ဆယ်ယူလို့ မရတဲ့ ခန္ဓာကိုယ်
Vol. 21 Ch. 284
ရွာဝင်ပေါက်မှာ အော်ဟစ်ငိုကြွေးနေတာက ဒေသခံတွေ ပြုမူကြတဲ့ ပုံမှန် နည်းလမ်းတစ်ခုပါပဲ။
ကျန်းရီကလည်း နေရာတော်တော်များများက ဈာပနအိမ်ကနေ လူသေ အလောင်းတစ်လောင်းကို မီးသင်္ဂြိုဟ်တိုင်း သေဆုံးသူရဲ့ ဆွေမျိုးတွေက အပြန်လမ်းမှာ လမ်းမမှားဖို့ "မမှားနဲ့ ငါတို့နဲ့ အိမ်ပြန်လာခဲ့" ဆိုပြီး အော်ခေါ်လေ့ရှိတယ်ဆိုတာကိုလည်း သိထားတယ်။
ဒါပေမယ့် အစ်ကိုလူရဲ့ ပြောပြချက်ထဲမှာ တကယ့်ကို ကြက်သီးထစရာ ခံစားချက်မျိုး ရှိနေသလိုပါပဲ။
ကိုယ့်ချစ်ရသူရဲ့ အရိုးပြာအိုးကို ကိုင်ပြီး ရွာဝင်ပေါက်ကို ရောက်လာတဲ့အချိန်ကို စိတ်ကူးကြည့်လိုက်ပါ။
ရောက်တာနဲ့ အရိုးပြာအိုးကိုကိုင်ထားတဲ့ လက်ပေါ်ကို မမြင်ရတဲ့ တစ်ခြားလက်တစ်စုံက ရုတ်တရက်ဆိုသလို အုပ်မိသွားတယ်။
ပြီးတော့မှ တခြားဆွေမျိုးတွေရဲ့ ငိုသံတွေကို ကြားလိုက်ရတယ်။ ဒါက အစ်ကိုလူကို သူ့ဆွေမျိုးက တကယ်ပြန်ရောက်လာပြီလို့ ပြောနေသလိုမျိုး ခံစားစေရတယ်။
ဒါပေမယ့် အော်ဟစ်ပြီး ခေါ်ဆိုတာက ပုံစံတစ်မျိုးသာဖြစ်ပြီး သေဆုံးသွားတဲ့ ဆွေမျိုးတွေ တကယ်ရှိနေတယ်လို့ ဘယ်သူမှ မခံစားမိခဲ့ကြဘူး။
တကယ်လို့သာ သူတို့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးတွေ တကယ်ပဲ သူတို့နဲ့အတူ ပြန်လာခဲ့မယ်၊ လူတိုင်း မြင်နေရမယ်ဆိုရင် သူတို့တွေ အသက်ရှူကျပ်ပြီး ဒီစကားလုံးတွေကို ဘယ်တော့မှ အော်ကြမှာမဟုတ်ဘူး။
"အဲဒီတုန်းက ငါ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးတွေ ထနေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ အဲဒီလက်တွေက တကယ်ကို အစစ်အမှန်တွေလိုပဲ။
သူရဲ့ လက်ချောင်းတွေမှာရှိတဲ့ လက်မွေးထူတွေက ငါ့လက်ပြင်ပေါ် ပွတ်တိုက်နေတာကိုတောင် ငါခံစားမိလိုက်တယ်။
ငါနောက်ပြန် လှည့်ကြည့်လိုက်မိတယ်။ အော်နေတဲ့သူက ငါ့ဝမ်းကွဲပဲ။
ဒါပေမယ့်သူက ငါ့တူရဲ့ ဖခင်မဟုတ်ဘူး။
ရှောင်ဖူရဲ့ အဖေလည်း အဲဒီမတော်တဆမှုမှာပဲ သေဆုံးသွားတာ။
လူလေးယောက်ထဲမှာ ဝမ်းကွဲအစ်မ တစ်ယောက်ပဲအသက်ရှင်ကျန်ခဲ့တာ!"
