အဲဒီလိုဆိုမှတော့ ဓားသူတော်စင်နဲ့ သွားတွေ့တာပေါ့
Vol. 5 Ch. 70
'ယွီဝမ်ရွှမ်က ငါ့ကို ဓားတောင်ကြားမှာ စိန်ခေါ်နေတာလား?'
ဒါကိုကြားတော့ ချင်းယန် အနည်းငယ် အံ့သြမိသွားသည်။
"ဘာလို့ ဆန္ဒတွေ စောနေတာလဲ... သူသဘောတူထားတဲ့ ကြေငြာချက်မထုတ်ခင် ငါးရက်လောက် ကျန်သေးတယ် မဟုတ်ဘူးလား"
"ဘယ်သူကသိမှာလဲ?"
ရှဟဲ ပုခုံးတွန့်လိုက်ပြီး သတင်းစာမျက်နှာတစ်ခုဆီသို့ ပေါ့ပေါ့ပါးပါး လှည့်ကာ သူ့ဖုန်းကို ချင်းယန်ဆီ တွန်းပေးလိုက်သည်။
"လောင်ချင်း မင်းဘာသာမင်း ကြည့်စမ်း... ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်တာနက်က ပွဲဆူနေလွန်းလို့ ဗိုင်းရပ်စ်လိုတောင် ပျံ့နှံ့နေပြီ... အဲဒါက အကယ်ဒမီ စိန်ခေါ်မှုကို ချက်ချင်းကျော်ပြီး ခေတ်စားနေတဲ့ ရှာဖွေမှုထဲ ထိပ်ဆုံးရောက်သွားပြီ..."
"ငါကြည့်ကြည့်မယ်..."
ချင်းယန် ဖုန်းကိုယူကာ ခေတ်စားနေသော ရှာဖွေမှုများမှတဆင့် အခြေအနေကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အင်တာနက်သည် ခေတ်စားနေသော ရှာဖွေမှုများကို လွှမ်းမိုးနေသည့် ဆက်စပ်ဝေါဟာရများဖြင့် ဆွေးနွေးမှုနေခဲ့သည်။
ဒီအကြောင်းကို ပြောရင်း လူတိုင်းကလည်း တုန်လှုပ်ချောက်ချားနေခဲ့ကြသည်။
"မဟုတ်သေးပါဘူး... ဒီမြက်ခင်းပြင် ဓားသူတော်စင်က အရှုံးကို လက်မခံနိုင်ဘူးလားဟ...သူက သူ့တပည့်ကိုပါ အဲဒီမှာ တိုက်ခိုက်ခိုင်းဦးမှာများလား"
"သူတို့က ဓားတောင်ကြားမှာ ငါးရက်လောက် စောင့်နေမယ်လို့ ကြားတယ်... ကျန်းဟိုင်ဓားနတ်ဘုရားကို အချိန်မရွေး ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေအောင်လို့တဲ့!"
"စိတ်ရှည်လွန်းတယ်! သူတို့နှစ်ယောက်လုံးက ဆရာတပည့်တွေ ဆိုတော့ ခေါင်းကျောမာတဲ့ ဓားရှည်အရူးတစ်ယောက်လို့ ကျွန်တော်ထင်တယ်!"
"မင်းရော ဘယ်လိုထင်လဲ.. ကျန်းဟိုင်ဓားနတ်ဘုရားက လာတိုက်မယ် ထင်လား? သူ့ပုံစံအတိုင်းဆို ဒီလိုအရာတွေကို သူစိတ်ဝင်စားမယ် မထင်ပါဘူး..."
"..."
ချင်းယန် မှတ်ချက်တွေကို ကြည့်လိုက်တော့ လူတိုင်းရဲ့ အာရုံစိုက်မှုက ဓားနတ်ဘုရား ပေါ်လာမှာလား ဆိုတာကိုသာ တစ်ပုံစံတည်း တွေ့နေရသည်။
သို့သော် ဒါက အရေးမကြီးပါ။ တစ်ဖက်လူက ကျန်းဟိုင်ဓားနတ်ဘုရားကို စိန်ခေါ်နေတာလေ။ သူနဲ့ ဘာဆိုင်လို့လဲ။
"စိတ်မကောင်းဘူး... ငါသူ့ကို ကောင်းကောင်း စိတ်မဝင်စားဘူး!"
