← Chapters

ကောင်းကင်ဖြတ်ဓားသိုင်း! တစ်ချက်တည်းနဲ့ ဓားသူတော်စင်ကို အနိုင်ယူမယ်

Vol. 5 Ch. 72

ကောင်းကင်ဖြတ်ဓားသိုင်း! တစ်ချက်တည်းနဲ့ ဓားသူတော်စင်ကို အနိုင်ယူမယ်

Vol. 5 Ch. 72

နွေဦးအစောပိုင်းကာလ နှင်းမှုန်များ အရည်ပျော်သွားသကဲ့သို့ ပြင်းထန်သော ဓားစွမ်းအင်များ ပျောက်ကွယ်သွားသည်။ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် ချင်းယန်သည် လီကျစ်ရွှမ်းရှေ့တွင် ရပ်ကာ သူ့ပတ်ဝန်းကျင်မှ ပြင်းထန်သော ဓားစွမ်းအင်များကို လက်ဗလာဖြင့် တွန်းထုတ်လိုက်၏။

"ကောင်းပြီ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့ ကျန်းဟိုင်ဓားနတ်ဘုရား"

ယွီဝမ်ရွှမ်သည် မြင်ကွင်းကို စူးစမ်းလေ့လာရင်း ချင်းယန်၏ထံကို စူးစိုက်လိုက်သောအခါ သူ့မျက်လုံးများက စိတ်လှုပ်ရှားစွာ အရောင် တောက်နေသည်။

သူသည် ဓားနတ်ဘုရားကို တိုက်ခိုက်ရန်အတွက် ကျန်းဟိုင်သို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ရသည်။ အခုတော့ သူ့ဆန္ဒတစ်ဝက်လောက် ပြည့်သွားပါပြီ။

လာမယ့်တိုက်ပွဲက တကယ့် မီးမောင်းထိုးပြမယ့် ပွဲဖြစ်သည်။ တိုက်ပွဲမစခင်မှာ ကျန်းဟိုင်ဓားနတ်ဘုရားကို သူ့မျက်စိရှေ့ကနေ ပျောက်သွားခွင့် မပြုတော့ချေ။

"ကောင်မလေးကို တိုက်ခိုက်​နေတာလား... မင်းက ဓားသူတော်စင် နာမည်နဲ့ တကယ်ကို မထိုက်တန်ဘူး"

ချင်းယန်သည် သူ့အထက်က ယွီဝမ်ရွှမ်ကို မော့ကြည့်လိုက်ပြီး သူ့စကားများက ဒေါသအရိပ်အမြွက်​တွေ ပြနေသည်။

သူ ဘယ်လိုလုပ်များ ဒီလောက် သိက္ခာမဲ့နိုင်တာလဲ!

နောက်ဖွားနယ်ပယ်က လီကျစ်ရွှမ်းကိုတောင် အလွတ်မပေးခဲ့ပေ။ အကယ်၍ သူသာ နောက်တစ်လှမ်း နောက်ကျခဲ့မည်ဆိုလျှင် သူမသည် သူ့ဓားအောက်မှာ အသတ်ခံရပေလိမ့်မည်။

လီကျစ်ရွှမ်း မရှိတော့ရင် ခွေးစနစ်ဆီက ဆုလာဘ်​တွေကို သူ ဘယ်လိုလုပ် ရတော့မှာလဲ?

"ဟားဟား... မင်း ငါ့ကို ကျိန်စာတိုက်နိုင်ပါတယ် ငါဂရုမစိုက်ဘူး... ကျိန်စာတွေက ဘာမှအရေးပါဘူး"

ယွီဝမ်ရွှမ်က သူ့လက်နှစ်ဖက်ကို ဖွင့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ငါတို့သေရင် အလင်းရောင်လို ပျောက်သွားကြမှာပဲ... နောင်နှစ်ပေါင်း တစ်ရာကျော် ကြာပြီးရင် ငါတို့အားလုံး ဒီလောကကြီးထဲက ထွက်သွားရတော့မှာ... ဓားသွားလမ်းကို တမင်တကာ လိုက်လျှောက်တဲ့ ငါကပဲ အမြင့်ဆုံး ကိုယ်ခံပညာကို တတ်မြောက်လိမ့်မယ်!"

