ကစ်(စ်) လိုချင်တယ်
Vol. 136 Ch. 2026
ယွင်ရှုနှင့် ပျူငှာယဉ်ကျေးသည့် လောကဝတ်စကား တချို့ ပြောဆိုပြီးသည့်နောက်တွင် အုပ်စုသည် ဖူရုံရှန်းထဲက ထွက်လာခဲ့ကြပြီး ရန်စီ၏ အိမ်သို့ ရောက်ရှိလာကြသည်။
စတုရန်းမီတာ ၂၀၀ ကျော်သည့် ကြီးမားသည့် တိုက်ခန်းကြီးကို မြင်တော့ ချန်ထန်နှင့် ကျိုးရှင်းယွီတို့ အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။ လင်းရှီ ပင်လယ်ကွေ့၏ မြေဈေးကွက်တန်ဖိုးကို ခန့်မှန်း တွက်ချက်ကြည့်မည်ဆိုပါက ဤကဲ့သို့ ကြီးမားလှသည့် တိုက်ခန်းကြီးမှာ အနည်းဆုံး ယွမ် သန်း ၄၀ ပင်။ ချေးငွေဖြင့် ဝယ်ယူမည်ဆိုလျှင်ပင် တစ်လ တစ်လ၊ ပေးဆောင်ရမည့် ငွေပမာဏက ယွမ် သိန်းဂဏန်းဖြစ်၏။ လူတော်တော်များက ထိုသို့ ပြုလုပ်နိုင်ရန် မစွမ်းဆောင်နိုင်သဖြင့် ငှားရမ်းထားသည့် တိုက်ခန်းဟုသာ မှတ်ယူလိုက်ကြသည်။
ရန်စီ၏ အိမ်သို့ ရောက်ပြီးသည့်နောက် လင်းရီ လောကဝတ်စကားတချို့ ပြောဆိုပြီး ထွက်ခွာလာခဲ့လိုက်သည်။ ရန်စီလည်း သူ့ကို ဓာတ်လှေကားဝအထိ လိုက်ပို့ပေး၏။
“ အန်တီက ဒီမှာ နောက်ရက်နည်းနည်းလောက် နေဦးမှာဆိုတော့ နင့်ကို အဖော်မလုပ်ပေးနိုင်သေးဘူး … ဒါပေမယ့် မပူနဲ့ … နောင်ကျရင် ဒီအကြွေးကို ပြန်ဆပ်ပေးမယ်…”
ထို့သို့ပြောဆိုပြီးနောက် ရန်စီက လင်းရီ၏ ပါးထက်သို့ အနမ်းပေးလာသည်။
လင်းရီလည်း လက်ဆော့ခြေဆော့ဖြင့် ရန်စီ၏ တင်ပါးကို ညင်သာစွာ ဖျစ်ညှစ်၍ တစ်ချက် အသာရိုက်လိုက်သည်။ ရလဒ်အနေဖြင့် ရန်စီ၏ စိတ်ဆိုးမာန်ဆိုးဖြင့် ညင်သာစွာ ထုနှက်ခြင်းကို ခံလိုက်ရ၏။
ရယ်မောရင်း ထွက်ခွာလာခဲ့ပြီးနောက်တွင် လင်းရီ အခြား မည်သည့်နေရာသို့မျှ အလေလိုက်ရန် မစဉ်းစားတော့ဘဲ ဝမ်ရင်းထံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် တွေ့ဖြစ်သည့် အချိန်က အတော်နည်းသောကြောင့် ဖြစ်၏။ သို့သော် ခေတ္တ စဉ်းစားပြီးသည့်နောက် လီချူးဟန်အပေါ် သူ ပေးမိသည့် အချိန်က အနည်းဆုံး ဖြစ်နေသည်ဟု အတွေးတစ်ခုက ခေါင်းထဲ ဝင်လာပြန်သည်။ လင်းရီ မပြောတတ်။ သူ့စိတ်က လီချူးဟန်ထံသို့ ပိုပြီး ယိမ်းယိုင်မိသည်လည်း ဖြစ်နေနိုင်သည်။ သို့နှင့် ကားကို လမ်းကြောင်းပြောင်းကာ လီချူးဟန်ရှိသည့် နေရာသို့ ထွက်လာခဲ့လိုက်သည်။
“ အစ်ကိုရီ … ရှင်ပြန်လာပြီပဲ …”
လင်းရီ တံခါးဖွင့်လိုက်သည့် အချိန်၌ အိမ်ထဲတွင် ချောင်ရှင်းလည်း ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
