စိန်ခေါ်မှု စတင်ပါပြီ
Vol. 5 Ch. 64
နောက်တစ်နေ့၌ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ သတင်းသည် အွန်လိုင်းပေါ် ဝက်ဝက်ကွဲ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် အချိန်ကြာမြင့်စွာ ခေတ်စားနေသော ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လာခဲ့ပြီး စကားဝိုင်း ပြောဆိုမှုများ၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။
"ဒီတစ်ကြိမ် စိန်ခေါ်ပွဲမှာ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီက ဘယ်သူကို စေလွှတ်မယ်လို့ မင်းထင်လဲ..."
"နံပါတ်တစ် အရည်အချင်းရှိတဲ့ လီကျစ်ရွှမ်း အပြင် ဘယ်သူက တကယ် ရပ်တည်နိုင်မှာလဲ"
"ဒီမြက်ခင်းပြင်ဓားသူတော်စင်ကလည်း သူ့ရာထူးနဲ့ ထိုက်တန်တယ်... သူက ငါတို့ရဲ့ ကျန်းဟိုင် ဓားနတ်ဘုရားကိုတောင် လူမြင်ကွင်းမှာ စိန်ခေါ်ရဲတဲ့အထိ တကယ် မာနကြီးတာနော်"
"ဓားနတ်ဘုရားက စိန်ခေါ်မှုကို လက်ခံမယ်လို့ မင်းတို့ထင်လား"
ကောလဟာလများက အွန်လိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ နိုင်ငံတစ်ဝှမ်းမှ လူများသည်လည်း ကျန်းဟိုင်မြို့က ဤအံ့မခန်းတိုက်ပွဲကို ကြည့်ရှုဖို့ ရောက်လာကြသည်။
ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီ၏ ပြိုင်ပွဲကွင်း လက်မှတ်များဟာဆိုလျှင် အွန်လိုင်းတွင် မြင့်မားသော စျေးနှုန်းများဖြင့် ရောင်းချခံခဲ့ရပြီး လက်တွေ့တွင် ထိုနေရာသို့ မရောက်နိုင်သူများလည်း ရှိနေပါ၏။
………
ဒါပေမယ့် အပြင်လောကက ဘယ်လောက်ပဲ ဆူညံနေပါစေ လီကျစ်ရွှမ်းနဲ့ ဘာမှ မဆိုင်ပါ။ လူအိုလီ၏ တမင်သက်သက် စီစဉ်မှုအောက်တွင် သူမအား ပြင်ပအနှောက်အယှက် အားလုံးမှ ခွဲထုတ်ကာ ပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းတွင် အာရုံစိုက်နိုင်စေခဲ့သည်။
ညနေပိုင်းတွင်တော့ လီကျစ်ရွှမ်းသည် ချင်းယန်၏ သွန်သင်ချက်များကို ငြိမ်သက်စွာ နားထောင်ပြီး ဓားပညာရပ်အမျိုးမျိုး၏ စစ်မှန်သော အဓိပ္ပာယ်များနှင့် နည်းစနစ်များကို စုပ်ယူကာ ဓားတောင်ကြားသို့ သွားရောက်ရန် အချိန်ယူခဲ့သည်။ "ဓားတစ်ချောင်းနဲ့ ကောင်းကင်တံခါးကိုဖွင့်" ဓားသိုင်းအပေါ် သူမနားလည်မှုက အဆင့်အသစ်သို့ ရောက်ရှိသွားခဲ့ပါပြီ။
………
ဓားတောက်ကြား၌
လရောင်က တောက်ပနေပြီး ကြယ်များက ခပ်ကျဲကျဲဖြင့်။ လေနုအေးကလည်း တိုက်ခတ်နေသည်။
လီကျစ်ရွှမ်းသည် ကျောက်ပြားပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကိုမှိတ်လျက် အသက်ရှူသံတွေ မြန်လာသည်။
