လူငယ်ဓားနတ်ဆိုး vs. အတွေ့အကြုံမရှိသော ဧကရီ
Vol. 5 Ch. 65
"ဒီကောင်က စနစ်ပြောတဲ့ ဓားနတ်ဆိုးပဲ"
ပရိသတ်ထဲက ချင်းယန်သည် ပေါက်ပေါက်ကို ပါးစပ်ထဲထည့်ဝါးလိုက်ကာ ဟူးယန်ကျန့်ကို စိုက်ကြည့်နေသည်။
ဤသန်မာသော လူငယ်သည် အခြားသူများထက် သာလွန်သော မောက်မာမှုမျိုး ရှိသည်။ ထွက်ပေါ်လာသော ကြယ်စွမ်းအင် အတက်အကျများက သူ့နယ်ပယ်ကို ပြဖို့ လုံးဝ မကြောက်ကြောင်း သက်သေပြနေ၏။
ချင်းယန်သည် ကောင်းကင်နှင့်မြေကြီးနှင့် လိုက်လျောညီထွေရှိသော တက်ကြွမှုနှင့် သဘာဝတရားများ ပြည့်နှက်နေသော သူ့နယ်ပယ်ကို နားမလည်မီ ခေတ္တမျှသာ အချိန် လိုအပ်သည်။
သူသည် မွေးရာပါနယ်ပယ်ကို ခြေလှမ်းတစ်ဝက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဟူးယန်ကျန့်နှင့် ယှဥ်ပြိုင်မည့်သူက ဆယ့်ခြောက်နှစ်သားအရွယ် လီကျစ်ရွှမ်းက နောက်ဖွားနယ်ပယ် အဆင့်၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူငယ် ဓားနတ်ဆိုး vs. အတွေ့အကြုံမရှိသော ဧကရီပင်။
"ဆယ့်ခုနစ်နှစ်နဲ့ ဒီနယ်ပယ်ကို ရောက်နေပြီ... အရည်အချင်းက တကယ်ကို ထူးခြားတာပဲ.."
ဒါပေမယ့် သူလောင်းကြေးထပ်ထားတဲ့ လီကျစ်ရွှမ်းကလည်း သာမာန်လူတော့ မဟုတ်ချေ။ ၁၆နှစ်အရွယ်တွင်ပင် သူမသည် ဟူးယန်ကျန့်နှင့် တန်းတူညီမျှ နောက်ဖွားနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အင်း... ငါက ထိုက်တန်တဲ့ ပြိုင်ဘက်နဲ့ပဲ တိုက်သင့်တယ်"
ချင်းယန် ရေရွတ်ရင်း ခေါင်းခါလိုက်သည်။ လွယ်အိတ်ထဲမှ ကိုကာဘူးတစ်ဘူးကို ကျွမ်းကျင်စွာ ယူကာ လက်စွပ်ကို လက်ညိုးဖြင့်ဖွင့်၍ အနည်းငယ် မော့လိုက်သည်။ ပြီးတာနဲ့ သက်တောင့်သက်သာ အနေအထားဖြင့် နောက်သို့ ဆုတ်ထိုင်လိုက်သည်။
သူတို့နှစ်ယောက်ဟာ အခုကစပြီး နောင်နှစ်ပေါင်းငါးရာအထိ မည်သည့်အရာများကို ပြီးမြောက်စေလောက်မလဲ တွေးတောရင်း စိတ်ဝင်စားလာ၏။
လာမယ့်ပွဲက စောင့်ကြည့်ရမယ့်ပွဲပါပဲ။
ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေက တကယ်ပဲ သက်ပြင်းတစ်ချက် ချစေလောက်သည်။
"အခု ငါ ဝင်စွက်ဖက်လိုက်ပြီ... အခုကစပြီး နှစ်ငါးရာအထိ ဘယ်လို သက်ရောက်မှုရှိလာမလဲ မသိဘူး"
အတွေးတစ်ခုနဲ့အတူ ကိုလာကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး ကိုယ်ခံပညာကွင်းပြင်ထဲကို အာရုံစိုက်လိုက်သည်။
....
"စလိုက်ရအောင်... မြန်မြန်ပြီးအောင် လုပ်ကြမယ်! မဟုတ်ရင် ငါတို့ အချိန်ဖြုန်းတာပဲ အဖက်တင်မှာ!"
