← Chapters

အပိုင်း ၈၁၃-၈၁၆

Vol. 41 Ch. 813-816

အပိုင်း ၈၁၃-၈၁၆

Vol. 41 Ch. 813-816

အပိုင်း ( ၈၁၃ )

ဒါက ဟာသလုပ်စရာ မဟုတ်ဘူး

ပင်ပန်းသော ဧည့်သည်များ အနားယူရန် ကျောက်ဝိုင်းစင်တာအတွင်းတွင် အနားယူရန် နားနေခန်းများ ရှိသည်။

ဟွမ်းဝေသည် သီးသန့် နားနေခန်းတံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်သည်။

ထိုကဲ့သို့ နားနေသည့် နေရာမျိုးသည် အလွန်ဈေးကြီးပြီး တစ်နာရီ ယွမ် ၁သောင်းလောက် ပေးရသည်။

သာမန်လူများ တတ်နိုင်သည့် အရာမဟုတ်ပေ။

ထိုအချိန်တွင် ‘ဆုရှန်းမြို့တော်’၏ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်များသည် နားနေခန်းထဲတွင် ထိုင်နေကြသည်။

အလယ်၌ ထိုင်နေသည့်သူမှာ အသက်ငါးဆယ်ကျော် လူလတ်ပိုင်း ယောက်ျားတစ်ယောက်ဖြစ်သည်။

ထိုလူသည် ချောမောသော ထောင့်မှန်ကျကျ မျက်နှာကျရှိပြီး အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားသည်။

ဂုဏ်သရေရှိသော ရောင်ဝါမှာ ပေါ်လွင်နေသည်။

ထိုလူသည် ‘ဆုရှန်းမြို့တော်’၏ သူဌေးဖြစ်သူ လီရှစ်ကိုင်ဖြစ်သည်။

ဟွမ်းဝေသည် လီရှစ်ကိုင်၏ အနောက်သို့ ဂရုတစိုက် လျှောက်လာခဲ့သည်။

" ဥက္ကဌလီ၊ သတင်းပို့စရာ ရှိပါတယ် "

လီရှစ်ကိုင်သည် ကျောက်စိမ်းများ ဝယ်ယူခြင်းနှင့် ပတ်သက်၍ အမှုဆောင်အရာရှိအချို့နှင့် စကားပြောနေသည်။

ထိုစကားကို စကားကြားပြီးနောက် ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ဒါက မန်နေဂျာဟွမ်းပါ။ ဘာဖြစ်လို့လဲ "

ဟွမ်းဝေသည် ထိုလူကို ပြောဆိုရသောအခါ မသိစိတ်မှ ဒူးထောက်ချင်ပြီး သူ့ဖိနပ်များကိုပင် ပြောင်စင်အောင် လျက်ပေးချင်လာသည်။

" ကျွန်တော် ကျောက်စိမ်းတစ်သုတ်ကို သွားဝယ်လာပါတယ်တယ်။ အချိန်ကန့်သတ်ချက်ကြောင့် သန်း၅၀သုံးပြီး တစ်ခါတည်း ဝယ်ခဲ့လိုက်ပါတယ် ....... "

လီရှစ်ကိုင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ကုမ္ပဏီ၏ စည်းမျဉ်းများအရ ဟွမ်းဝေသည် အထက်မှ ခွင့်ပြုချက်မရှိဘဲ ထိုကဲ့သို့ များပြားသည့် ရန်ပုံငွေပမာဏကို အသုံးပြုရန် အရည်အချင်း မပြည့်မီပေ။

ဟွမ်းဝေသည် လီရှစ်ကိုင် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ သူ့နှလုံးခုန်သံ ရပ်မလို ဖြစ်သွားသည်။

" စိတ်မပူပါနဲ့၊ ဥက္ကဌလီ။ ဒီကျောက်စိမ်းအသုတ်က ဈေးတက်မယ်ဆိုတာ သေချာပါတယ်။ ခန့်မှန်းချက်အရ ..... အနည်းဆုံး ဆယ်ဆ ပြန်ရမှာပါ "

အမှန်တွင် သူသည် 'ဆယ်ဆ'ဟု ပြောလိုက်သည်မှာ သူ့ကိုယ်သူ ထိန်းချုပ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။

ယဲ့ဖန်ဆီမှ ရခဲ့သော ပစ္စည်းများ အားလုံးသည် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်လောက် ပိုတန်ဖိုးရှိနိုင်သည်။

ထိုစကားကို ပြောပြီးသည်နှင့် နားနေခန်းထဲရှိ လူများမှာ ဆူညံသွားတော့သည်။

" မန်နေဂျာဟွမ်း၊ မင်းပြောတာ အမှန်လား။ ဆယ်ဆ ပြန်ရမှာလား။ မင်း ငါတို့ကို နောက်နေတာလား "

" ဟုတ်တယ်။ သြဇာအရှိဆုံး ကျောက်လောင်းကစား ဆရာကြီးတွေတောင်မှ ဒီလို ကြွားပြောရဲမှာ မဟုတ်ဘူး။ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ "

" မင်း ငါတို့ကို မပြောဘဲ ဒီလောက်များတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တာ။ မတော်တဆဖြစ်ရင် မင်း တာဝန်ယူနိုင်မှာလား "

" မန်နေဂျာဟွမ်း၊ မင်း နည်းနည်း သတိလက်လွတ် မဖြစ်နေဘူးလား။ ဒီလို ကိစ္စမျိုးကို ဟာသလုပ်လို့ မရဘူး "

အထက်လူကြီးတစ်စုမှ သူ့စကားကို ချက်ချင်း မေးခွန်းထုတ်လေသည်။

ဟွမ်းဝေသည် အတွေ့အကြုံမရှိသော သူတို့၏ အသွင်အပြင်ကို မြင်သောအခါ မသိစိတ်မှ မာန်တက်မိသွားသည်။

" ဥက္ကဌလီရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတဲ့အတွက် ကျွန်တော့်မှာ ယုံကြည်ချက် ရှိပါတယ်။ မယုံရင် ကျိန်ဆိုကတိပေးလို့ ရပါတယ်။ ဒီတစ်ကြိမ်မှာ ပစ္စည်းက အမြတ်ဆယ်ဆမရဘူးဆိုရင် ကျွန်တော် နုတ်ထွက်ရုံတင်မကဘဲ ကုမ္ပဏီအတွက် ဆုံးရှုံးတာတွေကိုပါ တာဝန်ယူပေးသွားမှာပါ "

ကျိန်ဆိုကတိပေးခြင်းကို ရဲဝံ့စွာ လုပ်နေသည်ကို လူတိုင်း မြင်ရသောအခါ ပို၍ပင် မယုံနိုင်ကောင်းသည်ဟု ခံစားခဲ့ရသည်။

လီရှစ်ကိုင်ပင် မေးခွန်းထုတ်ဖြစ်ခဲ့သည်။

" မန်နေဂျာဟွမ်း၊ မင်း ဒီယုံကြည်မှုကို ဘယ်က ရခဲ့တာလဲ "

ဟွမ်းဝေသည် ကျောက်ဖြတ်ကွင်းမှ ယဲ့ဖန် အစွမ်းအစ မည်သို့ပြသခဲ့သည်ကို ချက်ချင်း ပြောပြသည်။

လူတိုင်းက တအံ့တသြ မှတ်ချက်ပေးကြသည်။

" တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့ ကျောက်တုံး လောင်းကစားဆရာကြီး ရှိတာလား။ ငါ ဘာလို့ အရင်က မကြားဘူးတာလဲ "

" ကျောက်စိမ်း အတုံး၂၀ကို ဆက်တိုက်ဖွင့်ပြီး တစ်တုံးစီတိုင်းက ကျောက်အောင်တဲ့အပြင် အမြတ်ပါ ကြီးတာလား။ မန်နေဂျာဟွမ်း၊ မင်း ဒါက ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား "

" အဲ့နေရာမှာ လူတွေအများကြီးလည်း ရှိတယ်လို့ မန်နေဂျာဟွမ်းက မပြောဘူးလား။ အဲ့အချိန်တုန်းက လူတွေ အများကြီးက ကြည့်ရှုနေကြမှာပဲ။ အဲ့တာဆို အလွယ်တကူ လိမ်နိုင်မှာ မဟုတ်ဘူး။ မန်နေဂျာဟွမ်းက လိမ်ပြောမှာ မဟုတ်ပါဘူး "

