← Chapters

ညသန်းခေါင် ကျောင်းအိမ်သာထဲတွင်

Vol. 21 Ch. 294

ညသန်းခေါင် ကျောင်းအိမ်သာထဲတွင်

Vol. 21 Ch. 294

"သူပြောပြီးမကြာခင်မှာပဲ ကျွန်မ တစ်ခုခုကို စဉ်းစားမိလိုက်တယ်။

ကျွန်မကျောင်းမှာ တစ်နှစ်ပဲ အလုပ်လုပ်ခဲ့ရသေးပေမယ့် ထန်းလိုင် ဆိုတဲ့ နာမည်ကိုတော့ အမြဲကြားနေရတယ်။

ဒီလူက လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း တိုင်ဝမ် မြို့လေးမှာ အတော်ဆုံးလို့ ဆိုနိုင်တယ်။

သူက လူချမ်းသာတစ်ယောက်ဖြစ်ပြီး အဖြူရော အမည်းရောနှစ်ဖက်စလုံးနဲ့ ပတ်သက်နေတဲ့သူပဲ။

ဒါပေမယ့် နောက်ပိုင်းမှာ သူက အရမ်းကို သောင်းကျန်းလွန်းတာကြောင့် သူ့မိသားစုထဲက လူ ၁၀ ယောက်ကျော်လောက်ထိကို သေဒဏ်ချမှတ်ခံခဲ့ရတယ်'

"ကျွန်မသူ့ကိုနာမည်က ထန်းလိုင် လားလို့မေးတော့ ယာဉ်မောင်းက ဟုတ်တယ်၊ ထန်းလိုင် ပဲလို့ပြောခဲ့တယ်။

သူကပြောသေးတယ် အဲ့ခေတ်တုန်းက ထန်းလိုင် က တကယ်ကို ကြီးကျယ်ခဲ့တယ်တဲ့။

သူက ၁၉၉၀ ပြည့်နှစ်တွေကတည်းက Mercedes-Benz ကားနဲ့ သွားလာခဲ့တယ်။

သူ့မိသားစုမှာ ညီအစ်ကိုငါးယောက်နဲ့ ဝမ်းကွဲ တော်တော်များများ ရှိခဲ့တယ်၊ အားလုံးကလည်း ဒီလိုအဆင့် ကားတွေပဲ စီးကြတယ်၊ ဒီခေတ်အထိတောင်မှ ချမ်းသာတယ်လို့ ပြောလို့ရတယ်။ အဲ့ခေတ်မှာဆို ပြောမနေနဲ့တော့။

အခုခေတ်မှာဆို မိသားစုကြီးတစ်စုရဲ့ ညီအစ်ကိုတစ်ယောက်စီမှာ တစ်သန်းကျော် တန်တဲ့ကားတွေ မောင်းနေရင်တောင်မှ ချမ်းသာတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် တိုင်ဝမ်မြို့နယ် ရဲ့ အထက်က ခရိုင်ကလည်း ဆင်းရဲတဲ့ခရိုင်ပဲ'"

"ဒါပေမယ့် အဲ့ဒီတုန်းက ထန်းလိုင် အကြောင်း ပြောတဲ့အခါတုန်းက ကျွန်မက ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်နေမိခဲ့တာ။

ယာဉ်မောင်းက ကျွန်မကို ကျောင်းတံခါးဝမှာ ချပေးပြီး သူ့အိမ်ကို ပြန်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့အိမ်ကလည်း တိုင်ဝမ်မြို့နယ်မှာပဲ ရှိတယ်။

နောက်ပိုင်းမေးကြည့်တော့ ပိုပြီးတော့တောင် တိုက်ဆိုင်နေတာက သူ့သမီးက ကျွန်မရဲ့အတန်းထဲမှာ ကျောင်းသူတစ်ယောက် ဖြစ်နေတာပဲ။

သူတို့က ကျွန်မကို အရမ်းယဉ်ကျေးပြီး ဂရုစိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ကျောင်းက ကျောင်းသားတွေက များသောအားဖြင့် တစ်တန်းကနေ ခြောက်တန်းအထိပဲရှိတယ်။

အဆုံးမှာတော့ ကျွန်မရဲ့ ခရီးစရိတ်ကိုတောင် မယူချင်ကြတော့ဘူး။ ကျွန်မက အတင်းပေးတော့မှပဲ သူတို့က လက်ခံခဲ့တယ်"

"ဒါက ဇာတ်လမ်းတို လေးတစ်ခုပါပဲ၊ ဒါပေမယ့် အဲဒီညမှာပဲ ကျွန်မတို့ကျောင်းက အရင်က ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ မြေကွက်ဟောင်း ဖြစ်တယ်ဆိုတာကိုလည်း သိလိုက်ရတယ်။

