← Chapters

စိန်ခေါ်စာ

Vol. 5 Ch. 62

စိန်ခေါ်စာ

Vol. 5 Ch. 62

ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ အထူးလေ့ကျင့်​ရေး အခန်းအတွင်း၌။

မီးချောင်းများက ပျော့ပျောင်းစွာ တောက်ပနေသည်။ အခန်းကျယ်ထဲက အလင်းရောင်အောက်တွင် လီကျစ်ရွှမ်းသည် ကြမ်းပြင်ပေါ်တွင် လမင်းကဲ့သို့တောက်ပနေသော သူမအဖြူရောင်ဝတ်ရုံ​ဖြင့် ထိုင်ချလိုက်သည်။

သူမသည် ကြယ်ပုံစံများဖြင့် ရေးထွင်းထားသော ကျောက်တုံးတစ်တုံးကို ချထားသည်။ ကျောက်တုံးဆီမှ ကြယ်စွမ်းအားများ ဖျတ်ခနဲ ထွက်ပေါ်လာသည်။

"ဟူး~"

လီကျစ်ရွှမ်း ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီး ဓားစွမ်းအင်များ တဟုန်ထိုး ထွက်နေသော ရောင်ဝါဖြင့် သူမခန္ဓာကိုယ်ကို ဖုံးအုပ်ထားလိုက်သည်။

အခန်းတွင်းရှိ လေထုမှာ တုန်ခါနေလျက် ရှိသည်။ ထက်ရှသော ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားသံနှင့် ဆင်တူသည့် ပဲ့တင်ထပ်သော အသံကို လေထဲ၌ ထုတ်လွှတ်ထားသည်။

"ဒါက ကောင်းကင်တံခါးကို ဖွင့်ပေးမယ့် ဓားရဲ့ နောက်ဆုံး နားလည်မှုပဲ"

ဤအတွေးဖြင့် သူမစိတ်တွေ ငြိမ်သက်သွားခဲ့သည်။ သူမ၏ မှတ်ဉာဏ်အတိုင်း လိုက်လျှောက်ရင်း ဓားစွမ်းအင်ကို ပေါက်ကွဲထွက်လာအောင် ဂရုတစိုက် လေ့ကျင့်နေခဲ့သည်။

ရွှင်း!

တစ်စုံတစ်ယောက်သည် ဓားသံစဥ်ကို တီးနေသလိုမျိုး အခန်းအတွင်းရှိ ဓားသွားသံက ပိုမိုရှင်းလင်းလာသည်။

ဒါပေမယ့် လက်တွေ့မှာတော့ လီကျစ်ရွှမ်းဟာ ခန်းမထဲသို့ ဓားတစ်ချောင်း ယူလာခြင်း မရှိပေ။ ယင်းအစား သူမသည် နားလည်မှုကိုသာ အတုယူရန် ရွေးချယ်ခဲ့ပြီး ကောင်းကင်တံခါးများကို ဓားတစ်ချက်ဖြင့် ဖွင့်ခြင်း၏ လေးနက်သော အဓိပ္ပာယ်ကို ​လေ့လာ​နေခဲ့သည်။

သမုဒ္ဒရာနှင့် ကောင်းကင်ကြီးလို ကြီးမားသော စိတ်နဲ့ဆို အရာရာသည် ဓားသွားဖြစ်လာနိုင်သည်။ ဤအဖိုးတန်သော ဉာဏ်အလင်းထဲ​၌ အချိန်ဟူသော သဘောတရားက မှေးမှိန်သွား၏။ အချိန်တွေဘယ်လောက် ကုန်သွားမှန်း​တောင် သူမ မသိတော့ချေ။

လီကျစ်ရွှမ်း မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ သူမရှေ့မှ ကျောက်တုံးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို ကွေးကာ လက်နှစ်ချောင်းကို ပင့်မြှောက်လိုက်သည်။

တခဏအတွင်း အခန်းတွင်းရှိ ပြင်းထန်သောဓားစွမ်းအင်များ ကျဆင်းသွားပြီးနောက် အချက်တစ်ချက်ကို အာရုံစိုက်ကာ သူမလက်ချောင်းထိပ်များပေါ်တွင် အားလုံးကို စုစည်းလိုက်သည်။ ဓားသွား၏ ချွန်ထက်သော အစွန်းများကို အပြည့်အဝ ထိန်းထားကာ ပစ်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"သတ်!"