" ဟုတ်တယ်။ ဒါပေမယ့် ဒါက မယုံနိုင်စရာပဲ ...... "

အားလုံး အံ့သြနေကြချိန် လီရှစ်ကိုင်မှ ဆက်မေးသည်။

" ဒီဆရာကြီးယဲ့က တကယ်ကို အစွမ်းထက်တာပဲ။ ဒါပေမယ့် ဒါက မင်း ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာနဲ့ ဘာဆိုင်လို့လဲ "

ဟွမ်းဝေ မျက်လုံးပြူးသွားသည်။

" အဲ့ဒီတုန်းက ယဲ့ဆရာကြီးက ကျောက်ဖြတ်ပြီးတာနဲ့ ထွက်သွားတော့မယ်ဆိုလို့ စည်းရုံးပြီး ကော်မရှင် ၂၀ရာခိုင်နှုန်း ပေးမယ်ဆိုပြီး ဆွဲဆောင်ခဲ့ရလို့ပါ။ နောက်ဆုံးကျ သူက ကျောက်စိမ်းရွေးတာ ကူညီဖို့ သဘောတူခဲ့ပါတယ် ....... "

လီရှစ်ကိုင် နောက်ဆုံးတွင် ထိုင်ပင် မထိုင်နိုင်တော့ချေ။

" ဒီကျောက်တွေ အားလုံးကို ယဲ့ဆရာကြီးက မင်းအတွက် ရွေးပေးခဲ့တာလို့ ပြောနေတာလား "

ဟွမ်းဝေ ရှက်စိတ်မရှိဘဲ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်။ ယဲ့ဆရာကြီးနဲ့လည်း အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပါတယ် "

လီရှစ်ကိုင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

" ကောင်းလိုက်တာ၊ မန်နေဂျာဟွမ်း။ ဒီတစ်ခါ မင်း လုပ်တာ ကောင်းတယ်။ ယဲ့ဆရာကြီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်တာက ငွေရှာတာထက် ပိုအရေးကြီးတယ်။ ၂၀ရာခိုင်နှုန်းမပြောနဲ့ ၅၀ရာခိုင်နှုန်းဆိုရင်တောင် တန်တယ် "

ကုမ္ပဏီ၏ အခြားအဆင့်မြင့် အရာရှိများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။

ထိုကဲ့သို့သော ကျောက်ပညာရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းသည် ကျောက်စိမ်းလုပ်ငန်းလောကရှိ သူတို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ဟွမ်းဝေ ပို၍ပင် ဝမ်းသာသွားသည်။

သူသည် ယခုအကြိမ် ကုမ္ပဏီအား ကြီးမားစွာ ပံ့ပိုးပေးနိုင်ရုံသာမက မကြာမီ ရာထူးတိုးခံရမည် ဖြစ်သည်။

သူ ၂၀% ကော်မရှင်လည်း ယူနိုင်ပေမည်။

တကယ့်ကို ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်လိုက်တာပဲ။

လီရှစ်ကိုင်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

" မန်နေဂျာဟွမ်း၊ မင်းဝယ်ထားတဲ့ ကျောက်စိမ်းတွေဆီ ငါတို့ကို ခေါ်သွား "

ဟွမ်းဝေသည် ကန့်ကွက်ခြင်း မရှိပေ။

" ကျွန်တော် ကျောက်ဖြတ်ကွင်းကို ပို့ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ "

ထိုစကားကို ပြောပြီးနောက် သူသည် ဦးဆောင်ကာ ကျောက်ဖြတ်ကွင်းဆီသို့ လျှောက်သွားခဲ့သည်။

အခြားအရာရှိများလည်း လျင်မြန်စွာ လိုက်လာကြသည်။

မကြာခင် သူတို့အဖွဲ့သည် ကျောက်ဖြတ်ကွင်းသို့ ရောက်ရှိလာပြီး သူတို့၏ ကျောက်တွေကို တွေ့ရှိခဲ့ကြသည်။

သေးငယ်သော တောင်ပုံတစ်ခုကဲ့သို့ ကျောက်စိမ်းတုံးပေါင်း ၂၀ရှိသည်။

လီရှစ်ကိုင်နှင့် အခြားမြင့်အရာရှိများသည် ရွှေတောင်ကြီးကို ကြည့်နေရသကဲ့သို့ ကြည့်ကာ သူတို့အားလုံးမှာ ပါးစပ် နားရွက်ချိတ်မတတ် ပြုံးနေကြသည်။

" ကောင်းတယ်၊ ဒီကျောက်စိမ်းတွေက တခြားကျောက်တွေနဲ့ မတူဘူး။ ယဲ့ဆရာကြီးရဲ့ အမြင်အာရုံက တကယ်ကို ထူးခြားတာပဲ "

အထက်အရာရှိများမှ ချီးကျူးကြသည်။

" ဒါဆို ငါတို့ ဘာကို စောင့်နေတာလဲ။ မြန်မြန်ဖွင့်ပြီး ဖြတ်ကြည့်လိုက်ကြရအောင် "

အမှုဆောင်တစ်ဦးမှ တိုက်တွန်းလိုက်သည်။

ဘယ်လိုပစ္စည်းကောင်းတွေ ရနိုင်မလဲဆိုတာကို မစောင့်နိုင်တော့ပေ။

ဟွမ်းဝေသည် သူတို့အား ကူညီပေးရန်အတွက် ကျောက်ဖြတ်ပညာရှင်ကို ချက်ချင်းရှာခဲ့သည်။

ကျောက်ဖြတ်ဆရာသည် သူတို့ ပြောနေသည်ကို ကြားပြီး ထိုကျောက်များမှာ ယဲ့ဆရာကြီး ရွေးထားသည့် ပစ္စည်းများဖြစ်ကြောင်း ကြားသိလိုက်ရသည်။

သူ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကျောက်ဖြတ်စက်ပေါ်ရှိ ဖြတ်လက်စ ကျောက်စိမ်းကိုပင် ချက်ချင်း ဖယ်ပြီး အသစ်တင်ကာ စတင်ရန် ခလုတ်ကို နှိပ်လိုက်သည်။

ကျွီ ........

ကျောက်ဖြတ်စက်မှ နားကွဲမတတ် အသံစူးစူး ထွက်ပေါ်လာသည်။

အထက်လူကြီး အုပ်စုသည် သူတို့၏ နားရွက်များကို ဖုံးအုပ်ကာ ကျောက်ဖြတ်စက်ရှေ့တွင် စုရုံးရပ်နေပြီး စောင့်မျှော်နေကြသည်။

ခဏအကြာတွင် ပထမဖြတ်ခြင်း ပြီးသွားခဲ့သည်။

ကျောက်ဖြတ်သမားသည် စက်ကိုရပ်လိုက်ပြီး ရေငွေ့များ လွင့်စင်သွားစေရန် စောင့်ပြီး အဖုံးကို ဖွင့်လိုက်သည်။

သို့သော် လီရှစ်ကိုင်နှင့် အခြားသူများသည် ထိုကျောက်ဖြတ်သူမှာ အနည်းငယ် ပဟေဠိဆန်နေသကဲ့သို့ မျက်နှာထား တင်းသွားသည်ကို တွေ့လိုက်ရသည်။

" ဆရာကြီး ဘယ်လိုလဲ ကျောက်ရည်ထွက်လာတာလား "

ဟွမ်းဝေသည် ပိုလို့ပင် တုန်လှုပ်သွားပြီး အမြန် မေးလိုက်သည်။

ထိုဆရာကြီးက ကျောက်စိမ်းတုံးကို ဖယ်ပြီး ပေးလိုက်သည်။

" ကိုယ့်ဟာကိုယ် ကြည့်လိုက် "

လူတိုင်း၏ မျက်လုံးများသည် ချက်ချင်း ကျောက်စိမ်းတုံးပေါ်တွင် စုသွားကြပြီး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ကျောက်စိမ်းတုံးသည် အဖြူရောင်ချည်းသာ ဖြစ်နေပြီး အစိမ်းရောင် လုံးဝမရှိပေ။

ကျောက်ရှုံးတာလား။

ထိုမြင်ကွင်းကို သူ မြင်လိုက်သည်နှင့် လီရှစ်ကိုင်၏ မျှော်လင့်ချက်အပြည့်ဖြင့် အမူအရာမှာ ပြောင်းလဲသွားသည်။

ဟွမ်းဝေကို လှည့်ကြည့်လိုက်သည်။

" မန်နေဂျာဟွမ်း၊ ဘာတွေ ဖြစ်နေတာလဲ "

