သွေးထွက်သံယို များခဲ့တဲ့ အနောက်တိုင်း ဆေးပညာသမိုင်း
Vol. 136 Ch. 2038
“ အဲ့ဒါလား … ပြဿနာ မရှိပါဘူး ..” လီရွေ့ ပြောဆိုလိုက်သည်။ “ ဒါပေမယ့် ကျုပ်တို့က ဌာနနှစ်ခုကို ကိုင်တွယ်နေတာဆိုတော့ အားလုံး စုစည်းဖို့ဆိုရင် အချိန် နည်းနည်းတော့ ယူရလိမ့်မယ်….”
“ အလျင်မလိုပါဘူး … ကျုပ်ကိုသာ အရင် စစ်ဆေးထားပေးပါ .. ကျုပ်တို့ လူနာခန်းဆီ ပြန်လိုက်ဦးမယ်… ခင်များဘက်က အားလုံး စုစည်းပြီးပြီ ဆိုတာနဲ့ ဖုန်းတစ်ချက် ခေါ်လိုက် ….”
“ အိုကေ … “
စကားအနည်းငယ် ပြောဆိုပြီးသည့်နောက် လင်းရီနှင့် ကျန်းဖန့်တို့ လျိုရွေ့၏ ရုံးခန်းထဲက ထွက်လာခဲ့ကြသည်။
သို့သော် လူနာခန်းထဲသို့ ပြန်သွားမည့်အစား လှေကားသို့ ထွက်လာခဲ့ကြ၏။
“ ညီကိုရီ … ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ …” ကျန်းဖန့် မေးလာခဲ့သည်။
“ အပေါ်ယံ မြင်နေရသလောက်တော့ ဘာပြဿနာမှ မရှိဘူး … ဒါပေမယ့် အမှုအတွက် ခိုင်လုံတဲ့ သက်သေတွေ ရအောင် ပိုပြီး စေ့စေ့ပေါက်ပေါက် စုံစမ်းစစ်ဆေးဖို့ လိုမယ်…”
“ ဒါဆိုလည်း လူသတ်တဲ့ အမှုလို့ပဲ ငါတို့ မှတ်ယူပြီး တွေးကြည့်ရအောင် …” ကျန်းဖန့် ပြောပြီးနောက် စီးကရက်တစ်လိပ်အား မီးညှိလိုက်ကာ လေးနက်သည့် လေသံဖြင့် “ တကယ်လို့ အမှုက တကယ်ပဲ လူသတ်မှုဆိုရင် ငါတို့ ဘယ်နေရာကနေ စပြီး စစ်ဆေးသင့်လဲ ..”
“ သူတို့ကို ICU မှာ တာဝန်ကျတဲ့ ဒေါက်တာနဲ့ နာ့စ်တွေရဲ့ မှတ်တမ်းကို ယူခိုင်းထားတယ်လေ…”
“ ဒီလောက်နဲ့ လုံလောက်ပြီပေါ့ … ငါတို့ ခွဲစိတ်မှုမှာ ပါဝင်တဲ့ ဒေါက်တာတွေကိုရော မစစ်ဆေးသင့်ဘူးလား … ခွဲစိတ်နေတုန်းက တစ်ခုခု မှားယွင်းသွားတယ်ဆိုရင် ဘယ်လိုလုပ်မှာ …”
လင်းရီ တဟားဟား ရယ်မော၍ ကျန်းဖန့်ကို ကြည့်လိုက်သည်။
“ အနောက်တိုင်း ဆေးပညာရဲ့ သမိုင်းကို မင်းသိလား …”
“ အာ … ငါက သမိုင်းဘာသာကို အောင်မှတ်နဲ့ ကပ်အောင်ခဲ့တာ အခု မင်းက ငါ့ကို အနောက်တိုင်း ဆေးပညာသမိုင်းလာမေးနေတယ်ဆိုတော့ ငါက ဘယ်လို ဖြေပေးရမှာ …”
“ ငါ ပြောပြမယ်… အနောက်တိုင်း ဆေးပညာသမိုင်းက မှောင်မိုက်ပြီး သွေးထွက်သံယို အလောင်းတွေနဲ့ ဆင့်ပြီး တည်ဆောက်ခဲ့တာပဲ ….” လင်းရီ ရှင်းပြလိုက်သည်။ “ အနောက်တိုင်း ဆေးပညာရဲ့ အစောပိုင်းကာလတွေမှာ လူတွေ အများကြီး သေကြေခဲ့ရတယ်… ဘာလို့ဆို ကနေဦး သိရှိထားတဲ့ သူတို့ရဲ့ သီအိုရီတွေကို လက်တွေ့ ဆေးကုသမှုမှာ အသုံးချကြလို့ပဲ …”
