သရဲက လမ်းကြုံ လိုက်ခဲ့ခြင်း
Vol. 21 Ch. 286
အစ်ကိုလူက သူ့တူကို သိပ်ချစ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေါ့... သွေးက ရေထက်ပိုပြီး ပျစ်တယ်မဟုတ်လား။
ဒါပေမယ့် သူသေဆုံးပြီးနောက်မှာ ဒီလိုမျိုး ထပ်တွေ့ရမယ် ဆိုရင်တော့ နောက်ဆုံးမှာ လန့်ဖျန့်သွားစေမှာ ပါပဲ။
ခဏခဏ လွမ်းဆွတ်တမ်းတ နေခဲ့ရတဲ့ ဆွေမျိုး အရင်းအချာတစ်ယောက် ဖြစ်နေမှသာ ဒီလိုမျိုး ကြောက်မနေမှာ ဖြစ်သည် ။
"မစ္စတာစတွင်မာရေ... ရှောင်ဖူရဲ့ အလောင်းက တကယ်ပဲ ရှာတွေ့ခဲ့တာကို။ တစ်ရက်ပဲ ကြာခဲ့တဲ့အတွက် မှားယွင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့ သူ့အလောင်းကို ရှာတွေ့တဲ့အချိန်မှာ ရေကြောင့် ပွမနေသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ မှားယွင်းတာမျိုးက မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ရှောင်ဖူ က သူအခုထိ ရေထဲမှာပဲ ရှိနေသေးတယ်လို့ ဘာလို့ပြောနေရတာလဲ?"
ဒါဟာ အစ်ကိုလူပြောပြတဲ့ ဇာတ်လမ်းထဲက အဆန်းကြယ်ဆုံး အရာတစ်ခုပါပဲ။
သရဲဆိုတာ နယ်မကျော်နိုင်သလို၊ မြစ်ကိုလည်း မကျော်နိုင်ဘူး။
ဒါဆိုရင် ရှေးတုန်းကတည်းက ကိုယ့်နယ် မဟုတ်ဘဲ သူတစ်ပါးဒေသမှာ သေဆုံးခြင်းက မကောင်းဘူးလို့ ဘာလို့ ပြောခဲ့ကြတာလဲ။
ရှေးခေတ်တုန်းက လူတွေဟာ သူတို့သေတော့မယ်လို့ ခံစားရတဲ့အခါ အိမ်ပြန်ချင်စိတ် ဖြစ်ခဲ့ကြတယ်။ ဒါဟာ စိတ်ခံစားမှုကြောင့်တင်မကပါဘူး၊ ကိုယ်ခန္ဓာကနေ ခွဲထွက်ပြီးတဲ့နောက် ဝိညာဉ်ဟာ အိမ်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့မှာကို ကြောက်ရွံ့တဲ့ စိတ်ကြောင့်လည်း ဖြစ်ပါတယ်။
အစ်ကိုလူရဲ့ဇာတ်လမ်းအရဆိုရင် ရှောင်ဖူ၊ ရှောင်ဖူရဲ့ ဇနီး၊ ပြီးတော့ ရှောင်ဖူရဲ့ ဖခင်တို့ ပြန်လာနိုင်ခဲ့ကြတယ်။
သူတို့ ဘယ်လိုပြန်လာနိုင်ကြတာလဲ? မကြာခင်ကမှ ဖြစ်လာတဲ့ သရဲသစ်တွေမှာ ပြန်လာနိုင်တဲ့ စွမ်းရည် လုံးဝ မရှိကြပါဘူး!
ဒါကြောင့် ကျန်းရီဟာ ဖြစ်စဉ်ကို ကြားလိုက်တဲ့အခါ ရှောင်ဖူနဲ့ သူ့ဇနီး သေပြီးနောက် သေတဲ့နေရာကနေ မခွါချင်လို့ဆိုတဲ့ အကြောင်းရင်းလို့ ဘယ်တော့မှ မထင်ခဲ့မိဘူး။
"အစ်ကိုလူရေ ကျွန်တော် လေးလေးနက်နက် နဲ့ တစ်ခုမေးမယ်၊ အဲ့ဒီညက ခင်ဗျားနဲ့ စကားပြောတာက ခင်ဗျားရဲ့ တူ ရှောင်ဖူ ဆိုတာ သေချာလား? မျက်နှာချင်းဆိုင်ပြီး သေသေချာချာ ကြည့်ခဲ့လား?"
