← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 146 Ch. 2082

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 146 Ch. 2082

ရီဖူရှင်းဘက်၌ လူအများကြီး မရှိသော်လည်း အားလုံးက အစွမ်းထက်သူများဖြစ်ကြသည်။ သူတို့သည်လည်း ပြင်ဆင်လာကြသည်။

တုန်းဟွာအခမ်းအနားအတွင်း၌  ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့က ပူးပေါင်းကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဖျက်ဆီးရန်ကြိုးစားခဲ့ပြီး သူတို့၏ လူအများအပြားကို သတ်ဖြတ်ကာ ဒဏ်ရာအပြင်းအထန်လည်း ရစေခဲ့သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ပြိုလဲပြီးနောက် ဤအခွင့်အရေးကို သုံးကာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်က ပို၍ နီးကပ်လာပြီး မဟာမိတ်လက်ထပ်ပွဲကျင်းပသည့် အ​ခြေအနေသို့ပင် ဆိုက်ရောက်ခဲ့သည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက အာကာသခရီးသွားဝင်္ကပါကို သုံး၍ တုန်းဟွာကောင်းကင်သို့ သွားခဲ့လျှင် ရီဖူရှင်းတို့အဖွဲ့က သူတို့ကို မည်သို့မှ လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် ရှေးဟောင်းတော်ဝင် ယန်မိသားစုက ဤလက်ထပ်ပွဲကို လူသိရှင်ကြား ဖြစ်စေချင်၏။ သူတို့က ထောင်ချီသော ကုန်းမြေများကို ဖြတ်သန်းခရီးဆက်ရင်း တလောကလုံးကို ထိုအကြောင်းအား ကြေညာချင်နေကြသည်။

ရီဖူရှင်းတို့က ထိုသတင်းကို ကြားသောအခါ သူတို့သည် တစ်ချက်လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

တိုက်ဆိုင်စွာနှင့် သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုက ထျန်းချီကုန်းမြေအား ဖြတ်သန်းသွားမည်ကို တွေ့ရှိခဲ့ကြ၏။ သူတို့က ထိုသို့သော အခွင့်အရေးကို မည်သို့ လွဲချော်ခံနိုင် မည်နည်း။

ထျန်းချီကုန်းမြေက ယန်ယွင်ကုန်းမြေနှင့် တုန်းဟွာကောင်းကင်ကြား တည်ရှိသည်။ ၎င်းက ထိုကုန်းမြေနှစ်ခုနှင့် ဝေးကွာသော နေရာတစ်ခုဖြစ်သည်။ အင်ပါယာယန်နှင့် လင်းယွင်ကျီက သူတို့၏ ထွက်ပေါ်လာမှုကို သတင်းရလျှင်ပင် ချက်ချင်း အချိန်တိုအတွင်း ရောက်လာရန် မဖြစ်နိုင်ပေ။ ထိုအချိန်ကာလက ရီဖူရှင်းတို့အဖွဲ့အား ကိစ္စများစွာ လုပ်ဆောင်နိုင်စေရန် လုံလောက်သည်။သူတို့သည် ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန် ပြီးသွားစေချင်၏။

တန်ခိုးရှင်များက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများထံ ပြေးဝင်သွားကြသည်။ ပြင်းထန်သော တိုက်ပွဲက ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် တိုက်ခိုက်မှုများက ထိုနေရာတွင် ပေါက်ကွဲထွက်လာသည်။  ထိုသည်မှာ လောကကြီးကို အဆုံးသတ်ရန်ပင် လုံလောက်၏။ အခြေအနေများက ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်နေသည်။ အစောပိုင်း၌ မိုင်ထောင်ချီအကွာအဝေး အတွင်း ရှင်းလင်းနေသော ကောင်းကင်က ယခုတွင် ဖျက်ဆီးခြင်းမုန်တိုင်းများ ​ပေါ်ပေါက်လာလေသည်။

အောက်ဘက်ရှိ လူတိုင်းသည် တောက်ပသော နတ်ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားသည်အား မြင်လိုက်ကြရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် မိုးကြိုးတိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရပြီး နတ်မီးလျှံတို့ ကျဆင်းလာကာ ကောင်းကင်အား လောင်ကျွမ်းသွားစေသလို ထင်မှတ်ရ၏။ သူတို့သည် ကြီးမားသော နတ်နဂါးကြီးများက သူတို့၏ နဂါးလက်သည်းများကို ထုတ်ကာ လေဟာနယ်အား စုတ်ဖြဲလိုက်သည်အား မြင်တွေ့လိုက်ကြရသည်။

