မျော်လင့်ချက်ကြီးလေ ပိုဆုံးရှုံးရလေ
Vol. 21 Ch. 292
အစ်ကိုလူရဲ့ တုံ့ပြန်မှုကို မြင်လိုက်တဲ့အခါ ကျန်းရီအတွက်ကတော့ အံ့အားသင့်စရာ မရှိခဲ့ပါဘူး။
သူပြောတာက အခြားတစ်ဖက်ကလူ သဘောတူမှ ရမယ်လို့ ပြောခဲ့ပေမယ့် တကယ်တော့ သူကိုယ်တိုင် ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ဂူအတွင်းက လူက သူစိတ်ရှိသလို ပြုလုပ်ရန် ဝံ့ဝံ့ရဲမရှိတော့ပေ။
ဖြူဖတ်ဖြူရော် လက်နှစ်ဖက်သည် အစ်ကိုလူ၏ လက်ကောက်ဝတ်များကို ဆုပ်ကိုင်လိုက်ပြီး အားအနည်းငယ် စိုက်ထုတ်ကာ အနီနှင့်အစိမ်းရောင် စောင်များဖြင့် ပတ်ထားသော ခန္ဓာကိုယ်နှစ်ခုကို တွင်းထဲမှ ဆွဲထုတ်လိုက်သည်။
စောင်များဖြင့် ပတ်ထားသော ခန္ဓာကိုယ်နှစ်ခုကို ကြည့်ရင်း ကျန်းရီက "အစ်ကိုလူ စောင်ကို ဖယ်လိုက်ပါ" ဟု ပြောလိုက်သည်။
အနီနှင့် အစိမ်းရောင်စောင်များကို တစ်လွှာပြီး တစ်လွှာ ဖယ်ရှားလိုက်သောအခါ အသက်နှစ်ဆယ် မပြည့်သေးသည့် မိန်းကလေးနှစ်ဦး၏ မျက်နှာများသည် လူအားလုံး၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
မိန်းကလေးနှစ်ဦးသည် အလွန်လှပသည်ဟု မဆိုနိုင်သော်လည်း သပ်ရပ်နေပေသည်။
ဖြူဖြူဖွေးဖွေးမျက်နှာတွေနှင့် မျက်လုံးများတွင်လည်း မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေသည်။ အထူးသဖြင့် အစ်ကိုလူ၏ မိဘများကို မြင်သောအခါ မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်နေခဲ့သည်။
"ကလေးမတို့... ဦးလေးတို့ တကယ် တောင်းပန်ပါတယ် ။ အဲဒီလူစိတ်မရှိတဲ့ တိရစ္ဆာန်တွေက လူကိုသတ်ပြီး ရောင်းစားတယ် ဆိုတာသာ ငါတို့သိခဲ့ရင် ထိမ်းမြားတဲ့ကိစ္စကို ဘယ်တော့မှ လုပ်ခဲ့မှာ မဟုတ်ဘူး"
"ကလေးမတို့... ငါတို့အရွယ်ရောက်တဲ့ လူကြီးတွေကွယ်လွန်သွားပြီဆိုတာတောင် မင်းတို့နှစ်ယောက်က ဘာလို့ ဆက်ပြီးတော့..."
