အလကားရသည့် ဘက်တော်သား
Vol. 136 Ch. 2032
ကျီအန်းထိုက်ကို မြင်တွေ့ပြီးသည့် နောက်တွင်တော့ လင်းရီ ဆက်ပြီး မတည်ငြိမ်နိုင်တော့ချေ။
သူက ဒီနေရာကို ဖြိုခွင်းတဲ့ စစ်ဆင်ရေး အတွက် ရောက်နေတာလေ… အဲ့တာကို ကိုယ့်ခမည်းခမက်ကိုယ် ဝင်စီးမိတယ်တဲ့လား …
ဒါ ဘယ်လို အခြေအနေကြီးလဲ ..
သို့သော် တွေးကြည့်ပြန်လျှင်လည်း အဓိပ္ပာယ်တော့ ရှိ၏။ သူ့ အနာဂတ် ခမည်းခမက်လောင်းက အမျိုးသမီး စထွင်မာများသို့ လက်ဆောင်များသို့ ပေးပို့တတ်သည့် အလေ့အကျင့် ရှိပြီး ဤနေရာသို့ အနှိပ်လာခံသည်က အင်မတန် ထူးဆန်းနေသည်မျိုးလည်း မဟုတ်ပေ။
သူ့ စစ်ဆင်ရေး သမိုင်းတွင်တော့ ဤနေ့က ကိုယ့် ခမည်းခမက်ကိုယ် ပြန်ဖမ်းဆီးမိသည့် အဆိုးရွားဆုံး စစ်ဆင်ရေးပင်။
သူ တစ်ချက် လှမ်းကြည့်လိုက်တော့ ကျီအန်းထိုက်က ကျန်းဟွေ့ ထိန်းသိမ်းထားသည့် တည်နေရာ၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ဤသို့ဆိုပါက လွယ်ကူသွားပြီ ဖြစ်၏။
လင်းရီ တွန့်ဆုတ်စွာဖြင့် လမ်းလျှောက်၍ ကျန်းဟွေ့ အနားသို့ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းတွင် ကျန်းဟွေ့သည်လည်း လူများအား စနစ်တကျ စီတန်းရန် အမိန့်ပေးနေပြီး လူအုပ်အတွင်းထဲက ထွက်လို့လာသည်။
“ ငါ ဘာမှမလုပ်ထားဘူး .. မင်းတို့ ငါ့ကို ဘာကိစ္စ ဖမ်းတာလဲကွ …” ကျီအန်းထိုက် ကန့်ကွက် ဆန္ဒပြလိုက်၏။ သူ့မျက်နှာအမူအရာမှာတော့ သနားဖွယ်ရာလေး ဖြစ်နေသည်။
အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်ကလွဲ၍ သူ၏ စိတ်အခြေအနေကိုတော့ အကောင်းဆုံး ထိန်းညှိထားနိုင်ပြီး ငယ်စဉ် အချိန်က ဤသို့သော ဖြစ်ရပ်မျိုးနှင့် တော်တော်လေး အတွေ့အကြုံရှိခဲ့ဟန်ပင်။
“ ခင်များ ဘာလုပ်ထားတယ် မလုပ်ထားဘူးနဲ့ မဆိုင်ဘူး .. အခု အစိုးရက ဒီလုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ ဖြိုခွင်းနေတဲ့ ကာလမို့လို့ပဲ …” ကျန်းဟွေ့ ပြန်ဖြေပေးလိုက်၏။
“ ငါ … ငါ့ သားမက်လေးဆီ ဖုန်းခေါ်လို့ ရမယ်မလားဟင် ..” ကျီအန်းထိုက် မျက်နှာချိုသွေးပြီး မေးမြန်းလိုက်၏။
“ ဘာလဲ … ခင်များက အကူအညီတောင်းမလို့လား ..” ကျန်းဟွေ့ တဟားဟား ရယ်မော၍ “ ကျုပ်ပြောလိုက်မယ်… ဒီခုလို တင်းကြပ်နေတဲ့ ကာလမှာ ခင်များ ဖုန်းခေါ်လို့လည်း အသုံးမဝင်ဘူး .. “
ကျန်းဟွေ့ ယခုလို ပြောဆိုလိုက်သည်က စုန့်ကျန်း ရဲစခန်းရှိ ရဲအရာရှိများ၏ ကိုယ်ကျိုး အတွက်ပင်။ ဤသည်က သူတို့သည် အပြင်လူများ၏ ရှေ့မှောက်၌ပင် စည်းကမ်းလိုက်နာသူများအဖြစ် မြင်ယောင်သွားစေသည်။
“ ငါ့ သားမက်လေးက ကျိုးဟိုင်မှာ လွှမ်းမိုးမှုတွေ ရှိတယ်… မင်းငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါလားကွာ …” ကျီအန်းထိုက် အလျော့မပေးဘဲ ဆက်ပြီး တောင်းဆိုလိုက်သည်။
“ ကျုပ် ဘယ်သူ့ကိုမှ မျက်နှာသာ မပေးနိုင်ဘူး … ခင်များ လေကုန်ခံမနေနဲ့ …”
“ အစ်ကိုဟွေ့ ..”
