆိုတော့ နောက်နေ့တွေမှာ ဒီလိုအဖြစ်ဆိုးမျိုး ထပ်မဖြစ်နိုင်တော့ဘူး"

ဒီလိုတွေးနေရင်း ချင်းယန်သည် လမ်းဆုံတွင်ရှိသော အခြေအနေကို အာရုံခံကာ စိတ်စွမ်းအင်ကို အတိုချုံး ထုတ်လွှတ်လိုက်သည်။

မိုးသည်းထန်စွာ ရွာချနေ၏။ ကြယ်သိုင်းရဲစခန်းက ရဲတပ်ဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြား ခဲယမ်းမီးကျောက်များ ကိုင်ဆောင်ကာ လမ်းတစ်လျှောက်တွင် ဖြန့်ကျက်ရင်း စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

သို့သော် ဒီအချက်ကိုတော့ သူတို့မသိခဲ့ကြပါ။

စက္ကန့်ပိုင်းလောက်သာ ကြာသွားသော စိတ်လှုပ်ရှားစရာကောင်းသည့် မိုးရေထဲ အမဲလိုက်မှုဟာ သူတို့ရဲ့ ဦးခေါင်းထက်မှာ တိုက်ရိုက် ဖြစ်သွားခဲ့၏။ တရားခံ ကြယ်သားရဲဟာ တခဏချင်း ပျက်သုဉ်းသွားခဲ့သည်။

ချင်းယန်သည် လမ်းဆုံတစ်ခုလုံးကို ဖုံးအုပ်ရန် သူ့စိတ်စွမ်းအင်ကို အသုံးပြုထားသည်။ တိတ်တဆိတ် ထွက်မသွားမီ ဝိညာဥ်စားပိုးကောင်၏ သဲလွန်စတစ်စမျှ မကျန်တော့ကြောင်း အတည်ပြုခဲ့​သေးသည်။

ကြယ်သိုင်းရဲစခန်းကတော့ ဤမတော်တဆမှုမှာ မိုးရွာသွန်းမှုကြောင့် လမ်းများ ချော်သွားခဲ့လို့ ဖြစ်ပွားရကြောင်း အသိပေး၍ အများပြည်သူ အထိတ်တလန့်ဖြစ်မှု လျော့နည်းသွားအောင် ထိန်းချုပ်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် အတင်းအဖျင်းစကားများကို ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။

မကြာမီ လအနည်းငယ်အတွင်း အွန်လိုင်းတွင် ကောလာဟလများသည် အမှန်နှင့် အမှားများ ပျံ့နှံ့သွားပြီး ကျန်းဟိုင်မြို့၏ အသွားအလာ ဒဏ္ဍာရီအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်ဦးမည်။

…………………………

စင်္ကြံတွင်တော့ ချင်းယန်သည် လတ်လတ်ဆတ်ဆတ် ဝယ်ထားသော ကြက်ကင်ကို ထမ်းကာ သော့ကိုထုတ်၍ ​တံခါးဖွင့်ကာ သူ့ကိုယ်သူ ဂုဏ်ပြုရန် ပြင်ဆင်​နေသည်။ တံခါးဖွင့်လိုက်တော့ သိုးသားဟင်းရဲ့ မွှေးရနံ့က လေထဲမှာ ပြည့်လျှံနေတာ တွေ့လိုက်ရ၏။

"သခင် နောက်ဆုံးတော့ ပြန်လာပြီပေါ့..."

ရှောင်ပိုင်က သိုးသားဟင်းကိုချပြီး သူ့ကိုနှုတ်ဆက်ဖို့ တံခါးဆီ ပြေးလာသည်။ သူမရဲ့ကြီးမားပြီး အမွေးအမြီးသုံးချောင်းက အနောက်မှာ တွန့်လိမ်နေသည်။

"အွန်း... အနံ့​လေးက မွှေးနေတာပဲ..."

