← Chapters

ရေထဲမှာ အရမ်းအေးတယ်

Vol. 21 Ch. 285

ရေထဲမှာ အရမ်းအေးတယ်

Vol. 21 Ch. 285

အစ်ကိုလူဟာ ရေနစ်သေဆုံးသူတွေကို ကယ်တင်ရေး လုပ်ငန်းစဉ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာ ရှိနေခဲ့ပြီးတော့ သေဆုံးသူရဲ့ ဆွေမျိုးတစ်ဦးဖြစ်ပေမယ့် သူသိရှိရတဲ့ အချက်အလက်တွေကတော့ အကန့်အသတ်နဲ့ပဲ ရှိနေခဲ့တယ်။

ဘာလို့လဲဆိုတော့ သူက နားမလည်လို့ပါပဲ။

သူသိရတာကတော့ နောက်ပိုင်း သူ့ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

"ဒီလိုနဲ့ ရှောင်ဖူတို့ကို ဆယ်တင်နိုင်ခဲ့တယ်။ အလောင်းတွေ အားလုံးကို မီးရှို့ပြီးတဲ့နောက် သူတို့ရဲ့ပြာတွေကို ယူပြီးအိမ်ပြန်လာခဲ့တယ်။

ကျွန်တော်တို့ ဇာတိမြေကိုရောက်တဲ့အခါ အချိန်က အတော်နှောင်းနေပြီ။

အတိအကျတော့ မသိပေမယ့် အိမ်ကို ရောက်တဲ့အခါမှာ ညက ၁၀ နာရီ လောက်တော့ ရှိပြီထင်တယ်။

လမ်းမှာ ရွာထဲက ဆွေမျိုးတွေနဲ့ စီစဉ်ထားတာရှိတော့ ကားကို တွေ့တဲ့အခါ ကျွန်တော့်ဝမ်းကွဲညီက အော်လိုက်တယ်၊ မီးရှူးမီးပန်းတွေလည်း ဖေါက်ကြတယ်"

"တစ်ရွာလုံး ငိုကြွေးသံတွေ၊ ဟစ်ကြွေးသံတွေနဲ့ ပြည့်နေခဲ့တယ်။

ကျွန်တော်တို့ ရွာက သိပ်မကြီးဘူး။ အိမ်ထောင်စု ၇၀ လောက်ပဲရှိတယ်။

ရွာမှာ နာမည်ကြီးတဲ့လူတွေ ဘယ်တုန်းကမှ မပေါ်ခဲ့ဘူး။ ရွာကလူတွေက သာမန်ဘဝနဲ့ပဲ အမြဲ နေထိုင်ခဲ့ကြတယ်။

ရှောင်ဖူကတော့ ရွာထဲမှာ အနာဂတ်ကောင်း ရှိတဲ့ လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ရွာအတွက်လည်း အမြဲတမ်း အထောက်အပံ့တွေ ပေးတယ်။

ရွာထဲမှာ ဘိလပ်မြေလမ်းတစ်ခု ဆောက်တဲ့ အခါတုန်းကလည်း သူကပဲ ငွေကြေးအရင်ထုတ်ပြီး လုပ်ပေးခဲ့တယ်။

အခုထိ နှစ်​တွေအတော် ကြာပြီဖြစ်ပေမယ့် ဒီငွေကို မပေးသေးတဲ့ လူတွေ အများကြီးရှိနေသေးတယ်"

"သူဘယ်လောက် ကောင်းတယ်ဆိုတာ လူတိုင်းသိကြတယ်၊ ပြီးတော့သူကလည်း အသက်ငယ်သေးတယ်။ မိသားစုထဲက လူအများကြီးသေဆုံးပြီးနောက် ဘယ်သူများ စိတ်မချမ်းမသာ မဖြစ်ဘဲ နေမှာလဲ။ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး။ သူတို့ ငိုကြွေးတဲ့ အသံကိုကြားတဲ့အခါ ကျွန်တော် အရမ်းကြောက်သွားတယ်။ သူတို့ ငိုကြွေးတဲ့အခါ ကျွန်တော့်နားထဲမှာ တစ်စုံတစ်ယောက်ရဲ့အသံကိုကြားနေရတယ်လို့ အမြဲခံစားရတယ်"

"ရှောင်ဖူရဲ့ အသံလား?"