အစ်ကိုလူရဲ့စကားက လူတွေကို ခဏတစ်ဖြုတ် ကြောင်အသွားစေခဲ့တယ်၊ ကျန်းရီက " ဘယ်တုန်းကလဲ" လို့မေးလိုက်တယ်။
"မကြာသေးခင်ကပဲ ငါ့ဝမ်းကွဲနဲ့ ငါ့မိသားစုက အပြင်မှာ အလုပ်လုပ်နေကြတာ။ ငါနဲ့ဝမ်းကွဲက အရင်က အဆောက်အဦး အလှဆင်တာတွေ အတူတူလုပ်ကြတယ်၊ ရှောင်ဖူက အထည်ချုပ်စက်ရုံတစ်ခုကို ပိုင်တယ်။
တကယ်တော့သူတို့မိသားစုရဲ့ စီးပွားရေး အခြေအနေက သိပ်ကောင်းတယ်။
ဒါပေမယ့်နောက်ပိုင်းမှာ ငါ့ဝမ်းကွဲ ဖျားနာခဲ့ပြီး မကြာခင်မှာပဲ လှုပ်ရှားလို့မရ ဖြစ်သွားတယ်။
အဲဒီနေ့မှာ ရှောင်ဖူက သူ့ဖခင်ကို ဆေးရုံပြဖို့ ကားနဲ့ခေါ်သွားခဲ့တယ်၊ ဖခင်က ထိုင်ရတာ အဆင်မပြေမှာစိုးလို့။ သူတို့ ခါးပတ်နဲ့တောင် ချည်ထားကြတယ်၊ ဒါပေမယ့် အဲဒီနေ့ လေးယောက်သွားခဲ့ပြီး တစ်ယောက်ပဲ ပြန်လာနိုင်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ"
"ကားက ကြီးကြီးမားမား အကြောင်းရင်း မရှိပဲနဲ့ တံတားပေါ်တက် မတက်ခင် ဘေးဘက်က ဖောက်ထားတဲ့ အပေါက်ကနေ ထိုးဆင်းပြီး မြစ်ထဲကျသွားတယ်။
အဲဒီတုန်းက အနီးမှာ ငါးဖမ်းသမား တစ်ယောက်ရှိတယ်။ သူကပဲ ငါ့ဝမ်းကွဲအစ်မကို ကယ်တင်ပေးခဲ့တာ။
အဲဒီအချိန်တုန်းက ကားတံခါးကို သူတို့ ဖွင့်လိုက်ခဲ့တဲ့အတွက်၊ လှုပ်ရှားလို့မရတဲ့ ငါ့ဝမ်းကွဲက ခါးပတ်နဲ့ချည်ထားတာကြောင့် ကားထဲမှာပဲကျန်ရစ်ခဲ့ပြီး ဝမ်းကွဲအစ်မနဲ့ ရှောင်ဖူတို့ လင်မယားက မြစ်ထဲကို ခုန်ချခဲ့ကြတယ်။
ဒါပေမယ့် ငါးဖမ်းသမားက သူနားကပ်နေတဲ့ ဝမ်းကွဲအစ်မကိုပဲ ကယ်ဆယ်နိုင်ခဲ့တယ်။
သူတို့ကို ထပ်ကယ်ဖို့ကြိုးစားတဲ့အခါမှာတော့ ရှောင်ဖူနဲ့ သူ့ဇနီးက ရေထဲမြုပ်နေပြီ"
"မတော်တဆမှု ဖြစ်တာက မနက်ပိုင်းမှာ။ ရှောင်ဖူရဲ့ အလောင်းကိုရှာတွေ့တဲ့အချိန်မှာ ညက ၁၂ နာရီလောက်ရှိပြီ။ တစ်ရက်လုံး ငါတို့မိသားစုဝင်တွေက မြစ်ကမ်းပါးမှာ စောင့်ကြည့်နေခဲ့ကြတာ။ အဲ့ဒီခံစားချက်က ဘယ်လိုမှ မျှော်လင့်ချက် မဲ့နေသလိုမျိုး!"
ကျန်းရီနဲ့ပရိသတ်အားလုံးက အစ်ကိုလူရဲ့ ဝမ်းကွဲမိသားစုမှာ ဖြစ်ခဲ့တဲ့အကြောင်းကို နားလည်သွားခဲ့ကြတယ်၊ ဒါဟာ တကယ်ပဲ ဝမ်းနည်းဖို့ကောင်းတဲ့ဖြစ်ရပ်ပါ။
မိသားစုလေးယောက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသင့်တယ်။ လူနာတစ်ယောက် ရှိတယ်ဆိုပေမယ့် အနည်းဆုံး ရှောင်ဖူကလည်း အထည်ချုပ်စက်ရုံကို ကောင်းစွာ လည်ပတ်နေတယ်။
မလှုပ်ရှားနိုင်ခင်က ဝမ်းကွဲကလည်း အဆောက်အဦး အလှဆင်တာတွေ လုပ်ခဲ့တယ်။
ပြောရမယ်ဆိုရင် မိသားစုက အတန်အသင့် ချမ်းသာတယ်။
ဒါပေမယ့် ဆေးရုံပြဖို့သွားတဲ့အခါ မိသားစုလေးယောက်ထဲက တစ်ယောက်ပဲ ကျန်ရစ်ခဲ့လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။
ကျန်းရီက အသက်ကို ပြင်းပြင်း ရှူသွင်းပြီး အစ်ကိုလူ ကို မေးလိုက်တယ်- "ခင်ဗျားရဲ့ ဝမ်းကွဲအစ်မကလွဲရင် ရှောင်ဖူတို့ သုံးယောက်ထဲက ဘယ်သူ့ကို အရင်ဆယ်တင်ခဲ့တာလဲ?"