ချင်းယန် လေကို ရှူရှိုက်ရင်း သူ့လက်ညိုးကို လှုပ်ယမ်းလိုက်သည်။ သူက လက်ဆန့်ကာ ရှောင်ပိုင်ရဲ့ လှပတဲ့ မျက်နှာလေးကို လှမ်းဆွဲလိုက်သည်။ သူမ အသားအရေသည် အလွန်နူးညံ့သိမ်မွေ့ပြီး ထိတွေ့ချင်စရာလေး ဖြစ်နေသည်။

ဒီအချက်အပြုတ်လေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကျွမ်းကျင်လာ၏။ စာကြည့်​တိုက်​ အလုပ်လုပ်​ရတာ ငြီး​ငွေ့လာတဲ့အခါ ​နေ့စဥ်​စား​သောက်​ဆိုင်​​လေး တစ်​ခုဖွင့်​ပြီး ဟင်းချက်​ခိုင်းရမည်။

သူမ ချက်ပြုတ်မယ်၊ မိမိက ပျော်မယ်။

"ဒီကြက်ကင်ကို ပန်ကန်းထဲ ထည့်လိုက်... ငါ ဒီည ဟင်းတစ်ပွဲ ထပ်တိုးမယ်..."

ကြက်ကင်ကို ရှောင်ပိုင်ထံသို့ ပေးပြီးနောက် အနှစ်ငါးဆယ်ကြာ ကျင့်ကြံမှုကို စုပ်ယူရန် အသင့်ဖြစ်နေပြီဖြစ်သော အနေအထားဖြင့် ဆိုဖာပေါ်တွင် ထိုင်​နေလိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ကျင့်ကြံရတာကို ပို၍ပို၍ စွဲလန်းလာကာ အတော်လေး ကျွမ်းကျင်လာခဲ့သည်။ ဆိုဖာပေါ်ထိုင်ရင်း အတွေးတွေ တဖျပ်ဖျပ်ခတ်ကာ အနှစ်ငါးဆယ်ကြာ ကျင့်ကြံမှု ပေါင်းစည်းပြီး သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဆင်းသွား​စေလိုက်သည်။

ချင်းယန်၏ နှလုံးသားသည် ရေကဲ့သို့ ငြိမ်နေသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါသည် မိုးခြိမ်းသံကဲ့သို့ တဟုန်းဟုန်းတောက်ကာ အခန်းတစ်ခုလုံးကို လွှမ်းခြုံနေသော ပြင်းထန်သည့် စွမ်းအင်များအဖြစ် ထွက်ပေါ်လာသည်။

မီးဖိုချောင်ထဲမှ ရှောင်ပိုင်သည် ကြက်တစ်ကောင်ကို မီးဖိုချောင်သုံးဓားဖြင့် အမဲလိုက်နေစဉ် လေထဲတွင် လှုပ်ရှားနေသည့် စွမ်းအင်များကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူမက ချင်းယန် ရှိရာကို အလိုလို စိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ တဖြည်းဖြည်း ပေါ်လာတဲ့ မေးခွန်း အမှတ်အသား ပေါ်လာ၏။

"?"

ဒီကောင် ထပ်ပြီး သန်မာလာပြီလား?

ရက်နည်းနည်းပဲ ရှိသေးတာကို သူက နောက်ထပ် အောင်မြင်မှုတွေ ရနေပြီလား။

သူမနားရွက်များ ကွေးကျလာပြီး မျက်နှာသည်လည်း သေမင်းကဲ့သို့ ဖြူဖျော့လာသည်။

"ပြီးပြီ...ပြီးသွားပြီ ဒီအမတနတ်သမီးတော့ ဒီတစ်သက်လုံး လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး....."

ခဏအကြာတွင် ချင်းယန် ကျင့်ကြံမှုကို စုပ်ယူမှု ပြီးသွားတာ​ကြောင့် လေထဲက ရောင်ဝါတွေ လျော့ကျသွားပြီး ဝိညာဥ်စားပိုးကောင်၏ စိတ်စွမ်းအားကို စတင် လေ့ကျင့်ခဲ့သည်။

ဤကျင့်စဥ်ကို ကျွမ်းကျင်သူများသည် သက်ရှိအားလုံး၏ ဝိညာဉ်များကို အစာလို အလိုအလျောက် ဝါးမျိုနိုင်သည်။ ၎င်းတို့ကို စားသုံးမိပြီးလျှင် ၎င်းတို့ မှတ်ဉာဏ်တွေကို လွတ်လပ်စွာ ရှာဖွေနိုင်မည်ဖြစ်သည်။