သူပြောပြီးသည်နှင့် တပြိုင်နက် ရယ်မောသံများ ထွက်ပေါ်လာသည်။ သူ့အသံသည် မိုင်ထောင်ချီဝေးသော ချောက်ကမ်းပါးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အဝေးမှ ရဟတ်ယာဉ်တစ်စင်းသည် ချောက်ကြီးပေါ်တွင် ၎င်း၏တယ်လီဓာတ်ပုံ မှန်ဘီလူးကို အာရုံစိုက်ကာ အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသည့် ၎င်းတို့နှစ်ဦး၏ စကားပြောဆိုမှုကို တိုက်ရိုက် ထုတ်လွှင့်နေ၏။

ယွီဝမ်ရွှမ်ရဲ့ ဖြောင့်မတ်သော စကားကို ကြားသောအခါ လူတိုင်း အံ့ဩသွားပြီး အချို့က သူ၏ သန္နိဋ္ဌာန်ကိုပင် သဘောကျသွားကြသည်။

"ဒီအဘိုးကြီးရဲ့ ရူးသွပ်တဲ့ လုပ်ရပ်တွေကို ဘေးဖယ်ထားလိုက်ရင်တော့ ဒီလို ဇွဲလုံ့လနဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေနဲ့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိဘူး"

"သူက ဓားသွားလမ်းအတွက်ပဲ ဇောက်ချလုပ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ သူလမ်းလွဲသွားခဲ့တယ်လေ!"

"ဓားစွမ်းရှိမရှိကို ဘယ်သူက ဂရုစိုက်မှာလဲ... ကျန်းဟိုင်ဓားနတ်ဘုရား နောက်ဆုံးတော့ ရောက်လာပြီ! တိုက်ကြ! တိုက်! သွေးမြစ်တွေကို မြင်ချင်တေပြီ"

"..."

မှတ်ချက်များသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မျက်နှာပြင်တစ်ခုလုံးကို လျင်မြန်စွာ ပြည့်သွားသည်။

"အနှစ်တစ်ရာအတွင်း မဟာတာအိုကို အောင်မြင်နိုင်မလား?"

ချင်းယန်သည် ယွီဝမ်ရွှမ်၏ အမိုက်စား စကားလုံးများကို နားထောင်ရင်း ခေါင်းယမ်းကာ နောက်ဆုံးတွင် ထိုသူ့​စရိုက်ကို နားလည်လာသည်။ ဟူးယန်ကျန့် အတိုင်းပင်

နှစ်ယောက်စလုံးကို ရူးသွပ်မှုများက မောင်းထုတ်နေခဲ့ခြင်းပင်။ ထိုသူ အနာဂတ် 'ဓားနတ်ဆိုး' ကို ပြုစုပျိုးထောင်ခဲ့တာ အံ့သြစရာ မကောင်းတော့ပါ။

သို့သော် သူ့တပည့် ဓားနတ်ဆိုး ဖြစ်လာဖို့ နှစ်ငါးရာစောင့်ရမည်။ အခုတော့ အညစ်အကြေးထဲက လက်တစ်ဆုပ်စာပဲ ရှိသေးတာကြောင့် ဘာမှအရေးမကြီးလှပေ။

"ဆရာအရှင်..."

ထိုအချိန်တွင် လီကျစ်ရွှမ်းသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ သူမကို ကာကွယ်ပေးနေသော ချင်းယန်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

သို့သော် မကြာမီတွင် ပတ်ဝန်းကျင်ဓားတောင်ကြားက အပျက်အစီးများကို မြင်တွေ့ရပြီး သူမ၏ စိတ်ဓာတ်များက မှောင်မိုက်သွားပြန်သည်။

"တောင်းပန်ပါတယ် ဆရာ... အားလုံး ပျက်စီးသွားပြီ... ဆရာ့ရဲ့ဓားတောင်ကြားကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး"

