← Chapters

အပိုင်း ၈၂၅-၈၂၈

Vol. 42 Ch. 825-828

အပိုင်း ၈၂၅-၈၂၈

Vol. 42 Ch. 825-828

အပိုင်း ( ၈၂၅ )

တွေ့ရတာ အရမ်းဝမ်းသာပါတယ်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ရှေ့တွင် ရှိနေသည့်အချိန်များတွင် သူမသည် အမြဲတမ်း အပူအပင်မရှိဘဲ သူ့‌ကိုခြောက်ဖို့ နောက်ပြောင်မှုများ ပြုလုပ်လေ့ရှိသည်။

ထို့ကြောင့် ကျူးရှောင်ကျောင်းလဲကျသွားသည်ကို ယဲ့ဖန်မြင်သောအခါ သူ့ကို နောက်ပြောင်နေသည်ဟုပင် ထင်‌နေလေသည်။

သို့သော် သူမ၏ အသက်ရှူရခက်နေသည့် ပုံစံမှာ သိသာထင်ရှားသောကြောင့် တစ်ခုခုမှားနေပြီဟု မကြာမီတွင် သူသိလိုက်‌လေသည်။

သူမမျက်နှာတွင် မိတ်ကပ်လိမ်းထား‌သော်လည်း နီမြန်းနေသည်ကို သူ မြင်နေရလေသည်။

သူသည် လျင်မြန်စွာ ပြေးလာပြီး သူမကို ကူညီလိုက်သည်။

" ရှောင်ကျောင်းဘာဖြစ်နေတာလဲ "

ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်သည် မရပ်မနား တုန်ခါနေသည်။

သူမ၏ ဖြူဖျော့‌နေသော နှုတ်ခမ်းသည် လှုပ်သွားသော်လည်း အသံမထွက်နိုင်ပေ။

ရုတ်တရက် ပြောင်းလဲသွားအ‌ခြေအနေကို ပတ်ဝန်းကျင်မှ လူများ မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။

နှစ်ယောက်သား စကားပြောရင်း ရယ်နေခဲ့ကြသည် ။

သူမ ဘာလို့ ရုတ်တရက် ဒီလိုဖြစ်သွားရတာလဲ။

ရှုကျင်းရှင်းသည် ခဏတာ ထိတ်လန့်သွားသော်လည်း သူမ ချက်ချင်း တုံ့ပြန်မှု ပြုလိုက်ပြီး အရေးပေါ်နံပါတ်ကို ခေါ်ရန် သူမ ဖုန်းကို လျှင်မြန်စွာ ထုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျူးရှောင်ကျောင်းကို လျှို့ဝှက်စောင့်ကြပ်နေသော အစောင့်နှစ်ယောက်သည်လည်း အမြန် ပေါ်လာတယ်။

" မမ‌လေး အဆင်ပြေရဲ့လား "

အစောင့်နှစ်ယောက်မှာ စိတ်ပူလွန်း၍ မျက်နှာများ ဖြူဖျော့သွားကြလေသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ သွေးခုန်နှုန်းကို လေးနက်သော အမူအရာဖြင့် စစ်ဆေးပြီးနောက် အစောင့်၏ လက်ကောက်ဝတ်တစ်ဖက်ကို ရုတ်တရက်ဆွဲကိုင်လိုက်သည်။

" သူမမှာ မွေးရာပါ နှလုံးရောဂါရှိတာလား "

အစောင့်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသည်။

အစောင့်သည် နာကျင်နေသော်လည်း ရင်တထိတ်ထိတ်နှင့် အံကြိတ်ပြီး ပြန်ဖြေလိုက်သည်။

“ ဟုတ်ကဲ့ ”

ယဲ့ဖန်၏ ဆုပ်ကိုင်မှုသည် ပို၍ တင်းကြပ်လာသည်။

" သူ့မှာ ဒီရောဂါရှိနေမှန်းသိနေတာကို ဘာလို့ သူ့ကို လှည့်ပတ် ပြေးခွင့်ပြုထားရတာလဲ။ ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ မသိဘူးလား"

အစောင့်သည် အလွန်နာကျင်သဖြင့် ချွေးစီးများပါ ပြန်လာလေသည်၊

“ မမလေးကျူးရဲ့ ရောဂါက ကုလို့မရပါဘူး။ သူ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်တွေမှာ လျှောက်လည်ချင်တယ်လို့ ပြောထားတာပါ။ ခေါင်းဆောင်က မမလေးရဲ့ လုံခြုံရေးကိုပဲ အကာအကွယ်ပေးဖို့‌ ပြောထားပြီး ကျွန်တော်တို့ကို မမလေးအနားမှာ သိပ်အနှောင့်အယှက် မပေးမိစေနဲ့လို့ မှာထားတာပါ…...”

ယဲ့ဖန်၏ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသည်။

သူသည် 'ခေါင်းဆောင်' ဆိုသည့် အဓိပ္ပါယ်ကို အပြည့်အ၀ နားလည်ရန် မကြိုးစားတော့ဘဲ ကျူးရှောင်ကျောင်းကိုသာ စိုက်ကြည့်နေမိနေသည်။

သူ့ရှေ့မှာ သူမ ပေါ်လာ‌သည့်အခါတိုင်းတွင် မိတ်ကပ် ထူထူလေးကို အမြဲလိမ်းထားသောကြောင့် သူမ၏ မျက်နှာရိပ် မျက်နှာကဲကို မြင်ရဖို့ ခက်ခဲလေသည်။

မဟုတ်လျှင် သူမ၏ရောဂါကို ဟိုးအရင်ကတည်းက ရိပ်မိနေမည် ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် အရာအားလုံး ရုတ်တရက် ဖြစ်ပျက်သွားသောကြောင့် သူ၏ စိတ်ထဲတွင် အနည်းငယ် ဖရိုဖရဲ ဖြစ်နေ‌လေသည်။

သူမကို ဘယ်ကနေစပြီး ကုသရမည်မှန်း မသိပေ။

ရှေးယခင်ကတည်းက တရုတ်တိုင်းရင်းဆေးပညာတွင် ဆိုရိုးစကားတစ်ခုရှိခဲ့သည်။

“ အပြင်လူက ပိုမြင်ရသည် "

ဆိုလိုသည်မှာ အနီးနားက လူတွေကို မပြုစုသင့်ပေ။

ကိုယ်နှင့် ရင်းနှီးသည့် သူများက ပြုစုပေး‌သည့်အခါတွင် စိုးရိမ်ပူပန်မှုများကြောင့် အမှားများ ဖြစ်‌စေနိုင်သည့်အတွက် ပြုစုမပေးသင့်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် မည်မျှပင် နာမည်ကြီး ဆရာဝန်ဖြစ်စေကာမူ မိသားစုဝင်များ နေမကောင်းသောအခါတွင်မူ ကုသရန် ပြင်ပမှ ဆရာဝန်ကို ရှာကြလေ့ရှိသည်။

သူမကို ကယ်တင်ရန် နည်းလမ်းကို ကြိုးစား တွေးနေချိန်တွင် ကျူးရှောင်ကျောင်း အနည်းငယ် သတိပြန်လည်လာပြီး ဖျော့တော့စွာ ပြုံးပြလိုက်သည်။

" ယဲ့ဖန်၊ ငါအဆင်‌ပြေပါတယ်၊ မစိုးရိမ်ပါနဲ့..."

ယဲ့ဖန် ဒေါသထွက်‌နေလေသည်။

" မင်း ရူးနေလား။ မင်း ငါ့ကို ဘာလို့ ကြိုမပြောတာလဲ။ မင်း နေမကောင်းမှန်း ငါသိခဲ့ရင်… ”

" နင် သိခဲ့ရင် နင် ငါနဲ့ ဒီလိုတွေ ကစားနေမှာ မဟုတ်ဘူးမလား "

ကျူးရှောင်ကျောင်းသည် သူ့ကို ခါးသက်သော အပြုံးလေးဖြင့် နှောင့်ယှက်လိုက်သည်။

“ ငါ ငယ်ငယ်တုန်းက ဒီရောဂါရှိမှန်း သိလိုက်ရတဲ့အတွက် ငါ့မိသားစုက ငါ့ကို အမြဲတမ်း ကောင်းကောင်းကာကွယ်ပေးပြီး အချိန်တိုင်း ပြုစုစောင့်ရှောက်ခဲ့ပေးခဲ့တာ။ ငါ့မှာ သူငယ်ချင်းလည်း မရှိသလို ဘယ်သူကမှ ငါနဲ့ မကစားရဲဘူး။ ငါ့ရဲ့ နောက်ဆုံးအချိန်‌တွေမှာ သာမာန်ကလေးတစ်ယောက်လိုပဲ ကစားချင်တယ်...”

ယဲ့ဖန်သည် သူမ၏ ဖျော့တော့သော အသံကို ကြားလိုက်ရပြီးနောက်တွင် အနည်းငယ် မှင်သက်သွား‌ရလေသည်။

သူမသည် မိသားစု၏ အလိုလိုက်ခြင်းကို ခံ‌နေရသည်ဟု သူအမြဲတွေးခဲ့ဖူးသည်။

ထို့ကြောင့် သူမသည် မဆင်မခြင်ဖြင့် လုပ်ချင်ရာလုပ်နေသည်ဟု ထင်ခဲ့မိသည်။

ဤအကြောင်းအရာကြောင့် ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျူးရှောင်ကျောင်းသည် သူ့ကို ရီဝေနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" ယဲ့ဖန်နင်သိလား။ နင့်နဲ့သိခွင့်ရလိုက်တဲ့ အချိန်က ငါ့ဘဝရဲ့ အပျော်ဆုံးအချိန်ပဲ။ ငါ နင်နဲ့ အချိန်ကြာကြာ ကစားချင်သေးတယ်..."