ကျွန်မက ထန်းလိုင် ဆိုတဲ့ သူရဲ့ အကြောင်းကိုတောင် အရမ်းစိတ်ဝင်စားမိသွားတယ်။

လူတိုင်းလည်း စိတ်ဝင်စားကြမယ်လို့ ထင်တယ်၊ ဒါကြောင့် အင်တာနက်ဖွင့်ပြီး အဲ့ဒီလူရဲ့ နာမည်နဲ့ အရင်က လုပ်ခဲ့တဲ့ အရာတွေကို ရှာဖတ်ကြည့်တော့ ဒီလူက တခြားနေရာတွေမှာ လူ့အသက်ကိုတောင် အလေးမထားတဲ့ အလုပ်တွေ လုပ်ခဲ့တာကို သိလိုက်ရတယ်။

မကောင်းမှုတွေ ကျူးလွန်ပြီး သူ့မိသားစုတွေလည်း သေဒဏ်ချမှတ်ခံခဲ့ရပြီး လူတိုင်းရဲ့ လက်ထဲမှာ အသက်တွေ အများကြီး ရှိနေခဲ့တယ်"

"အထူးသဖြင့် ဆောင်းပါးတချို့မှာ သူတို့လုပ်ခဲ့တာတွေကို အသေးစိတ် ဖော်ပြထားတဲ့အခါ ကျွန်မတကယ်ပဲ ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်စိမ့်တောင် ဖြစ်သွားခဲ့တယ်။

ဘာလို့လဲဆိုတော့ သူတို့က လူသတ်တယ်၊ သူတို့အကြိုက်ဆုံးက လူတွေကို ညှဉ်းပန်းနှိပ်စက်ရတာပဲ။

သတင်းဆောင်းပါးတွေမှာပြောထားသလိုပဲ ထန်းလိုင် အစောပိုင်း သတ်ခဲ့တဲ့ လူတွေထဲမှာ မိန်းကလေးတစ်ယောက်ပါတယ်။

သူက ဦးစွာမိန်းကလေးကိုအပ်တွေနဲ့ ခန္ဓာကိုယ်အနှံ့ထိုးပြီး နောက်ပိုင်းမှာ ဓားနဲ့ဦးခေါင်းကို ဖြတ်ပြီး ထန်းလိုင် ငယ်ငယ်တုန်းက အလုပ်လုပ်ပေးတဲ့သူဌေးကို ပေးလိုက်တယ်။

ဘာလို့လဲဆိုတော့ အဲဒီမိန်းကလေးက သူဌေးကြီး ရန်သူရဲ့သမီးဖြစ်နေလို့ပဲ"

"ဒီလိုအရာမျိုးတွေ ဖတ်လိုက်ရတဲ့အခါ ကျွန်မတစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။

ဒီကမ္ဘာပေါ်မှာ ဒီလောက်ရက်စက်တဲ့ သူတွေ ရှိလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ ဒါပေမယ့် ဘာကြောင့်မသိ ကျွန်မ သတင်းတွေ တစ်ခုပြီးတစ်ခု ဖတ်နေမိခဲ့တယ်၊ ကျွန်မတို့မြို့ရဲ့ ဖိုရမ် တစ်ခုမှာတောင် ထန်းလိုင် အရင်က လုပ်ခဲ့တဲ့ အရာတချို့ကို ထုတ်ဖော် ပြောဆိုနေကြတာကို တွေ့လိုက်ရတယ်။

သူတို့ညီအစ်ကိုတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ သူတွေထဲမှာ ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး အားလုံးပါခဲ့တယ်။

လူတိုင်းရဲ့အဆုံးသတ်က သနားစရာ ကောင်းခဲ့တယ်"

"ကျွန်မသတင်းတွေအားလုံးဖတ်ပြီးသွားတော့ ကျွန်မ အရမ်းကြောက်ခဲ့တယ်၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ထန်းလိုင် နဲ့ သူ့မိသားစုတွေက ဒီမှာ ရှိနေသေးတယ်လို့ ခံစားမိလိုက်တယ်"

"လူတွေက ကောက်ကျစ်စဉ်းလဲပြီး ဆိုးယုတ်တဲ့ သူတွေကို မကောင်းဆိုးဝါးဆန်ဆန် သရုပ်ဖော်တာကို ကြိုက်ကြတယ်။

ဥပမာအဲဒီ ဖိုရမ်တွေပေါ်က ဒေသခံတွေ ပြောတာက ထန်းလိုင် သေပြီးနောက် လုံးဝ ပြန်လည်မွေးဖွားခြင်းမရှိဘဲ ဒီကမ္ဘာပေါ်မှာပဲ ကျန်ရစ်ပြီး တခြားသူတွေကို ဒုက္ခပေးနေတယ်တဲ့။

လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ထန်းလိုင် ရဲ့ ညီအစ်ကိုတွေဟာ လူများစွာကို သတ်ဖြတ်ခဲ့တယ်၊ ပါဝင်တာတွေကတော့ ၁၅ နှစ်လောက်က မတော်တဆ ၃၁၇ခု ၁၂လောက်က တိုင်ဝမ် မိသားစု သတ်​ဖြတ်မှု နဲ့ ၈ နှစ်လောက်က ဘတ်စ်ကား ဖြစ်ရပ်၊ အဲဒါတွေကို ထန်းလိုင် ရဲ့မိသားစုက သတ်ဖြတ်ခဲ့တာ။

နောက်ပိုင်းမှာ အဲ့ဒီဒုက္ခဆင်းရဲတွေကြောင့် ကြမ်းတမ်းတဲ့သရဲအဖြစ် ပြောင်းသွားခဲ့တယ်"

"ဆရာမ နင် ၊ အဲဒီညက ဆရာမဘာတွေဖြစ်ခဲ့တာလဲ?" ကျန်းရီက မေးလိုက်တယ်

ဆရာမ နင် က အသက်ပြင်းပြင်းရှုပြီး ပြောခဲ့တယ်- "ကျွန်မအဲဒီညက ကျောင်းကိုအမြန်ပြန်လာခဲ့တယ်၊ နောက်နေ့ မနက်ကျောင်းခေါင်းဆောင်တွေ ထပ်လာစစ်မှာကိုလည်း ကြောက်နေမိတယ်။

ကျောင်းမှာ နေတာက ကျွန်မက အရင်ပြောခဲ့တာကြောင့်၊ ကျွန်မမရှိရင် သူတို့သိပ်ဒေါသထွက်ကြတယ်၊ တက္ကစီ စီးချိန်နဲ့ သတင်းကြည့်ချိန်က နာရီအတော် ကြာနေပြီဖြစ်လို့ ကျွန်မငိုက်နေသင့်ပေမယ့် ထန်းလိုင် နဲ့သူ့ညီအစ်ကိုတွေအကြောင်း ဖတ်လိုက်မိလို့လားမသိ။

ကျွန်မ အရမ်းကြောက်လန့်သွားပြီး ဘယ်လိုမှအိပ်မပျော်ခဲ့ဘူး "

"ဒါပေမယ့် စတွင်မာ ကျွန်မက မိန်းကလေးဖြစ်ပေမယ့် သိပ်မပျော့ညံ့ဘူး။

ဘာလို့လဲဆိုတော့ ကျွန်မမိဘတွေက ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့သူ ဖြစ်အောင် သင်ပေးပြီး ငယ်ငယ်ကတည်းက ကျွန်မကိုအရမ်းတင်းကြပ်ခဲ့လို့ပါ။

ကျွန်မ ငယ်ငယ်ကတည်းက ကိုယ်တိုင် ထမင်းချက်ပြီး အဝတ်ကိုလည်း ကိုယ်တိုင် လျှော်ဖွတ်တတ်တယ်။

အများအားဖြင့် မိဘတွေ အလုပ်များနေလို့ ကျွန်မတစ်ယောက်တည်း အိမ်မှာအိပ်ရတယ်၊ ဘယ်လောက်ညနက်နေနေပေါ့။

နောက်ပိုင်းကျောင်းတက်ဖို့ အပြင်ကို ရောက်တော့လည်း ကျွန်မ တစ်ယောက်တည်းပဲ။

ဒါပေမယ့် အဲဒီညကတော့ ကျွန်မ တကယ်ကိုကြောက်နေခဲ့တယ်။

ဘာလို့လဲဆိုတော့ ကျောင်းထဲမှာ အခန်းတွေ အများကြီးရှိတယ်။ မီးတွေလည်း မဖွင့်ထားဘူး။

လူတွေ အမြဲပြောကြတယ် ကျောင်းတွေလို နေရာမျိုးက ဆေးရုံတွေလိုမျိုး ဒါမျိုးတွေ ဖြစ်လေ့ရှိတယ်တဲ့၊ ဒါကြောင့် ကျွန်မစိတ်ထဲမှာ အဲဒီလူတွေပြောသလိုမျိုး ထန်းလိုင် မိသားစုက တကယ်ပဲ ဒီကမ္ဘာပေါ်မှာရှိနေသေးတာလားလို့ တွေးမိခဲ့တယ်။ အဓိက အချက်ပ ဖတ်ပြီး မကြာခင်မှာပဲ ကျွန်မ အိမ်သာသွားချင်လာခဲ့တယ်”

