← Chapters

ကြားဖြတ်တားဆီးခြင်း

Vol. 146 Ch. 2081

ကြားဖြတ်တားဆီးခြင်း

Vol. 146 Ch. 2081

ထျန်းချီကုန်းမြေက အလွန် ကျော်ကြားလှသည်။ ၎င်းက အဆင့်ကိုးရန်ဟောင်များစွာ ပိုင်ဆိုင်ထားသည့် ဖမ်းလိုင်ကုန်းမြေနှင့် ဆင်တူသည်။ ၎င်းသည် ဝန်းရံထားသည့် နယ်မြေအတွင်းမှ အဓိကကုန်းမြေတစ်ခုဟု ဆုံးဖြတ်နိုင်သည်။

ဤရက်အနည်းငယ်အတွင်း ထျန်းချီကုန်းမြေသည် ထူးကဲလှစွာ သက်ဝင်လှုပ်ရှားနေသည်။ ကုန်းမြေပေါ်ရှိ လူအများက ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် မင်္ဂလာအခမ်းအနားအတွက် တုန်းဟွာကောင်းကင်သို့ သွားရာလမ်းတွင် ဤနေရာကို ဖြတ်သွားကြလိမ့်မည်ဟု ခန့်မှန်းနေကြ၏။ လူအများစုအတွက် သူတို့သည် ထိုသို့သော ဒဏ္ဍာရီအဆင့် အင်အားစုကြီးများမှ တန်ခိုးရှင်များအား မည်သည့်အခါကမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိကြပေ။ ထို့အပြင် ၎င်းတစ်ကြိမ်၌ မင်္ဂလာအခမ်းအနားအတွက် ပါဝင်လာမည့် သူများက သေချာပေါက် အစွမ်းထက်သူများ ဖြစ်လိမ့်မည်။ လူအများစုက မျှော်လင့်စောင့်စားနေကြသည်။ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ထျန်းချီကုန်းမြေသို့ ဖြတ်သန်းသွားလျှင် သူတို့က အလယ်ဗဟိုရှိ သွေးနီရောင်မြို့ကို ဖြတ်သန်းသွားရပေလိမ့်မည်။ ထို့ကြောင့် မရေတွက်နိုင်သော တန်ခိုးရှင်များက သွေးနီရောင်မြို့သို့အပြေးသွားကြပြီး အင်အားစုကြီးများမှ တန်ခိုးရှင်များ၏ အရိပ်အယောင်ကို ဖမ်းမိရန် ရည်ရွယ်နေကြ၏။

ထိုသို့သော အပျော်ကိစ္စရပ်များ၌ ပါဝင်ရန် စိတ်မဝင်စားသူလည်း အများကြီးရှိသည်။ အချို့က ထိုအကြံအစည်ကို လှောင်ပြောင်ကြသည်။

သို့သော်လည်း သွေးနီရောင်မြို့ရှိ ထိပ်သီးအင်အားစုများက ယန်မိသားစုမှ လူများ မြို့ကို ဖြတ်သွားသည့်အခါ သူတို့ကိုယ်သူတို့ လူလုံးထွက်ပြရန် ပြင်ဆင်နေကြသည်။ သူတို့က ထိုသို့သော အင်အားစုများနှင့် ဆက်သွယ်နိုင်မည့်အခွင့်အရေးရလာခဲ့လျှင် သူတို့အတွက် ကျိန်းသေ အကျိုးအမြတ်ရှိလိမ့်မည်။

ယနေ့တွင် ထျန်းချီကုန်းမြေ၏ အစွန်အဖျားတွင် နဂါးအော်မြည်သံများကို ရုတ်တရက် ကြားလိုက်ကြရသည်။ ထိုသည်မှာ မရေတွက်နိုင်သော လူများကို တုန်ယင်သွားစေ၏။ သူတို့က အဝေးသို့ ကတိုက်ကရိုက် မော့ကြည့်လိုက်ကြသည်။ ခရမ်းရွှေရောင် နတ်အလင်းများက ကောင်းကင်သို့ ထိုးတက်လာသည်။ အစွမ်းထက်ပြီး ကြီးမားသည့် နတ်နဂါးများက ကောင်းကင်ကို ဖြတ်ကာ ရွေ့လျားလာကြသည်။ သူတို့၏ အရှေ့တွင် နဂါးကိုးကောင်ရှိနေပြီး အားလုံးက နတ်ဆိုးအင်ပါယာများ ဖြစ်ကြသည်။ သူတို့သည် တန်ဖိုးကြီးခမ်းနားသော ရထားလုံးကို ဆွဲထားကြ၏။ နတ်နဂါးများပေါ်တွင် တန်ခိုးရှင်များရပ်နေကြပြီး သူတို့အားလုံးက ရန်ဟောင်များ ဖြစ်ကြသည်။ သူတို့က နဂါးချပ်ဝတ်များကို ဝတ်ဆင်ထားပြီး အလွန် ခမ်းနားထည်ဝါပုံရသည်။ သူတို့သည် အလွန် အံ့သြဖွယ် ကောင်းသည့် ခံစားချက်ကို ပေးစွမ်းသည်။