ယဲ့ဖန်သည် အတင်းလုပ်ယူပြီး ပြုံးပြလိုက်သည်။

" ရတာပေါ့။ မင်းပြန်ကောင်းလာတဲ့အခါကျရင် မင်းသွားချင်တဲ့နေရာ‌တွေကို ငါ လိုက်ပို့ပေးမယ်။ "

ကျူးရှောင်ကျောင်းသည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

“ အချိန်မရှိဘူး။ ငါ့ခန္ဓာကိုယ်ကို ငါခံစားနိုင်တယ်။ ကြာကြာမထိန်းထားနိုင်တော့ဘူး…”

“ အဲ့လို မပြောနဲ့။ ငါ မင်းကို အဲ့လိုဖြစ်ခွင့်ပြုမှာ မဟုတ်သလို မင်းမသေ‌စေရဘူး "

ယဲ့ဖန်သည် ချက်ချင်းပင် ဒေါသတကြီးနှင့် အော်လိုက်ပြီး သူမ၏ နိမိတ်မရှိသောစကားများကို ဟန့်တားလိုက်သည်။

" ယဲ့ဖန်၊ ငါ့စကားကို နားထောင်ပေးပါ။ ငါ...တကယ် နောင်တရစရာ မရှိဘူး။ အဲ့တာကြောင့် ငါ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ နင့်ဘဝမှာ တစ်ချိန်က မိုက်မဲတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ပြီး နင့်ကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့တာကို နင် အသက်ကြီးလာတဲ့အထိ မှတ်မိပေးနေရင်ကို ငါကျေနပ်နေမှာပါ..."

ကျူးရှောင်ကျောင်းသည် သူမ၏ နောက်ဆုံးစကားများကို ပြောနေသကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်လိုက်လေသည်။

ယဲ့ဖန်၏ နှုတ်ခမ်းများသည် အနည်းငယ် တုန်ရီသွား‌လေသည်။

" စကားတွေ အရင် မပြောနဲ့ဦး။ မင်းရဲ့ရောဂါကို ငါအရင်ကုပေးမယ်။ သက်သာလာတဲ့အခါ ဒီအကြောင်း‌တွေကို ပြောပြလို့ရတယ်။ ”

ထိုအချိန်တွင် ထူပေါရန်သည် လျင်မြန်စွာ ဖြတ်လျှောက်လာ‌လေသည်။

“ ဆရာကြီးယဲ့၊ ကျွန်တော် တစ်ယောက်ယောက်ကို မေးဖူးတယ်။ အနီးဆုံးဆေးရုံကတောင် ဆယ်ကီလိုမီတာကျော်ဝေးတယ်။ အချိန်တိုလေးအတွင်းမှာ ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဒီမိန်းက‌လေးကို ကျွန်တော့်ရဲ့ နားတဲ့ နေရာကို အရင်ခေါ်သွားရအောင်။ ပြီးမှ ကျွန်တော် ဆေးရုံကို ပို့လိုက်ပေးပါမယ် "

ယဲ့ဖန်သည် တခြား ဘာကိုမျှ မပြောချေ။

သူသည် ကျူးရှောင်ကျောင်းကို ခါးမှ ပွေ့ချီလိုက်သည်။

သူမ၏ ခန္ဓာကိုယ်သည် ပွေ့ချီထားသည်ဟု မထင်ရလောက်အောင်ပင် ပေါ့ပါးလွန်းနေသည်။

ထူပေါရန်သည် လူအုပ်ကြီးကြားမှ အမြန်ဖြတ်လျှောက်သွားခဲ့လေသည်။

ယဲ့ဖန်နှင့် ကျန်သည့်သူများသည် လျင်မြန်စွာ အနောက်ကလိုက်သွားကြ‌လေသည်။

...............................................

တစ်ချိန်တည်းမှာပင် ယန်ကျင်းမြို့ရှိ အစောင့်အကြပ်များသော ခြံဝင်းတစ်ခုထဲတွင်ဖြစ်သည်။

အသက်ခုနစ်ဆယ်ကျော် အဘိုးကြီးတစ်ဦးသည် လက်ရေးလှ အ‌ရေးလေ့ကျင့်နေလေသည်။

လက်ရေးလှ စာရွက်ဖြူပေါ်တွင် ' အရေးကြီးသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါတိုင်း စိတ်နှလုံးအား ငြိမ်သက်အောင် ထားရမည်ဖြစ်၏ ' ဟူသော စကားလုံးများကို ထင်ရှားစွာ ရေးသားထားသည်။

အဘိုးအိုသည် စုတ်တံကို ကိုင်ကာ သူ၏ လက်ရေးလှစာကို ကျေနပ်သဘောကျစွာ ကြည့်နေလေသည်။

ထိုလက်ရေးလှသည် သူ မကြာသေးမီက ရေးခဲ့သော လက်ရေးလှများထဲတွင် အကောင်းဆုံးဖြစ်‌ပေသည်။

ထိုအရာကို ပြန်အမှတ်ရစေဖို့အတွက် ဘောင်ခတ်ပြီး သူ့ရုံးခန်းထဲတွင် ချိတ်ဆွဲထားဖို့ စဉ်းစားနေလေသည်။

ထိုအချိန်တွင် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးသည် ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာလေသည်။

သတင်းဆိုးတစ်ခုကို ကြားလိုက်ပြီးသည့်နောက်တွင် ဖုန်းကို သူ့လက်ထဲ၌ ကိုင်ဆောင်ထားဆဲဖြစ်သည်။

" အဖေ၊ မကောင်းတာတစ်ခု‌တော့ ဖြစ်သွားပြီ..."

အဘိုးအို၏ မျက်နှာတွင် ချက်ခြင်းပင် မကျေနပ်သော အမူအရာ ပေါ်လာလေသည်။

သူ၏ လက်ရေးလှ လေ့ကျင့်ရာ အခန်းသည် အမြဲတမ်း တားမြစ်ထားသော နေရာတစ်ခုဖြစ်သည်။ သူမှလွဲ၍ သူ၏ အဖိုးတန် မြေးမ‌လေးတစ်ယောက်သာ ဝင်နိုင်သည်။

သူ့၏ သားအပါအ၀င် တခြားလူတိုင်းသည် သူ့ခွင့်ပြုချက်ရမှာသာ ၀င်ရောက်ခွင့် ရနိုင်မည်ဖြစ်သည်။

" အသက်ဘယ်လောက်ရှိနေပြီလဲ။ မင်းက တစ်ခုခုကို ကြုံတွေ့ရတဲ့အခါတိုင်းကို ထိတ်လန့်နေတတ်တုန်းပဲလား။ ဒီလိုပုံစံမျိုးနဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို မင်းရနိုင်မယ် ထင်နေလား "

အဘိုးအိုသည် ချက်ချင်းပင် ပြစ်တင်ရှုတ်ချလိုက်‌လေသည်။

ထိုလူသည် အလျင်စလို မတ်တပ်ရပ်လိုက်ပြီး တခြားဘာမျှမပြောရဲသော်လည်း သူ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသေးသည်။

ထိုအခါမှသာ အဘိုးအို၏ အမူအရာသည် ငြိမ်သက်သွားလေသည်။

" ကဲ မင်းပြော၊ ဘာကိစ္စရှိလို့လဲ "

သူသည် စကားတစ်ခွန်းပြောပြီးသည်နှင့် တစ်ပြိုင်နက် စုတ်တံကို မင်ခွက်‌ပေါ်သို့ တင်ရန် ပြင်လိုက်သည်။

" ရှောင်ကျောင်း၊ သူမ...သူမ မရတော့မှာ စိုးရိမ်ရတယ်..."

ထိုလူ၏ အသံမှာ တုန်ခါနေပြီး စကားမဆုံးခင်မှာပင် သူ ငိုချလိုက်သည်။

ဟား

အဘိုးအို၏ လက်ထဲက စုတ်တံသည် သူရေးထားသော လက်ရေးလှ စာလုံးတွေပေါ် ပြုတ်ကျသွားပြီး သူ၏ သေသပ်လှပနေ‌သော ပန်းချီကားကို ချက်ချင်း ဖျက်ဆီးလိုက်လေသည်။

ထို့နောက် ဘုတ်ခနဲ ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ အဖေ… ”

" အဖေ၊ အဆင်ပြေရဲ့လား "

လူလတ်ပိုင်းအရွယ်အမျိုးသားသည် အဘိုးအိုကို လျင်မြန်စွာ ထူပေးလိုက်သည်။

သူ၏သမီးကို ဆုံးရှုံးရတော့မည်။

သူ၏အဖေကိုပါ ဆုံးရှုံးလိုက်ရလျှင် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။

အဘိုးအိုသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။

" မြန်မြန်...ငါ့ကို ဖုန်းပေး "

လူလတ်ပိုင်းအရွယ်အမျိုးသားသည် နှောင့်နှေးမ‌နေဘဲ ဖုန်းကို အလျင်အမြန် ပေးလိုက်သည်။

ဖုန်းကိုင်သည့်သူမှာ ကျူးရှောင်ကျောင်းကို ကာကွယ်ရန် စေလွှတ်ထားသော အစောင့်တစ်ဦး ဖြစ်လေသည်။

" ဘယ်လို ဖြစ်တာလဲ "

အဘိုးအိုက ဖုန်းကိုယူပြီးနောက် အမြန်မေးလိုက်သည်။

တစ်ဖက်မှ အစောင့်သည် ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် သတင်းပို့‌ပြောပြလိုက်သည်။

အဘိုးအိုသည် ထိုစကားကို ကြားပြီးနောက် ခေါင်းမူးလာပြန်သည်။

" သူမကို ဆေးရုံပို့ပြီးပြီလား "