“ မင်း ညအိပ်ဝတ်စုံက တိုလိုက်တာ … တင်ပါးတောင် ပေါ်တော့မယ်… လုံလုံခြုံခြုံဝတ်စမ်း ကလေးမ …”
“ ဟင့်အင်း … ငယ်တုန်းမို့ ဝတ်ရတာ … အသက်ကြီးလာရင် ဒီလိုမျိုးတွေ ဝတ်ဖို့ သင့်တော်မှာ မဟုတ်တော့ဘူးလေ…”
လင်းရီ သတိပေးလိုက်သော်လည်းပဲ ချောင်ရှင်း၏ အရှက်မဲ့သည့် ခွန်းတုံ့ပြန်စကားကိုသာ လက်ခံရရှိလိုက်သည်။
ထိုအချိန်မှာပဲ လီချူးဟန်က အနားသို့ ရောက်လာကာ အိမ်တွင်းစီး ညှပ်ဖိနပ်တစ်ရံကို ချပေးလာသည်။
“ ဒီနေ့ အလုပ် ဘယ်လိုလဲ … အနာ ပြန်ပွင့်သွားသေးလား …”
“ ရုံးစားပွဲမှာ ထိုင်တာပဲ များပါတယ်ကွာ … မင်းထင်သလောက်လည်း ပင်ပန်းမနေပါဘူး … စိတ်မပူနဲ့ …” ပြောပြီးနောက် လင်းရီ ရင်ဘက်ကို လက်သီးဖြင့် ပုတ်လိုက်ကာ “ ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်အခြေအနေရယ် .. မင်းပေးတဲ့ ဆေးတွေနဲ့ဆို အပြည့်အဝ သက်သာလုနီးနီးတောင် ဖြစ်နေပြီ …”
“ အဲ့လိုဆိုရင်တောင် နင် ပိုပြီး အနားယူဖို့ လိုတယ်… ပြင်းထန်တဲ့ အလုပ်တွေ လုပ်တာက နင့်အနာကို ပြန်ပွင့်ဖို့ ပိုပြီး လွယ်ကူစေတယ်…”
“ ကောင်းပြီ .. မင်းပြောတာ နားထောင်မယ်…”
လီချူးဟန် ညင်သာစွာ ပြုံးလိုက်သည်။ “ ရှင်းရှင်း … နင့်အစ်ကိုရီကို ကူပြီး ပတ်တီးလဲပေးလိုက် … ငါ သူ့ဖို့ ညစာသွားပြင်လိုက်ဦးမယ်…”
“ မလိုဘူး … ငါအပြင်မှာ စားခဲ့ပြီ …” လင်းရီ ငြင်းဆန်လိုက်သည်။
“ ဒါဆို ငါနင့်ကို ဆေးထည့်ပေးမယ်…. အနာက မှန်မှန် ပိုးသတ်ပေးဖို့ လိုတယ်…”
“ တော် တော် တော်… မင်းတို့ ငါ့ကို ပိုးမွေးသလို လုပ်မနေကြနဲ့ … ငါ့ဘာငါ လုပ်လိုက်မယ်…”
သို့သော်လည်း မိန်းကလေးနှစ်ယောက်ကတော့ သူ့စကားကို နားထဲ ဝင်ဟန်မပေါ်ပေ။ လီချူးဟန်သည် ဆေးသတ္တာကို ယူလာ၍ သူ၏ အနာကို ဆေးထည့်ပေးသည်။ ဆယ်မိနစ်အတွင်းမှာပဲ ပတ်တီးလဲသည့် လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားခဲ့လေသည်။
ထိုအချိန်အတောအတွင်း ချောင်ရှင်းက တွေးပေးတတ်စွာဖြင့် အသီးခွဲခဲ့ပေးပြီး အင်မတန် သက်တောင့်သက်သာ ဖြစ်သည့် လေထုကို ပြုလုပ်ပေးနေသည်။
“ အစ်ကိုရီ … အခုတလော ရဲစခန်းမှာ ထူးဆန်းတဲ့ အမှုတွေ မရှိဘူးလား … ညီမကို ပြောပြ …”
“ အမှုကြီးကြီးမားတော့ မရှိသေးဘူး… ဒါပေမယ့် နည်းနည်း ရှုပ်ထွေးတဲ့ အမွေကိစ္စ တစ်ခုတော့ ရှိတယ်…”