"ငါတို့က ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ခဲ့တယ်၊ အရင်ဆုံးဆယ်တင်ခံရတာက ငါ့ဝမ်းကွဲပဲ၊ ကားနဲ့အတူ ဆယ်တင်ခံရတာ။ သူက လှုပ်ရှားရခက်ခဲ့လို့၊ အဲဒီတုန်းက ဘယ်သူမှ သူ့ခါးပတ်ကို မချွတ်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့်အစအဆုံးသူက ကားထဲမှာပဲ သေဖို့စောင့်နေခဲ့ရတာ။
ငါ မကောင်းပြောတာတော့ မဟုတ်ဘူး။ သူက ကံဆိုးစေတဲ့ ဂြိုလ်ကောင်ပဲ။
ဘာလို့... သူ မလှုပ်ရှားနိုင်တာကို ဘာလို့ ကုသပေးဖို့ လိုအပ်ရတာလဲ? ရှောင်ဖူက သိပ်ကို ကျေးဇူးသိတက်တယ်၊ ဒါပေမယ့် ငါ့ဝမ်းကွဲသေသွားရင်ရော ဘာဖြစ်သွားမှာလဲ? သူက အသက်ကြီးနေပြီ။
သူသေတာတောင် သူ့သားနဲ့ ချွေးမကို ဘာလို့ ခေါ်သွားရတာလဲ? ရှောင်ဖူက အသက် ၃၀ ပဲရှိသေးတယ်!"
အစ်ကိုလူရဲ့ ဆိုလိုရင်းကို လူတိုင်းနားလည်ကြသည်၊ ဒါပေမယ့် တကယ်တော့ ဝမ်းနည်းပူဆွေးမှုကနေ ပေါ်ပေါက်လာတဲ့ စိတ်ကူးယဥ်မှုဆိုင်ရာ ရွေးချယ်မှု တစ်ခုပါပဲ။
မတော်တဆမှုက သူတို့ရဲ့ ဝမ်းကွဲကိုပဲ ခေါ်ဆောင်သွားပါစေလို့ သူတို့ မျှော်လင့်ကြတယ်၊ ဘာလို့လဲဆိုတော့ သူက အသက်ကြီးပြီး လှုပ်ရှားလို့ မရဖြစ်နေလို့ပါပဲ။
ဒါပေမယ့် နောက်ဆုံးမှာ သူက သေဆုံးသွားပေမယ့် မသေသင့်တဲ့ သူတွေလည်း သေဆုံးသွားကြတယ်။
"ဒါဆို၊ အဲဒီနေ့ ခင်ဗျား ပြာအိုး သုံးလုံးနဲ့ ပြန်လာခဲ့တာပေါ့?"
"ဟုတ်တယ်၊ တခြားဒေသမှာ လူသေဆုံးရင် ဘယ်သူမှ အလောင်းကိုပြန်မယူချင်ကြဘူး၊ အလောင်းကို ပြန်ယူဖို့လည်း နည်းလမ်းမရှိဘူး၊ ဒါကြောင့် မီးသင်္ဂြိုဟ်ပြီး ပြာအိုးနဲ့ပဲ ပြန်ယူလာကြတာ"
"ဒါဆို ခင်ဗျားဝမ်းကွဲကို ဆယ်တင်ပြီးတဲ့နောက် ရှောင်ဖူ ဒါမှမဟုတ် သူ့မိန်းမ ဘယ်သူ့ကို အရင်ဆယ်တင်ခဲ့တာလဲ?"
"သူ့မိန်းမကို အရင်ဆယ်တင်ခဲ့တာ၊ ကားနဲ့ သိပ်မဝေးဘူး။ မြစ်က ရေစီးနေတယ်၊ ဒါပေမယ့် ရေစီးနှုန်းက သိပ်မြန်တာ မဟုတ်ဘူး။
သူ့မိန်းမကို သိပ်မကြာခင် အချိန်မှာပဲ တွေ့ရှိခဲ့တယ်၊ ဆယ်တင်တာက အချိန်ကြာသွားတော့ သူမကိုကယ်ဖို့က နည်းလမ်းမရှိတော့ဘူး။
ဒါပေမယ့်….
