← Chapters

အပိုင်း ၈၁၇-၈၂၀

Vol. 41 Ch. 817-820

အပိုင်း ၈၁၇-၈၂၀

Vol. 41 Ch. 817-820

အပိုင်း ( ၈၁၇ )

သန်းဆယ်ချီ၊ ရာချီ ရှာနိုင်သူ

ယဲ့ဖန်သည် သူ့မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။

သူသည် လီရှစ်ကိုင် အနောက်မှ ဟွမ်းဝေ ကို ညွှန်ပြလေသည်။

" ခင်ဗျားရဲ့ အဝယ်မန်နေဂျာက ခုနက လာခဲ့သေးတယ်။ သူက ကျောက်စိမ်းရွေးဖို့ ကူညီပေးချင်စေတယ်လို့ ပြောပြီး ကော်မရှင် ၁၀ ရာခိုင်နှုန်း ပေးမယ်လို့ ကတိပေးတယ် ..... "

လီရှစ်ကိုင်နှင့် ကျန်သူများ ကြားသည့်အခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ဟွမ်းဝေသည် အမှန် လိမ်နေခဲ့တာဖြစ်သည်။

သူသည် ယဲ့ဖန်အား ၂၀ရာခိုင်နှုန်း ကော်မရှင်ပေးခဲ့သည် ဆိုသော်လည်း အမှန်တွင် ယဲ့ဖန်အား ၁၀ရာခိုင်နှုန်းသာ ပြောခဲ့ခြင်း ဖြစ်သည်။

တစ်နည်းဆိုရလျှင် ထိုခွေးသားသည် ကော်မရှင်ခ ဖြတ်ယူနေတာ ဖြစ်သည်။

ဟွမ်းဝေသည် လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

သူသည် ငြင်းခုံခြင်းလည်းမပြု၊ ရုန်းကန်ခြင်း လည်း မပြုခဲ့ပေ။

သူသည် ထိုနေရာတွင်သာ ကြောင်အစွာ ရပ်နေပြီး တရားစီရင်ခြင်းကို စောင့်နေသည်။

လီရှစ်ကိုင် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်ပြီးနောက် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။

" ငြင်းခဲ့တာလား "

ယဲ့ဖန် ဟက်ခနဲ လှောင်လိုက်သညထ။

" ဒါပေါ့၊ ငြင်းလိုက်တယ်။ ပိုက်ဆံရော အရည်အချင်းရော ရှိနေတာကို ခင်ဗျားတို့အတွက် ဘာလို့ အလကား လုပ်ပေးရမှာလဲ "

သူ့စကားများသည် အလွန် ရိုင်းသည်ဆိုသော်လည်း လီရှစ်ကိုင်တို့သည် အမှားအယွင်းမရှိဘူးဟု ထင်ကြသည်။

ယဲ့ဆရာကြီး၏ ခွန်အားကို အခြေခံလျှင် သူ့၌ ထိုကဲ့သို့သော စကားမျိုးကို ပြောနိုင်သော အရည်အချင်းများ အမှန်တကယ် ရှိလေသည်။

ယဲ့ဖန်သည် ဟွမ်းဝေကို ပြန်ကြည့်လိုက်သည်။

" ဒါပေမယ့် ဒီလူက အရှုံးမပေးဘူး။ သူက အနောက်ကနေ တိတ်တဆိတ် လိုက်ချောင်းပြီး ကျောက်ရိုင်းတုံးတွေ ဝယ်တာကို ဖြတ်ယူဖို့ လုပ်ခဲ့တာ။ အဲ့လို ဖြတ်ယူဖို့ အခွင့်အရေးကို ယူချင်နေမှန်းသိတယ်။ အဲ့တာကြောင့် စမ်းသပ်ဖို့ အရည်အသွေးမရှိတဲ့ ကျောက်စိမ်းကို တမင်ရွေးယူလိုက်တာ။ မျှော်လင့်ထားသလိုပဲ သူက ဖြတ်ယူသွားတယ်။ အဲ့တာနဲ့ သူ့ကို လိုချင်သလောက် ပေးလိုက်တယ်။ ဒါကို သင်ခန်းစာ ပေးတယါလို့ ယူဆနိုင်တယ် "

လီရှစ်ကိုင်တို့သည် ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်ကြသည်။

ထိုသင်ခန်းစာမှာ အလွန်လေးနက်လေသည်။

ယွမ် သန်း ၅၀ကျော် တန်ကြေး ရှိသည်။

သို့သော် သူတို့ ယဲ့ဖန်ကို အပြစ်မတင်နိုင်ကြချေ။

အကယ်၍ တစ်စုံတစ်ဦးသည် သူတို့ဆီမှ ဖြတ်ယူရန် လုပ်ပါက သူတို့သည်လည်း ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုကို တွေးတောမိပေမည်။

တစ်ခုတည်းသော ခြားနားချက်မှာ သူတို့တွင် ယဲ့ဖန်၏ ခွန်အားမျိုး မရှိခြင်းဖြစ်ပြီး ရန်သူအား ထောင်ချောက်ထဲသို့ အလွယ်တကူ မဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။

" ခွေးသား၊ မင်းက တကယ် အရှက်မဲ့တဲ့ကိစ္စကို လုပ်ခဲ့ပြီး ငါ့ရှေ့မှာတောင် နာမည်ကောင်း ယူချင်သေးတဲ့ သတ္တိရှိတာလား။ ငါ့ကို အရူးလို့ မင်းထင်နေလား "

လီရှစ်ကိုင်သည် စကားပြေညလေလေ ဒေါသပိုထွက်လေလေ ဖြစ်သည်။

အဆုံးတွင် သူသည် အပြေးသွားပြီး ဟွမ်းဝေကို လက်သီးဖြင့် ထိုးလိုက်တော့သည်။

‘ဆုရှန်းမြို့တော်’၏ အမှုဆောင်များသည် အံ့သြသွားကြသည်။

ဥက္ကဌလီသည် သူတို့ရှေ့တွင် အမြဲ နူးညံ့သိမ်မွေ့သည့် လူကြီးလူကောင်းတစ်ဦးပုံစံသာ ရှိသည်။

ဤသည်မှာ ပထမဆုံးအကြိမ် တစ်စုံတစ်ဦးအား ကိုယ်ထိလက်ရောက် လုပ်ခြင်းဖြစ်သည်။

တစ်ဖက်တွင် သူသည် ယဲ့ဖန်အတွက် ရှိုးပြနေခြင်း ဖြစ်ပြီး တစ်ဖက်တွင် အမှန်တကယ် ဒေါသထွက်နေသည်။

ထို့ကြောင့် သူ့ကို ဘယ်သူမှ မတားရဲကြချေ။

ဟွမ်းဝေသည် ပြန်မတိုက်ရဲဘဲ ငြိမ်ခံနေရသည်။

လီရှစ်ကိုင်သည် ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်လေ့ မရှိသောကြောင့် ခဏကြာပြီးနောက် အသက်ရှူကြပ်လာသည်။

ရွေးချယ်စရာ မရှိဘဲ ရပ်လိုက်ပြီး အမှုဆောင်များကို အမိန့်ပေးလိုက်သည်။

" ဒီကောင်က ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တယ်။ ဒါက ရာဇဝတ်မှုလို့ သတ်မှတ်လို့ရတော့ ရဲကို ချက်ချင်း အကြောင်းကြားလိုက် "

ဟွမ်းဝေသည် ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်ရည်များ ကျလာသည်။

" ဥက္ကဌလီ၊ အကျိုးမဖြစ်ထွန်းခဲ့ရင်တောင် ကျွန်တော် ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် လုပ်ခဲ့တာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပါ "

‘ဆုရှန်းမြို့တော်’မှ အမှုဆောင်အဖွဲ့ကလည်း အသနားခံ တောင်းဆိုခဲ့ကြသည်။

လီရှစ်ကိုင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး စိတ်ပြောင်းသွားသည်။

" ဒါဆို လောလောဆယ် ရဲကို မခေါ်နဲ့ဦး။ ပြီးမှ သေချာ ကိုင်တွယ်ဖြေရှင်းမယ် "