"မဟုတ်ဘူး၊ ရှောင်ဖူမိန်းမရဲ့ အသံပါ! သူမက အရမ်းပိန်တယ်။

ကျွန်တော်တို့ရဲ့ ရှောင်ဖူနဲ့ ပထမဆုံး ချစ်ကြိုက်တုန်းက ကျွန်တော်တို့မိသားစုက သဘောမတူခဲ့ဘူး။

ကျေးလက်ဒေသမှာ မိန်းကလေးကို စတင်ပြီး မရင်းနှီးခင်မှာ သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ဆုံးဖြတ်တာက ဓလေ့ပဲ။ သူမက ပိန်ပြီး သေးငယ်တယ်ဆိုရင် အားနည်းမှာ စိုးရိမ်ရတယ်၊ ဒါပေမယ့် လက်ထပ်ပြီးနောက်မှာတော့ သူမတကယ် စွမ်းဆောင်နိုင်တယ်ဆိုတာကို သိခဲ့ရတယ်။

ဒါပေမယ့်သူမက အငိုသန်တယ်၊ တစ်ခါတလေ ရှောင်ဖူက သူမကို နည်းနည်း အသံပြင်းပြင်းနဲ့ ပြောမိရင်လည်း ငိုတတ်တယ်။

အသံအကျယ်ကြီး ငိုတာတော့ မဟုတ်ဘူး၊ တိုးတိုးတိတ်တိတ် ငိုတတ်တာဆိုတော့ တခြားသူတွေ သိချင်မှသိမှာ၊ ဒါပေမယ့် မိသားစုဝင် တစ်ယောက်အနေနဲ့တော့ တစ်ခါတလေ အသံကိုကြားလိုက်တာနဲ့ ရှောင်ဖန်းရဲ့ဇနီး ငိုနေတယ်ဆိုတာက သိသာတယ်"

"အဲဒီအချိန်တုန်းက ကျွန်တော်တကယ်ကို တကိုယ်လုံး ထုံကျင်သွားခဲ့တယ်၊ လက်တွေကလည်း ကျွန်တော့်လက်ကို ဖုံးအုပ်ထားသေးတယ်။

ဒါ့အပြင်ကို ငိုကြွေးသံတွေက နားထဲမှာပဲ ဆူညံနေတော့ တကိုယ်လုံးတုန်ရင်လာခဲ့တယ်။

ကျွန်တော်သည်းခံပြီး ပြာအိုးကို ပွေ့ပြီး ရွာထဲကို ဆက်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်တော့်ဝမ်းကွဲမှာ အမေက ရှိသေးတယ်။

သူ့သားသေဆုံးသွားတာကို သူမ ဆိုးဆိုးရွားရွား မခံစားရနိုင်ပေမယ့် ရှောင်ဖူကတော့ သူမရဲ့ အချစ်ဆုံး မြေးဖြစ်နေတော့ ကျွန်တော်ပွေ့ထားတဲ့ အိုးထဲမှာ ရှောင်ဖူရှိတယ်ဆိုတာကို သိသွားတဲ့အခါ သူမက ပြာအိုးဆီကို ဦးတည်ပြီး ပြေးလာခဲ့တယ်။

ကျွန်တော်က အစကတည်းက ကြောက်နေတာ၊ သူမ ပြေးဝင်လာတဲ့အခါ ပြာအိုးကို ကျွန်တော် အသေအချာ မကိုင်ထားမိလိုက်ဘူး!"

"ပြာတွေ ဖိတ်စင်သွားတာလား?"

"ဖိတ်မသွားပါဘူး၊ ဒါပေမယ့် ရုတ်တရက်ကြီး မြေကြီးပေါ်ကျသွားခဲ့တယ်။

ပြာအိုး ကျသွားတာကို မြင်တဲ့အခါ အားလုံးက ကျွန်တော့်ကို ကြည့်နေကြတယ်။

ကျွန်တော်အမြန်ဆုံး ပြာအိုးကို ပြန်ကောက်လိုက်တော့ အင်မတန်ကို တိတ်ဆိတ် ငြိမ်သက်သွားတယ်..

