အပိုင်း ၈၃၃-၈၃၆
Vol. 42 Ch. 833-836
အပိုင်း ( ၈၃၃ )
ငါ့ကို မုန်းသွားတာလား
ကျောက်ရှဝူသည် အထူးတပ်ဖွဲ့၏ ထိပ်ဆုံးတပ်သား ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ကျူးလူကြီးမင်း၏ လုံခြုံရေးကို ကာကွယ်ပေးရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
သူသည် မရေမတွက်နိုင်သော ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို တွေ့ကြုံခံစားဖူးသူအဖြစ် မှတ်ယူနိုင်ပြီး သူသည် သေချာပေါက် ရှင်ခြင်း၊သေခြင်းကို လက်ဝယ်မထားသည်အထိ ရက်စက်သော လူတစ်မျိုး ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် ယဲ့ဖန်အား လေးစားစွာ စိုက်ကြည့်နေသည်။
အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော ဤလူငယ်လေးသည် သူ့အား အင်အားဖြင့်လည်း အသာလေး ချေမှုန်းနိုင်လေမည်။
ထို့အပြင် ရှေးဟောင်းပစ္စည်း၊ လောင်းကစား သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု၌လည်း အံ့သြဖွယ်စွမ်းရည်များ ရှိသည်။
သူ သဘောအကျဆုံး ဖြစ်ရပ်မှာ တစ်ဖက်သားသည် ကျူးလူကြီးမင်းနှင့် ရင်ဆိုင်ချိန်၌ပင် တည်ကြည်နိုင်သော စိတ်ဓာတ်နှလုံးသားဖြစ်၏။
ဤလူငယ်လေးသည် အေးဆေးစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး လူကြီးမင်းကိုပင် ငေါက်ရဲသည်။
" ယဲ့လူကြီးမင်း၊ ငါ ကျောက်လူအိုကြီးက ဘဝမှာ လူအနည်းစုကိုပဲ လေးစားဖူးတာ။ မင်းက သေချာပေါက် သူတို့ထဲက တစ်ယောက်ပဲ "
သူသည် လေးနက်စွာ ပြောပြီး လက်မထောင်ပြလိုက်သည်။
ယဲ့ဖန် သူ့ဆီ ဖုန်းကို ပြန်ပေးကာ ပြုံးမပြဘဲ မနေနိုင်ပေ။
" အစ်ကိုကျောက်က ကျွန်တော့်ကို အရမ်း အထင်ကြီးနေပါပြီ။ ယဲ့လူကြီးမင်းလို့ မခေါ်ပါနဲ့။ ကြားရတာ တစ်မျိုးပဲ "
ကျောက်ရှဝူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ဒါဆို မင်းကို ယဲ့ညီလေးလို့ ခေါ်လိုက်မယ် "
ထိုမှသာ ယဲ့ဖန် ကျေနပ်သွားသည်။
" အချိန်ရရင် ကျောက်အစ်ကိုကြီးနဲ့ သောက်ကြတာပေါ့။ အခု ရှောင်ကျောင်းကို အရင်သွားကြည့်ရအောင် "
ကျောက်ရှဝူ ဆက်မပြောတော့ဘဲ ကျူးရှောင်ကျောင်း၏ အခန်းထဲသို့ တန်းပို့ပေးခဲ့သည်။
လက်ရှိအချိန်တွင် ကျူးရှောင်ကျောင်းသည် ဆေးရုံကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တီဗီကြည့်ရင်း အဆာပြေမုန့် စားနေလျက် ရံဖန်ရံခါ ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်မောနေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများအပြင် ယဲ့ဖန်နှင့် ကျောက်ရှဝူတို့၏ စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။
သူမ လန့်ဖျပ်သွားပြီး တီဗီကို အမြန်ပိတ်လိုက်ကာ မုန့်များကို အိပ်ယာဘေး စားပွဲပေါ်သို့ ပစ်ချပြီး အားနည်းဟန်ဆောင်လျက် ဆေးရုံကုတင်ပေါ် ပြန်အိပ်နေလိုက်သည်။
ယဲ့ဖန် ဝင်လာပြီးနောက် ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး သူမကို တည်ငြိမ်စွာ ကြည့်နေသည်။
" မင်း သက်သာလာပြီလား "
ကျူးရှောင်ကျောင်းသည် သူမ၏ ခေါင်းကို အားနည်းစွာ ခါလိုက်သည်။
" နည်းနည်းတော့ အဆင်မပြေသေးဘူး။ အရေးပေါ် အခြေအနေမျိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ နင် ငါ့အနားမှာနေရင် ပိုလုံခြုံနိုင်တယ် "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ငါ့ကုသပေးတာ ခံပြီးရင် အဲ့လို မဖြစ်သင့်ဘူး။ အသက်ရှင်ပြီး ကန်ကျောက်နေသင့်တာ။ မုန့်တွေစားပြီး တီဗီတောင် ကြည့်နေသေးတာပဲ။ ဘာလို့ ဒီလို ဖြစ်နေတာလဲ "
ကျူးရှောင်ကျောင်း အပြစ်မကင်းစွာ ကြည့်နေသည်။
" ဖြစ်နိုင်တာက ... နင့်ရဲ့ ဆေးပညာ အရည်အချင်းက မပြည့်မီတော့ ငါ့ကို ပိုဆိုးသွားစေတာ ဖြစ်မှာပေါ့ "
ယဲ့ဖန် တွေးစ ခေါင်းညိတ်လိုက်ပြီးနောက် စောင်ထဲမှ အာလူးကြော်တစ်စကို ကောက်ကိုင်လိုက်သည်။
" ဒီအာလူးကြော်တွေကို ဘယ်သူ စားတာလဲ။ ကြွက်တွေ ဆေးရုံခန်းထဲကို ဝင်သွားတာလား "
ကျူးရှောင်ကျောင်းသည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း ခဏအကြာ၌ ပြန်တည်ငြိမ်လာကာ တုန်ယင်စွာဖြင့် လက်ကို မြှောက်ပြီး သူမဘေးရှိ ကျောက်ရှဝူကို ညွှန်ပြသည်။
" သူစားတာ ..... "
ကျောက်ရှဝူသည် သူ့မျက်နှာပေါ်တွင် မယုံနိုင်စရာ အမူအရာဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
" ကျွန်တော်လား "
ကျူးရှောင်ကျောင်း လှလှပပလေး စိုက်ကြည့်နေသည်။
" သေချာပေါက် ရှင်ပေါ့။ ငြင်းချင်သေးတာလား "
ကျောက်ရှဝူသည် အတော်လေး မှားနေသည်ဟု ခံစားမိသော်လည်း အကြီးဆုံးမမလေးမှ ဤကဲ့သို့ ပြောသည့်အတွက် ဝန်ခံရန်က လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
" ဟုတ်ကဲ့၊ ကျွန်တော် စားလိုက်တာပါ "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" နောက်တစ်ခါ မလိမ်ခင် ပါးစပ်ကို အရင်ဆေး "
ကျူးရှောင်ကျောင်းသည် သူမ၏ ပါးစပ်ထောင့်ကို ထိလိုက်သည့်အခါ အာလူးကြော်စများကို ထိမိသွားသည်။
ဖုံးကွယ် မရနိုင်သည်ကို သိလိုက်ရပြီး ဒေါသတကြီး ထထိုင်လိုက်သည်။