ဟွမ်းဝေသည် ထောင်ကို ရှောင်နိုင်ခဲ့သော်လည်း သူ၏ အနာဂတ်မှာ ပြီးဆုံးသွားကြောင်း သူသိလေသည်။

ဒါတွေအားလုံးသည် သူ လောဘကြီးပြီး ထိုယဲ့ဆရာကြီးဆိုသူကို နှိုးဆွရန် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လီရှစ်ကိုင် သူ့ကို မကြည့်တော့ချေ။

သူသည် ယဲ့ဖန်ရှေ့သို့ အမြန် လျှောက်သွားသည်။

" ယဲ့ဆရာကြီး၊ ဒီကောင်ကိုယ်စား တောင်းပန်ပါတယ်။ ဒါတွေအားလုံးက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ‘ဆုရှန်းမြို့တော်’နဲ့ ဘာမှ မဆိုင်ပါဘူး "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်၊ ဒါ ပထမဆုံးအကြိမ် ဥက္ကဌလီနဲ့ တွေ့ဖူးတာဆိုပေမယ့် ခင်ဗျားက စိတ်ဓာတ်ကောင်းပြီး ယုတ်ညံ့တဲ့လူ မဟုတ်ဘူးဆိုတာ မြင်နိုင်တယ် "

လီရှစ်ကိုင်သည် အခြားသူများ၏ မြှောက်ပင့်ခြင်းကို ခံရလေ့ရှိသောကြောင့် သူသည် ထိုသို့သော မြှောက်ပင့်ပြောဆိုခြင်းကို ခံနိုင်ရည်ရှိသည်။

သို့သော် ယခု ယဲ့ဖန်မှ သူ့ကို ပေါ့ပါးစွာ ချီးမွမ်းနေသော်လည်း သူသည် ထိုမြှောက်ပင့်မှုကို လက်ခံချင်စိတ် အပြည့်ရှိနေသည်။

" ယဲ့ဆရာကြီးက ဥာဏ်ကောင်းတာပဲ။ တကယ်ကို ချီးကျူးစရာပါ "

သူသည် တစ်ဖက်သားကို ပြန်မြှောက်ပင့်ပြီး စကားခေါင်းစဉ် ပြောင်းလိုက်သည်။

" ကျွန်တော်တို့ရဲ့ ‘ဆုရှန်းမြို့တော်’က မကြာသေးမီကမှ ကျောက်မျက်ရတနာလောကထဲကို ဝင်လာတာဖြစ်ပြီးတော့ အရည်အသွေးမြင့် ကျောက်တွေကို ဝယ်ယူချင်နေတာပါ။ ယဲ့ဆရာကြီးက ဒီကျောက်သုံးလုံးကို ရောင်းဖို့ အစီအစဉ်ရှိလားလို့ တွေးမိပါတယ် "

ယဲ့ဖန် ဖြတ်ပြီးသား ပစ္စည်းသုံးပိုင်းကို ကြည့်လိုက်သည်။

ထို့နောက် သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဈေးမှန်ပေးသရွေ့ ရောင်းချင်ပါတယ် "

လီရှစ်ကိုင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး စျေးနှုန်းကို တန်းပြောခဲ့သည်။

" ဒီပစ္စည်းသုံးမျိုးအတွက် သန်း၇၀ ပေးချင်ပါတယ်။ ဘယ်လိုထင်ပါသလဲ "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

ပစ္စည်းသုံးမျိုးပေါင်း သန်း၆၀ခန့်သာ ရှိကြောင်း သူသိသည်။

လီရှစ်ကိုင်သည် ထိုပစ္စည်းများကို အထူးဈေးဖြင့် ဝယ်ယူခဲ့သည်မှာ ထင်ရှားလေသည်။

" ဒါဆို ဥက္ကဌလီကို အခွင့်ကောင်းယူရမှာပဲ။ ဒီပစ္စည်းသုံးမျိုးက ခင်ဗျား ပိုင်ပါပြီ "

လီရှစ်ကိုင်သည် သူ့သဘောတူကြောင်း ကြားသောအခါ ချက်ချင်း ပြုံးပျော်သွားသည်။

သူသည် ၁၀သန်းမျှ ပိုသုံးခဲ့သော်လည်း ထိုယဲ့ဆရာကြီးအား အထင်ကြီးအောင် လုပ်နိုင်ခဲ့ခြင်းသည် ထိုက်တန်သည်။

‘ဆုရှန်းမြို့တော်’သည် အလွန်လျင်မြန်စွာ လှုပ်ရှားပြီး ယွမ် သန်း၇၀ကို အချိန်တိုအတွင်း လွှဲပြောင်းပေးခဲ့သည်။

ယဲ့ဖန် သူ့ဘဏ်အကောင့်ကို ကြည့်လိုက်သည်။

ယခင်က သန်း၃၉၀အပြင် ဒီမနက်အတွင်း သန်း ၄၆၀ ရရှိပြီးဖြစ်သည်။

အမြတ်အကြီးစားဟု ဆိုနိုင်သည်။

ယဲ့ဖန်ဘေး၌ တိတ်တဆိတ် လိုက်ပါလာခဲ့သည့် ရှုကျင်းရှင်းသည် ခံစားချက်ပေါင်းများစွာကို ခံစားနေသည်။

အခြားသူများအတွက် ထိုမျှပမာဏငွေကို ရှာရသည်မှာ ကောင်းကင်ဘုံသို့ တက်ရန်ထက် ပို၍ခက်ခဲသည်။

သို့သော် ယဲ့ဖန်လို လူအတွက်မှာ သူ့လက်ကိုလှန်လိုက်သလိုပင် လွယ်လှသည်။

အကြိမ်အနည်းငယ် လောင်းရုံဖြင့် သန်းဆယ်ချီမှ ရာချီ ရှာနိုင်လေသည်။

ထိုကောင်လေးသည် အသုံးများ၍ ပိုင်ဆိုင်မှုများအားလုံး မကြာခင်အတွင်း ကုန်သွားမည်ဟု သူမ စိုးရိမ်နေခဲ့သည်။

သို့သော် ယခုကြည့်လိုက်လျှင် သူမ၏ စိုးရိမ်ပူပန်မှုများမှာ အခြေအမြစ်မရှိသည်ဟု ထင်ရသည်။

တစ်နေ့ သူ့ပိုင်ဆိုင်မှုများ အားလုံး တကယ်ဖြုန်းမိသွားလျှင်ပင် သူ၏ ငွေရှာနိုင်စွမ်းဖြင့် တခဏ အပြင်ထွက်ရုံဖြင့် ပြန်ရနိုင်သည်။

သူမသည် မသိလိုက်ဘဲ ယဲ့ဖန်အား ကြည့်နေလျက် သူမ၏ မျက်ဝန်းထဲ၌ ထူးဆန်းသော အလင်းရိပ်လေး ဖြတ်ပြေးနေသည်။

ယဲ့ဖန်သည် သူမ၏ ထူးဆန်းသော အပြုအမူကို သတိထားမိသည်။

သူသည် ရက်စက်သော အပြုံးတစ်ခုကိုသာ ထုတ်ဖော်ခဲ့သော်လည်း သူမအပြုအမူကိုတော့ ထုတ်မပြောခဲ့ပေ။

‘ဆုရှန်းမြို့တော်’၏ ကိစ္စများအပြီးတွင် ယဲ့ဖန်သည် လီရှစ်ကိုင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ဘာပြဿနာမှ မရှိဘူးဆိုရင် အရင် သွားတော့မယ် "

လီရှစ်ကိုင်သည် ယဲ့ဖန်နှင့် နီးစပ်ချင်သေးသော်လည်း အလျင်စလိုလုပ်ပါက ဖြုန်းတီးရာကျမှန်း သူ သိသည်။

ထို့ကြောင့် တလေးတစားဖြင့် နှုတ်ဆက်ရုံသာ တတ်နိုင်သည်။

ယဲ့ဖန်သည် ရှုကျင်းရှင်းကို အထူးအဆင့်ကျောက်လောင်းကစားဝိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အပိုင်း ( ၈၁၈ )

