← Chapters

အရိုးပြာအိုး

Vol. 21 Ch. 283

အရိုးပြာအိုး

Vol. 21 Ch. 283

မရေတွက်နိုင်သော ဆူညံသံတွေကြားတွင် နေ့လယ်ခင်းက ကုန်လွန်သွားခဲ့သည်။ ထိုနေ့တွင် ကျန်းရီသည် ပုံမှန်အတိုင်း အိမ်မှထွက်၍ လမ်းပေါ်တွင် လျှောက်သွားခဲ့လိုက်သည်။

သူသည်ယခုအခါ အလွန်ကျော်ကြားသော်လည်း ကျန်းရီ၏ အမာခံ ပရိသတ်များမဟုတ်ပဲ သူ့ကိုမြင်ပါက သူ့အနား ကပ်လာရန် မဝံ့ရဲကြပေ။

အကြောင်းမှာ ကျန်းရီက တစ်ခါက “အပြင်မှာ သူ့အနားကို လာဖို့ မကြိုးစားဖို့နှင့် ကပ်လာပါက သင့်မှာရှိနေသော ကံကောင်းခြင်းများကို စွန့်လွှတ်ရမည်" ဟု ပြောခဲ့သောကြောင့်ဖြစ်သည်။

ကျန်းရီသည် လူ့ဘဝနှင့် နောင်တမလွန်ဘဝအတွက် "ကုသိုလ်" ဟူသော စကားလုံး၏ အရေးပါမှုကို အထပ်ထပ် သက်သေပြခဲ့သည်။ သို့မဟုတ် ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျန်းရီထံ ချဉ်းကပ်မိပြီး နောင်ဘဝတွင် ဝက်အဖြစ်ပြောင်းသွားမည်ကို မည်သူမျှ စွန့်စားချင်ကြမည် မဟုတ်ပေ။

နေ့တစ်နေ့သည် ဤသို့​​ဖြင့် ငြိမ်သက်စွာ ကုန်လွန်ခဲ့သည်။ ညနေခင်း မမှောင်ခင်တွင် ကျန်းရီသည် မနက်ခင်းလောက်က အဖြူနှင့်အမည်း ဝူချန်နှင့် သူ့ထံ ရောက်လာခဲ့သော ထိုလူအကြောင်းကို စဉ်းစားမိလိုက်သည်။ ဤကိစ္စသည် ဤမျှ လွယ်ကူစွာ ပြီးဆုံးမည် မဟုတ်ကြောင်း သူသိသည်။

သို့သော်် ငရဲမှ လာခဲ့သော ဧည့်သည်တော် ဖြစ်သည့် သူနှင့် ငရဲကြားတွင် အလွန်ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိသည်။

ကျန်းရီက စည်းကမ်းမဲ့စွာ ပြုမူနိုင်သော်လည်း သူတို့ကမူ စည်းကမ်းမဲ့၍မရပေ။ အနည်းဆုံး ငရဲကမ္ဘာရှိ မည်သူတစ်ဦးတစ်ယောက်မျှ ကျန်းရီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

ထိုလူတွေအားလုံး နိုးထလာသည့် အထိပေါ့!

ဤသို့ စဉ်းစားမိသောအခါ ကျန်းရီသည် သူ၏အကျိုးစီးပွားများကို ချဲ့ထွင်ရန် လိုအပ်သည်ဟု ခံစားမိလိုက်သည်။

သူသည် တင်သွင်းမှုလမ်းကြောင်းကို ဖွင့်လိုက်သည်၊ ယနေ့တွင်လည်း ယခင်ကဲ့သို့ပင် တင်သွင်းမှုပေါင်း ၁၀၀၀၀၀ နီးပါးရှိနေသည်။ နောက်ဆုံး စစ်ထုတ်ခံရတဲ့ တကယ့် ဖြစ်ရပ်အမှန်တွေက ဒါဇင် အနည်းငယ်ရှိသော်လည်း ကျန်းရီသည် ထိုဒါဇင်အနည်းငယ်သော ဖြစ်ရပ်များကို ကိုယ်တိုင်ဖြေရှင်းရန် မစီစဉ်ထားပေ။

အကြောင်းမှာ ငရဲက သူ့ကို အသကုန် မုန်းတီးနေသော်လည်း သူ့ကို ကျားကဲ့သို့ ကြောက်ရွံ့နေရသည့် အချက်ကို သူနှစ်သက်သောကြောင့်ဖြစ်သည်။

"ရှောင်ယို ဒီကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ငရဲက အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းသင့်တယ်။

ငါက လူသားတစ်ယောက်တည်း ဖြစ်တဲ့အတွက် အမှောင်ထုရဲ့ အရာတွေကို အများကြီး ထိတွေ့လို့မရဘူး၊ ဒါမှမဟုတ်ရင် ငါ့ရဲ့ စိတ်အခြေအနေကို ထိခိုက်လာလိမ့်မယ်။

အမှောင်ထုတွေနဲ့ အကြာကြီး ထိတွေ့မိလို့ စိတ်ဓာတ်ကျနေတဲ့ ငါလေးကို မင်းမြင်ချင်မယ်လို့တော့ မထင်ဘူး?"