လီကျစ်ရွှမ်းသည် သူမရှေ့ရှိ ကျောက်ရုပ်ရဲ့ နဖူးကို တိုက်ရိုက် ညွှန်ပြရင်း တိုးတိုးလေး ပြောလိုက်သည်။

လေထုက ချက်ချင်း ပွက်ပွက်ဆူလာပြီး သူမလက်ချောင်းထိပ်တွင် စူးစိုက်နေသော ဓားစွမ်းအင်များသည် နေကို ထိုးဖောက်နေသော သက်တံ့ကဲ့သို့ လွှတ်ထုတ်ကာ ကျောက်ရုပ်၏ အလယ်တန်းကို အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ဖောက်ဝင်သွား၏။

ဒီဓားတစ်ချက်က ကောင်းကင်ဘုံတံခါးကိုပင် ထိလောက်သည်။

ရွှင်း!

ဓားစွမ်းအင်များ ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ ကျောက်ရုပ်၏ မျက်နှာပြင်ပေါ်တွင် မျဉ်းပါးပါးလေး ပေါ်လာပြီး ၎င်းကို ချက်ချင်း နှစ်ပိုင်း ခွဲပစ်လိုက်သည်။ နှစ်ခြမ်းစလုံး ကြမ်းပြင်ပေါ် ဗုန်းကနဲ ပြိုကျသွားသည်။

"ဟုတ်ပြီ!"

ဒါကိုမြင်တော့ လီကျစ်ရွှမ်းလည်း စိတ်လှုပ်ရှားလာပြီး ကွဲအက်နေတဲ့ ကျောက်တုံးရုပ်တုဆီ ချဉ်းကပ်လာကာ စစ်ဆေးကြည့်လိုက်သည်။ အနှီ ဖြတ်တောက်မှုသည် ချောမွေ့နေသော ကြေးမုံမျက်နှာပြင်နှင့် တူပြီး ကျိုးပဲ့တောင်ထိပ်ရှိ ဖြတ်တောက်မှုနှင့် တစ်ပုံစံတည်းပင်။

"ကောင်းလိုက်တာ..."

လီကျစ်ရွှမ်းသည် သူမ၏ လက်ချောင်းများဖြင့် ဖြတ်ထားသော ဖြတ်တောက်မှုကို ညင်သာစွာ ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၏။

နောက်ဆုံးတော့ 'ဓားတစ်ချောင်းနဲ့ ကောင်းကင်တံခါးဖွင့်' ဓားချက်ကို အဓိကအောင်မြင်မှု အဆင့်အထိ ရောက်ရှိသွားပါပြီ။

"ကျိုးပဲ့တောင်ထိပ်က ဓားနဲ့ ခြေတစ်လှမ်း ပိုနီးလာပြီ..."

လီကျစ်ရွှမ်း သူမရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး ဖုန်းပြန်ယူဖို့ လော့ကာဆီကို အမြန်လျှောက်သွားလိုက်သည်။ ထို့နောက် ကျောက်တုံးရုပ်ပုံအား ဓာတ်ပုံရိုက်ရန် ပြန်လာခဲ့သည်။ ယခုလို သမိုင်းဝင်အခိုက်အတန့်ကို ဖမ်းဆုပ်ထားရမည်လေ။