" အဲ့တာ ငါစားတာ ဘာဖြစ်လဲ "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" အဖော်ခံလိုက်ရတော့ လှည့်ကွက်တွေ စကစားတော့မှာ မဟုတ်လား "
သူသည် ပြောသည့်အတိုင်း ကျောက်ရှဝူကို ဝှေ့ယမ်းပြလိုက်သည်။
ကျောက်ရှဝူသည် ချက်ချင်း အခန်းထဲမှ ထွက်သွားပြီး တံခါးအပြင်ဘက်တွင် စောင့်နေလိုက်သည်။
ယဲ့ဖန် ဆေးရုံကုတင်ဘေး၌ ထိုင်ပြီး ကျူးရှောင်ကျောင်း ကို ပြောသည်။
" မင်း လက်ကို ဆန့်လိုက်။ ဘယ်လိုနေပြီလဲ ကြည့်ရအောင် "
ကျူးရှောင်ကျောင်းသည် စကားတစ်ခွန်းမှ မပြောဘဲ လက်ကောက်ဝတ်ဖြူဖြူလေးကို ဆန့်ထုတ်လိုက်သည်။
ယဲ့ဖန် သူ့လက်ချောင်းကို ခဏလောက် လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
" အင်း၊ နွားမတစ်ကောင်လောက် သန်မာတယ် "
ကျူးရှောင်ကျောင်း ရုတ်တရက် စိတ်ဆိုးသွားသည်။
" စကားကို ကြည့်ပြော။ လူကို ဘယ်လိုလုပ် အဲ့လိုပြောတာလဲ "
ယဲ့ဖန်သည် ခိုးပြုံးလိုက်ပြီး ပြန်လေးနက်သွားသည်။
" အခု ငါ့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေက မလုံလောက်သေးဘူး။ မင်းရဲ့ အသက်ကို ခဏပဲ ကယ်တင်နိုင်ခဲ့ပေမဲ့ အဲ့တာကို လုံးဝ ပျောက်ကင်းအောင် လုပ်ဖို့က အချိန်တစ်ခုတော့ ကြာလိမ့်မယ် "
" အဲ့ဒီအချိန်ထိ မင်း ဒီမှာနေပြီး သက်သာအောင်နေရမယ်။ ဘယ်မှမသွားနဲ့ "
ကျူးရှောင်ကျောင်း သူ့ကို မသင်္ကာစွာ ကြည့်နေသည်။
" နင် ငါ့ကို မကြိုက်ဘူးလား။ နင် ငါနဲ့ မကစားချင်တော့လို့ ဒီလို ပြောတာလား "
ယဲ့ဖန် မျက်လုံးပြူးသွားသည်။
" မင်း ဘာလို့ ခွေးလို ကိုက်နေတာလဲ။ မင်းလူကောင်းဆိုတာ ဘာလဲ မသိဘူးလား။ မင်းရဲ့ ဘေးကင်းရေးကိုလည်း စဉ်းစားနေတာ။ မင်း အရင်ကလို လျှောက်ပြေးနေလို့ မရဘူး "
ယဲ့ဖန်မှ လေးနက်စွာ ပြောနေသည်ကို မြင်လိုက်ပြီး ထိုကိစ္စ၏ လေးနက်မှုကို သိသော်လည်း ကျူးရှောင်ကျောင်က ငြင်းဆန်နေဆဲဖြစ်သည်။
" ဒါက ငါ့စိတ်အပေါ် မူတည်တယ် "
ယဲ့ဖန် သူ့အိတ်ကပ်ထဲမှ ငွေအပ်တစ်ချောင်းကို ထုတ်လိုက်သည်။
" မင်းရဲ့ အခြေအနေတွေက အခုထိ မတည်ငြိမ်သေးဘူး။ အကျိုးသက်ရောက်မှုကို ထိန်းဖို့ ငါ ကူညီပေးမယ် "
ထိုပုံစံကို မြင်ပြီး ကျူးရှောင်ကျောင်း၏ အမူအရာမှာ ချက်ချင်း သဘာဝမကျသလို ဖြစ်သွားသည်။
" မဟုတ်ဘူး ...... အဝတ်တွေချွတ်ရမယ် ...... "
ထိုအကြောင်းကို ကြားတဲ့အခါ ပါးပြင်တွေ ပူနေပြီ ဖြစ်သည်။
ထိုနေ့ RVထဲမှာ သူမကို ကုသပေးခဲ့သည့် မြင်ကွင်းကို သူမ မှတ်မိသေးသလို အဲ့ဒီအချိန်မှာလည်း သူမကို ထိုကောင်က မြင်ဖူးသွားခဲ့သည်။
အခုမှ တွေးမိပြီး ပြေးပုန်းရန် တွင်းရှာချင်နေသည်။
ယဲ့ဖန် သူမ တွေးနေသည်ကို သိပြီး အနည်းငယ် ရယ်ချင်သွားသည်။
" စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ မဖောက်ပါဘူး။ ခြေဖဝါးမှာ အပ်တစ်ချောင်းပဲ သုံးရမှာ "
ကျူးရှောင်ကျောင်း သက်ပြင်းချမိသော်လည်း ရှက်နေသေးသည်။
ယဲ့ဖန် သည် သူမ၏ ချိုမြိန်သော အကြည့်ကို မြင်လိုက်ရပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" မမလေးကျူး ဘယ်အရာကိုမှ မကြောက်ဘူး မဟုတ်လား။ အပ်တွေကို ကြောက်နေတာလား "
ကျူးရှောင်ကျောင်း သူ့ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
" ဘယ်သူက ...ကြောက်နေလို့လဲ …………… "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ငါ နားလည်ပါတယ်။ မင်း ခြေထောက်တွေက နည်းနည်း နံစော်နေတော့ ပြဖို့ အားနာနေတာ မဟုတ်ဘူးလား။ ရပါတယ်၊ ငါ စိတ်ထဲမထားပါဘူး "
ကျူးရှောင်ကျောင်းသည် ချက်ချင်း ဒေါသထွက်လာပြီး စောင်ကို ချက်ချင်း ဖယ်ကာ သူ့မျက်လုံးရှေ့သို့ ခြေဖဝါးလေးများကို ဆန့်ထုတ်လိုက်သည်။
" ဘယ်သူခြေထောက်က နံစော်နေလို့လဲ။ လုံးဝ မနံဘူးမလား "
အမှန်တွင် ယဲ့ဖန်သည် ဟိုကိစ္စ၌ ထူးခြားသည့် ဝါသနာမရှိသော်လည်း ထိုဖြူအုနေသော ခြေဖဝါးလေးကို မြင်လိုက်သည့်အခါ သူ့နှလုံးကို ထိန်းမနိုင်သိမ်းနိုင်ဘဲ ခုန်ခါသွားပြီး မျက်လုံးအရောင် ပြောင်းလာသည်။
ထိုပုံစံကို မြင်ပြီး ကျူးရှောင်ကျောင်း သူမ ခြေထောက်ကို အမြန် ပြန်ဆုတ်လိုက်သည်။
သို့သော် ယဲ့ဖန်က မျက်လုံးပြူးပြီး အမြန် သူမ၏ ခြေကျင်းဝတ်ကို ချက်ချင်း ဆွဲကိုင်လိုက်သည်။
" မလှုပ်နဲ့၊ ငါ ........ ထဲကို ....... ထည့်လိုက်မယ် "
အပိုင်း ( ၈၃၄ )
ငါ့မိန်းကလေး ဖြစ်ချင်ရင် နာခံရမယ်။
ကျူးရှောင်ကျောင်း၏ နာကျင်ငိုကြွေးသံကို ဆေးခန်းတစ်လျှောက်တွင် မကြားဘဲ မနေနိုင်၍ ကျောက်ရှဝူသည် ရှက်ရွံ့စွာဖြင့် ခြေဖဝါးဖြင့် မြေကြီးကို ကုတ်လိုက်သည်။
သူ့သခင်ကြီးက သူတို့နှစ်ယောက်ကို အတူတူရှိဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေပုံ ရသော်လည်း ဤသည်မှာ ဆေးရုံတစ်ခု ဖြစ်သည်။
နည်းနည်း စိတ်မရှည်နေတာ၊ မဟုတ်ဘူးလား။
ထိုအချိန်မှာ ရှုကျင်းရှင်းက ရုတ်တရက် အခန်းဘက်ကို လျှောက်လာခဲ့သည်။
" ယဲ့လူကြီးမင်း၊ ဒီမှာရှိလား "
သူမ ခဏထွက်သွားပြီး ဆေးရုံခန်းတစ်လျှောက် ပြန်ရောက်လာသည့်အခါ ယဲ့ဖန် မရှိတော့သည်ကို တွေ့လိုက်ရသည်။
ကျူးရှောင်ကျောင်းအား တွေ့ရန် သွားသည်ဟု သူမ မှန်းဆခဲ့သည်။
" အဟမ်း ...... သူက .......
