ကျန်းဟိုင်ဓားနတ်ဘုရား၊ ငါတို့ နောက်ဆုံးတော့ တွေ့ကြပြီ။
Vol. 5 Ch. 71
ကျန်းဟိုင်မြို့၊ ဓားတောင်ကြား၌
ရဟတ်ယာဉ်များစွာသည် အပေါ်မှ အရှိန်ပြင်းစွာ လှည့်ပတ်နေကြသည်။ ထင်းရှူးတောများက လှိုင်းလုံးကြီးများဖြင့် တဟုန်ထိုး တက်လာကြသည်။ သတင်းထောက်တစ်ဦးကလည်း အတွင်း၌ မတ်တပ်ရပ်ကာ ဓားတောင်ကြားရှိ အခြေအနေကို ကင်မရာဖြင့် ထောက်ကာ အစီရင်ခံနေသည်။
အောက်ဖက်က ချောက်ထဲမှာတော့ မီတာရာနှင့်ချီနက်သော လျှိုမြောင်က နှစ်ဖက်စလုံးကို ဖြတ်ကျော်ထားသည်။ ချိုင့်ဝှမ်းအတွင်းမှ ဓားစွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားပြီး လူဆိတ်ညံသော မြင်ကွင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ယွီဝမ်ရွှမ်သည် ဤ "ဓားရာ" ၏အထက်သို့ ပျံဝဲသွားပြီး ကြယ်ပွင့်များ၏ ဖိအားများကို ထုတ်လွှတ်ပိတ်ဆို့ပစ်ခဲ့သည်။
ဗုန်း!
ရောက်ရှိလာသော ရဟတ်ယာဉ်များလည်း ထိုအရာကို မြင်တဲ့အခါ အလွန်နီးကပ်စွာ မချဉ်းကပ်ဝံ့ဘဲ အနီးနားရှိ လေပိုင်နက်ကိုသာ လှည့်ပတ်ကာ ၎င်းတို့၏ ကင်မရာများဖြင့် ဤကြောက်စရာကောင်းသည့် မြင်ကွင်းကို အွန်လိုင်းတွင် ထုတ်လွှင့်ရန် ကြိုးစားနေကြသည်။
မကြာမီ အင်တာနက်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည်။ အင်တာနက် အသုံးပြုသူတွေဟာ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ရှုံ့ချမှုလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါ၏။
"အရမ်းလွန်တယ်! လွန်လွန်းတယ်! ဒီဓားတောင်ကြားက ဓားသမားအားလုံးအတွက် မြင့်မြတ်တဲ့နေရာ! အခုတော့ ဒီအတိုင်း ပျက်စီးသွားပြီ?"
"ယွီဝမ်ရွှမ် လုံးဝကို ရူးနေတဲ့ကောင်ပဲ! ငါးဖမ်းဖို့ ရေကန်ကို ဖောက်ထုတ်သလိုမျိုး လုပ်ပစ်တာ!"