မိန်းကလေးနှစ်ဦးသည် ခေါင်းမော့ပြီး ကျန်းရီဘက်သို့ ကြည့်လိုက်သည်။ ကျန်းရီ၏ မျက်နှာတွင် ခံစားချက်၊ ဒေါသ၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုများ မတွေ့ရဘဲ သူက "ဒါကတော့ မင်းတို့ကိစ္စပဲ။ ငါ့ကို လုပ်ခိုင်းချင်လို့လား" ဟု အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ကိစ္စတွေက ကြာညောင်းနေပြီ။ အဆုံးသတ်ဖို့ကလည်း အချိန်တန်ပြီ။ ဒါက ငါတို့နှစ်ယောက်လုံးရဲ့ကံကြမ္မာပဲ၊ ဒီလိုကပ်ဘေးဒဏ်ကို ခံစားရမယ်လို့ ကံကြမ္မာက ပါလာပြီးသား၊ လွတ်အောင်လည်း လုပ်လို့မရဘူး။
ငါတို့ကိုယ်တိုင်တောင် ဒီလို လက်ထပ်တဲ့ ကိစ္စကို လက်ခံလိုက်ကြပြီ။ ဒါပေမယ့် အားလုံးကိုစွန့်လွှတ်ပစ်ပြီး ငရဲကို သွားပြီ လူပြန်ဖြစ်ဖို့အတွက် စောင့်ဖို့ပဲ ရှိတော့တယ်။
ဒါပေမယ့် မင်းတို့က နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဒီဂူနှစ်လုံးကို မှတ်မိရဲ့သားနဲ့ ဘာလို့ ငါတို့ရဲ့ဂူတွေကို တူးဖော်ဖို့ ခွင့်ပြုခဲ့ရတာလဲ"
"တူးဖော်တာကတော့ ရပါတယ်၊ ဒါပေမယ့် ဘာလို့ တူးပြီးတာနဲ့ ငါတို့ရဲ့အရိုးတွေကို ချေမွပစ်ရတာလဲ။ ပေါက်တူးနဲ့ ပေါက်လိုက်တဲ့အခါ ဦးခေါင်းခွံတွေအားလုံး ကွဲကြေသွားတယ်။
တောင်းပန်စကား တစ်ခွန်းတောင် မပြောဘဲရွှံ့နဲ့ ပြန်ဖုံးအုပ်ပြီး ဒါကိုဒီလိုပဲ ဆက်လက်လုပ်ဆောင်နေတာ မှန်တယ်လို့ထင်လား။ မင်းတို့ရဲ့မိသားစုရဲ့ လူကြီးတွေက ငါတို့ကို သရဲအဖြစ်နဲ့ လက်ထက်ပေးဖို့အတွက် ခေါ်ဆောင်လာခဲ့တယ်ဆိုတာ မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း သိကြတယ်၊ ငါတို့ရဲ့ မိသားစုဝင်တွေနဲ့လည်း မင်းတို့ ဘယ်တော့မှ မတွေ့ဆုံခဲ့ကြဘူး။
တကယ်တော့မင်းတို့ရဲ့ စိတ်ထဲမှာ ငါတို့ရဲ့ မူလအစကို သိကြတယ်"
"ဘာလို့ ငါတို့ရဲ့အရိုးတွေကို ထုတ်ယူပြီး ပြန်မြှုပ်နှံပေးဖို့ မင်းတို့ မစဉ်းစားခဲ့ ကြတာလဲ။ မင်းတို့အားလုံး ဒါကို ရှင်းရှင်းလင်းလင်း သိကြတယ်။ ဒါပေမယ့် မင်းတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် အသံတိတ်ဆိတ်နေခဲ့ကြတယ်။ ငါတို့အတွက် စကားတစ်ခွန်းတောင် မပြောပေးခဲ့ကြဘူး။ ဂူကိုတူးလိုက်တဲ့အခါ ငါတို့ရဲ့အရိုးတွေကို ပြန်မြှုပ်နှံပေးဖို့ ငါတို့ ဘယ်လောက် မျှော်လင့်နေကြတယ်ဆိုတာ မင်းတို့ သိလား?"