ဟူးယန်ကျန့်သည် လည်ပင်းကို လိမ်ကာ ကြွက်သားများကို ဆန့်ထုတ်ကာ ကွင်းလယ်သို့ လျှောက်သွားလိုက်သည်။ စင်မြင့်အနီးရှိ ထိုင်ခုံများကို အုပ်စုနှစ်စုခွဲထားသည်။ ယွီဝမ်ရွှမ်၊ လူအိုလီ နှင့် အခြားသူများ ထိုင်နေသည့် VIP များအတွက် အဖွဲ့တစ်ဖွဲ့ကို သီးသန့်ထားသည်။
အခြားအုပ်စုတွင်မူ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီမှ ထူးချွန်ကျောင်းသားများ ပါဝင်ပြီး လေ့လာသင်ယူရန် အထူးလာရောက်ကြခြင်းပင်။
ဟူးယန်ကျန့် အောက်ဖက်ရှိ ထိုင်ခုံများကို စကင်န်ဖတ်လိုက်သည်။ သူ့အကြည့်များက လူအိုလီမှ ကျောင်းသားများဆီသို့ ရွေ့လျားလာကာ သူ၏ ရှုတ်ချမှုများကို မျက်နှာပေါ်မှာ ပြသထားလေ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ဒါဇင်နှင့်ချီသော လူငယ်ပရော်ဖက်ရှင်နယ်များကို ဆက်တိုက် အနိုင်ယူထားသူ ဖြစ်သည်။
ပထမတော့ ဟူးယန်ကျန့်သည် လေးစားမှုတစ်ချို့ပြပြီး သူစိန်ခေါ်နေတဲ့သူကို နှုတ်ဆက်ပါသေး၏။ ဒါပေမယ့် သူ့ဆီမှာ ထပ်ခါတလဲလဲ ရှုံးနိမ့်ပြီးနောက် စိတ်ရှည်သည်းခံမှု အားလုံးက ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် ဤပါရမီရှင်များဟု ခေါ်သူများက သူ့အမြင်တွင် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းနေ၏။ လေးစားမှုကလည်း အခြေခံအုတ်မြစ်အဖြစ် ခွန်အား လိုအပ်သေးသည်။
သူကဒီလောက် ခွန်အားကြီးတာ ဘာလို့ အမှိုက်ကို ရိုသေနေရမှာလဲ။
ဒါကိုတွေးပြီးနောက် ဟူးယန်ကျန့်ဟာ စိန်ခေါ်သူ စင်မြင့်ထက်တက်ဖို့ စောင့်နေစဥ် သူ့မျက်လုံးထဲမှာ မထီမဲ့မြင်ပြုမှုတွေက ပိုပြင်းထန်လာတော့သည်။ ဟူးယန်ကျန့်အကြည့်ကို ခံစားလိုက်ရသော ပရိသတ်များက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။
"ငါတို့ကို စိုက်ကြည့်နေတဲ့ အဲဒီကောင်ကို ကြည့်စမ်း"
"မာနကြီးနေလိုက်တာ!"
"ငါတို့ အကယ်ဒမီမှာ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူးလို့များ တကယ်ထင်နေတာလား"
ပရိသတ်ထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။ စောင့်ကြည့်ခံရသည့် ကျောင်းသားများသည် အနည်းငယ် မကျေမနပ် ဖြစ်နေကြသော်လည်း ယင်းနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ပေ။
အဲဒီကောင်က မာနကြီးဖို့ သတ္တိရှိနေမှာ သေချာသည်။ ဤနေရာ ရောက်လာတဲ့အထိ တစ်လျှောက်လုံး သူ၏ သောင်းကျန်းမှုသည် သူ၏ ရက်စက်ကြမ်းကြုတ်သော အစွမ်းသတ္တိကို ထင်ရှားစွာ ပြသခဲ့သည်လေ။
ဒါကိုစိတ်ထဲ ထည့်ထားတဲ့ လူတိုင်းက ဗဟိုအနေအထားမှာရှိနေတဲ့ လီကျစ်ရွှမ်းကို လှည့်ကြည့်လိုက်ပြီး သူမအတွက် စိတ်ပူပင်လာသည်။ လီကျစ်ရွှမ်းဟာ ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ် အနားယူနေသည်။
သူမ နားထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ လူအိုလီထံမှ အသံတစ်ခု ပဲ့တင်ထပ်လာ၏။
"တက်သွားတော့ ရွှမ်းရွှမ်း..."
ဒီစကားတွေ ကျလာပြီးတာနဲ့ လီကျစ်ရွှမ်း မျက်လုံးဖွင့်ကာ စားပွဲပေါ်ရှိ ဓားကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ လူအုပ်ကြားတွင် အရပ်ရှည်ရှည်ဖြင့် ရပ်ကာ စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ထိုင်ခုံကနေထလာတဲ့ အခိုက် ချွန်ထက်သောဓားသည် ဓားအိမ်ထဲက မထွက်ခွာသေးတာကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက်ကဲ့သို့ အင်အားဖြင့် ဖြိုခွင်းနေသည့် ရောင်ဝါများ ပေါက်ဖွားလာသည်။
"ဟမ်?"