"ဓားတစ်ချက် ထိုးလိုက်ရုံနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ အခွင့်အလမ်းတွေကို ဖြိုခွဲပစ်လိုက်တယ်... အပြစ်တစ်ခု ရှိသွားပြီ"
ယခုအချိန်တွင် ဤအွန်လိုင်းပေါ်၌ လိုက်ဖ် ကြည့်သူများခမျာ အလွန်အမင်း ဒေါသထွက်နေကြ၏။ အံ့သြစရာကောင်းတာက ကျန်းဟိုင်မြို့ကို လူထုရဲ့အမြင်က တခဲနက်ထောက်ခံခဲ့ပါတာပင်။
သို့သော် ဒါဟာ နောက်ဆုံးမှာတော့ အစွမ်းမဲ့ ဒေါသတစ်ခုသာ ဖြစ်လေသည်။
ယွီဝမ်ရွှမ်ဟာ နိုင်ငံတစ်ဝှမ်းတွင် ရှားပါးသော ပါရမီရှင် တစ်ဦးဖြစ်ပြီး အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ လူနည်းစုက သူ့ကို ဆန့်ကျင်ဖို့ အခွင့်အရေးတွေ ပေးနိုင်ရင်တောင် လုပ်ရဲသူ ရှိမည်မဟုတ်။
တစ်ချိန်တည်းမှာပင် ဓားချိုင့်အပြင်ဘက်တွင် လှိုင်းလုံးသံများက တောအုပ်တစ်လျှောက် ကျယ်လောင်လာသည်။ ကြယ်သိုင်းရဲစခန်း ရဲဌာန၏ လုံခြုံရေးအဖွဲ့သည် ဓားတောင်ကြား ဝင်ပေါက်ကို အဝါရောင် ကော်ပတ်တစ်ခု ချထားရတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့သည်။
ခေါင်းဆောင်ကြီး ဦးစီးချုပ်သည် ချောက်ကမ်းစပ်တွင် ရပ်ကာ ယွီဝမ်ရွှမ်ကို မော့ကြည့်ရင်း အခြေအနေကို ညွှန်ပြနေသည်။ စာကြည့်တိုက်မှူးလည်း ရောက်နေပါပြီ။
"ဘာတွေ ရူးမိုက်နေတာလဲ!"
ဒေါသနှင့် နာကြည်းမှုတို့ ရောနှောနေသောလည်း သက်ပြင်းသာ ချနေရသည်။ ယွီဝမ်ရွှမ်လို အထွတ်အထိပ် ဂိုဏ်းဆရာ တစ်ယောက်က သူတို့ကို တိုက်ခိုက်ရင် မွေးရာပါနယ်ပယ် အနေနဲ့ အနိုင်ယူဖို့ မဖြစ်နိုင်ချေ။
သူ့မျက်စိထဲမှာ ပုရွက်ဆိတ်ကို သတ်ပစ်ရတာလောက်ကို လွယ်လိမ့်မည်။ ယခုအခြေအနေက အလွန်စိုးရိမ်ဖွယ် ဖြစ်နေပြီ။
ကျန်းဟိုင် ဓားနတ်ဘုရားကို တွန်းလှန်ရန်အတွက် ယွီဝမ်ရွှမ်သည် ဓားတောင်ကြားကို ဖျက်ဆီးပစ်ခဲ့ပြီး အဖိုးတန်ဓားသွား နယ်မြေတစ်ခုလုံးကို ဗလာကြီး ထားခဲ့သည်။
ဒါပေမဲ့ ဓားနတ်ဘုရားက တိုက်ခိုက်ဖို့ မထွက်လာသေးရင် ယွီဝမ်ရွှမ်က ရတနာနယ်မြေကို ဆက်ဖျက်ဆီးဖို့ ကျိုးပဲ့တောင်ဆီ ဦးတည်သွားမှာလား။ ရတနာနယ်မြေ မရှိတော့ရင် အပြစ်မဲ့ပြည်သူတွေပဲ ကျန်တော့မည်။
တစ်နည်းဆိုရသော် ကျန်းဟိုင်မြို့သည် ယခုအခါတွင် မသန့်ရှင်းသော အစွန်းသို့ ရောက်နေပြီး ဘေးဒုက္ခက အချိန်မရွေး ကျရောက်လာနိုင်သည်။
"ဘေးဥပဒ်ကြယ်က ငါတို့ခေါင်းပေါ် ရောက်နေပြီ"
သူ့အကြောင်းကို ပိုတွေးလေလေ သူ့နှလုံးသားက ပိုလေးလာလေ ဖြစ်နေသည်။ ယခု ယွီဝမ်ရွှမ်စိတ်ကို ဖြေဖျောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းဟိုင်ဓားနတ်ဘုရားကို ရှာဖွေရန်ဖြစ်သည်။
ဒါပေမယ့် အကြီးမားဆုံးမေးခွန်းက။
"ဓားနတ်ဘုရားက မြို့ထဲမှာရော ရှိနေသေးရဲ့လား"
ဒါကိုတွေးရင်း ရဲဌာက ခေါင်းဆောင်ကြီးသည် ကောင်းကင်ယံမှ ယွီဝမ်ရွှမ်ကို မော့ကြည့်လိုက်သည်။ သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ဆွဲထုတ်ပြီး သူ့စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ဖွာလိုက်စဥ်
အနီးနားရှိ စာကြည့်တိုက်မှူးက ခေါင်းယမ်းပြီး။
"ဒီသခင်တွေက အရမ်းထူးဆန်းတဲ့ စရိုက်တွေ ရှိတယ်... အများစုက ကမ္ဘာကို လှည့်ပတ်ရတာကို နှစ်သက်ကြတယ်... ဘယ်တော့မှ အခြေချမနေဘူး"
"တကယ်ပဲ..."
