← Chapters

ရန်ငြိုးအဟောင်းက ကျေသွားပေမယ့်၊ ရန်ငြိုးအသစ် စတင်ခြင်း

Vol. 21 Ch. 291

ရန်ငြိုးအဟောင်းက ကျေသွားပေမယ့်၊ ရန်ငြိုးအသစ် စတင်ခြင်း

Vol. 21 Ch. 291

သရဲတွေက နယ်နိမိတ်ကို မကျော်ဖြတ်နိုင်ပါ။

အစ်ကိုလူရဲ့ ဇာတိက သရဲတွေက သူတို့အလုပ်လုပ်တဲ့ မြို့အထိကို သွားပြီး လူတွေကိုဒုက္ခပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ရှောင်ဖူက သေဆုံးသွားခဲ့တယ်။ သူသေဆုံးမှုမှာ ပြဿနာတစ်ခုခုရှိနေတာလား?။

သူသေဆုံးမှုမှာ ဘာပြဿနာမှ မရှိတာလည်း ဖြစ်နိုင်တယ်။ တစ်ခုတည်းသောပြဿနာက ရှောင်ဖူကို ဆယ်ယူတဲ့အခါမှာ သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားတာပါပဲ။

ကျန်းရီဟာ ဒီအကြောင်းကို စိတ်ထဲမှာ အကြမ်းဖျင်းလောက်တော့ တွေးထားပေမယ့် ခုထိတော့ အတည်မပြုရသေးပါဘူး။

သူတို့သေဆုံးမှုတွေက ကြေကွဲဖွယ် ကောင်းနိုင်ပေမယ့် ကမ္ဘာပေါ်မှာ ကြေကွဲဖွယ် အဖြစ်ဆိုးတွေ အများကြီးရှိပါတယ်။

တစ်ခါတစ်ရံ သဘာဝဘေးအန္တရာယ် သို့မဟုတ် လူကြောင့်ဖြစ်ရတဲ့ ဘေးအန္တရာယ်တစ်ခုက မိသားစုဝင် တစ်ယောက်ရဲ့ အသက်ကိုတောင် မကျန်ရစ်တဲ့ ဖြစ်စေနိုင်ပါတယ်။

အစ်ကိုလူနဲ့ သူ့ အစ်ကိုကြီးဟာ ကျန်းရီပြောတဲ့ စကားကို သိပ်မနားလည်ကြဘူး။ ကျန်းရီဟာ သူပြောတဲ့အတိုင်း လုပ်တက်တယ်ဆိုတာကိုပဲ သိကြတယ်။

“စတွင်မာရေ ကျွန်တော်တို့ ဘာလုပ်သင့်လဲ ? ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ မသေသေးရင် အဲ့ဒီ အမျိုးသမီးသရဲက လက်လျှော့မှာ မဟုတ်ဘူးမလား?”

ကျန်းရီက ခေါင်းညိတ်ပြီး“အရာရာတိုင်းမှာ အကြောင်းရင်းနဲ့ အကျိုးဆက်ရှိတယ်။

မင်းရဲ့မိဘတွေက လက်ထပ်ဖို့ကို အမျိုးသမီး အလောင်းနှစ်လောင်းကို ရှာဖွေခဲ့တယ်။

အဲဒီအမျိုးသမီး သရဲ​က သေဆုံးပြီး မကြာခင်မှာ မွေးဖွားလာတာပဲလို့ အတိအကျပြောလို့ရတယ်။

သူတို့ရဲ့ဝိဉာဉ်တွေက ငရဲကို ပြန်လည်မွေးဖွားဖို့ကို မရောက်ခဲ့ကြဘူး။

တကယ်တော့ သူတို့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး တခြားလျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်၊ ဒါကြောင့် သရဲတွေကို လက်ထပ်ပေးပြီးနောက်မှာ မိသားစုနှစ်စုရဲ့ မိဘတွေက သတ်ဖြတ်ခံခဲ့ရတာ။