ဟွမ်းဝေ၏ နဖူးတွင် အေးစက်သော ချွေးစေးများ ချက်ချင်း ထွက်လာသည်။

" ဖြစ်နိုင်တာက ..... ကျွန်တော်တို့ ဒီထက်ပိုပြီး ခွဲရမယ်ထင်တယ် ....... "

လီရှစ်ကိုင်သည် သူ့ကို စိတ်မချမ်းသာစွာ စိုက်ကြည့်ပြီး ကျောက်ဖြတ်ဆရာထံ ပြန်လှည့်ပြီး ပြောသည်။

" ဆရာကြီး၊ နည်းနည်းလေး နက်အောင် ဖြတ်ပေးပါ "

ဆရာကြီးက သူတို့ ပြောသည့်အတိုင်း လုပ်ပေးသည်။

ဤတစ်ကြိမ်တွင် သူသည် ကျောက်ကို တစ်ဝက်တိတိ ခွဲဖြတ်လိုက်သော်လည်း ထုတ်ယူ ကြည့်လိုက်သည့်အခါ အဖြူရောင်သပ်သပ် ဖြစ်နေဆဲဖြစ်သည်။

" ဒီကျောက်က ရှုံးသွားပြီလို့ ယူဆနိုင်တယ်။ တခြားတစ်တုံးကို ပြောင်းကြည့်ရအောင် "

ကျောက်ဖြတ်ဆရာကြီးသည် ယခင်ကလို စိတ်အားထက်သန်မှု မရှိတော့ချေ။

လီရှစ်ကိုင်နှင့် အခြားအဆင့်မြင့်အရာရှိများသည် ဟွမ်းဝေကို အေးစက်စွာကြည့်ပြီး သူ့ထံမှ ရှင်းပြချက်ကို စောင့်မျှော်နေကြသည်။

အပိုင်း ( ၈၁၄ )

သူ ချောက်ချလိုက်တာ ဖြစ်မယ်

ဟွမ်းဝေသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ကျောက်လောင်းကစားတာကလည်း လောင်းကစားရဲ့ သဘောသဘာဝရှိပါတယ်။ ကျောက်အောင်ပြီး ဈေးမြင့်မယ်ဟု ၁၀၀ရာခိုင်နှုန်း ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ပါဘူး “။

နောက်အတုံးတွေမှာတော့ ဈေးတိုးလာနိုင်သည်။

ဤထူးဆန်းသော ကျောက်ရိုင်းတုံး ၂၀ကျော်အတွက် ယွမ် သန်း၅၀ ကျော် သုံးစွဲခဲ့သည်။

ပျမ်းမျှအားဖြင့် ကျောက်တစ်ခုစီသည် ယွမ် ၂သန်းကျော် ကုန်ကျသည်။

တစ်နည်းဆိုရလျှင် သူ့ကြောင့် ကုမ္ပဏီမှ ယွမ်ငွေ ၂သန်းကျော် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

အကယ်၍ နောက်တစ်တုံးသည် တန်ကြေးမတက်လာပါက သူ၏ လက်ရှိရာထူးကို ဆက်ထိန်းထားနိုင်မည်လားဆိုတာ မသေချာတော့ပေ။

လီရှစ်ကိုင်၏ အမူအရာသည် အလွန်ရုပ်ဆိုးနေပြီ ဖြစ်သော်လည်း ယခုအခါ အခြားနည်းလမ်း မရှိတော့ပေ။

" ငါ့ကို နောက်တစ်ခု ယူခဲ့ပေး "

ချက်ချင်း တစ်စုံတစ်ယောက်မှ နောက်တစ်တုံးကို ယူပြီး သူ့ဆီသို့ ပေးလိုက်သည်။

လီရှစ်ကိုင်သည် ထိုလူကို ချက်ချင်း ဟောက်လိုက်သည်။

" ဘာလုပ်နေတာလဲ။ ကျောက်ဖြတ် ဆရာကြီးကို ပေးရမှာ "

လီသူဌေးသည် ဒေါသထွက်နေကြောင်း ထိုလူက သိနေ၍ အခြားဘာမျှ မပြောရဲတော့ပေ။

သူသည် ကျောက်စိမ်းတုံးကို ကျောက်ဖြတ်ဆရာကြီးဆီ အမြန် လွှဲပေးလိုက်သည်။

ကျွီ .........

ကျောက်ဖြတ်စက်သံ ထွက်ပေါ်လာပြန်သည်။

အားလုံးသည် စက်ကို တစ်စက္ကန့်မျှလေးပင် အကြည့်မရွေ့ရဲဘဲ စိုက်ကြည့်နေကြသည်။

ထိုအခိုက်အတန့်တွင် အားလုံးသည် အစိမ်းရောင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။

" ဒီတစ်ခါတော့ "

ဟွမ်းဝေသည် စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။

ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

အခြားအမှုဆောင် အရာရှိများကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။

အခု မန်နေဂျာဟွမ်းကို အထင်လွဲမိခဲ့ကြပုံပဲ။

ဒီတစ်ခါ အမြတ်ရပါက ဆုံးရှုံးမှုတွေအတွက် ထိန်းထားနိုင်မည် ဖြစ်သည်၊

သို့သော်လည်း ဆရာကြီးက ကျောက်စိမ်းတုံးကို ထုတ်ယူလိုက်သောအခါ အားလုံး၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားသည်။

ဤတစ်ကြိမ်တွင် အမှန်တကယ် အစိမ်းရောင်ရှိသော်လည်း အနိမ့်ဆုံးအဆင့်ဖြစ်သည့် ပဲစေ့စိမ်းဖြစ်ပြီး ကျောက်သားသည်လည်း အလွန်ကြမ်းတမ်းလေသည်။

လူတိုင်း၏ နှလုံးသားထဲမှ ပေါက်ဖွားလာသည့် မျှော်လင့်ချက်များမှ ချက်ချင်းကွဲအက်သွားပြီး ဒေါသအရှိန်မှာ ပိုပြင်းထန်လာခဲ့သည်။

" မန်နေဂျာဟွမ်း၊ ဘာဖြစ်တာလဲ။ မင်း ငါတို့ကို ရှင်းပြရမယ် "

" ဟုတ်တယ်။ ဒီကျောက်တွေ အားလုံးကို ယဲ့ဆရာကြီးက မင်းအတွက် ရွေးပေးခဲ့တာလို့ မင်းပဲပြောတာ မဟုတ်ဘူးလား။ ဘာလို့ နှစ်တုံးဆက်တိုက် ကျောက်ရှုံးရတာလဲ "

" ဒီကျောက်စိမ်းနှစ်တုံးက ငါတို့ကို ယွမ် ၅သန်း ဆုံးရှုံးစေခဲ့တယ်။ တခြား ဘာပြောစရာ ရှိသေးလဲ "

" အဲ့ဆရာကြီးကို ဘယ်မှာတွေ့တာလဲဆိုတာ ဘယ်သူ သိမှာလဲ "

" သူနဲ့ အဲ့ဒီ 'ဆရာကြီး'ဆိုတဲ့သူက ငါတို့ကို အကွက်ဆင်ဖို့ အတူတူ လုပ်ခဲ့တာ ဖြစ်နိုင်တယ်မလား "

အထက်လူကြီးများ၏ ဒေါသကို ရင်ဆိုင်ရင်း ဟွမ်းဝေ ထိတ်လန့်နေပြီ ဖြစ်သည်။

ဒါက မဟုတ်သေးဘူး။

ယဲ့ဆရာကြီးသည် နတ်ဘုရားလို အရည်အချင်းဖြင့် ကျောက်တစ်ခုပြီး တစ်ခု တန်ဖိုးတက်လာစေခဲ့သည်။

သူ့လက်ထဲကျမှ ဘာလို့ လုံးဝကို ကွဲပြားသွားတာလဲ။

အဲ့ကလေးက သူ့ကို အကွက်ဆင်ထားတာ ဖြစ်နေမလား။

ထိုအတွေးပေါ်လာသည်နှင့် တပြိုင်နက် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ဒီလိုသာ တကယ် ဖြစ်ခဲ့လျှင် ဒီတစ်ခါ သူ သေပြီဖြစ်သည်။

ထိုအချိန်မှာ တိတ်ဆိတ်နေသည့် လီရှစ်ကိုင်က ရုတ်တရက် အော်လိုက်သည်။

" ကျန်တာတွေ ဆက်ဖွင့် "

အခြားသူများကလည်း သူ့အမိန့်ကို ကြားသည့်အခါ တန်းပြီး လိုက်နာကြသည်။

သူတို့ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူတို့သည် ဖြတ်ပြီးသော နှစ်တုံးမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ကျန်အတုံးများသည် တန်ဖိုးတိုးလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် သူတို့ဆန္ဒအတိုင်း ဖြစ်မလာပေ။

ကျန်ရှိသော ကျောက်စိမ်းတုံးများသည်လည်း ခြွင်းချက်မရှိ အားလုံး ကျောက်ရှုံးသွားသည်။

နောက်ဆုံးအတုံးကို ဖြတ်ပြီးမှသာ လူတိုင်းလက်လျှော့သွားကြသည်။

မြေပြင်ပေါ်ရှိ ကျောက်စိမ်းပုံကြီးကို ကြည့်ရင်း ......