"ရှောင်ဖူ ပါပဲ။ ပထမဆုံး မြင်တုန်းက နည်းနည်းဝေးတယ် ဆိုပေမယ့်၊ ဒါပေမယ့် နောက်ပိုင်းသူက ငါ့အိမ်ရဲ့ တံခါးဝမှာ ရပ်နေတဲ့အချိန် သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူပါပဲ၊ တကိုယ်လုံး ရေတွေစိုနေတယ်။ ဒါပေမယ့် သူ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူငိုပြီး ငါ့ကိုပြောနေတယ် 'ဦးလေး... ရေအောက်က အရမ်းအေးတယ်... ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပါဦး' တဲ့"
" ရှောင်ဖူ ကို ဆယ်ယူတဲ့ အချိန်တုန်းကလည်း သာမန်မဟုတ်ခဲ့ဘူး။
သူပြောလိုက်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။
ကျွန်တော်လည်း ငယ်ငယ်တုန်းက ရေနစ်ဖူးတယ်။
အထက်တန်းအရွယ်တုန်းကပေါ့။
သူငယ်ချင်း တစ်ချို့နဲ့ အတူသွားခဲ့တာ။ မြစ်ထဲမှာ ရေကူးနေတုန်း။ ခြေထောက် ကြွက်တက်သွားတယ်၊ ပြီးတော့ ထိတ်လန့်သွားခဲ့တာပေါ့
မျက်လုံးတွေကို အမြဲ ဖွင့်ထားတယ်၊ ဒါပေမယ့် အလင်းကလွဲလို့ ဘာမှမမြင်ရဘူး၊ ဘာမှ ကိုင်လို့လည်း မရဘူး"
"ဂလု ဂလု..." ရေကို မျိုချနေရုံပဲ တက်နိုင်တယ်။ ဗိုက်က ဖောင်းကားနေတာတောင် ဆက်သောက် နေသေးတယ်။
နှာခေါင်းထဲ ရေတွေဝင်ပြီး ဆက်တိုက် ချောင်းဆိုးနေတယ်။
အရမ်းကို ခံစားရဆိုးခဲ့တယ်။
ဒါပေမယ့် ရှောင်ဖူက မသေခင်မှာ သူ့လည်ပင်းကို ဘာလို့ ညှစ်နေရတာလဲဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး။
ရေတွေ မျိုချရတာ အရမ်းခံရခက်လို့၊ ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် သတ်ပစ်ချင်ခဲ့လို့လား"
အစ်ကိုလူရဲ့ ပြောဆိုချက်က နည်းနည်းတော့ မှားယွင်းနေပါတယ်။ အဲ့ဒီလို အကြောင်းပြချက်မျိုးသာ ရှိနေခဲ့ရင် လူတွေ ရေနစ်သေကြမှာမဟုတ်ပါဘူး။
ရေနစ်ခြင်းရဲ့ အကြောက်ရဆုံးအရာက ရေထဲ ကျသွားပြီးနောက်ပိုင်း ထိတ်လန့်မှုပဲ။ ထိတ်လန့်မှုက လူကို အဲ့ဒီအချိန်မှာ စိတ်ကို လုံးဝ ရှုပ်ထွေးသွားစေနိုင်ပါတယ်။
ဒါ့ကြောင့် ရေထဲမှာဆို ပိုရုန်းကန်လေ ပိုမြန်မြန် သေလေပါပဲ၊ ကမ်းပါးတစ်ခုခု ဒါမှမဟုတ် ကိုင်စရာတစ်ခုခု မရှိဘူးဆိုရင်ပေါ့!
တစ်ခါတုန်းက လူတစ်ယောက်က စမ်းသပ်မှု တစ်ခုလုပ်ခဲ့တယ်။ရေနစ်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်နေမယ်ဆိုရင် ခန္ဓာကိုယ်က တကယ်ပဲ ကမ်းပါးဆီကို ဖြည်းဖြည်းချင်း မျောပါလာလိမ့်မယ်။
ဒီစမ်းသပ်မှုက တကယ် ဟုတ်မဟုတ် ကျန်းရီမသိဘူး၊ ဒါပေမယ့် သေချာတာက စိတ်ကို တကယ် ငြိမ်အောင်ထားနိုင်မယ်ဆိုရင် ရေနစ်ပြီး သေဆုံးနှုန်းက သိသိသာသာ လျော့နည်းသွားမှာပါ။
အစ်ကိုလူက အသေအချာကို ပြောနေခဲ့တယ်။ ကျန်းရီ ခဏ စဉ်းစားပြီးနောက် လေးလေးနက်နက် နဲ့ပဲ ပြောလိုက်တယ်- "ခင်ဗျားတို့ ဘယ်အချိန်မှာ ပြည်နယ်ထဲ ဝင်ခဲ့လဲ? ပြီးတော့ ဘယ်အချိန်မှာ မြို့ထဲဝင်ခဲ့လဲ? ပြီးတော့ ရွာထဲကိုပေါ့?"