ဤဓားသွားလို ရည်ရွယ်ချက် နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် ဟူးယန်ကျန့်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူ့ရဲ့ မာနအကြည့်တွေကလည်း ချက်ချင်း ပျောက်ကွယ်သွား၏။
ဤသင်တန်းကျောင်းတွင် ဤမျှလောက်အစွမ်းထက်သော ဓားကိုင်ထားသူ တစ်ယောက် တကယ် ရှိနေတာလား။
မိန်းကလေးလား?
သူသည် လီကျစ်ရွှမ်းမျက်လုံးများထဲ မီးတောက်တောက်များ တဖျပ်ဖျပ် ခတ်နေသည်ကို စူးစမ်းလေ့လာနေခဲ့သည်။
"ဒီတစ်ခါ ကျန်းဟိုင်မှာ ဒီလို အံ့သြစရာကောင်းတဲ့ အံ့အားသင့်စရာလေးကို တွေ့ရမယ်လို့တောင် မမျှော်လင့်ထားဘူး!"
VIP ထိုင်ခုံများတွင်တော့ ယွီဝမ်ရွှမ်သည် ကုလားထိုင်မှာ မတ်မတ်ထိုင်လိုက်ပြီး မေးစေ့ကို ဆန့်ထုတ်လိုက်သည်။ လီကျစ်ရွှမ်း ပေါ်လာတာကို တွေ့ရတော့ သူလည်း အနည်းငယ် အံ့အားသင့်သွား၏။
ပညာရှင်တစ်ဦးသည် ပထမအကြည့်မှ ရွေ့လျားမှု၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်သည်။ ဤထိုးဖောက်ချင်နေသော ဓားရည်ရွယ်ချက်ကို အခြေခံ၍ လီကျစ်ရွှမ်း၏ ဓားပညာသည် အနာဂတ်လမ်းကြောင်း၌ အရှိန်အဟုန် မြင့်လာမည်ဟု ပြောနိုင်ပါသည်။
"ခင်ဗျားရဲ့ ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီက တကယ်ကို မှတ်သားစရာ ကောင်းတာပဲ... တကယ် ထက်မြက်တဲ့ ဓားသမားတစ်ယောက် ပိုင်ဆိုင်ထားတယ်"
"ရွှမ်းရွှမ်းက ကျူပ်တို့ ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီရဲ့ ဂုဏ်ယူမှုတစ်ခုပါ...."
ဒါကိုကြားတော့ လူအိုလီလည်း ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိသွား၏။ သူသည် လီကျစ်ရွှမ်းအား လှည့်ကြည့်ကာ နွမ်းလျသော အကြည့်ထဲ နူးညံ့မှုအပြည့် ပြည့်လျှံလာသည်။
"မဆိုးဘူး..."
ယွီဝမ်ရွှမ် အနည်းငယ် ခေါင်းညိတ်ကာ ချီးမွမ်းသည်။
"အညီအမျှ ပါရမီရှင်ပါပဲ.. သူက တကယ်ပဲ အရင်အချီတုန်းက ကျုပ်တပည့်နဲ့ တန်းတူပဲ"
……………
ကိုယ်ခံပညာ စင်မြင့်ပေါ်တွင်မူ
လီကျစ်ရွှမ်းသည် ထောင့်တစ်နေရာတွင် ရပ်ကာ ဓားကိုကိုင်ကာ မျက်လုံးများ မှေးမှိန်သွား၏။ ဆောင်းဦးရေအိုင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သဘာဝနိယာမများနှင့်တူသော သူမ၏ သူငယ်အိမ်က မလှုပ်မယှက်ဖြင့်။
သူမ၏ ၀တ်ရုံစများသည် ကောင်းကင်ယံမှ ဆင်းသက်လာသကဲ့သို့ လွင့်ပျံနေသည်။ ဒီမြင်ကွင်းက မြင်လိုက်ရသူ ပရိသတ်ကို ချက်ချင်း သဘောကျသွားစေသည်။
"ဆက်လုပ်ထား ညီမလေးလီ!"
"ဆရာတူအစ်မက ဒီနေ့လည်း အရမ်းလှတာပဲ..."
"ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီက အနိုင်ရမှာ!!"
စင်မြင့်ရဲ့ တစ်ဖက်မှာတော့ ဟူးယန်ကျန့်ကလည်း တခြားထောင့်တွင် ရပ်နေသည်။
သူ့ကြွက်သားများသည် တောင့်တင်းသန်မာပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားသည်။ သူ့လက်ထဲတွင် ကြီးမားလေးလံသော ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားကာ သူ့အမူအရာမှာ မမှားနိုင်လောက်အောင် ပြင်းထန်လှသည်။
"လာပါ... မင်းဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်!"