မြည်းက မင်းရဲ့ခေါင်းကို ကန်သွားတာလား။

ထိပ်တန်းနေရာရှိ ပစ္စည်းများသည် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များမှ တညီတညွတ်တည်း အကဲဖြတ်ရွေးထားသော ထိပ်တန်းပစ္စည်းများဖြစ်ကြသည်။

ထို့ကြောင့် ထိုကျောက်များကို တိုက်ရိုက် မဝယ်နိုင်ဘဲ လေလံတင် ရောင်းချထားသည်။

လက်ရှိတွင် အဆိုပါပစ္စည်းများကို အနီရောင်ပိုးအဝတ်စဖြင့် ဖုံးအုပ်ထားပြီး အတွင်းမှ ပစ္စည်းများကို မမြင်နိုင်ပေ။

သို့သော် စနစ်မှ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းဖြင့် ယဲ့ဖန်သည် ထိုကျောက်များ၏ အခြေအနေကို ကောင်းမွန်စွာ နားလည်ထားပြီး ဖြစ်သည်။

ကျောက်ဖြတ်ကွင်းတွင် သူ၏ စွမ်းအားကို ပြသထားသောကြောင့် ကျောက်မျက်ရတနာကုန်သည် အများအပြားသည် သတင်းကို ကြားသိပြီးဖြစ်သည်။

ယဲ့ဖန် ရောက်လာသည်ကို မြင်ပြီး အားလုံးက တလေးတစား မတ်တပ်ထရပ်ပြီး ကြိုဆိုကြသည်။

" မင်္ဂလာပါ ယဲ့ဆရာကြီး။ ကျွန်တော်က ချိုက်မင်းရတနာရဲ့ ဥက္ကဌပါ ..... "

" မင်္ဂလာပါ ယဲ့ဆရာကြီး။ ကျွန်တော်က ပထမတန်း ကျန်းရှန်းလက်ဝတ်ရတနာဆိုင်ရဲ့ အထွေထွေမန်နေဂျာပါ ....... "

" မင်္ဂလာပါ ယဲ့ဆရာကြီး ........ "

လူတိုင်းသည် သူတို့၏ စံပြပုဂ္ဂိုလ်ကို မြင်လိုက်သည့် ပရိသတ်များကဲ့သို့ ယဲ့ဖန်ကို အလျင်စလို ပြေးနှုတ်ဆက်ကြသည်။

ဆိုရိုးစကားအတိုင်း ပြုံးနေသည့်သူကို မရိုက်သင့်ချေ။

ထို့ကြောင့် ယဲ့ဖန် သူတို့ကို ပြုံးပြပြီး ခေါင်းညိတ်ပြခဲ့သည်။

ယဲ့ဖန်အနောက်မှ လိုက်လာသော ရှုကျင်းရှင်းသည် လျှို့ဝှက်စွာ ထိတ်လန့်သွားသည်။

ထိုလူများသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ သြဇာအကြီးဆုံး လက်ဝတ်ရတနာဆိုင်များဖြစ်သည်။

အများအားဖြင့် သူတို့သည် ခေါင်းမငုံ့တတ်ကြပေ။

ယခုတွင်မူ သူတို့သည် ယဲ့ဖန်နှင့် ဆက်ဆံရင်ရသောအခါ အလွန်ရိုသေနေကြပြီး ယဲ့ဖန်ကို မျက်နှာသာပေးရန် ကြိုးစားနေကြသည်။

သူမသည် ယဲ့ဖန်နောက်မှ လိုက်နေသောကြောင့် သူမကိုလည်း ထိုကျောက်မျက်ရတနာသမားများက အလေးပေး ဆက်ဆံကြသည်။

" ယဲ့ဆရာကြီး ဘယ်ပစ္စည်းတွေကို သဘောကျနေလဲဆိုတာ သိချင်မိတယ်။ မင်း ငါတို့ကို ကြိုပြောထားပါလား။ အဲ့တာကို ရှောင်လို့ရအောင် "

" ဟုတ်တယ် ယဲ့ဆရာကြီးနဲ့ မပြိုင်ရဲဘူး။ ကြိုရှောင်တာ ပိုကောင်းတယ် "

" ယဲ့ဆရာကြီး ယူဖို့ တွေးထားတဲ့ ပစ္စည်းတွေ က ထိပ်တန်း ပစ္စည်းတွေပဲ ဖြစ်ရမယ်။ ဒါပေမယ့် ငါတို့က အဲ့ပစ္စည်းတွေကို သူဆီက လုမယူရဲပါဘူး "

" ယဲ့သခင်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဲတယ်ဆို ငါတို့ ချိုက်မင်းကျောက်မျက်ရတနာဆိုင်က သဘောတူမှာ မဟုတ်ဘူး........ "

လူတိုင်းသည် ယဲ့ဖန်အား မေးခွန်းတွေ မေးနေကြပြီး သူ့အပေါ်ထားသည့် သူတို့၏ စေတနာကို ရှင်းလင်းစွာ ဖော်ပြနေကြသည်။

အမှန်တွင် ဤကဲ့သို့ အားကောင်းသည့် ကျောက်လောင်းကစား ဆရာကြီးနှင့် မိတ်ဖွဲ့ခြင်းသည် ထိပ်တန်း ပစ္စည်းနှစ်ခု ရရှိခြင်းထက် များစွာ ပိုအရေးကြီးသည်။

ယဲ့ဖန်သည် ပြိုင်ဆိုင်မှုကို မကြောက်သော်လည်း ငွေအနည်းငယ်သာ သုံးရမည်ဖြစ်၍ ပျော်လေသည်။

သူသည် လူတိုင်းကို ကျေးဇူးတင်ကြောင်း ချက်ချင်း ဖော်ပြခဲ့သည်။

မူလက လေလံခန်းမရှိ လေထုသည် အလွနိ တင်းမာနေသော်လည်း သူ ရောက်ရှိလာပြီးသည့်အခါ အလွန်လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် ချမ်းသာသော စီးပွားရေးသမားတစ်ဦးသည် ထောင့်တစ်နေရာတွင် ထိုင်ကာ အရာအားလုံးကို အေးစက်စွာ ကြည့်နေသည်။

" လက်ထောက်ချောင်း၊ ဒီလူလေးကို မင်း သိလား "

ထိုလူသည် ဘေးနားရှိ အနည်းငယ် ပိုငယ်သည့် လူငယ်တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

" ကျွန်တော် သူ့ကို မသိပါဘူး။ ဒါပေမယ့် ဒီကျောက်မျက်ရတနာသမားတွေရဲ့ စကားအရတော့ သူက တော်တော်လေး အစွမ်းထက်ပုံရတယ် "

ထိုလူငယ်သည် ယဲ့ဖန်ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

" ဟားဟား၊ ကျောက်လောင်းကစားဝိုင်းမှာ ဆရာတစ်ဆူဖြစ်ဖို့ သတ်မှတ်ချက်က တော်တော် နိမ့်ပါးလာတာပဲ။ ဆံပင်တောင် မထူသေးတဲ့ကောင်က သူ့ကိုယ်သူ ဆရာကြီးလို့ သမုတ်ရဲတာလား "

လူလတ်ပိုင်းအရွယ် ကုန်သည်သည် ချက်ချင်း လှောင်ပြောင်လေသည်။

" ဥက္ကဌထူ၊ ကျွန်တော်တို့က နယ်ခြားသားတွေဆိုတော့ ဒေသခံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေက ဒီလူငယ်ကို အရမ်းလေးစားနေတဲ့အတွက် သူ့ကို မဆွတာ ပိုကောင်းပါတယ် "

လက်ထောက်ချောင်းက အမြန် သတိပေးလိုက်သည်။

မန်ကျူးကျောက်မျက်ရတနာသည် ရှန်ဟိုင်းတွင် ရုံးချုပ်ရှိပြီး နိုင်ငံကျော် ကျောက်မျက်ရတနာကုမ္ပဏီတစ်ခု ဖြစ်သည်။

သူတို့သည် ကျောက်လောင်းကစားပွဲတွင် ပါဝင်ရန် ဤစင်တာသို့ ရောက်ရှိလာခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ်မှာ မန်ကျူးကျောက်မျက်ရတနာ၏ ဒုတိယဥက္ကဌဖြစ်သူ ထူပေါရန် ဖြစ်သည်။