ရဲဌာက ခေါင်းဆောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
စိန်ခေါ်မှုကို မတုံ့ပြန်ဘဲ ရက်အတော်ကြာပြီးဖြစ်ရာ ဓားနတ်ဘုရားသည် ဤမြို့ငယ်လေးကို ဂရုမစိုက်ဘဲ ကျန်းဟိုင်မှ ထွက်ခွာသွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
"အင်း... လူအိုလီက ဓားနတ်ဘုရားကို လိုက်ရှာနေတာ... ဒါပေမယ့် ကျုပ်တို့သေမှာကို ထိုင်စောင့်နေလို့ မရဘူး.... မြက်ခင်းပြင်ဓားသူတော်စင်နဲ့ ညှိနှိုင်းရမယ်"
ခေါင်းဆောင်ကြီးသည် သူ၏ စီးကရက် ဖင်စည်ကိုဖိချေကာ ဓားတောင်ကြားဆီသို့ မျှော်ကြည့်လိုက်သည်။
"ကျုပ်တို့ သူ့ကို ဒီလိုမျိုး ဆက်လုပ်ခိုင်းလို့ မဖြစ်..."
သူ စကားမဆုံးသေး ရုတ်တရက် စူးရှသော ခြေသံများက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ဘယ်သူမှ တုံ့ပြန်နိုင်မီတွင် သွယ်လျသော ရုပ်သွင်သည် လျင်မြန်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြယ်ဖိအား ပိတ်ဆို့ခြင်းများကို ဖြတ်ကျော်၍ ဓားတောင်ကြားထဲသို့ မဆင်မခြင် ပြေးဝင်လာခဲ့သည်။
"အဲဒါကဘာလဲ?!"
ချက်ချင်းပင် နှစ်ယောက်သား ထိုရောင်ဝါပိုင်ရှင်ကို သိလိုက်သည်။
လီကျစ်ရွှမ်းပင်!
……………………
ဓားတောင်ကြား အတွင်းတွင် လီကျစ်ရွှမ်းသည် လင်ယဲ့ဓားကို ကိုင်ထားကာ မျက်နှာလေးက မည်းမှောင်နေ၏။ ဒေါသများနှင့် ပြည့်နေသော သူမ၏ လှပသော မျက်နှာ၊ လှပသော မျက်ခုံးများက တွန့်ချိုးနေပြီး ဓားကို ဆုပ်ကိုင်ထားသည့် သူမ လက်ကလည်း တုန်လှုပ်နေသည်။
"ဒီလူယုတ်မာကြီး... ဆရာ့ပစ္စည်းတွေကို ဖျက်ဆီးဖို့တောင် သတ္တိရှိနေတယ်!!"
သူမ သွားများကို အံကြိတ်ကာ သွေးတွေ ဆူပွက်လာသည်။ ဓားတောင်ကြား ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားလေတာ ခံစားလိုက်ရချိန်တွင် နာကျင်မှုလှိုင်းများက တစ်ဟုန်ထိုး ခုန်တက်လာ၏။
အရာအားလုံး ပျက်စီးသွားပြီ!