လင်းရီ မလှမ်းမကမ်းမှ လက်ယမ်းပြလိုက်၏။ တစ်ချိန်တည်းတွင် ကျီအန်းထိုက်လည်း လင်းရီကို မြင်တွေ့သွားခဲ့ပြီး စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သို့သော် အနည်းငယ်တော့ မျက်နှာပူနေမိ၏။
လင်းရီသူ့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်တော့ ကျန်းဟွေ့ အနားသို့ ရောက်လာသည်။
“ ဘာကိစ္စလဲ …” ကျန်းဟွေ့ မေးလာခဲ့သည်။
လင်းရီ ကျီအန်းထိုက်အား ညွှန်ပြ၍ “ အဲ့လူက ကျုပ် အနာဂတ် ခမည်းခမက်လောင်းပဲ … အစ်ကိုဟွေ့ နည်းနည်းလောက် မျက်နှာသာပေးနိုင်မလား …”
“ ငါလခွမ်း …” ကျန်းဟွေ့ အာမေဋိတ်သံဖြင့် အသံပြုမိသွားခဲ့ပြီး “ သူ အခုလေးတင်ပဲ သူ့ သားမက်ဆီ ဖုန်းခေါ်မယ် ပြောနေတာ လက်စသတ်တော့ သူ့သားမက်က မင်းဖြစ်နေတာကိုး …”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ ကျုပ်လည်း ဒီလိုမျိုးတွေ ဖြစ်လာမယ်မထင်ဘူးဗျာ … စိတ်မရှိပါနဲ့ …”
“ စောက်ကျိုးနည်းကြီးပဲဟ ဟားဟားဟား …”
ကျန်းဟွေ့ မနေနိုင်ဘဲ အားပါးတရ အော်ဟစ် ရယ်မောမိလိုက်၏။ “ မင်းက ဒီကို ရှောင်တခင် ဝင်စီးဖို့ ရောက်လာတယ်… နောက်ဆုံးကျတော့ ကိုယ့် ခမည်းခမက်ကို ဖမ်းမိသွားတယ် … ငါ ဒီအလုပ်လုပ်လာတာ နှစ်တွေ မနည်းတော့ဘူး … ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး …”
“ ကျုပ်လည်း ဘယ်တတ်နိုင်မှာ …”
“ ကောင်းပြီလေ… ကိုယ့်အချင်းချင်းတွေ ဆိုမှတော့ ထွေထူး ကိစ္စကြီး မဟုတ်ပါဘူးကွာ …” ကျန်းဟွေ့ ပြောဆိုလိုက်ပြီး “ ငါ သူ့ကို ကားထဲ ခေါ်သွားမယ်… မင်း သူ့ကို မောင်းပြိး အိမ်ပြန်ပို့ပေးလိုက် … ကျန်တာ မင်း ကိစ္စပဲ …”
“ ကျေးဇူးပဲ အစ်ကိုဟွေ့ … ဒါဆို ကျုပ် သူ့ကို အခု ခေါ်သွားတော့မယ်နော်…”
“ အင်း … သွားတော့ …”
လင်းရီ ရဲကားအတွင်းသို့ ဝင်သွားခဲ့သည်။ များမကြာမီ ကျီအန်းထိုက် ကားထဲသို့ ခေါ်ဆောင်လာခံရပြီး ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်လိုက်၏။
“ သားမက်လေး … ငါ ကျိန်ဆို ကျိန်ရဲပါတယ်ကွာ .. ငါ ဒီကို ရေချိုးဖို့ သပ်သပ်လာခဲ့တာ .. တခြား ဘာမှ မလုပ်ဘူး … မင်း ငါ့ကို ယုံပါတယ်ဟုတ် …” ကျီအန်းထိုက်သည် ကားထဲသို့ ရောက်သည်နှင့် ချက်ချင်းပဲ ကမန်းကတမ်း ရှင်းပြလာခဲ့သည်။
“ ဒါပေါ့ … သိပ်ယုံတာပေါ့ … အန်ကယ် ဘယ်လိုလူစားမျိုးလဲ ကျွန်တော် မသိဘဲ နေမလား … ဒီထဲ ပါသွားခဲ့တာ ဒီတိုင်း ကံဆိုးသွားရုံပါပဲ …”