"ကျောင်းရဲ့ အိမ်သာက ကျောင်းရှေ့ကို ပတ်သွားရမယ်။ ညက ၂ နာရီလောက်ဆိုတာကို ကျွန်မရှင်းရှင်းလင်းလင်း သိနေတယ်။

အရင်တုန်းကဆို ကျွန်မမကြောက်ဘူး။ ဖုန်းဓာတ်မီးနဲ့ မီးထိုးပြီး သွားလိုက်တယ်၊ ပြီးရင် အေးအေးဆေးဆေးပဲ ပြန်လာတယ်။

မိုးရွာတဲ့ နေ့တွေမှာတောင် ကျွန်မ သွားချင်ရင် သွားလိုက်တယ်။ ဒါပေမယ့်အဲဒီညမှာတော့ ကျွန်မအမြဲစိုးရိမ်နေမိပြီး မနက်အထိ ​တောင့်ခံထားဖို့ စဉ်းစားနေမိခဲ့တယ်။

ပြန်ရောက်တော့ တကယ်ကို မခံနိုင်တော့ဘူး"

"ကျွန်မအချိန်ကို ကြည့်လိုက်တယ်၊ အံကို ကြိတ်လိုက်ပြီး ညအိပ် ဝတ်စုံကို ဝတ်လိုက်တယ်။

အဲ့ဒီအချိန်က ကျွန်မရဲ့ အိပ်ခန်းကလွဲရင် စာသင်ခန်းတွေနဲ့ အိပ်ခန်းတွေအားလုံးက မှောင်နေခဲ့တယ်။

အရင်တုန်းကဆို ကျောင်းကို သူခိုး ရောက်လာရင်တောင် ကိုယ့်ဘာသာကိုယ် ခွန်အားအပြည့်နဲ့ ဖမ်းမယ်လို့တောင် မှန်းကြည့်ဖူးတယ်။

ဒါပေမယ့် အဲဒီညကတော့ ကျွန်မခေါင်းငုံ့ပြီး ဘယ်နေရာမှမကြည့်ဘဲ မြန်မြန်ဆန်ဆန် လျှောက်သွားခဲ့တယ်။

ကျွန်မတကယ်ကို မြန်မြန်သွားပြီး အမြန်ဆုံးပြန်လာချင်တာ"

"နောက်ဆုံး ကျောင်းအိမ်သာကို ရောက်သွားခဲ့တယ်။ ကျောင်းက အိမ်သာတွေက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မပြောစရာမလိုဘူး။ အစ်ကိုတို့လည်း သိမှာပါ။

ကျွန်မက မိန်းကလေးဖြစ်တော့ ယောက်ျားလေးတွေလို အဆင်ပြေအောင် မလုပ်နိုင်ဘူး၊ ဒါပေမယ့် ကျွန်မထိုင်လိုက်တာနဲ့ ဘေးကအိမ်သာထဲမှာ တစ်ယောက်ယောက် ရှိနေသလိုမျိုး ခံစားလိုက်ရတယ်။

ကျွန်မ ရှင်းရှင်းလင်းလင်းတော့ မပြောနိုင်ဘူး။ ကျွန်မရဲ့ မသိစိတ်က ဘေးက တစ်ယောက်ယောက်ကို သွားမနှောင့်ယှက်ဖို့ အကြံပေးနေခဲ့တယ်။

မဟုတ်ရင် နှောင့်ယှက်မိတဲ့ အကျိုးဆက်က ကျွန်မ ရင်ဆိုင်ရဲမှာ မဟုတ်ဘူး"

"ဒါဆို မင်းရဲ့စူးစမ်းလိုစိတ်ကို ချုပ်တည်းထားလိုက်နိုင်လား" ကျန်းရီက မေးလိုက်တယ်။

ဒါပေမယ့် ဆရာမနင်း ရဲ့အသက်ရှုသံတွေ မြန်လာပြီး ပြောခဲ့တယ်- "ကျွန်မအရမ်းကို စူးစမ်းချင်လာခဲ့တယ်။ ကျွန်မရဲ့ ဆင်ခြင်တုံတရားက မကြည့်ဖို့ ပြောနေပေမယ့် ကျွန်မမနေနိုင်ခဲ့ဘူး။ ကျွန်မဘောင်းဘီကို ဆွဲတင်ပြီး ခေါင်းကို ဘေးဘက်ကို ဖြေးဖြေးချင်း စိုက်ကြည့်လိုက်တယ်”

"အဲ့ဒီအချိန်မှာ ရုတ်တရက် အိမ်သာထဲကနေ အသံ ထွက်လာခဲ့တယ်!"

"တစ်ယောက်ယောက်က ချောင်းဆိုးလိုက်တဲ့ အသံ!"

All Chapters