"အဆင်ပြေပါတယ် တပည့်လေး.... မင်းအဆင်ပြေသရွေ့ အဲဒါက အရေးမကြီးဘူး"

ချင်းယန်သည် လီကျစ်ရွှမ်းကို ပြုံးပြပြီး သူ့ပြည်ကို ကာကွယ်လိုသော ဆန္ဒတွေလည်း ပြင်းပြလာသည်။

“မြေကြီးရှိရင် လူသားတွေ ရှင်သန်မယ်... မြေကြီးပဲ ရှိပြီး တိုင်းသူ ပြည်သားတွေကို ဆုံးရှုံးသွားရင် အရေးမပါတော့ဘူး... ဓားတောင်ကြားကို ပြန်တည်ဆောက်လို့ ရတယ် ဒါပေမဲ့ မင်းလို နာခံမှုရှိတဲ့ တပည့်တစ်ယောက်ကို ငါရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး"

ချိုသာသော စကားများ ကျဆင်းလာသည်နှင့် လီကျစ်ရွှမ်း၏ နှလုံးခုန်သံ ခုန်ထွက်သွားပြီး သူမ၏ မျက်လုံးများထဲ မျက်ရည်များ အနည်းငယ် လှိုင်းထလာသည်။

ဒါဆို ငါက ဆရာ့အတွက် တကယ်ပဲ အရေးကြီးတာလား?

သူမ စိတ်ဓာတ်များ တက်ကြွလာသော်လည်း အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်။ ဒီနေရာမှာ နေတာက ဆရာ့အတွက် အတားအဆီးတစ်ခုသာ ဖြစ်နေလိမ့်မည်။

"ဆရာ သတိထားပါ..တပည့် အရင်ထွက်သွားနှင့်ပါ့မယ်"

"အင်း"

ချင်းယန် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ နတ်ဘုရားတွေ ရန်ဖြစ်တဲ့အခါ သေမျိုးလူတွေ ဒုက္ခရောက်တတ်သည်။ သူတို့လို ဂိုဏ်းဆရာနယ်ပယ် တိုက်ပွဲက ကပ်ဆိုးကြီး တစ်ခုဖြစ်သည်။ ထိတွေ့မှု တစ်ခုတည်းကပင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အလွန်အန္တရာယ် များပါသည်။

ခပ်မြန်မြန်ပဲ တပည့်နှစ်ယောက် ထွက်သွားကြကာ ချောက်နက်ကြီးထဲ တိတ်ဆိတ်သွားသည်။ ယွီဝမ်ရွှမ် ကောင်းကင်မှာ ရပ်နေကာ ချင်းယန်က မြေပြင်မှာ ဖြစ်သည်။ ဓားတောင်ကြား တစ်ခုလုံးပေါ် အေးစက်ပြီး လူသတ်နိုင်သော ရောင်ဝါတစ်ခုက လွှမ်းမိုး ပျံ့နှံ့သွားသည်။

"အဲဒါဆို မင်းဓားကို ဆွဲထုတ်လိုက်တော့"

ချင်းယန် မျက်နှာက တည်ငြိမ်နေပြီး စကားလုံးများကို ဖြုန်းတီးရန် မရည်ရွယ်ထားပါ။ သူက စကားပြောပြီးတာနဲ့ စူးရှသော ခရမ်းရောင်အလင်းတန်းကို ကောင်းကင်တခွင်တွင် တောက်ပသွားစေပြီး ကျစ်ဝေနတ်ဓား သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ ကောင်းကင်အထက်၌ တောက်ပသော အလင်းရောင်များ ပြည့်လျှံနေပြီး ရှေးခေတ် ကျက်သရေရှိမှုနှင့်အတူ ကြည်လင်ပြတ်သားသော ဓားသံတစ်ခု ထွက်ပေါ်လာသည်။

"ဓားကောင်းပဲ!"