သူသည် များသောအားဖြင့် အလွန်မာနကြီးသည်။

သို့သော် ဤသည်မှာ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ နယ်မြေ ဖြစ်သည်။

ဒုဥက္ကဌထူ ဒုက္ခရောက်မည်ကို စိုးရိမ်လေသည်။

ထူပေါရန်သည် သူ့လက်ထောက်၏ သတိပေးချက်ကို ကြားသောအခါတွင် သူ မကျေမနပ် ပြုံးနေလိုက်သည်။

" သူက တောင်ပိုင်း ကွမ်တုန်းပြည်နယ်က ပညာရှင်ဖြစ်တာနဲ့ ငါတို့ရဲ့ မန်ကျူးကျောက်မျက်ရတနာကုမ္ပဏီကို သူက ထိန်းချုပ်နိုင်ပါ့မလား "

လက်ထောက်ချောင်း ချက်ချင်း ထိတ်လန့်သွားသည်။

" ဥက္ကဌထူ၊ ဒီယဲ့ဆရာကြီးရဲ့ ရန်သူဖြစ်အောင် လုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား "

ထူပေါရန်သည် စကားစမြည်ပြောရင်း ရယ်နေသော ယဲ့ဖန်ကို ကြည့်လိုက်သည်။

ချက်ချင်းပင် ပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ဒီလူတွေက ဒီကောင်လေးနဲ့ မပြိုင်ဘူးဆိုတော့ ငါတို့အတွက် ကောင်းတယ်။ ငါ အကြီးစားတစ်ခုခု ရသွားနိုင်တယ် "

လက်ထောက်ချောင်းသည် ပို၍ပင် ထိတ်လန့်သွားသည်။

" ဥက္ကဌထူ၊ ကျေးဇူးပြုပြီး အလျင်မလိုပါနဲ့။ ဒီတစ်ခါ ဒီကိုမလာခင် ဥက္ကဌကျန်းက ကျွန်တော်တို့ကို ပြောခဲ့တာ ........ "

ထူပေါရန်သည် သူ့စကားကို ပြီးရန် မစောင့်ချေ။

သူ့မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။

" မင်း ငါ့ကို ဖိအားပေးဖို့ ဥက္ကဌကျန်းကို သုံးနေတာလား။ စစ်သူကြီးတစ်ယောက် အပြင်မှာရှိနေရင် ဘုရင့်အမိန့်ကို မနာခံနိုင်ဘူး။ ဒီကိစ္စကို ပြီးမှ ဥက္ကဌကျန်းဆီ ရှင်းပြလိုက်မယ် "

လက်ထောက်ချောင်းသည် ဒုဥက္ကဌ ခေါင်းမာနေသေးသည်ကို မြင်လိုက်သဖြင့် ချက်ချင်းထကာ ထွက်သွားလေသည်။

ထူပေါရန်သည် သူ့နောက်ကျောကို ကြည့်ပြီး ချက်ချင်း နှာမှုတ်လိုက်သည်။

ထိုကောင်လေးသည် ဥက္ကဌကျန်းအား သတင်းပို့ဖို့ သွားသည်ကို သူ သိသော်လည်း တားဖို့ ပျင်းလွန်းလှသည်။

ဥက္ကဌကျန်း သိခဲ့လျှင်ပင် သူ့ကို ထောက်ခံမည်ဟု သူ ယုံကြည်လေသည်။

ဤအရာအားလုံးသည် ကုမ္ပဏီအတွက် ငွေအများကြီး သက်သာစေနိုင်မှာ ဖြစ်သည်။

သို့သော် မကြာခင်၌ လက်ထောက်ချောင်းက ပြန်လာပြီး သူ့ဖုန်းကို ပေးလိုက်သည်။

" ဥက္ကဌကျန်းက ဒုဥက္ကဌနဲ့ ဖုန်းပြောချင်နေပါတယ် "

ထူပေါရန်သည် သူ့ကို စိုက်ကြည့်ကာ ဖုန်းကို ယူလိုက်သည်။

သူ စကားမပြောမီတွင် ဥက္ကဌကျန်းယင်၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

" ထူပေါရန်၊ မင်းခေါင်းကို မြည်းကန်သွားတာလား "

ထူပေါရန်သည် ဥက္ကဌကျန်းနှင့် ရင်ဆိုင်ရသောအခါ သူ၏ သဘောထားမှာ ချက်ချင်း ပို၍ လေးစားလာခဲ့သည်။

" ဥက္ကဌကျန်း ကျေးဇူးပြုပြီး စိတ်အေးအေးထားလိုက်ပါ။ ဒါကို ကိစ္စကြီးလုပ်ဖို့ လိုသေးလို့လား "

ထိုစကားကို ဥက္ကဌကျန်း ကြားသည့်အခါ ဒေါသ ပိုထွက်သွားသည်။

" ကိစ္စကြီးတဲ့လား။ ငါ့ မိတ်ဆွေတချို့က အခုလေးတင် ဖုန်းဆက်ပြီး ကျောက်လောင်းကစားစင်တာမှာ တွေ့ခဲ့တာတွေကို ပြောပြတယ်။ အဲ့ဒီ ယဲ့ဆရာကြီးရဲ့ စွမ်းအားက ဘယ်လောက်တောင် တန်ခိုးကြီးလဲ သိလား "

ထူပေါရန်သည် မျက်မှောင်ကြုတ်လိုက်သည်။

" သူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျွန်တော်တို့ရဲ့ ကျောက်မျက်ရတနာ လုပ်ငန်းကို သူက ထိန်းချုပ်နိုင်မှာမလို့လား "

ကျန်းယင် ဒေါသအရမ်းထွက်ပြီး စကားမပြောနိုင်ပင် ဖြစ်သွားသည်။

ခဏအကြာတွင် သူက ဆက်ပြောသည်။

" အဲ့ဒီဆရာကြီးက ကျောက်ခွဲကွင်းမှာ ကျောက်တုံး ၂၃တုံးကို ဆက်တိုက် ဖွင့်ပြီးပြီ။ အကုန်ကျောက်အောင်တဲ့အပြင် တန်ဖိုးကလည်း စုစုပေါင်း သန်း၄၆၀ ရထားတယ်။ ဒါက ဘာကိုဆိုလိုလဲ သိလား "

ထူပေါရန် ထိုင်မနေနိုင်တော့ချေ။

" ကျွန်တော် ...... ဒီကို ရောက်တာ မကြာသေးဘူး။ ပစ္စည်း ၂၃တုံးလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ကျန်းယင် အေးစက်စွာ နှာမှုတ်လိုက်သည်။

" မဖြစ်နိုင်ဘူးဆိုတာ မင်း သိထားတာကောင်းတယ်။ ယဲ့ဆရာကြီးက ဘယ်လောက် အစွမ်းထက်လဲဆို မဖြစ်နိုင်တာတွေကိုတောင် ရအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိတာပဲ။ ဘယ်ရတနာသည်က ဒီအဆင့်ရှိတဲ့ ဆရာကြီးကို မကိုးကွယ်မှာလဲ။ မင်းက သူ့ကို စော်ကားရဲသေးတာလား "

ထူပေါရန်သည် ချက်ချင်းပင် ချွေးအေးများ ထွက်လာသည်။

သူသည် မန်ကျူးကျောက်မျက်ရတနာ၏ ဒုဥက္ကဋ္ဌဖြစ်လေသည်။

ထို့ကြောင့် သူသည် ကျောက်လောင်းကစားဆရာကြီးတစ်ဦး၏ အနေအထားကို သိလေသည်။

ပထမ၌ ယဲ့ဖန်သည် တောင်ပိုင်းကွမ်တုန်းပြည်နယ် အတွင်း၌သာ နာမည်ရှိသည့် သာမန်ကျောက်လောင်းကစားဆရာတစ်ယောက်သာဟု သူထင်ခဲ့သည်။

သို့သော် ဥက္ကဌကျန်း ပြောသည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့ပါက ထိုယဲ့ဆရာကြီးသည် ကျောက်တုံးကိုပင် ရွှေအဖြစ် ပြောင်းနိုင်သူ ဖြစ်သည်။