အပိုင်း ( ၈၂၆ )

သူကို အရင် ကြိုးစားကြည့်ခိုင်းလိုက်ပါဦး။

အစောင့်သည် ခဏတာမျှ တွန့်ဆုတ်သွားသည်။

" သခင်လေးယဲ့က ပြောတယ်။ ဒီနေရာက ဆေးရုံနဲ့ဝေးလွန်းတယ်။ ပြီးတော့ သွားရမယ့်လမ်းက အဖုအထစ်တွေများတဲ့အတွက်ကြောင့် ပိုလို့‌တောင် အန္တရာယ်ရှိနိုင်တယ်။ သခင်လေးယဲ့က ကျွန်တော်တို့ အားလုံးကို ကားထဲက‌နေ ထွက်စေချင်ပြီး မမလေးကို ကုချင်တယ်လို့ ပြောနေတယ် ........... "

သူ‌ပြောတာ မဆုံးခင်မှာပင် အဘိုးအိုသည် အော်ငေါက်လိုက်လေသည်။

“ မင်း ကိစ္စတွေကို ရှုပ်ထွေးကုန်အောင် တမင်လုပ်နေတာလား။ အဲ့ကလေးက သူ့ကိုယ်သူ တန်ခိုးရှင်လို့ တကယ် ထင်နေသလား။ အရင်တစ်ခေါက် အဲ့ကလေးက ရှောင်ကျောင်းကို ဒုက္ခရောက်အောင် လုပ်ထားတာကိုတောင် ငါမကျေနပ်နိုင်သေးဘူး။ ဒီတစ်ကြိမ်မှာရော ရှောင်ကျောင်းရဲ့ ဘဝနဲ့ချီတဲ့ ကိစ္စကို ဘယ်လိုတောင် နောက်ပြောင်နေနိုင်ရတာလဲ "

ဖုန်း၏ တခြားတစ်ဖက်မှ အစောင့်များသည် အသက်ပင် မရှူရဲကြတော့ပေ။

အဘိုးအိုသည် ကိုယ့်ကိုယ်ကိုယ် စိတ်လျော့လိုက်လေသည်။

“ အဲ့ကလေးကို အခုချက်ချင်း ရှောင်ကျောင်းကို ဆေးရုံပို့ဖို့ ငါက ပြောလိုက်တယ်လို့ သွားပြောလိုက်။ တခြားဘာကိုမှ သူ့ကို လုပ်ခွင့်မပြုနိုင်ဘူး။ "

အစောင့်သည် ချက်ချင်းပင် အမိန့်ကို နာခံခဲ့သည်။

ထိုအခိုက်အတန့်တွင် အစောင့်၏ သတိရှိသော အသံသည် ဖုန်း၏ တခြားတစ်ဖက်သို့ ၀င်ရောက်လာသည်။

“ သခင်လေးယဲ့၊ မြန်မြန်လေး မမလေးကို ဆေးရုံကို ပို့စေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် မမလေးအတွက် တကယ်ကို အန္တရာယ်ရှိနိုင်ပါတယ် ... "

"ငါ့ကိုလာသင်ပေးဖို့ မင်းကို လိုအပ်နေတယ် ထင်‌နေလား။ ထွက်သွား "

“ ဒါက မမလေးရဲ့ အဘိုးအမိန့်ပါ။ မင်း ... "

“ သူ့ရဲ့ အမိန့်‌တွေကသာ ထိရောက်မှုရှိ‌နေခဲ့ရင် ရှောင်ကျောင်းက ဒီလိုအခြေအနေမျိုး ဖြစ်နေမှာတောင်မဟုတ်ဘူး။ "

" ဒါပေမယ့်၊ တကယ်လို့ ... "

“ တကယ်လို့ဆိုတာမျိုး မရှိစေရဘူး။ တစ်ခုခုဖြစ်ခဲ့ရင်လဲ ငါ့ဘ၀နဲ့ပါ လဲပေးလိုက်မယ် "

အဘိုးအိုသည် ထိုစကားကို ကြားလိုက်သည့်အခါ အနည်းငယ်မျှ ကြောင်အသွားလေသည်။

ဒီကလေးက စိတ်ကြီး၀င်လွန်းနေတာ မဟုတ်ဘူးလား။

သူသည် အဘိုးအို၏ အမိန့်ကို ဂရုမစိုက်ရုံသာမက အဘိုးအိုကိုပင် ဆူပူရန် အခွင့်အရေးပင် ရအောင် ယူလိုက်သေးပေသည်။

ဒါက ကောင်းကင်ကိုပင် ဆန့်ကျင်တော့မည့် အရိပ်အယောင်ပင် ဖြစ်လေသည်။

လူလတ်ပိုင်းအရွယ်လူကြီးသည် ဖုန်းထဲမှ စကားများကို ကြားသည်နှင့် သူ့ဖခင်၏ မျက်နှာထားကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

သူ၏ ဖခင်သည် အချိန်ကြာမြင့်စွာ မြင့်မားသောအနေအထားတွင် ရှိခဲ့ပြီး သူ၏ ဂုဏ်သိက္ခာသည် တစ်နေ့ပြီး တစ်နေ့ ကြီးမာလာခဲ့လေသည်။

မည်သူကမျှ ထိုသို့သော အရာများကို မပြောရဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိ‌နေပြီ ဖြစ်လေသည်။

သူ၏ ဖခင်သည် ဒေါသထွက်သွားပြီး ထိုကလေးကို ထိုနေရာတွင်ပင် ကွပ်မျက်ရန် ယန်းချန်မြို့သို့ တစ်စုံတစ်ဦးကို စေလွှတ်လိုက်မည်ကို လူလတ်ပိုင်းအရွယ်လူကြီးမှာ စိုးရိမ်နေလေသည်။

သို့သော် အဘိုးအိုသည် အမျက်မထွက်ခဲ့ပေ။

အဘိုးအိုသည် တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။

“ ဒီကောင်ဆိုးလေးရဲ့ ဒေါသကြီးပုံက ငါငယ်ငယ်တုန်းကနဲ့ ဆင်တူတာပဲ။ အဲ့ဒီတုန်းက ငါ အရမ်းဒေါသထွက်လာတဲ့အခါဆိုရင် ချက်ချင်း ငါ့ရဲ့ စီနီယာကိုတောင် အော်ငေါက်ရဲခဲ့တာ။ အဲ့တာကြောင့်မလို့ သူတို့က ငါ့ကို နာမည်ပြောင်တောင်ပေးထားသေးတယ်၊ ရူးနေတဲ့ကျူးတဲ့ "

သူ၏ဖခင်သည် အတိတ်က အကြောင်းအရာများ ပြန်လည်‌ ပြောကြားနေသည်ကို ကြားရသောအခါ လူလတ်ပိုင်းအရွယ်လူကြီးသည် အံ့အားသင့်သွားခဲ့သည်။

သူ၏ ဖခင်သည် လူငယ်‌လေးတစ်ဦးဆီမှ အဆူငေါက်ခံခဲ့ရသည်။

သို့သော် ဒေါသမထွက်သည့်အပြင် ထိုလူငယ်လေးကို မြှောက်ပင့်ပြောနေလေသေးသည်။

"အဖေ, အခုဘာလုပ်သင့်သလဲ။ ကျွန်တော်တို့က တကယ်ကြီး ဒီကလေး အရူးလုပ်တာကို ခံရမှာလား။ တကယ်လို့ ရှောင်ကျောင်းသာ ... "

အဘိုးအိုက သူ၏ စကားစကိုဖြတ်ရန် လက်ကို မြှောက်ကာတားလိုက်သည်။

" မင်း‌ရော ငါ‌ရော နှစ်ယောက်လုံးက ရှောင်ကျောင်းရဲ့ အခြေအနေကို သိနေကြတာပဲ။ တကယ်တော့ သူမ ဆေးရုံကိုသွားရင်တောင်မှ ဘာမှ အသုံး၀င်မှာ မဟုတ်ဘူး။ ငါလွှတ်ထားတဲ့ အစောင့်က အရင်တစ်ခေါက် ဒီကလေးက ဆေးပညာဘက်မှာ အတော်လေးတော်တယ်လို့ ပြောခဲ့ဖူးတာကို ငါ အမှတ်ရပြီ "

လူလတ်ပိုင်းအရွယ်လူကြီးသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

သူ၏ သမီးသည် အဝေးတွင် တစ်ယောက်တည်း ရောက်နေသည့်အတွက်ကြောင့် သူသည် သူ၏ သမီးအတွက် အရာအားလုံးကို ပြီးပြည့်စုံအောင်မလုပ်ပေးနိုင်ပေ။

ထို့ကြောင့် သူသည် သူ၏ သမီးကို ကာကွယ်ရန် လူအများအပြားကို လျှို့ဝှက်စွာ စေလွှတ်ထားခဲ့လေသည်။

ယဲ့ဖန်သည် သူ့သမီး၏ အနီးအနားတွင် ရှိနေသည့်သူ ဖြစ်လေသည်။

ထို့ကြောင့် ယဲ့ဖန်အား သူသည် အထူးဂရုပြုမိခဲ့လေသည်။

ဒီအတိုင်းပဲ စောင့်ကြည့်ရ‌တာပေါ့။

ယဲ့ဖန်အ‌ကြောင်းကို သူကိုယ်တိုင်ထက် ဘယ်သူကမှ ပိုမသိနိုင်ချေ။

ထိုကလေးသည် ငယ်ရွယ်သော်လည်း သူ၏ စွမ်းရည်ကြောင့် ကျော်ကြားလေသည်။

သူသည် အောက်ခြေမှစတင်ပြီး အချိန်တိုအတွင်း ကြီးမားသော စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။