တစ်ရွာလုံး ဘာအသံမှ မကြားရတော့ဘူး။

ရွာထဲက အဘိုးအိုတစ်ယောက်က အကြောင်းပြချက် ရှာပြီး ဘာမှမဖြစ်ဘူး အဆင်ပြေတယ်လို့ ပြောခဲ့တယ်။

ဒါပေမယ့် ပြာအိုး မြေကြီးပေါ်ကျသွားတဲ့အခါ လူအများကြီး တွန့်ဆုတ်သွားတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။

သူတို့ သတိပြန်ဝင်သွားတဲ့အခါ အားလုံးက နောက်ဆုတ်သွားခဲ့ကြတယ်"

"နောက်ဆုံးမှာတော့ ရှောင်ဖူနဲ့ တခြားသူတွေကို အိမ်ပြန်ခေါ်လာနိုင်ခဲ့တယ်။

ကျွန်တော်တို့ တစ်ညလုံး မအိပ်ခဲ့ကြဘူး၊ သူတို့အတွက် ဆောက်လုပ်ထားတဲ့ ဈာပနအိမ်တွင်းမှာပဲ နေခဲ့ကြတယ်။

နောက်ပိုင်းမှာ သူတို့ရဲ့ ညီအစ်ကိုတွေနဲ့အတူ ဈာပနအခမ်းအနားကို ပြုလုပ်ဖို့ ဆွေးနွေး ညှိနှိုင်းခဲ့တယ်။

သူတို့က ထမင်းဝိုင်း မလုပ်ဘူး၊ တာအိုရသေ့ ကိုလည်း ရွတ်ဖတ်ဖို့ မဖိတ်ကြားဘူးလို့ ပြောကြတယ်။

ဒါက သာမန်ကိစ္စမဟုတ်ဘူး၊ သူတို့ကို တစ်နေ့မှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ သင်္ဂြိုဟ်လိုက်ကြရုံပဲ"

"ဆုံးဖြတ်ချက် ချပြီးတာနဲ့ ရှောင်ဖူနဲ့ အခြားသူတွေကို တတိယမြောက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်။

ကျွန်တော်တို့ရွာက သုသာန်မြေမှာ သင်္ဂြိုဟ်တဲ့စနစ်ကို မကျင့်သုံးသေးဘူး၊ ဒါကြောင့် အားလုံးကို ဘိုးဘွား ဂူနေရာမှာပဲ သင်္ဂြိုဟ်ရတယ်။

အခေါင်းက သုံးလုံးရှိတယ်၊ ဒါပေမယ့် ကျွန်တော့် ဝမ်းကွဲကိုတော့ နောက်တစ်ဖက်မှာ သင်္ဂြိုဟ်လိုက်တယ်။ ရှောင်ဖူနဲ့ သူ့ဇနီးကို ဘေးချင်းယှဉ်ပြီး သင်္ဂြိုဟ်ခဲ့တယ်။ လူတိုင်းက ဒါကိုနားလည်ကြတယ်။

တကယ်တော့ ဆွေမျိုးအရင်းတွေကလည်း ဝမ်းကွဲကို နည်းနည်းတော့ မုန်းတီးကြတယ်။

ဒါက မှန်လားဆိုတာတော့ သူတို့ မသိပေမယ့် ကျွန်တော့်ဝမ်းကွဲ သေဆုံးပြီးနောက်မှာ ရှောင်ဖူနဲ့ သူ့ဇနီးကို ဆက်ပြီး ဒုက္ခမပေးစေချင်ကြဘူး"

"ဟူး... တကယ်တော့ ကျွန်တော်တို့ ဝမ်းကွဲ ညီအစ်ကိုတွေက အစက ဒါကို ကန့်ကွက်ခဲ့ကြတယ်။

ဒီလိုမျိုးစကားတွေ ပြောရတာ ကျွန်တော်တို့ အားလုံး စိတ်ဆင်းရဲရပေမယ့် ဒီလို ခွဲခွာထားတာက ကျွန်တော့်ဝမ်းကွဲအတွက်တော့ မတရားဘူး။

ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ ဆွေမျိုးအရင်းကြီးတွေ မဟုတ်တော့ ဒီအကြောင်း ပြောဆိုဖို့က အဆင်မပြေဘူး။