ထိုအင်အားမျိုးမှာ အနည်းငယ် ကြောက်စရာကောင်းသည်။

သူ့ကို မျက်နှာသာပေးဖို့ လက်ဝတ်ရတနာကုန်သည် ဘယ်နှစ်ယောက်လောက်နဲ့ တိုက်ရမှာလဲ။

သူသည် နောက်ဆုံးတွင် ထိုကိစ္စ၏ လေးနက်မှုကို သဘောပေါက်သွားသည်။

သူသည် သေလုနီးပါး အမှားတစ်ခုကို ကျူးလွန်မိမတတ် ဖြစ်ခဲ့၍ သူ့နဖူးမှ အေးစက်သော ချွေးများကို အမြန်သုတ်လိုက်သည်။

" ဥက္ကဌကျန်း၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ "

အပိုင်း ( ၈၁၉ )

ဒီခွေးက လျှာကောင်းလွန်းတယ်

" မင်းရဲ့မာနကို ချက်ချင်း လျှော့ပြီး ယဲ့ဆရာကြီးကို သွားရှာ။ သူ့ကို လုံလောက်တဲ့ မျက်နှာသာပေးပြီး သူနဲ့ ကောင်းကောင်း ပြောဆိုဆက်ဆံရမယ်။ မင်းပြောသလိုပဲ ယဲ့ဆရာကြီးရဲ့ နောက်ကို လိုက်ပြီး သူကျန်တာ ကောက်စားဖို့ပဲ လိုတယ်။ နောက်ပြီးတော့ ....... "

ကျန်းယင်သည် ထူပေါရန်ကို ဖုန်းနှင့် သင်ခန်းစာ ပို့ချခဲ့သည်။

ထူပေါရန်သည် ထိုသို့ပြုခြင်းမှာ အလွန်ရှက်စရာကောင်းသည်ဟု ခံစားမိသော်လည်း အဆုံးတွင် သူသည် ကျေနပ်စွာဖြင့်သာ သဘောတူနိုင်ခဲ့သည်။

ဖုန်းချပြီးနောက် ထရပ်ကာ ယဲ့ဖန်ဆီသို့ လျှောက်သွားလိုက်သည်။

" မင်္ဂလာပါ၊ ယဲ့ဆရာကြီး။ ကျွန်တော်က မန်ကျူး ကျောက်မျက်ရတနာက ဒုဥက္ကဌ ထူပေါရန်ပါ။ မင်းနဲ့ သိခွင့်ရနိုင်မလား "

ယဲ့ဖန် အနီးနားတွင် စိတ်အားထက်သန်စွာ စကားစမြည်ပြောနေကြသော ကျောက်မျက်ရတနာသည်များသည် သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

မန်ကျူးလက်ဝတ်ရတနာသည် တစ်တိုင်းပြည်သိ အလွန် ကျော်ကြားသည်။

တောင်ပိုင်ကွမ်တုန်းပြည်နယ်မှာပင် ဆိုင်ခွဲပေါင်း များစွာရှိပြီး သူတို့၏ ခွန်အားမှာ သူတို့ အားလုံးပေါင်းသည်ထက် ပိုပြင်းထန်လေသည်။

ဒုဥက္ကဌထူသည်လည်း အလွန်မောက်မာသူ ဖြစ်သည်။

ဤနေရာသို့ ရောက်ကတည်းက လူတိုင်းနှင့် ကင်းကင်းရှင်းရှင်းနေသည်။

ယဲ့ဖန်အား နှုတ်ဆက်ရန် သူ့ဘက်မှ အစပြုလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

ထိုဒုဥက္ကဌသည် အရင်ကလို မာနမကြီးတော့ချေ။

ထိုအစား ယဲ့ဖန်ကို စိတ်ကျေနပ်အောင် ကြိုးစားနေသည်။

ယဲ့ဖန်သည် ထိုလူကို မသိသော်လည်း စေတနာကို အသိအမှန်ပြုရန် ဖော်ရွေသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" မင်္ဂလာပါ၊ ဒုဥက္ကဌထူ "

ထိုကောင်လေးသည် အခြားဆရာကြီးများကဲ့သို့ မောက်မာသည့် သဘောထား မရှိသည်ကို ထူပေါရန် မြင်လိုက်ရပြီး ယဲ့ဖန်အပေါ် ပို၍ အကောင်းမြင်လာသည်။

" ယဲ့ဆရာကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်ချက်တွေအကြောင်း ကြားဖူးပါတယ်။ ဆရာကြီးရဲ့ အရည်အချင်းတွေကို မျက်စိနဲ့ တပ်အပ်မမြင်နိုင်တာတော့ နှမြောစရာပဲ "

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" ကျွန်တော်က ကျောက်ခဲအနည်းငယ်ကို ဖြတ်လိုက်ရုံပါပဲ။ ဒါက သေးငယ်တဲ့ လှည့်ကွက်လေးတွေပါ။ စီးပွားရေးလုပ်ငန်း ကြီးကြီးမားမားရှိတဲ့ ဒုဥက္ကဌထူကို နှိုင်းယှဉ်လို့ မရပါဘူး "

ထူပေါရန်သည်လည်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

" ယဲ့ဆရာကြီးက တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ။ ဒါက အသေးအဖွဲလှည့်ကွက်တွေဆိုရင်တောင် ကျွန်တော်တို့လို လူတွေက အဲ့ဒီ အသေးအဖွဲ လှည့်ကွက်တွေကို သိမှာ မဟုတ်ပါဘူး။ အဲ့တာ ရှက်စရာကောင်းလွန်းတယ် "

တခြားသူတွေက ခေါင်းညိတ် သဘောတူကြသည်။

ထူပေါရန်သည် ပင်မအကြောင်းအရာသို့မပြောမီ ယဲ့ဖန်ကို အကြိမ်အနည်းငယ် ချီးမွမ်းခဲ့သည်။

" ယဲ့ဆရာကြီး၊ မန်ကျူးကျောက်မျက်ရတနာက မင်းနဲ့ မပြိုင်ရဲပါဘူး။ ယဲ့ဆရာကြီးကို ပစ္စည်းတစ်ခုခုကို ကြိုက်တာနဲ့ လေလံကနေ နုတ်ထွက်ပေးဖို့ ဆန္ဒရှိပါတယ် "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" အဲ့တာက သိပ်မကောင်းဘူး ဟုတ်တယ်မလား။ အများဆိုင် လေလံပွဲဖြစ်တဲ့အတွက် လူတိုင်းက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အားကိုးလေလံဆွဲသင့်ပါတယ် "

ထူပေါရန်သည် ချက်ချင်းပင် ခါးသက်စွာ ပြုံးလိုက်သည်။

" ယဲ့ဆရာကြီးရဲ့ ခွန်အားကို ကျွန်တော်တို့ သိပါတယ်။ အဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဒါပေမဲ့ ဆရာကြီးက လက်ခံနိုင်မယ်လို့ မျှော်လင့်တဲ့ တောင်းဆိုချက်လေးတစ်ခုတော့ ရှိပါတယ် "

အခြားကျောက်မျက်ရတနာ လုပ်ငန်းရှင်များသည် ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာများသည် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

မန်ကျူး ကျောက်မျက်ရတနာက မောက်မာလွန်းတယ် မဟုတ်လား။

သူတို့က ယဲ့ဆရာကြီးကို တောင်းဆိုရဲတဲ့ သတ္တိရှိတာလား။

သို့သော် ယဲ့ဖန်ကတော့ ဒေါသမထွက်ချေ။

အေးဆေးစွာဖြင့် သူ့ကိုကြည့်သည်။

" ဘာတောင်းဆိုချင်တာလဲ "

" ယဲ့ဆရာကြီး ဖြတ်လိုက်တဲ့ ကျောက်တွေကို မန်ကျူး ကျောက်မျက်ရတနာဆီကို ဦးစားပေး ရောင်းချပေးနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ သေချာပေါက် ကျွန်တော်တို့ဘက်က အဲ့ကျောက်တွေကို လက်ရှိပေါက်ဈေးထက် ၂၀ရာခိုင်နှုန်း ပိုပေးပြီး ဝယ်မှာပါ။ ဘာမှ မဆုံးရှုံးစေရဘူးလို့ အာမခံပါတယ် "

