← Chapters

မင်းခြေထောက်ကို ငါ ချိုးမယ်လို့ ပြောရင်၊ ငါ တကယ် ချိုးမှာ

Vol. 21 Ch. 282

မင်းခြေထောက်ကို ငါ ချိုးမယ်လို့ ပြောရင်၊ ငါ တကယ် ချိုးမှာ

Vol. 21 Ch. 282

ချန်းယန် ထွက်ခွာသွားပြီးနောက် ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပြန်လည် စတင်ခဲ့သည်။

သိသာထင်ရှားစွာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ကြည့်ရှုသူများသည် ကျန်းရီ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်ခဲ့သည့် အတွက် အလွန်စိတ်ဓာတ်ကျနေကြသည်။

ကြည့်ရှု့သူ A- "စတွင်မာ၊ ခုနက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တဲ့အချိန်မှာ အရေးကြီးကိစ္စတစ်ခုခုဖြစ်ခဲ့တာလား?"

ကြည့်ရှု့သူ B-"ချန်းယန် ဘယ်ရောက်နေတာလဲ? စတွင်မာ၊ ချန်းယန် ဘယ်ကိုသွားလဲ?"

"သူပြန်လည်ဝင်စားဖို့သွားပြီ၊ ဒါပေမယ့် ခုနက ဘာဖြစ်ခဲ့တာလဲဆိုတာ တကယ် စိတ်ဝင်စားနေတာလား?"

ကျန်းရီက ပြုံးရင်း မေးလိုက်တယ်၊ ပရိသတ်တွေကလည်း စိတ်လှုပ်ရှားနေခဲ့ကြတယ်။

"ခုနက အဖြူအမည်းဝူချန် ရောက်လာတယ်။ သူတို့က ချန်းယန်ကိုခေါ်သွားချင်တာ၊ ငါက သူတို့ကို နှစ်ပိုင်းဖြတ်လိုက်ပြီး ထွက်သွားခိုင်းလိုက်တယ်"

ကျန်းရီက အမှန်အတိုင်း ပြောခဲ့ပေမယ့် ပရိသတ်တွေက ဒါကိုကြားတော့ မျက်ခွံတွေ လှန်လိုက်ကာ မယုံကြည်နိုင်ကြပေ။

ကြည့်ရှု့သူ A-"စတွင်မာ၊ လူတွေကြားမှာ ယုံကြည်မှုတွေက ရှိသေးရဲ့လား? ချန်းယန် ပြန်လည်ဘဝထူထောင်သွားနိုင်ပေမယ့် ဟယ်လို၊ ဝူချန်းတွေကို ထွက်သွားခိုင်းတာကချန်းယန် နောက်ဘဝကို ပြန်လည်ဝင်စားဖို့ သွားနိုင်တယ်၊ ဒါပေမယ့် စတွင်မာက အဖြူအမဲ ဝူချန်ကို ထွက်သွားခိုင်းတာကတော့ မဖြစ်နိုင်ဘူး"

ကြည့်ရှု့သူ B-"ဟုတ်တယ်၊ အားလုံးလည်း မရှိတော့ဘူး၊ အဖြူအမည်း ဝူချန်​သာ မခေါ်သွားဘူးဆိုရင် ဘယ်သူက ခေါ်သွားမှာလဲ? စတွင်မာရေ၊ မင်းရဲ့ ကြွားချင်တဲ့ စိတ်ကို ငါတို့တွေ နားလည်ပါတယ်"

ကြည့်ရှု့သူ C-"ဟုတ်တယ်၊ သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာ ဖြစ်ရတာ သနားစရာကောင်းတယ်၊ ကြွားဖို့ အခွင့်အရေးက သိပ်မရှိဘူး"

ပရိသတ်တွေရဲ့ အတွေးက ရိုးရှင်းပါတယ်။ ချန်းယန်ပျောက်နေတယ်၊ ကျန်းရီက အဖြူအမည်း ဝူချန် ရောက်လာတယ်လို့ ပြောတော့ အဖြူအမည်းဝူချန်က ချန်းယန်ကို ခေါ်သွားတာသေချာတယ်။

မဟုတ်ပဲ အဖြူအမည်းဝူချန်က တကယ်ပဲ နှစ်ပိုင်းပြတ်သွားရင် ချန်းယန်က ဘယ်လို ပြန်လည်ဝင်စားရတော့မှာလဲ?