ဒါကိုမြင်လိုက်ရတဲ့ ယွီဝမ်ရွှမ်က အပေါ်စီးကနေ သဘောကျစွာ အော်လိုက်သည်။

ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသော နတ်လက်နက်တစ်ခုပဲ။ သူသည် ၎င်းကို အသက်တစ်ဝက်မျှ ရှာဖွေခဲ့သော်လည်း ထိုကဲ့သို့သော နတ်လက်နက် အစစ်ကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ အခုတော့ သူ့မျက်လုံးတွေ ပွင့်လာခဲ့ပြီ။

"မင်းက ငါ့ကို မတိုက်ဘဲ မြေကြီးပေါ်မှာပဲ နေဖို့ စီစဉ်နေတာလား"

ယွီဝမ်ရွှမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူနှင့် ချင်းယန်တို့သည် လက်ရှိတွင် တန်းတူညီမျှ အနေအထားတွင် မရှိကြပေ။ အနိုင်ရခဲ့ရင်တောင် မတရားသလို ဖြစ်နေမည်။

သူ ရှာဖွေခဲ့သည့်အရာမှာ တစ်ဖက်နှင့်တစ်ဖက်ကဲ့သို့ အကန့်အသတ်မရှိသော ယှဉ်ပြိုင်မှုမဟုတ်ဘဲ ကြည်နူးစရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲမျိုး ဖြစ်သည်။

"မလိုဘူး... ငါအလျင်လိုနေတယ်... ဓားတစ်ချက်တည်းနဲ့ ရလဒ်ကို ဆုံးဖြတ်မယ်!"

ချင်းယန် ဒူးအနည်းငယ် ကွေးပြီး ဘေးစောင်းလိုက်သည်။ ကျစ်ဝေးနတ်ဓားပေါ် သူ့လက်ကို တင်လိုက်ပြီး ဓားကို ဆွဲထုတ်ဖို့ ပြင်ဆင်နေစဥ် သူ့ရဲ့ ရောင်ဝါတွေက ဓားထဲ တိတ်တိတ်ဆိတ်ဆိတ် ရောနှောသွားကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

သူ့ခြေထောက်အောက်က ကျောက်တုံးကြီးက ဖိအားကို မခံနိုင်တော့ဘဲ ပြိုကျသွားသည်။ သူ့ပုံသဏ္ဌာန်သည် အောက်ဘက်သို့ နစ်မြုပ်သွားရာ အပြင်ဘက်မှ ကြည့်ရသည်မှာ မြေကြီးထဲသို့ နစ်မြုပ်နေသကဲ့သို့ပင်။

"ဂိုဏ်းဆရာအဆင့် ဓားရောင်ဝါ!"

ယွီဝမ်ရွှမ်၏ အမူအရာသည် ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင်မှ လေးနက်လာခဲ့သည်။ ပြီးပြည့်စုံသော ဓားတစ်သောင်းမူလပြန်ခြင်း ဓားစွမ်းအင်ကို လွှတ်တင်ဖို့ သူ့ကိုယ်ပိုင် ကြယ်စွမ်းအားများကို စတင်စုဆောင်းလိုက်သည်

ပြင်းပြသော ဓားရည်ရွယ်ချက်တစ်ခုက ဓားတောင်ကြား တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များသည် မရေမတွက်နိုင်သော ဓားသမားတို့ ပြင်းထန်သောတိုက်ပွဲထဲ ပါဝင်နေသကဲ့သို့ လှည့်ပတ်ပျံသန်းသွား၏။

တောင်ကြား အပြင်ဘက်သို့ ချဉ်းကပ်လာသော ရဟတ်ယာဉ်သည်ပင် လှိုင်းထန်သော လေထဲတွင် ယိမ်းယိုင်သွားခဲ့ရသည်။ လေယာဉ်မှူးသည် လေယာဉ်ပျက်ကျမှုကို တားဆီးရန် ကြိုးစားရင်း အပြင်းအထန် ထိန်းချုပ် ရုန်းကန်ခဲ့ရသည်။

တုန်ယင်နေသော ကင်မရာသည် တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူများကို အံ့အားသင့်စေကာ ၎င်းတို့၏ ဦးရေပြားများအား တုန်လှုပ်သွားစေ၏။ ထိုနေ့က ဟူးယန်ကျန့်၏ ဓားတစ်ထောင်သည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ထင်ခဲ့​ကြသည်။