ချင်းယန် သမ်းဝေ့ပြီး ဖုန်းကို ရှဟဲဆီ ပြန်ပေးလိုက်သည်။
"ဟင်? မင်းအဲဒါကို မကြည့်တော့ဘူးလား လောင်ချင်း?"
ရှဟဲ အံ့အားသင့်သွားသည်။
"မင်း ခဏလေးတောင် သွားကြည့်ဖို့ အစီအစဉ် မရှိဘူးလား"
"ပျင်းစရာကြီး... သူက ကျန်းဟိုင် ဓားနတ်ဘုရားကို ရှာနေတာလေ... ငါတို့ သာမန်လူတွေနဲ့ ဘာမှမဆိုင်ဘူး"
ချင်းယန် သူ့လက်မောင်းကို ခေါင်းနောက်ဘက်တွင် ထားပြီး အေးအေးဆေးဆေးလေး ပြောလိုက်သည်။
"နတ်ဘုရားတွေ ရန်ဖြစ်တဲ့အခါ သေမျိုး လူသားတွေ ဒုက္ခရောက်တတ်တယ်တဲ့ ငါတို့ မပါဝင်တာ အကောင်းဆုံးပဲ"
သူပြောပြီးတာနဲ့ ရှဟဲ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး ချင်းယန်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ ချင်းယန်ဆီကနေ ဒီလို ဂရုမစိုက်တဲ့ စကားမျိုး ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပုံပင်။
"ဟစ်... ချင်းအိုကြီး... မင်းအခုပြောတဲ့ စကားက နည်းနည်းတော့ အဓိပ္ပာယ်ရှိတယ်..."
ချင်းယန် ပုခုံးတွန့်ကာ လျစ်လျူရှုပြီး သူ့ရာထူးသို့ တန်းတန်းမတ်မတ် သွားကာ သူ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို စတင်လိုက်သည်။ စနစ်က 'ဓားနတ်ဆိုး' ဆီက ဆုလာဘ်များကို ပေးအပ်ပြီးပြီ ဖြစ်သည်။
ပြီးတော့ အဲဒီမြက်ခင်းပြင် ဓားသူတော်စင်က သူ့အတွက် လုံးဝ အသုံးမဝင်ပါ။ သူဘယ်လောက်ပဲ အော်ဟစ်နေပါစေ အရေးမကြီးချေ။
လမ်းဘေးမှာ ခွေးဟောင်နေရင် မကျော်သွားလို့ ပြန်ကိုက်ရမှာလား။
ထို့ပြင် စနစ်၏ယုတ္တိအရ၊ ဤဓားသူတော်စင်သည် နှစ်ပေါင်းငါးရာကြာပြီးနောက် သေဆုံးသွားပေမည်။ ဖုန်မှုန့်အဖြစ်သို့ လျော့ကျသွားမည့် အရာတစ်ခုက သက်ဆိုင်ရာဆုလာဘ်များကို မဖြစ်လာပေါ်စေနိုင်တော့ပါ။ သေရမယ့်လူကြောင့် ဘာအတွက် ဒေါသထွက်နေရမှာလဲ။
"ဒီလောက် အားလပ်ချိန်တွေ ရှိရင် ငါလည်း ငါ့ရဲ့ ခွန်အားကို ဆက်ပြီး မြှင့်တင်ထားရမယ်!"