ကျောက်ရှဝူသည် မည်သို့ ပြန်ဖြေရမည်ကို မသိနေစဉ် ယဲ့ဖန်၏ အသံကို အခန်းထဲမှ ကြားလိုက်ရသည်။
" မလှုပ်နဲ့၊ မကြာခင် ပြီးသွားလိမ့်မယ် "
ကျောက်ရှဝူ ခေါင်းကုတ်လိုက်သည်။
" မမလေးရှု၊ ကျွန်တော့်ကို အထင်မလွဲပါနဲ့ ........ သူတို့က ဆေးကုနေတာ ဖြစ်နိုင်ပါတယ် "
ရှုကျင်းရှင်း၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားသည်။
" သိပြီ "
ထိုစကား ပြောပြီးနောက် လှည့်ထွက်သွားသည်။
မိနစ်၂၀လောက် ကြာပြီးသည့်အခါ ယဲ့ဖန်မှ ငွေအပ်အားလုံးကို ဆွဲထုတ်လိုက်သည်။
" ငါဆေးစာတွေကို ညွှန်းပေးလိုက်မယ်။ အစ်ကိုကျောက်က ဆေးဝယ်ပေးပြီး နေ့တိုင်း အချိန်မှန် သောက်ရမယ်။ မင်း ကြားလား "
ကျူးရှောင်ကျောင်း သူမ ခေါင်းလေးကို စောင်အောက်မှာ အုပ်ထားပြီး တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖန် သူမကို စနောက်ရန် စိတ်မ၀င်စားချေ။
" ကောင်းပြီ၊ ငါလုပ်စရာတွေ ရှိသေးတယ်။ ဒါဆို ငါ အရင် သွားလိုက်ဦးမယ်။ မင်အဆင်မပြေရင် ငါ့ကိုခေါ်လိုက်။ ဒါမှမဟုတ် အစ်ကိုကျောက်ကို ခေါ်ခိုင်းလိုက် "
ကျူးရှောင်ကျောင်း အလျင်စလို ခေါင်းညိတ်ပြလိုက်ပြီး သူမမျက်နှာမှာ တွန့်ဆုတ်မှုတွေ အပြည့်ရှိနေသည်။
" နင် ......ထွက်သွားပြီလား "
ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။
" ဘာလဲ၊ ငါ မင်းနဲ့ တစ်ချိန်လုံး အတူနေလို့ မရဘူးလေ "
" ဘာလို့ မဖြစ်ရမှာလဲ "
ကျူးရှောင်ကျောင်းသည် မျက်ရည်ဖွဲ့နေသော မျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
" ယဲ့ဖန်၊ နင်ငါ့ကို တစ်ယောက်တည်းထားခဲ့မှာ မဟုတ်ဘူးလား "
ယဲ့ဖန်သည် ရုတ်တရက် အနည်းငယ် ရယ်ချင်သလို ခံစားလိုက်ရသည်။
" ဘာလို့ သေခွဲခွဲသလို လုပ်နေရတာလဲ။ စိတ်မပူပါနဲ့၊ မင်းက ငါ့ရဲ့လူနာဖြစ်နေပြီ။ ငါ လမ်းတစ်ဝက်မှာ အရှုံးပေးမှာ မဟုတ်ဘူး "
ကျူးရှောင်ကျောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်၊
" ဘာပဲဖြစ်ဖြစ်၊ ငါ နင့်ကို တစ်သက်လုံး မှီခိုသွားရမှာ။ နင် မြေကြီးအစွန်းကို ပြေးသွားရင်တောင် နင့်ကို ငါဖမ်းပြမယ်။ ငါ့လက်ကနေ လွတ်ဖို့ မကြိုးစားနဲ့ "
ယဲ့ဖန် မတတ်နိုင်ဘဲ သူ့မျက်လုံးတွေ ဝေ့လိုက်မိသည်။
" မင်း ဘယ်လိုဖြစ်နေတာလဲ။ ငါ မင်းကို သဘောကောင်းပြီး ကယ်ပေးခဲ့ပေမယ့် မင်းက ငါ့ကို အားကိုးချင်နေတာလား "
ကျူးရှောင်ကျောင်း သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ဒီက ကောင်မလေးကို လိုက်ဖမ်းနေတဲ့ ယောက်ျား ဘယ်နှစ်ယောက်တောင် ရှိလဲ နင် သိလား။ အခု ငါက နင့်ကို အလကားပေးနေတာကို နင်က မလိုချင်ဘူးလား "
ယဲ့ဖန် သူမကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
" ဒါဆို ဒီသခင်လေးနောက်ကို လိုက်နေတဲ့ မိန်းမတွေရော ဘယ်နှစ်ယောက်ရှိလဲ မင်းမသိဘူးလား။ မင်း ငါ့မိန်းကလေး ဖြစ်ချင်ရင် မင်း နာခံရမယ် "
" ဆေးရုံခန်းထဲမှာ နေကောင်းအောင်နေ။ ငါ့အမိန့်မပါဘဲ ဘယ်မှ သွားခွင့်မရှိဘူး "
ထိုစကား ပြောပြီးသည်နှင့် သူသည် နတ်ဆိုးဆန်ဆန် ချစ်စရာကောင်းစွာ အပြုံးလေး ပြုံးပြကာ ထွက်ခွာသွားခဲ့သည်။
ကျူးရှောင်ကျောင်း သူ့နောက်ကျောကို ကြောင်အစွာ စိုက်ကြည့်ရင်း ခဏတာ ကြည်နူးသွားသည်။
.....................................