နဂါးအော်မြည်သံများ ထွက်ပေါ်လာပြီး လူအများ၏ နားစည်များအား တုန်ခါသွားစေသည်။ အောက်ဘက်မှ တန်ခိုးရှင်များက အသည်းအသန် ထွက်ပြေးလိုက်ကြ၏။ အချို့လူများက အဖျားခတ်သည့် စွမ်းအင်လှိုင်းကြောင့် ချောင်းဆိုးကာ လတ်ဆတ်သော သွေးများကို အန်ထုတ်လိုက်ကြရသည်။ မဟာလမ်းစဉ်အလင်းက မြေပေါ်သို့ သက်ဆင်းလာကာ အောက်ဘက်ရှိ အဆောက်အဦးများကို ပြိုကျပျက်စီးသွားစေသည်။ မြေပြင်ပေါ်တွင်လည်း အက်ကြောင်းများ ပေါ်ပေါက်လာသည်။ရန်ဟောင်များသာလျှင် အောက်ဘက်လေဟာနယ်တွင် ကျန်ရစ်ကာ ထိုတိုက်ပွဲကြီးအား မျက်မြင်ကြည့်ရှုနိုင်ကြသည်။

သူတို့၏ အကြည့်များအားလုံးက လူတစ်ယောက်တည်းပေါ်တွင် ရှိနေခဲ့သည်။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အဖြူရောင်ဆံပင်နှင့် ဖြစ်သည်။ သူ့အသွင်အပြင်က ယှဉ်မရအောင် ချောမောပြီး အလွန် ကျက်သရေရှိ ခန့်ညားပေသည်။ထိုသူမှာ ယခင်က တုန်းဟွာအခမ်းအနားတွင် လူတိုင်းအား တုန်လှုပ်သွားစေခဲ့သော လူဖြစ်၏။ ကောလာဟလများအရ သူသည် တုန်းဟွာအခမ်းအနားအတွင်း ရှုံးပွဲမရှိ ပြိုင်ဘက်ကင်းခဲ့သည်။ တူညီသော ကျင့်ကြံခြင်းရှိသည့်သူများကြား သူ့ကို ယှဉ်နိုင်သူမရှိဟု ပြောကြသည်။ သူ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သောအခါ လျှို့ဝှက်နယ်မြေအတွင်း အမွေအနှစ်ကို အသက်သွင်းခဲ့ကာ ယန်တုန်းရန်၊ လင်းဟယ်နှင့် အဆင့်ရှစ်ရန်ဟောင်အနည်းငယ်ကိုပင် သတ်ဖြတ်ခဲ့သေးသည်။ သူ၏ တိုက်ပွဲမှတ်တမ်းများက အလွန် တောက်ပပေ၏။

ထိုအထင်ကြီးစရာ မှတ်တမ်းများအပြင် တုန်းဟွာကျောင်းတော်၏ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့၌ စမ်းသပ်စဉ်က ကောလာဟလများလည်းရှိသေးသည်။ ထိုအဖြစ်အပျက်ကြီးပြီးနောက် ရီဖူရှင်းက အလိုရှိဝရမ်းပြေး ဖြစ်လာလျှင်ပင် သူနှင့်ပတ်သတ်သော ဇာတ်လမ်းများစွာ ရှိသေး၏။ အချိန်ကုန်လွန်သွားသည့်အခါ လူအများက သူ့အကြောင်း တဖြေးဖြေး မေ့ပျောက်သွားကြသည်။ ယခု သူပြန်ပေါ်ပေါက်လာသည့်အခါ ထိုလူများက သူ့အကြောင်းကို ချက်ချင်း ပြန်မှတ်မိလာကြ၏။ သူတို့က ထိုလူ မည်မျှ အစွမ်းထက်သည်ကို မြင်လိုပြီး ကောလာဟလများက မှန်မမှန် သိချင်နေကြသည်။