“ အမွေကိစ္စတွေက စိတ်ဝင်စားဖို့ မကောင်းဘူး …” ချောင်ရှင်း မှတ်ချက် ပေးလိုက်ပြီး “ အိမ်တွင်းသတ်သေတဲ့ အမှုတွေကမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်…”
“ ရှင်းရှင်း … မင်း အဲ့လို မပြောနဲ့ … ဒီလို အရာမျိုးတွေဆိုတာ နောင်ပြောင်လို့ ကောင်းတဲ့ အရာတွေ မဟုတ်ဘူး …”
“ ဟုတ် … အစ်ကိုရီ … “ ချောင်ရှင်းမှ ဆိုးသွမ်းသည့် အပြုံးတစ်ခုဖြင့် ပြန်တုံ့ပြန်လာခဲ့၏။
လင်းရီ၏ အနာကို ဆေးထည့်ပြီးနောက်တွင် သုံးဦးလုံး ဆိုဖာပေါ်တွင် ထိုင်၍ တီဗွီကြည့်ရင်း ထွေရာလေးပါး ပြောဆိုနေကြကာ ရှားပါးသည့် အခိုက်အတန့်အား ခံစားနေကြ၏။
ကလင် ကလင် ကလင် ..
ည ဆယ်နာရီဝန်းကျင်ခန့်တွင် လီရှန်းဟွေ့ထံက ဖုန်းဝင်လာခဲ့ပြီး သူ၏ လေသံက အနည်းငယ် ကပျာကယာ နိုင်နေသည်။
“ မင်း အခု ဘယ်မှာလဲ …”
“ အိမ်မှာ … ဘာလို့လဲ …”
“ ချီးပဲ … မင်းမေ့နေတယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး .. ဖြိုခွင်းမယ့် စစ်ဆင်ရေးက နောက်ခဏနေရင် စတော့မယ်… ငါတို့အကုန် အခု စခန်းရောက်နေပြီ… မြန်မြန်လာခဲ့တော့…”
“ အာ … ကြည့်စမ်း … ကျုပ် လုံးဝ မေ့နေခဲ့တာပဲ …” လင်းရီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၍ “ ကျုပ် အခု လာနေပြီ …”
“ မြန်မြန် .. ငါတို့ အကုန် အခု မင်းကို စောင့်နေကြတယ်…”
“ အိုကေ … ကျုပ် နာရီဝက်အတွင်း ရောက်လာခဲ့မယ်…”
ဖုန်းချပြီးနောက် လင်းရီ ဆိုဖာပေါ်က ထလိုက်ပြီး လီချူးဟန်လည်း အလားတူ လိုက်ပြီး မတ်တပ်ရပ်လာသည်။
“ စခန်းမှာ တစ်ခုခု ဖြစ်နေလို့လား ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အခု သွားရတော့မယ်… ဒီည ပြန်မလာနိုင်လောက်တော့ဘူး …”
“ နင့် ဒဏ်ရာကို ဂရုစိုက်ဦးနော်… ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဖြစ်နိုင်မယ်ဆို မလုပ်နဲ့ … မဟုတ်ရင် အနာပြန်ပွင့်သွားလိမ့်မယ်…” လီချူးဟန်မှ ကြင်နာစွာ သတိပေးလာခဲ့သည်။
“ ငါ ဂရုစိုက်မှာပါ …”
လင်းရီသည် လီချူးဟန်၏ နဖူးကို ကြင်နာစွာ အနမ်းပေးလိုက်သည်။ “ အိမ်မှာစောင့်နေ … ဟုတ်ပြီလား …”
“ အစ်ကိုရီ … ညီမလည်း ကစ်(စ်) လိုချင်တယ်လေ…” ချောင်ရှင်းမှ သူတို့နှစ်ဦးကို ကြည့်ရင်း အူယားစွာဖြင့် ပြောဆိုလာခဲ့သည်။
“ မင်းဖင်ကြီးပဲ ပိတ်ကစ်(ကန်)ပေးလိုက်မယ်… လစ်စမ်း …”
“ ဟီးဟီး ..”