လင်းရီ၏ စကားကို ကြားတော့ ကျီအန်းထိုက်၏ သဘောထားတို့မှာ ပိုပြီး ကောင်းမွန်လာခဲ့သည်။
သူ့ကိုယ်သူ လင်းရီအား သားမက်လေးဟု နှုတ်က အလိုအလျောက် ခေါ်တွင်နေမိသည်ကိုပင် သတိမထားမိဟန်ပင်။ ဆိုလိုသည်မှာ သူနှင့် ကျီချင်းရန်တို့ ကိစ္စကြား၌ အားကောင်းသည့် ကူညီဖော်တစ်ဦး ရရှိလာပြီ ဟူ၍ပင်။
“ မင်း ငါ့ကို နားလည်မယ်ဆိုတာ ငါ သိသားပဲ …” ကျီအန်းထိုက် စိတ်သက်သာ ရသွားခဲ့သည်။ “ မင်းမှာ ရဲအဆက်အသွယ်တွေ ရှိတယ်မလား .. ငါ စခန်းသွားဖို့တော့ မလိုဘူးမလား …”
“ မလိုဘူး … ကျွန်တော် အခုပဲ အိမ်လိုက်ပို့ပေးမလို့ …”
“ ကောင်းတယ် … အိမ်ပြန်ကြစို့ ..” ကျီအန်းထိုက်မှာ ထိုင်ခုံတွင် ထိုင်ရင်း နောက်ဆုံး၌ အပြည့်အဝ စိတ်သက်သာရသွားခဲ့ပြီ ဖြစ်သည်။
“ စကားမဆက် မင်း ခုတလော ဘာတွေ အလုပ်များနေတာ … အိမ်ကိုတောင် လာမလည်ဖြစ်တာ ကြာပြီ .. ပြီးတော့ အင်တာနက်မှာ မင်းသေပြီဆိုပြီး ကောလဟာလတွေလည်း ထွက်လို့ … ငါဖြင့် အဲ့ ဂျာနယ်လစ်တွေကို ကွန်ပလိန်းတက်ဖို့တောင် လုပ်လိုက်သေးတယ်…”
“ ကျွန်တော်လည်း ခုတလော တော်တော် အလုပ်များနေတာနဲ့ အန်ကယ်တို့ဆီ လာမလည်ဖြစ်သွားဘူးဗျာ …” လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်သည်။ “ သတင်း အတုတွေကတော့ ဒီတိုင်းပါပဲ … စီးပွားရေးလောကက အန်ကယ်သိတဲ့အတိုင်းပဲလေ… ကျွန်တော် ပနားမားကို အလုပ်ခရီးလေး ခဏလောက်ထွက်သွားတာကို သတင်းထောက်တွေက အထင်လွဲသွားကြပုံပဲ … အဲ့တာ နည်းနည်း ရှုပ်ထွေးသွားတယ်…”
“ လက်စသတ်တော့ အဲ့လိုကိုး …” ကျီအန်းထိုက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
“ ဒါနဲ့ မင်းနဲ့ ငါ့သမီးက ဘာတွေလဲ … မင်းတို့ ဘယ်အချိန်ယူကြမှာ … ငါနဲ့ ငါ့မိန်းမကတော့ မြေးလေးတွေ ချီချင်နေပြီ …”
“ အဲ့တာတော့ ကျွန်တော့် လာပြောလို့ ဘယ်ရမှာ … အန်ကယ့်သမီး သဘောတူမှ ကျွန်တော်လည်း လက်ထပ်လို့ ရမှာလေ…” လင်းရီ ပြောလိုက်သည်။ “ ကျွန်တော့် အလိုသာဆိုလို့ကတော့ အခုချိန်လောက်ဆို ကလေးတွေတောင် မူကြိုတက်နေပြီ …”
“ အင်း .. အဲ့တာ သူ့အမှားပဲ … မပူနဲ့ သားမက်လေး … ငါ ကူညီပေးမယ်… မင်တို့နှစ်ယောက် အတူနေလာတာ နှစ်တွေလည်း မနည်းတော့ဘူး … မင်္ဂလာပွဲကို ဒီထက်ပိုပြီး အချိန်ဆွဲနေစရာ အကြောင်း မရှိတော့ဘူး …”
“ ကျေးဇူးပဲ အန်ကယ် ..”