မဟုတ်ချေ၊ အတိအကျ ပြောရလျှင် ကျိုးပဲ့နေသော ကျောက်တုံးပုံကြီးတစ်ခုသာ ဖြစ်သည်။

လူတိုင်းမှာ ငိုချင်နေသော်လည်း မျက်ရည်မကျချေ။

ဤသည်မှာ သန်း၅၀တန်သော ကျောက်တုံးပုံကြီး ဖြစ်သည်။

ထိုငွေပမာဏဖြင့် စံအိမ်ကြီး အနည်းငယ်ပင် ဝယ်ယူနိုင်သော်လည်း ယခုအခါ တန်ဖိုးမရှိသည့် ကျောက်တုံးပုံကြီးကိုသာ ဝယ်ယူခဲ့ကြပြီသည်။

ဟွမ်းဝေသည် ချောက်ထဲကျသွားပြီး သူ့စိတ်တွေ ဝေဝါးလာတော့သည်။

သူ မည်မျှပင် မိုက်မဲပါစေ ယဲ့ဖန်ဆီမှ လှည့်စားခံလိုက်ရသည်ကို သိနားလည်လိုက်သည်။

သူသည် ကုမ္ပဏီဘဏ္ဍာငွေ ယွမ် သန်း၅၀ ကျော်ကို အလွဲသုံးစား လုပ်ခဲ့သည်။

ကုမ္ပဏီမှ ရဲကို ချက်ချင်း ဖုန်းဆက်လို့ပင် ရသည်။

လီရှစ်ကိုင်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် မျက်လုံးများကို မှိတ်ထားပြီးနောက် ဟွမ်းဝေကို အေးစက်စွာ ကြည့်နေလေသည်။

ဟွမ်းဝေသည် သူ့ခြေထောက်များ ပျော့ခွေသွားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

" ဥက္ကဌလီ၊ ကျွန်တော် … ကျွန်တော်လည်း လှည့်စားခံရတာပါ။ အကွက်ဆင်ခံရတာပါ။ ကျွန်တော်က ...... အပြစ်ကင်းပါတယ် "

အထက်အရာရှိအုပ်စုသည် သူ့ရှင်းပြချက်ကို ကြားပြီး ယဲ့ဖန်ကို ကျိန်ဆဲကြတော့သည်။

" ဟွမ်းဝေ မှားနေပေမယ့် 'ယဲ့ဆရာကြီး'လို့ ခေါ်တဲ့သူတာက ပိုပြီးတောင် စက်ဆုပ်စရာကောင်းတယ်လို့ ခံစားရတယ်။ သူက မန်နေဂျာဟွမ်းကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့တာ ထင်ရှားတယ်

" ငါ သိနှင့်နေတယ်။ ဒီလောက် တန်ခိုးကြီးတဲ့ ဆရာကြီး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ မဖြစ်နိုင်ဘူး "

" ဒီလိမ်လည်သူတွေက မောက်မာလွန်းတယ်။ သူတို့က ငါတို့ရဲ့ ‘ဆုရှန်းမြို့တော်ကို တကယ်ပဲ လှည့်စားရဲတာလား "

" မန်နေဂျာဟွမ်းကို သံသယရှိပေမယ့် အဲ့တာကို မရည်ရွယ်မိတဲ့ အမှားလို့ ယူဆလို့ရတယ် မဟုတ်လား "

" ငါလည်း အဲ့လိုထင်တာပဲ ..... "

လီရှစ်ကိုင်သည် အထက်လူကြီးများက ဟွမ်းဝေအတွက် ပြောဆိုနေသည်ကို ကြားသောအခါ သူတို့ပြောသော စကားသည် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။

လူလိမ်၏ နည်းလမ်းများသည် အလွန်ပါးနပ်သည်။

သူသည် လူတိုင်း၏ ယုံကြည်မှုကို ရရှိစေရန် လူတိုင်းရှေ့တွင် ကျောက်များကို ဖြတ်တောက်ပြခဲ့သည်။

ထို့နောက် ထိုယုံကြည်မှုဖြင့် ထောင်ချောက်ဆင်လေသည်။

သူလည်း အဲ့ဒီမှာ ရှိနေလျှင် လှည့်စားခံရနိုင်သည်။

ဟွမ်းဝေသည် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ခဲ့ပြီး အခြေအနေမှာ အလွန်ဆိုးရွားသော်လည်း ကုမ္ပဏီအတွက် အကျိုးအမြတ် ဖန်တီးပေးလိုသည့် ဆန္ဒဖြစ်သောကြောင့် နားလည်ပေးနိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် 'ယဲ့ဆရာကြီး'ဟုခေါ်သော ထိုလူသည်သာ အမှန်တကယ် မုန်းစရာကောင်းလွန်းပြီး သူ့ကို လွယ်လွယ်နှင့် လုံးဝ လက်မလွှတ်သင့်ပေ။

သူသည် ထိုဆရာကြီးနှင့် မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေစဉ် လူတစ်စုသည် ကျောက်ဖြတ်ကွင်းဆီသို့ ရုတ်တရက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

" ယဲ့ဆရာကြီးက ကျောက်တွေကို ထပ်ဖြတ်ဖို့ လာနေပြီ။ ဘယ်သူ စက်ကိုင်မှာလဲ "

" ယဲ့ဆရာကြီးက အပိတ်လောင်းကစားနေရာမှာ အတုံး၂၀ ဆက်တိုက် ဖြတ်ခဲ့တာတောင် တစ်တုံးမှ အရှုံးဘူး။ ဒီတစ်ကြိမ်လည်း သူက နောက်ထပ် ဂုဏ်မှတ်တိုင်တစ်ခုကို ဖန်တီးနိုင်မှာ "

" ယဲ့ဆရာကြီးရဲ့ ကျောက်ပညာကို ထပ်တွေ့ရဖို့ ငါ တကယ်ကို စောင့်မျှော်နေမိပြီ "

" ယဲ့ဆရာကြီးက တကယ် တန်ခိုးကြီးလွန်းတယ် ........... "

အပိုင်း ( ၈၁၅ )

ကံကောင်းသွားတာ ဖြစ်နိုင်တယ်။

‘ဆုရှန်းမြို့တော်’၏ အထက်အရာရှိများသည် ယဲ့ဖန်ကို လူတစ်စုမှ အားပေးနေသည်ကို မြင်သောအခါ သူတို့ ဒေါသ ထွက်ခဲ့ကြသည်။

" ဒီကလေးက ထပ်ပြီး လှည့်စားရဲတဲ့ သတ္တိရှိတာလား။ သူ့ရဲ့ စရိုက်အစစ်တွေကို ဖော်ထုတ်ဖို့ လိုတယ် "

" ဟုတ်တယ်။ ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြန်လည် ရယူရမယ့်အပြင် နောက်ထပ်လူတွေ လှည့်စားခံရမှာကိုလည်း ကာကွယ်ပေးဖို့ လိုအပ်တယ် "

" ဒီလိုလူလိမ်က ဆရာကြီးတစ်ယောက် အနေနဲ့ တကယ်ပဲ ချီးကျူးခံနေရတာလား။ တကယ်ကို ရယ်စရာကောင်းလွန်းတယ် "

" သူနဲ့ ရှင်းလိုက်ကြရအောင် ....... "