ဓာတ်ပုံအနည်းငယ် ရိုက်ယူပြီးနောက် ဓာတ်ပုံအယ်လ်ဘမ်မှ ကျေနပ်စွာဖြင့် ထွက်ကာ မြက်ခင်းပြင်ဓားသူတော်စင်နှင့် သူ့တပည့်အကြောင်း သတင်းတစ်ပုဒ်ကို ဖတ်ရန် စာမျက်နှာကို ဖွင့်လိုက်သည်။

"သူတို့ရောက်လာပြီ... စိန်ခေါ်မှုက ရက်အနည်းငယ်အတွင်း စနိုင်တယ်"

သူမသည် ဟူးယန်ကျန့်၏ ကျက်သရေရှိသော ရုပ်ရည်ကို စူးစိုက်ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်များက တဟုန်ထိုး တောက်လောင်နေသည့် မီးတောက်ကဲ့သို့ ထွက်ပေါ်လာသည်။

ဒီတိုက်ပွဲက အလွန်အရေးကြီးပါသည်။

ကျန်းဟိုင်မြို့၏ ဂုဏ်သတင်းကိုသာမက တန်ခိုးကြီးသော ဓားဆရာနှစ်ဦး၏ တပည့်များကြားက တိုက်ပွဲလည်း ဖြစ်သည်။

"ဆရာ့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး!"

…….

…….

နှစ်ရက်အကြာ၊ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ အ၀င်ဝတွင်။

လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေပြီး ဘေးမှ ပွဲကြည့်သူများကလည်း ဆူညံနေသည်။ တရားဝင်မီဒီယာ သတင်းထောက်များက လူစုလူဝေးရှေ့တွင် ရပ်ကာ ဤသမိုင်းဝင်အခိုက်အတန့်ကို ဖမ်းယူရန် ကင်မရာများ တပ်ဆင်ထားသည်။

အလယ်ခေတ် ဝတ်စုံကို ၀တ်ဆင်ထားသော လူအိုလီသည် တံခါးဝတွင် လီကျစ်ရွှမ်းနှင့်အတူ ပုခုံးချင်းယှဉ်ရပ်နေ၏။ မြက်ခင်းပြင်ဓားသူတော်စင် ရောက်လာတာကို ကြိုဆိုဖို့ ပြင်ဆင်နေခြင်းပင်။ ခဏအကြာတွင် လမ်းအဆုံးတွင် အနက်ရောင် လင်ကွန်းကားတစ်စီးသည် အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး ကိုယ်ခံပညာသင်တန်းကျောင်းရှေ့တွင် ရပ်တန့်သွားပါသည်။

ဒရိုင်ဘာက ဦးစွာ ထွက်သွားပြီး ယွီဝမ်ရွှမ်အတွက် လေးစားစွာ တံခါးဖွင့်လိုက်သည်။ ယွီဝမ်ရွှမ်က လက်နှစ်ဖက် နောက်ပစ်လျက် ဖြည်းညှင်းစွာ လှမ်းထွက်လာပြီး သူ့သိုးစုကို စစ်ဆေးနေတဲ့ ကုန်းမြင့်သိုးထိန်းတစ်ယောက်လို လူအုပ်ကြီးအပေါ်ကို သူ့အကြည့်တွေက လူအုပ်ထဲ ပျံ့လွင့်နေသည်။

"စီနီယာရဲ့ နာမည်ကို ကျုပ်ဖြင့် သဘောကျနေတာ ကြာပါပြီ ဒီနေ့ လူကိုယ်တိုင် တွေ့ရတာ အရမ်း ဝမ်းသာပါတယ်"

လူအိုလီက အတိုင်းအတာတစ်ခုအထိ ရိုးရှင်းစွာ နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ပါဗျာ"

ယွီဝမ်ရွှမ် သူ့စကားကို နှိမ့်ချစွာဆိုကာ ခေါင်းညိတ်လိုက်သည်။ သူက လူအိုလီကို တစ်ချက်ကြည့်ရင်း ရုတ်တရက် စာရွက်တစ်ရွက် ပစ်လွှတ်လိုက်၏။

ရွှတ်!