ယဲ့ဖန်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်လာသော်လည်း ကျောက်ရှဝူ၏ စကားများက သူ့ကို စိတ်ပျက်သွားစေခဲ့သည်။
" မမလေးရှုက ဒီကိုလာပြီး မင်းတို့ကို ကြားသွားတယ် ....... "
သူ စကားမဆုံးခင်၌ပင် ယဲ့ဖန်၏ အမူအရာမှာ ရုတ်တရက် ပြောင်းသွားပြီး သူ့အခန်းဆီ အမြန်ပြေးသွားသည်။
အခန်းထဲသို့ အမြန်ရောက်လာသည့်အခါ ကုတင်ပေါ်၌ စာတစ်စောင်သာ ကျန်ခဲ့သည်။
ကောက်ဖတ်ကြည့်လိုက်သည်။
" ကျုံးဟိုင်ကို ပြန်သွားပြီ။ ရှင်နဲ့ ရှင့်ရဲ့ မိန်းကလေးကျူးတို့ ကောင်းကောင်း ပျော်ကြပါ "
ယဲ့ဖန် အံ့သြသွားသည်။
စာတိုလေးသည် တိုသော်လည်း ရှာလကာရည်နံ့မှာ ပြင်းလှသည်။
သြော်၊ ဒီဆွဲဆောင်မှုရှိတာက ထိန်းမရဘူးဘဲ။
စာကို ပစ်ချပြီး အမြန်ထွက်လိုက်လာသည်။
ရှုကျင်းရှင်း သွားသည်မှာ အတော်ကြာပြီဟု တွေးမိ၌ လိုက်ရန် ခက်ခဲပေမည် ထင်ခဲ့သည်။
သို့သော် စင်္ကြံထဲမှ ပြေးထွက်လာပြီးနောက် ဓါတ်လှေကားရှေ့၌ ရပ်နေသည့် သူမကို တွေ့လိုက်ရသည်။
ဓါတ်လှေကား ရောက်လာသည့်အခါ သူမသည် ယဲ့ဖန် လိုက်လာမည်ကို စောင့်နေသည့်အလား ဓာတ်လှေကားထဲသို့ မဝင်သွားချေ။
ယဲ့ဖန် သူ့အပြုံးကို ချုပ်တည်းထားပြီး အလျင်အမြန် လိုက်လာသည်။
" ကျင်းရှင်း၊ ကိုယ် ရှင်းပြတာကို နားထောင်ပါဦး ...... "
ယဲ့ဖန် အနောက်မှ လိုက်နေသည်ကို မြင်သည့်အခါ ရှုကျင်းရှင်း သူ့ကို အေးစက်စွာ ကြည့်ပြီး ဓာတ်လှေကားထဲသို့ အမြန်လျှောက်သွားသည်။
ယဲ့ဖန်သည် ခြေတစ်လှမ်းနောက်ကျသွား၍ လှေကားမှ ဆင်းရန်က လွဲကာ ရွေးချယ်စရာ မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် ဓာတ်လှေကားထဲမှ ရှုကျင်းရှင်း ထွက်လာသည်၌ သူလည်း ရောက်နေပြီဖြစ်သည်။
သူ့ပတ်ဝန်းကျင်မှ လူတွေ၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုလျက် ပြောသည်။
" ကျင်းရှင်း၊ မင်း ကိုယ်ရဲ့ ရှင်းပြချက်ကို နားထောင်သင့်တယ်။ ကိုယ်တို့နှစ်ယောက်က မင်း ထင်ထားတဲ့အတိုင်း မဟုတ်ဘူး "
ရှုကျင်းရှင်းသည် အေးစက်သော မျက်နှာထားဖြင့် သူ့ကို လျစ်လျူရှုကာ ထွက်လာခဲ့သည်။
ယဲ့ဖန် သူမနောက်ကို လိုက်ဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
ဆေးရုံဟောထဲမှ လူတွေ အားလုံးသည် သူတို့နှစ်ယောက်ကို ထူးဆန်းသော မျက်လုံးတွေနှင့် ကြည့်နေကြသည်။
" အဲ့ဒီတစ်ယောက်က ဖောက်ပြန်ပြီး သူ့ကောင်မလေးက ဖမ်းသွားတာ ဖြစ်မယ် "
" ဘယ်လိုသိတာလဲ "
" နင် သူ့စကားကို ခုနက နားမထောင်လိုက်ဘူးလား။ 'မင်း ထင်ထားသလို မဟုတ်ဘူး'တဲ့။ သူက တခြားမိန်းမတွေနဲ့ နောက်မီးလင်းနေတာကို သူ့ကောင်မလေးက ဖမ်းသွားတာပဲ ဖြစ်ရမယ် "
" အဲ့တာက အဓိပ္ပာယ်ရှိတာပဲ။ ဒီတစ်ယောက်က အရမ်းရူးတာပဲ မဟုတ်လား။ ဒီလိုလှတဲ့ မိန်းကလေး ရထားတာတောင် ရှုပ်သေးတာလား "
" ဒါဆို မင်း နားမလည်ဘူး။ အိမ်တွင်းက ပန်းတွေက တောပန်းတွေလို မမွှေးဘူး။ တောင်တွေ ပင်လယ်ပြင်တွေ အရသာက နှစ်သက်စရာကောင်းတယ် "
" အဲ့တာကို ကောင်းကောင်းဘနားလည်ပုံရတယ်။ တောရိုင်းကစားပွဲကို မြည်းစမ်းဖူးတာလား "
" ငါ မှားသွားတယ်၊ ငါ့မိန်းမက၊ ငါက လူကောင်းပါကွ "
" ဟမ့်၊ မင်းတို့ ယောက်ျားတွေမှာ ကောင်းတဲ့အကျင့်မရှိဘူး ...... "
ယဲ့ဖန်သည် ဆေးရုံခန်းမထဲမှ ထွက်လာစဉ်တွင် သူ့နားထဲသို့ စနစ်အကြောင်းကြားစာ ချက်ချင်း မြည်လာသည်။
[ စနစ်၏ ရတနာလမ်းညွှန်မှုအသစ် ရှာတွေ့ထားပါသည်။ ပစ်မှတ်တည်နေရာ- တင်းရိချန်၏ စံအိမ်အပျက်အယွင်း။ လက်ရှိလမ်းတစ်လျှောက် မီတာ၁၀၀ သွားပြီး ညာဘက်ကို ကွေ့ပါ ]
ရွှင်လန်းသော အကြည့်ဖြင့် လျင်မြန်စွာ ရပ်လိုက်သည်။
ရှုကျင်းရှင်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ယဲ့ဖန် အနောက်မှ လိုက်လို့မမှီသည်ကို တွေ့လိုက်၍ နောက်သို့ ပြန်ကြည့်သည့်အခါ သူ့မျက်နှာတွင် ပြုံးနေသေးသည်ကို တွေ့လိုက်ရသည်။
သူမ ထွက်ခွာသွားခြင်းက သူ့ကို အလွန် ပျော်ရွှင်စေပုံရသည်။
ထိုအချက်က သူမကို ပိုဝမ်းနည်းလာစေသည်။
သူမသည် မိန်းကလေးသိက္ခာကို စွန့်လွှတ်ကာ သူ့ကိုရှာရန် ကျုံးဟိုင်မြို့မှ ယန်းချန်မြို့သို့ အပြေးလာခဲ့သည်။
ရလဒ်အနေဖြင့် လွန်ခဲ့သောနှစ်ရက်အတွင်း သူသည် ကျူးရှောင်ကျောင်းအတွက်ကြောင့် သူမကို ပထမဆုံးအကြိမ် ကြိမ်းမောင်းခဲ့ပြီး ယခုအခါ ကျူးရှောင်ကျောင်းနှင့် အတူရှိနေသည်။
မရှင်းပြရင်လည်း ရပါတယ်။
ဒါပေမယ့် ကျွန်မ ဒေါသတကြီးနဲ့ ထွက်သွားတာကို မြင်ပြီး ရှင်က တိတ်တိတ်လေး ပျော်နေသေးတာလား။
သူမသည် အစမှအဆုံး စွန့်ပစ်ခံရသည့် ခံစားချက်ကို ရုတ်တရက် ခံစားလာရပြီး မျက်ရည်များ ကျဆင်းလာသည်။