စိတ်စွမ်းအားနှင့် သက်ဆိုင်သည့် မှော်စွမ်းအင်တစ်ခုအနေဖြင့် စိတ်ဝိညာဥ်ဝါးမျိုစွမ်းအင်သည် ဆိုးရွားသော တုံ့ပြန်မှုကို မကြောက်ဘဲ စိတ်၏စွမ်းအားပုံစံ အားလုံးကို စားသုံးနိုင်သည်၊ အဆင့်မြင့်လာပါက အမှန်တကယ် စိတ်ဝိညာဉ်ကို ဝါးမျိုသွားစေနိုင်သည်။

"ဝိညာဉ်သလင်းကျောက်ကို စုပ်ယူရဦးမယ်..."

ချင်းယန်သည် မျက်လုံးများကို မှိတ်ထားပြီး သလင်းကျောက်၏ မျက်နှာပြင်ကို စိတ်စွမ်းအားဖြင့် ဖုံးအုပ်ထားလိုက်သည်။

သလင်းကျောက်ထဲက စိတ်ဝိညာဉ်များကို အဆက်မပြတ် ဆွဲထုတ်ကာ ၎င်းတို့အား သူ၏အသိစိတ်ပင်လယ်ထဲသို့ ပေါင်းစည်းလိုက်သည်။ သူ၏မူလ အသိစိတ်သည် ဝိညာဥ်ပင်လယ်ဆီသို့ စီးဆင်းနေသော တောင်ကျချောင်းကဲ့သို့ သိသိသာသာ ကျယ်ပြန့်လာသည်။

"သခင့်မှာ ဘာပစ္စည်းကောင်း​တွေ ရှိ​နေတာလဲ"

ထိုအချိန်တွင် ရှောင်ပိုင် သူမလက်ထဲက ပန်းကန်ကိုချကာ နှာခေါင်းကို ရှုံ့ရင်း ချင်းယန်အနားသို့ ကပ်လာသည်။

"ဘာလို့ ဝိညာဉ်စွမ်းအားလို အနံ့ရနေတာလဲ.. သခင် မသွားခင်တုန်းက အဲဒီအနံ့မရှိတာကို ငါ မှတ်မိပါတယ်..."

"မင်းဒါကို ပြောတာလား"

ချင်းယန် ခဏမျှ ထိတ်လန့်သွားပြီး သူ့လက်ဖဝါးကို လှန်ကာ ဝိညာဉ်သလင်းကျောက်ကို ဆင့်ခေါ်လိုက်သည်။ သလင်းကျောက် ပေါ်လာသည်နှင့်အမျှ အစိမ်းရောင် ဝိညာဉ်စွမ်းအားများ ထွက်လာပြီး ဟာရီကိန်းကဲ့သို့ အခန်းထဲသို့ ပျံ့နှံ့သွားသည်။

ဒါကိုမြင်တဲ့အခါ ရှောင်ပိုင် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူမက ချင်းယန်ကို ထိတ်လန့်စွာ လက်ညှိုးထိုးပြီး။

"ဒါ... ဒီဟာ... သခင် ဒီဟာကို ဘယ်ကရခဲ့တာလဲ?"

သလင်းကျောက်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားသည် မယုံနိုင်လောက်အောင် ကြွယ်ဝပြီး သူမ၏ နားလည်မှုကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သည်။ သူမဘဝ တစ်လျှောက်လုံးမှာတောင် ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအင်ပမာဏကို တစ်ခါမှ မကြုံဖူးပါ။

"ဘယ်ကရလိုက်တာလဲ?"

"ငါ လမ်းပေါ်က ကောက်လာတာ"

"..."