စူးရှသော အသံတစ်သံသည် ဓားမြှောင်တစ်ချောင်းအလား လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ဧည့်သည်မှာ မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း ထင်ရှားပေ၏။

လူအိုလီလည်း ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်လိုက်ပြီး လျင်မြန်သော မျက်လုံးများနှင့် လက်များဖြင့် ဝင်လာသော စာကို ကြားဖြတ်ရန် သူ၏ ကြယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

အနည်းငယ် ကြိုးစားပြီးနောက်တွင် လူအုပ်ကြီးက ငြိမ်သက်သွားသည်။ ပင်လယ်အောက်ရှိ ရေလှိုင်းတစ်ခုလို တဟုန်းဟုန်း တောက်လောင်ကာ ပေါက်ကွဲသွားလေသည်။

"တကယ်တော့ ခင်ဗျားက မွေးရာပါ နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေပေမယ့် ဂိုဏ်းဆရာ နယ်ပယ်နဲ့ မဝေး​တော့ပါဘူး..."

ယွီဝမ်ရွှမ် အေးအေးလူလူ ပြောပြီး လူအိုလီဘေးက လီကျစ်ရွှမ်းကို ကြည့်လိုက်သည်။

"ဒါက စိန်ခေါ်လိုက်တဲ့စာပါ... သုံးရက်အတွင်း ငါ့တပည့်က ကျန်းဟိုင်ကိုယ်ခံပညာ အကယ်ဒမီကို ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်လိမ့်မယ် ပြင်ဆင်ထားလိုက်ပါ..."

အေးစက်စက် စကားလုံးများက ခံစားချက်ကင်းမဲ့နေပုံရပြီး သာမာန်အမိန့်တစ်ခု အသွင်ဆောင်နေသည်။

"ခင်ဗျားရဲ့ တည်ရှိမှုကို ကြိုဆိုဖို့ ကျုပ်တို့ အမြဲရှိနေမှာပါ"

အကြီးအကဲလီကလည်း တည်ငြိမ်စွာ ပြန်ပြောသည်။ သူ့အမူအရာမှာ နှိမ့်ချမှု မရှိတော့ပေ။ ဤလောကသည် ပင်ကိုယ်အားဖြင့် ခွန်အားကိုသာ တန်ဖိုးထားသည်။

ယွီဝမ်ရွှမ်လိုမျိုး ဂိုဏ်းဆရာနယ်ပယ်၏ အထွတ်အထိပ်မှ သခင်များသည် အမြဲတမ်း ကျင့်ကြံရတာကိုသာ နှစ်အတော်ကြာ စွဲလမ်းနေကြပြီး ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးများနှင့် ဂရုမစိုက်သော စိတ်သဘောထားကို ပိုင်ဆိုင်ထားကြသည်။

"အရမ်းကောင်းတယ်"

ယွီဝမ်ရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကြယ်စွမ်းအားကို ရုတ်တရက် အာရုံစူးစိုက်ပြီး လူအိုလီထံ စိန်ခေါ်စာတစ်စောင် ထပ်ပေးပို့လိုက်သည်။

"ဒါကဘာလဲ?"

လူအိုလီလည်း စာကိုယူရင်း သူ့မျက်နှာမှာ ရှုပ်ယှက်ခတ်နေတဲ့ အကြည့်နဲ့ ပြန်ကြည့်နေသည်။ ယခင်စိန်ခေါ်စာမှာ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီသို့ ဖြစ်သည်။

ဒါပေမယ့် ဒီဒုတိယစာရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဧကန္တ မိမိအတွက်လား။

လူအိုလီရဲ့ မျက်နှာပေါ်က ရှုပ်ထွေးမှုများကို မြင်လိုက်ရတော့ ယွီဝမ်ရွှမ်သည် သူ့အတွေးများကို ချက်ချင်းနားလည်သွားပြီး တိုက်ရိုက် ရှင်းပြလာသည်။