နောက်ဆုံးတွင် ဤသည်မှာ မှားယွင်းသောပေးဆပ်မှုတစ်ခု ဖြစ်နေသည်။
အပိုင်း ( ၈၃၅ )
သဘောတရားကို နားလည်လား။
ရတနာလမ်းကြောင်း အသစ်ကြောင့် ယဲ့ဖန်သည် အလွန် စိတ်လှုပ်ရှားနေချိန် ရှုကျင်းရှင်း ငိုနေသည်ကို ရုတ်တရက် မြင်လိုက်ရ၍ လန့်သွားသည်။
" ဘာလို့ ငိုနေတာလဲ "
ရှုကျင်းရှင်းသည် သူသိသော မိန်းကလေးများ အကြားတွင် ဉာဏ်အမြော်အမြင် အရှိဆုံး မိန်းကလေးဟု ဆိုနိုင်သည်။
သူမ၏ စိတ်အပြောင်းအလဲကို မြင်ရခဲသောကြောင့် ယခု သူမ မျက်ရည်များကို မြင်သည့်အခါ သူ တကယ်ကို စိတ်လွတ်သွားခဲ့ရသည်။
ရှုကျင်းရှင်းမှာ စကားမပြောနိုင်ဘဲ ခေါင်းလေးကို လှည့်နေကာ စကားမပြောဘဲ ရင်ထဲ တစ်ဆို့နေသည်။
ဆေးရုံအဝင်အထွက်ရှိ လူအားလုံးသည် ယဲ့ဖန်ကို ခွင့်မလွှတ်နိုင်သည့် ရာဇ၀တ်မှု ကျူးလွန်ထားသကဲဲ့သို့ ဒေါသ၊ မထီမဲ့မြင် မျက်လုံးများနှင့် ကြည့်နေကြသည်။
ယဲ့ဖန် ရှုကျင်းရှင်း၏ လက်လေးကို အမြန်ဆွဲယူလိုက်သည် ။
" ကိုယ်နဲ့ အရင်လိုက်ခဲ့။ လမ်းမှာ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြမယ် "
ရှုကျင်းရှင်းသည် အစတွင်တော့ ရုန်းကန်ခဲ့ပြီးနောက် သူမအား ကားပါကင်ဆီသို့ ခေါ်သွားခွင့် ပေးလိုက်သည်။
………………………………………
" ဒါဆို ရှင်က သူမကို အပ်စိုက်ကုပေးနေတာလား "
တင်းရိချန်၏ စံအိမ်အပျက်နေရာသို့ သွားရာလမ်းတွင် ယဲ့ဖန်သည် ဆေးရုံခန်းအတွင်း ဖြစ်ပျက်ခဲ့သည်များကို ရှုကျင်းရှင်းအား ရှင်းပြခဲ့သည်။
ရှုကျင်းရှင်း နားထောင်အပြီးတွင် သူမသည် တစ်စုံတစ်ခုကို နားလည်မှု လွဲသွားပုံပေါ်ကြောင်း သူမ သိလိုက်သည်။
" ဒါဆို မင်းက ဘယ်လိုထင်နေတာလဲ "
ယဲ့ဖန်က ချက်ချင်း ပြန်မေးလိုက်သည်။
" ကျွန်မ ထင်တာ ....... ကျွန်မလည်း အပ်စိုက်ကုတာလို့ ထင်ခဲ့တာ "
ရှုကျင်းရှင်းသည် အလျင်စလိုနှင့် ရှက်စရာကောင်းလောက်အောင် တွန့်ဆုတ်သွားသည်။
" သြော်၊ ကိုယ် သိပြီ။ မထင်ထားဘူး ........ မမလေးရှုကျင်းရှင်း မင်းရဲ့ အတွေးက နည်းနည်းတော့ ကျန်းမာရေးအတွက် မကောင်းဘူးဘဲ "
ယဲ့ဖန် သူမ နားလည်မှု လွဲနေသည့် အကြောင်းကို နားလည်လိုက်ပြီး ချက်ချင်း သူမကို နောက်ပြောင်လိုက်သည်။
ရှုကျင်းရှင်း၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီမြန်းသွားပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်၊
" ရှင် ကျွန်မကို ဘယ်ကို ခေါ်သွားနေတာလဲ "
ယဲ့ဖန် သူမကို ဘယ်လိုရှင်းပြရမည်မှန်း မသိသည့်အတွက် ပေါ့ပါးစွာသာ ပြန်ဖြေလိုက်သည်။
" အပြင်ထွက်ပြီး အနားယူမှာ "
ယဲ့ဖန် ဘာမှ ထပ်ပြီး ပြန်မပြောတော့သည်ကို မြင်ပြီး ရှုကျင်းရှင်းလည်း နောက်ထပ်မေးခွန်းတွေ မမေးတော့ချေ။
တင်းရိချန်၏ နေထိုင်ရာသည် ဆေးရုံနှင့် သိပ်မဝေးသောကြောင့် ထိုနေရာသို့ ကားမောင်းရန် ဆယ်မိနစ်ပင် မကြာလိုက်ပေ။
သူတို့နှစ်ယောက် လိုရာခရီးကို ရောက်သည့်အခါ ဧရိယာ စတုရန်းမီတာ ၆၀၀၀ကျော် ကျယ်ဝန်းသည့် ခြံကြီးတစ်ခြံကို တွေ့လိုက်ရသည်။
ထိုနေရာကို ခရီးသွားဆွဲဆောင်မှုအဖြစ်သို့ ပြောင်းလဲခဲ့ပြီး အဝင်ပေါက်တွင် ကားအများအပြားရပ်ထားကာ ကစားရန် လာရောက်သည့် ခရီးသွားများ ဖြစ်နိုင်သည်။
" ဘာလို့ တင်းရိချန်ရဲ့ နေရာကို ရုတ်တရက် လာချင်တာလဲ "
ရှုကျင်းရှင်းသည် ယဲ့ဖန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
" ဒီနေရာကို သိတာလား "
ယဲ့ဖန်လည်း အနည်းငယ် အံ့သြသွားသည်။
" ဟုတ်တယ်လေ၊ အကျင့်ပျက်အရာရှိကြီး တင်းရိချန်အကြောင်း မသိတဲ့သူရှိလို့လား "
ယဲ့ဖန် ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ထိလိုက်သည်။
" မသိတာက ရှက်စရာကြီးလား "
ထိုအချိန်မှ ရှုကျင်းရှင်းသည် သူ့ရှေ့မှ ကောင်လေးသည် တက္ကသိုလ် ပထမနှစ် မပြီးဆုံးသေးကြောင်းနှင့် သူ၏ ပညာအရည်အချင်းသည် အထက်တန်း တတိယနှစ်တွင်သာ ရှိသေးသည်ကို သိလိုက်ရသည်။
ထိုကောင်လေးကို သူ မသိနိုင်သည့် ကိစ္စအား စိတ်ရှည်ရှည်ဖြင့် ပြောပြပေးသည်။
" ဒီတင်းရိချန်က ချင်မင်းဆက်နှောင်းပိုင်းမှာ အကျင့်ပျက်ခြစားတဲ့ အကြီးဆုံး အရာရှိတစ်ယောက်ပဲ။ သူ့ကို လီဟုန်းကျိန်းက တန်ဖိုးထားတဲ့အတွက် သူ့ရဲ့ အလုပ်က ကြီးပွားချမ်းသာခဲ့တယ် "
ယဲ့ဖန်သည် သူမ၏ သင်ကြားမှုကို နားထောင်ရင်း အိမ်ထဲသို့ ဝင်လာခဲ့သည်။
သူသည် အမှန်တွင် ရှုကျင်းရှင်း ပြောနေသည်ကို နားမထောင်ဘဲ ရှေ့ကို ဆက်သွားရန် စနစ်၏ ညွှန်ကြားချက်တွေကိုသာ လိုက်နာခဲ့သည်။
သူသည် လမ်းတစ်လျှောက် အတားအဆီးမဲ့ ရတနာများကို ရှာတွေ့နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် သူတို့နှစ်ယောက် ခြံနောက်ဖေးသို့ ရောက်လာသည့်အခါ လက်ပတ်နီ ဝတ်ထားသော အမျိုးသားတစ်ယောက်က ရုတ်တရက် တားသည်။