မိန်းကလေးတစ်ဦးက အေးစက်သော အသံဖြင့် ပြောခဲ့လိုက်သည်၊ အစ်ကိုလူနှင့် အစ်ကိုလူ၏အစ်ကိုကြီးတို့သည် ခေါင်းငုံ့ပြီးသာ နေခဲ့ကြသည်။
မိန်းကလေး ပြောသကဲ့သို့ပင်၊ တကယ်တော့ အစ်ကိုလူ၏မိသားစုဝင်များသည် အရာအားလုံးကို သိကြသည်၊ သို့သော် သူတို့သည် ဘာမှ မသိချင်ယောင် ဆောင်နေကြခြင်းသာဖြစ်သည်။ သရဲချင်း လက်ထက်ထိမ်းမြားခြင်းကို ထိုအချိန်က တင်းကျပ်စွာ တားမြစ်ထားသော်လည်း လူ့အသိုင်းအဝိုင်းတွင် လျှို့ဝှက်စွာ ကျင့်သုံးဆဲဖြစ်သည်။
သရဲခြင်း ထိမ်းမြားခြင်းသည် လူအရှင်များ ထိမ်းမြားခြင်းကဲ့သို့ပင်၊ နှစ်ဖက်စလုံးရှိ ဆွေမျိုးများသည် အတူရှိရမည်ဖြစ်သည်။
သို့သော် အစ်ကိုလူ၏မိသားစုတွင် မည်သူမျှ မရှိခဲ့ပါ၊ ဆိုလိုသည်မှာ ဤမိန်းကလေးနှစ်ဦး၏ အထောက်အထားများကို ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။
လူတွေသိရှိသွားပါက အစ်ကိုလူ၏ မိသားစုဝင်အားလုံးသည် တာဝန်ယူရမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
"ဒီနှစ်တွေထဲမှာ၊ မင်းတို့မိသားစုထဲက သေဆုံးသွားတဲ့ တစ်ဦးကသာ ငါတို့ကို ပြန်မြှုပ်ပေးချင်တဲ့သူ တစ်ဦးတည်းသောသူပဲ။
ဒါပေမယ့် ငါတို့မျှော်လင့်မထားတာက သူသေသွားခဲ့တယ်... သူသေသွားတဲ့အခါ ငါတို့ ပိုပြီးစိတ်ဓာတ်ကျသွားခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ အစက ငါတို့ကို တရားမျှတမှု ပေးပြီး၊ အနည်းဆုံးတော့ ငါတို့ကို မူလအစအနေအထားအတိုင်း ပြန်မြှုပ်ပေးမယ်လို့ ငါတို့ထင်ခဲ့တာ။
ဒါပေမယ့် ဒီနောက်ဆုံး မျှော်လင့်ချက်လည်း ကုန်ဆုံးသွားခဲ့ပြီ၊ ဒါဆို အားလုံးကို အတူတူ ဒီမှာပဲ မြှုပ်နှံလိုက်ကြတာပေါ့!"
မိန်းကလေးနှစ်ယောက် စကားပြောနေစဉ် သူတို့၏မျက်လုံးများ ကြောက်စရာ ကောင်းလာခဲ့သည်။
သူတို့၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျန်းရီက "အစ်ကိုလူ၊ မင်းစိတ်ထဲမှာ ဒါတွေကိုသိတယ်မလား" ဟု မေးလိုက်သည်။
အစ်ကိုလူက ဘာမှမပြောဘဲခေါင်းကို ခဲယဉ်းစွာနဲ့ ညိတ်ပြလိုက်သည်။ "ဒါဆို ဒီအရိုးတွေကို ခွဲထုတ်ဖို့ မင်းတွေးဖူးလား"
အစ်ကိုလူက ခေါင်းခါကာ"ငါ...ငါတို့က အားလုံးအတူတူ မြှုပ်နှံထားပြီးသားဆိုတော့။ ပြီးတော့ အချိန်က ဒီလောက်တောင် ကြာညောင်းနေခဲ့ပြီ၊ ငါတို့ကို မိသားစုတစ်ခုလို့ မှတ်ယူလို့ရပြီလို့ အမြဲတွေးခဲ့တာ။ ငါတကယ်ကို မမျှော်လင့်ခဲ့တာက သူတို့ရဲ့ ဒေါသတွေက ဒီလောက်ပြင်းထန်လိမ့်မယ် ဆိုတာပဲ!"