ထိုမြင်ကွင်းကို မြင်ယောင်ခံစားကြည့်ရင်း ကျန်းဖန့် ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားခဲ့၏။
သိချင်စိတ်ရှိသည့် လူတိုင်း ဆေးရုံးများက ခွဲစိတ်မှုများကို မည်သို့ ပြုလုပ်နိုင်ကြလဲ သိချင်ကြလိမ့်မည်။ ထိုလူများက မည်သည့် အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက် ဖယ်ရှားပြီး မည်သည်ကို မဖယ်ရှားသင့်ဘူးလဲဆိုတာ မည်သို့ သိကြသနည်း။ အကယ်၍ မှားယွင်းဖြတ်တောက်မိခဲ့လျှင်ကော။ ထို့ပြင် ခွဲစိတ်ပြီးသည့်နောက် မည်သည့် ဘေးထွက်ဆိုးကျိုးတို့ ရှိလာနိုင်သည်ကို မည်သို့ သိရှိကြသနည်း။
လင်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်တွင်မှ ကျန်းဖန့် နားလည်သွားခဲ့တော့သည်။ ဤအရာများအားလုံးက ရှေ့အစဉ်အဆက် လူသားတို့ အသက်နှင့် ပေးဆပ်ပြီးမှ သိရှိလာရသည့် ပညာရပ်များပင်။
“ ငါမင်းကို ဒါတွေ ပြောပြနေတယ်ဆိုတာ ဆရာဝန်တစ်ယောက်က ခွဲစိတ်ဖို့ အရည်အချင်းမီတယ်ဆိုတာနဲ့ တရားဝင် လူသတ်လိုင်စင် ရသွားပြီဆိုတာကို သိစေချင်လို့ပဲ … တစ်ယောက်ယောက် သေသွားခဲ့ရင်တောင် ဆေးရုံက တာဝန်ယူပေးမှာ မဟုတ်ဘူး .. ဘာလို့ဆို ခွဲစိတ်မှု မစတင်ခင်ကတည်းကရင် လူနာဘက်က သဘောတူကြောင်း လက်မှတ်ရေးထိုးထားပြီးလို့ပဲ …” လင်းရီ ဆက်တိုက် ပြောဆိုသွားခဲ့၏။ “ ခွဲစိတ်နေတဲ့ အချိန်အတွင်းမှာ … အထူးသဖြင့် အခုလို ခွဲစိတ်မှုမျိုးမှာ အမှားအယွင်း အသေးစားလေးကတောင် လူနာရဲ့ အသက်ကို ပျက်စီးသွားစေနိုင်တယ်… ပြီးတော့ အဲ့လို အမှားတွေကို ဆေးမှတ်တမ်းတွေကြည့်ပြီး ထောက်လှမ်းဖို့ကလည်း မလွယ်ဘူး … ဒီတော့ စုံစမ်းဖို့က မဖြစ်နိုင်လုနီးပါးပဲ … ခွဲစိတ်မှု အမှားကြောင့်ဆိုရင်တောင် အဲ့လူနာ ကံဆိုးသွားတယ်ဆိုပြီး အပြစ်တင်ရုံပဲ တတ်နိုင်မှာ … မင်းနားလည်တယ်မလား …”
ဟစ် …
ကျန်းဖန့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိ၏။ ယခုလေးတင် ဆေးပညာလောက၏ အမှောင်ဘက်ခြမ်းကို အနည်းငယ် ထိတွေ့လိုက်မိကြောင်း သူ့ကိုယ်သူ သတိပြုမိသွားခဲ့လေသည်။
“ ဆိုတော့ အခု … ငါတို့ တတ်နိုင်တာက ICU မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ ကိုက်ညီ မညီ ဆိုတာကိုပဲ စစ်ဆေးနိုင်မယ်…”
