← Chapters

အဖြူ နဲ့ အမည်း

Vol. 21 Ch. 281

အဖြူ နဲ့ အမည်း

Vol. 21 Ch. 281

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှုက ခဏ ရပ်ထားတယ်လို့ ဆိုပေမယ့် တကယ်တော့ ခဏ ရပ်ထားမယ်လို့ ပြောတာက ဓာတ်ပုံနဲ့ အသံကိုပဲ ပိတ်ထားတာ ဖြစ်သည်။

ကျန်းရီဟာ ရှောင်ချီ ချန်ထားခဲ့တဲ့ ဖုန်းကနေတစ်ဆင့် ရှောင်ပိုင်နဲ့ ချန်းယန်းရဲ့ ပုံရိပ်တွေကို ဆက်မြင်နေရသေးတယ်။

“ဂျီး…ဂျီး….! စင်္ကြံလမ်းမှာ သံကြိုးတွေ ဖိနပ်တွေ ကြမ်းပြင်နဲ့ ပွတ်တိုက်မိတဲ့ အသံတွေ ထွက်လာခဲ့တယ်၊ ခပ်ဝေးဝေးကနေ အနီးကို ကပ်လာနေတဲ့အတိုင်း ကြားနေရတယ်။

ရှောင်ပိုင်နဲ့ ချန်းယန်တို့က မယှဉ်ပြိုင်နိုင်တဲ့ အရှိန်အဝါတစ်ခုကို ခံစားမိခဲ့ကြတယ်။ ရှောင်ပိုင်က ကျန်းရီကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး "အစ်ကိုကျန်းရီ၊ ဒါက ဘယ်သူလဲ...?" လို့မေးလိုက်တယ်။

"အသက်ရှင်နေတဲ့ ဘယ်သူမှ သူတို့လာတာကို မြင်နိုင်မှာမဟုတ်ဘူး"

"ကျွန်မ...ကျွန်မ အရမ်းကြောက်တယ်..."

ရှောင်ပိုင်တကယ်ပဲ ကြောက်နေခဲ့တာ ဖြစ်သည်။ သူမက ကျန်းရီထက်ပိုပြီး အစွမ်းထက်တာ မဟုတ်ခဲ့ဘူး၊ သူမရဲ့ ဝိဉာဉ်ဟာ ကပ်ထားလိုက်သလို ဖြစ်နေခဲ့တယ်။

ချန်းယန်ဆိုရင် ပြောမနေနဲ့တော့၊ ဒီအချိန်မှာတော့ သူ့ဝိညာဥ်မှာ သူ့ဝိညာဥ်က ထုံထိုင်းနေခဲ့တယ်။

နောက်ဆုံးမှာတော့ သံကြိုးပွတ်တိုက်သံက နီးနီးကပ်ကပ်ကို ရောက်လာခဲ့သည်။ အနက်နဲ့အဖြူ ပုံရိပ်နှစ်ခုက နောက်ဆုံးမှာ တံခါးအပြင်ဘက်မှာ ပေါ်လာခဲ့တယ်။

ကျန်းရီ တစ်ခါက ပြောခဲ့ဖူးတယ်၊ ငရဲက အဖြူနဲ့ အမည်းက ဝိညာဥ်ပို့ဆောင်သူတွေ ဖြစ်ပေမယ့် လူတိုင်းရဲ့ ဝိညာဥ်ကို ပို့ဆောင်လို့မရဘူးတဲ့။

ချန်းယန်က လောကကြီးထဲက သာမန်လူတွေထဲက တစ်ယောက်လိုပါပဲ၊ ဒါပေမယ့် ချန်းယန်ဟာ အဲ့ဒီသူတွေနဲ့တော့ သိပ်မတူဘူး။

ဘာလို့လဲဆိုတော့ သူဟာ ဘဝမှာ မကုန်ဆုံးနိုင်တဲ့ ဘုန်းတန်းခိုးတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ခံစားရမယ့် သူ ဖြစ်သင့်လို့ပါပဲ။