သူတို့အားလုံးကို သင်္ဂြိုဟ်ပြီးတာနဲ့ ပြာကိုယူပြီး ပြန်လာတဲ့ ကျွန်တော်တို့တွေက နောက်နှစ်ရက်မှာ အလုပ်ကို ပြန်ဖို့ ပြင်ဆင်နေခဲ့ကြတယ်။

အဆုံးမှာတော့ သေသွားတဲ့သူတွေကလည်း သေဆုံးသွားခဲ့ပြီပဲလေ။ လူတွေက ဆက်ပြီးတော့ ရှင်သန်နေထိုင်ရမှာပဲ မဟုတ်လား?"

"ဒါပေမယ့် သူတို့သင်္ဂြိုဟ်ပြီး နောက်နေ့ညမှာ ရှောင်ဖူက ကျွန်တော့်ဆီ လာလိမ့်မယ် ဆိုတာကိုတော့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိဘူး"

"ရှောင်ဖူက မင်းဆီလာတာလား?"

"ဟုတ်တယ်၊ သူကျွန်တော့်ဆီလာခဲ့တယ်။

အဲဒီညမှာ သူတို့ရဲ့ ကိစ္စတွေကို နောက်ဆုံး တာဝန်ယူပြီးနောက် ကျွန်တော်လည်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့တယ်။ ရေချိုး၊ ညစာစားပြီးတဲ့ နောက်မိနစ်ပိုင်းအတွင်းမှာပဲ အိပ်ပျော်သွားခဲ့တယ်။

ညသန်းခေါင်အချိန် အိပ်နေတုန်း ရုတ်တရက် အိပ်ရာထဲကနိုးလာတယ်။ ပြတင်းပေါက် အပြင်ဘက်ကနေ တစ်စုံတစ်ယောက်က ကျွန်တော့်နာမည်ကို ခေါ်တဲ့အသံကို ကြားလိုက်ရတယ်။

ကျွန်တော် မှုန်ဝါးဝါးနဲ့ မျက်လုံးကို ဖွင့်ပြီး သေချာ နားထောင်ကြည့်လိုက်တော့ ရှောင်ဖူရဲ့ အသံဆိုတာကို သိလိုက်ရတော့ အိပ်ရာပေါ် ထခုန်မိလိုက်တယ်။

"သူအော်နေတာက- ဦးလူ.. ဦးလူ ... ဘာလို့ ကျွန်တော့်ကို မခေါ်သွားတာလဲ!"

"ရှောင်ဖူက ​ပြောနေတုန်း ငိုနေသလိုပဲ၊ ဒါပေမယ့် ဒါကတစ်စုံတစ်ယောက်က ကျွန်တော့်ကို လှန်ပြောင်နေတာ ဖြစ်မယ်လို့ ထင်မိလိုက်တယ်။

ရွာက သေးတယ်ဆိုပေမယ့် စိတ်ဓာတ် မကောင်းတဲ့ လူတချို့ရှိတယ်။ အဲဒီခွေးတွေက တခြားလူတွေ ကံကောင်းတာကို မကြည့်ချင်ကြဘူး။

တစ်စုံတစ်ယောက်ရဲ့ မိသားစုမှာ ဒုက္ခရောက်နေရင် သူတို့က မကူညီချင်ကြဘူး။ ဒါပေမယ့် ဒုက္ခပေးဖို့လောက်ပဲ သိတယ်။

ရွာထဲက အဲ့ဒီလို မိသားစုတွေကို သတိရမိတော့ ကျွန်တော် အရမ်းကို ဒေါသထွက်သွားတယ်။

ကျွန်တော်တံခါးဖွင့်ပြီး အပြင်ကို ပြေးထွက်သွားလိုက်တယ်၊ ဒါပေမယ့် တံခါးဖွင့်လိုက်တဲ့အခါ အပြင်မှာ ဘယ်သူမှမရှိဘူး။

ဒါပေမယ့် ရှောင်ဖူရဲ့ အသံကိုတော့ ကျွန်တော်ကြားနေရဆဲပဲ၊ သူဆက်ပြီး ပြောနေတယ် - ဦးလူ အမြန်ပြန်လာခဲ့၊ ​​​​မြန်မြန် ကျွန်တော့်ကို လာခေါ်တော့၊ ရေထဲမှာ အရမ်းအေးတယ်...