"သူတို့သာ ပြင်းထန်ခဲ့မယ်ဆိုရင် မင်းတို့ မိသားစုတစ်ခုလုံး အသက်ရှင်ဖို့ အခွင့်အရေးရှိမယ်လို့ မင်းထင်လား?"
ကျန်းရီ၏စကားများသည် အကြောင်းပြချက်ကို ဖော်ပြနေသည်ဟု ထင်ရနိုင်သည်။ မိန်းကလေးနှစ်ယောက်က မျက်လုံးများကို တိတ်တဆိတ်မှိတ်လိုက်ကာ ကျန်းရီထံ ဒူးထောက်လိုက်ကြသည်။
"ထပါ၊ မင်းတို့နှစ်ယောက် အခြား ဘာမှမလုပ်ခဲ့တာက ကောင်းတဲ့အရာပဲ။ မဟုတ်ဘဲ အစ်ကိုလူမိသားစုတစ်ခုလုံး တကယ် သေသွားခဲ့ရင် လူပြန်ဖြစ်ဖို့ မင်းတို့ စဉ်းစားလို့တောင် ရမှာမဟုတ်ဘူး"
အစ်ကိုလူ၏ မိသားစုဝင်များသည် အတ္တကြီးသည်ဟု ထင်ရသည်၊ သို့မဟုတ် ၎င်းတို့၏အတွေးအမြင်သည် ပုံသေဖြစ်နေသည်။ သို့သော် နောက်ဆုံးတွင် အစ်ကိုလူရဲ့ မိသားစု၏ ကျန်ရှိသော လူများက ဤအရာကိုဖြစ်စေသော တရားခံများ မဟုတ်သောကြောင့် သေဆုံးခြင်းမရှိခဲ့ပါ။
မိန်းကလေးနှစ်ဦးက ကျန်းရီကို ကြည့်ပြီး "ကျွန်မတို့က အစကနေ အဆုံးထိ ဘယ်တော့မှ သူတို့ကို သတ်ဖို့ စဉ်းစားခဲ့တာမဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့ကို မြေမြှုပ်ပေးချင်တဲ့သူ တစ်ဦးတည်းသော သူက သေသွားတာကို မြင်တဲ့အခါ စိတ်ပျက်စရာ အခြေအနေတွေက ငါတို့ကို ဒီလိုတွေလုပ်အောင် ဖြစ်စေခဲ့တာပါ " ဟု ခါးသက်စွာ ပြောပြခဲ့သည်။
"ငါနားလည်တယ်၊ ဒါဆို မင်းတို့က ပြာအိုးကိုပဲ ဆွဲချခဲ့တာ၊ ဒါပေမယ့် မင်းတို့ဟာ ဒါကို ခွဲပစ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးမလား?"
မိန်းကလေးနှစ်ယောက်က ခေါင်းညိတ်ကာ-"သူက ဂူရှေ့မှာ ငါတို့ကို တောင်းပန်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ။ ငါတို့ဟာ မကောင်းတဲ့ မိန်းကလေးတွေ မဟုတ်ကြပါဘူး။ တောင်းပန်စကား တစ်ခွန်းက ငါတို့ကို ကျေးဇူးတင်စေနိုင်ပါတယ်"
မိန်းကလေးနှစ်ယောက်က စကားပြောနေစဉ်မှာပဲ ငိုလာခဲ့သည်။ စကားပြောပြီးသည်နှင့် အစ်ကိုလူက မြေပြင်ပေါ်ဒူးထောက်ကာ သူတို့ကို ဦးချ တောင်းပန်လိုက်သည်။
"ကလေးမတို့... ဦးလေးလူက မင်းတို့ကို ခွင့်လွှတ်ဖို့ တောင်းဆိုတာမဟုတ်ပါဘူး၊ တောင်းပန်ပါတယ် လို့ပဲ ပြောချင်တာပါ!"