ရိုးရိုးရှင်းရှင်းပြောရရင် ဒီတစ်ခါ ကျန်းရီတွေ့တဲ့ ချန်းယန်ဟာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိတဲ့သူပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့မှာ ကြီးမားတဲ့ ဂုဏ်တွေ မရှိခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူဟာ အရမ်းကို သနားစရာကောင်းခဲ့တယ်။

အနက်နဲ့အဖြူ ပုံရိပ်နှစ်ခုက တံခါးနားမှာ ရပ်လိုက်တာနဲ့ သူတို့ရဲ့ မျက်လုံးတွေဟာ ချန်းယန်ကို ချက်ချင်းမကြည့်ခဲ့ဘဲ အရင်ဆုံး ကျန်းရီကို ဦးညွှတ်လိုက်ကြတယ်။

"မင်္ဂလာပါ..."

"ဒီကိုဘာလာလုပ်တာလဲ?" ကျန်းရီက သူတို့ကို တိုက်ရိုက် ကြားဖြတ်လိုက်ပြီး မေးလိုက်တယ်။

အဖြူနဲ့အမည်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အဖြူရောင် ဦးထုပ်ဆောင်းထားပြီး ဝိဉာဉ်ခေါ်တဲ့ အလံကိုင်ထားတဲ့ အဖြူက အသံရှည်ရှည်နဲ့ ပြောလိုက်တယ်- "ငရဲကို ဝိဉာဉ်ပြန်ခေါ်ဖို့ ကျွန်တော်တို့ ဒီကိုရောက်လာတာပါ"

"အေး..မင်းတို့ ထွက်သွားနိုင်ပြီ" ကျန်းရီက ပြောလိုက်တယ်။

အဖြူနဲ့အမည်းရဲ့ မျက်နှာတွေ ချက်ချင်း မှုန်ရီသွားပြီး ရှောင်ပိုင်က ကျန်းရီကို ထိတ်လန့်စွာနဲ့ ကြည့်နေခဲ့တယ်။

သူမဟာ ကျန်းရီရဲ့ ​နောက်ခံကို အကြိမ်ပေါင်းများစွာ မှန်းဆခဲ့ဖူးပေမယ့် ဒီအဖြူနဲ့ အမည်းက ကျန်းရီကို အရမ်းကို ကြောက်လိမ့်မယ်လို့တော့ သူမတကယ်ကို မျှော်လင့်မထားမိခဲ့ဘူး။

"ငါ့စကားတွေက အလုပ်မဖြစ်တော့ဘူးလား?"

အဖြူနဲ့ အမည်း မလှုပ်မရှားပဲ ရပ်နေတာကို မြင်တော့ ကျန်းရီက အေးစက်စက်နဲ့ ပြောလိုက်တယ်။

"စိတ်မကောင်းပါဘူးခင်ဗျာ၊ ကျွန်တော်တို့ ချန်းယန်ကို ခေါ်သွားဖို့လိုပါတယ်။ သူဟာ မျိုးဆက် သုံးဆက်တိုင်တိုင် ကုသိုလ်ကောင်းမှုတွေ ပြုခဲ့တဲ့သူပါ၊ သူဟာ ကောင်းမွန်တဲ့ မိသားစုတစ်ခုကို ရှာဖွေပြီး ပြန်လည်မွေးဖွားဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"

"ထွက်သွား!"

ကျန်းရီက လက်ကို အေးအေးဆေး​ဆေး ဝှေ့ယမ်းလိုက်တာနဲ့ အဖြူနဲ့ အမည်းက တဒင်္ဂမှာအတွင်းမှာပဲ ဒူးထောက်သွားပြီး "ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့!" လို့ အော်နေကြတယ်။

မမြင်ရတဲ့ ဓားတစ်ချောင်းက အသံအကျယ်ဆုံး အမည်းဝူချန်ကို ချက်ချင်း နှစ်ပိုင်းဖြတ်ပစ်လိုက်တယ်။ ကျန်းရီက အေးစက်စက်နဲ့ ပြောလိုက်တယ်- "ထွက်သွားမလား? ဒါမှမဟုတ် ဆက်နေမလား?"