" ရပ်လိုက်၊ မင်းတို့ ဘာလုပ်နေတာလဲ "
ထိုလူသည် အသားညိုသော မျက်နှာကျနှင့် သူ့ပါးစပ်မှာ စီးကရက်တစ်လိပ်ကို ရှိုက်နေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ငနုံမှန်း သိသာသည်။
ယဲ့ဖန် ချက်ချင်း လိမ်ကာ ရှင်းပြသည်။
" ကျွန်တော်တို့က ခရီးသွားတွေမလို့ ရောက်နေတာပါ။ ပြဿနာရှိလို့လား "
ထိုလူသည် သူ့ဘေးမှ ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။
" မင်း စာ မဖတ်တတ်ဘူးလား။ ဒီမှာ ဝင်ခွင့်မရှိဘူး "
ယဲ့ဖန် သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ စကားလုံးတွေကို မြင်လိုက်ရသည်။
(ယာယီပိတ်ထားသည်။ ခရီးသွားများ ဝင်ခွင့်မပြုပါ) ဟု ဆိုင်းဘုတ်တွင် ရေးထားသည်။
ချက်ချင်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
" ဘာလို့မဖွင့်တာလဲ။ ကျွန်တော်တို့က ဒီရှေးဟောင်းအဆောက်အဦးတွေကို သဘောကျလို့ ဒီကိုလာခဲ့တာ။ မဝင်နိုင်တာ နှမြောစရာပဲ "
သူသည် စကားပြောနေရင်း ထိုလူကို ကြည့်လိုက်သည်။
" ကျွန်တော်တို့ကို ခြွင်းချက် ပေးနိုင်မလား။ ခဏပဲ ဝင်ကြည့်မှာပါ "
ထိုလူ၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားသည်။
" သဘောတရားကို နားရောလည်လား။ ငါတို့အားလုံးက စည်းမျဉ်းအတိုင်း ဆောင်ရွက်နေရတာ။ စည်းမျဉ်းတွေအရ ကောင်းကင်ဘုံက ရှင်ဘုရင် ကြွလာရင်တောင် ဝင်ခွင့်မပြုတဲ့ဘူး ...... "
ယဲ့ဖန် သူ့စကားကို ပြီးအောင်မစောင့်ဘဲ ယွမ်ငွေရာဂဏန်းကို ချက်ချင်း ထုတ်ပြီး သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
" မင်းက နွေးထွေးတဲ့ လူတစ်ယောက်ဆိုတာ ငါ မြင်ရတယ်။ ငါတို့ကို ဘာမှမပေးဘဲ သွားမှာ မဟုတ်တာ ငါသိတယ် "
ထိုလူ၏မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး ယွမ်ရာပေါင်းများစွာကို သူ၏ ဘောင်းဘီအိတ်ထဲသို့ အမြန်ထည့်လိုက်သည်။
သူ့အလုပ်က အလွန်ဆင်းရဲသည်။
အချိန်တိုင်း စီးကရက်အပြည့်ဖြင့် ယွမ် ၂၀၀၀လောက်သာ ရသည်။
ဤ ယွမ်ရာဂဏန်းသည် သူ့အတွက် အလွန်များနေပြီဖြစ်သည်။
တစ်ပတ်ကျော်လုပ်သည့် လုပ်အားခနှင့် ညီမျှသည်။
" ဟားဟားဟား၊ ပြောရရင် စည်းကမ်းတွေဆိုတာ သက်မဲ့တွေ။ လူတွေကပဲ အသက်ရှင်နေတာ။ မင်းက ရှေးဟောင်း ဗိသုကာပညာကို သင်ယူနေတော့ ငါတို့တိုင်းပြည်အတွက် ကောင်းတာပဲ။ ဒါပေမယ့် မင်း မြန်မြန် လုပ်ရမယ်။ ကြည့်ပြီးပြီးချင်း ထွက်သွားရမယ်။ ခေါင်းဆောင်တွေက ငါ မင်းကို ခွင့်ပြုပေးတာ သိရင် မင်းကို အပြစ်ပေးရုံတင်မကဘူး ငါ့ကိုလည်း အပြစ်ပေးလိမ့်မယ် "
ယဲ့ဖန် အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရှုကျင်းရှင်းကို ဆွဲခေါ်ကာ ခြံနောက်ဖေးဆီသို့ အမြန် လျှောက်သွားလိုက်သည်။
စိတ်ထဲတွင် ရေရွတ်နေမိသည်။
အကျင့်ပျက် အရာရှိရဲ့ အိမ်ကို စောင့်ရှောက်တာနဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်။
တခြားဘာမှ မသင်ယူဘူး အကျင့်ပျက်ခြစားဖို့ကျ အရင်သိတယ်။
" ဘာလို့ ခြံအနောက်ကို လာရမှာလဲ "
ရှုကျင်းရှင်းသည် သူ့အပြုအမူကြောင့် အံ့ဩသွားသည်။
သူသည် အပန်းဖြေဖို့ ရောက်လာသည်ဟု ပြောသော်လည်း တစ်လမ်းလုံး ပန်းတွေကို သေချာမကြည့်ဘဲ ခြံနောက်ကိုသာ မျှော်နေသည်။
" သူဌေးတွေက အိမ်နောက်ဖေးမှာ ရတနာတွေ ဝှက်ထားရတာကို ကြိုက်တယ်လို့ ကြားဖူးတယ်။ ရတနာကို ရှာနိုင်ရင် ဘယ်လိုလုပ်မလဲ "
ယဲ့ဖန်သည် အမှန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
" ဟားဟားဟား၊ ရှင်က ဘာလို့ ဒီလောက် နုံအရတာလဲ။ ရှိရင် တခြားတစ်ယောက်ယောက်က အဲ့တာကို ဟိုးအရင်ကတည်းက ရှာတွေ့ပြီးနေလောက်ပြီ။ ကျွန်မတို့ အလှည့်ထိ စောင့်နေပေးပါ့မလား "
ရှုကျင်းရှင်းသည် ချက်ချင်း ပါးစပ်ကိုပိတ်ကာ ပြုံးလိုက်သည်။
ယဲ့ဖန် ရှင်းပြမနေဘဲ စနစ်၏ လမ်းညွှန်မှုနောက်ကိုသာ တိတ်တဆိတ် လိုက်နာခဲ့သည်။
ခြံနောက်ကို အတော်ကြာ စွန့်ပစ်ထားသည် ဖြစ်ပြီး ဘယ်သူမှ မပြုပြင်ကြချေ။
လမ်းလျှောက်ဝင်ပြီးသည်နှင့် အုံ့မှိုင်းမှုကို ခံစားရသည်။
ရှုကျင်းရှင်း ရင်တထိတ်ထိတ်ဖြင့် ပြောသည်။
" ဒီနေရာက အရမ်းယိုယွင်းနေတာ။ ဘာကြည့်စရာရှိလို့လဲ၊ မြန်မြန်ထွက်သွားရအောင် "
ယဲ့ဖန် သူမကို ပြန်မဖြေဘဲ ခြံဝင်းထဲမှ ရေတွင်းတစ်ခုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
တစ်ချိန်တည်းမှာပင် စနစ်၏ အသံသည် ထပ်မံ ထွက်ပေါ်လာပြန်သည်။
[ လမ်းပြမှု ပြီးဆုံးသွားပါပြီ ]
……………………………………….