အစ်ကိုလူသည် ဤတစ်ခဏအတွင်းတွင် အရာရာကို နားလည် သဘောပေါက်သွားခဲ့သည်၊ ထို့ကြောင့် ထို မိန်းကလေးနှစ်ဦးထံ ဒူးထောက်ကာ အမှားဝန်ခံလိုက်သည်။
အစ်ကိုလူရဲ့ အစ်ကိုကြီးကလည်း နောက်ကလိုက်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏မိဘများပင် ဒူးထောက်လိုက်ကြသည်။
ဒါဟာ သူတို့၏မိသားစု အမှားဖြစ်ပြီး အမှားကို ဝန်ခံရန် လိုအပ်သည်။ အလောင်း၏ မူလဇစ်မြစ်က တစ်ခုခုမှားယွင်းနေကြောင်းကို သိရှိသော်လည်း ဆက်လက်ပြီးတော့ ထိမ်းမြားပေးခဲ့တာဖြစ်သည်။
မိန်းကလေးတို့သည် အချင်းချင်း ကြည့်လိုက်ပြီး ကျန်းရီထံသို့ "ဆရာ၊ ကျွန်မတို့ကို ငရဲကို ခေါ်ဆောင်သွားပေးလို့ ရနိုင်မလား။ ကျွန်မတို့ဟာ လောကမှာ အပြစ်ကျူးလွန်ခဲ့မိတယ်၊ ငရဲကို မသွားရဲတော့ဘူး။ မဟုတ်ရင် ကျွန်မတို့အတွက် ခက်ခဲလိမ့်မယ်။
ကျွန်မတို့ လူပြန်ဖြစ်ဖို့ ခက်ခဲလိမ့်မယ်" ဟု ပြောလိုက်သည်။
"ငါခေါ်သွားပေးရင်တောင်မှ မင်းတို့ကို အပြစ်ပေးဦးမှာပဲ။ မင်းတို့ရဲ့ကိစ္စအားလုံးက မှတ်တမ်းတင်ထားပြီးသားဖြစ်နေတယ်၊ ဒါပေမယ့် ငါမင်းတို့ကို အခြားနေရာကို ခေါ်ဆောင်သွားပေးမယ်။ မင်းတို့အပေါ်မှာ အမှတ်အသားပြုထားတယ်၊ မင်းတို့ရဲ့ ခံစားချက်အတိုင်း သွားလိုက်ရုံပဲ"
မိန်းကလေးတို့သည် ဝမ်းသာပြီး ကျန်းရီကို ကျေးဇူးတင် ဦးညွှတ်လိုက်သည်။
ကျန်းရီက မပို့မှီ တစ်ခုခုကို သတိရလိုက်ပြီး "ရှောင်ဖူက သင်တို့ကို ထုတ်ယူပြီးတော့ ပြန်မြှုပ်နှံလိုသူပဲ ဖြစ်တယ်။ သူရဲ့ သေဆုံးမှုက အလွန်ထူးဆန်းတယ်။ သူက ရေနစ်ပြီး သေဆုံးသွားတာ။ ဒါပေမယ့် လက်နှစ်ဖက်က သူ့လည်ပင်းကို ညှစ်နေတယ်၊ ဒီကိစ္စက မင်းတို့နဲ့ ဆိုင်လား" ဟု မေးလိုက်သည်။
မိန်းကလေးနှစ်ဦးက ဒါကို ကြားသောအခါ အံ့အားသင့်သောမျက်နှာဖြင့် ခေါင်းကို ဆက်တိုက်ခါလိုက်ကာ- "ဆရာ၊ ကျွန်မတို့ဟာ ကျေးဇူးတင်စရာ ကောင်းတဲ့သူကို ကျေးဇူးတောင် မတင်ရသေးပါဘူး၊ ဘယ်လိုလုပ် ထိခိုက်အောင်လုပ်ရမှာလဲ!"
"သိပြီ၊ သွားလို့ရပါပြီ"