ယဲ့ဖန်သည် သူ့ထင်မြင်ချက်ကို ထုတ်မပြောသေးသော်လည်း လာကြည့်သူတိုင်း၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားနေသည့် အမူအရာများ ရှိနေကြသည်။

ဤမန်ကျူးကျောက်မျက်ရတနာကုမ္ပဏီသည် နိုင်ငံတွင်း လူသိများသော ကျောက်မျက်ရတနာကုမ္ပဏီဖြစ်ပြီး အခြေအုတ်မြစ် အလွန်ခိုင်မာလေသည်။

သူတို့က ယဲ့ဖန်ရဲ့ ဖိနပ်ကို နမ်းဖို့ လာမယ်လို့ ဘယ်သူထင်မှာလဲ။

ယဲ့ဖန် ဝယ်ဖြတ်မည့် ကျောက်တွေကိုပင် နှစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝယ်ရန်ပင် ဆန္ဒရှိခဲ့သည်။

ထိုနှစ်ဆယ်ရာခိုင်နှုန်းသည် ယဲ့ဆရာကြီးအတွက် 'တွေ့ဆုံလက်ဆောင်' ဖြစ်သည်မှာ ထင်ရှားလေသည်။

မန်ကျူးကျောက်မျက်ရတနာ၏ ရဲရင့်မှုကို တိတ်တဆိတ် လေးစားမိကြသည်။

ဒီခွေးက တကယ်ကို လျှာကောင်းတာပဲ။

ယဲ့ဖန် သူ့ကို ဘာမှ ကတိမပေးဘဲ ပေါ့ပေါ့ပါးပါးသာ ပြုံးပြလိုက်သည်။

" အချိန်တန်မှ ဒီအကြောင်းကို ပြောကြတာပေါ့။ ပစ္စည်းကောင်းတွေကို ရွေးနိုင်မယ်လို့ ယုံကြည်ချက် မရှိပါဘူး "

ထူပေါရန် ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ယဲ့ဆရာကြီးတောင်မှ ပစ္စည်းကောင်းကောင်း မရွေးချယ်နိုင်ဘူးဆိုရင် ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိပါဘူး။ ဟားဟားဟား "

အခြားသူများသည်လည်း ရယ်မောကြပြီး ရွှင်မြူးသော အငွေ့အသက်များ ပြန်လည် ရောက်ရှိလာသည်။

လက်ရှိအချိန်တွင် ထိပ်တန်းအဆင့်ရှိ ပစ္စည်းများပေါ်မှ အနီရောင်ပိုးအဝတ်ကို နောက်ဆုံးတွင် ဖယ်ရှားသွားခဲ့ပြီဖြစ်ကာ ထိပ်တန်းကျောက်စိမ်းပစ္စည်းများကို လူတိုင်းအား ပြသထားတော့သည်။

လူတိုင်းသည် ပစ္စည်းကိုကြည့်ရန် အလျင်စလို မဖြစ်ခဲ့ကြပေ။

သူတို့အားလုံးသည် ယဲ့ဖန်ကို ကြည့်နေကြသည်။

" ယဲ့ဆရာကြီး အရင်ရွေးပါ။ ကျန်တာတွေကို ပြီးမှ ကျွန်တော်တို့ ရွေးပါမယ် "

ထူပေါရန်သည် ယဲ့ဖန်အား လေးစားစွာဖြင့် ချက်ချင်း ပြောလိုက်သည်။

ယဲ့ဖန်သည် သူတို့နှင့် ဟိတ်ဟန်လုပ်မနေတော့ပေ။

သူသည် ကျောက်တုံးများကို ကြည့်နေပုံ ဟန်ဆောင်လိုက်သည်။

အမှန်တွင် သူ့စိတ်ထဲမှ ပန်းတိုင်တစ်ခုရှိနေလေသည်။

သို့သော် ထိုပန်းတိုင်အတိုင်းသာ လျှောက်လှမ်းခဲ့မည်ဆိုလျှင် အလွန်တုန်လှုပ်သွားကြလိမ့်မည်။

သူ လျင်မြန်စွာ ကြည့်လိုက်သည်။

ထိပ်တန်းအဆင့်တွင် ပစ္စည်း ၂၀ကျော် ရှိသည်။

ယဲ့ဖန်သည် အားလုံးကို ကြည့်ရန် နှစ်မိနစ်ပင် မကြာလိုက်ပေ။

ထို့နောက် ပစ္စည်းနှစ်ခုကို ညွှန်ပြသည်။

" ဒီနှစ်ခုကို ယူမယ် "

လူတိုင်းသည် ယဲ့ဖန်ထံမှ ကျောက်မျက်ရတနာ ရွေးချယ်ရန် အကြံဉာဏ် မြင်ချင် လိုချင်ကြသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထွက်သွားမည်ဟု မမျှော်လင့်ထားကြချေ။

လှည့်ကွက်တွေ လုံးဝ မတွေ့လိုက်ရပေ။

စိတ်ပျက်နေသော အမူအရာများဖြင့် လူတိုင်းသည် ပြပွဲနေရာထဲသို့ ပြန်လည် ဝင်ရောက်ကြည့်ရှုကြသည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်တိုင်းသည် သူတို့၏ ကျွမ်းကျင်ပညာရှင်များကို ခေါ်ဆောင်လာပြီး ပစ္စည်းတစ်ခုစီ၏ အရည်အသွေးကို ဂရုတစိုက် စောင့်ကြည့်လေ့လာခဲ့ကြသည်။

ယဲ့ဖန် ရွေးထားသည့် နှစ်တုံးမှလွဲ၍ ကျန်သည့် အတုံးများအားလုံးတွင် လူတွေ ဝိုင်းနေကြသည်။

သူ ရွေးထားသည့် ပစ္စည်းနှစ်ခုကို စူးစမ်းလေ့လာရန် လာကြည့်သူများ ရှိသော်လည်း မတူသည်များကို မမြင်နိုင်ကြချေ။

အဆုံးတွင် ယဲ့ဖန်သည် အသိစိတ်ဖြင့် လုပ်ဆောင်သော ဆရာကြီးဖြစ်သည်ဟုသာ ကောက်ချက်ချခဲ့ကြသည်။

တစ်နည်းဆိုရသော် သူသည် ကျောက်မျက်ရတနာ ရွေးချယ်ရာ၌ ကျွမ်းကျင်မှု မရှိချေ။

ခံစားချက်တွေပေါ်သာ လုံးလုံးလျားလျား အခြေခံထားသည်။

တရားဝင်လေလံပွဲ မစတင်မီ စည်းရုံးရေးမှူးသည် လူတိုင်းအား စောင့်ကြည့်လေ့လာရန် တစ်နာရီကျော် အချိန်ပေးခဲ့သည်။

တစ်နာရီမှာ အလွန်မြန်ဆန်စွာ ကုန်သွားလေသည်။

တင်ဆက်သူသည် စင်မြင့်တက်လာသည်အထိ အချို့သော ကုန်သည်များမှာ ပစ္စည်းအားလုံးကို ကြည့်ရန် အချိန်မရှိခဲ့ကြပေ။

လူတိုင်းသည် ရွေးစရာမရှိဘဲ ကိုယ့်နေရာကိုယ် ပြန်သွားရတော့သည်။

လေလံပွဲ စတင်တော့မည် ဖြစ်သောကြောင့် လူများစွာသည် ထိပ်တန်းလောင်းသည့်နေရာသို့ ရောက်ရှိလာကြသည်။

ထိုလူများသည် ပွဲကြည့်ရန်သာ ရောက်နေခြင်းဖြစ်ပြီး ဤကဲ့သို့ ကြီးမားသည့် ပြိုင်ပွဲ၌ ပါဝင်ရန် သူတို့မှာ အင်အားမရှိချေ။

မလုံမလဲ ၀တ်စားထားသော အမျိုးသမီး အများအပြားလည်း ရှိခဲ့သည်။

ကျောက်လောင်းကစားလုပ်ဖို့ ဒီမှာ ရှိနေခြင်း မဟုတ်ကြောင်း သိသာလေသည်။

သူတို့သည် ချမ်းသာသော ယောက်ျားများနှင့် တွေ့ဆုံပေါင်းသင်းရန် ဤနေရာသို့ ရောက်လာသည်မှာ ဖြစ်နိုင်ချေများသည်။