"မင်းရူးနေတာလား? ဒီချန်းယန်ဟာ သာမန် တစ္ဆေတစ်ကောင် မဟုတ်ဘူး၊ သာမန် တစ္ဆေတစ်ကောင် မဟုတ်ဘူးကွ!"

"သူက သာမန်မဟုတ်လို့သာ ငါက မင်းတို့ကို ထွက်သွားခိုင်းတာ။ နောက်ဆုံး ၃ စက္ကန့်ပဲ အချိန်ပေးမယ်။ မထွက်သွားရင် အဖြူနဲ့ အမည်းရာထူးက ပြောင်းသွားလိမ့်မယ်"

ကျန်းရီက စကားပြောပြီးတာနဲ့လက်ကို မြှောက်လိုက်တယ်၊ အဖြူဝူချန်က နှစ်ပိုင်းဖြတ်နေတဲ့ အမည်းဝူချန်ကို ချက်ချင်းဆွဲယူပြီး ထွက်ပြေးသွားတယ်။

သူတို့ထွက်သွားတဲ့အခါ ချန်းယန်က ငေးငိုင်ပြီး "ဘာလို့...ဘာလို့လဲ? ဘာလို့ ကျွန်တော့်ကို ကယ်တာလဲ?" လို့မေးလိုက်တယ်။

"မင်းငရဲကို သွားချင်လား?"

အရက်တုန်းက ချန်းယန်ဟာတကယ်ပဲ ပြန်လည်မွေးဖွားချင်နေခဲ့တာဆိုရင်၊ အခုတော့ သူမလိုချင်တော့ဘူး၊ လုံးဝကို မလိုချင်တော့ဘူး။

သူဟာ မျိုးဆက်သုံးဆက် တိုင်တိုင် ကုသိုလ်ကောင်းမှုတွေ ပြုခဲ့တဲ့သူဆိုတာ ခုနကမှပဲ သိရှိခဲ့ရပေမယ့်၊ ကျန်းရီရဲ့ မန်ပိုစွပ်ပြုတ် နောက်တစ်ခွက် ထပ်သောက်ခိုင်းမယ့် စကားက သူ့ကို လန့်စေခဲ့တယ်။

အရင်က တစ်ခါမှ မကြုံဖူးခဲ့တဲ့ ကြောက်ရွံ့မှု!

"ငါထပ်မေးမယ်၊ မင်း ငရဲကို သွားချင်လား?"

"မသွားချင်ဘူး၊ဒါပေမယ့် ဒီလောကထဲမှာ ဘယ်လို ဆက်နေရမှာလဲ?"

"သဘာဝအတိုင်းပဲ မင်းကို တစ်နေရာရာကို သွားခွင့်ပေးမယ်၊ အဲဒီမှာ စိတ်ချလက်ချနဲ့ စောင့်နေလိုက်"

ကျန်းရီက ပြောပြီးတာနဲ့ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။

ကျန်းရီက လက်တစ်ခါလှုပ်လိုက်ရုံနဲ့ အမည်းဝူချန်ကို ခုတ်ပစ်လိုက်တာ၊ ရှောင်ပိုင်အတွက်တော့ လုံးဝကို ချောက်ချားစရာပါပဲ။

သူမဟာ ရိုးရိုးရှင်းရှင်း မိန်းကလေး တစ်ယောက်ပါပဲ။ သူမဟာ ရိုးရိုးရှင်းရှင်း လူသစ်တစ်ယောက်ပါပဲ။ ဒီလို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကို သူမကို ဘာလို့ ကြည့်ခွင့်ပေးရတာလဲ?