ယခုအချိန်တွင် သူမသည် ဉာဏ်အလင်း ပိုမိုနက်ရှိုင်းသော အခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်ကို ညင်သာစွာ လွှတ်ထုတ်လိုက်ရာ ဓားရောင်ဝါများသည် သဘာဝဖြစ်စဉ်တစ်ခုကဲ့သို့ သူမ၏ အတွေးများနှင့် ပေါင်းစပ် ညီညွတ်နေသည်။
ဓားစွမ်းအင်သည် သူမ၏ သွေးကြောများ တစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းကာ အံ့အားသင့်ဖွယ် အရှိန်ဖြင့် တိုးဝင်လာသည်။
"ဒါက နည်းနည်း နှေးနေသေးတယ်"
ဒါကိုကြည့်ရင်း ချင်းယန် ခေါင်းကို ခါယမ်းလိုက်သည်။ ဧကရီအဖြစ် လီကျစ်ရွှမ်းရဲ့ အရည်အချင်းက သူရဲကောင်း အားလုံးထက် သာလွန်ခဲ့သည်မှာ ငြင်းလို့မရပေ။
ဒါပေမယ့် ပြဿနာက မနက်ဖြန်မှာ ပြိုင်ပွဲရှိလေသည်။ လက်ရှိ နှုန်းထားအရဆို နောက်ကျနေမှာ သေချာ၏။
"တပည့်လေး.. မင်းကို အရှိန်မြှင့်အသင်းဝင်ဖို့ နည်းလမ်းရှာရမယ် ထင်တယ်"
ဒီလိုတွေးနေရင်း ချင်းယန် သူ့မျက်လုံးများကို မှိတ်ထားပြီး ဓားတောင်ကြား အတွင်းရှိ ဓားစွမ်းအင်များ ဖြန့်ကျက်မှုကို ခံစားနိုင်ရန် သူ့ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သူ အဲဒီနေ့ ဓားတောင်ကြားက ထွက်သွားပြီးကတည်းက ထိန်းထိန်းသိမ်းသိမ်းမှ လွတ်မြောက်လာသော ဓားစွမ်းအင်သည် ချိုင့်ဝှမ်းတစ်လျှောက် ပြန့်ကျဲစပြုလာကာ စုဆောင်းရခက်လာခဲ့သည်။
ဤအတွေးဖြင့် ချင်းယန်၌ ရုတ်တရက် ရဲရင့်သော အကြံအစည်တစ်ခု ပေါ်လာခဲ့သည်။ ကျင့်ကြံမှုလမ်းကြောင်းသည် မှန်ကန်သောအချိန်၊ နေရာနှင့် လူ လိုအပ်ကြောင်း သိထားရမည်။
လီကျစ်ရွှမ်းဟာ သဘာဝအတိုင်း ပါရမီရှင် ဖြစ်သောကြောင့် "လူ" ရှုထောင့်မှာ ပြဿနာမရှိပါ။ ပြီးတော့ ဒီဓားတောင်ကြား သူ့ရဲ့ ထက်မြက်တဲ့ ဓားစွမ်းအင်နဲ့ ဖန်တီးထားသဖြင့် တိကျသော အဖိုးတန် "နေရာ" ဖြစ်သည်။ ယခု သူမ ချို့တဲ့သမျှက "အချိန်" ဖြစ်သည်။
"ဒါဆို... ဒီဓားစွမ်းအင်အားလုံးကို ငါ့တပည့်နားမှာ စုဆောင်းထားရင် ငါ သူ့ကို အရှိန်မြှင့်ပေးနိုင်မလား မသိဘူး.."
ဒါကိုတွေးရင်း ချင်းယန် ရုတ်တရက် စိတ်ချသွားသည်။ သူသည် စွမ်းအင်ကို ကိုယ်တိုင်စုဆောင်းပါက သဘာဝသဟဇာတအဖြစ် မရေတွက်နိုင်ပါ။ ဒါက အရမ်းများပြားတဲ့ နဂါးငွေ့တန်းလို ချီတွေပင်။
"ဆရာ?"
ချင်းယန်၏ ခြေသံများ နောက်ပြန်ဆုတ်သွားသည်ကို ကြားလိုက်ရပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ဆရာက ဓားတောင်ကြား အဝင်ဝတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ တိုးတိုးလေး မေးလိုက်သည်။
"ဆရာ သွားတော့မှာလား?"