စာကိုရေးပြီးနောက် ကျန်းရီသည် ထိုစာကို ရှောင်ယိုထံ ပို့လိုက်သည်။

ငရဲက ရှောင်ယိုက ထိုတိုတောင်းသော စာကိုဖတ်ပြီးသောအခါ ချက်ချင်း ရင်ဘတ်ကို ကိုင်ပြီး စိတ်မကောင်းဖြစ်သွားသည်။

သူမ၏ ဖခင်သည် သူမ၏နောက်ကွယ်တွင် ရှိနေခဲ့သည်။ စာကြောင်းအနည်းငယ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ဒေါသထွက်ကာ "တော်တော် လွန်သွားပြီ၊ ဒါ​ကတော့ တော်တော်ကို လွန်သွားပြီ၊ ဒါဟာ ငရဲကို သူ့ရဲ့ လုပ်သားအင်အားအဖြစ် သတ်မှတ်နေတာပဲ။ ဒီလိုစည်းကဲ့မဲ့ လုပ်နေတာက ငါတို့ကို အလကား ခိုင်းလို့ရတဲ့ အလုပ်သမားတွေ အဖြစ် မြင်နေတာလား"

ရှောင်ယိုက ညှင်ညှင်သာသာနဲ့ - "အ​ဖေ၊ ဦးလေးလူလိုပဲ အစ်ကိုကျန်းရီဆီ စာရင်းရှင်းဖို့ သွားချင်​နေတာလား"

ရှောင်ယို၏ အဖေသည် သူ၏ ခြေထောက်များကို မသိဘာသာ နောက်ကို ဆုတ်လိုက်ပြီး ခေါင်းခါကာ- "ငါ့ရဲ့ အဆင့်အတန်းက ဘာလဲ? ကမ္ဘာပေါ်ကို လွတ်လွတ်လပ်လပ် လျှောက်သွားလိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ? ငါမသွားဘူး... ကျန်းရီက ငါ သူ့ကိုကို ထပ်ခါထပ်ခါ သွားပြီး တွေ့ဖို့ မထိုက်တန်ဘူး"

"သူ့ကို ကြောက်နေတာ အသိသာကြီးကို။ မဟုတ်ရင်..."

"ရှောင်ယို….."

သူမအ​ဖေရဲ့ မျက်နှာက ရုတ်တရက် လေးနက်သွားတယ်၊ ရှောင်ယိုက နှုတ်ခမ်းကို ကိုက်လိုက်ပြီး စာကို ဖခင်ထံ ပေးလိုက်ပြီး "သွားတော့လေ အဖေ၊ သူပြောတဲ့အတိုင်း လုပ်ပေးရမှာပဲလား"

"ဟမ်၊ ဒီလိုဆိုရင် အနာဂတ်မှာ ငါတို့တွေ အလုပ်တွေ ပိုများလာတော့မယ်။ ကျန်းရီရဲ့ မရဏ ဖယောင်းတိုင်တွေကို ပိုသုံးနိုင်ဖို့ပဲ မျှော်လင့်တယ်၊ စာရင်းတွေ အကုန်ကပ်ပြီးရင် ကောင်းကင်က နတ်ဘုရားတွေ၊ ဗုဒ္ဓတွေ ရောက်လာရင်တောင် ဘာဖြစ်မှာလဲ"

"အဖေ၊ စကားကို သတိထားပါ၊ မာစတာ ကျန်းရီကို မလှည့်စားပါနဲ့"

ထိုလူသည် သူ့ကို မခန့်လေးစားသဖြင့် ကြည့်နေတဲ့ သူ၏သမီးကို ကြည့်ကာ မြန်မြန်ထွက်သွားလိုက်သည်။

ငရဲတိုက်တိုက်ရိုက်ထုတ်လွှင့်မှုအခန်း။

ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ပြီ ဖြစ်သည်။ ကြည့်ရှုသူအားလုံး သူ့အား နှုတ်ဆက်နေသည်ကိုမြင်သောအခါ ကျန်းရီသည် ပြုံးကာ- "ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု မစခင်မှာ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တယ်။ အကူအညီတောင်းခံတဲ့ ကြည့်ရှုသူ များစွာအတွက်တော့ စိတ်ပူစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်လည်း ဒီဆုံးဖြတ်ချက်က ကျွန်ုပ်တို့အားလုံးအတွက် အကျိုးရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းကို ကျိန်းသေ တာဝန်ယူနိုင်ပါတယ်" ဟုပြောကြားခဲ့သည်။