လူတိုင်းသည် ယဲ့ဖန်နှင့် ပြဿနာရှာချင်နေကြသည်။

ဟွမ်းဝေ၏ မျက်နှာသည် ဖျော့တော့သွားသည်။

သူသည် တာဝန်ရှောင်ရန် ယဲ့ဖန်ကိုသာ အပြစ်ဖို့လိုက်သည်။

အကယ်၍ အမှုဆောင်များသည် ယဲ့ဖန်နှင့် တည့်ရှင်းရန် သွားလျှင် သူသည် ဖော်ထုတ်ခံရနိုင်သည်။

ထိုအချိန်၌ လီရှစ်ကိုင်က လူတိုင်းကို ရုတ်တရက် လှမ်းပြီး တားလိုက်သည်။

" ခဏစောင့်ပါဦး "

အားလုံးသည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

လီရှစ်ကိုင် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

" စောင့်ကြည့်ရအောင်။ ဒီကလေးက တကယ်ပဲ စွမ်းဆောင်နိုင်တာလား၊ ဒါမှမဟုတ် နာမည်အလွတ်သက်သက်လားဆိုတာ ကြည့်ရအောင် "

ထိုမှသာ လူတိုင်းသည် သူတို့၏ ဒေါသကို ဖိနှိပ်ထားခဲ့ကြသည်။

သူတို့သည် ယဲ့ဖန်အား အေးစက်စွာ စိုက်ကြည့်နေကြသည်။

ယဲ့ဖန်သည် သူတို့ကို သဘာဝကျစွာဖြင့် သတိထားမိသည်။

အထူးသဖြင့် ဖျော့တော့နေသည့် ဟွမ်းဝေ ကို ဖြစ်သည်။

ရယ်စရာကောင်းသည်ဟု ထင်လေသည်။

လူတစ်စုသည် ကျောက်ဖြတ်စက်ဆီသို့ ရောက်လာကြသည်။

ယဲ့ဖန်၏ အမိန့်မပါဘဲပင် လူတိုင်းမှ သူ့အတွက် ကျောက်ဖြတ်ပေးရန် ကူညီချင်နေကြသည်။

တစ်ဝက်ဖွင့် လောင်းကစားဝိုင်းရှိ ပစ္စည်းများသည် အလွန်သာမန်ဖြစ်ကာ တစ်ခု၊ နှစ်ခုသာ ကောင်းလေသည်။

ဈေးလည်း အလွန်ကြီးသည်။

ထို့ကြောင့် နောက်ဆုံးတွင် သူသည် ပစ္စည်းသုံးမျိုးကိုသာ ရွေးခဲ့သည်။

ကျောက်တုံးပေါ်တွင် မျဉ်းကြောင်းတစ်ခုဆွဲပြီးနောက် သူသည် ဂရုမစိုက်တော့ဘဲ ရှုကျင်းရှင်းနှင့်အတူ လက်ဖက်ရည်သောက်ရန် ဘေးသို့ ခေါ်သွားသည်။

လီရှစ်ကိုင်နှင့် အခြားလူများသည် သူ့ကို ချက်ချင်း ဝိုင်းရံထားပြီး ဘာဖြစ်သွားမည်ကို မြင်ချင်ကြသည်။

အထူးသဖြင့် ဟွမ်းဝေ ဖြစ်သည်။

ဒီတစ်ခါ ကျောက်ရှုံးပါစေဟု စိတ်ထဲမှ ဆုတောင်းနေခဲ့သည်။

မဟုတ်ပါက သူ၏ လိမ်ညာမှုကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

သူ၏ ဆုတောင်းချက်များကို ဘုရားတစ်ဆူမှ အမှန်တကယ် ကြားသွားခဲ့ပုံ ရသည်။

ကျောက်ဖြတ်သည့် တာဝန်ခံသည် စက်ကို အလွန်ကျွမ်းကျင်စွာ ဖွင့်ပြီး ပထမအဖြတ်ကို လျင်မြန်စွာ ဖြတ်ပြီးခဲ့သည်။

ကျောက်စိမ်း ပေါ်လာသည့်အခါ လူတိုင်း စိတ်ပျက်သွားကြသည်။

" တကယ်ကြီး ကျောက်စေးရေခဲသား အမျိုးအစားလား "

ကျောက်သည် မြင်သာစွာ ဖြတ်ပြီးနောက် အစိမ်းရင့်ရောင်ပေါ်လာပြီး ကြည်လင်မှု မရှိချေ။

ကျောက်စေးရေခဲသားသာ ရှိသည်။

သာမန်ကစားသမားအတွက် ဤရေခဲအမျိုးအစားသည် အမှန်တကယ် ကောင်းမွန်နေပြီ ဖြစ်ပြီး အမြတ်ဝင်ငွေများစွာ ရရှိနိုင်သည်။

သို့သော် ကျောက်ဒလောင်းဆရာကြီးအသစ် ယဲ့ဖန်အပေါ်တွင် သူတို့သည် မြင့်မားသောမျှော်လင့်ချက်ရှိသည်။

သူတို့ အနည်းငယ် စိတ်ပျက်သွားကြသည်။

လီရှစ်ကိုင်နှင့် အခြားသူများမှာတော့ လွန်စွာ စိတ်ဓာတ်ကျနေခဲ့သည်။

ဒီလူတွေရဲ့ စားချင်စိတ်က ဇီဇာကြောင်လွန်းတာပဲ။

သူတို့ရခဲ့တဲ့ အကောင်းဆုံးပစ္စည်းဆို ပဲစေ့ရည်ပဲ ရှိတာ။

ကျောက်စေးရေခဲသားက အများကြီး ပိုသာတယ်။

သို့သော် ဟွမ်းဝေသည် အလွန်ပျော်သွားကာ ခုန်မိမတတ် ဖြစ်သွားသည်။

ရေခဲအမျိုးအစားသည် မဆိုးဘူးဟု ယူဆနိုင်သော်လည်း ယဲ့ဆရာကြီး၏ အဆင့်အတန်းနှင့် မကိုက်ညီချေ။

ထိုအဖြစ်က 'လိမ်လည်သူ'ပုံစံကို ထပ်မံအတည်ပြုပေးခဲ့သည်။

လီသူဌေးတို့က ထိုသို့ ထင်သွားနိုင်သည်။

သိူ့သော် ဒီအချိန်၌ တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

" ယဲ့ဆရာကြီးက ဟိုဘက်မှာ မျဉ်းမဆွဲထားဘူးလား။ အဲ့တစ်ဖက်ကနေ ဖြတ်လို့ရတယ် "

ထိုမှသာ ယဲ့ဖန်ဆွဲထားသော မျဉ်းရောက်ရန် နောက်တစ်ကြိမ် ထပ်ဖြတ်ရန် လိုအပ်ကြောင်း လူတိုင်း သတိပြုမိလိုက်ကြသည်။

ကျောက်ဖြတ်သည့်သူက တခြား ဘာမှမပြောဘဲ အမှတ်အသားအတိုင်း ထပ်ဖြတ်လေသည်။

သူ ပြန်ထုတ်လိုက်သည့်အခါ လူအုပ်ကြီးမှ ချက်ချင်း အာမေဋိတ်သံတွေ ထွက်လာသည်။

" ဟ၊ ဒီဓားက ကျောက်စိမ်းနီကို ဖြတ်လိုက်တာလား "

" ခုနက ဖြတ်တုန်းက စိမ်းနေပေမယ့် ဒီတစ်ဖြတ်ကျ တကယ်ကြီး နီနေတာလား။ ဒါက နှစ်ရောင်လား "

" ကျောက်စိမ်းတစ်ခြမ်းစီမှာ အရောင်နှစ်ရောင် ရှိနေတာလား။ အတုလား "

" မင်းက သိပ်ပညာမတတ်ဘူး ထင်တယ်။ ဒီလိုကျောက်စိမ်းမျိုးက ရှားပေမဲ့ မရှိတာတော့ မဖြစ်နိုင်ဘူး။ အနီရောင်က ကံကြမ္မာကို ကိုယ်စားပြုပြီး အစိမ်းက ချမ်းသာတာကို ကိုယ်စားပြုတယ်။ အနီတစ်ဝက်နဲ့ အစိမ်းတစ်ဝက်က စည်းစိမ်ဥစ္စာနဲ့ ချမ်းသာမှု နှစ်ခုစလုံးကို ဆိုလိုတယ် "

" ဒီကျောက်က တကယ်ပဲ အထူးပြောစရာတွေ အများကြီးရှိတာလား။ ဒါဆို ဒီပစ္စည်းက အရမ်းတန်ဖိုးရှိသင့်တယ် မဟုတ်လား "