ပြီးတော့ အဖြူအမည်း ဝူချန်က ဘယ်သူ့ကိုမှ ရန်မစခဲ့ဘူးလေ ဟုတ်တယ်မလား?

ဒီလိုအခြေအနေမျိုးက မကြာခဏ ဖြစ်လေ့ရှိပြီး ကျန်းရီပြောတဲ့ အမှန်တရားကို ဘယ်သူကမှ မယုံကြည်ကြဘူး။

ကျန်းရီက ခါးခါးသီးသီးပြုံးပြီး" ဟုတ်ပြီ.. ကောင်းပြီ.. ငါ့ကို သနားစရာ စတွင်မာလို့ ထင်နေကြတယ်မလား? တခြား စတွင်မာတွေ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားပြီး ပိုက်ဆံနဲ့ နာမည်ကြီးလာအောင် လုပ်နေကြတာကို ကြည့်ပြီး ငါက... "

“ကျိုးခိုင်မှ စတွင်မာအား ငရဲဘုရင်ရဲ့ အမိန့် ၁၉ ခုကို ပေးခဲ့သည် "

"ဒန်နီယယ်ပိုင်ရှင်က စတွင်မာအား ငရဲဘုရင်ရဲ့ အမိန့် ၂၉ ခုကို ပေးခဲ့သည်!”

"ဝမ်လီက စတွင်မာအား သေခြင်းရှင်ခြင်း ပုတီးစေ့ ၉၉၉၉ခုကို ပေးခဲ့သည် !"

"ငါးလိုရေသောက်က စတွင်မာအား ငရဲဘုရင်ရဲ့ အမိန့် ၅၉ ခုကို လက်ဆောင် ပေးခဲ့သည်!"

"စတွင်မာရေ ကြွယ်ဝမှု ချမ်းသာမှုတွေကို ကြွားချင်လား? ကျွန်တော်တို့ကိုပြောပါဦး၊ နေက မကြာခင်ထွက်တော့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝလွန် ဖြစ်ရပ်တွေလည်း မရှိတော့ဘူး။ တခြား တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွေဆီ သွားပြီး ကြွားကြရအောင်လား? တခြား တိုက်ရိုက်ထုတ်လွှင့်ခန်းတွေမှာ ကျန်းရီဆိုတဲ့ နာမည်ပေါ်လာရင် ပျော်ကြလိမ့်မယ်ထင်တယ်။

ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ လူတစ်သန်းနီးပါးရှိနေတယ်၊ သူတို့တွေကို သွားပြီး ဒုက္ခပေးလိုက်ကြရအောင်လား?"

ငါးလိုရေသောက်က ပြုံးရင်း ပြောလိုက်တယ်၊ ကျန်းရီက မျက်ဖြူလှန်ပြလိုက်သည်။ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပိုက်ဆံနဲ့ ဆိုင်တဲ့စကားလုံးတွေ ပြောလို့မရဘူး။

ဘာဖြစ်လို့လဲမသိ၊ သူဆိုတဲ့ စတွင်မာဟာ ပရိသတ်တွေ ဆုတွေ ပေးနေမှုကို ဟန့်တားနေတဲ့သူ ဖြစ်သွားခဲ့တယ်။