"ဒီနေ့က စတင်ပြီးတင်သွင်းထားတဲ့ ဖြစ်ရပ်အားလုံးကို ငရဲကနေ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တိုက်ရိုက် ဖြေရှင်းပေးသွားမည် ဖြစ်သည်။

ဘာလို့လဲဆိုတော့ ငရဲမှာ လူအများကြီးရှိပြီး ကျွန်တော်က တစ်ယောက်တည်း ဖြစ်သောကြောင့် ဖြစ်တယ်။

မနေ့ညက ခင်ဗျားတို့အားလုံး မြင်ခဲ့ရသလိုပဲ ကိစ္စလေးခုပဲ ဖြေရှင်းနိုင်ခဲ့တယ်။

ဒီလောက်ပဲ?

တင်သွင်းမှု ဖြစ်ရပ်ပေါင်းက ဘယ်နှစ်ခုရှိလဲ? လက်ရှိမှာ တင်သွင်းမှုဖြစ်ရပ်က ၆၀ ကျော် ရှိနေပြီ၊ ဆိုလိုတာက နှစ်ရက်အတွင်းမှာ စုပုံနေတဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းဖို့ ကျွန်တော် တစ်လလောက် ကြာမှာဖြစ်တယ်။

အဲ့ဒီဖြစ်ရပ်​တွေကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပေးမည် မဟုတ်သော်လည်း အချိန်ကာလအားဖြင့် အမြန်ဆုံး ရလဒ်ကို ရရှိနိုင်မှာပဲ ဖြစ်တယ်။

"ထိုသို့သော ဖြစ်ရပ်တွေမှာ အချိန်က ဘယ်သူ့ကိုမျှ မစောင့်တဲ့အတွက် တစ်ရက်လောက် စောစောဖြေရှင်းနိုင်ရင် တစ်ရက် စောစော နှစ်သိမ့်မှုကို ရနိုင်မှာပဲ ဖြစ်တယ်။ ဘယ်လိုလဲ သဘောတူကြတယ်မလား"

ကျန်းရီ၏စကားကို ပရိတ်သတ်အားလုံးက အသိအမှတ်ပြုခဲ့ကြသည်။ ကန့်ကွက်သူ မရှိကြောင်းကို တွေ့ရှိရသောအခါ ကျန်းရီသည် ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။

"ကောင်းပြီ၊ ဒီညရဲ့ ပထမဆုံးခေါ်ဆိုမှုကို စောင့်လိုက်ကြရအောင်။ ကျွန်တော့် မသိစိတ်အရဆိုရင်တော့ ဒီဖုန်းခေါ်ဆိုမှုက သိပ်ကြာမှာမဟုတ်ဘူး..."

ကျန်းရီ၏ မသိစိတ်သည် အမြဲတမ်းတိကျပြီး နှစ်မိနစ်အတွင်း တစ်စုံတစ်ဦးက ဖုန်းခေါ်ဆိုလာခဲ့သည်။

ဖုန်းခေါ်ဆိုသူသည် အသက် ၄၀ ကျော်အရွယ် ယောက်ျားတစ်ဦး၏ အသံဖြစ်ပြီး အသံမှာ အသက်ကြီးရင့်နေသော သူ၏ အသံဖြစ်သည်။

ဖုန်းခေါ်ဆိုမှု ရောက်ရှိလာသောအခါ ကျန်းရီက ပြုံးကာ- "မင်္ဂလာပါ၊ ကျွန်တော်ကတော့ ကျန်းရီပါ၊ ခင်ဗျားရဲ့ နာမည်ကို ဘယ်လိုခေါ်လဲ မသိဘူး" ဟု မေးမြန်းခဲ့သည်။

"မင်္ဂလာပါ...မင်္ဂလာပါ စတွင်မာ၊ ကျွန်တော့် မျိုးရိုး နာမည်က ယူ၊ ကျွန်တော်က အချိန်ပိုင်း အလုပ် လုပ်ကိုင်သူဖြစ်ပြီး ဒီနေ့တွေမှာ မတော်တဆတစ်ခုကြောင့် ကျွန်တော့် ဇာတိမြို့ကို ပြန်ရောက်ခဲ့တာပါ"

"ဟုတ်ကဲ့ ၊မင်္ဂလာပါ အစ်ကို ယူ။ အစ်ကို့ မှာ ဘာကိစ္စတွေဖြစ်နေတာလဲ"

"စတွင်မာ၊ ကျွန်တော်က ခင်ဗျားကို ဘယ်လိုရှာရမှန်းတောင် မသိဘူး၊ ဒီတော့..."