အချို့လူများသည် ထိုကောလာဟလများက ယခင်က အဖြစ်အပျက်များကြောင့် ချဲ့ကားပြောဆိုခြင်းဟု ဆုံးဖြတ်ကြသည်။ သူက အံ့အားသင့်စရာ ကိစ္စများကို လုပ်ဆောင်ခဲ့သော်လည်း ထိုအရာများက အချိန်ကြာသည်နှင့် လွင့်ပါးသွားလိမ့်မည်။ ထိုသည်က ဖြစ်နေကျပင် ဖြစ်ကာ လောကနိယာမတစ်ခု ဖြစ်လေသည်။

သို့သော် သူ၏ အသွင်အပြင်နှင့် အရှိန်အဝါကို အခြေခံရုံဖြင့် သူက အမှန်တကယ် ထူးချွန်သည်ကို ပြောနိုင်၏။

ရီဖူရှင်း၏ ပုံရိပ်က တိုက်ပွဲအလယ်၌ လေထဲတွင် မျောလွင့်နေသည်။ သူက နဂါးကိုးကောင်ဆွဲသော ရထားလုံးထံ တိုးကပ်သွား၏။ ကြောက်မက်ဖွယ် နတ်အလင်းများက သူ့ကို ရစ်ပတ်ထားသည်။ ထိတ်လန့်စရာကောင်းသည့် မုန်တိုင်းတစ်ခုက သူ့အနီးတွင် ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ယင်ယန်ဝင်္ကပါ ပေါ်ပေါက်လာ၏။ ကြောက်မက်ဖွယ် ယင်ယန်ဝင်္ကပါက ကောင်းကင်တွင် ဆက်လက်လှည့်ပတ်နေကာ ကြီးမားလာနေသည်။ ကြောက်မက်ဖွယ် နတ်ရောင်ဝါတို့က လျှပ်စီးများကဲ့သို့ ဆင်းသက်လာကြသည်။

ဘုန်း...

ယင်ယန်ဝင်္ကပါမှ ကျဆင်းလာသော အလင်းက အဆင့်ခုနစ်ရန်ဟောင်၏ ပုံရိပ်ပေါ်သို့ ဆင်းသက်လာသည်။ ထိုရန်ဟောင်က ချက်ချင်းပင် နတ်အလင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အမှန်တကယ် ပြိုကွဲသွားကာ အမှုန်အဖြစ်ပြောင်းလဲသွားပြီး လေနှင့်အတူ ပြန့်ကျဲသွားလေသည်။

ရထားလုံးအနီးသို့ ရန်ဟောင်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ယင်ယန်နတ်အလင်းက အဆုံးမဲ့သည်ဟု ထင်ရပြီး မဟာလမ်းစဉ် နတ်ဘုရားကပ်ဘေးကဲ့သို့ အဆက်မပြတ် ကျဆင်းလာသည်။ အော်မြည်သံများကို အဆက်မပြတ် ကြားနေကြရသည်။ အဆင့်ရှစ်အောက်မှ ရန်ဟောင်များသည် ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားကြ၏။ သူတို့က ယင်ယန်ဝင်္ကပါ၏ သတ်ဖြတ်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။

အောက်ဘက်မှ လူများသည် ရီဖူရှင်းအား အဆင့်ခုနစ်နတ်နဂါးမှ ဝါးမြိုရန် ကြိုးစားသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် နတ်ရောင်ဝါများက ယင်ယန်ဝင်္ကပါမှ ကျဆင်းလာခဲ့၏။

နတ်နဂါး၏ ကြီးမားသော ပုံရိပ်က ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရသည်။ ထို့နောက် တဖြေးဖြေးချင်း ပြိုကွဲလာကာ အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ နာကျင်သော အော်မြည်သံကြီးက ကောင်းကင်မှ ကျဆင်းလာ၏။

ရီဖူရှင်းသည် ထိုနေရာ၌ ရပ်နေကာ မရှုံးနိမ့်နိုင်သည့်အလားပင်။

"အရမ်းအစွမ်းထက်တာပဲ။"