ဒါကိုစဉ်းစားရင်း ချင်းယန် စာအုပ် အမျိုးအစားတွေကို တစ်ခုပြီးတစ်ခု စုထားတဲ့ စာကြည့်တိုက်ရဲ့ စာအုပ်စင်တွေဆီ လျှောက်သွားလိုက်သည်။ ပါးစပ်ကလည်း ပျင်းရိစရာတေးသွားကို တီးတိုးရွတ်ရင်း သူ့လှည်းကို တွန်းသွား၏။
ထို့နောက် သူ့အားလပ်ချိန်ကို အသုံးချကာ 'လောကအကွာအဝေး' ကိုယ်ခံပညာကို ဆက်လက် နားလည်နေခဲ့သည်။
ယခင် 'ကောင်းကင်ဖြတ်ဓားသိုင်းကျမ်း' ကဲ့သို့ပင် ဤပုံစံသည် အင်ပါယာအဆင့်တွင် ရှိပြီး အံ့ဩဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားတာကြောင့် နားလည်ရ အလွန်ခက်ခဲသည်။ တစ်ညတည်းနဲ့ လုံးလုံးနားလည်နိုင်မယ့် အရာအားလုံးတော့ မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ လုံး၀ ဆုပ်ကိုင်ထားပြီး ကျွမ်းကျင်အောင် လုပ်ဆောင်ခြင်းကသာ ပြီးပြည့်စုံအောင် လုပ်ရမယ့် နောက်ထပ်ကိစ္စ တစ်ခုဖြစ်သည်။
"ဒါပေမယ့် ကံကောင်းတာကတော့ အချိန်က ငါ့ဘက်မှာ အမြဲရှိနေတာပဲ...."
ချင်းယန် မျက်လုံးများ ကိုမှိတ်ထားရင်း ဉာဏ်အလင်း၏ နယ်ပယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းနယ်ပယ်တွင် အဓိပ္ပာယ်မဲ့၊ မထင်မရှားသော စာသားများသည် တစ်ခုပြီးတစ်ခု ပြိုကွဲသွားကာ ပို၍ ကွက်ကွက်ကွင်းကွင်းနှင့် သက်ရှိသက်မဲ့ အဓိပ္ပာယ်များအဖြစ်သို့ ပြောင်းလဲလာသည်။ တစ်ဆက်တည်း သူရဲ့ နားလည်မှုကိုလည်း လျင်မြန်စွာ အရှိန်မြှင့်လာခဲ့သည်။
သို့နှင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ချင်းယန်သည် သူ၏ပုံမှန်အတိုင်း နေထိုင်မှုပုံစံကို ပြန်လည်တွေးတောကာ အလုပ်လုပ်သည်။ အလုပ်က ပြန်ရောက်လျှင် ဖုန်းနှင့်ကစားကာ ကမ္ဘာ၏အရသာ အားလုံးကို မြည်းစမ်းကြည့်သည်။ နေ့ရက်တွေက သာသာယာယာလေးပါပဲ။
"ဓားနတ်ဘုရား" က တုံ့ပြန်ရန် ငြင်းဆန်ဆဲဖြစ်သောကြောင့် လူတိုင်း၏ စိတ်အားထက်သန်မှုမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ အပျက်သဘောဆောင်တဲ့ အသံတချို့ပင် အွန်လိုင်းမှာ ထွက်ပေါ်လာ၏။
"ဘယ်နေ့ရှိပြီလဲ? တိုက်ကြဦးမှာလား"
"ဓားနတ်ဘုရားက ကြောက်နေတာများလား? မတိုက်ချင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ တစ်ခုခုပြောသင့်တယ်! ယွီဝမ်ရွှမ်ကို ရက်ပေါင်းများစွာ ကြိုးဆွဲချထားတာ ဒေါသထွက်ချင်စရာကြီးဟ!"
"ဒါက ကြောက်စရာအဆင့်ပဲ ရှိသေးတာ... ကျန်းဟိုင် ဓားနတ်ဘုရားက ဒါထက် ဘာမှပိုတယ်လို့ မထင်ဘူးလား"
အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ပိုများလာသည်။ ကျန်းဟိုင် ပြည်သူများက ဒါကိုမြင်လိုက်သောအခါတွင် ကျေနပ်မှုမပြဘဲ မနေနိုင်ကြချေ။ ဓားနတ်ဘုရားဟာ ကျန်းဟိုင်မြို့၌ လီရွှေရေကန် အမှုပြီးနောက် ရာထူးကြီးမြင့်လာခဲ့ရာ ဆဲဆိုခြင်းကို ဘယ်လိုမှ သည်းမခံနိုင်ပေ။
ထို့ကြောင့် သူတို့သည် ချက်ချင်း အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး အွန်လိုင်းတွင် အပြစ်တင်ခြင်းကို စတင်ခဲ့သည်။
"အကြီးအကဲ ဓားနတ်ဘုရားက ယွီဝမ်ရွှမ်လို လူရွှင်တော်ကို အနှောက်အယှက် မပေးချင်ဘူး... သူ့ကို တိုက်ခိုက်တာက ဂုဏ်သိက္ခာကို ထိခိုက်စေတယ်"
"မြက်ခင်းပြင်က ပြောင်ပြောင်တင်းတင်း ခွေးကောင်တစ်ကောင်ပဲ... ရန်ပွဲရွေးဖို့ အကြောင်းပြချက်မရှိဘဲ ပေါ်လာခဲ့တာ မင်းတို့ပြောတာ မှန်တယ်များ ထင်လား"
"........."