ထို့အပြင် သူ၏ စွမ်းရည်များသည် ပုံမှန်ထက် ထူးကဲလှသည်။

သူသည် ကိုယ်ခံပညာ၊ ရှေးဟောင်းပစ္စည်း၊ လောင်းကစား၊ ကားပြိုင်ခြင်း၊ ဆေးပညာ, ကျောက်လောင်းကစား စသည့် နယ်ပယ်များတွင် အကြွင်းမဲ့ တတ်ကျွမ်းသည်ဟု ပြောနိုင်ပေသည်။

သူသည် လူထူဆန်းတစ်ယောက်ဖြစ်ပေသည်။

လူလတ်ပိုင်းအရွယ်လူကြီးသည် ထိုအစီရင်ခံစာများကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည့်အခါတွင် သူ၏ ဉာဏ်ရည်ဉာဏ်‌သွေးစနစ်သည် တစ်ခုခုမှားယွင်း‌နေသည်ဟုပင် ထင်ခဲ့‌လေသည်။

ထိုအကြောင်းအရာများသည် အနည်းငယ် အဓိပ္ပာယ် မရှိလှချေ။

သို့သော် ထပ်မံ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်အခါတွင် ဤအချက်အလက်အားလုံးသည် မှန်ကန်‌နေကြောင်း သူတွေ့ရှိခဲ့ရသည်။

ဤကလေး၏ တတ်‌မြောက်နိုင်စွမ်းသည် အလင်းအရှိန်ဖြင့်ပင် စွမ်းရည်မြင့် တက်လာနေလေသည်။

ထိုအစီရင်ခံစာများထဲမှ ယဲ့ဖန်၏ ဆေးပညာကျွမ်းကျင်မှုသည် သူ၏အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။

သူ့သမီး၏ ရောဂါကို ကုသရန်အတွက်နှစ်များစွာ ကမ္ဘာပေါ်ရှိ ကျော်ကြားသော ဆရာဝန်များအားလုံးနီးပါးကို သူရှာဖွေခဲ့လေသည်။

ထို့ကြောင့် သူသည် ဆေးပညာနှင့်ပတ်သက်၍ အကျွမ်းတ၀င်ရှိလှသည်။

သို့သော် သူသည် ယဲ့ဖန်ကို သံသယရှိနေသေးသည်ဖြစ်လေသည်။

အမှန်မှာ ဤက‌လေးသည် အရာများစွာသင်ယူခဲ့သည်။

သူ၏ ဆေးပညာကျွမ်းကျင်မှုနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည်ဟု သူ မသိရ‌သေးသောကြောင့် သူ၏သမီးကို ကုသရန် ယဲ့ဖန်အား မပြောခဲ့ရသေးခြင်း ဖြစ်သည်။

သူသည် ယနေ့အဖြစ်အပျက်ကို ရုတ်တရက်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ၏ သမီးအခြေအနေသည် အရေးပါသောကြောင့် သူသည် ယဲ့ဖန်ကို ကြိုးစားကြည့်ခိုင်းရန်သာ ခွင့်ပြုနိုင်‌ပေသည်။

" ဒီကလေးရဲ့ ဆေးပညာကျွမ်းကျင်မှုဟာ တကယ်ကိုထူးဆန်းတယ်။ သူက ဆရာမရှိဘဲ ဒါကိုလေ့လာခဲ့တာလို့ ပြောနိုင်တယ်။ ဦးလေးကျောင်းကိုတောင် သူကယ်ခဲ့တာ။ '

ထိုသူပြောနေသော ဦးလေးကျောင်းဆိုသည်မှာ ကျောင်းဖုလင်၏ ဖခင် သခင်ကြီး ကျောင်းဖြစ်ပေသည်။

ထိုမိသားစု နှစ်စုအကြား ဆက်ဆံ‌ရေးသည် အမြဲကောင်းမွန်ခဲ့ပေသည်။

ဆရာကြီးကျောင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူ၏ ဖခင်ထံသို့ လာရောက်လည်ပတ်ခဲ့‌သေးသည်။

အဘိုးအိုသည် ခေါင်းငြိမ့်လိုက်သည်။

" အခုဒီကိစ္စမှာ ဒီကလေးကို အရင် ကြိုးစားကြည့်ခွင့်ပေးလိုက်မယ်။ တကယ်လို့ သူက ရှောင်ကျောင်းကို ဒီအသက်ဘေးက ကျော်လွှားနိုင်‌အောင် ကူညီနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ မြေးမ‌လေးက ဒီအခက်အခဲကို မကျော်လွှားနိုင်ခဲ့ဘူးဆိုရင်လဲ ဒါဟာ သူမရဲ့ဘဝ‌ပေး ကံကြမ္မာလို့ပဲ မှတ်ရမှာပေါ့ "

လူလတ်ပိုင်းအရွယ်လူကြီးသည် တိတ်တဆိတ် ခေါင်းညိတ်နေပြီး တခြားမည်သည့်အရာကိုမျှ မပြောခဲ့ပေ။

သူ၏ အဖေသည် ယခုကဲ့သို့ ဖြေသိမ့်နိုင်သည်ဟု ထင်‌ရသော်လည်း သူသည် အလွန်ပင် စိတ်သောကဖြစ်နေကြောင်း လူလတ်ပိုင်းအရွယ်လူကြီးက သိနေလေသည်။

ရှောင်ကျောင်းသည် အဘိုးအို၏ ဘ၀ဟုပင် ဆိုနိုင်လေသည်။

ရှောင်ကျောင်းသာ တစ်ခုခုဖြစ်ခဲ့မည်ဆိုလျှင် ... သူ၏ အဖေသည် ထိုထိုးနှက်မှုဒဏ်ကို ခံနိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင် သူတို့၏ မျှော်လင့်ချက်အားလုံးကို ထိုကလေးအပေါ် သာ ပုံအပ်ထားလိုက်ကြ‌လေသည်။

သူသည် အံ့ဖွယ်ရာ ဖြစ်ရပ်တစ်ခုကို ထပ်မံ ဖန်တီးနိုင်မည်ဟု သူတို့ မျှော်လင့်နေကြလေသည်။

.................................

တစ်ချိန်တည်းမှာပင် ကျောက်လောင်းကစားစင်တာ၏ ကားပါကင်ရှိ ဇိမ်ခံRVကားထဲတွင် ဖြစ်သည်။

ယဲ့ဖန်သည် သူမကို ဆေးရုံသို့မပို့ခဲ့ချေ။

ကျူးရှောင်ကျောင်း၏ အခြေအနေသည်သာ အရေးအကြီးဆုံးဖြစ်ပေသည်။

အဖုအထစ်များသော လမ်းမကြီးကို ဖြတ်မောင်းခြင်းက ပို၍ အန္တရာယ်များစေလိမ့်မည်။

ထို့ကြောင့် သူသည် သူမအား ဤ‌နေရာတွင်သာ ကုသရန်ဆုံးဖြတ်ခဲ့သည်။

သူသည် လူတိုင်းကို ကားထဲမှ ထွက်ခိုင်းလိုက်ပြီး ရှုကျင်းရှင်းကိုသာ သူ့ကို ကူညီရန် နေခဲ့ခိုင်း‌လေသည်။

ကျောက်သမားများသည် ပြန်မသွားခဲ့ကြပေ။

သူတို့သည် ကားအပြင်ဘက်တွင် စောင့်‌ပေးနေကြ‌လေသည်။

ဤအရာသည် ဆရာကြီးအပေါ်ထားရှိသော သူတို့၏ စိတ်သ‌ဘောထားကို ပြသနိုင်မည့် အခွင့်ကောင်းတစ်ခုဖြစ်‌ပေသည်။

သူတို့သည် အလွယ်တကူ ဆရာကြီးအပေါ် စိတ်လျော့သွားကြလိမ့်မည် မဟုတ်ချေ။

အစောင့်နှစ်‌ယောက်သည် တံခါးကို စောင့်‌နေကြပြီး မည်သူ့ကိုမျှ ချဉ်းကပ်ရန် ခွင့်မပြုကြပေ။

အဖြစ်မှန်ကို မသိသော လူတစ်စုသည် အဝေးမှ ကြည့်‌ နေကြလေသည်။

မည်သည့်အရာ ဖြစ်နေသည်ကို သူတို့မသိကြ‌ပေ။

နာမည်ကြီးတစ်ယောက် လောင်းကစားစင်တာသို့ ရောက်လာသည်ဟုပင် ထင်နေကြလေသည်။

ဘာဖြစ်နေသည်ကို သိချင်သော ရဲတင်းသူများသည် အနီးကပ်ကြည့်ချင်နေကြလေသည်။

သို့သော် ထိုသူတို့သည် အစောင့်နှစ်ဦး၏ လူသတ်တော့မည့် အကြည့်ကို တွေ့ကြသောအခါ ကြောက်ရွံ့၍ ချက်ချင်းပင်ထွက်ပြေးခဲ့ကြသည်။

အရေးပေါ် ခွဲစိတ်ကုသမှု တစ်ခုကို ဤမျှ ရိုးရှင်းသော အပြင်အဆင်ဖြင့်သာ ပြုလုပ်ခဲ့သည်။

အပိုင်း ( ၈၂၇ )

အဲ့လိုလူစားမျိုး မဟုတ်ဘူး။

ယခုအချိန်တွင် RVကားထဲ၌။

ကျူးရှောင်ကျောင်းသည် မကြီးလွန်းသော အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ယဲ့ဖန်သည် သူမ‌၏ ဘေးနားတွင် ထိုင်ကာ သွေးခုန်နှုန်းကို တိုင်းနေလေသည်။

သူမ ရောဂါသည် ယခုအချိန်အထိ ယဲ့ဖန် ကုဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးသော ရောဂါဟု ဆိုနိုင်သည်။