"ဒါကို ကျွန်တော် မှတ်မိတယ်၊ ဘာလို့လဲဆိုတော့ နေရာတစ်ခု ရောက်တိုင်း ကျွန်တော် ရှောင်ဖူ တို့ကို ဘယ်ရောက်နေကြောင်း ပြောပြလေ့ရှိတယ်။
ဒါကလည်းဓလေ့တစ်ခုပါပဲ။
ကျွန်တော်တို့ ည ၇ နာရီလောက်မှာ ပြည်နယ်ထဲကို ရောက်ခဲ့တယ်။
တိတိကျကျဆိုရင်တော့ည ၇ နာရီ ၁၀ မိနစ်လောက်ပေါ့။
မြို့နဲ့ ရွာဆိုရင်တော့ တစ်ခုက ၈:၂၆ မှာ၊ နောက်တစ်ခုက ၉:၃၇ မှာ၊ ပြီးတော့ အိမ်ကိုည ၁၀ နာရီနဲ့ ၁၁ နာရီကြားလောက်မှာ ရောက်ခဲ့တယ်"
"ကောင်းပြီ ၊အစ်ကိုလီ အခုခင်ဗျားကို ပြည်နယ်ထဲ ဝင်ပြီးကတည်းက တစ်ခုခု ဖြစ်ခဲ့ရဲ့လားဆိုတာ သေချာပြန် စဥ်းစားဖို့လိုတယ်"
ကျန်းရီရဲ့ မေးခွန်းက အစ်ကိုလူကို တိတ်ဆိတ်သွားစေခဲ့တယ်။
ဘာဖြစ်ခဲ့လဲ? ဘာမှမဖြစ်ခဲ့သလိုပါပဲ။
အစ်ကိုလူက သေသေချာချာ စဉ်းစားကြည့်လိုက်တယ်၊ ဒါပေမယ့် ပြဿနာကို မတွေ့ခဲ့ဘူး။
"ဘာမှမဖြစ်ခဲ့ဘူး၊ အရာအားလုံးက ပုံမှန်ပါပဲ"
"ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို သတိပေးလိုက်မယ်၊ ကားထဲမှာ လူတွေ ပြောင်းသွားတာ ရှိလား?"
ကျန်းရီက ဒီမေးခွန်းကို မေးတဲ့အခါ အစ်ကိုလူက မကြာမီပဲ ပြန်ဖြေတယ်- "ဟုတ်တယ်၊ မြို့ထဲဝင်ပြီးတဲ့နောက် ကားထဲက လူ ပြောင်းသွားတယ်"
"ဘယ်သူလဲ?"
“လောင်ဖန်ပါ!"
“လောင်ဖန်က ဘယ်သူလဲ?"
"လောင်ဖန်က အပြင်မှာတွေ့ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက်ပါ၊ ကျွန်တော်တို့ရဲ့ မိသားစုဝင်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူက တက်တက်ကြွကြွရှိတယ်၊ ကျွန်တော်တို့နဲ့ အတူလိုက်ဖို့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်၊ ပြီးတော့ လူတစ်ယောက် ပိုရှိရင် ကူညီမယ့် သူတစ်ယောက် ပိုရတယ်ဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ သဘောတူလိုက်တယ်"
"မြို့မဝင်ခင် သူခင်ဗျားတို့နဲ့ ကားတစ်စီးတည်းမှာ မရှိခဲ့ဘူးလားမ?"
"မဟုတ်ဘူး၊ စုစုပေါင်းကားသုံးစီးရှိတယ်။ မြို့ထဲ ဝင်ပြီးတဲ့နောက် ဝန်ဆောင်မှုဧရိယာမှာ ရပ်ပြီး အနားယူခဲ့တယ်။
ဒီတုန်းက ကားကို အကြာကြီး မောင်းလာရတာ ဆိုတော့ ခဏ အနားယူခဲ့တယ်။ အနားယူပြီးတဲ့နောက် လောင်ဖန်က ကျွန်တော်စီးနေတဲ့ ကားထဲကို ဝင်လာပြီး သူစီးနေတဲ့ ကားက သိပ်ကို ကျပ်ညှပ်နေတယ်လို့ပြောတယ်။ ကျွန်တော်တို့လည ဘာမှမပြောခဲ့ဘူး၊ အတူတူပဲပြန်လာခဲ့တယ်"
ဒါကိုကြားပြီးနောက် ကျန်းရီက နောက်ပိုင်းမှ ပေါ်လာတဲ့ လောင်ဖန်ဆိုတဲ့သူမှာ ပြဿနာ ကြီးကြီးမားမားရှိနိုင်တယ်လို့ သံသယဝင်မိခဲ့တယ်၊ ဒါကြောင့် ပိုပြီး လေးနက်တဲ့ အသံနဲ့ ဆက်မေးတယ်- “ လောင်ဖန် ကားပေါ်တက်ပြီးနောက်မှာ ဘာများမူမမှန်တာတွေ ရှိခဲ့လဲ?"