တကယ်ကို အေးတယ်!"

"သူက ကျွန်တော့်ရဲ့ ခြံဝင်းအပြင်ဘက်မှာ ပြောနေတာကို ကြားရတယ်။

ကျွန်တော်ထပ်ပြီး ခြံဝင်းအပြင်ဘက်ကို သွားလိုက်တယ်၊ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ မတွေ့ရဘူး။

ကျွန်တော် အကြာကြီး ရှာဖွေပြီး နောက်ဆုံးမှ... ရွာဝင်ပေါက်မှာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

ကျွန်တော် အနားကို မကပ်သွားပေမယ့် ဒါကရှောင်ဖူပဲ ဆိုတာ ကျွန်တော် အလိုလိုသိခဲ့တယ်။

သူက မိုးမခပင်ကြီးအောက်မှာ ရပ်နေခဲ့တယ်၊ သူ့ခန္ဓာကိုယ်ပေါ်မှာ ရွှံ့ဗွက်တွေ ပေကျံနေတယ် သူက ကျွန်တော့်ကို လာခေါ်ဖို့ ဆက်တိုက် ပြောနေခဲ့တယ်"

"ကျွန်တော် ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတဲ့နောက် တကိုယ်လုံး တုန်ရီသွားခဲ့တယ်။

ကျွန်တော် အသက်ပါ ထွက်မတက် ကြောက်သွားခဲ့တယ်၊ အိမ်ကို ပြန်ပြေးချင်ပေမယ့် ကျွန်တော် နောက်ကို ပြန်လှည့်ကြည့်တဲ့အခါ ရှောင်ဖူက ကျွန်တော့်အိမ်ရဲ့ တံခါးဝမှာ ထပ်ရပ်နေပြီး ငိုနေတယ်၊ ကျွန်တော့်ကိုပြောတာက - ဦးလူ ကျွန်တော့်ကို ဂရုမစိုက်တော့ဘူးလား? ငယ်ငယ်တုန်းက ဦးလေးက ကျွန်တော့်ကို အချစ်ဆုံးပဲလေ။

ကျွန်တော် အခုထိ ရေထဲမှာ ရှိနေတုန်းပဲ အေးလိုက်တာ...

နောက်ပိုင်း ကျွန်တော် ခံနိုင်မှာ မဟုတ်တော့ဘူး!"

"ရှောင်ဖူကို ရေထဲကနေ ဆယ်ယူပြီးသွားပြီလေ၊ ကျွန်တော်သူ့ပြာအိုးကို ယူပြီးအိမ်ပြန်လာခဲ့တာ။ သူ့အခေါင်းကို မထမ်းရပေမယ့် သူက ဘာလို့ ရေထဲမှာ ရှိနေသေးရတာလဲ?"

"ရှောင်ဖူက ကျွန်တော့်အိမ်ရဲ့ တံခါးဝမှာရပ်ပြီး ကျွန်တော့်ကို အတွင်းကို ဝင်ခွင့်မပေးဘူး၊ ဒါကြောင့် ကျွန်တော် ငိုပြီး ပြောလိုက်တယ်- "ရှောင်ဖူရေ ၊ ပြန်လည်မွေးဖွားဖို့ သွားပါတော့။

ဒီလောကရဲ့ ကိစ္စတွေကို စိုးရိမ်မနေပါနဲ့တော့။

မင်းရဲ့ခန္ဓာကိုယ်ကို အစောကြီးကတည်းက ဆယ်ယူပြီးပြီ၊ မင်းရဲ့ ဦးလေးလူ ကိုယ်တိုင် ပွေ့ပြီး ပြန်လာခဲ့တာ!

ရှောင်ဖူက သူ့ခေါင်းကို ငိုက်ချလိုက်တယ်၊ ကျွန်တော့်စကားကို နားထောင်နေသလိုပဲ၊ ပြီးတော့ ဖြည်းဖြည်းချင်း လှည့်ပြီး ထွက်သွားတယ်"

All Chapters