ရှောင်ပိုင် စကားမပြောနိုင်သော်လည်း သလင်းကျောက်အတွင်း၌ ဝိညာဉ်စွမ်းအားများ ပေါက်ဖွားလာသည်ကို ခံစားလိုက်ရသဖြင့် သူမ မယုံနိုင်လောက်အောင် လောဘကြီးသွားသည်။ အကယ်၍ သူမသာ ဤဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်မည် ဆိုလျှင် မွေးရာပါ နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဂိုဏ်းဆရာနယ်ပယ်၏ တံခါးခုံကို ထိသွားနိုင်သည်။

ဒီလိုတွေးရင်း ချင်းယန်ကို မော့ကြည့်လိုက်ပြီး သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်ကို သူ့နံဘေးကို မှီချလိုက်သည်။

"သခင် ဒါလေးကို ပေးလို့ရမလား... ကျွန်မလည်း လိုချင်တယ်..."

သူမစကားကို ကပ်ချွဲပြောပေမယ့် ချင်းယန် မတုန်မလှုပ်နဲ့ သူမကို မျက်စောင်းထိုးလိုက်ပါ၏။

ငါ့မှာ ဒီပစ္စည်းကောင်းတွေတောင် မလုံလောက်ဘူး...

တခြားတစ်ယောက်ယောက်ကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။

"ရှောင်ပိုင် မင်း အိပ်မက်မက်နေတာလား!"

ထိုနည်းဖြင့် ချင်းယန်သည် သူ၏ စုပ်ယူမှုစွမ်းအားကို တိုးမြင့်လာပြီး ရှောင်ပိုင်၏ ရှေ့တွင်ပင် သူ၏ နောက်ဆုံးဝိညာဉ်စွမ်းအားကို တစ်ကျိုက်တည်း ဝါးမြိုပစ်ခဲ့သည်။

ဝုန်း!

သိမ်းဆည်းထားသော စိတ်ဝိညာဉ်ကို ဆုံးရှုံးပြီးနောက် သလင်းကျောက်သည် ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲ၌ လွင့်စင်သွားလေသည်။

"နင်!"

ရှောင်ပိုင်၏မျက်လုံးများသည် ချက်ချင်း နီရဲလာပြီး သူမသည် နားမလည်နိုင်စွာ မှားသွားသလို ခံစားလိုက်ရကာ မျက်လုံးများထဲမှာလည်း မျက်ရည်များ အိုင်လာသည်။

သူမက လူသားမဟုတ်သော်လည်း ချင်းယန်ကတော့ ခွေးအစစ်ဖြစ်သည်။

"ကြည့်... မင်းစိတ်မရှည်တော့ဘူးမလား မင်း ငါ့အပေါ် ပုံရိပ်ယောင်တွေကို တစ်ကြိမ်လောက် သုံးခွင့်ပြုလိုက်မယ်"

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ... နင် ပြောတာနော်!"

ရှောင်ပိုင်၏ မျက်လုံးများသည် ဒေါသနှင့် အရှက်များကြောင့် နီမြန်းနေ၏။ သူ့သွားတွေကို အံကြိတ်ပြီး ချင်းယန် ထင်ယောင်ထင်မှားဖြစ်အောင် စွမ်းအင်တွေ ထုတ်ပစ်လိုက်သည်။

နောက်အခိုက်အတန့်တွင် နတ်ဆိုးများသည် ရိုင်းစိုင်းစွာ ကခုန်ကြပြီး အေးစက်သော လေသံများ အော်ဟစ်လာကြသည်။ တစ္ဆေများနှင့် မှင်စာများသည်လည်း ညဥ့်တစ္ဆေများ ချီတက်ပွဲကဲ့သို့ အခန်းတွင်း လှည့်လည်သွားလာကြသည်။

သို့သော် ချင်းယန်သည် ဤလှည့်စားခြင်းအပေါ် မတုန်လှုပ်သွားဘဲ ရိုးရှင်းစွာ ပြုံးလိုက်သည်။ သူ၏ စုစည်းထားသော ဉာဏ်စွမ်းအားကို အသုံးပြု၍ ကြည့်လိုက်ရာ တခဏအတွင်းမှာပဲ ပုံရိပ်ယောင် အားလုံး ပျောက်ကွယ်သွားလေ၏။

သူသည် မြေခွေးမျိုးနွယ်၏ အစွမ်းထက်ဆုံး လှည့်ဖြားမှုကို တစ်ချက်တည်းဖြင့် ဖောက်မြင်သွားပြီ။

All Chapters