ရှေ့ဆုံးတန်းအလယ်တွင် ထိုင်နေသော အငယ်ဆုံးနှင့် အချောဆုံး ယဲ့ဖန်ကို တွေ့သောအခါ သူတို့သည် မထိန်းနိုင်ဘဲ ထပ်ခါထပ်ခါ ကြည့်မိသည်။

" အဲ့ဒီလူငယ်လေးက ဘယ်သူလဲ။ တစ်နေရာလုံးမှာ လူအိုတွေနဲ့ပဲ ပြည့်နေတာ သူက အငယ်ဆုံးပဲ "

" သူ ငယ်တဲ့အပြင် သူက နာမည်ကြီးလို အရမ်းချောသေးတယ် "

" ဒီလေလံထိုင်ခုံတွေက ထိုင်ချင်တဲ့သူ ထိုင်ဖို့ မဟုတ်ဘူး။ သေချာပေါက် သြဇာအကြီးဆုံးသူတွေက အရှေ့နဲ့ အလယ်မှာ ထိုင်ကြလိမ့်မယ် "

" အမလေး ဘုရားရေ၊ ဒါဆို သူက ဒီမှာ အမြင့်ဆုံး အဆင့်ရှိတာလား။ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား "

" သူ့ဖုန်းနံပါတ်ကို ရမှဖြစ်မယ်။ ငါ ဒီကောင်လေးနဲ့ အိပ်ချင်တယ် "

" နင့်ရဲ့ ပလက်စတစ်မျက်နှာကိုလည်း ပြန်ကြည့်ဦး။ အတင်းချွန်ထားတဲ့ မေးစေ့နဲ့ နှာခေါင်းက သူများကိုလည်း သွားထိုးမိဦးမယ်။ ဟိုက နင့်လိုလူကို မကြိုက်ဘူး "

" နင်ကများ ငါ့ကို ပြောရသေးတယ်။ နင့်ရင်သားကို ပြင်ထားတာမဟုတ်ဘူးလို့ ပြောရဲလာ "

" ခွေးမရဲ့ အဲ့တာ မွေးကတည်းက ပါတာ "

" မွေးလာကတည်းက အရွယ်အစားမတူတာလို့ ပြောချင်တာလား "

" အား၊ ငါ နင့်ကို သတ်မယ် ......... "

" ............ "

အပိုင်း ( ၈၂၀ )

သူဌေးကြီး၏ ကိုယ်ရောင်ဝါ

ကျူးရှောင်ကျောင်းသည် အမှန်တွင် လူအုပ်ထဲ၌ ပုန်းနေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးအချို့၏ ရန်ဖြစ်နေသော စကားများကို နားထောင်ပြီး ဝမ်းသာအားရဖြစ်သလို ဒေါသလည်း ထွက်နေမိသည်။

ယဲ့ဖန်၏ ကျက်သရေရှိမှုကို လူတိုင်းမှ အသိအမှတ်ပြုသောကြောင့် သူမ ပျော်ရွှင်နေခဲ့သည်။

သူမ၏ အမြင်ကောင်းကြောင်း သက်သေပြခဲ့သည်။

သို့သော် ထိုအမျိုးသမီးများမှာ အရှက်မရှိလွန်းသောကြောင့် သူမ ဒေါသထွက်ခဲ့ရသည်။

ယဲ့ဖန်အား လူရှေ့သူရှေ့တွင် မည်သို့သွေးဆောင်ရမည်ကို ဆွေးနွေးနေကြသည်။

ယဲ့ဖန်အား မူးအောင်တိုက်ပြီး အတူတူပျော်ရန် အကြံပေးသည့် အမျိုးသမီး နှစ်ယောက်ပင် ရှိသေးသည်။

'ယဲ့ဖန်က လွယ်လွယ်နဲ့ ဖြားယောင်းသွေးဆောင်လို့တဲ့သူ မဟုတ်ဘူး'

သူမ စိတ်ထဲမှ တွေးလိုက်မိသော်လည်း ယဲ့ဖန်အနားတွင် ထိုင်နေသော Xu Jingxinသည် သူနှင့် စကားပြောရင်း ရယ်မောနေသည်ကို သူမ မြင်ပြီး ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

မိန်းမတွေမြင်ရင် သူငယ်ချင်းကို မေ့သွားတဲ့ အရူးကောင်။

လူတိုင်းသည် ရုတ်ရုတ်သဲသဲဖြစ်နေစဉ် လေလံပွဲ စတင်လေသည်။

ပထမဆုံးတစ်တုံး ယူလာသည်အထိ ရေကန်ထဲ ကျောက်ခဲပစ်သလို ပွက်ပွက်ညံပြီး လူများစွာ၏ အာရုံကို ဖမ်းစာနိုင်ခဲ့ကာ အားလုံးက ဝိုင်းလေလံဆွဲကြသည်။

ထိုပစ္စည်း၏ ကြမ်းခင်းဈေးမှာ ၈သန်းသာ ဖြစ်သော်လည်း နောက်ဆုံးတွင် သန်း၁၃၀ဖြင့် ရောင်းထွက်ခဲ့သည်။

ယှဉ်ပြိုင်ပွဲမှာ မည်မျှ အရှိန်ပြင်းသည်ကို မြင်နိုင်လေသည်။

ကျန်ပစ္စည်းများမှာလည်း အလားတူပင် ဖြစ်ကြသည်။

ကျောက်မျက်လုပ်ငန်းရှင်များသည် ပါးစပ်ဟလိုက်သည်နှင့် သန်း ဆယ်နှင့်ချီ ထွက်လာကြသည်။

ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ကျေနပ်စွာ အော်ကာ လေလံဆွဲကြသည်။

ထိုအချိန်တွင် နောက်ဆုံးတစ်ခုသည် ယဲ့ဖန် မျက်လုံးစိကျသော ပစ္စည်းတစ်ခုဖြစ်သည်။

ထိုပစ္စည်း၏ ကြမ်းခင်းဈေးမှာ ၆သန်း ဖြစ်ပြီး လေလံတစ်ခါတင်လျှင် ၁သိန်းထက်မနည်းရပေ။

တင်ဆက်သူသည် ပစ္စည်း၏ အရည်အသွေးကို ဦးစွာ မိတ်ဆက်ပြီးနောက် လေလံပွဲ စတင်ကြောင်း ကြေညာခဲ့သည်။

သို့သော် ယခင်လေလံပွဲများနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် မည်သူမျှ အလုအယက် လေလံမတင်ခဲ့ကြပေ။

ရှေ့ဆုံးတန်း အလယ်၌ ထိုင်နေသည့်လူကို လူတိုင်းက ကြည့်နေကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ယဲ့ဖန်သည် တည်ငြိမ်သော အသွင်အပြင်ဖြင့် ပြောသည်။

" ၆.၁ သန်း "

အရင်အကြိမ်တုန်းကသာ ဆိုလျှင် အခြေအနေအရ ယဲ့ဖန် ပြောပြီးသည်နှင့် တစ်စုံတစ်ယောက်မှ '၇သန်း' သို့မဟုတ် '၈သန်း'ဟု ချက်ချင်း အော်ကြပေမည်။

သို့သော် ဤတစ်ခါတော့ ........

တစ်စက္ကန့်။

နှစ်စက္ကန့်။

သုံးစက္ကန့် ........