တူညီသော နဂါးများက ဘယ်ဘက်ညာဘက်နှင့် ရထားလုံး၏ နောက်ဘက်တွင်လည်း ရှိနေခဲ့သည်။ ထိုအင်အားက အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ ၎င်းတို့က အော်မြည်ရင်း ကောင်းကင်မှ ဖြတ်သန်းသွားကြသည်။ ယင်းတို့ သွားသည့် နေရာတိုင်းတွင် နဂါးအော်မြည်သံများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေပြီး ဖြတ်သွားသည့် အောက်ဘက်မှ လူများကို သတိပေးနေပုံရလေသည်။

ကောင်းကင်မှ မိစ္ဆာသားရဲများက အောက်သို့ ဆင်းလာကြသည်။ တန်ခိုးရှင်များသည်လည်း ထိတ်လန့်အံ့အားသင့်မှုကြောင့် တုန်ယင်နေကြ၏။ အများစုက သူတို့ ခေါင်းများကို ညွှတ်ကာ အရိုအသေပေးလိုသော ပုံစံ ရှိနေသည်။ သူတို့က ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လူများကို မည်သည့်အခါကမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိကြပေ။

အဆင့်မြင့်ရန်ဟောင်တစ်ယောက်​က ဤသာမန်လူများ၏ မျက်လုံးများထဲ၌ ထိပ်သီးတန်ခိုးရှင်များ ဖြစ်လေသည်။

သို့သော် ယခုတွင် ကောင်းကင်ထက်၌ ခရမ်းရွှေရောင်နဂါးများက ရထားလုံးအား ဆွဲကာ ကောင်းကင်ကို ဖြတ်သန်းသွားနေကြသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ လူများက ကောင်းကင်ကို ဖြတ်ကာ လျင်မြန်စွာ ခရီးဆက်နေခဲ့ကြသည်။ ချက်ချင်းပင် သူတို့က အဝေးသို့ ရောက်ရှိသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ သူတို့က အလွန် လျင်မြန်လှ၏။ သို့သော်လည်း ထို အံ့သြဖွယ်မြင်ကွင်းက လူအုပ်ကြီး၏ စိတ်ထဲတွင် အချိန်ကြာမြင့်စွာ ကျန်ရှိနေတော့မည် ဖြစ်လေသည်။ဤခမ်းနားထည်ဝါသည့် မြင်ကွင်းက အထူးသဖြင့် ငယ်ရွယ်သော တန်ခိုးရှင်လေးများအတွက် မမေ့နိုင်စရာ ဖြစ်သည်။

၎င်းသည် အင်အားကြီးပြည်ထောင်တစ်ခု ဖြစ်၏။

မင်္ဂလာပွဲအတွက် သာမန် စီတန်းလှည့်လည်ခြင်းကပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်၏။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက ထျန်းချီကုန်းမြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

အချိန်တချို့ကြာပြီးနောက် အဝေးတွင် ရှိနေသော သွေးနီရောင်မြို့မှ လူများသည်လည်း ထိုသတင်းကို လက်ခံရရှိကြသည်။ ထို့နောက် သတင်းက မြို့တစ်ခွင်ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အလယ်ပိုင်းဒေသ၌ လူအများက ရပ်နေကြပြီ ဖြစ်သည်။ တည်းခိုဆောင်များတွင် လူအများက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများ ခရီးဆက်လာနေသည့် နေရာသို့ ကြည့်လိုက်ကြ၏။ သူတို့က ထိုအကြောင်းကို ဆွေးနွေးရင်း အလုပ်များနေကြသည်။