အမှားသေးသေးလေး တစ်ခုကပင် သူမ၏ ဘဝကိုဆုံးရှုံးစေနိုင်သည်။

ထိုကြောင့် ယဲ့ဖန်သည် သူ၏ ကုသမှုတိုင်းကို သေချာစွာ လုပ်ဆောင်ရမည် ဖြစ်သည်။

ရှုကျင်းရှင်းသည် အဆင်သင့် အကူအညီ‌ပေးနိုင်ရန် ဘေးနားတွင် ရပ်နေလေသည်။

ကျူးရှောင်ကျောင်းသည် အလွန်ပင် အားနည်းနေပြီး စကားပြောရန် အင်အားပင် မရှိတော့ချေ။

ယဲ့ဖန်သည် သူမ၏ ရောဂါကို အမည်မတပ်ခင် ဆယ်မိနစ်မျှ သူမကို ထပ်မံ၍ စစ်ဆေးမှု ပြုလုပ်ခဲ့လေသည်။

မွေးရာပါနှလုံးရောဂါကို အမျိုးအစားများစွာ ခွဲခြားနိုင်လေသည်။

ပိုမိုရိုးရှင်းသော လက္ခဏာများဖြင့် ‌‌နှလုံးရောဂါများသည်ကား ကုသရန် ပိုမိုလွယ်ကူလေသည်။

ရှုပ်ထွေးသော လက္ခဏာများဖြင့် နှလုံးရောဂါ အမျိုးအစားများလည်း ရှိပေသည်။

ကျူးရှောင်ကျောင်း၏ ရောဂါသည် နှလုံးသွေးပြန်ကြော ပျက်စီးမှု ဖြစ်လေသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဘယ်ဘက် ဗဟိုသွေးလှောင်ခန်းသို့ စီးဆင့်သင့်သော ဘယ်ဘက်နှင့် ညာဘက်အဆုတ်သွေးပြန်ကြောများသည် ညာဘက်ရှိ ဗဟိုသွေးလှောင်ခန်းဆီသို့ တိုက်ရိုက် စီး၀င်နေလေသည်။

ဤ‌ရောဂါသည် အလွန် ရှားပါး‌လှလေသည်။

မွေးရာပါ နှလုံးရောဂါ၏ ၁.၅ရာခိုင်နှုန်းမှ ၃ရာခိုင်နှုန်းခန့်အထိသာရှိပြီး ၇၀ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းသည် ကုသမှု မအောင်မြင်၍ နို့စို့က‌လေးအရွယ်တွင် သေဆုံးကြလေသည်။

ဆက်လက် အသက်ရှင်နိုင်သော လူအများစုသည်လည်းလူကြီးအရွယ်အထိ မနေနိုင်ကြပေ။

ကျူးရှောင်ကျောင်း၏ မိသားစုနောက်ခံသည် အလွန်‌ ကောင်းမွန်လှလွန်း၍သာ ယခုအချိန်အထိ သူမကိုထောက်ပံ့နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအရာသည် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။

ယဲ့ဖန်သည် သူမ၏ ရောဂါပြင်းထန်မှုကို နားလည် သဘောပေါက်ပြီးနောက် တွန့်ဆုတ်နေလေသည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူ့တွင် ထိုရောဂါနှင့် ပတ်သက်၍ အတွေ့အကြုံမရှိချေ။

သူမအတွက် ၁ရာခိုင်နှုန်းခန့်သာ အခွင့်အ‌ရေး ရှိနေလေသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ကုသမှုခံယူ‌နေစဉ် အချိန်အတွင်းတွင် ကျူးရှောင်ကျောင်းသည် အသက်ဆုံးရှုံးနိုင်ခြေ ၉၉ရာခိုင်နှုန်းပင် ရှိနေလေသည်။

အကယ်၍ ထိုကဲ့သို့ ဖြစ်ခဲ့မည်ဆိုလျှင် ကျူးမိသားစုသည် သူ့အား ဒေါသထွက်ကြလိမ့်မည် ဖြစ်သည်။

ကျူးမိသားစု၏ လုပ်ပိုင်ခွင့်အာဏာမည်မျှရှိသည်ကို သူသည် အတိအကျ မသိသော်လည်း ပုရွက်စိတ်တစ်ကောင်ကို အလွယ်တကူ နင်းချေလိုက်သကဲ့သို့ပင် သူ့အား သတ်လိမ့်မည်ဟု တွေးတောမိလေသည်။

သို့သော်လည်း သူသည် မည်သည့်အရာကိုမျှ မလုပ်ဘဲ လက်ပိုက်ကြည့်‌နေရန်သာ ရွေးချယ်ခဲ့ပြီး သူမ သေဆုံးသွားခဲ့လျှင် ထိုကိစ္စနှင့် ပတ်သက်၍ သူအား အပြစ်ပြောနိုင်စရာမရှိပေ။

သူ မကူညီခဲ့ကြောင်းကို ကျူးမိသားစု သိရှိသွားခဲ့မည်ဆိုလျှင်ပင် ထိုအရာနှင့် ပတ်သက်၍ သူ့အား အပြစ်မဆိုနိုင်ပေ။

သို့သော် ဤအတွေးများသည် ခဏတာသာ သူ၏ စိတ်ထဲတွင် ပေါ်လာပြီး ယဲ့ဖန်ကိုယ်တိုင် ထိုအတွေးများကို ချေဖျက်လိုက်လေသည်။

အကယ်၍ သူသည် သူမအား အမှန်တကယ်ပင် မကယ်တင်လိုက်နိုင်လျှင် ကျူးမိသားစု၏ ဒေါသမှ လွတ်‌မြောက်လာနိုင်‌သော်လဲ သူ၏ နှလုံးအိမ်ထဲ၌ ထာဝရအပြစ်ရှိ‌နေမည့် စိတ်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ထိုအောင်မြင်နိုင်သည့် ၁ရာခိုင်နှုန်းအတွက် သူ၏ အရာအားလုံးကိုပင် ပေးလိုက်နိုင်လေသည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် သူသည် ဖုန်းကိုချက်ချင်း ထုတ်ယူခဲ့ပြီး ဆေးညွှန်းရေးလေသည်။

သူသည် ရှုကျင်းရှင်း၏ ဖုန်းသို့ ပို့လိုက်လေသည်။

" အနီးဆုံး တရုတ်ဆေးဆိုင်ကို ချက်ချင်းသွားလိုက်ပြီး သူတို့ကို ဖြစ်နိုင်သမျှ ဆေးကို အမြန်ဆုံး ပို့ပေးဖို့ ပြောလိုက်ပါ။ "

ထို့နောက် ယဲ့ဖန်သည် ထပ်‌လောင်း၍ ပြောလိုက်သည်။

" မင်းကိုယ်တိုင်ပဲ သွားလိုက်ပါ။ တခြားသူတွေကိုဆို ကိုယ်စိတ်မချလို့ "

ရှုကျင်းရှင်းသည် ထိုကိစ္စမှာ အရေးကြီးသည်ကို သိရှိလေသည်။

ထို့ကြောင့် မည်သည့်အရာမျှ မပြောလေဘဲ ကားအပြင်သို့ ထွက်လိုက်လေသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ပြန်၍ကြည့်လိုက်သည်။

" ရှောင်ကျောင်း၊ ငါ မင်းရဲ့ ရောဂါကို ကုပေးတော့မှာ။ အဲ့တာကြောင့်မလို့ ငါ လုပ်ထုံးလုပ်နည်းတွေ ပြောနေမှာမဟုတ်ဘူး။ အခုက အရေးပေါ်အခြေအနေဖြစ်တာမလို့။ စိတ်မလှုပ်ရှားနဲ့ "

သူသည် စကားပြောပြီးနောက်တွင် လင်ဇီးတစ်ခုကို ထုတ်လိုက်လေသည်။

သူမသည် ယခုအချိန်တွင် လင်ဇီးကို မဝါးနိုင်သောကြောင့် ယဲ့ဖန်သည် သူ၏ ပါးစပ်ထဲတွင် ဝါး၍ နှုတ်ခမ်းချင်း တေ့ပြီး ကျွေးရုံမှ တပါး အခြားရွေးချယ်စရာမရှိပေ။

အကယ်၍ ကျူးရှောင်ကျောင်းတွင် ခွန်အားကျန်ရှိနေသေးမည်ဆိုလျှင် ရွံရှာသောကြောင့် သူ့အား တွန်းလိုက်မည် ဖြစ်ပေသည်။

သို့သော် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အင်အားကုန်ခမ်း‌‌နေပြီး ယဲ့ဖန်ပြုသမျှ နုနေရလေသည်။

သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသည်ကို မြင်တွေ့နိုင်လေသည်။

ထိုသို့ ဆေးခွံ့ပြီးနောက် ယဲ့ဖန်သည် သူမ၏ အင်္ကျီကြယ်သီးများကို စတင် ဖြုတ်လိုက်လေသည်။

ကျူးရှောင်ကျောင်းသည် ထိတ်လန့်သွားလေသည်။

သူမသည် သူ့ကို တားလိုက်ချင်သော်လည်း သူမတွင် ထိုသို့ပြုလုပ်ရန် ခွန်အား မရှိခဲ့လေချေ။

ထို့ကြောင့် သူလုပ်သမျှကို ကြည့်ရှုနေရန်သာ တတ်နိုင်လေသည်။

ယဲ့ဖန်သည် သူမ၏ အင်္ကျီကို ချွတ်ပြီး‌နောက် သူမ၏ အတွင်းခံကို ဖယ်ရှားလိုက်လေသည်။

ထို့နောက် သူသည်လည်း ထိတ်လန့်သွားလေသည်။

သူသည် ' ဆရာဝန်တစ်ဦး၏ နှလုံးသားသည် မိဘတစ်ယောက်ကဲ့သို့ လူနာပေါ်တွင် သဘောထားရမည် ' ဟူသော စကားလုံးများကို ရွတ်ဆိုနေခဲ့သော်လည်း သူ့တွင် ညစ်ညမ်းသော အတွေးများ မပေါ်လာစေရန် မျှော်လင့်နေလေသည်။