ထို့အပြင်သူမဟာ နတ်ဘုရားတွေနဲ့ သဘောတူညီချက် ယူထားပြီး ငရဲသွားဖို့ ကံကြမ္မာချည်နှောင်ထားရတဲ့ သူပါ။

သူမလုပ်ချင်တာက ဒီအပေးအယူကို သင့်တော်သလို ပြီးအောင်လုပ်ပြီးရင် ငရဲကို ရိုးရိုးသားသား သွားပြီး ပြန်လည်မွေးဖွားဖို့အတွက် နားနားနေနေ စောင့်ဆိုင်းနေချင်ခဲ့တာပါ။

ရှောင်ပိုင်ရဲ့ ထိတ်လန့်နေတဲ့ ပုံစံကိုမြင်တော့ ကျန်းရီက ရယ်လိုက်ပြီး ပြောခဲ့တယ်- "ဘာလဲ၊ ကြောက်နေတာလား? အစ်ကိုကျန်းရီလို့တောင် မခေါ်ရဲတော့ဘူးလား? အိုး...မဟုတ်ဘူး၊ ဒီည စစချင်းတွေ့တုန်းက မင်းရဲ့ အစ်ကိုကျန်းရီလို့ ခေါ်တဲ့အသံက တကယ်ကို ပီပြင်နေတာပဲ"

"အစ်ကိုကျန်းရီ၊ ဦးနှောက်ဆေးကြောတဲ့ နည်းကို သိလား? အိုး...မဟုတ်ဘူး၊ တစ္ဆေတွေရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်နည်းပေါ့။ ဒီညက ကျွန်မရဲ့ မှတ်ဉာဏ်အကုန်လုံးကို ဖျက်ပစ်လိုက်ပါလား? ကျွန်မ တကယ်ပဲ အစ်ကို စွမ်းအားရှိတဲ့ သူတစ်ယောက် ပဲလို့ ထင်ခဲ့တာ။

စတွင်မာ တစ်ယောက်အနေနဲ့ ငရဲက ဆိုးယုတ်တဲ့ဝိဉာဉ်တွေကို သတ်မယ်လို့ ပြောတုန်းက အစ်ကို တကယ်ပဲ သတ်လိမ့်မယ်မှန်း မထင်ခဲ့မိဘူး"

"မနာခံတက်တဲ့ သူတွေကို သင်ခန်းစာ ပေးဖို့လိုတယ်။ အစ်ကိုက ကိုယ့်ကိုယ်ကို ဘယ်တော့မှ အနစ်နာမခံစေဘူး။ ခုနကတုန်းက သူတို့က မနာခံကြဘူးလေ၊ ဒါကြောင့် သူတို့ကို သင်ခန်းစာပေးလိုက်တာ မှန်ပါတယ်"

ကျန်းရီက ဆက်ပြီးရယ်နေတုန်းပါပဲ၊ ရှောင်ပိုင်ကတော့ ငိုချင်နေပြီဖြစ်သည်၊ ဒီအဖြူနဲ့ အမည်းဝူချန်တွေက ငရဲမင်းရဲ့ ငရဲကလူတွေဆိုတာ သိသာနေသည်။

ဆိုရိုးစကားရှိတယ်၊ ခွေးကိုရိုက်ရင် ပိုင်ရှင်ကို ကြည့်ရမယ်တဲ့ ဟုတ်တယ်မလား? ဒီညသူတို့ ဒီကိုရောက်လာတာဟာ သူတို့ အမိန့်ရထားလို့ပဲ ဖြစ်သည်။

ဒီလိုမျိုး ငရဲမင်းရဲ့ မျက်နှာကို ရိုက်နှက်လိုက်တာ၊ ငရဲမင်းက ဒေါသမထွက်ပဲ နေမှာလား?

"ရှောင်ပိုင်၊ ငါ့ရဲ့ ပင်လယ်ဓားပြသင်္ဘာပေါ် တက်ချင်လား? တက်ချင်ရင် စောစောစီးစီး တက်ထားဖို့လိုတယ်။ စောစောတက်ထားရင်... ကြီးမားတဲ့ အနာဂတ်တစ်ခု ရနိုင်သေးတယ်။

ကျန်းရီက ရယ်ရင်းနဲ့ပြောလိုက်တယ်၊ ရှောင်ပိုင်က ကြောက်ရွံ့နေတဲ့အသံနဲ့ ပြန်ပြောခဲ့တယ်- "ကျွန်မ...ကျွန်မက ကြည့်မကောင်းဘူး"

“ဒါက ကြည့်လို့ မကောင်းပေမယ့် စိတ်ဝင်စားဖို့တော့ ကောင်းတယ်"