ထိုလူများက သွေးနီရောင်မြို့မှ ထိပ်သီးအင်အားစုများနှင့် မိသားစုများ​ဖြစ်ကြသည်။ သူတို့က ဤနေရာ၌ စောင့်ဆိုင်းနေကြပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများ ရောက်ရှိမှုကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။ သူတို့က အလွန်ပင် ရိုးသားကြပေသည်။

ထိုသည်မှာ အင်အားစုတစ်ခုတည်း မဟုတ်ပေ။ အခြားသော ထိပ်သီးအင်အားစုများသည်လည်း အဝေးရှိ မတူညီသော နေရာများ၌ စောင့်ဆိုင်းနေကြပြီး သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများနှင့် တွေ့ဆုံရန် မျှော်လင့်နေကြသည်။ သူတို့က မတွေ့ဆုံနိုင်လျှင်ပင် သူတို့မျက်နှာများကို ပြသနိုင်ရုံနှင့် လုံလောက်ပြီ ဖြစ်၏။

ဤ​နေရာ၌ ရှိနေသည့် လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

မကြာခင်မှာပင် တောက်ပသော နတ်အလင်းများက အဝေးရှိ ကောင်းကင်မှ ထိုးထွက်လာခဲ့သည်။ နဂါးအော်မြည်သံများကို ဝေဝေဝါးဝါး ကြားနိုင်၏။ လူတိုင်းသည် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ ရောက်လာကြောင်း သိလိုက်ကြသည်။

သို့သော် သူတို့က အဝေး၌သာ ရှိကြသေးသည်။ နဂါးအော်မြည်သံများမှ သူတို့သည် သွေးနီရောင်မြို့၏ အလယ်ပိုင်းဒေသသို့ ဦးတည်နေကြောင်း သိလိုက်ရသည်။

ထင်ထားသလိုပင် အချိန်တချို့ကြာပြီးနောက် သူတို့သည် နဂါးကိုးကောင်ဆွဲသော စစ်ရထားတစ်စင်းကို မြင်လိုက်ရသည်။ မြင်ကွင်းက အလွန် ခမ်းနားထည်ဝါလှ၏။

နဂါးကိုးကောင်သည် ပေထောင်ချီရှည်လျားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းကာ ကောင်းကင်ကို ကာဆီးထားသည်။ အများစုသည် ယခင်က ထိုသို့ အံ့သြဖွယ်ကောင်းလှသော မြင်ကွင်းမျိုးကို မမြင်ဖူးကြပေ။ နဂါးများက အသွင်ပြောင်းလိုက်လျှင် သူတို့သည်လည်း နတ်ဆိုးအင်ပါယာများ ဖြစ်ကြသည်။ သူတို့ မည်သည့်နေရာသို့သွားသွား ထိပ်သီးတန်ခိုးရှင်များ ဖြစ်လိမ့်မည်။

"သွေးနီရောင်မြို့ ကျန်းကလန်က ရှေးဟောင်းတော်ဝင် ယန်မိသားစု သွေးနီရောင်မြို့ကို ရောက်လာတာ ကြိုဆိုပါတယ်။" ခွန်အားပြည့်ဝသောအသံတစ်ခုက ပြောလိုက်သည်။ နတ် နဂါးကိုးကောင်၏ အော်မြည်သံက ခပ်တိုးတိုး ထွက်ပေါ်လာ၏။ ၎င်းတို့က ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေပြီး ကြီးမားသည့် မျက်လုံးများဖြင့် ရှေ့သို့ ကြည့်လိုက်ကြသည်။ ထိပ်သီးအင်အားစုများမှ အဖွဲ့ဝင်များသည်ပင် အကြွင်းမဲ့ဖိအားကို ခံစားကြရသည်။ ထိုမင်္ဂလာစီတန်းလှည့်လည်ခြင်း အခမ်းအနားသည် ဤနေရာရှိ ထိပ်သီးအင်အားစုများကို ရှင်းလင်းပစ်နိုင်သည်။