သို့သော် သွယ်လျ‌သောခါးလေးကို သူ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများသည် အကြည့်မလွှဲနိုင်တော့ချေ။

ကျူးရှောင်ကျောင်း၏ အာရုံမစိုက်နိုင်နေသော အကြည့်များသည် ဒေါသအကြည့်များ အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားလေသည်။

ယဲ့ဖန်သည် သူ၏ မျက်လုံးများကို အလျင်အမြန် ပိတ်လိုက်ပြီး အသက်၀၀ ရှူသွင်းလိုက်လေသည်။

ထို့နောက် သူသည် သူ၏ စိတ်ကို လျော့ချလိုက်သည်။

သူ မျက်လုံးကို ပြန်ဖွင့်သောအခါတွင်မူ သူ၏ စိတ်နှလုံးသည် ရေကဲ့သို့ပင် ကြည်လင်‌နေလေသည်။

သူသည် သူနှင့် အမြဲတမ်း သယ်‌ဆောင်သွားလေ့ရှိသော ငွေရောင်အပ်အိတ်ကို ထုတ်လိုက်ပြီး သူမ၏ နှလုံးတွင် အပ်များကို စတင် စိုက်လိုက်လေသည်။

ဤအပ်စိုက်ကုထုံးဆိုင်ရာ နည်းလမ်းသည် ဖြည့်စွက်နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။

လင်ဇီးဖြင့် ချီသွေးကြောကို နှလုံးနှင့် အဆုတ်သို့ ပြန်လည်ဖြည့်တင်းပြီး နှလုံးနှင့်အဆုတ်ဆီသို့ သွေးများ ပြန်လည်စီးစေရန်သာ ဖြစ်သည်။

ဤတည်နေရာများသည် အထူး‌နေရာများဖြစ်သောကြောင့် သူသည် သတိထားရန်လိုအပ်ပေသည်။

အပ်စိုက်ကုသမှု ပြီးသွားသည့် အချိန်၌ သူသည် ချွေးများရွှဲရွှဲစိုနေပြီ ဖြစ်လေသည်။

အဆိုပါအကျိုးသက်ရောက်မှုသည် သိသိသာသာ ရှိလှလေသည်။

ကျူးရှောင်ကျောင်း၏ အခြေအ‌နေသည် ယခင်ကထက် များစွာပို၍ တိုးတက်လာလေသည်။

ထိုကုသနည်းသည် ရိုးရှင်းသည်ဟု ထင်ရသော်ငြား နာရီဝက်ကျော် ကြာမြင့်ခဲ့‌လေသည်။

ယခုအချိန်တွင် ရှုကျင်းရှင်းသည် ပြန်ရောက်လာခဲ့လေသည်။

သူမကားထဲသို့ ဝင်လိုက်ချိန်၌ ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူမ အံ့အားသင့်သွားလေသည်။

သူမအနေဖြင့် ထိုကိစ္စများသည် အရေးတကြီး လိုအပ်နေကြောင်း သိသော်လည်း အခြားအမျိုးသမီးတစ်ဦးသည် ယဲ့ဖန်‌ရှေ့တွင် အ၀တ်အစားကင်းမဲ့နေသည်ကို တွေ့လိုက်ရသောအခါ သူမ အနည်းငယ် အဆင်မပြေဖြစ်သွားလေသည်။

" မင်း ဘာစောင့်နေတာလဲ။ မြန်မြန်လာပြီး ဆေးကို ပေးလိုက် "

ယဲ့ဖန်သည် အနည်းငယ် စိုးရိမ်နေလေသည်။

သူမ အံ့ဩမှင်သက်နေသည်ကို မြင်လိုက်ပြီးနောက် သူမကို ဆူလိုက်လေသည်။

ရှုကျင်းရှင်းသည် သူမ အာရုံပြန်စူးစိုက်ကာ နှုတ်ခမ်းစူလိုက်လေသည်။

သူမသည် အမြန်လျှောက်လာကာ သူ့အား တရုတ်ဆေးထုပ် နှစ်ထုပ်ကို ပေးလိုက်လေသည်။

ယဲ့ဖန်သည် စိတ်ပူပန်‌နေဆဲဖြစ်ပြီး သူမကို ချက်ချင်းပင် မေးလိုက်လေသည်။

" ဆေးညွှန်းအတိုင်း ယူခဲ့တာ သေချာလား”

" ကျွန်မကို မယုံနေရင်လဲ ရှင့်ဘာသာရှင် သွားယူလိုက်ပါ့လား”

ရှုကျင်းရှင်းသည် သူ၏မေးခွန်းကို ကြားပြီးနောက် အလွန်ပင် ဒေါသထွက်သွားလေသည်။

သူမသည် ဆေးကို မှားယွင်းစွာ ရလာမည်ကို စိုးရိမ်မိလေသည်။

ထို့ကြောင့် သူမသည် တရုတ်ဆေး ဆေးပညာရှိများကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်အထိ ဆေးအညွှန်းကို ထပ်ခါထပ်ခါပြောခဲ့လေသည်။

သို့သော် သူမပြန်‌ရောက်သောအခါတွင်မူ သူသည် သူမကို ထိုသို့ မေးခွန်းထုတ်ကာ မေးမြန်းခဲ့လေသည်။

သူမသည် အလွန်စွပ်စွဲခံရသည်ဟု ခံစားခဲ့ရလေသည်။

ယဲ့ဖန်၏ အာရုံသည် ကျူးရှောင်ကျောင်းအပေါ်တွင်သာ ရှိနေပြီး သူမ၏ ခံစားချက်များကို သတိမပြုမိခဲ့ပေ။

" ရေပူ တစ်ဖလား သွားယူပေး "

ရှုကျင်းရှင်းသည် ယဲ့ဖန်၏ သဘောထားကို လွန်စွာမကျေမနပ် ရှိသော်လည်း ဤအခြေအနေသည် အရေးကြီးသည်ကို သူမသိလေသည်။

သူမသည် ချက်ချင်းပင် ရေပူယူရန် ကားထဲမှ ထွက်ခွာသွား‌လေသည်။

မကြာခင်အချိန်တွင် သူမသည် ရေပူဖလားဖြင့် ပြန်လာခဲ့လေသည်။

ယဲ့ဖန်သည် ရေ၏ အပူချိန်ကို စမ်းသပ်ပြီး တရုတ်ဆေးထုတ် နှစ်ခုကို လောင်းထည့်လိုက်လေသည်။

ထို့နောက် သူသည် လက်သုတ်ပုဝါကို တွေ့ရှိပြီး ရေထဲသို့စိမ်လိုက်ကာ ကျူးရှောင်ကျောင်းအား ရေပတ်တိုက်ရန် ပြင်ဆင်လိုက်‌လေသည်။

" ဟို ... ကျွန်မကို လုပ်ခွင့်‌ပေးပါ။ "

ယဲ့ဖန် ရေပတ်တိုက်ပေးရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ရှုကျင်းရှင်းသည် သူ့ကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။

ယဲ့ဖန်သည် တုန့်ပြန်ခြင်း မပြုမီ ခဏတာ ဆွံ့အသွားပြီး‌နောက် မျက်နှာသုတ်ပဝါကို သူမအား အလျင်အမြန် ပေးလိုက်သည်။

" နားလည်မှုမလွဲနဲ့ဦး။ သူမရဲ့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ဖို့ ကူညီချင်ရုံပဲ။ အဲ့လို နည်းနဲ့ သူမရဲ့ ချွေးပေါက်တွေကို ဖွင့်ပေးမလို့။ ဒီနည်းလမ်းက ပိုအဆင်ပြေ..... "

" ရှင် ကျွန်မကို ရှင်းပြစရာမလိုပါဘူး။ ရှင်က အဲ့လိုလူမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ "

ရှုကျင်းရှင်းသည် ကျူးရှောင်ကျောင်းဆီသို့ လှည့်မထွက်သွားခင် အဓိပ္ပာယ်အပြည့်ရှိသော အပြုံးကို ပြုံးပြလိုက်လေသည်။

ယဲ့ဖန်သည် ပြောစရာစကား ပျောက်ဆုံးသွားလေသည်။

ရှင်က အဲ့လိုလူမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်တယ်ဆိုတဲ့ စကားက ဘာကို ဆိုလိုချင်တာလဲ။

ငါက အစကတည်းက အဲ့လို လူမျိုး မဟုတ်ဘူးပဲလေ။

အပိုင်း ( ၈၂၈ )

သူမ၏ ကျန်ရှိ‌နေ‌သော ဘ၀တစ်သက်တာသည် သူ့အတွက်သာ ရှင်သန်တော့မည။

ရှုကျင်းရှင်းသည် ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးနေဆဲဖြစ်ပေသည်။

ယခု သူပြုလုပ်ခဲ့သော ကုသမှုသည် အကြိုသဘောမျိုးသာ ဖြစ်သည်။

နောက်ဆက်တွဲ ပြုလုပ်မည့် ကုသမှုသည်သာ အစစ်အမှန် ကုသမှုကြီးဖြစ်ပေသည်။

ထို့ကြောင့် သူသည် သူ၏ စိတ်အခြေအနေကို အကောင်းဆုံး အခြေအနေဖြစ်‌အောင် ပထမဆုံး ပြုလုပ်‌‌နေလေသည်။