လူအများသည် ထိုခမ်းနားလှသည့် မြင်ကွင်းကို မြင်သောအခါ သူတို့၏ နှလုံးသားများက တင်းကျပ်လာကြသည်။ တစ်စုံတစ်ယောက်၏ စွမ်းရည်ကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ပါမှ အမှန်တကယ် သိရှိနိုင်လိမ့်မည်။ ကောလာဟလများကို နားထောင်ခြင်းက မမှားပေ။ ရီဖူရှင်းက ထိုနေရာတွင် ကိုယ်တိုင်ရပ်နေမှသာ သူတို့သည် သူက အမှန်တကယ် ပြိုင်ဘက်ကင်းကြောင်း ယုံကြည်ခဲ့ကြသည်။

ထိုအချိန်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော နဂါးအော်မြည်သံက ကောင်းကင်တစ်ခွင် မြည်ဟီးလာသည်။ လူအုပ်ကြီးသည် ထိုနေရာသို့ ကြည့်လိုက်ကြ၏။ အဆင့်ရှစ်နဂါးအင်ပါယာက ကောင်းကင်သို့ တက်လာပြီး သူ၏ ပေထောင်ချီရှည်လျားသော ခန္ဓာကိုယ်က လှုပ်ရှားလိုက်တိုင်း ယိမ်းနွဲ့နေသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ ကြီးမားသော သတ္တဝါကြီး၏ ရှေ့တွင် ရီဖူရှင်းက သေးငယ်သွားပုံပေါ်သည်။ နဂါးအင်ပါယာ၏ လက်သည်းများသည်ပင် ရီဖူရှင်း ခန္ဓာကိုယ်ထက် ကြီးမား၏။ နဂါးအင်ပါယာ၏ လက်သည်းများက လောကတွင် အထက်ရှဆုံးသော ဓားသွားများနှင့် တူသည်။ ၎င်းတို့က ထိတ်လန့်တုန်လှုပ် ကြောက်မက်ဖွယ်ကောင်းလှသည်။လူအများသည် ထိုမြင်ကွင်းအား မြင်သောအခါ သူတို့ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်လာကြောင်း ခံစားလိုက်ရသည်။ ရီဖူရှင်းက ထိုနဂါး၏ ဝါးမြိုခြင်းကို ချက်ချင်း ခံရတော့မလို ထင်မှတ်ရ၏။

ယင်ယန်ဝင်္ကပါမှ ကျဆင်းလာသော အလင်းတို့က နဂါး၏ ခန္ဓာကိုယ်ပေါ် ထိတွေ့သွားခဲ့သည်။ ၎င်းသည် ကြေးခွံများကို ထိုးဖောက်ကာ သူ့ခန္ဓာကိုယ်အား သွေးများဖြင့် လွှမ်းသွားစေသည်။

သို့သော် ၎င်းသည် နဂါးကြီးအား ချက်ချင်း မသတ်ဖြတ်နိုင်ခဲ့ပေ။ အဆင့်ရှစ်နဂါးအင်ပါယာ၏ ခုခံမှုက လူသားတန်ခိုးရှင်တစ်ယောက်ထက် သာလွန်ပေသည်။ သူ၏ နဂါးကြေးခွံများက ဝိညာဉ်ရတနာချပ်ဝတ်ကဲ့သို့ ကြံ့ခိုင်လှ၏။

ယင်ယန်ဝင်္ကပါမှ ကျဆင်းလာသော ထိုသတ်ဖြတ်ခြင်းအလင်းများက သူ့ ခုခံကာကွယ်မှုအား ချိုးဖျက်နိုင်သည်ကပင် အံ့အားသင့်စရာ ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းက အဆင့်ရှစ် နဂါးအင်ပါယာကို ချက်ချင်း သတ်ဖြတ်နိုင်ခြင်း မရှိပေ။

ရီဖူရှင်းက ထိုနေရာ၌ ခိုင်မြဲစွာ ရပ်နေခဲ့ပြီး ထိုကြီးမားသော သတ္တဝါကြီးက သူထံ ချဉ်းကပ်လာသည်ကို ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများထဲ၌ ယုံကြည်ချက်တို့ ပြည့်လျှမ်းနေ၏။ သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့လက်ထဲ၌ လှံရှည်တစ်လက် ပေါ်ပေါက်လာသည်။  ထိုလှံရှည်မှ ပြင်းထန်သော တိုက်ပွဲဆန္ဒများကို ထုတ်လွှတ်နေပြီး သူ့တစ်ကိုယ်လုံးကိုပါ ကြောက်မက်ဖွယ် တိုက်ပွဲဆန္ဒတို့နှင့် လွှမ်းခြုံသွားသည်။ဘုန်း....