အလယ်ရှိ နတ်ဆိုးအင်ပါယာက အဆင့်ကိုးပင် ဖြစ်သည်။

ထို့အပြင် နဂါးရှေ့တွင် ရပ်နေသော လွှမ်းမိုးနိုင်သည့် အရှိန်အဝါနှင့် စီနီယာတစ်ယောက်ကလည်း အဆင့်ကိုးရန်ဟောင်ပင် ​ဖြစ်သည်။ သွေးနီရောင်မြို့မှ လူများက ထိုစီတန်းလှည့်လည်သည့် လူများကြားတွင် အဆင့်ကိုးရန်ဟောင် သုံးယောက်ထက် ပိုများလိမ့်မည်ဟု ခန့်မှန်းနေကြသည်။ သူတို့အတွက် ထိုသူတို့မှာ သူတို့ ဆန့်ကျင်နိုင်သော သူများ မဟုတ်ပေ။

ထို့အပြင် အဆင့်ကိုးရန်ဟောင်အပြင် အဆင့်ရှစ် အဆင့်မြင့်ရန်ဟောင်များလည်း ပါဝင်သည်။ နတ်နဂါးကိုးကောင်ကြားတွင်လည်း တစ်ကောင်မှာ အဆင့်ကိုး နတ်ဆိုးအင်ပါယာဖြစ်ကာ သုံးကောင်က အဆင့်ရှစ်ဖြစ်ပြီး ငါးကောင်က အဆင့်ခုနစ်အသီးသီး ဖြစ်ကြသည်။ သူတို့က အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိကြ၏။

ထို့အပြင် အခြားသော အဆင့်မြင့်ရန်ဟောင်များစွာလည်း ပါဝင်ကြသည်။ ထိုသို့သော အင်အားမျိုးက ကုန်းမြေတစ်ခုကိုပင် သိမ်းပိုက်နိုင်ပေလိမ့်မည်။

ဦးဆောင်လာသူအကြီးအကဲက တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကြိုဆိုဖို့မလိုပါဘူး။ ကျုပ်တို့က ဖြတ်သွားရုံပါ။ ကျေးဇူးပြုပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။"

သူတို့က အနည်းငယ် နှေးချလိုက်သော်လည်း မရပ်တန့်ခဲ့ဘဲ ရှေ့ဆက်သွားနေကြသည်။

တစ်ချိန်တည်းတွင် ထျန်းချီကုန်းမြေမှ ထိပ်သီးအင်အားစုများ၏ ခေါင်းဆောင်များမှ အနည်းငယ်ကလည်း ရောက်လာကာ လက်သီးများဆုပ်၍ အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က မေးလိုက်၏။ "ခရီးမဆက်ခင် သွေးနီရောင်မြို့မှာ ခဏတဖြုတ်လောက် နားချင်သေးလား။"

"မနားတော့ပါဘူး။" အကြီးအကဲက ပြန်ဖြေလိုက်သည်။ တစ်ဖက်လူကလည်း ထပ်မပြောတော့ပေ။ သူတို့က တစ်ဖက်တစ်ချက်ကို ကပ်ကာ မင်္ဂလာစီတန်းလှည့်လည်ခြင်း အခမ်းအနားအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ထိုအချိန်၌ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။ သူက သူတို့ထံ ဖြန့်ကျက်လာသည့် တစ်စုံတစ်ယောက်၏ စွမ်းအားကို အာရုံခံမိလေသည်။ ၎င်းသည် မည်သည့် တွန့်ဆုတ်ခြင်းမှမရှိဘဲ ဤနေရာရှိ လူတိုင်းကို လွှမ်းခြုံလိုက်သည်။ ထိုသည်မှာ အလွန်ရဲတင်းလှသော အပြုအမူ ​ဖြစ်၏။

"ဘယ်သူလဲ။" အကြီးအကဲက အောက်သို့ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများတွင် အေးစက်ကာ ဂရုမစိုက်သည့် အကြည့်တို့ ရှိနေသည်။ သူသည် စွမ်းအား၏ လမ်းကြောင်းကို လိုက်ကာ တည်းခိုဆောင်တစ်ခုသို့ ကြည့်လိုက်၏။ ထိုနေရာတွင် လူတစ်စုထိုင်နေကာ တိတ်ဆိတ်စွာ အရက်သောက်နေကြသည်။

သူ အော်လိုက်သည့်အခါ ထိုလူစုက အရက်ခွက်ကို ချကာ သူတို့ကို မော့ကြည့်လာသည်။ ထိုအချိန်တွင် အကြီးအကဲသည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရ၏။ ထိုလူစုကြား၌ အဆင့်ကိုးရန်ဟောင် အနည်းငယ် အမှန်တကယ် ရှိနေသည်။