လင်းရီ ပြောဆိုပြီးနောက် ခေတ္တရပ်တန့်သွားခဲ့သည်။
“ နောက်ထပ် စစ်ဆေးနိုင်တာ တစ်ခုလည်း ရှိတယ်… ငါတို့ သေသွားတဲ့ လူနာရဲ့ မိသားစုနဲ့ ဆွေးနွေးပြီး အလောင်းခွဲစိတ် စစ်ဆေးဖို့ပဲ … အဲ့တာက တည့်တိုးအဆန်ဆုံး နည်းလမ်းပဲ … ဒါပေမယ့် မြန်မြန် လုပ်ဖို့တော့လိုတယ်… တကယ်လို့ အချိန်ဆွဲနေမယ်ဆိုရင် အလောင်းခွဲစိတ်တာကလည်း အလုပ် ဖြစ်မှာ မဟုတ်တော့ဘူး …”
“ ကောင်းပြီ .. ငါ ဇီရှင်းကို စကားပြောခိုင်းလိုက်မယ်…”
“ ဒီကိစ္စတွေ ငါမင်းတို့နှစ်ယောက်နဲ့ လွှဲထားခဲ့လိုက်မယ်… ရောဂါဆန်းစစ်တဲ့ ဌာနက ရလဒ်ထွက်လာတာနဲ့ ငါ့ဆီ ဓာတ်ပုံရိုက်ပို့ပေးဖို့ မမေ့နဲ့ …”
“ အိုကေ …”
ကျန်းဖန့်ကို တာဝန်ချပေးပြီးနောက် လင်းရီ ဆေးရုံထဲက ထွက်လာခဲ့ကာ ပိုင်ရုံရှို၏ ပြဿနာအား ဖြေရှင်းကိုင်တွယ်ရန်အတွက် စီစဉ်လိုက်သည်။
လင်းရီက အလုပ်သရဲ မဟုတ်သော်လည်းပဲ စနစ်၏ သဘောသဘာဝကြောင့် စခန်းရှိ ကိစ္စများအား ကိုင်တွယ်ရင်း စနစ်၏ မစ်ရှင်များကို နှိုးဆွသွားမိစေဖို့ မျှော်လင့်နေမိသည်။ ထို့ကြောင့် သူသည်လည်း မသက်သာပါဘဲ အလုပ်များရတော့၏။
လင်းရီ သူ့ကိုယ်သူ တွေးမိရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။
“ နောက်ဆုံးတော့ ငါလည်း ၉၉၆ အလုပ်သမား ဖြစ်လာမယ်လို့ ဘယ်သူထင်ထားမှာ …”
ကလင် ကလင် ကလင် …
ပိုင်ရုံရှို အမှုကို လင်းရီ ကိုင်တွယ်ရန်အတွက် ကားမောင်းနေစဉ်မှာပဲ ခရီးသည် ထိုင်ခုံတွင် တင်ထားသည့် သူ့ဖုန်းက အသံမြည်လာသည်။ တစ်ချက်ကြည့်လိုက်ရာ ရန်စီက ဆက်သွယ်လာသည်ကို သတိပြုမိလိုက်သည်။
သူ့အန်တီ၏ ကျန်းမာရေး အခြေအနေကြောင့် ဖုန်းဆက်လာခြင်း ဖြစ်မည်ဟု လင်းရီ မှန်းဆလိုက်ပြီး ချက်ချင်း ဖုန်းဖြေလိုက်၏။
“ နင် အလုပ်များနေလား …”
“ အခုလေးတင်ပဲ အလုပ်တွေပြီးတာ … ဘာလဲ … ပြဿနာ တက်နေလို့လား …”
“ ပြဿနာ တက်တယ်ရယ်လို့လည်း မဟုတ်ပါဘူး …” ရန်စီ ပြန်ဖြေလာပြီး “ ငါတို့ တစ်မနက်ခင်းလုံး စစ်ဆေးမှု အမျိုးမျိုး လုပ်ရင်းနဲ့ပြ အချိန်ကုန်နေလို့ … တိကျသေချာတဲ့ အဖြေတစ်ခုလည်း မရသေးဘူး … ငါတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကိုတောင် စပြီး သင်္ကာမကင်းဖြစ်လာပြီ … ဒါကြောင့်မို့ နင့်ဆီ ဖုန်းခေါ်လိုက်တာပဲ …”