" ယဲ့ဆရာကြီးက ရွေးထားမှတော့ ဒီလောက်ရိုးရှင်းတာ ဖြစ်နိုင်ပါ့မလား "

" ယဲ့ဆရာကြီးက ကျောက်ရှုံးသွားတယ်လို့ ငါက တကယ် သံသယ ဝင်မိနေတာလား။ ကြည့်ရတာ ငါက နုံအလွန်းသွားပုံပဲ "

" ယဲ့ဆရာကြီးက ဘယ်တော့မီ စိတ်မပျက်စေရဘူး ....... "

လီရှစ်ကိုင်တို့သည် လူအုပ်ကြီး၏ မြှောက်ပင့်ပြောဆိုသံကို နားထောင်ပြီး အချင်းချင်း အံ့အားသင့်စွာ ကြည့်နေကြသည်။

ဒီယဲ့ဆရာကြီးက တကယ် ထူးခြားတာလား။

တကယ်ပဲ ဒီအတုံးက နှစ်ရောင်ပါတဲ့ ကျောက်စိမ်းလား။

ကျောက်စေးသားမျှသာ ဖြစ်နေလျှင်ပင် တန်ဖိုးမှာ နှိုင်းယှဥ်၍ မရနိုင်ပေ။

ယဲ့ဆရာကြီးဆိုသူသည် လူလိမ်တစ်ယောက်ပုံစံ မပေါ်ချေ။

ဟွမ်းဝေသည် ချက်ချင်း ချွေးအေးများ ထွက်လာပြီး သူသည် လူတိုင်း၏ အကြည့်ကို တမင်တကာ ရှောင်နေကာ တန်ပြန် တိုက်ခိုက်ရန် အမြန်စဉ်းစားနေလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လီရှစ်ကိုင်နှင့် အခြားသူများသည် ကျောက်စိမ်း၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး သူ့ကို သိပ်ဂရုမစိုက်ခဲ့ပေ။

" မှတ်ထားတဲ့မျဉ်းမှာ နောက်ထပ်တစ်ခု ရှိသေးတယ်မလား။ မြန်မြန်ဖြတ်လိုက်ပါ "

လီရှစ်ကိုင်သည် အပြင်းအထန် တိုက်တွန်းလိုက်ပြီး အရူးအမူးဝါသနာရှင်များထက် ပို၍ပင် ကြောက်ရွံ့နေပုံပေါ်သည်။

ကျောက်ဖြတ်သည့်သူက တခြား ဘာမှမပြောဘဲ ကျောက်တုံးကို တတိယအကြိမ် ဖြတ်လေသည်။

သူသည် ကျောက်စိမ်းတုံးကို စက်ထဲမှ ထပ်မံထုတ်ယူလိုက်သောအခါ ရှိနေသူအားလုံးသည် ချက်ချင်း အံ့သြသွားပြီး စကားမပြောနိုင်ကြတော့ပေ။

တတိယအကြိမ် ဖြတ်ပြီးနောက် ကျောက်စိမ်း၏ အလယ်အပိုင်းမှာ ချက်ချင်း ပေါ်လွင်လာကာ အမှန်တွင် ခရမ်းရောင်ဖျော့ဖျော့ အရောင်ထွက်နေသည်။

" နှစ်ရောင်ရှိတဲ့ ကျောက်စိမ်းမဟုတ်ဘဲ … သုံးရောင်ရှိတာလား "

" တကယ်ကြီး အလယ်မှာ ခရမ်းရောင်ပါ ရှိနေတာလား။ အနီ၊ အစိမ်း၊ ခရမ်းရောင်၊ ဖုလုရှုံ၊ ဒါက သုံးရောင်ခြယ် ကျောက်စိမ်းပဲ "

" တကယ်ပဲ သုံးရောင်ခြယ်ကျောက်စိမ်းလား။ ဒါက အရမ်းရှားတယ်မဟုတ်လား "

" တကယ် ဆရာကြီးပါပဲ။ သူက သုံးရောင်ခြယ် ကျောက်စိမ်းကို ရွေးနိုင်ခဲ့တာလား "

" အခု သေချာ မြင်နေရပြီ။ အရွယ်အစားက သိပ်မကြီးပေမယ့် အနည်းဆုံး ၁၀သန်းလောက် တန်တယ် "

" ဘုရားရေ၊ ၁၀သန်းတန်တဲ့ ထိပ်တန်းပစ္စည်းနောက်တစ်ခုလား "

မြင်ကွင်းရှိ လူများသည် ချက်ချင်း စိတ်လှုပ်ရှားစွာ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

အားလုံးသည် ယဲ့ဖန်ကို ပြန်ကြည့်သည့်အခါ သူတို့သည် နတ်ဘုရားကို ကြည့်နေသလို ကြည့်နေကြသည်။

ထိုဆရာကြီးသည် အကွက်မရွှေ့လျှင်လည်း မရွှေ့ချေ။

ရွှေ့လျှင်လည်း အကွက်ကြီးကြီး ဖြစ်လေသည်

ဒီဆရာကြီးယဲ့က ရက်စက်လွန်းတယ်။

လီရှစ်ကိုင်နှင့် အခြားသူများ၏ မျက်နှာများသည် ပိုဆိုးလာပြီး အကျည်းတန်ဆိုးရွားလာသည်။

ဟွမ်းဝေကို လှည့်ကြည့်ပြီး သူ့ရှင်းပြချက်ကို ကြားချင်နေကြသည်။

ဒီဆရာကြီးက ဒီလို အဆင့်မြင့်ပစ္စည်းတွေကို ဖွင့်နိုင်ပြီးတော့ သူ ကူရွေးပေးခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးကကျ အဖိုးမတန်တဲ့ ကျောက်တုံးတွေ ဖြစ်နေရတာလဲ။

ဟွမ်းဝေ အလွနိစိုးရိမ်နေပြီး သူ့ချွေးတွေကို သုတ်လိုက်သည်။

" ကျွန်တော်ထင်တာက ...... ဖြစ်နိုင်တာက ... ဖြစ်နိုင်တာက ... သူ ကံကောင်းသွားတာ ဖြစ်လောက်တယ် မဟုတ်လား "

လီရှစ်ကိုင် ချက်ချင်း ဟက်ခနဲ အသံပြုလိုက်သည်။

" မင်းက အရမ်းကံကောင်းတယ် မဟုတ်လား"

ဟွမ်းဝေ အလွန်ကြောက်နေပြီး စကားမပြောရဲတော့ချေ။

အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်လောင်လေသည်။

သူ ဘယ်လောက်ပင် လိမ်ပြောနေပါစေ တစ်ဖက်လူမှ အဆင့်မြင့်ပစ္စည်းကို ရနိုင်သည်ဆိုသည့်အချက်ကို သူ ဖျောက်ဖျက်၍ မရချေ။

ထိုအချိန်တွင် တစ်ဖက်မှ ဒုတိယပစ္စည်းကို စဖြတ်လာသည်။

လီရှစ်ကိုင် သူ့ကို စိုက်ကြည့်နေသည်။

" နောက်မှ မင်းနဲ့ ငါရှင်းမယ် "

ထို့နောက် ကျောက်ဖြတ်စက်ကို လှည့်ကြည့်လိုက်သည်။

အပိုင်း ( ၈၁၆ )

မာနကြီးတဲ့ ယဲ့ဆရာကြီး

ဒုတိယပစ္စည်းကို ဖြတ်ပြီးသောအခါတွင်လည်း နေရာရှိ လူများ၏ အားပေးမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြန်သည်။

ဒီတစ်ခါ၌ ရေခဲသား ခရမ်းကျောက် ဖြစ်သည်။

လူတိုင်းသည် ကျောက်ပွင့်ချိန်၌ မြင်လိုက်ရသော ခရမ်းဖျော့ရောင်ကို ကြည့်ကာ စွဲမက်သည့် အမူအရာများကို ထုတ်ဖော်ပြကြသည်။

" ဘုရားရေ၊ ဒီတစ်ခါ ရေခဲသား ခရမ်းကျောက်ကို ရခဲ့တာလား။ ယဲ့ဆရာကြီးက တကယ်ကို မြင့်မြတ်လှပါပေတယ် "

" ဒီရေခဲသား ခရမ်းကျောက်က အနည်းဆုံး သန်း၂၀လောက်တန်တယ် မဟုတ်လား "