နတ်တွေက သနားစရာပဲ၊ ဒီကမ္ဘာက နတ်တွေတောင် စည်းစိမ်ဥစ္စာတွေ တိုးပွားလာမှုကို မငြင်းဆန်နိုင်ဘူး။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိသတ်တွေနဲ့ စကားပြောပြီးတဲ့နောက် ကျန်းရီက မိုးလင်းဖို့က မကြာတော့တဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်တယ်။

ကျန်းရီက ကျန်းရှောင်ပိုင်ကိုကြည့်ပြီး ပြုံးကာ "ရှောင်ပိုင်၊ ကျင်းဟိုင်မှာဆက်နေပြီး မပြီးဆုံးသေးတဲ့ အပေးအယူကို ဆက်လက်ပြီး စောင့်နေလိုက်ပါ။

စိတ်မပူပါနဲ့၊ မင်းရဲ့ လက်ရှိ ပြောင်းလဲမှုတွေကို ငရဲက မကျေမနပ် ဖြစ်မှာကို ကြောက်စရာ မလိုဘူး။

ငါအာမခံနိုင်တယ်။

ငါပြောမယ်၊ သူတို့က ဒီနေ့ကစပြီး မကျေမနပ် ဖြစ်နေကြတော့မှာ။ သူတို့က မင်းကို တစ်ခုခု လုပ်ချင်ကောင်းလုပ်ချင်လိမ့်မယ်၊ ဒါပေမယ့် မင်းကို တစ်ခုခု လုပ်ချင်တောင် မလုပ်ဘဲ နေလိမ့်မယ်၊ ဒါဆိုမင်း ကြောက်လား?"

"အစ်ကိုကျန်းရီ၊ ကျွန်မက ပြတ်သားတဲ့ သူပါ၊ ဒါက ကျွန်မဆုံးဖြတ်ချက်ဆိုရင် လုံးဝ နောက်မလှည့်တော့ဘူး၊ တကယ်ပါ၊ ဘယ်လိုအကျိုးဆက်မဆို ကျွန်မ ခံယူမယ်၊ စိတ်မပူပါနဲ့"

ကျန်းရှောင်ပိုင်က လေးလေးနက်နက် ပြောလိုက်တယ်၊ ဒါကသူမရဲ့စရိုက်ပါ၊ သူမက အလွယ်တကူနောက်ပြန်မလှည့်တက်ဘူး။

"စိတ်ချလက်ချနဲ့ ကျင်းဟိုင်မှာနေပါ၊ တစ်ယောက်ယောက်က မင်းကိုလာရှာခဲ့ရင် ငါက ခွင့်ပြုထားတယ်လို့ ပြောလိုက်ပါ၊ ဘယ်လိုပြောရမလဲဆိုတော့? အခက်အခဲ ရှိလာရင် ငါ့နာမည်ကိုသာ ပြောပြလိုက်၊ ဒါတောင် သူတို့က မင်းကို ငရဲကို ခေါ်သွားရဲတယ်ဆိုရင် ငါက သူ့ခြေထောက်ခွဲပစ်ပြီး သူ့ကြွက်သားတွေကို ဆွဲထုတ်မယ်လို့ပြောလိုက်!"

ဒါက နောက်နေတဲ့ ပုံစံနဲ့ ဆင်တူပေမယ့် ကျန်းရှောင်ပိုင်က အံ့အားသင့်သွားပြီး မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ "အစ်ကိုကျန်းရီ၊ အစ်ကိုက ဘယ်သူလဲ? အရင်ကပြောဖူးတယ်မလား၊ ကောင်းကင်မှာ ကျောက်စိမ်းဧကရာဇ်၊ ငရဲမှာ ယမမင်း၊ ပြီးတော့ ငါ၊ ကျန်းရီ ဆိုတာ?"