တစ်ခြားဘာမှမဖြစ်ခဲ့ရင် အလောင်းတွေကို ခိုးယူပြီး ရောင်းချခဲ့တဲ့သူဟာလည်း အသက်ရှင်နေတော့မှာ မဟုတ်ဘူး”

“ဒါပေမယ့် သူတို့သေပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဘာမှမလုပ်ခဲ့ကြဘဲ ရှောင်ဖူ သေဆုံးပြီး မကြာခင်မှာမှ ဘာကြောင့် ပြန်ပေါ်လာရတာလဲ? ခင်ဗျားတို့က သူတို့ဂူမှာတစ်ခုခုလုပ်ခဲ့တာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရှောင်ဖူ က သူတို့ဂူမှာ တစ်ခုခုလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်။

အစ်ကိုလူ၊ မင်းမိဘတွေရဲ့ ဂူရှေ့မှာထားတဲ့ ဂရိတ်ဖရု အရွက်တွေကို ကောက်ယူပြီး မျက်လုံးပေါ်တင်လိုက်ပါ”

အစ်ကိုလူတို့ ညီအစ်ကိုနှစ်ယောက်က ခေါင်းညိတ်သဘောတူပြီး ညွှန်ကြားချက်အတိုင်း သူတို့မိဘတွေရဲ့ ဂူရှေ့မှာထားတဲ့ အရွက်တွေကို ကောက်ယူပြီး မျက်လုံးတွေကို အုပ်ထားလိုက်တယ်။

ထူးဆန်းစွာပဲ၊ သူတို့မျက်လုံးတွေ အုပ်ပြီး မကြာခင်မှာပဲ အစ်ကိုလူတို့ ညီအစ်ကိုနှစ်ယောက်ဟာ အရွက်တွေပေါ်မှာ အပေါက်သေးသေးလေးတွေ စပေါ်လာတာကို တဖြည်းဖြည်းသတိထားမိလာကြတယ်။

အဲဒီအပေါက်သေးသေးလေးတွေက ပိုးကောင်တွေ ကိုက်ထားသလိုမျိုးပါပဲ။ မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ အပေါက် သေးသေးလေးတွေက ကြီးလာပြီး နောက်ဆုံးမှာ ရှေ့မှာရှိတဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်းမြင်လာရတယ်။

လျှာဖြတ်ခံထားရတဲ့ အမေနဲ့ နိုးမလာတဲ့ အဖေတို့က သူတို့ရှေ့မှာရပ်နေခဲ့တယ်။

မိဘတွေ မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ တောင်းပန်မှုတွေ ရှိနေပြီး သူတို့ရဲ့ ကလေးတွေကို မျက်နှာ မမူရဲသလို ဖြစ်နေခဲ့တယ်။

သူတို့က သူတို့ရဲ့ အဝတ်အစား ထောင့်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မျက်လုံးတွေက အနည်းငယ် ရှောင်ဖယ်နေခဲ့တယ်။

“သားကြီး, သားငယ်..”

သူတို့မိဘတွေက နူးညံ့တဲ့အသံလေးနဲ့ ခေါ်လိုက်တယ်၊ ညီအစ်ကိုနှစ်ယောက်က တုန်လှုပ်သွားပြီး- “အဖေ၊ အမေ...”

သူတို့အဲဒီလို ခေါ်ပြီးတဲ့နောက်မှာတော့ ပုံရိပ်များစွာ ပေါ်လာခဲ့တယ်။

ဒီလူတွေထဲက အများစုက အစ်ကိုလူရဲ့ အစ်ကိုကြီး လင်းလောင်တောင်ပေါ်မှာ မြင်ခဲ့ရတဲ့ ဂူတူးသမားတွေပဲဖြစ်တယ်။ ဒီလူတွေဟာ သူတို့ မိခင်သေဆုံးပြီးနောက်မှာ အားလုံးနီးပါး သေဆုံးသွားကြတယ်။