မည်သည့်အတွက်ကြောင့် ထိုမျှ များပြားသော အဆင့်ကိုးရန်ဟောင်များ ထျန်းချီကုန်းမြေသို့ စုစည်း ရောက်ရှိနေပါသနည်း။

သူတို့ထဲမှ တစ်ယောက်က မြက်ခမောက်ကို ချွတ်ကာ သူ၏ ငွေရောင်​ဆံပင်တို့အား ထုတ်ဖော်ပြသလာသည်။ သူသည် ချောမောကာ ငယ်ရွယ်သော အသွင်အပြင်ရှိ၏။ သူက ဆွဲဆောင်မှုရှိပုံပေါ်​လေသည်။ လူအများသည် အကြည့်တစ်ချက်နှင့်ပင် ထိုသူက ထူးချွန်သူတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်သည်။

"ရီလျှို့နျန်..." အကြီးအကဲက အော်ဟစ်လိုက်ကာ သူ့အမူအရာက ပြောင်းလဲသွားသည်။ ယခင် တုန်းဟွာအခမ်းအနားတွင် ထိုအကြီးအကဲက မတက်ရောက်ခဲ့သော်လည်း ရီဖူရှင်းအား သတိထားမိရန်မှာ သူ့အတွက် မခက်ပေ။ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အဓိကပုဂ္ဂိုလ်တိုင်း ရီဖူရှင်း၏ ပုံတူကို မြင်ဖူးကြသည်။

အကြီးအကဲက သူ့ကို ရီလျှို့နျန် ဟု မခေါ်သင့်ပေ။ သူက မူလဘုံမှ တန်ခိုးရှင် ရီဖူရှင်း ဖြစ်​သည်။

"သတိထား" အကြီးအကဲက ချက်ချင်း သတိပေးလိုက်သည်။ "လူတိုင်းပဲ.. သတိအပြည့်ထားကြ။"

ရီဖူရှင်းက ဤနေရာတွင် ပေါ်လာရဲလေရာ သူက ကြိုတင်ပြင်ဆင်ထားမည်မှာ သိသာသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားရာ သူတို့က ဤပုဂ္ဂိုလ်အကြောင်း မေ့လုနီးပါး​ဖြစ်သွားကာ သူ မည်သည့်နေရာ၌ ရှိနေကြောင်း ထပ်မရှာဖွေကြတော့ပေ။ သူတို့ မည်သည့်အခါမှ ထင်မှတ်မထားခဲ့သည်မှာ သူတို့ မေ့ပျောက်နေခဲ့သည့် ရီဖူရှင်းက ယခု ထွက်ပေါ်လာမည်ကို ဖြစ်၏။

"ရီလျှို့နျန်က ဘယ်သူလဲ။" ထိုနေရာတဝိုက်ရှိ လူများက မေးလိုက်သည်။ သူတို့သည် အဓိကကုန်းမြေများမှ တန်ခိုးရှင်များ မဟုတ်ကြသည့်အတွက် သူတို့က သူ့အကြောင်းကို မကြားဖူးကြပေ။

"လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက တုန်းဟွာအခမ်းအနားမှာ ရီလျှို့နျန်လို့ခေါ်တဲ့ ပြိုင်ဘက်ကင်းတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ သူက နယ်မြေသခင်အိမ်တော်က အလိုရှိနေတဲ့ပုဂ္ဂိုလ်ပဲ။ ခုနစ်နှစ်လောက်ပျောက်သွားပြီး ဒီနေ့ ဒီနေရာမှာ ထွက်လာလိမ့်မယ်လို့ ထင်မထားမိဘူး။" သူ့အကြောင်းကို ကြားဖူးသည့် လူများက ပြောပြလိုက်သည်။ သူတို့၏ နှလုံးသားများက တင်းကြပ်နေ၏။ ခုနစ်နှစ်လောက် ပျောက်ကွယ်သွားသော ရီဖူရှင်းက ဤနေရာ၌ ပြန်ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ သူတို့အဖွဲ့က ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ လှုပ်ရှားမှုများကို ထောက်လှမ်းနေသည်ဟုပင် ဖြစ်သည်။သူတို့က ဤတစ်ကြိမ်၌ မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

ဘုန်း...