ငါတို့ထင်ခဲ့တာက ရှောင်ဖူကို မကြာခင် ဆယ်တင်ရမယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် နေ့ကနေ ညအထိ၊ ညသန်းခေါင်အချိန် ၁၁ နာရီလောက်အထိ သူ့ကို ဆယ်တင်လို့ မရသေးဘူး"
"အလောင်းက ဝေးရာကို မျောပါသွားခဲ့တာလား?"
"မဟုတ်ဘူး၊ တံတားအောက်မှာ၊ တံတားတိုင်နားမှာ! အရင်ကငါပြောခဲ့သလိုပဲ၊ ကားက မူလက တံတားပေါ်တက်ဖို့ပဲ၊ ဒါပေမယ့် ကားက ရုတ်တရက် ပျက်သွားပြီး ဘေးဘက်က ဖောက်ထားတဲ့ပေါက်ကနေ ထိုးဆင်းသွားတယ်။
ကားက တည့်တည့် ဆင်းသွားပြီး မြစ်ထဲကျသွားတယ်။ အဲဒီတုန်းက အရှိန်က အရမ်းမြန်တယ်၊ ဒါပေမယ့် ကားက မြစ်ထဲကို ဆင်းသွားပြီးတဲ့နောက် တံတားတိုင်နဲ့ သိပ်မဝေးဘူး။
အရေးအကြီးဆုံးက ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီး အဲဒီနေရာကနေ စဆယ်တာပဲ၊ ရှင်းရှင်းလင်းလင်းပြောရရင် အကြိမ်ကြိမ် ဆယ်ယူခဲ့တာကို ဘယ်လိုမှမတွေ့ခဲ့ဘူး။
လူတွေကို ရေငုပ်ခိုင်းပြီး ရှာခိုင်းတော့လည်း မတွေ့ခဲ့ဘူး!"
"အစတုန်းက အလောင်းက ရေစီးကြောင်းနဲ့အတူ အောက်ဘက်ကို မျောပါသွားမယ်လို့ထင်ခဲ့တာ၊ ကယ်ဆယ်ရေးအဖွဲ့က ဒေသခံ အဖိုးအို တစ်ယောက်ကို ခေါ်လာတဲ့အထိပဲ။
အဖိုးအိုက ဘယ်လိုထိုးဆင်းရမယ်ဆိုတာကို မပြောဘူး၊ ငါ့ဝမ်းကွဲနဲ့ ရှောင်ဖူမိန်းမရဲ့ အလောင်းရှေ့မှာ ထိုင်ပြီး ကြည့်နေခဲ့တယ်။
ခဏကြာတော့သူက တံတားတိုင်ကိုညွှန်ပြီး မီးရှို့ထားတဲ့ စက္ကူအဝါတစ်ထုပ်ကို ယူလာခိုင်းတယ်။
ခဏကြာတော့ ရှောင်ဖူရဲ့အလောင်းကို ဆယ်တင်လို့ရသွားတယ်"
"အစ်ကိုလူ၊ ရှောင်ဖူရဲ့ အလောင်းကို ဆယ်တင်ခံရတဲ့အခါ ဘယ်လိုပုံစံနဲ့ ရှိခဲ့လဲဆိုတာ မှတ်မိသေးလား? ရေပေါ်မှာ ပက်လက်လန်နေတာလား ဒါမှမဟုတ် ဝမ်းလျားမှောက်နေတာလား?"
"ဖြောင့်တန်းနေတယ်၊ ဖြောင့်ဖြောင့် တန်းတန်းပဲထွက်လာတာ! ဒါပေမယ့် ခြေထောက်တွေက မြင့်တက်ပြီး ခေါင်းက ငိုက်ကျနေကာ ဆယ်တင်လိုက်တဲ့အခါ ရှောင်ဖူရဲ့...သူ့လက်တွေက သူ့လည်ပင်းကို ကိုင်ထားတယ်!"
အစ်ကိုလူ ပြောပြီးတဲ့နောက် လူတိုင်း ကြောင်အသွားခဲ့ကြတယ်။ တကယ်လို့ လူက ရေနစ်သေဆုံးခဲ့တာဆိုရင် မသေဆုံးခင်မှာ သူ့လက်တွေက ရေထဲမှာ ကန်ရုန်းနေမိမယ်၊ ဒါမှမဟုတ် ရေပေါ်မျောလာဖို့ ကူညီနိုင်မယ့် အရာတစ်ခုခုကို ဖမ်းမိဖို့ ကြိုးစားနေမိမယ်။
ဒါပေမယ့် ရှောင်ဖူက သူ့ကိုယ်သူ လည်ပင်းညှစ်နေခဲ့တယ်။ ဒီလက်ဟန်က ဘာကိုဆိုလိုတာလဲ? ရေအောက်ထဲမှာ သူ့ဆီ တစ်ခုခုများ ဖြစ်ခဲ့တာလား?