"ဟုတ်တယ်၊ငါပြောဖူးတယ်"

"ဒါတောင်မှ အစ်ကိုက ဒီလိုမျိုး မောက်မောက်မာမာ နေရဲသေးတယ်လား?" ( ပြောချင်တာက ငရဲက ယမမင်းက သူ့အထက်မှာ ရှိနေသေးတယ်လို့ ပြောချင်တာပါ)

"မဟုတ်ဘူး၊ အခုငါက ပထမ၊ ဒုတိယလည်းဖြစ်နေပြီ"

ကျန်းရီက ပြုံးရင်းနဲ့ နှုတ်ခမ်းကို တွန့်လိုက်တယ်၊ ကျန်းရှောင်ပိုင်က ကျန်းရီကို အံ့အားစွာနဲ့ ကြည့်နေခဲ့လို​က်သည်၊ ဒါပေမယ့် ကျန်းရီက လက်ပြနှုတ်ဆက်လိုက်တာနဲ့ သူမလည်း လက်ပြ နှုတ်ဆက်လို​က်သည်။

ကျန်းရီရဲ့ ပုံရိပ်က တစ်ဖက်အဆုံးမှာ ပျောက်ကွယ်သွားတယ်၊ ကျန်းရှောင်ပိုင်က မိုးသောက်ဖို့ မကြာတော့တာကိုမြင်တော့ ကျန်းလန်အိမ်ရာကို အမြန်ပြန်သွားခဲ့တယ်။

မကြာခင်မှာပဲ နေရောင်ခြည်က စတင်ပြီး ထွက်ပေါ်လာခဲ့တယ်။ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ ရှော့ယိုကို တွေ့လိုက်ရတယ်။

ဒါပေမယ့်ဒီတစ်ခါတော့ ရှောင်ယိုက အရင်က လာတုန်းကလိုမျိုး မဟုတ်​တော့ဘူး၊ သူမက အောက်ထပ်မှာရပ်ပြီး ကျန်းရီကို ကြည့်ကာ "ငါ့အဖေက သည်းမခံနိုင်တော့ဘူး၊ မင်းရဲ့ အစီအစဉ်က စတင်ဖို့အချိန်ရောက်ပြီလား?" လို့မေးလိုက်တယ်။

"ဘယ်သူ နိုးလာတာလဲ?"

ရှော့ယို စကားပြန်ပြောတော့မယ့် အချိန်တွင် ကျန်းရီအခန်းထဲမှာ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာတာကိုမြင်လိုက်ရတယ်။

ကျန်းရီက နောက်ပြန်လှည့်ကြည့်ပြီး ထိုလူကိုမြင်တော့ ပြုံးပြလိုက်တယ်- "မင်းနိုးလာပြီလား"

"ကျန်းရီ၊ မင်း ကစားတာ အရမ်းလွန်နေပြီ၊ အဲဒီနေရာက ဗလာဖြစ်နေရတာက အကြောင်းရင်း ရှိတယ်၊ မင်းအခုလုပ်နေတဲ့ ဟာက အောင်မြင်ဖို့က မဖြစ်နိုင်ဘူး"

"အောင်မြင်တာ မအောင်မြင်တာက အရေးမကြီးဘူး၊ ငါ စိတ်ချမ်းသာနေရင် ပြီးတာပဲ၊ ရှောင်ယိုရဲ့ အဖေ ဘယ်ရောက်နေတာလဲ? သူဘာလို့ မလာတာလဲ? ဒါမှမဟုတ် ငါ သူ့ခြေထောက်ကို ထပ်ချိုးမှာကိုကြောက်နေတာလား?"

"ကျန်းရီ၊ ငရဲက မင်းရဲ့အိမ်မဟုတ်ဘူး!"