"အဆင်ပြေပါတယ် တပည့်လေး... မျက်စိမှိတ်ပြီး ဉာဏ်အလင်းကို စောင့်မျှော်နေ... ဆရာ ကူညီပေးဖို့ လာပါပြီ"
ချင်းယန် သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ဓားချိုင့်မှ ဓားစွမ်းအင်ကို ဆွဲထုတ်၍ လီကျစ်ရွှမ်း ပတ်ပတ်လည်ကို စုစည်းလိုက်သည်။
ချင်းယန်က ရုတ်တရက် သူ့လက်ကို မြှောက်လိုက်တဲ့အခါ လီကျစ်ရွှမ်း စိတ်ရှုပ်စွာ မော့ကြည့်လိုက်သည်။
ဆရာ ဘာလုပ်နေတာလဲ?
သူမ စိတ်ရှုပ်နေချိန်တွင် ချင်းယန်သည် ချိုင့်ဝှမ်းထဲရှိ အေးချမ်းသော ထင်းရှူးတောကို စိုက်ကြည့်ကာ ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်-
"လာ......"
အသံဆုံးတဲ့အခါ သစ်ရွက်တွေ တဆတ်ဆတ် တုန်ခါလာပြီး သစ်တောတွေကလည်း တဟုန်ထိုး လှိုင်းလုံးကြီးအတူ ယိမ်းယိုင်လာသည်။
"လေတိုက်နေတာလား?"
လီကျစ်ရွှမ်း အနည်းငယ် လန့်သွားသည်။ ဒါပေမယ့် တစ်ခုခုမှားနေပြီလို့ သူမ ခံစာမိပါ၏။
မဟုတ်ဘူး...
ဒါက လေတိုက်နေတာ မဟုတ်ဘူး။
ဒါက ဓားတောင်ကြားမှ ပြန့်ကျဲနေသော ဓားစွမ်းအင်ပဲ ဖြစ်လေသည်။
ချက်ချင်းပင် ချင်းယန်၏ခေါ်သံကို တုံ့ပြန်လိုက်သော ဓားစွမ်းအင်သည် သစ်ရွက်များကို ထိုးဖောက်ဝင်ရောက်ကာ ချောက်ကမ်းပါးများကို ဖြတ်၍ လီကျစ်ရွှမ်း တစ်ဝိုက်တွင် ပေါင်းစည်းသွားသည်။
ခဏအတောအတွင်းမှာတော့ အချင်းဝက် နှစ်မီတာရှိတဲ့ ဓားစွမ်းအင်ရဲ့ ရေဝဲတစ်ခု ဖြစ်ပေါ်လာလေ၏။ ဓားစွမ်းအင်ကို ဖြတ်ကျော်ထားသည့် ဤဓားတောင်ကြားက အဖိုးတန် "ပထဝီဝင်ဆိုင်ရာ အားသာချက်" ဖြစ်သည်။
ရေငွေ့၏ဗဟိုတွင် လီကျစ်ရွှမ်းဟာလည်း ဉာဏ်အလင်းရနေသည့် အခြေအနေတွင် ရှိနေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
သူမသည် ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်ကို ခံစားလိုက်ရချင်း မျက်ခမ်းများ တုန်လှုပ်သွားပြီး လုံးဝ အံ့အားသင့်သွားသည်။
ဒါက ဓားတောင်ကြား အတွင်းက ဓားစွမ်းအင်ကို အသက်သွင်းလိုက်တာလား။
ဆရာရဲ့ အစွမ်းက ကြောက်စရာကောင်းလိုက်တာ...
ဒါပေမယ့် သူဘာလို့ ရုတ်တရက် ဒီလိုလုပ်တာလဲ...