"အစ်ကို​ရေ စိတ်မပူပါနဲ့၊ ခင်ဗျားကို ကျွန်တော်နားလည်ပါတယ်။ ခင်ဗျားက အင်တာနက်နဲ့ သိပ်မရင်းနှီးဘူးမလား"

ကျန်းရီက ပြုံးကာပြောပြီး အစ်ကိုယူက "ကျွန်တော် ကျောင်းကိုတောင် ရက်အနည်းငယ်ပဲ တက်ဖူးတယ်။

ဒီနှစ်တွေအတွင်း ဟိုဟိုဒီဒီသာ မသွားခဲ့ရင် Mahjong ထဲက စာလုံးတွေအားလုံးကိုတောင် သိမှာမဟုတ်ဘူး။

ဖုန်းနဲ့ ပတ်သက်ရင် မနှစ်က ငါ့သားတစ်ယောက် မသုံးတော့တဲ့ဟာပါ။

သူက ဖုန်းတစ်လုံး ပေးခဲ့တယ်၊ နောက်တော့ တဖြည်းဖြည်းနဲ့ သုံးတတ်လာတယ်။

ဟုတ်ပြီ... ကျွန်တော်ပိုပြီး မပြောတော့ဘူး၊ ဒါမှမဟုတ် ခေါင်းစဉ်တွေ ရှုပ်သွားလိမ့်မယ်'

"အင်း၊ အစ်ကိုရေ ဘာမေးချင်တာလဲ၊ ဘာပြောချင်တာလဲ ကျွန်တော် ဒေါသထွက်မှာကို စိုးရိမ်စရာမလိုဘဲ ရဲရဲကြီးပြောလိုက်ပါ"

"ဟုတ်ကဲ့၊ ကောင်းပြီလေ... တကယ်တော့ ကျွန်တော်မေးချင်တာက စတွင်မာ မင်း... အရိုးပြာအိုး ကိုင်ဖူးလား"

ဒီမေးခွန်းကို ကြားတော့ ကျန်းရီ ခဏတစ်ဖြုတ် အံ့အားသင့်သွားခဲ့တယ်။ အစ်ကိုယူ မေးဖို့ တွန့်ဆုတ်နေတာ အံ့သြစရာမရှိဘူးပဲ။

အရိုးပြာအိုးလိုမျိုး အရာဝတ္ထုကို ကိုင်ထားတယ်ဆိုတာ ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားတယ်ဆိုတဲ့ သဘောပဲ။

ကျန်းရီက ပြုံးပြီး ခေါင်းခါကာ- "မကိုင်ဖူးဘူး၊ အရိုးပြာအိုးကိုကိုင်ရင်း တစ်ခုခုဖြစ်သွားလို့လား"

"ဟုတ်တယ်၊ အရိုးပြာအိုးကို ကိုင်ပြီး ဇာတိမြို့ကို ပြန်ရောက်တဲ့အခါ၊ အိမ်ကိုသွားဖို့ ခြေလှမ်းစတော့မယ့် အချိန်မှာ ကျွန်တော့်နောက်က လူက အော်ဟစ်လိုက်တယ်၊ ကျွန်တော် တုန်လှုပ်သွားခဲ့တယ်။ အရိုးပြာအိုးက အရမ်းအေးနေတယ်... ဒါပေမယ့် ကျွန်တော် ကိုင်ထားတုန်းက ကျွန်တော့်လက်ကို လက်တစ်စုံက ကိုင်ထားသလိုမျိုး ခံစားလိုက်ရတယ်၊ တစ်ခုခု ပြောနေသလိုမျိုး... ဘယ်တော့မှ မလွှတ်လိုက်နဲ့တဲ့"

"ကျွန်တော် ကိုင်ထားတဲ့ အိုးထဲမှာ ကျွန်တော့် တူလေးရဲ့ အရိုးပြာတွေရှိတယ်။ ရွာရဲ့ ဝင်ပေါက်ကို ရောက်တာနဲ့ ကျွန်တော့်ဝမ်းကွဲက သူ့နာမည်ကိုခေါ်လိုက်တယ်- ရှောင်ဖူ... ငါတို့ �ရွာရဲ့ ဝင်ပေါက်ကို ရောက်ပြီ၊ ငါနဲ့ အတူလိုက်လာခဲ့။ စိတ်မပူနဲ့"

All Chapters