"အစ်ကိုကျန်းရီ၊ကျွန်မ နတ်ဘုရားတွေနဲ့ သဘောတူညီချက်လက်မှတ်ထိုးပြီးသွားပြီ၊ ပြန်ပြင်လို့မရတော့ဘူး”

"အရမ်းကောင်းတဲ့ မှတ်ညဏ်ပါလား။ တခြားက တစ္ဆေအများစုကို ငါမှတ်မိဖို့ ခက်ခဲပေမယ့် ကျင်းဟိုင်မြို့က ကျန်းရှောင်ပိုင်ကတော့ ငါ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း လတ်ဆတ်နေတယ်။ ငါ့မျက်လုံးတွေ မမှားခဲ့ဘူးဆိုတာ သေချာတယ်၊ ဒါကြောင့် ရှောင်ပိုင်၊ ငါ ထပ်မေးမယ်၊ ငါ့သင်္ဘာပေါ် တက်ချင်လား?"

ကျန်းရီက နောက်နေသလိုမျိုး ပြောလိုက်တယ်၊ ရှောင်ပိုင်က လူသားတစ်ယောက်လို အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သွားကို ကြိတ်ကာ "ဟုတ်ကဲ့၊ အစ်ကိုကျန်းရီ!" လို့ပြောလိုက်တယ်။

"ကောင်းတယ်၊ အခု မတ်တတ်ထလိုက်ပါ။ ပထမတော့ မအီမသာဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် ခဏကြာရင် အကျင့်ရသွားပါလိမ့်မယ်"

ကျန်းရီက ပြောပြီးလက်ကို အနည်းငယ် မြှောက်လိုက်တယ်၊ ခေါင်းအောက်စိုက်ပြီး လမ်းလျှောက်နေတဲ့ ရှောင်ပိုင်ဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။

ကျန်းရီပြောသလိုပဲ၊ သူမဟာ အစပိုင်းမှာ နည်းနည်း မအီမသာ ဖြစ်ခဲ့ပေမယ့်၊ မကြာခင်မှာပဲ သူ့ကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ရှာဖွေတွေ့ရှိပြီး ပိုပြီးထိတ်လန့်သွားခဲ့တယ်။

"စိတ်မပူပါနဲ့၊ မင်းရဲ့ သဘောတူညီချက်က ရှိနေတုန်းပါပဲ၊ ဒါပေမယ့် အခုကစပြီး မင်းရဲ့ သဘောတူညီချက်ဟာ ငရဲက နတ်တွေနဲ့ မဟုတ်တော့ဘဲ ငါနဲ့ ဖြစ်သွားပြီး သိပြီလား? မင်းရဲ့ ဆန္ဒပြည့်ဝသွားရင် မင်းငါ့နောက်ကို လိုက်ရမယ်။

ဒါကို ကြားတဲ့အခါ ကျန်းရှောင်ပိုင်က စိတ်သက်သာရာ ရသွားခဲ့တယ်။ ကျန်းရီက ချန်းယန်ကို ထပ်ကြည့်လိုက်ပြီး သတိမပေးပဲ ချန်းယန်ရဲ့ လက်ထဲမှာ မရဏ ဖယောင်းတိုင် တစ်ခု ပေါ်လာခဲ့တယ်။

"ချန်းယန်၊ ရှေ့ကိုသာ ဆက်သွား၊ ဒီဖယောင်းတိုင်ရဲ့ အလင်း​ကျတဲ့နေရာကို သွားလိုက်။ ဖယောင်းတိုင်ရဲ့ အလင်းက အစိမ်းရောင်ကနေ ရွှေရောင်ကို ပြောင်းသွားတဲ့အခါ မင်းရဲ့ ခရီးပန်းတိုင်ကို ရောက်ပြီလို့ ဆိုလိုတယ်။ အဲဒီမှာပဲ စောင့်နေလိုက်။ ဘာမှမလုပ်နဲ့...ပဲ စောင့်နေလိုက်"

ချန်းယန်က ခေါင်းညိတ်လိုက်ပြီး ဖယောင်းတိုင်ကိုကိုင်ကာ ထွက်ခွာသွားခဲ့တယ်။

All Chapters