ကြာပြီးသည်အထိ မည်သူမျှ ဈေးမခေါ်ကြပေ။

ကြည့်ရှုသူများ အံ့သြသွားကြသည်။

" ဘာတွေဖြစ်နေတာလဲ။ ဘယ်သူကမှ ဘာလို့ မအော်တာလဲ "

" ဟုတ်တယ်၊ အခုကပြိုင်ပွဲက သိပ်မပြင်းထန်ဘူးလား။ ဒီတစ်ခေါက် ဘာလို့ ဘယ်သူမှ ဈေးမပေးတာလဲ "

" ဒီပစ္စည်းက သိပ်မကောင်းလို့ ဘယ်သူမှ မလိုချင်တာလား "

" အဲ့လို မဖြစ်သင့်ဘူး။ ထိပ်တန်းနေရာကို ဝင်နိုင်တဲ့ ပစ္စည်းတိုင်းက သိပ်မဆိုးဘူး။ အဲ့တာကို ဘယ်သူမှ မလိုချင်တဲ့ အနေအထားအထိတော့ မဖြစ်သင့်ဘူး "

" နောက်ထပ် ဘာဖြစ်နိုင်သေးလို့လဲ။ ဒီလူငယ်လေးဆီကနေ မလုရဲကြတာလား "

" အဲ့တာ ဖြစ်နိုင်မယ်ထင်တယ် ...... "

အားလုံးဆွေးနွေးနေကြစဉ် စင်မြင့်ပေါ်မှ တင်ဆက်သူက တခြားသူတွေများ စျေးပိုပေးမည်လားဟု စမေးနေပြီဖြစ်သည်။

သို့သော် သုံးကြိမ်မေးပြီးနောက် မည်သူမျှ မဖြေချေ။

အဆုံးတွင် ထိုပစ္စည်းကို ယဲ့ဖန်မှ ကြမ်းခင်းစျေးနှုန်းထက် တစ်သိန်းပိုဖြင့် ဝယ်ယူခဲ့သည်။

လက်ခုပ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး လေလံပွဲတွင် ပါဝင်သူအားလုံး မတ်တပ်ထရပ်ကာ ယဲ့ဖန်ကို ဂုဏ်ပြုကြသည်။

ယဲ့ဖန် မတ်တပ်ရပ်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြရုံသာ တတ်နိုင်တော့သည်။

သူ့၌ သူဌေးကြီးတစ်ယောက်၏ ဂုဏ်ရှိန်ဝါ ရှိနေသည်။

ကျူးရှောင်ကျောင်း သူ့ကို အဝေးမှ ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများထဲ ကြယ်လေးများ လင်းလက်သွားသည်။

ဒါက သူမ ကောင်လေး … သူငယ်ချင်းကောင်လေးပဲ။

လူအများ၏ လေးလေးစားစား ဆက်ဆံခံရမှုကို သူမ ဂုဏ်ယူမိသည်။

ထိုမှသာ အနီးနားရှိ လူအုပ်ကြီးသည် သူဌေးကြီးဖြစ်ကြောင်း သိလိုက်ရသည်။

" ဘုရားရေ၊ ဒီမြင်ကွင်းက သိပ်ပြီး ကြီးကျယ်ခမ်းနားလွန်းတယ် မဟုတ်ဘူးလား။ အားလုံးက သူ့ကို အတူတူ ချီးကျူးပေးကြရတာလား "

" ဟုတ်တယ်။ ခုနက တစ်စုံတစ်ယောက်က သန်း ၁၀၀နဲ့ ဝယ်ခဲ့ပေမယ့် သူ့ကို ဂုဏ်ပြုဖို့ ဘယ်သူမှ မတ်တပ်မရပ်ခဲ့ကြဘူး။ သူက ၆သန်းကျော်လေးနဲ့ လေလံဆွဲပေမယ့် သူ့ကို ချီးကျူးပေးတဲ့သူတွေ အများကြီးရှိနေတယ်လေ "

" သူတို့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်။ သူတို့က မျက်နှာသာလုပ်နေကြတာ။ ဒါက နည်းနည်းတော့ မယုံနိုင်စရာပဲ "

" ဒီလူငယ်က ဘယ်သူလဲ။ ငါ ဘာလို့ နားမလည်တာလဲ "

ထိုလူများသည် နောက်မှ လာသူများဖြစ်သည်။

ယဲ့ဖန် ကျောက်ဖြတ်သည်ကို မတွေ့ခဲ့ကြသဖြင့် စိတ်ရှုပ်နေကြသည်။

ထိုအချိန်၌ အစောရောက်နေသည့် သူတစ်ယောက်မှ သူတို့ကို ရှင်းပြသည်။

" မင်းတို့ ဆရာကြီးကိုတောင် မသိကြဘူးလား။ သူ့တိုက်ပွဲဝင်မှတ်တမ်းကို သိရင် ရှုပ်မှာ မဟုတ်ဘူး "

" ဟုတ်တယ်၊ သူက အခုနကပဲ ကျောက်စိမ်း၂၃တုံးကို ဆက်တိုက် ဖြတ်ဖွင့်ခဲ့တာ။ အကုန်ကျောက်အောင်ပြီး သန်း ၄၆၀လောက် အမြတ်အစွန်း ရခဲ့တယ် "

" ၁၀၀%မှန်တဲ့ လောင်းကစားနိုင်မှုမျိုးပဲ။ ရိုးရိုးလေးနဲ့ ကြောက်စရာကောင်းလွန်းတယ် "

" မင်းတို့သာ လက်ဝတ်ရတနာကုမ္ပဏီ ဖြစ်ခဲ့မယ်ဆိုရင် ဒီလောက် ကြီးကျယ်တဲ့ ကျောက်ပညာရှင် ဆရာကြီးကို မလိုချင်ဘူးလား "

" ဒီလိုဆရာကြီးရဲ့ ပေါင်ပေါ်ကို တွယ်ကပ်နိုင်တဲ့သူက ရွှေတောင်ကြီးကို ပွေ့ဖက်ထားသလိုဖြစ်လိမ့်မယ် "

" ရွှေတောင်ဆိုတာ ဘာလဲ။ စိန်တောင်လို့တောင် ခေါ်ရမှာ မဟုတ်ဘူးလား "

ယဲ့ဖန် အကြောင်းပြောသောအခါ သူတို့သည် ကိုယ်တိုင် သန်း၄၆၀ ၀င်ငွေရရှိသော သူများကဲ့သို့ ဂုဏ်ယူမှုအပြည့်ဖြင့် ပြောနေကြသည်။

သို့သော် နောက်ကျမှ လာသူများသည် သူတို့၏ ရှင်းပြချက်ကို ကြားသောအခါ တစ္ဆေပုံပြင်ကို နားထောင်နေသကဲ့သို့ အားလုံး အံ့ဩသွားကြသည်။

" အမလေး ဘုရား၊ တစ်ခါတည်း ကျောက်စိမ်း ၂၃တုံးလုံး ကျောက်အောင်တာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "

" တစ်မနက်တည်းနဲ့ သန်း ၄၆၀ရတာလား။ အဲ့ပိုက်ဆံနဲ့ဆို အလှကုန်ပြင်ပစ္စည်းတွေ ဘယ်လောက်တောင် ဝယ်လို့ရလိုက်မလဲ "

" ဘာလို့ ဝယ်နေမှာလဲ။ စက်ရုံထောင်ခိုင်းတော့မှာပေါ့ "

" ဟုတ်တယ်၊ ငါ သူ့ကို ပြိုင်ကားတစ်စီး၊ ရွက်လှေ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးလည်း ပူဆာချင်သေးတယ် ....... "

" ညီမလေး အိပ်မက်မက်နေပြီလား။ အိပ်ချိန်မရောက်သေးပါဘူး "

ထိုလူများထဲမှ အမျိုးသမီး အားလုံးနီးပါးသည် ယဲ့ဖန်အပေါ် ကြွေဆင်းကုန်ကြသည်။

ရုပ်ရည်၊ အသက်အရွယ်နှင့် ခွန်အား အလုံးစုံရှိသော ထိုကဲ့သို့သော ချောမောသည့် လူငယ်အား မည်သည့် အမျိုးသမီးက ခုခံနိုင်စွမ်း ရှိမည်နည်း။

ယောက်ျားလေးများမှာတော့ စောစောမလာမိ၍ ထိုရှားပါသော အဖိုးတန် ကျောက်ဖြတ်ခြင်းကို မမြင်ရ၍ နောင်တရနေကြသည်။

ဘာပဲဖြစ်စေ ကျောက်မျက်ရတနာ ကုမ္ပဏီကြီးများပင် ထိုလူကို မစော်ကားရဲကြောင်း သိလိုက်ကြသည်။

ဘယ်သူက နတ်ဘုရားကို စော်ကားရဲမှာလဲ။

All Chapters