သူမ ကြည့်လိုက်တဲ့ နေရာတိုင်းက ကျောက်နံရံများက ပြိုကျသွားပြီ။ ဓားတောင်ကြားထဲ ပိုနက်ရှိုင်းလာလေလေ ပို၍ ပျက်စီးလေလေပင်။
ဆရာ့ရဲ့ သင်ခန်းစာတွေ၊ အမှတ်ရစရာတွေ တခဏချင်း ပျောက်ကွယ်သွားခဲ့တာ ဘာမှတောင် မကျန်ခဲ့ပေ။
ဤအတွေးက လီကျစ်ရွှမ်း၏ စိတ်ခံစားမှုများကို ချက်ချင်းပင် ဒေါသအဖြစ် ပြောင်းလဲသွားစေကာ တရားခံထံ ပြေးလာစေခဲ့သည်။ ယွီဝမ်ရွှမ်မှာ လီကျစ်ရွှမ်းကို ငုံ့ကြည့်ရင်း အံ့သြသွားသည်။ သူက တိုးတိုးလေးဖြင့်။
"မင်းလား?"
"အကြီးအကဲ... ရှင့်ရဲ့လုပ်ရပ်တွေက ကျွန်မအတွက် တကယ်ကို စက်ဆုပ်စရာ ကောင်းနေပြီ!"
လီကျစ်ရွှမ်း၏ မျက်လုံးများသည် စိုးရိမ်မှုဖြင့် နီမြန်းလာပြီး ဓားသူတော်စင်ကို တိုက်ရိုက် ဒေါသတကြီး ပြစ်တင်လိုက်သည်။
"ဂုဏ်သိက္ခာရှိတဲ့ ဓားသူတော်စင်တစ်ယောက်က ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်မျိုးကို လုပ်နေတယ်!"
"ဟား ဟား.... မင်းက အရမ်းစိတ်ပူနေတာပဲ မင်းရဲ့ အချစ်ဆုံး ပိုင်ဆိုင်မှုကို ငါ ဖျက်ပစ်ခဲ့လို့များလား"
ယွီဝမ်ရွှမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပတ်ဝန်းကျင် ဓားတောင်ကြားရှိ ပျက်စီးနေသော မြင်ကွင်းကို စူးစမ်းကြည့်လိုက်သည်။
"မင်းက တကယ်ပဲ ဓားတတ်ဘုရားရဲ့ တပည့်ဖြစ်ပုံရတယ်... မင်းဆရာ စိန်ခေါ်မှုကို လက်ခံပါစေ... ငါရှုံးရင် သူ့ကို သေချာပေါက် တောင်းပန်မယ်"
"ဆရာက ရှင့်လိုလူကြောင့် ဘယ်တော့မှ အညောင်းခံမှာမဟုတ်ဘူး။"
လီကျစ်ရွှမ်းသည် ယွီဝမ်ရွှမ်ကို စူးစူးစိုက်စိုက် ကြည့်ကာ စကားလုံးတိုင်းကို အလေးအနက်ထားပြီး ပြောနေသည်။
"ဆရာက ရှင့်ကို ဘယ်တုန်းကမှ မျက်စိထဲ မထည့်ထားဘူး... ရှင့်လို သနားစရာကောင်းတဲ့ လူပြက်ကို သူဘယ်တော့မှ ထွက်တွေ့မှာ မဟုတ်ဘူး!"
စကားလုံးတိုင်းက သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားတာကြောင့် ယွီဝမ်ရွှမ် ဒေါသထွက်လာသည်။
"မင်းတော်တော် သတ္တိကောင်းနေတာပဲ!"