လင်းရီ အပြုံးတစ်ပွင့်ဖြင့် သဘောတူလိုက်၏။
ဖြိုခွင်းသည့် စစ်ဆင်ရေး၌ ခမည်းမခက်အား ဖမ်းဆီးခဲ့ရသော်လည်းပဲ ကူညီပေးမည့် အင်အားကြီး ဘက်တော်သားတစ်ဦး ရရှိလိုက်သည့်အတွက် တန်သည်။ တော်တော်ကြီးကို တန်သည်။
မကြာမီ ကျီအန်းထိုက်၏ အိမ်ပေါက်ဝသို့ ရောက်ရှိလာခဲ့၏။
“ အိုကေ … အိမ်ရောက်ပြီ …” လင်းရီ ပြောလိုက်သည်။
“ သားမက်လေး .. ငါလမ်းမှာ ဘာပြောခဲ့လဲ မှတ်မိတယ်မလား …” ကျီအန်းထိုက် မေးမြန်းလာခဲ့၏။
“ ကျွန်တော် မှတ်မိတယ်… ကျွန်တော်တို့နှစ်ယောက်က ထမင်းအတူ စားလာခဲ့တာ …”
ကျီအန်းထိုက် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ အိမ်ထဲလိုက်ခဲ့ …”
“ အာ .. နည်းနည်းတောင် နောက်ကျနေပြီ … နောက်မှပဲ ဝင်တော့မယ်…”
ကျီချင်းရန်နှင့် တွေ့ဆုံရန် အချိန်ကောင်းဟု မထင်သဖြင့် လင်းရီ ထွက်သွားချင်နေသည်။
“ ခဏလောက်ပဲ ဝင်ခဲ့စမ်းပါကွာ …”
ကားထဲက ထွက်ပြီးနောက် ကျီအန်းထိုက်သည် လင်းရီကို ငြင်းပယ်ရန် အခွင့်အရေးမပေးဘဲ အထဲသို့ အတင်းအဓမ္မ ဆွဲခေါ်လာခဲ့၏။
တစ်ချိန်တည်းတွင် စုန့်မင်ဟွေ့က အိမ်ထဲမှ ထွက်လာခဲ့ပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“ ဟယ် .. ရီလေး … ဝင်ခဲ့ ဝင်ခဲ့ … နင် အန်တီတို့ဆီ မလာဖြစ်တာတောင် အတော်ကြာပြီနော်…”
သူမက ကျီအန်းထိုက်ကဲ့သို့ သားမက်လေးဟု မခေါ်တွင်သော်လည်းပဲ စိတ်အားထက်သန်မှုကိုတော့ အထင်းသားမြင်တွေ့နေရသည်။
သူတို့နှစ်ယောက်ကို အဆင်ပြေစေချင်သည်မှာ သိသာလှ၏။
ရွေးချယ်စရာ မရှိတော့ဘဲ လင်းရီလည်း အိမ်ထဲသို့ လိုက်ပါလာခဲ့ရကာ စုန့်မင်ဟွေ့က ဒုတိယထပ်သို့ လှမ်းအော်လိုက်၏။
“ သမီး … ဘယ်သူရောက်နေလဲ လာကြည့်ပါဦး …”
“ ဘယ်သူလဲ …”
ကျီချင်းရန်၏ သိမ်မွေ့သည့် အသံက အပေါ်ထပ်မှ ထွက်လာခဲ့ပြီး လင်းရီအား ရင်ခုန်နှုန်းတို့ မြန်ဆန်သွားစေခဲ့၏။
ဒုတိယထပ် လက်ရန်းတွင် ကျီချင်းရန်သည် ညအိပ်ဝတ်စုံ အပြာရောင်ကို ဝတ်ဆင်ထားပြီး လင်းရီကို မြင်သည့် အချိန်၌ ခေတ္တမျှ အေးခဲသွားခဲ့၏။ ယခုလို ညအချိန်၌ လင်းရီ သူမအိမ်သို့ ရောက်လာခဲ့လိမ့်မည်ဟု ထင်မှတ်မထားပါချေ။