တစ်ခဏတာအတွင်း နှစ်ဖက်စလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကို ကိုင်ဆောင်ကာ အပြင်းအထန် ငြင်းခုံကြရင်း အွန်လိုင်းတွင် ပိတ်လှောင်ခံခဲ့ရသည်။
............
ဓားတောင်ကြား၌။
နေဝင်ရီတရောအချိန် ကျလာသည်နှင့်အမျှ အေးမြသော လေနုအေးသည် ချောက်ကမ်းပါးများကို ဖြတ်သန်းတိုက်ခတ်လာကာ တောင်ကြားလေကို အေးစိမ့်စိမ့် အရသာမျိုး တိုးဝင်လာစေသည်။
"ဆရာ... ဒါနောက်ဆုံးနေ့ပဲ..."
ဟူးယန်ကျန့်သည် တောင်ကြား၏ အမြင့်တွင်ရပ်နေကာ သူ့အနားရှိ ယွီဝမ်ရွှမ်ကိုကြည့်ရင်း သတိကြီးကြီးနှင့် စကားပြောလိုက်သည်။ ယခုအချိန်တွင်တော့ ယွီဝမ်ရွှမ်ဟာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကောင်းကင်ကို မော့ကြည့်နေ၏။ နှင်းခဲများဖြင့် ဖုံးလွှမ်းထားသော သူ့မျက်နှာမှာ သိသိသာသာ အိုနေပုံရသည်။
သိထားရမည်မှာ သူသည် ငါးရက်တိတိ ကျန်းဟိုင်ဓားနတ်ဘုရားနှင့် တိုက်ပွဲကို နေ့ရောညပါ စိတ်အားထက်သန်စွာ မျှော်လင့်ရင်း ဓားတောင်ကြားက ထွက်သွားခြင်း မရှိခဲ့ပါ။
ယခုမူ ဆရာနှင့် တပည့် တစ်ယောက်ကို တစ်ယောက် တစေ့တစောင်းပင် မမြင်ကြရသေးချေ။
"သူလာမယ်...သူလာလိမ့်မယ်..."
ယွီဝမ်ရွှမ် ရှိုက်ကြီးတငင် ရေရွတ်လိုက်ပြီး ညှိုးနွမ်းနေသော လက်နှင့် ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ကြယ်စွမ်းအင် ဖိအားများ လေထုထဲ ပျံ့နှံ့သွားသည်။
ဗုန်း!
မြေပြင်က အက်ကွဲပြီး ကျောက်တုံးတွေ တလိမ့်လိမ့် လွင့်သွားသည်။ ကြယ်ဖိအားကြောင့် တိုက်ခိုက်ခံရသော ဓားတောင်ကြား အတွင်းမှ ဓားစွမ်းအင်သည် ပျောက်ကွယ်သွားသည့် အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာသည်။
"ဆရာ ဘာဖြစ်လို့လဲ!?"
ဟူးယန်ကျန့် မျက်လုံးပြူးသွားပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။ ရူးသွပ်မှုထဲသို့ နစ်မြုပ်သွားပြီးနောက် ယွီဝမ်ရွှမ် ဒေါသူပုန်ထနေကြောင်း သူချက်ချင်း ပြောနိုင်သည်။
"မကြောက်ပါနဲ့ တပည့်လေး..."