လင်းရီသည် သူ့ကုတ်အင်္ကျီကို ဆွဲယူ၍ အိမ်ထဲက ထွက်လာခဲ့ပြီး ရှင်းရှန်း ရဲစခန်းသို့ တက္ကစီဖြင့် ထွက်လာခဲ့သည်။
အဓိက ဝင်ပေါက်ဝမှ တဆင့် စခန်းထဲသို့ ဝင်လာခဲ့သည်တွင် စခန်းတစ်ခုလုံးသို့ လေးလံသည့် ဖိအားကြီး တစ်ရပ်က စိုးမိုးနေသယောင် ခံစားလိုက်ရပြီး မုန်တိုင်းမလာမီ တည်ငြိမ်နေသကဲ့သို့ ရှိ၏။
လင်းရီ ထုံးစံအတိုင်းပဲ လီရှန်းဟွေ့၏ ရုံးခန်းထဲသို့ ရောက်လာခဲ့ကာ ရာဇဝတ်မှု နှိမ်နင်းရေး အသင်းတစ်ခုလုံးက စုဝေးရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ကြည့်ရသည်မှာ စစ်ဆင်ရေးအတွက် ကိုယ်စီ ဓားသွေးနေကြဟန်ပင်။
“ ပုံစံကြည့်ရတာတော့ စစ်ဆင်ရေးက ဒီနေ့ပဲ စမယ်နဲ့တူတယ်…”
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ ပိုင်ရုံရှိုက ဒီနေ့ည ချန်ကျန်း ရေချိုးစင်တာမှာ ရှိမယ်လို့ သတင်းရထားယ်… အထက်ကြီးပိုင်းတွေ အခု အစည်းအဝေး လုပ်နေကြပြီ … ပြီးသွားမှာက အနှေးနဲ့ အမြန်ပဲ … ခဏဆို ငါတို့ လှုပ်ရှားရတော့မယ်….”
“ ချန်ကျန်း ရေချိုးစင်တာ …” လင်းရီ ရေရွတ်လိုက်၏။
“ မင်း အဲ့နေရာကို သိလို့လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သိပ်မကောင်းဘူး … ဝန်ထမ်းတွေက အဲ့လောက်ကြီးလည်း ဆွဲဆောင်မှု မရှိဘူး .. သူတို့ရဲ့ စကေးတွေက သာမန်ပဲ… ပြီးတော့ ဈေးကလည်း ကြီးသေး … ဟွာချင်းရေကန်လောက်ကို မကောင်းတာ … တစ်ခုရှိတာက စိတ်ချရတာပဲ... ခင်များတို့ တကယ်လို့ သွားမယ်ဆိုရင်တော့ ဟွာချင်းရေကန်ကိုပဲ အကြံပေးချင်တယ်…”
လူတိုင်း “ …. “
“ လေးလေးနက်နက်နေစမ်း … ငါတို့ ပြောနေတာ အဲ့ကိစ္စ မဟုတ်ဘူး …” လီရှန်းဟွေ့ ကြိမ်းလိုက်သည်။ “ ငါတို့ ခဏနေ လှုပ်ရှားရတော့မယ်… ပြီးတော့ စုန့်ကျန်း ရဲစခန်းကလည်း ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်… ဒီတစ်ခေါက် ဘာအမှားအယွင်းမှ ဖြစ်ခံလို့ မရဘူး …”
“ ကျုပ် သဘောပေါက်တယ်… ဒါပေမယ့် ခင်များတို့ ကြည့်ရတာ နည်းနည်း စိတ်လှုပ်ရှားနေကြသလိုပဲ …” လင်းရီ အမှုမထားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ပိုင်ရုံရှိုက ကျုပ်အတွက် ဘာမှမပေါက်ဘူး … ဒါပေမယ့် ခင်များတို့ ပုံစံတွေကြည့်ပြီး ကျုပ်တောင် ရင်လေးလာသလိုပဲ…”