နတ်အလင်းတန်းတစ်ခုက ချက်ချင်းပင် ကောင်းကင်သို့ ထိုးတက်လာပြီး ၎င်းက သူ့ပုံရိပ်ကို ဝါးမြိုသွားသည်။ ရီဖူရှင်း၏ နောက်တွင် ဥဒေါင်းတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာ၏။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေ၏။ ထိုအချိန်တွင် ရီဖူရှင်း၏ စွမ်းအားများက အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ ထူးခြားဖမ်းစားနိုင်သော အရှိန်အဝါက ပို၍ ထင်ရှားလာသည်။

ဥဒေါင်းပုံရိပ်က ၎င်း၏ တောင်ပံကို ဖွင့်လိုက်သည်။ အမွေးအတောင်များမှ နတ်အလင်းတို့က ဖြာထွက်လာသည်။ ၎င်းသည် နှိုင်းယှဉ်၍ မရအောင် တောက်ပလှ၏။

နဂါးအင်ပါယာသည် ထိုအရှိန်အဝါကို အာရုံခံမိပြီး ၎င်းက သူ့ကို တုန်ယင်လာစေသည်။ သူက ကျယ်လောင်သော နဂါးအော်မြည်သံကို ထုတ်လွှတ်လိုက်၏။ သူသည် မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါကို ခံစားမိသည့်အတွက် သူ့ အသံတွင် အကြောက်တရားရေးရေး ပါဝင်နေသည်။

ဘုန်း...

လူအုပ်ကြီးသည် ရီဖူရှင်း၏ ပုံရိပ်က လှုပ်ရှားသွားသည်ကို မြင်လိုက်ရ၏။ နတ်အလင်းများက ကျဆင်းလာပြီး ရီဖူရှင်းက အလယ်တွင် ရပ်နေကာ နတ်အလင်းများနှင့်အတူ လှုပ်ရှားလိုက်သည်။ နဂါးအင်ပါယာက သူ၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပြီး လူအုပ်ကြီး ရှေ့၌ပင် ဝါးမြိုရန် ကြံစည်နေသည်။နောက်တခဏတွင် လူအုပ်ကြီးက တောက်ပသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ ကြောက်မက်ဖွယ် နတ်အလင်းက ကြီးမားသော နဂါး၏ ခန္ဓာကိုယ်အတွင်းမှ အသွေးအသားများကို ဖြတ်ကာ ထိုးဖောက်ထွက်လာသည်။ သူ၏ ပုံရိပ်က အလွန် တောက်ပနေသည်။ လူအုပ်ကြီးသည် သူ့ခန္ဓာကိုယ်မှ အပြင်သို့ ထိုးထွက်လာသော အလင်းတန်းများကို မြင်တွေ့နိုင်ပေသည်။ အရာအားလုံးက ခဏအတွင်း၌ ဖြစ်ပျက်သွားလေ၏။

ဝူး.....

ကြီးမားသော နဂါးအင်ပါယာက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ပြင်းပြင်းထန်ထန် တုန်ယင်နေသည်။ တုန်ခါသံနှင့်အတူ နဂါးပုံရိပ်၏ အတွင်းဘက်မှ တောက်ပသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ အဆင့်ရှစ်နဂါးအင်ပါယာက အော်မြည်ရင်း ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ ၎င်း၏ ပုံရိပ်က ပေါက်ကွဲထွက်သွားလေသည်။ ၎င်းသည် အတော်လေး နာကျင်ခံစားရမည့်ပုံပေါ်၏။

သွေးမိုးများ ရွာကျလာသည်။ နဂါးအင်ပါယာ၏ ကြီးမားသော ပုံရိပ်က ပေါက်ကွဲကာ တစစီဖြစ်သွားခဲ့သည်။ ၎င်းက အောက်သို့ ပြုတ်ကျလာပြီး အလွန် သနားစဖွယ်ကောင်းလှသည်။