"ဘာမှ မရှိခဲ့သလိုပါပဲ... ကားပေါ်တက်ပြီးကတည်းက စကား မပြောခဲ့ဘူး။ သူက နောက်ခုံမှာထိုင်နေတယ်၊ ထိုင်တဲ့ နေရာမှာလည်း မလှုပ်ရှားခဲ့လိုပဲ။ ခေါင်းကို ငိုက်ပြီးထိုင်နေခဲ့တယ်၊ တစ်ခုခုကို စဉ်းစားနေသလိုမျိုးပဲ"
"ဒါဆို ပုံမှန်အားဖြင့် သူက အဲ့လို တိတ်ဆိတ်တဲ့ သူလား?"
"မဟုတ်ဘူး၊ ပုံမှန်အားဖြင့် စကား သိပ်များတဲ့သူပါ။ အဲ့ဒီ ကိစ္စကြောင့်ပဲ ဖြစ်မယ်လို့ထင်တယ်။ အဲ့လိုအချိန် သူဆက်ပြီး စကားများနေရင် မသင့်တော်ဘူးလေ"
"တနည်းအားဖြင့်၊ အစကနေ အဆုံးထိ စကားတစ်ခွန်းမှ မပြောခဲ့ဘူး၊ ခန္ဓာကိုယ်ကိုတောင် မလှုပ်ရှားခဲ့ဘူးပေါ့?"
"ဟုတ်တယ်"
"ဒါဆိုကားပေါ်က ဆင်းပြီးတဲ့နောက်မှာ လောင်ဖန်ကို ခင်ဗျား သတိထားမိသေးလား?"
"ကျွန်တော်တို့ ရွာအဝင်ဝကို ရောက်တာနဲ့ ငိုကြွေးသံတွေက ကျယ်လွန်းတော့ ဘယ်သူမှ သူ့ကို ဂရုမစိုက်မိခဲ့ဘူး"
ကျန်းရီက ခဏရပ်ပြီးနောက် ဆက်ပြောတယ်- “ လောင်ဖန်က ခင်ဗျားရဲ့ ရွာထဲမှာ အခုထိ ရှိနေသေးတယ်မလား?"
"ဟုတ်တယ်၊ ကျွန်တော်တို့ အလုပ်ကို မပြန်ရသေးဘူး၊ အခုထိ ငါ့အိမ်မှာပဲ ရှိနေသေးတယ်"
"ဟုတ်ပြီ၊ အစ်ကို အခုသွားပြီး သူ့ကို မေးကြည့်ပါ၊ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ ကားထဲ သူတက်ခဲ့ဖူးလားလို့!"
အစ်ကိုလူက ချက်ချင်းပဲ သွားခဲ့တယ်။ လောင်ဖန်က သူ့အိမ်မှာပဲ ရှိနေသေးတော့ မြန်မြန်ဆန်ဆန်ပဲ လောင်ဖန်ကိုတွေ့ခဲ့တယ်၊ ပြီးတော့ မေးလိုက်တယ်- "လောင်ဖန်ရေ၊ အဲ့ဒီနေ့ မြို့ထဲဝင်တုန်း ဝန်ဆောင်မှုဧရိယာမှာ မင်းငါ့ကားနဲ့ လိုက်ခဲ့တာလား?"
"မဟုတ်ဘူး၊ ငါက မင်းဝမ်းကွဲနဲ့ပဲ အမြဲတမ်း အတူတူပဲစီးခဲ့တာ"
ဖုန်းကိုကိုင်ထားတဲ့ အစ်ကိုလူက ခဏလောက် တုန်လှုပ်သွားခဲ့တယ်၊ ဒါပေမယ့် သူမပြောခင်မှာပဲ ကျန်းရီက အရင် ပြောလိုက်တယ်- "အစ်ကိုလူရေ... မကြောက်နဲ့သေးအုံး၊ ကျွန်တော် အစ်ကို့ကို ဖြည်းဖြည်းချင်း ရှင်းပြမယ်"