ဒီလူတွေကိုကြည့်ရင်း အစ်ကိုလူတို့ ညီအစ်ကိုနှစ်ယောက်ဟာ တကယ်ကို ကြောက်နေခဲ့ကြတယ်။

ဒါတွေက သရဲတွေပါ။ သူတို့သေဆုံးပြီးတာ နှစ်ပေါင်းများစွာကြာနေပေမယ့် သူတို့ဟာ အမြဲတမ်း ရှိနေဆဲပါပဲ။

အစ်ကိုလူရဲ့ အစ်ကိုကြီးက ပြောစရာ ပျောက်ဆုံးနေခဲ့တယ်။ သူတို့ရဲ့ မိဘတွေကလည်း ကျန်းရီရဲ့ အရှိန်အဝါကို ခံစားမိတဲ့အခါ ပိုပြီး တွန့်ဆုတ်လာခဲ့ပြီး ပိုပြီးတော့ မသက်မသာ ခံစားလာကြတယ်။

“ဦး​လေးတို့ အသက်ရှင်နေတုန်းက လုပ်ခဲ့တာတွေကို အခုမှ နားလည်သွားတယ်မလား?။

“ကျွန်တော်တို့...ကျွန်တော်တို့...ဒါပေမယ့် ဒါကလည်း နှစ်ပေါင်းရာချီကြာအောင် လက်ဆင့်ကမ်းခဲ့တဲ့ ထုံးတမ်းစဉ်လာ တစ်ခုပါပဲ။

ဒီမိန်းကလေးနှစ်ယောက်ဟာ ဒီလောက်ထိ ကြမ်းတမ်းမယ်မှန်း ကျွန်တော်တို့မသိခဲ့ဘူး၊ သူတို့က သတ်ဖြတ်ခံခဲ့ရတာလည်း မသိခဲ့ဘူး။

မိသားစုက အဲ့ဒီတုန်းက ယွမ် ၂၀၀၀၀ ပေးခဲ့တယ်၊ ကျွန်တော်တို့ ခေါ်လာတဲ့ မိန်းကလေးနှစ်ယောက်က သဘာဝအလျောက် သေဆုံးသွားတဲ့ မိန်းကလေးတွေလို့ ထင်ခဲ့တာ မျှော်လင့်မထားတာက သူတို့က ငွေအတွက် အသတ်ခံရလိမ့်မယ်လို့ပေါ့!”

အစ်ကိုလူရဲ့ ဖခင်စကားပြောလို့ ပြီးတဲ့အခါ နားထောင်နေတဲ့ သူတွေ ချက်ချင်း တုန်လှုပ်သွားခဲ့ကြတယ်။

အလောင်းတွေကို ပြန်လည်ရောင်းချတဲ့ ရာဇဝတ်သားက ယွမ် ၂၀၀၀၀ အတွက် မိန်းကလေးငယ် နှစ်ယောက်ကို သတ်ဖြတ်ခဲ့တာလား?

“ဒါဆို ဘယ်တုန်းကသိခဲ့ရတာလဲ?”

“ကျွန်တော်တို့ သေပြီးမှသိခဲ့တာ။ အသက်ရှင်နေတုန်းက သားအတွက် လက်ထပ်ဖို့ကို အလောင်းရောင်းတဲ့ သူကို ရှာဖို့ စဉ်းစားခဲ့တယ်။ အကြီးဆုံးအစ်ကိုနဲ့ ဇနီးက ရုတ်တရက်သေဆုံးသွားတယ်။ ကျွန်တော်တို့ ဘယ်လို စိတ်သက်သာရာ ရနိုင်မှာလဲ? ဒါပေမယ့် သူတို့ကိုရှာတဲ့အခါ သူတို့က မရှိတော့ဘူး”

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက မင်းတို့နှစ်ယောက် ကျူးလွန်ခဲ့တဲ့ အပြစ်ပဲမဟုတ်လား?”

“ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့ အမှားပါ”

“အစ်ကိုလူ၊ မင်းအခု သူတို့ ဂူနှစ်လုံးဆီ သွားပြီး လက်နဲ့တူးဖော်လိုက်။ မှတ်ထားပါ၊ လက်နဲ့တူးဖော်မှ ရမှာ။ မင်း တူးပြီးသွားမှသာ သူတို့ထွက်လာလိမ့်မယ်”

အစ်ကိုလူရဲ့ အစ်ကိုကြီးက အဲ့ဒီအချိန်မှာ မေးလိုက်တယ်- “လက်နဲ့တူးဖို့ လိုအပ်လို့လား? ငါတို့ အခြားဟာ သုံးနိုင်...”

ကျန်းရီက သူတို့စကားမပြီးခင် ဖြတ်ပြောလိုက်တယ်- “မရဘူး၊ လက်နဲ့တူးဖို့ လိုအပ်တယ်။ လက်ကျိုးသွားရင် ဒါမှမဟုတ် သွေးထွက်သွားရင်တောင် ဒါက မင်းမိဘတွေရဲ့ အပြစ်အတွက် မင်းတို့ ပေးဆပ်နေရတာပဲ။

သူတို့နှစ်ယောက်လုံးမှာ ပြောစရာစကား မရှိတော့ပါဘူး။ ကျန်းရီပြောတဲ့အတိုင်း စလုပ်ခဲ့တယ်။

လူတစ်ယောက်က ဂူတစ်ခုစီရှေ့မှာ ရပ်ပြီး လက်နဲ့တူးခဲ့တယ်။ ကံကောင်းတာက အဲ့ဒီဂူတွေကို ပြန်မဆောက်ရသေးဘူး၊ ဘိလပ်မြေလည်း မသွန်းရသေးဘူး၊ ဒီလိုမှမဟုတ်ရင် သူတို့လက်တွေ ကျိုးသွားရင်တောင်မှ တစ်ပိုင်းတစ်စတောင် တူးလို့ရနိုင်မှာ မဟုတ်ဘူး။

ဂူကို နည်းနည်းချင်းစီ တူးဖော်နေပေမယ့် နတ်ဘုရားတွေက မပျော်ရွှင်သည့်ဟန်ဖြင့် အဲ့ဒီအချိန်မှာ မိုးကြိုးသံနှစ်ချက်တိတိ မြည်လာခဲ့ပြီး မိုးစတင် ရွာသွန်းလာခဲ့သည်။

မိုးရေအောက်မှာ အစ်ကိုလူတို့ ညီအစ်ကို နှစ်ယောက်ဝါ စိုရွှဲနေခဲ့တယ်။ သူတို့ နောက်မှာတော့ သေဆုံးသွားတဲ့ သူတွေ ရှိနေတယ်။

တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက လူတစ်ယောက်က မေးလိုက်တယ်- “စတွင်မာ အစ်ကိုလူတို့ နှစ်ယောက်ကို သူတို့မိဘတွေရဲ့ အပြစ်အတွက် ပေးဆပ်စေချင်တာလား? ဒါပေမယ့် ဖြစ်ပါ့မလား?”

ကြည့်ရှု့သူ A-“ဟုတ်တယ်၊ ဒီဖြစ်ရပ်က အလောင်းဝယ်ခြင်းကနေ စခဲ့တာ။ ဒါပေမယ့် သူတို့လည်း သေသွားခဲ့ပြီ။ ယုတ္တိရှိရှိပြောရရင် ဒီအပြစ်က ချေဖျက်သင့်ပြီလေ။ အဲ့ဒီ သရဲမ နှစ်ကောင်ရဲ့ အပြစ်ဒဏ်က ဘယ်တော့မှ ပြီးမှာလဲ?”