“ မင်း ထင်နေသလို မဟုတ်ဘူးကွ … ပိုင်ရုံရှိုက ပြဿနာ မဟုတ်ဘူး .. သူ ဒီည မလွတ်ဘူးဆိုတာ ငါတို့ သေချာတယ်… ငါတို့ စိုးရိမ်နေတာက စုန့်ကျန်း ရဲစခန်းအသင်းက အမှတ်ကောင်းတွေ အကုန်လုံးကို သိမ်းပိုက်သွားမှာ စိုးလို့ပဲ …” လီရှန်းဟွေ့က ရှင်းပြလိုက်သည်။ “ ဒါက ခေါင်းဆောင်ကြီးတွေ အမှတ်ရရုံပဲ မဟုတ်ဘူး … ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တယ်… မဟုတ်ရင် နောင်ကျ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ရင် ကိုယ်က တစ်ဆင့်နိမ့်နေသလို ခံစားကြရမှာ….”
လီရှန်းဟွေ့ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ သို့သော် ယခုကဲ့သို့ ပူးတွဲ စစ်ဆင်ရေးများက ရှားပါးပြီး အကယ်၍ သူတို့ဘက်က သံသယ တရားခံတစ်ယောက်ကိုပဲ ဖမ်းဆီးနိုင်လျှင်ပင် အခြား ရဲစခန်းများ၏ ရှေ့၌ အမွှန်းတင်ပြီး ပြောဆိုလို့ ရသေး၏။
“ အဲ့လောက်ထိ ဖိအားများနေစရာ မလိုပါဘူး … ရှင်းရှန်း ရဲစခန်းလည်း သန်မာပြီး ကိရိယာအစုံအလင်နဲ့ ရှိနေတာပဲ မဟုတ်ဘူးလား … ဘာကြောက်စရာရှိလို့… ဟုတ်တယ်မလား …”
“ ဘာလဲ … နင်က ဘာကြည့်တာလဲ ..” ကူရိရန် စွာတာတာနှင့် တုံ့ပြန်လိုက်၏။
“ တိုက်ဆိုင်သွားတာ တိုက်ဆိုင်သွားတာ … အတွေးလွန်မနေနဲ့ …” လင်းရီ ပြောဆိုလိုက်ပြီး “ ပြီးတော့ မင်းရဲ့ ဆိုဒ်ကလည်း ငါပြောသွားတာတွေနဲ့ ဆိုင်မှမဆိုင်ပဲလေ …”
“ ချီးပဲ … ငါနင့်ကို သတ်မိတော့မယ်…”
“ တော်တော့ မင်းတို့နှစ်ယောက် … အခုက ဟာသလုပ်နေရမယ့် အချိန်မဟုတ်ဘူး … အာရုံစိုက်ထားကြစမ်း …” ကျန်းဟွေ့ ပြောဆိုလိုက်၏။ ၎င်း၏ ပါးစပ်ထဲတွင်တော့ စီးကရက်တစ်လိပ်ကို ကိုက်ထားလျက် ရှိသည်။
“ အစ်ကိုဟွေ့ … ခင်များကတောင် ဒီလိုဖြစ်နေပြီလား … ဘာတွေ အဲ့လောက် အတွေးများနေတာ … ဝုန်းဒိုင်းသွားပြီး ဖမ်းစရာရှိတာ ဖမ်းလိုက်ရင် ဖြစ်နေပြီပဲ မဟုတ်လား …”
“ ပြဿနာကလည်း တစ်ဖက်မှာ ဘာစိုးရိမ်စရာမှ သိပ်မရှိနေတာကြောင့်ပဲ … အဲ့တာကို ငါတို့ စိတ်ပူနေတာ …” ကျန်းဟွေ့ ပြန်ဖြေလာခဲ့သည်။