ထို့နောက် အဓိက စိန်ခေါ်မှုကြီးအတွက် ပြင်ဆင်လေသည်။

" ကျွန်မ ရေပတ်တိုက်ပေးလို့ ပြီးပြီ” ဟု ရှုကျင်းရှင်း သူ့ကို သတိပေးခဲ့သည်။

ယဲ့ဖန်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကျူးရှောင်ကျောင်းကို ကြည့်ရန် လှည့်လိုက်လေသည်။

သူမကို စောင်ဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ ညှို့ယူဖမ်းစား‌နေသော အသွင်အပြင်ကို မြင်နေရဆဲဖြစ်လေသည်။

ယဲ့ဖန်သည် ရုတ်တရက် အတွေးတစ်ခု တွေးမိလေသည်။

ရှုကျင်းရှင်းကို သူ့အား အကူအညီပေးရန် အနောက်တွင် ရှိနေခိုင်းခဲ့သည်မှာ မှားယွင်းသော ရွေးချယ်မှုတစ်ခု ဖြစ်ကောင်းဖြစ် ဖြစ်နိုင်ပေသည်။

ထိုအရာများကို ... အမှန်ဆိုလျှင် သူလည်း လုပ်နိုင်ပေသည်။

သူသည် အနည်းငယ် အာရုံပျံ့လွင့်ပြီး‌နောက် ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့လေသည်။

သူသည် ကျူးရှောင်ကျောင်း၏ ဘေးသို့ ပြန်သွား‌ပြီး နောက်တစ်ကြိမ် ပိုးမသတ်မီ ငွေအပ်များကို သူမ၏ ရင်ဘတ်မှ ဖယ်ရှားခဲ့သည်။

အမှန်ဆိုလျှင် သူမ၏‌ ရောဂါကို အပြီးပျောက်ကင်းအောင် ကုသမည်ဆိုလျှင် သူသည် ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်လေသည်။

သို့သော် ဤခွဲစိတ်ကုသမှုသည် အလွန်ခက်ခဲသောကြောင့် ဆရာဝန်၏ အရည်အသွေးသည် အထူးကောင်းမွန်ရန် လိုအပ်လေသည်။

သူသည် ထိုသို့အရည်အချင်းရှိသော ဆရာဝန်ကို အချိန်တိုအတွင်း ရှာမတွေ့နိုင်ပေ။

သူသည် ခွဲစိတ်ကုသမှုတွင် လွန်စွာ ကျွမ်းကျင်သူ မဟုတ်ပေ။

အစိမ်းရောင် ဆေးကျမ်းစာအုပ်သည် ခွဲစိတ်ကုသခြင်းနှင့် ခန္ဓာဗေဒအကြောင်းကို သင်ကြားပေးထားသော်လည်း အလွန်သေချာတိကျပြီး အလောင်းကောင်ပေါ်တွင် အကြိမ်ကြိမ် လေ့ကျင့်ထားရန် လိုအပ်လေသည်။

ယခု အချိန်တွင် ထိုအရာများကို ပြုလုပ်ရန် သူ့တွင် အခွင့်အလမ်း ရှိမနေချေ။

ကျူးရှောင်ကျောင်းအပေါ် သူ မစမ်းသပ်ရဲပေ။

တစ်ခုခု မှားယွင်းသွားခဲ့လျှင် သူသည် အဆတစ်ရာမက သေဆုံးရမည် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် သူမ၏ ဘဝကို ယာယီ ကယ်တင်နိုင်မည့် ရှေးရိုးကုသမှု နည်းလမ်းများကိုသာ အသုံးပြုနိုင်ပေသည်။

နောင်အခါတွင် သူသည် ခွဲစိတ်ကုသရာရန် အရည်အသွေး ပြည့်မှီသော ခွဲစိတ်ဆရာဝန်တစ်ဦး ရှာတွေ့ချင်လေသည်။

သို့မဟုတ်လျှင် သူ၏ ခွဲစိတ်ကုသသည့် စွမ်းရည်များကို တိုးတက်အောင်ပြုလုပ်ပြီးလျှင် ခွဲစိတ်ကုသမှုများကို အဆုံးသတ်သည့်တိုင် ကုသပေးမည် ဖြစ်ပေသည်။

သူသည် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီးနောက် ကျူးရှောင်ကျောင်းအား အပ်များဖြင့် ဂရုတစိုက်ဖြင့် ကုသခြင်း စတင်လိုက်လေသည်။

သူသည် အဆုတ်သွေးပြန်ကြောမှ ညာဘက် ဗဟိုသွေးလှောင်ခန်းထဲသို့ ပုံမှန်မဟုတ်စွာ စီးဝင်နေခြင်းကို ပြန်လည် တည့်မတ်ရမည် ဖြစ်သောကြောင့် သူလုပ်ဆောင်မည့်အဆင့်တိုင်းကို ဂရုစိုက်ရန် လိုပေသည်။

ပထမအကြိမ် အပ်တစ်ချောင်း စိုက်ရခြင်းပြီးလျှင်ပင် သူ၏ နဖူးတွင် ချွေးပြန်လာလေသည်။

ရှုကျင်းရှင်းသည် လက်သုတ်ပုဝါကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး သူ၏ ချွေးများကို သုတ်ရန် ကူညီပေးလေသည်။

ဒုတိယအပ်နှင့် တတိယအပ်ကို မစိုက်မီ ယဲ့ဖန်သည် သက်ပြင်းနှစ်ချက် ချလိုက်လေသည်။

ထိုအပ်စိုက်ကုထုံးသည် စုစုပေါင်း အပ်၄၂ချောင်း စိုက်ရန် လိုအပ်သော်လည်း သူသည် အပ်အချောင်း ၂၀ကျော်ကို စိုက်ပြီးသောအခါ မူးဝေမှုကို ခံစားလိုက်ရလေသည်။

သူ၏ နဖူးပေါ်၌ ချွေးများသည် မိုးရေများကဲ့သို့ စိုရွှဲနေလေသည်။

ရှုကျင်းရှင်းသည် တုန်လှုပ်သွားလေသည်။

သူမသည် ချွေးသုတ်ပေးလိုက်သည်။

ထို့နောက် " ရှင် အရင်ဆုံး အနားယူချင်လား” ဟု ဂရုတစိုက်မေးလေသည်။

ယဲ့ဖန်သည် ခေါင်းကို ခါလိုက်လေသည်။

“ မနားတော့ဘူး။ ဒီအပ်စိုက်ကုထုံးနည်းစနစ်က တစ်ကြိမ်တည်းနဲ့ ပြီးအောင်လုပ်ရမှာ၊ မဟုတ်ရင် သူမက သွေးဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ အသက်အန္တရာယ် ထိခိုက်နိုင်တယ် “

ရှုကျင်းရှင်းသည် ကျူးရှောင်ကျောင်းကို ထပ်မံ၍ ကြည့်ရှုရန် သူမ၏ ခေါင်းကိုလှည့်လိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ ပါးပြင်သည်အနည်းငယ် အနီရောင် သန်းနေပြီး ထိုအရာသည် ပုံမှန်မဟုတ်သော အနီရောင်ဖြစ်လေသည်။

သူမ၏ မျက်လုံးများသည် ပိုမိုမှုန်ဝါးလာပြီး လေတိုက်ခံနေရသည့် ဖယောင်းတိုင်တစ်ခုကဲ့သို့ပင် မည်သည့်အချိန်၌မဆို ပျောက်သွားနိုင်သည့် အခြေအနေဖြစ်နေလေသည်။

ယဲ့ဖန်သည် အပ်အနည်းငယ်ကို စိုက်ပြီးနောက် မူးဝေလာသည်ကို ခံစားလာရသည့် အပြင် ကြယ်များကို မြင်ယောင်စ ပြုလာနေပြီ ဖြစ်လေသည်။

သူသည် ချက်ချင်းပင် သူ့ကိုယ်သူအား နိုးကြားစေရန် နှစ်ခါမျှ ရိုက်လိုက်လေသည်။

သို့သော် ဤသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်သုံးစွဲမှုသည် ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့် အကျိုးသက်ရောက်နိုင်သည့် အရာမဟုတ်ချေ။

သူသည် အနည်းငယ် မူးဝေနေဆဲဖြစ်လေသည်။

သူသည် သူ့ကိုယ်သူအား သတိရှိနေရန် လှုံ့ဆော်ပြီးနောက် အပ်စိုက်ခြင်းကို ဆက်လက်ပြုလုပ်လေသည်။

သူသည် ၂၈ ကြိမ်မြောက်အပ်ကို စိုက်ပြီးနောက် အပ် ၁၄ ချောင်းသာ ကျန်ရှိတော့လေသည်။

အကယ်၍ သူသည် ဆက်လက်ကြိုးစားမည်ဆိုလျှင်အောင်ပွဲကို သူ မြင်နိုင်တော့မည် ဖြစ်ပေသည်။

သူသည် မိမိကိုယ်ကို နိုးနိုးကြားကြားရှိစေရန် ပြုလုပ်ပြီးနောက် အပ်စိုက်ခြင်းကို ဆက်လက်ပြုလုပ်ခဲ့သည်။

ရှုကျင်းရှင်းသည် သူ့အား ထိုကဲ့တွေ့ရသောအခါ သူမသည် ဝမ်းနည်းကြေကွဲမှုနှင့် မနာလိုမှု နှစ်မျိုးလုံးကို ခံစားရလေသည်။

သူမသည် ယခု လဲလျောင်းနေသူ နေရာ၌ သူမသာ ဖြစ်လိုက်ချင်သည်ဟုပင်‌ တွေးမိ‌‌နေလေသည်။

သူမအား လွန်စွာ အပြင်းအထန် ကုသပေးနေမည် ဆိုလျှင် သူမသည်လည်း ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပေသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းအပေါ် တွင်အာရုံစိုက်နေသောကြောင့် သူမ၏ အမူအရာကို သတိမထားမိခဲ့ချေ။

အပ် ၁၀ ချောင်း စိုက်ရန်သာ ကျန်ရှိတော့လေ။

ရှစ်ချောင်းသာ ကျန်တော့လေသည်။

အပ် ၅ ချောင်း.......