" ဘာ သန်း ၂၀ကျော်လား။ ကျောက်လောင်းကစားက ငါတို့အတွက်တော့ အရမ်းခက်ခဲပေမယ့် ယဲ့ဆရာကြီးအတွက်ကတော့ ပိုက်ဆံကောက်ရနေသလိုပဲ "

" ဆရာကြီးမှာ ဘယ်လိုလှည့်ကွက်တွေ ရှိလဲဆိုတာ ငါ တကယ် မသိတော့လား။ ဘာလို့ အတုံးတိုင်းက အရည်အသွေးအမြင့်ဆုံးတွေ ဖြစ်နေရတာလဲ "

" ဒါက နတ်ဘုရားလိုလူတွေမှာပဲ ရှိတဲ့ ထူးခြား အရည်အချင်းတစ်ခုပဲ။ သူတို့က မင်းကို ပြောမှာ မဟုတ်ဘူး "

" ယဲ့ဆရာကြီးက တပည့် လက်ခံလားလို့ တွေးမိတယ်။ တပည့်လက်ခံရင် ငါ ပထမဆုံး စာရင်းသွင်းမှာ "

" ဟူး၊ မင်းက အရမ်းတွေးနေတာပဲ။ ဆရာကြီးကသာ တပည့်တွေ ခေါ်ယူရင် သူ့တပည့် ဖြစ်ချင်တဲ့သူတွေ အများကြီးက သေတဲ့အထိ တိုက်ကြလိမ့်မယ် "

" အမှန်ပဲ ...... "

လီရှစ်ကိုင်နှင့် အခြားသူများသည် ယခင်က သံသယရှိနေကြဆဲ ဖြစ်သော်လည်း ရေခဲသား ခရမ်းကျောက်ကို မြင်လိုက်သောအခါ သံသယများ မရှိတော့ချေ။

ထိပ်တန်းအရည်အသွေးပစ္စည်းများ နှစ်တုံး ဆက်တိုက် ရခဲ့၌ သူသည် ဆရာကြီးတစ်ဦးဖြစ်မည်မှာ သေချာသည်။

ဒါဆို သူတို့အတွက် သူရွေးပေးတဲ့ ကျောက်မျက်ရတနာတွေက ဘာလို့ အရှုံးပေါ်ရတာလဲ။

မေးစရာ လိုသေးလို့လား။

ခွေးသား ဟွမ်းဝေက လှည့်ကွက် ကစားနေသူ ဖြစ်ရမယ်

" မန်နေဂျာဟွမ်း၊ နောက်ကျ မင်းငါ့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားထား "

လီရှစ်ကိုင်၏ မျက်နှာသည် မည်းမှောင်နေပြီး သူ့အသံမှာ ဒေါသနှင့် ပြည့်နေသည်။

ထိုပုံစံက ‘ဆုရှန်းမြို့တော်’မှာ ရှိနေသူ အားလုံးကို အံ့အားသင့်စေခဲ့သည်။

ဥက္ကဌလီသည် သူ့မျက်နှာတွင် ခံစားချက်များကို ထုတ်မပြတတ်ပေ။

သူ့အား စိတ်ဆိုးစေနိုင်သည့် အရာမှာ အလွန်နည်းလှသည်။

ထိုပုံစံမှ ကြည့်လျှင် သူ ဘယ်လောက် ဒေါသထွက်နေသည်ဆိုတာ သိနိုင်သည်။

သို့သော် နားလည်နိုင်ကြလေသည်။

အကြောင်းမှာ ဟွမ်းဝေသည် ကုမ္ပဏီအတွက် ကြီးမားသော ဆုံးရှုံးမှုများ ယူဆောင်လာခြင်းကြောင့် မဟုတ်ဘဲ ယဲ့ဆရာကြီးကို စော်ကားမိမလို ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

လီရှစ်ကိုင်သည် သူတို့ကို မတားခဲ့ပါက ယဲ့ဖန်အား သူတို့မှ မေးခွန်းထုတ်ကာ ပြဿနာ သွားရှာနိုင်ခဲ့သည်။

ထိုကဲ့သို့ အစွမ်းထက်သော ကျောက်လောင်းကစားဆရာကြီးအား ပြဿနာရှာမိခြင်းသည် ကျောက်မျက်ရတနာလုပ်ငန်းတွင် ကျင်လည်ရန် ခက်ခဲစေမည် ဖြစ်သည်။

ထို ဟွမ်းဝေသည် သေရန် ထိုက်တန်လေသည်။

ဟွမ်းဝေသည် ရေခဲလိုဏ်ဂူထဲသို့ ကျသွားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။

သူ့စိတ်တွေ ရှုပ်ထွေးနေပြီး ဘယ်လို ပြန်ဖြေရမလဲ မသိချေ။

ထိုအချိန်တွင် တတိယမြောက် ပစ္စည်းကို ဖြတ်လေသည်။

ကျောက်စိမ်း၏ အဖွင့်တွင် အနီဖျော့ရောင်ကို တွေ့ရသည်။

" အမလေး ဘုရား၊ ရေခဲသားနီ ကျောက်စိမ်းလား။ နောက်ထပ် ရေခဲသားလား။ ဒါက ဘယ်လောက်တောင် တန်မှာလဲ "

" ကျောက်စိမ်းနီရဲ့ အရွယ်အစားကို ကြည့်လိုက်ရင် အနည်းဆုံး ယွမ် သန်း၃၀တော့ ရှိလောက်တယ် "

" အခု ဘာပြောရမယ်မှန်းကို မသိတော့ဘူး။ ယဲ့ဆရာကြီးရဲ့ ထိုးနှက်ချက်မှာ ငါတော့ ထုံကျဉ်သွားပြီနဲ့ တူတယ် "

" ဟုတ်တယ်။ ပုံမှန်ဆို ယွမ် ၁သန်းတန်လောက်ပဲ ဖွင့်နိုင်ကြတာ။ ယဲ့ဆရာကြီး ကိုကြည့်လိုက်။ ဒါက ကွာခြားချက်ပဲ "

" ၁၀သန်းထက်နည်းတဲ့ ပစ္စည်းတွေက ယဲ့ဆရာကြီး အကွက်ရွှေ့ဖို့ မထိုက်တန်ဘူး။ ဒါက ဆရာသခင်ကြီးရဲ့ ပုံစံပဲ "

" ပစ္စည်းသုံးမျိုးနဲ့တင် သန်း၆၀ ကျော်နေပြီ။ ဒီယဲ့ဆရာကြီးက တကယ်ကို နတ်ဘုရားပဲ "

" ငါ ဆုံးဖြတ်ပြီးပြီ။ အနာဂတ်မှာ ငါက ယဲ့ဆရာကြီးရဲ့ သစ္စာရှိ ပရိသတ် လုပ်မယ်။ မကောင်းစကားပြောရင် သေအောင် တိုက်ပစ်မယ် "

" မင်းအရင်က လီရွေ့ရဲ့ ပရိတ်သတ် မဟုတ်ဘူးလား "

" လီရွေ့လား။ သူ့လိုလူက ယဲ့ဆရာကြီးနဲ့ နှိုင်းယှဥ်နိုင်ပါ့မလား။ အဲ့ခွေးသား "

ယဲ့ဖန်အတွက် လူတိုင်း၏ ချီးမွမ်းသံကို ကြားပြီး ဟွမ်းဝေသည် မထိန်းနိုင်တော့ပေ။

မြေကြီးပေါ် ထိုင်ချလိုက်ရတော့သည်။

အရာအားလုံး ပြီးသွားပြီဆိုသည်ကို သူ သိလေသည်။

သူ ဖန်တီးထားသည့် အလိမ်အညာတွေသည် ပေါ်ထွက်တော့မှာ ဖြစ်ပြီး ကောင်းကင်ကပင် သူ့ကို မကယ်တင်နိုင်ပေ။

ဒါတွေ အားလုံးသည် သူ၏ လောဘကြောင့် ဖြစ်သည်။

သူသည် ယဲ့ဖန်ဆီမှ ကြားဖြတ် မယူခဲ့လျှင် တစ်ဖက်လူမှ သူ့ကို တမင် ပစ်မှတ်ထားမှာ မဟုတ်ချေ။