"ဒါက ကျန်းဟိုင် ဓားနတ်ဘုရားဆီ စိန်ခေါ်တဲ့စာပါ... အခု ဆယ်ရက်လောက် နေဦးမှာဆိုတော့ သူ့ကို ဓားတောင်ကြားမှာ စိန်ခေါ်ပြီး သူ့ရဲ့ဓားပညာကို သင်ယူချင်ပါတယ်"

သူပြောပြီးတာနဲ့ သူ့ပတ်ဝန်းကျင်က လူအုပ်ကြီးဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"သောက်ကျိုးနည်း! သူ ဓားနတ်ဘုရားကို တကယ် စိန်ခေါ်ချင်နေတာလား"

"ကြည့်! ငါပြောပြီသားပဲ.. သူက အဲဒါတွေ အကုန်ယူဖို့ ကြိုးစားနေတာပါလို့... အဘိုးကြီးရော လူငယ်ရော စိတ်ပါကိုယ်ပါ ယုတ်မာ​ကြတယ်"

"သူအနိုင်ရရင် ငါတို့ကျန်းဟိုင်​မြို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ကယ်တင်နိုင်​တော့မှာလဲ.."

ဒီလိုကြားရတော့ အကြီးအကဲ လူအိုလီလည်း အားကိုးရာမဲ့ပုံ ပေါက်သွားသည်။ သူက ယွီဝမ်ရွှမ်ကို ဦးညွှတ်ပြီး

"ဓားသူတော်စင်.. ကျုပ် မကူညီတာ မဟုတ်ဘူး.. ကျုပ်တို့ ဓားသူတော်စင်ကို မဆက်သွယ်နိုင်ဘူး ဒါက ကျုပ်တို့ရဲ့ စွမ်းပကားထက် ကျော်လွန်နေတာပါ..."

"ပြဿနာမရှိပါဘူး!"

ယွီဝမ်ရွှမ်က သူ့လက်ကို သတိမမူမိသလို ဝှေ့ယမ်းလိုက်သည်။

"ဒီစိန်ခေါ်မှုကို လူသိရှင်ကြားသာ လုပ်လိုက်ပါ... သူလာမယ်ဆိုတာ သေချာတယ်။"

"ဒါ..."

အဘိုးကြီး လီက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

"ဒါဆိုရင် ကျုပ်တို့ ခင်ဗျားရဲ့အမိန့်ကို လေးစားလိုက်နာပါ့မယ်... ဓားနတ်ဘုရား လာချင်လား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"

"သူလာမှာ သေချာတယ်"

ယွီဝမ်ရွှမ်က အေးစက်စွာ ထပ်ပြောပြီးနောက် သူ့လင်ကွန်း ဇိမ်ခံကားဆီ ပြန်လှည့်မကြည့်ဘဲ ပြန်သွားခဲ့သည်။ သူ ထွက်သွားပြီး ဒီကိစ္စကို ဆွေးနွေးဖို့ လူအုပ်ကြီးကိုသာ ချန်ထားခဲ့လိုက်တယ်။

"ဟူး..."

လူအုပ်ထဲတွင်​တော့ ရှဟဲသည် မောင်းထွက်သွားသည့် ကားနောက်ကိုကြည့်ကာ ခေါင်းယမ်းရင်း သက်ပြင်းကိုချလိုက်သည်။

"ဒီမြက်ခင်းပြင် ဓားသူတော်စင်က လုံးဝ အရူးတစ်ယောက်လို လုပ်နေတာပဲ... ဒါပေမယ့် သူ့မှာ အဲဒီလို လုပ်နိုင်စွမ်းလည်း ရှိတယ်လေ.."

သူက ချင်းယန်ကို လှမ်းဆွဲလိုက်ပြီး အဖော်စပ်လေ၏။

"ဟုတ်တယ်မလား လောင်ချင်း!"

စနစ်သတိပေးသံကို အခုထိ မကြားရသောကြောင့် ချင်းယန်ကတော့ မျက်နှာပျက်နေပါပြီ။

All Chapters