ရတနာရှိရာနေရာကို ရှာတွေ့ပြီးနောက် ယဲ့ဖန် မနေတော့ဘဲ ရှုကျင်းရှင်းနှင့်အတူ ချက်ချင်း ထွက်သွားခဲ့သည်။
တင်းရိချန်၏ နေအိမ်မှ ထွက်ခွာလာပြီးနောက် သူသည် အနီးနားရှိ ကုန်စုံဆိုင်သို့ ပြေးသွားပြီး လက်အိတ်အနည်းငယ်အပြင် ပေါက်တူးနှင့် ကြိုးများကဲ့သို့သော ကိရိယာများကို ဝယ်ယူခဲ့သည်။
ရှုကျင်းရှင်းသည် ဘာကြောင့်လဲဆိုသည်ကို မမေးဘဲ သူ၏ ပုံမှန်မဟုတ်သော လုပ်ရပ်များကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။
နှစ်ယောက်သား ဆေးရုံကို ပြန်ရောက်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။
" ရှင် ဘာလုပ်ချင်လို့လဲ "
ယဲ့ဖန် သူမကို အမူအရာမဲ့စွာ ကြည့်နေသည်။
" အိမ်နောက်ဖေးမှာ ရတနာတစ်ခုတွေ့ခဲ့တယ်။ ဒီည သွားတူးမှာ ကိုယ့်နောက်လိုက်ဖို့ သတ္တိရှိလား "
ရှုကျင်းရှင်း၏ ပါးစပ်လေးသည် ရုတ်တရက် ကျယ်လာပြီး ခဏအကြာတွင် သူမ မယုံနိုင်စွာ ပြောလိုက်သည်။
" ရတနာလား၊ ရှင် ဘယ်လိုလုပ် တွေ့တာလဲ "
ထိုအချိန်တွင် သူမသည် သူ့နောက်သို့ လိုက်သွားကာ လှည့်ပတ်ကြည့်နေသော်လည်း ဘာမှကို မတွေ့ခဲ့ရပေ။
ရတနာကို သူ ဘယ်လို ရှာတွေ့ခဲ့တာလဲ။
အပိုင်း ( ၈၃၆ )
ဒီအနေအထားကို ငါ မစမ်းဖူးသေးဘူး။
ယဲ့ဖန် ထူးခြားစွာ ပြုံးလိုက်သည်။
" အဲ့တာက စိတ်မပူပါနဲ့။ ရှိတယ်လို့ ကိုယ်ပြောရင် ရှိတယ်။ မင်းသွားမှာလား မသွားဘူးလား "
ရှုကျင်းရှင်း၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားသည်။
သူမသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အရာများနှင့် ပတ်သက်လျှင် ပြင်းထန်သော စူးစမ်းလိုစိတ် အမြဲရှိခဲ့သည်။
သို့သော် မှောင်မိုက်နေသော ခြံဝင်းအကြောင်းကို တွေးလိုက်သောအခါ သူမ တုံ့ဆိုင်းသွားသည်။
ထိုပုံစံကို မြင်ပြီး ယဲ့ဖန်က ချက်ချင်း ပြောလိုက်သည်။
" မင်း မသွားရဲရင်လည်း ကောင်းပြီ။ ကိုယ် ကျူးရှောင်ကျောင်းကို သွားရှာလိုက်မယ် "
ရှုကျင်းရှင်းသည် "ကျူးရှောင်ကျောင်း" ဟူသော နာမည်ကို ကြားသောအခါ ချက်ချင်း "ကျွန်မ သွားမယ်"ဟု ဆိုလာလေသည်။
ယဲ့ဖန် သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျူးရှောင်ကျောင်းရဲ့ နာမည်က အဆင်ပြေသွားပုံပဲ။
ရှုကျင်းရှင်း သူမကို ကြည့်နေ၍ အနည်းငယ် အဆင်မပြေသလို ဖြစ်လာသည်။
" ကျွန်မအထင် .... မိန်းကလေးကျူးရဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ အဲ့တာကြောင့် အခုချိန်ထိ သူမကို မနှောင့်ယှက်တာ ပိုကောင်းတယ် "
ထို့နောက် သူမသည် အပြစ်ရှိသလို ခေါင်းငုံ့သွားသည်။
ယဲ့ဖန်သည် သူမ၏ အတွေးသေးသေးလေးကို စနောက်မနေတော့ဘဲ အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီ၊ မင်းရဲ့ စိတ်ကို အားဖြည့်ဖို့ ခဏလောက် အိပ်လိုက် "
" ညကျ သွားခါနီးရင် ပြန်ခေါ်မယ် "
ယဲ့ဖန်သည် VIPအခန်းတစ်ခုတွင် နေသောကြောင့် ဆေးရုံကုတင်အပြင် ဆိုဖာတစ်လုံး၊ ကော်ဖီစားပွဲနှင့် ကုတင်တစ်လုံးဖြင့် လူနာစောင့် အနားယူရန် ကုတင်တစ်လုံးလည်း ရှိသည်။
ရှုကျင်းရှင်းလည်း ဆက်မပြောတော့ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းကာ အနားယူလိုက်သည်။
မနေ့ညက သိပ်မအိပ်ရသေးပေ။
မနက်မိုးလင်းခါနီးသာ ခဏ မှေးလိုက်ရပြီး မကြာခင် ပြန်နိုးလာပြန်သည်။
အခု သူမ တကယ် အိပ်ချင်နေပြီဖြစ်၍ ခေါင်းအုံးကို ထိလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်။
ယဲ့ဖန်သည် ဆေးရုံကုတင်ကို မှီပြီး ညဘက်တွင် လုပ်ဆောင်ရမည်များကို စတင်စီစဉ်နေခဲ့သည်။
...........................................
ညဘက်တွင် ယဲ့ဖန်နှင့် နှစ်ယောက်သား တင်းရိချန် နေထိုင်ခဲ့ရာ စံအိမ်သို့ ထပ်မံရောက်ရှိလာကြသည်။
ယနေ့ညတွင် လရောင် မရှိသဖြင့် ဝင်းတစ်ခုလုံးသည် မှောင်မဲနေသော ညအမှောင်ထုတွင် နစ်မြုပ်နေသည်။
နှစ်ယောက်သား အိမ်အနောက် ဝင်းနံရံဆီသို့ တန်းဝင်သွားကြသည်။
အုတ်တံတိုင်းမှာ နှစ်မီတာကျော်လောက် မြင့်သော်လည်း ယဲ့ဖန်အတွက် အတားအဆီး မဟုတ်ပေ။
သူသည် နံရံပေါ်သို့ ဦးစွာခုန်တက်ကာ ရှုကျင်းရှင်းအား အပေါ်ကို ဆွဲတင်တော့မည် ဖြစ်သည်။
သို့သော် မိန်းကလေးရှုသည် ခပ်ဖျော့ဖျော့ပြုံးပြီး ခြေလှမ်းအနည်းငယ် နောက်သို့ ပြန်ဆုတ်ကာ ရှေ့သို့ အမြန်ပြေးပြီး နံရံကို ခြေတစ်ချောင်းဖြင့် နင်းကာ နံရံထိပ်ပေါ်သို့ သပ်ရပ်စွာ ခုန်ဆင်းလိုက်သည်။
ထို့နောက် သူမသည် လှလှပပ လှည့်ပြန်လာလျက် ခြံဝင်းထဲသို့ ညင်သာစွာ ခုန်ချသွားသည်။
ယဲ့ဖန် ချက်ချင်း လက်မထောင်ပြလိုက်သည်။
" ဟုတ်သားပဲ၊ မင်းက တော်တယ်လေ "
ရှုကျင်းရှင်းမှ ကျေနပ်စွာ ပြုံးလိုက်သည်။
" ကျွန်မက သူရဲဘောကြောင်တဲ့ မိန်းမလို့ တကယ်ပဲ ထင်နေတာလား။ ကျွန်မက ဖုံးကွယ်ထားတာပါ "
" ရှင် ကျွန်မကို နောက်တစ်ခါ ထပ်ပြီး အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ ကြည့်နေလိုက် "
ယဲ့ဖန် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးပြီး သူမရှေ့သို့ ခုန်ဆင်းကာ သူမ၏ သွယ်လျသော ခါးလေးကို ဖက်ရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။