ကြည့်ရှု့သူ B-“စတွင်မာက သူတို့ကို ဒီလိုလုပ်စေတဲ့အတွက် ပိုနက်နဲတဲ့ အဓိပ္ပာယ်ရှိမှာပါ၊ ဟုတ်တယ်မလား?”

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ သူတို့ကြားက မကျေနပ်ချက်တွေက မိဘတွေရဲ့ ဝမ်းနည်းဖွယ် သေဆုံးသွားပြီး နောက်မှာ ဒါအားလုံးက ပြီးဆုံးသင့်တယ်။

ဘာကြောင့်သူတို့က ဒီလောက်ထိ ဇွတ်အတင်း ပြန်ပေါ်လာရတာလဲ? အခြေခံ အကြောင်းရင်းက အရင်က မကျေနပ်ချက်တွေက ပြီးသွားပြီး

အသစ်ဖြစ်တဲ့ အငြိုးတွေ ပေါ်လာလို့ပါ! နောက်ပြီး မင်းတို့ သေချာကြည့်လိုက်ရင် ဒီမှာထူးဆန်းတဲ့အရာတစ်ခုခု ရှိနေတယ်လို့ ထင်လား?”

“မိုးက အရမ်းရွာနေလို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး”

“မင်းတို့ အစက သေချာမမြင်ဖူးလောက်ဘူး၊ ဒါပေမယ့် ကျွန်တော်သတိထားမိတာက ဒီဂူကို ရွှေ့ထားတယ်ထင်တယ်။ အစ်ကိုလူ၊ ဒီနှစ်အစောပိုင်း ဒါမှမဟုတ် ဒီနှစ်အတွင်းမှာ ဒီဂူနှစ်လုံးကို ရွှေ့ဖို့ လိုတယ်လို့ ပြောတဲ့သူရှိလား? ဒီလိုပြောတဲ့သူကလည်း ရှောင်ဖူပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား?”

အစ်ကိုလူရဲ့ လှုပ်ရှားမှုက ရုတ်တရက် ရပ်သွားပြီး ခေါင်းကို ကြက်အစာကောက်သလို ညိတ်ပြခဲ့တယ်။

ကျန်းရီက သက်ပြင်းချလိုက်ပြီး ရေတွေ စပြည့်လာတဲ့ ရွှံ့တွင်းကိုကြည့်ကာ “အစ်ကိုလူ၊ မင်းနဲ့မင်းအစ်ကိုကြီးရဲ့ လက်တွေကို ရေထဲထည့်လိုက်။

သူတို့က မင်းတို့လက်တွေကို ဆုပ်ကိုင်ပြီး ထွက်လာချင်တယ်ဆိုရင် ဒီကိစ္စက အဆင်ပြေသွားမယ်။

သူတို့မထလိုဘူးဆိုရင်တော့ ဒီကိစ္စက နည်းနည်းခက်လိမ့်မယ်”လို့ပြောလိုက်တယ်။

ဒါကိုကြားပြီးနောက် အစ်ကိုလူတို့ ညီအစ်ကိုနှစ်ယောက်က အနည်းငယ်စိုးရိမ်ပြီး လက်တွေကိုဆန့်ထုတ်ကာ ရေတွင်းထဲကို နည်းနည်းချင်း ထည့်လိုက်တယ်။ မကြာခင်မှာပဲ ရေထဲကနေ ရုတ်တရက် လက်ကောက်ဝတ်တွေကို ဆုပ်ကိုင်လိုက်တဲ့ အေးစက်တဲ့လက်တစ်စုံကို သူတို့ခံစားမိလိုက်တယ်။

အထူးသဖြင့် အစ်ကိုလူပဲ၊ သူ့မျက်လုံးတွေက ချက်ချင်းပဲ ကျဥ်းမြောင်းသွားခဲ့တယ်။

“ဒီလက်ပဲ။ ဒါက ငါ့လက်ကို အဲ့ဒီညက ဆုပ်ကိုင်ထားတဲ့လက်ပဲ!”

All Chapters