ဟူးယန်ကျန့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရှုပ်ယှက်ခတ်နေသော ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။ သူ့လည်ပင်းရှိ သွေးကြောများသည် ဒေါသထွက်နေသော မြွေတစ်ကောင်အလား လိမ်သွားကာ ရုတ်တရက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဘယ်သူကမှ မတုံ့ပြန်နိုင်တဲ့ နောက်အခိုက်အတန့်တွင်တော့ ဟူးယန်ကျန့်ဟာ လီကျစ်ရွှမ်း နောက်ကွယ်မှာ ပေါ်လာ၏။ သူသည် ပြင်းထန်သော ဓားရှည်ကြီးကို လွှဲယမ်းပစ်ကာ လေပြင်းများ လှုပ်ခတ်သွားသည်။
"ဒီလောက်တောင် မြန်လား!"
လီကျစ်ရွှမ်း၏ မျက်ဝန်းများ ရုတ်တရက် ကျဉ်းသွားသဖြင့် သူမ ချက်ချင်းပင် သူမဓားကို မြှောက်လိုက်ပြီး လေးလံသော ဓားတစ်ဝိုက်တွင် လျင်မြန်စွာ ဖြတ်တောက်ကာ အင်အားအများစုကို ပျောက်ကွယ်သွားစေသည်။
အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ်ဖြင့် ပျောက်ကွယ်သွားသည်။
လီကျစ်ရွှမ်းသည် ဓားရှည်ကို အရှိန်မြှင့်ကာ အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သည်။ နေရောင်ခြည်သည် ဓားအစွန်းမှ ရောင်ပြန်ဟပ်ကာ လေးလံသော ဓား၏ ကျယ်ပြန့်သော မျက်နှာပြင်ကို ဖြတ်ကာ အဖြူရောင်အလင်းဘောလုံးတစ်လုံးကို ဖန်တီးသွားသည်။
မိုးခြိမ်းသံကဲ့သို့ လျင်မြန်ပြီး လေပြည်ကဲ့သို့ ပေါ့ပါးပေသည်။
"လေညှင်းဓားကျင့်စဥ်လား?"
ဟူးယန်ကျန့် ခဏလောက် ထိတ်လန့်သွားပြီး ဒီဓားနည်းပညာရဲ့ မူလဇစ်မြစ်ကို ချက်ချင်း သိလိုက်သည်။ ဒါပေမယ့် တကယ့်တိုက်ပွဲမှာ ဒီအခြေခံဓားကျင့်စဥ်ကို အသုံးချဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။
အေးစက်သော ဓားအလင်းက သူ့မျက်နှာကို ရိုက်ခတ်တော့မည်ဟု ထင်ရသောအခါတွင် ဟူးယန်ကျန့် သူ၏လေးလံသောဓားကို တည်ငြိမ်စွာ မြှောက်လိုက်သည်။
ကြီးမားလှသော စွမ်းအားက လေပြင်းများသဖွယ် လွင့်ပျံလာသည်။ ချက်ချင်းပင် ၎င်းက လီကျစ်ရွှမ်းကို လေထဲသို့ သယ်ဆောင်သွား၏။
ဒါပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတော့ မရသွားစေပေ။ လီကျင်သည်သည် ဝေဟင်မှ ရွေ့လျားကာ စင်မြင့်ပေါ်သို့ ထူးထူးခြားခြား သက်တောင့်သက်သာဖြင့် ပြန်လည် ဆင်းသက်လာခဲ့သည်။
အခိုင်အမာ ဆင်းသက်ပြီးနောက် သူမသည် ဟူးယန်ကျန့် နှင့် တစ်ဖန် တိုက်ခိုက်ပြန်သည်။
ချလွင်း!
ဓားနှစ်ချောင်းသည် လေတိုက်သံကဲ့သို့ စက္ကန့်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ လဲလှယ်ထိုးနှက်ကြသည်။ ထူးထူးခြားခြား ပြောင်မြောက်သော နည်းစနစ်များသည် ဓားပညာ၏ အထွတ်အထိပ်ကို ပြသသည့်အတွက် မျက်လုံးပေါင်း များစွာအတွက် ဧည့်ခံပွဲတစ်ခုလို ဖြစ်နေသည်။
ခဏတာလောက် သိုင်းပညာအဆင့်က အခြေအနေက ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားသည်။ ဟူးယန်ကျန့် လီကျစ်ရွှမ်းကို မြန်မြန် အနိုင်ယူသွားမယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် သူမဟာ သူ့ဘာသာသူ ချုပ်ကိုင်ထားနိုင်တာကြောင့် အားလုံး အံ့သြသွားကြသည်။
ထိုစဥ် လူအိုလီသည် ပြင်းထန်သော တိုက်ပွဲကို အံ့သြစွာကြည့်ရင်း ခဏ ဆွံ့အသွားမိသည်။
"ဒီကလေးမ ရွှမ်းရွှမ်း အခုတလော အပြင်းအထန် အားထုတ်နေခဲ့ပုံပဲ..."