သူမ ဒီလောက် မိုက်မဲလို့ ဒီလိုလုပ်လိုက်ရတာလား။
လီကျစ်ရွှမ်းသည် အေးခဲနေသောနေရာမှ ချင်းယန်ကို စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နှင့် နာကျည်းမှုတို့ ပျောက်ဆုံးသွားသည်။
"တပည့်လေး... မင်းအဲဒီမှာ ဘာရပ်လုပ်နေတာလဲ"
ချင်းယန် အံ့ဩသွားသည်။
ဤဓားတောင်ကြား အတွင်းက ဓားစွမ်းအင်ကို စုဆောင်းခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ သူဒါကို ကြာကြာ မထိန်းနိုင်ပါ။ အနည်းဆုံး နာရီဝက်ကြာပြီးလျှင် ဓားစွမ်းအင် ပျောက်ကွယ်သွားပြီး မူလနေရာသို့ ပြန်ရောက်သွားမည် ဖြစ်သည်။
နောက်တစ်ခါ ပြန်စုမိရင် တော်တော်ဒုက္ခ ရောက်လိမ့်မည်။ ဒါကိုစဉ်းစားရင်း ချင်းယန် အလျင်အမြန် တိုက်တွန်းလိုက်သည်။
"ဆရာ သင်ပေးခဲ့တဲ့ ဓားပညာကို မင်းနားလည်အောင်ပဲ ဆက်ပြီးလုပ်ပါ"
"အိုး တပည့် နားလည်ပါပြီ"
လီကျစ်ရွှမ်း အနည်းငယ်စိတ်ဆိုးသွားကာ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ရင်း။
"တပည့် သေချာပေါက် ကြိုးစားပါ့မယ်"
ထို့နောက် မျက်လုံးကို မှိတ်ထားရင်း သူ့ပတ်၀န်းကျင်ရှိ ဓားစွမ်းအင်ကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။ ကြီးကျယ်ခမ်းနားပြီး ကျယ်ပြောလှ၏။
ဤဓားစွမ်းအင်ကြောင့် ပူနွေးသော ရေပူစမ်းထဲ ရောက်ရှိနေသလို ခံစားရကာ ဓားစွမ်းအင်နှင့်ပတ်သက်သော သူမရဲ့စိုးရိမ်မှု အားလုံးကို ချက်ချင်း ဖြေရှင်းနိုင်ခဲ့သည်။ အတွေးများ ရှင်းသွားသည်နှင့် တပြိုင်နက် သူမ၏ ထက်မြက်သော ဓားစွမ်းအင် ထွက်ပေါ်လာသည်။
"အောင်မြင်ပြီ...."
လီကျစ်ရွှမ်း မတ်တပ်ထရပ်ပြီး တစ်ဖန် ဒူးထောက်ကာ ချင်းယန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမ၏ လက်ရှိနှုန်းထားအရဆို ဆရာသာ မရှိပါက နောက်ကျနေမှာ သေချာပါသည်။
"ကျေးဇူးတင်ပါတယ် ဆရာအရှင်...."
"လာ... အဆင်ပြေပါတယ် ပြန်သွားပြီး ကောင်းကောင်း လေ့ကျင့်လိုက်..."
"ဟုတ်..."
ချင်းယန် ဖြည်းညှင်းစွာ ဆက်ပြောသည်။
"မနက်ဖြန်က ဟူးယန်ကျန့်နဲ့ တိုက်ရမယ့်နေ့ပဲ... ငါ့ကိုစိတ်မချရအောင် မလုပ်နဲ့"
ဒါကိုတွေးကြည့်လိုက်တဲ့အခါ ချင်းယန်၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာခဲ့သည်။ ယခု သင်ကြားနေသော တပည့်သည် သူ၏ ဝင်ခွင့်အဆင့် ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားပြီ ဖြစ်သည်။
မနက်ဖြန်မှာ သူမ လှုပ်ရှားပြီး ဒီအင်ပါယာအဆင့် စွမ်းအားရှင်လို့ ခေါ်တဲ့ "ဓားနတ်ဆိုး" ကို အနိုင်ယူပြီးရင် ခွေးစနစ်က သူ့ကို ဘယ်လိုဆုလာဘ်မျိုး ပေးမလဲ တွေးထားရတော့မည်။
…
နောက်တစ်နေ့တွင်တော့ ရှဟဲနှင့် ချင်းယန်တို့သည်လည်း စာကြည့်တိုက်က အထူးအနားယူခွင့်ကို ခံစားခဲ့ကြသည်။