“ ဆရာဝန်ရဲ့ နာမည်က ဘယ်သူလဲ …”
“ မာရှောင်ကွမ်း …”
“ မာရှောင်ကွမ်း ဟုတ်လား …”
လင်းရီ ရေရွတ်ရင်း အဆိုပါ နာမည်နှင့် လူ၏ ပုံရိပ်ကို သူ့ဦးနှောက်ထဲ ရှာဖွေကြည့်လိုက်သော်လည်း စဉ်းစားမရ ဖြစ်နေသည်။
“ မင်းတို့ ဘယ်ဌာနကို သွားခဲ့တာ …”
“ ငါလည်း သေချာမသိဘူး … ငါတို့က သာမန် စာရင်းပေးတဲ့ လုပ်ငန်းစဉ်အတိုင်း မသွားဘူး … ဒီတိုင်း အဲ့ဒီ ဒေါက်တာနားသွားပြီး ဟိုကလည်း ရောက်တာနဲ့ စစ်ဆေးမှုတွေ တစ်ခုပြီးတစ်ခု လုပ်ခိုင်းတော့တာပဲ … ထူးဆန်းတာက ပိုက်ဆံပေးရတဲ့ လုပ်ငန်းစဉ်ကိုက ပုံမှန်အတိုင်း ဟုတ်မနေတာပဲ … ငါတော့ အဲ့ဒီ ဒေါက်တာ ငါတို့ကို ငွေညှစ်ချင်နေလား မသိဘူး …”
ရန်စီ၏ သံသယစိတ်သည်လည်း လုံးလုံးလျားလျား ကျိုးကြောင်းဆီလျော်နေခြင်း မဟုတ်ပေ။ ဟွာရှန်းဆေးရုံကဲ့သို့ နာမည်ကြီး ဆေးရုံတစ်ခု၌ပင် အကျင့်ပျက် ဆရာဝန်တချို့ ရှိလေသည်။ သို့သော် ဤသို့သော အရာများအပေါ် အခြေခံ၍ ဆရာဝန်ကို မှားယွင်း စွပ်စွဲမိပြန်လျှင်လည်း မဟုတ်သေးပေ။ တစ်ခါတစ်ရံ လီချူးဟန်ကဲ့သို့သော ဆရာဝန်များက ပိုပြီး တိကျသေချာစေရေးအတွက် စမ်းသပ်မှု အများအပြားကို လုပ်ဆောင်ခိုင်းလေ့ ရှိသည်။
လူနာနှင့် မိသားစုသည်လည်း ထိုကဲ့သို့ ဖြစ်ရပ်ကြောင့် စိုးရိမ်ကြောင့်ကြလာကာ စိတ်ဖိအား များလာတတ်ကြပြီး အတွေးလွန်လာတတ်ကြလေသည်။ လက်ရှိ ရန်စီ ခံစားနေရသကဲ့သို့ပင်။
“ ကောင်းပြီလေ … ငါ့ကို ဆေးရုံမှာ စောင့်နေလိုက် .. ငါအခုပဲ လာခဲ့မယ်…”
လင်းရီ၏ လွှမ်းမိုးမှုဖြင့် ဆိုပါက ဟွာရှန်းဆေးရုံသို့ ဖုန်းတစ်ချက် ခေါ်လိုက်သည်နှင့် ဖြေရှင်းပေးနိုင်သည်။ လူကိုယ်တိုင် ရောက်မသွားလည်း ကိစ္စ မရှိပေ။ သို့သော် ရန်စီက သူ့ထံသို့ အကူအညီ တောင်းလာသဖြင့် သူမ၏ မျက်နှာကြောင့် လင်းရီလည်း လျစ်လျူရှုမရှုချင်ပေ။
“ ငါတို့ နေ့လည်စာ စားတော့မလို့ … နင် ဘယ်အချိန် ရောက်လာမှာလဲ .. ငါတို့ အတူစားရင်လည်း စားလို့ ရမှာပေါ့ …” လင်းရီ ညင်သာစွာ ပြောဆိုလာခဲ့သည်။
“ ငါ့ကို ထည့်တွက်မနေနဲ့ …” လင်းရီ ပြန်ပြောလိုက်ပြီး “ မင်းအန်တီရဲ့ အခြေအနေကိုသာ ဂရုစိုက် … ငါ့ကို ပူစရာ မလိုဘူး … ငါရောက်တာနဲ့ ဖုန်းဆက်လိုက်မယ်… ပြီးရင် ကျန်တာတွေ စီစဉ်ပေးမယ်…”