ပုံရိပ်များက ကောင်းကင်သို့ ပြေးတက်သွားကြသည်။ ချက်ချင်းပင် ရီဖူရှင်း၏ အဖွဲ့က ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်တိုက်များအထက်၌ ပေါ်ပေါက်လာသည်။ သူတို့သည် ချက်ချင်းပင် တစ်ဖက်လူများ၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ပြီး ဖြန့်ကျက်နေရာယူလိုက်ကြသည်။ ရီဖူရှင်း၏ အဖွဲ့တွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များလည်း ပါဝင်သည်။သူတို့မှာ နတ်မိမယ်တုံ့လိုင်၊ အာခီမီအင်ပါယာနှင့် လိန်မိသားစုခေါင်းဆောင် ကောင်းကင်ဓားလိန်ခွမ်ရှန်းတို့ ဖြစ်သည်။ အခြားသော တန်ခိုးရှင်အနည်းငယ်က တစ်ချိန်က တုံ့လိုင်နတ်ဘုရားအကြီးအကဲနောက်သို့ လိုက်ခဲ့ပြီး ယခုတွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှနေ၍ နတ်မိမယ်တုံ့လိုင်နှင့် လိုက်ပါလာသူများ ဖြစ်ကြသည်။ ရီဖူရှင်း၊ ချန်ယိနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များလည်း သူတို့အဖွဲ့တွင် ရှိနေခဲ့သည်။ ရီဖူရှင်း၊ ချန်ယိနှင့် ကျီဖုန့်မှလွဲ၍ အခြားသူများမှာ အဆင့်မြင့်ရန်ဟောင်များ ဖြစ်ကြသည်။ ထိုသို့သော အင်အားမျိုးက ကြောက်မက်ဖွယ် ​ဖြစ်၏။သွေးနီရောင်မြို့မှ ထိပ်သီးအင်အားစု တန်ခိုးရှင်များက ထိတ်လန့်အံ့သြသွားကြသည်။ သူတို့၏ စိတ်ထဲ၌ ဝေခွဲမရဖြစ်နေခဲ့ကြသည်။ ရီဖူရှင်းက ဤနေရာ၌ အမှန်တကယ် ပေါ်ပေါက်လာပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ မင်္ဂလာပွဲအတွက် စီတန်းလှည့်လည်ခြင်းကို တားဆီးရန် ပြင်ဆင်နေသည်။ သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုကို ကူညီသင့်လား။

ဤအခွင့်အရေးက ရခဲလှသည်။ သို့သော် သူတို့ ပါဝင်လိုက်လျှင် အနည်းငယ် သတိမထားမိလိုက်သည်နှင့် သူတို့က အသတ်ခံလိုက်ရလိမ့်မည်။

ဆေးအင်ပါယာနှင့် လီချန်ရှန်းကလည်း ရှိနေသေးသည်။

"သူတို့ကို သတ်။" ရီဖူရှင်းက ပြောလိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် တန်ခိုးရှင်များက ရှေ့သို့ ပြေးတက်သွားကြ၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ခေါင်းဆောင်၏ အရှိန်အဝါက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားခဲ့သည်။ သွေးသန့်နဂါးတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ထား၏။ သူ့အောက်ဘက်ရှိ နတ်နဂါးက ကျယ်လောင်သော အော်မြည်သံကို ထုတ်လွှတ်လာပြီး ရီဖူရှင်းထံ ချက်ချင်း ပြေးဝင်လာကာ ရီဖူရှင်းအား ပထမဆုံးရှင်းလင်းပစ်ရန် ကြံရွယ်လိုက်သည်။သူတို့က ရီဖူရှင်းကို ပြန်သယ်ဆောင်သွားနိုင်လျှင် ကြီးစွာသော အကျိုးဆောင်မှုအဖြစ် သတ်မှတ်ခံရလိမ့်မည်။

နတ်မိမယ်တုံ့လိုင်နှင့် အာခီမီအင်ပါယာက ရီဖူရှင်း၏ ရှေ့၌ ထွက်ပေါ်လာသည်။ သူတို့က ချက်ချင်းပင် ပြိုင်ဘက် နဂါးထံ တိုးဝင်သွားကြတော့သည်။

***

All Chapters