ထို့နောက် ရှဟဲ၏ ငွေကြေးအရင်းအနှီးကို အားကိုးကာ သူတို့နှစ်ဦး ရရှိထားသော အထောက်အထားများ လက်နက်ကိုင်ဆောင်၍ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီသို့ ရောက်ရှိလာခဲ့သည်။
ကိုယ်ခံပညာဖျော်ဖြေပွဲ ရင်ပြင်။
ခန်းမထဲတွင် ရောင်စုံအလံများ လွင့်ပျံနေပြီး မြင့်မားသော နံရံတစ်ခုကဲ့သို့ ယာယီထိုင်ခုံနေရာသည် စိတ်အားထက်သန်သော ပရိသတ်များဖြင့် ပြည့်ကျပ်နေ၏။
ကျောင်းအတွင်းရော အပြင်မှာပါ လူတွေက ရောနှောနေပြီး ကျန်းဟိုင် ကိုယ်ခံပညာသင်တန်းကျောင်းက ဆရာတွေနဲ့ ကျောင်းသားတွေကလည်း ဝိုင်းပြီး ဆွေးနွေးနေကြသည်။
လူအိုလီနဲ့ လီကျစ်ရွှမ်းတို့က ဖျော်ဖြေပွဲရင်ပြင်တွင် ရပ်စောင့်နေကြသည်။
"ရွှမ်းရွှမ်း... မင်း သူ့ကို တကယ် အနိုင်မယူနိုင်ရင်လည်း မိုက်မိုက်မဲမဲတွေ လျှောက်မလုပ်ပါနဲ့"
အကြီးအကဲလီမှ လီကျစ်ရွှမ်းကို သတိပေးနေခဲ့သည်။
"ဟုတ်ကဲ့ပါ ဆရာ... နားလည်ပါတယ်"
လီကျစ်ရွှမ်းကတေယ့ လွန်ခဲ့သော သုံးရက်အတွင်း သူမ၏ တိုးတက်မှုကို တွေးတောရင်း ယုံကြည်မှု တိုးလာခဲ့သည်။
"အင်း"
လူအိုလီမှာ ဒါကိုမြင်ပေမယ့် လီကျစ်ရွှမ်းရဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားမှာကို ကြောက်တာကြောင့် သူ့ကိုယ်သူ ရပ်တန့်လိုက်ပြီး စကားပြောချင်စိတ်ကို ထိန်းကာ ခေါင်းသာ ယမ်းလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် သူမကိုယ်သူမ ပြင်းထန်စွာ တွန်းလှန်ပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးမိမည်ကိုလည်း စိုးရိမ်နေမိသည်။
………
ခဏအကြာ၌။
ပရိသတ်ထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"လာပြီ!"
"မြက်ခင်းပြင်ဓားသူတော်စင် ရောက်လာပြီ!"
လူအုပ်ထဲက ချင်းယန်လည်း ပြောင်းဖူးပေါက်ပေါက်ကို ဆုပ်ကိုင်ကာ ချက်ချင်းပင် ကျော်ကြည့်လိုက်သည်။ ယွီဝမ်ရွှမ်မှာ လက်နှစ်ဖက် နောက်ပစ်လျက် ကွင်းထဲ ဖြည်းဖြည်းချင်း လှမ်းဝင်လာနေတာကို မြင်လိုက်ရသည်။
သူ့နောက်ကတော့ ဟူးယန်ကျန့်ကလွဲလို့ တခြားသူမရှိပါ။ ထိုသူ၏ ကြွက်သားများသည် ကြွက်သားများ တောင့်တင်းကာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ဖြစ်နေပြီး မြက်ခင်းပြင်များပေါ်တွင် ပြေးလွှားနေသော မြင်းရိုင်းတစ်ကောင်လိုပင်။
အဲဒီအချိန်မှာပဲ စနစ်ဆီက အသံမြည်လာ၏။
"တင်း! အင်ပါယာအဆင့်ကို တွေ့ရှိပါပြီ..."
ချင်းယန် မျက်စိထဲက အလင်းတန်းတစ်ခုအား စိုက်ကြည့်လိုက်သည်။
အမည်- ဟူးယန်ကျန့်
အသက် : 517
ကျင့်ကြံမှု- အင်ပါယာအဆင့် အစောပိုင်းနယ်ပယ်
ကိုယ်ခံပညာ- နတ်ဆိုးဝိညာဥ်ဖြတ်၊ သေမင်းမှော်ဓားသိုင်း