လင်းရီ၏ စကားလုံးက ရန်စီ၏ ရင်ဘက်ထဲသို့ နွေးထွေးသွားစေခဲ့သည်။ သူမတို့ ပိုပြီး ရင်းနှီးလာသည်ဟုတောင် ခံစားနေရ၏။
“ ကောင်းပြီလေ… ဒါဆို ငါတို့ စားလိုက်တော့မယ်နော်…”
ရန်စီ အပြုံးလေးဖြင့် ပြောလာခဲ့ပြီး “ ဒါတွေ ပြီးရင် ငါနင့်ကို သေချာကြီး ကျေးဇူးပြန်ဆပ်မှာပါ … မွ …”
“ အဲ့စကား နားထောင်ပြီး လူတောင် ပျော်လာသလိုပဲ …” လင်းရီလည်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“ အင်းပါ .. ငါတို့ စားတော့မလို့ … နင် ရောက်ရင် ဖုန်းဆက်လိုက်ဦး…” ရန်စီ ထပ်ပြီးသတိပေးလာခဲ့သည်။ “ ပြီးတော့ ကားကို ဖြည်းဖြည်းလေးလည်း မောင်းဦး … အလျင်လိုစရာမလိုဘူး .. နင့် ဒဏ်ရာက သက်သာသေးတာ မဟုတ်ဘူး… ကြားလား …”
“ ငါသိပါတယ် … စိတ်ချစမ်းပါ …”
ဖုန်းပြောပြီးနောက် လင်းရီလည်း ကား၏ ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲကာ ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်သည်။
…….
ဟွာရှန်းဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိဟိုင်ရန်း မျှော်စင်တွင်။
တစ်မနက်ခင်းလုံး စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပြီးသည့်နောက်တွင် သူတို့လေးယောက်လုံး အစားအသောက်တချို့ မှာယူ၍ နေ့လည်လာ စားရန် ဟန်ပြင်လိုက်ကြသည်။
မွန်းလွဲပိုင်းတွင်လည်း စမ်းသပ်စစ်ဆေးမှုတို့ ဆက်ပြီး လုပ်ဆောင်ရမည် ဖြစ်သဖြင့် မြန်မြန် ခပ်သွက်သွက် စားလိုက်ကြပြီး တစ်နာရီအတွင်းမှာပဲ စားသောက်ပြီးစီးသွားခဲ့ကြသည်။
“ မေမေ … သက်ပြင်းချနေတာ တော်ပြီး အားရှိအောင် တစ်ခုခု စားစမ်းပါ … ခဏနေကျရင် စစ်ဆေးတာတွေ ထပ်လုပ်ဖို့ လိုသေးတယ်လေ…” ကျိုးရှင်းယွီ လောဆော်လိုက်သည်။
“ နင်တို့ စားကြ … ငါ မဆာဘူး …”
ထန်လိ၏ သွင်ပြင်မှာ ယမန်နေ့ကထက် ပိုပြီး စိုးရိမ်ကြောင့်ကြနေပုံပေါ်သည်။ သူမ၏ မျက်နှာထက်တွင် စိတ်ဖိစီးမှု အပြည့် ဖြစ်နေခဲ့၏။
“ ငါ ဒီလောက် စစ်ဆေးမှုတွေ လုပ်ပြီးတာတောင် အဖြေရှာမရသေးဘူးဆိုတော့ ရောဂါက အတော်လေး ပြင်းထန်နေလို့လား မသိဘူးနော်…”
“ အန်တီရယ် … အဲ့လောက်ထိလည်း အတွေးလွန်မနေပါနဲ့ … လင်းရီ ခဏနေ ရောက်လာတော့မှာ… သူ ကြည့်ကြပ်ပြီး လုပ်ပေးလိမ့်မယ်… ကျိန်းသေပေါက် အဆင်ပြေမှာ သေချာတယ်… ဒီတော့ အတွေးလွန်မနေနဲ့ … ဟုတ်ပြီလား …” ရန်စီ နှစ်သိမ့်ပေးလိုက်၏။