အခုတော့ ထိုပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ကိုတောင် မရောက်သေးကြောင်း သဘောပေါက်သွားပါပြီ။

တစ်ဖက်တွင်လည်း ချင်းယန်ဘက်က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပရိသတ်များ အံ့သြသွားကြသည်။

ထိုအချိန်တွင် ချင်းယန်၏ ခြေထောက်များက ကျောက်ဆောင်မြေထဲသို့ နစ်မြုပ်သွားကာ အချိန်က သူ့အတွက် ရပ်တန့်နေသကဲ့သို့ တိတ်ဆိတ်နေလျက် ရှိသည်။ သူသည် ယွီဝမ်ရွှမ်နှင့် လုံးဝခြားနားသော အသွင်အပြင်ကို ဖန်တီး​နေခဲ့သည်။

အပျော်တမ်း စောင့်​ကြည့်သူများသည် စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေချိန်တွင် ပညာရှင်များက အနှစ်သာရကိုလည်း ရှုစားနေကြ၏။ တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် ဓားပညာအထူးပြု ကြယ်စစ်သည် အချို့ကလည်း ဓားသွားလမ်း၏ လေးနက်သောအဓိပ္ပာယ်ကို ပိုင်းခြားသိမြင်လာကြသည်။

ယခုအချိန်မှာတော့ ချင်းယန်နဲ့ ယွီဝမ်ရွှမ်ရဲ့ လှုပ်ရှားမှုများက ပြင်းထန်စွာ ထိပ်တိုက်တွေ့နေပါပြီ။ ငြိမ်သက်ခြင်းက ဖိအားရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြု​လေသည်။

ယွီဝမ်ရွှမ်ဟာ ဓားတစ်သောင်းမူလပြန်ခြင်း ဓားသိုင်း၏ အဆုံးစွန်သော အဓိပ္ပာယ်ကို ဖမ်းယူထားပြီး လူသားကမ္ဘာမှ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များကို ဆွဲယူကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်​နေသည်။

တစ်ဖက်တွင်တော့ ချင်းယန်၏ဓားပညာသည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်ကို လိုက်လျှောက်ရန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ငြိမ်သက်ခြင်းအလား ခံစားရ​စေသည်။

၎င်းတို့နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ချင်းယန်သည် ယွီဝမ်ရွှမ်ထက် ဓားပညာနှင့် ပိုမိုသင့်လျော်ကြောင်း ထင်ရှား​​ပေသည်။

ချွမ်း!

ဓားနှစ်ချောင်း တညီတညွတ်တည်း အော်ဟစ်လိုက်သည်။ ထိုနှစ်ယောက်ကို ကြည့်လိုက်ရင် တစ်ပြိုင်နက်တည်း သရုပ်ဆောင်နေသည့်အတိုင်းပင်။

နောက်အခိုက်တွင်တော့ ယွီဝမ်ရွှမ် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။

ဓားစွမ်းအင်တစ်ထောင်သည် ရှည်လျားသော မြစ်တစ်စင်းအဖြစ် ရောက်ရှိလာပြီး ပင်လယ်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားသည်။ ကျယ်ပြန့်သော သမုဒ္ဒရာသည် ကောင်းကင်မှ သွန်းလောင်းချလိုက်သလိုမျိုး မြေပြင်ပေါ်ရှိ ချင်းယန်ဆီသို့ ဆင်းသက်လာကာ ပုန်းစရာနေရာမရှိ၊ နောက်ဆုတ်ဖို့ လမ်းမရှိစေချေ။

ချင်းယန်သည် ဆင်းလာသော ဓားပင်လယ်ကို မျှော်ကြည့်ကာ ရန်သူကို အနိုင်ယူရန် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ကျစ်ဝေးနတ်ဓားသည် ပြိုးပြိုးပြက်ပြက်နှင့် လှပသော ဓားတစ်လက်ဖြစ်ကာ ၎င်းရဲ့စွမ်းအင်တွေက မြေကြီးပေါ် ပြန့်ကျဲသွားပြီး လေထုကို ကွဲအက်သွား​စေခဲ့သည်။

All Chapters