ကျန်းရီက ဒီတစ်ခါတော့ ဘာမှမပြောတော့ဘဲ တိတ်တဆိတ် ထိုလူဆီကိုသွားခဲ့တယ်၊ အခြားတစ်ဖက်က သတိထားပြီး နေပုံရပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူ့ခြေထောက်တွေက သူသတိမထားမိခင်မှာပဲ ကွေးသွားခဲ့တယ်။

ထိုလူရဲ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေပြီး "ကျန်းရီ၊ မင်းက သူတို့ပြောသလိုပဲ မောက်မာတယ်၊ ငါ့ခြေထောက်ချိုးမယ်ဆိုရင် တကယ်ချိုးလိုက်တာပဲ!" လို့အော်လိုက်တယ်။

"ရှောင်ယိုရဲ့ အဖေက ဘာလို့အမြဲတမ်း ငါ့ရဲ့ ခိုင်မာတဲ့ ထောက်ခံသူဖြစ်နေရတာလဲဆိုတာ မင်းသိလား? သူ့ခြေထောက်ကို ငါချိုးထားလို့ပဲ၊ မင်းလူ့လောကကို လာပြီး ငါ့ကို သတိပေးတာတွေ မလုပ်သင့်ဘူး၊ ငါက သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ စတွင်မာ အသေးစားလေးပါပဲ၊ ဘယ်သူ့ကို ငါ ဒုက္ခပေးမိလို့ ငါ့ကို ရန်လာရှာနေရတာလဲ ?" ဒီလိုပြောပြီး ထိုလူရဲ့ပုံရိပ်ကို ကျန်းရီက ပြတင်းပေါက်ကနေပစ်ထုတ်လိုက်တယ်။

ထိုလူက ကျန်းရီကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေခဲ့တယ်၊ ရှောင်ယိုလည်း အံ့အားသင့်နေပြီး ပါးစပ်အဟာင်းသားနဲ့ အောက်ကျလာတဲ့ ထိုလူကို မှတ်မိတဲ့အခါ နက်ရှိုင်းစွာနဲ့ အသက်တစ်ချက် ရှူလိုက်မိတယ်။

ပြီးတော့မျက်လုံးထဲမှာ ကြယ်တွေနဲ့ ပြည့်နေပြီး "မင်းက အမြဲတမ်း ဒီလိုအစွမ်းထက်ပြီး တောက်ပလွန်းတယ်" လို့ပြောလိုက်တယ်။

"ရှောင်ယို၊ သေနေတဲ့ အဲ့ခွေးကို ဆွဲပြီး ပြန်ခေါ်သွားပေးပါဦး၊ မင်းရဲ့ ဦးလေးတွေကို ငါထပ်မတွေ့ချင်တော့ဘူး၊ တကယ်တော့ ချစ်စရာကောင်းတဲ့ ရှောင်ယို​လေး တစ်ယောက်တည်း လာရင်တော့ ငါအရမ်းပျော်မိမှာ"

ရှောင်ယိုက ကျန်းရီကို ကြည့်ပြီး လျှာထုတ်ကာ ပြုံးရင်းနဲ့ ကျိန်ဆဲလိုက်တယ်- "မင်းရဲ့အကြမ်းဖက်မှုတွေက လူတွေကို တကယ် စွဲလမ်းစေတယ်၊ ရှောင်ယို ဦးလေးကို အရင်ခေါ်သွားမယ်၊ နောက်မှ မင်းဆီပြန်လာခဲ့မယ်"

"ကောင်းပြီ"

ကျန်းရီက ပြုံးရင်း ပြောပြီးနောက် ရှောင်ယို ပျောက်ကွယ်သွားတယ်။

ပြတင်းပေါက်အပြင်ဘက်ကို ခပ်ကြာကြာလေး ကြည့်နေပြီးနောက် ကျန်းရီက မျက်နှာကိုပွတ်သပ်ကာ "ငါက ဘာမှမလုပ်ပဲနဲ့ သရဲဝတ္ထုတွေ ပြောချင်တာ၊ ဘာလို့ ငါ့ကိုလာပြီး ဒေါသထွက်အောင် လုပ်နေရတာလဲ" လို့ သက်ပြင်းချရင်း ပြောလိုက်တယ်။

All Chapters