ယခုအခါ သူ၏အူများ စိမ်းနေသည်အထိ နောင်တရနေလျှင်ပင် အသုံးမဝင်တော့ပေ။

လီရှစ်ကိုင်နှင့် ကျန်သူများက သူ့ကို မကြည့်တော့ပေ။

သူတို့သည် ချက်ချင်းပင် ယဲ့ဖန်ဆီသို့ ပြေးသွားကြသည်။

သူတို့သည် ထိုကျောက်လောင်းကစားဆရာကြီးနှင့် သိလိုကြသည်။

သို့သော် သူတို့နှင့် တူညီသော အတွေးတူသူ အများအပြားလည်း ရှိနေခဲ့သည်။

သူတို့ရှေ့၌ တိုးဝေ့နေသူများစွာ ရှိနေ၍ တိုး၍ မရဖြစ်နေသည်။

" ဆရာကြီး၊ ကျွန်တော်က သစ္စာရှိ ပရိသတ်ပါ။ လက်မှတ်လေး ထိုးပေးလို့ ရမလား "

" ယဲ့ဆရာကြီး၊ ကျွန်တော်က ကျယ်ထျန်း ကျောက်မျက်ရတနာရဲ့ သူဌေးရှုမင်းကျုပါ။ ဆရာကြီးနဲ့ စကားပြောလို့ ရမလား "

" ဆရာကြီး၊ ကျောက်မျက်ရတနာတွေ ရွေးတဲ့အခါ အကြံဉာဏ်တွေ ရှိသလား။ ကျွန်တော့်ကို ပြောပြလို့ ရမလား "

" ဆရာကြီး၊ ဒါက ကျွန်တော့် အခန်းကတ်ပါ။ ဒီည ဆရာကြီးနဲ့ ကျောက်လောင်းကစားနည်းတွေကို ဆွေးနွေးချင်ပါတယ် ....... "

အစပိုင်းတွင် ယဲ့ဖန်သည် အလွန်ဖော်ရွေနေသေးသော်လည်း လူများ စုဝေးလာသည်နှင့်အမျှ သူ၏ ကျောက်စိမ်းများကို လုယူချင်သူများ ရှိနေသည်ကို မြင်လိုက်ရသည်။

" တော်လောက်ပြီ။ ခင်ဗျားတို့ အားလုံး နောက်ပြန်ဆုတ်ကြ။ တစ်ယောက်ယောက်က ရှေ့ကို နောက်တစ်လှမ်းတိုးလာရင် ရိုင်းတယ်လို့ အပြစ်မတင်နဲ့ "

သူသည် ချက်ချင်း လူအုပ်ကြီးကို လှမ်းအော်သည်။

သို့သော် လူများစွာက နားမထောင်ပေ။

သူတို့က ရှေ့ကို ဆက်လျှောက်လာနေကြသည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် အခြေအနေကို အခွင့်ကောင်းယူပြီး ရှုကျင်းရှင်းအား ကိုယ်ထိလက်ရောက် နှောင့်ယှက်ရန် ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူလိုက်သည်။

ယဲ့ဖန် ဘာမှမပြောချေ။

ပြေးပြီး ရင်ဘတ်ကို ဆောင့်ကန်လိုက်သည်။

ထိုလူမှာ နောက်သို့ ပျံတက်ပြီး သူ့အနောက်မှ လူတွေကိုပါ တွန်းမိသွားသည်။

ထိုအခါမှ လူအုပ်ကြီးက ငြိမ်သွားသည်။

သူတို့သည် ယဲ့ဖန်ကို မကျေမနပ် စိုက်ကြည့်နေကြသည်။

" ဆရာကြီး၊ ဘယ်လိုဖြစ်တာလဲ။ ငါတို့အားလုံးက မင်းရဲ့ ပရိသတ်တွေပါ "

" ဟုတ်တယ်၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ မင်း ပရိတ်သတ်တွေကို အနိုင်ကျင့်လို့ မရဘူး"

" ကျောက်လောင်းကစားဝိုင်းမှာ ကြာကြာ သြဇာရှိချင်ရင် ငါတို့ကို အားကိုးရမယ်။ လူတစ်ယောက်ကို ဘယ်လိုလုပ် ရိုက်နိုင်တာလဲ။ မင်း ဒီနေ့ တောင်းပန်ရမယ် "

" မှန်တယ်။ မင်း ငါတို့ကို တောင်းပန်ရမယ်။ မဟုတ်ရင် ငါတို့က ပရိသတ်တွေ မလုပ်တော့ဘူး "

" ငါတို့ပရိသတ်တွေရဲ့ ထောက်ခံမှုမရှိဘဲ မင်း ကျောက်လောင်းကစားဝိုင်းမှာ ကြာကြာရှိနေနိုင်မှာ မဟုတ်ဘူး "

" ဆရာကြီး၊ မင်းက ကျဉ်းမြောင်းတဲ့လမ်းကို လျှောက်နေတာပဲ ....... "

ယဲ့ဖန်သည် သူတို့၏ ခြိမ်းခြောက်စကားများကို ကြားပြီး ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ငါ ယဲ့ဖန်က ဒီနေ့ အခုရောက်နေတဲ့နေရာကို ရောက်လာဖို့ ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို အားကိုးခဲ့တာ။ ငါ ဘယ်တုန်းက တခြားသူတွေကို အားကိုးခဲ့ရလို့လဲ။ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ချီးလို ပရိသတ်တွေ မလိုဘူး။ ပရိသတ်အသိုင်းအဝိုင်း လှည့်ကွက်တွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ အမှားလုပ်မိပြီထင်တယ်။ ခင်ဗျားတို့အားလုံး ဖယ်ကျ။ နောက်တစ်ခါ ထပ်တိုးလာရဲရင် အဲ့လူ မအဆုံးသတ်ပဲ "

'ပရိတ်သတ်များ'သည် ချက်ချင်းပင် အံသြသွားသည်။

ယခင်က လီရွေ့ကဲ့သို့ ကျောက်လောင်းကစားပညာရှင်ပင် လုပ်ငန်းနယ်ပယ်၌ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ရန် သူ၏ ပရိသတ်တွေကို အားကိုးခဲ့ရသည်။

ဤနည်းဖြင့်သာ သူသည် ပေါ်လာသည့်အချိန်တိုင်း အာရုံစိုက်ခံရမှု ဗဟိုချက် ဖြစ်လာနိုင်သည်။

သို့သော် ယဲ့ဖန်ကဲ့သို့ ယုတ္တိမတန်သည့် လူတစ်ယောက်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။

သူ့ပရိသတ်တွေကိုပင် လုံးဝ ဂရုမစိုက်ဘဲ ရိုက်နှက် ဆဲဆိုရသည့် သတ္တိရှိသည်။

ချက်ချင်းပင် လူများစွာသည် ပရိသတ်ဖြစ်ခြင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဆန့်ကျင်ရေးပရိသတ်အဖြစ်တောင် ပြောင်းလဲသွားကြသည်။

သို့သော် လီရှစ်ကိုင်မှာတော့ ထိုမြင်ကွင်းကို မြင်လိုက်ပြီး ပိုလို့ပင် သဘောကျသွားသည်။

ဒီယဲ့ဆရာကြီးက တကယ်ကို စရိုက်ကောင်းတဲ့ လူတစ်ယောက်ပဲ။

သူ့ကို သဘောကျတယ်။

ပရိသတ်များ အုပ်စုကွဲသွားပြီးနောက် လီရှစ်ကိုင်သည် လက်အောက်ငယ်သားတစ်စုနှင့်အတူ လမ်းလျှောက်လာခဲ့သည်။

" မင်္ဂလာပါ၊ ယဲ့ဆရာကြီး။ ကျွန်တော်က ‘ဆုရှန်းမြို့တော်’ရဲ့ သူဌေး လီရှစ်ကိုင်ပါ။ တွေ့ရတာ ဂုဏ်ယူပါတယ် "

သူသည် ပြောသည့်အတိုင်း သူ့လက်ကို အရင် ဆန့်ထုတ်ကာ နှုတ်ဆက်ခဲ့သည်။

သို့သော် ယဲ့ဖန်က အလွန်မာနကြီးလေသည်။

သူနှင့် လက်ဆွဲမနှုတ်ဆက်ချေ။

ယဲ့ဖန်သည် လီရှစ်ကိုင်အနောက်မှ ဟွမ်းဝေကို တစ်ချက်ကြည့်လိုက်သည်။

" ခင်ဗျားက ကျွန်တော်နဲ့ စာရင်းရှင်းချင်လို့ ဒီကို ရောက်နေတာလား "

လီရှစ်ကိုင် အံ့ဩသွားသည်။

" ယဲ့ဆရာကြီး ဘာကိုဆိုလိုတာလဲ "

All Chapters