“ အဲ့မှာ ဘာရပ်လုပ်နေတာ … ဆင်းခဲ့ …” စုန့်မင်ဟွေ့ လှမ်းခေါ်ပြီးနောက် လင်းရီအတွက် အသီးခွဲပေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင် ကျီချင်းရန်သည် ဒုတိယထပ် လှေကားမှတဆင့် အောက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာပြီး အခြား မျက်နှာချင်းဆိုင် ဆိုဖာသို့ ဝင်ထိုင်လိုက်၏။
ဤသို့ ပါမွှား အသေးစိတ်လေးက လင်းရီ၏ အမြင်မှ မလွတ်သွားခဲ့သော်လည်း ကျီအန်းထိုက်နှင့် စုန့်မင်ဟွေ့တို့အတွက်တော့ မည်သို့မျှ ခံစားရခြင်း မရှိချေ။
“ ရော့ … ရီလေး … အသီးနည်းနည်းစားဦး … ဒီနေ့မှ ဝယ်လာခဲ့တာ လတ်လတ်ဆတ်ဆတ်ပဲ …” စုန့်မင်ဟွေ့ အသီးပန်ကန်အား ချ၍ ခက်ရင်းခွဖြင့် အသီးတစ်စိတ်ကို စိုက်ပြီး လင်းရီထံသို့ ကမ်းပေးလိုက်သည်။
“ ဟုတ် အန်တီ … ကျေးဇူးပါဗျ…”
“ ယဉ်ကျေးနေဖို့ မလိုပါဘူးကွယ်.. တစ်မိသားစုတည်းတွေပဲ မဟုတ်လား …” စုန့်မင်ဟွေ့က ရက်ရောသည့် အပြုံးကြီးဖြင့် ပြောလိုက်၏။
“ ဒါနဲ့ နင်တို့နှစ်ယောက်က ဘယ်ကနေ ဘယ်လိုဆက်မိပြီး အတူရောက်လာခဲ့ကြတာ …”
လင်းရီ ပြောရန် ပါးစပ်ပြင်နေသည့် အချိန်မှာပဲ ကျီအန်းထိုက်က အလျင်အမြန် ဖြတ်ပြောလာခဲ့၏။
“ ငါ မိတ်ဆွေတစ်ယောက်နဲ့ အပြင်ထွက်တုန်း နေရာက သူ့ရုံးခန်းနဲ့ နီးနေတာနဲ့ ထမင်းအတူ စားခဲ့လိုက်တာ …” ကျီအန်းထိုက်က ချက်ကျလက်ကျဖြင့် ပြောဆိုလိုက်သည်။ “ သူ့အသက် သုံးဆယ်တောင် ရောက်တော့မယ်… ဒါတောင် အလျင်မလိုသေးဘူးတဲ့ကွာ … ”
“အတိအကျပဲ … ကျွန်မတို့က မိန်းကလေးရှင်တွေ … ဒီတော့ ကျွန်မတို့ဘက်က လောလို့ မရဘူး … “ စုန့်မင်ဟွေ့ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် နင့်မိဘတွေက ကျိုးဟိုင်မှာလည်း မရှိဘူး … ပြီးတော့ နှစ်ဖက် ဆက်ဆံရေးက အတည်ဖြစ်နေပြီဆိုတော့ အန်တီလည်း မျက်နှာပူမနေတော့ဘူး.. နင့်အဲ့ စီးပွားရေး ကိစ္စတွေ အာရုံစိုက်နေတာ ရပ်ပြီး လက်ထပ်ဖို့ စဉ်းစားစမ်းပါဟယ် …”