" တကယ် မင်းကို အနိုင်ကျင့်ချင်ရင် မင်းက ခုခံမှာလား "
သူ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။
ရှုကျင်းရှင်း အကြိမ်အနည်းငယ် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်သောကြောင့် သူမ အနည်းငယ် ရှက်သွားခဲ့သည်။
" လွှတ်၊ ရှင် ကျွန်မကို နောက်တစ်ခါ ထပ်ထိရင် ရှင် ကျွန်မကို အနိုင်ကျင့်တယ်လို့ ကျွန်မအစ်ကိုနဲ့ တိုင်ပြောမယ် "
ယဲ့ဖန်သည် သူမ၏ ခြိမ်းခြောက်မှုကို မကြောက်ခဲ့ပေသည်။
" မိန်းကလေးရှုက ကိုယ်နဲ့ ညဘက် တခြားလူတွေရဲ့ အိမ်နောက်ဖေးကို လိုက်သွားပြီး လူဆိုးဖြစ်သွားတယ်ဆို မင်းအစ်ကိုက ကိုယ်နဲ့ မရှင်းခင် မင်းကို အရင် ဆူမလား ကိုယ် မသိဘူး "
ရှုကျင်းရှင်းသည် ချက်ချင်း ရယ်မောလိုက်ပြီး သိသွားသည့် ဖြစ်နေမည့် သူမအစ်ကို၏ အမူအရာကို စိတ်ကူးယဉ်မိသွားသည်။
သူမ ငယ်စဉ်ကတည်းက ရရှိခဲ့သော ပညာရေးသည် သာမန် အထက်တန်းစား ပညာရေး ဖြစ်သည်။
ထိုသို့သော "ခိုးကြောင်ခိုးဝှက်" အပြုအမူမျိုးသည် စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
သူမ ပြုံးလိုက်သောအခါ ပန်းများ ပွင့်လန်းနေသော သစ်တောလေးကဲ့သို့ ရုတ်တရက် စိမ်းစိုသာယာပြီး အလွန်လှပသည်။
ယဲ့ဖန်၏ မျက်လုံးများသည် အနည်းငယ်စူးရှနေသည်ကို မြင်လိုက်ရသည်။
သို့သော် သူသည် သူ၏ တာဝန်ကို အခိုင်အမာ မှတ်ထားဆဲဖြစ်ပြီး ယခုအချိန်သည် မိန်းကလေးများအပေါ် စွဲမြဲနေရမည့်အချိန် မဟုတ်ပေ။
" မြန်မြန်သွားရအောင်။ ဒီနေရာက ပြိုကျနေပြီ။ မင်းခြေလှမ်းတွေကို သတိထား "
ယဲ့ဖန် အရင်ဝင်သွားပြီး ရှုကျင်းရှင်းလည်း အနောက်မှ အမြန်လိုက်သွားသည်။
နှစ်ယောက်သား ခြံတွင်းရှိ ရေတွင်းနားသို့ ဝင်လာပြီး အထဲကို ကြည့်လိုက်သည်။
အထဲ၌ မည်းနက်နေသည်ကို သူတို့ မြင်လိုက်ရပြီး ဘယ်လောက်နက်သည်ကို မသိပေ။
" ရှင်ပြောခဲ့တဲ့ ရတနာက ရေတွင်းထဲမှာ မဟုတ်လား "
ရှုကျင်းရှင်းသည် သူမ၏ ဦးရေပြား အနည်းငယ် ထုံသွားသည်ကို ခံစားလိုက်ရသည်။
ခြံနောက်က မှောင်နေပြီကို သူက ဘာလို့ ရေတွင်းထဲကို ဆင်းချင်နေတာလဲ။
မိသားစုကြီးများသည် အမှားလုပ်မိသည့် ကျွန်များကို ရေတွင်းထဲ ပစ်ချပြီး ရေနှစ်သတ်လေ့ ရှိသည်ဟု သူမ ကြားဖူးသည်။
အောက်ခြေမှာ ဘာတွေ ထူးထူးဆန်းဆန်းတွေ ရှိနေလဲ ဘယ်သူသိမှာလဲ။
ယဲ့ဖန် လှည့်ပြီး သူမကို ပြုံးပြလိုက်သည်။
" မဆင်းရဲရင် ဟိုမှာစောင့်နော် "
စကားပြောနေစဉ်တွင် သူ ကြိုဝယ်ထားသော ကြိုးကို သူ့ဘေးနားရှိ သစ်ပင်ပင်စည်ကြီးတွင် ချည်နှောင်လိုက်သည်။
ရှုကျင်းရှင်း လှည့်ကြည့်ပြီးနောက် တုန်လှုပ်သွားသည်။
" ဟိုမှာ တစ်ယောက်တည်း နေရတာ ပိုကြောက်တယ်။ ရှင်နဲ့ အတူတူ လိုက်ခဲ့မယ် "
သူမ အခုမှ နောင်တရသွားသည်။
သူမ ဘာလို့ ဒီတစ်ယောက်နောက်ကို လိုက်ပြီး ဒီလို သရဲတစ္ဆေရှိမယ့်နေရာကို လိုက်လာမိတာလဲ။
ယဲ့ဖန် တင်းတင်းကြပ်ကြပ် ချည်နှောင်ပြီးနောက် ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်ပြီး သူ့လက်တွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
" ဒါဆို တက်လာခဲ့ "
" အာ ဘယ်သွားမလို့လဲ "
ရှုကျင်းရှင်းသည် သူ ဘာကိုဆိုလိုသည်မှန်း နားမလည်ချေ။
" သေချာပေါက် ကိုယ့်ပေါ်ကိုလေ။ မင်းကိုချီပြီး ကြိုးနဲ့ ဆင်းမယ် "
ယဲ့ဖန် လေးနက်စွာ ပြောလိုက်သည်။
" ကိုယ့်အပေါ်မှာ ........ "
ထိုရှက်ဖွယ်အမူအရာသည် ရှုကျင်းရှင်းအား တုံ့ဆိုင်းသွားစေသည်။
ယဲ့ဖန်သည် ရေတွင်းအဝကို မျက်နှာတည်ဖြင့် ညွှန်ပြသည်။
" ဒါဆိုလည်း မင်းဘာလို့ အရင်မဆင်းတာလဲ "
ရှုကျင်းရှင်းသည် ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်ပြီး ချက်ချင်းပင် တုန်လှုပ်သွားသည်။
သူမသည် အလွန်သိချင်နေသော်လည်း သူမ၏ သတ္တိကို ဂုဏ်တင်ရန် လိုအပ်နေသေးသောကြောင့် သူမ တစ်ယောက်တည်း မဝင်ရဲပေ။
ယဲ့ဖန် ကို ချက်ချင်းပင် ခေါင်းယမ်းပြလိုက်သည်။
ယဲ့ဖန် သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။
" ဒါဆို မင်းက ဘာလို့ အရင် မစောင့်နေတာလဲ။ ကိုယ် ဆင်းကြည့်လိုက်မယ်။ ဘာမှမရှိဘူးဆိုမှ မင်း ပြန်ဆင်းလို့ရတယ် "
ရှုကျင်းရှင်းသည် မှောင်မည်းနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ပြန်သည်။
ယဲ့ဖန် ရုတ်တရက် စိတ်ဆိုးသွားသည်။
" မိန်းကလေးတွေက ဒုက္ခပေးတာပဲ။ စောစောသိရင် မင်းကို ဒီကို ခေါ်လာမှာ မဟုတ်ဘူး "
" ဒါက အလုပ်မဖြစ်ဘူး၊ ဟိုကက အလုပ်မဖြစ်ဘူးနဲ့။ ဒါနဲ့များ မင်း ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာချင်သေးတာလား။ မင်းအိမ်ပြန်ပြီး ကလေးယူတာက ပိုကောင်းမယ် ထင်တယ် "
ရှုကျင်းရှင်းလည်း ဒေါသထွက်လာသည်။
"တဒေါက်ဒေါက်"ဖြင့် သူ့ရှေ့သို့ လျှောက်လာပြီး ယဲ့ဖန်၏ လည်ပင်းကို သိုင်းဖက်ကာ ခါးကိုလည်း သူမ၏ ရှည်လျားသော ခြေနှစ်ချောင်းဖြင့် ရစ်ပတ်ထားသည်။
" ဒါဆိုအဆင်ပြေလား "
ထိုရုတ်တရက် မရှင်းလင်းသော အမူအရာကြောင့် ယဲ့ဖန် အနည်းငယ် စိတ်လွတ်သွားခဲ့သည်။
ဒီပုံစံကို တစ်ခါမှ မစမ်းဖူးသေးဘူး။