နောက်ဆုံး၌ သူသည် နောက်ဆုံးအပ်ကို ကျူးရှောင်ကျောင်း၏ လိုအပ်သော အပ်စိုက်ကုထုံးနေရာတွင် စိုက်နိုင်လိုက်သည့်အခါ သူသည် ခန္ဓာကိုယ်အား မခံစားမိတော့ချေ။

သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခွန်အား ကုန်ဆုံးသွားပြီဖြစ်ပြီး သူ၏ စိတ်များသည်လည်း ထွေပြားနေပြီဖြစ်လေသည်။

" စိတ်ငြိမ်ငြိမ်ထားပြီး နာရီဝက်ကြာရင်..... သူမဆီက အပ်တွေကို ကူဖြုတ်ပေးပါ.... ပိုပြီးထိရောက်..... "

သူသည် ရှုကျင်းရှင်းကို သတိပေးရန် သူ၏နောက်ဆုံးခွန်အားကို အသုံးပြုခဲ့သည်။

ထို့နောက် သူ၏ခြေထောက်များသည် ပျော့ခွေသွားပြီး မြေပေါ်သို့လဲကျသွားလေသည်။

သူလဲကျသွားသည့် အချိန်၌ပင် ကျူးရှောင်ကျောင်းသည် သူမ၏ မျက်လုံးများကိုဖြည်းဖြည်းချင်း ဖွင့်လာလေသည်။

သူမသည် စိတ်ရှုပ်ထွေးနေသော်လည်း ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းစွာသိလေသည်။

သူမ၏ အသက်ကို ကယ်ဆယ်ရန် သူ၏ ဘ၀နှင့်ချီ၍ စွန့်စားပြီး အင်အားကုန်ခမ်း၍ လဲကျသွားသည်အထိ သူမအတွက် ကြိုးစားပေးမည့် အမျိုးသားတစ်ယောက်ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကျူးရှောင်ကျောင်းသည် သူမ၏ အခြေအနေ မည်သို့ဖြစ်နေသည်နှင့် သူမသည် မည်မျှ အသက်ရှင် နေထိုင်နိုင်မည်ကို မသိပေ။

သို့သော် သူမသည် သူမ၏ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးသည် ယဲ့ဖန်သာပိုင်ဆိုင်ကြောင်း သဘောထားလိုက်လေတော့သည်

နောင်အချိန်များတွင် သူမအနေဖြင့် သူ့အတွက်သာ အသက်ရှင်ပေးနေတော့မည် ဖြစ်လေသည်။

ရှုကျင်းရှင်းသည် အိပ်ပျော်နေသော ယဲ့ဖန်ကို ကြည့်နေလေသည်။

သူမ၏ ခံစားချက်များသည်လည်း ရောထွေးနေလေသည်။

ထိုအရာများဖြစ်ပျက်ပြီးနောက် သူမချစ်သောသူသည် အခြားအမျိုးသမီးတစ်ဦးကြောင့် မူးလဲသွားသည်အထိ ဖြစ်သွားရသည်ကို သူမ ကြည့်နေရခြင်းသည် ကောင်းသောအရာတစ်ခုတော့ မဟုတ်နေချေ။

သူမသည် ရှေ့သို့တိုးလိုက်ပြီး သူ့အားကူညီရန်ကြိုးစားသော်လည်း သူသည် ဝက်သေတစ်ကောင်ကဲ့သို့ပင် ဖြစ်နေလေသည်။

သူမသည် သူ့အား တစ်စက်ကလေးမျှပင် မရွှေ့နိုင်သည့်အတွက် သူအား ထိုနေရာ၌ပင် ထားထားရလေသည်။

သူမသည် ယဲ့ဖန် မလဲကျသွားခင်က ပြောခဲ့သော သတိပေးချက်ကို အမှတ်ရလေသည်။

သူမသည် ငွေရောင်အပ်များကို မနှုတ်မီ နာရီဝက်တိုင်အောင် စောင့်ဆိုင်းခဲ့လေသည်။

ကျူးရှောင်ကျောင်းသည် လွန်ခဲ့သော အချိန်ကတည်းက စကားပြောနိုင်လာပြီ ဖြစ်သော်လည်း ရှုကျင်းရှင်းအား မည်သည့်စကားမျိုး ပြောဆိုရမည်ကို သူမ မသိသောကြောင့် မည်သည့်အရာကိုမျှ မပြောဆိုခဲ့ပေ။

ယခုအချိန်တွင် သူမ ဝမ်းပန်းတသာဖြင့် "ကျေးဇူးတင်ပါတယ်” ဟူသော စကားကိုသာ ပြောနိုင်လေသည်။

ရှုကျင်းရှင်းသည် ဖျော့တော့စွာ ပြုံးပြပြီးနောက် ပြောသည်။

" မင်းရဲ့အဝတ်အစားတွေကို ဝတ်လိုက်ပါ။ စိတ်မပူပါနဲ့,။ ငါ မင်းကို ရေပက်တိုက်ဖို့ ကူညီပေးပါမယ် "

ကျူးရှောင်ကျောင်းသည် ရှက်သွေးဖြာသွားလေသည်။

" အစ်မရှု ကျေးဇူးတင်ပါတယ်။ "

....................

တစ်ချိန်တည်းမှာပင် RV အပြင်ဘက်ရှိ အစောင့်တစ်ဦးသည် ယန်ကျင်းမြို့ထံသို့ အစီရင်ခံလိုက်လေသည်။

“ ခေါင်းဆောင်ခင်ဗျ၊ သူတို့ ဒီထဲမှာ နှစ်နာရီနီးပါးရှိနေပြီ။ ဘာသတင်းမှလဲ မကြားရသေးဘူး။ ကျွန်တော်တို့ အထဲကို ဝင်လိုက်ရတော့..... "

" အခုတော့မဟုတ်သေးဘူး၊ ဘာသတင်းမှ မကြားရသေးတာက အကောင်းဆုံးသတင်းပဲ။ "

" ဒါပေမယ့် မမလေးရဲ့အခြေအနေက အရမ်းအရေးကြီးနေပြီး သခင်လေးယဲ့က သူမကို ဆေးရုံကို ပို့ဖို့ ခွင့်မပြုဘူး။ မမလေး အန္တရာယ် တစ်ခုခုဖြစ်မှာ စိုးရိမ်မိတယ် "

" ဒီလိုဆိုရင်ရော၊ တံခါးကိုအရင်ခေါက်ပြီးအခြေအနေကိုမေးလိုက် "

“ ဟုတ်ကဲ့ပါ ခေါင်းဆောင် "

အစောင့်သည် ဖြေကြားပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားပြီး ကားဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်လေသည်။

ထိုအချိန်တွင် ကားတံခါးသည် အတွင်းပိုင်းမှ ရုတ်တရက်ပွင့်လာလေသည်။

ထို့နောက် သူသည် ကျူးရှောင်ကျောင်းမှ ရှုကျင်းရှင်း၏ အကူအညီဖြင့် လမ်းလျှောက်နေသည်ကို တွေ့မြင်သွားလေသည်။

“ မမ ... မမလေးလား "

အစောင့်သည် ထပ်ခါထပ်ခါ ရေရွတ်နေပြီးနောက်တွင် အံ့ဩလွန်းသည့်အတွက် မည်သည့်အရာကိုမျှ မပြောနိုင်တော့ချေ။

ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အားနည်းနေခြင်းသည် အစောင့်၏ အမှားတော့ မဟုတ်ချေ။

အမှန်ဆိုလျှင် ကျူးရှောင်ကျောင်းအား အကာအကွယ်ပေးရန် စေလွှတ်ခံရသည့်သူများသည် ဂရုတစိုက် ရွေးချယ်ထားရသူများပင် ဖြစ်လေသည်။

သူတို့၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်သည် သာမန်လူများထက် သာလွန်လှလေသည်။

သို့သော် ဤမြင်ကွင်းသည် အလွန်ပင် အံ့အားသင့်စရာ ဖြစ်နေလေသည်။

ကျူးရှောင်ကျောင်းသည် RV ထဲသို့ ဝင်ရောက်သည့်အချိန်တွင် သူမသည် သေလုနီးပါးဖြစ်နေခဲ့လေသည်။

နှစ်နာရီလောက် ကြာပြီးသည့်နောက်တွင် သူမသည် ကိုယ်တိုင်ကိုယ်ကျ လမ်းပင်လျှောက်နေပြီ ဖြစ်လေသည်။

သူမ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ မကောင်းသေးသည်ကို တွေ့နိုင်သော်လည်း ဤအရာသည် အံ့ဖွယ်အရာတစ်ခု ဖြစ်လေသည်။

ထို့ကြောင့် အစောင့်သည် တုန်လှုပ်သွားလေသည်။

ထိုအရာသည် အံ့အားသင့်လောက်စရာ အကြောင်းအရာကြီးတစ်ခု မဟုတ်သော်လည်း ယန်ကျင်းမြို့တွင် ရှိနေသော ဆရာကြီးကျူးအတွက် တုန်လှုပ်စရာ ကိစ္စတစ်ခုဖြစ်လေသည်။

“ ငါတို့ ရှောင်ကျောင်းလေး ... သူမ ဘာဖြစ်သွားပြီလဲ”

အဘိုးအို၏ အသံသည် တုန်ရီနေလေသည်။

All Chapters