နတ်အလင်းများက အဖြူရောင်ဆံပင်နှင့် ရန်ဟောင်ကို ဝန်းရံထားသည်။ သူက ယခုတိုင် အစွန်းအထင်းမဲ့ ​သန့်ရှင်းနေဆဲဖြစ်ကာ စိတ်ကူးယဉ်ကမ္ဘာမှ လူသားတစ်ယောက်လိုပင်။ သူက နဂါးအင်ပါယာ၏ ပုံရိပ်ကို ထိုးဖောက်ခဲ့သော်လည်း မည်သည့် အညစ်အကြေးမှ စွန်းထင်းနေခြင်း မရှိပေ။ နတ်အလင်းက အရာအားလုံးကို ကာဆီးပေးထားသည်။

"အရမ်းအစွမ်းထက်တာပဲ။"

တိုက်ပွဲကို ကြည့်နေသည့် တန်ခိုးရှင်များ၏ နှလုံးသားက အလွန် ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ အဆင့်ရှစ်နဂါးအင်ပါယာက တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရ၏။ ထိုလှံတစ်ချက်က ရိုးစင်းသော်လည်း ထိတ်လန့်အံ့သြဖွယ်ပင်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းကာ အဆင့်ရှစ်နဂါးအင်ပါယာကိုပင် တိုက်ရိုက် ထိုးဖောက်နိုင်သည်။

သူတို့သည် ရီဖူရှင်းက ဧကရာဇ်အသိကို ပိုင်ဆိုင်သည်ဟု ကြားဖူးကြသည်။ သူက ထိုစွမ်းအားကို အသက်သွင်းလိုက်လျှင် သူ၏ တိုက်ပွဲစွမ်းအားက ပို၍ပင် အစွမ်းထက်သွားလိမ့်မည်။

သို့ပေမယ့် ယခုထိတိုင် သူက ထိုသို့ မလုပ်သေးသော်လည်း အဆင့်ရှစ်နဂါးအင်ပါယာကို တစ်ချက်တည်းနှင့် သတ်နိုင်နေဆဲပင် ဖြစ်သည်။ ရီဖူရှင်းက မည်မျှ ကြောက်စရာကောင်းသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြ၏။

ထိုသည်ကို ကြည့်လျှင် ရီဖူရှင်းနှင့် ပတ်သတ်သော ကောလာဟလများက အမှန်ဖြစ်ရုံမျှမက သူတို့က ရီဖူရှင်း၏ အစစ်အမှန် စွမ်းအားကိုပင် ခန့်မှန်းရန် ကျရှုံးခဲ့ကြသေးသည်။ သူတို့က မျက်မြင်တွေ့ရမှသာ မည်မျှ အစွမ်းထက်သည်ကို သိနိုင်ပေလိမ့်မည်။

အခြားသော နတ်ဆိုးအင်ပါယာများက ရီဖူရှင်းထံ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူတို့၏ အော်မြည်သံများက ကောင်းကင်ကို တုန်ခါသွားစေသည်။ ရီဖူရှင်းက သူတို့အား တစ်ချက်လှမ်းကြည့်လိုက်၏။ သူက လှံရှည်ကို ကိုင်ကာ ကောင်းကင်ထက်တွင် ရပ်နေခဲ့သည်။ ဥဒေါင်းပုံရိပ်က ၎င်း၏ တောင်ပံများကို ဖြန့်ကျက်ထားဆဲပင်။ နတ်အလင်းက ၎င်းနတ်တောင်ပံ၏ မျက်လုံးမှ ရုတ်တရက် ထိုးထွက်လာသည်။ ထိုအလင်းက ကြောက်မက်ဖွယ် မိုးကြိုးကဲ့သို့ ထင်မှတ်ရသည်။ ကောင်းကင်ထက်တွင် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာပြီး နတ်အလင်းများက ဥဒေါင်းများကဲ့သို့ ထိုးထွက်လာပြီး နတ်ဆိုးအင်ပါယာများထံ တိုးဝင်သွားလေသည်။ဘုန်း...

အစွမ်းထက် အဆင့်ခုနစ်နဂါးများက ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ရပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူတို့က စိတ်မကျေနပ်မှုများစွာနှင့် နာကျင်စွာ အော်မြည်လိုက်ကြသည်။

ရီဖူရှင်းသည် စီရင်သူနတ်ဘုရားကဲ့သို့ ကောင်းကင်မှ ရှေ့ကို ဆက်လျှောက်လာ၏။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ နဂါးအော်မြည်သံများကို ကြားနေကြရသည်။

***

All Chapters