ယွီဝမ်ရွှမ်မျက်ခုံးများ ရုတ်တရက် ကျုံ့သွားကာ သူ့အမူအရာကလည်း မည်းမှောင်သွားသည်။ ဒီစကားတွေက သူ့ကို အတော်လေး နာကျင်စေ၏။
ကျန်းဟိုင် ဓားနတ်ဘုရားသာ စိန်ခေါ်မှုကို လက်မခံသေးပါက သူ၏ လုပ်ရပ်များသည် လုံးလုံးလျားလျား အားထုတ်မှု ဖြုန်းတီးခြင်း ဖြစ်ကာ ပြီးပြည့်စုံသော ဟာသတစ်ခု ဖြစ်သွာူလိမ့်မည်။
အခု သူ့ကို အငယ်တန်းကပါ သင်ခန်းစာတစ်ခု သင်ပေးနေတာလား။
ယွီဝမ်ရွှမ်သည် လီကျစ်ရွှမ်းကို ငုံ့ကြည့်ကာ သူ့မျက်လုံးများထဲတွင် ဆိုးသွမ်းသော အရိပ်အယောင်တွေ ပေါ်လာသည်။
"စကားလုံးတွေက အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာကို မင်းရဲ့ဆရာ သင်ပေးဖူးလား?... ကံမကောင်းချင်တော့ တချို့အမှန်တရားတွေက ဆုပ်ကိုင်ထားဖို့ တစ်သက်လုံး အချိန်ယူရတတ်တာ်"
သူစကားပြောပြီးသည်နှင့် ဓားကို ဖြည်းဖြည်းချင်း မြှောက်ပြီး လီကျစ်ရွှမ်းကို ထိုးညွှန်လိုက်သည်။
အားကြီးသော ဓားစွမ်းအားတစ်ခုသည် သူ့ဓားဖျားမှခုန်ဆင်းကာ လီကျစ်ရွှမ်း၏လမ်းကြောင်းကို လုံးဝ ပိတ်ဆို့သွားကာ တောင်ကြီးတစ်ခု၏ အလေးချိန်အလား ကျဆင်းလာသည်။ ပြေးစရာနေရာမရှိ၊ ဘယ်ကိုမှ သွားစရာမရှိအောင် ဖိချပစ်၏။
ဖြည်းဖြည်းချင်း ပြေးလာသော ဓားစွမ်းအင်သည် သူမကို သေတဲ့အထိ နှိပ်စက်ဖို့ ရည်ရွယ်ထားပုံပင်။
လီကျစ်ရွှမ်းလည်း ပိတ်ဆို့ရန် သူမဓားကို မြှောက်လိုက်သော်လည်း သူမဆွဲထုတ်လိုက်သည့်အခိုက်တွင် ဓားသည် ဖုန်မှုန့်များသဖွယ် ကွဲအက်ကာ လေထဲသို့ လွင့်ပျံသွားသည်။
သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရသလိုပဲ...
လီကျစ်ရွှမ်း၏ မျက်နှာသည် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေသည်။ သူမသည် သူမ၏ ကြယ်စွမ်းအားကို အချည်းနှီး ကိုင်စွဲထားသော်လည်း နီးကပ်လာသော ဓားစွမ်းအင်ကို မရပ်တန့်နိုင်သေးပေ။
သူမ စိတ်ဓာတ်ကျနေချိန် ရုတ်တရက် လေတွေ ရပ်သွားသည်။ သူမပတ်ဝန်းကျင်က နေရာလွတ်ဟာ ပြင်းထန်စွာ တုန်ခါနေပြီး နောက်အခိုက်အတန့်မှာ မြင်သာတဲ့လှိုင်းတွေ ပေါ်လာ၏။
ဝုန်း!
အနက်ရောင်ဝတ်ရုံနဲ့ လူသည် ကောင်းကင်ကိုဖြတ်၍ လီကျစ်ရွှမ်း အနီးသို့ ချက်ချင်း ဆင်းလာပြီး သူမ၏လမ်းကြောင်းကို ပိတ်ဆို့ပေးထားလိုက်သည်။ ထို့နောက်တွင် ပိုမိုအားကောင်းသော ဓားသွား ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ယွီဝမ်ရွှမ်၏ တိုက်ခိုက်မှုကြောင့် ပေါ်လာသော ဓားစွမ်းအင်အားလုံးကို အလွယ်တကူ ပျက်ပြယ်သွားစေသည်။
"ကောင်းလိုက်တာ!"
မြက်ခင်းပြင်ဓားသူတော်စင်၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုတွေက ပြင်းထန်သော အပြုံးနှင့်အတူ နီးကပ်လာသော အသွင်ကို စိုက်ကြည့် နေသည်။
"ကျန်းဟိုင် ဓားနတ်ဘုရား... ငါတို့နောက်ဆုံးတော့ တွေ့ကြပြီ...."