ယွီဝမ်ရွှမ် အေးစက်စက် ပြောနေစဥ် သူ့မျက်လုံးထဲမှာ ရူးသွပ်မှု အရိပ်အယောင်တွေ ပေါ်လာတော့သည်။
"ဓားနတ်ဘုရားက မထွက်လာချင်မှတော့ ဒီတန်ဖိုးကြီးတဲ့ ဓားတောင်ကြားကို ဖျက်ဆီးပြီး သူ့ကို လူကိုယ်တိုင် ထွက်လာခိုင်းလိုက်မယ်!"
စကားဆုံးသည်နှင့် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ကြယ်စွမ်းအားလှိုင်းကို ထုတ်လွှတ်ကာ ဓားတောင်ကြား တစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
နောက်အခိုက်၌ မရေမတွက်နိုင်သော လက်ကျန် ဓားစွမ်းအင်များကို နှောင့်ယှက်မိကာ အချင်းချင်း ဖောက်ပြန်ရင်း ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ ဓားတောင်ကြား အတွင်းမှ ဓားစွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွား၏။
အခင်းဖြစ်ပွားရာနေရာအား အနီးကပ်ကြည့်ရှုနေသော သတင်းထောက်များ အားလုံး တုန်လှုပ်ချောက်ချားသွားကုန်သည်။ အခင်းဖြစ်ပွားရာ နေရာကို အမြန်မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြသည်။
………….
နောက်တစ်နေ့တွင်တော့ ချင်းယန် အလုပ်အတွက် စာကြည့်တိုက်သို့ ရောက်ရှိလာသည်။ အလုပ်ထဲမှာ ရှဟဲတစ်ယောက် လေကို ဒေါသတကြီး ကူကယ်ရာမဲ့စွာ ရှူရှိုက်နေသည်ကို တွေ့လိုက်ရသည်။
"ဒေါသထွက်လို့ သေတော့မယ်! တကယ် ရက်စက်လိုက်တာ!"
"ဘာမှားလို့လဲ?"
ချင်းယန် အံ့ဩစွာ ဝင်မေးလိုက်သည်။
"အဲဒီယွီဝမ်ရွှမ်ပေါ့! အဲဒီအဘိုးကြီး ဓားတောင်ကြားကို ဖျက်စီးပစ်လိုက်ပြီ!"
ရှဟဲ ဒေါသတကြီးဖြင့် သူ့ဖုန်းကို လှမ်းကိုင်လိုက်ပြီး အွန်လိုင်းရန်သူများကို ကြိမ်းမောင်းနေတော့၏။
ကျန်းဟိုင် ပြည်သူများ၏ နှလုံးသားထဲတွင် ဓားတောင်ကြားက ကိုယ်ခံပညာအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်သည်။ ယွီဝမ်ရွှမ်က အားလုံးကို ဓားတစ်ချောင်းတည်းဖြင့် ဖျက်ဆီးပစ်လိုက်တာကြောင့် ပြည်သူတွေ မုန်းနေတာ အပြစ်မဟုတ်ချေ။
"စိတ်အေးအေးထားပါ..."
ချင်းယန် ရှဟဲပုခုံးကို ပတ်ကာ ဖြည်းညှင်းစွာ နှစ်သိမ့်ပေးသည်။ ဓားသူတော်စင်က သူ့ကို နှိုးဆော်ပြီး ကျန်းဟိုင် ဓားနတ်ဘုရားကို ထွက်လာဖို့ အတင်းအကြပ် လုပ်နေကြောင်း သူ သဘာဝကျကျ နားလည်ပါ၏။
“အများပြည်သူပိုင်ပစ္စည်းကို အကြောင်းပြချက်မရှိဘဲ ဘာလို့ ဖျက်ဆီးတာလဲ...”
ချင်းယန် သက်ပြင်းချလိုက်သည်။
တစ်ဖက်လူက ခွေးရူးတစ်ကောင်ပဲလို့ အမြဲထင်ခဲ့၏။ သို့သော် ယခုအခါ ဓားတောင်ကြားက ပျက်သွားသဖြင့် အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။
"ဒါဆို ငါသွားတွေ့ရတော့မှာပေါ့..."