← Chapters

လင်းရီ၏ အမြင်

Vol. 136 Ch. 2028

လင်းရီ၏ အမြင်

Vol. 136 Ch. 2028

မှောင်သည့် ပတ်ဝန်းကျင်တွင် ဖြစ်သဖြင့် လင်းဟန်သည် အနီးသို့ အနည်းငယ် ကပ်သွားပြီးမှသာ လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုလိုက်နိုင်သည်။

“ ဟုတ်တယ် … “

ဓာတ်ပုံကိုသာ မြင်တွေ့ထားဖူးပြီး လူကိုယ်တိုင် မတွေ့ဖူးသေးသဖြင့် သူမဘက်က အတော်လေး ကြိုးစားလိုက်ရ၏။

“ အမ် ဒါပေမယ့် သူ့ပုံစံကြည့်ရတာ ထင်ထားတာနဲ့ လွဲနေသလိုပဲနော်… အသားအရေကလည်း ပဲပြားလေးကို နူးညံ့ပြီး ဒီလောက်ချောတဲ့ ရုပ်ရည်နဲ့ သူ့ကြည့်ရတာ သာမန် အောက်ခြေဝန်ထမ်း အရာရှိလိုပါပဲ … ခရိုင်ချင်းပူးပေါင်းတဲ့ ပြိုင်ပွဲမှာ စားပွဲလှန်ပြီး ဗိုလ်ဆွဲအောင် လုပ်ပေးတဲ့လူဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ ငါလည်း အဲ့လို ခံစားရတာပဲ … ရှင်းရှန်း ရဲစခန်းက သူ့အစွမ်းအစတွေကို ချဲ့ကားပြီး ပြောနေလားမှ မသိ …” လင်းဟန် မျက်မှောင်ကြုတ်မိသွားခဲ့သည်။ လူတစ်ယောက်ကို အပေါ်ယံ အမြင်နှင့် ကြည့်၍ ကောက်ချက်မချသင့်မှန်း သိသော်လည်းပဲ လင်းရီ၏ နူးညံ့သည့် သွင်ပြင်က သူမစိတ်ကူးထားသည်နှင့် ကိုက်ညီဖို့ ဝေးစွ ဖြစ်နေသည်။

“ ဒါပေမယ့် လောလောဆယ် လွှတ်ထားလိုက် … အခုက အဲ့ကိစ္စ အာရုံစိုက်ရမယ့် အချိန် မဟုတ်သေးဘူး ..” လင်းဟန် လေးနက်စွာ ပြောဆိုလိုက်သည်။

“ ငါတို့ရဲ့ ရည်မှန်းချက်က ပိုင်ရုံရှိုကို အရင်ဖမ်းရဖို့ပဲ …. ကျန်တာ ငါတို့ အပူမဟုတ်ဘူး …”

“ နားလည်ပါပြီ…”

လင်းဟန်နှင့် သူမ၏ အသင်းသားများက လင်းရီကို အကဲခတ်နေစဉ် ရှင်းရှန်းခရိုင် ရဲစခန်းအသင်းကလည်း သူမအား ပြန်လည် အကဲခတ်နေခဲ့၏။

“ အစ်ကိုလီ… ခင်များ ပြောတဲ့ အမျိုးသမီးက ဆံထုံးနဲ့ တစ်ယောက်မလား …”

“ အဲ့ဘက်မှာ အမျိုးသမီးက သုံးယောက်တောင်လေ … မင်း ဘယ်လို သေချာသွားတာ …”

“ D cup … ကူရိရန်ထက် အများကြီး ပိုကြီးတယ်…” မည်သူကမှန်းမသိ စနောက်လိုက်၏။

ကူရိရန် “ …. “

“ ဒီလောက်ထိ အုပ်ထားတာကို မင်းတို့ကောင်တွေ ဘယ်လိုများ ပြောနိုင်ကြတာ ..” ကျူးကျွင်းချီ မေးမြန်းလိုက်ပြီး “ ငါ့မျက်လုံးထဲမှာတော့ သူတို့အားလုံး အကုန်အတူတူပဲ …”

“ အင်း … အတွေ့အကြုံက စကားပြောတယ်လေ…."

ကူရိရန်သည် လင်းရီအား အကြည့်စူးစူးတစ်ချက် ပေးလွှတ်လိုက်ရင်း သူမဘာသူမ ရေရွတ်လိုက်သည်။ “ နှာဘူးတစ်သိုက်တွေ … ဟွန့် …”

ထိုအချိန်မှာပဲ စစ်ဆင်ရေး၏ ခေါင်းဆောင်ကြီးသုံးဦးမှာ စုဝေးလာခဲ့ကြသည်။

သူတို့ထဲတွင် ဗဟိုရုံး၏ ခေါင်းဆောင်နာမည်က လျိုချွင်ကျန်း ဖြစ်ပြီး သုံးဦးအလယ်တွင် ရှိနေသည်။

သူ၏ ကိုယ်ဟန်အမူအရာ အပြုအမူမှတဆင့် လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိရှိခြင်း မရှိသည်မှာ သိသာလှသည်။

“ မစ်ရှင်က အရေးကြီးတော့ ငါ အချိန်တွေ ဆွဲမနေတော့ဘူး … မင်းတို့အားလုံး ကောင်းကောင်း နားလည်ကြမှာပါ … အမိန့်ပေးပိုင်ခွင့်ကို မင်းတို့နှစ်ယောက်ဆီ ငါ ပေးလိုက်မယ်.. ဒီတော့ မင်းတို့ရဲ့ အစီအစဉ်ကို သေချာပြန်သုံးသပ်ပြီး ဘာအမှားအယွင်းမှ မရှိအောင် ဂရုစိုက်ကြ ..”

လျိုချွင်ကျန်းက စာအုပ်တစ်အုပ်ကို ကမ်းပေးလာခဲ့သည်။

သူ့ပြောစကားအရတော့ လျိုကွမ်းရှန်နှင့် ဟန်ကျုံးယွီတို့ကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ခြင်းပင်။ သို့သော် စင်စစ်တွင်တော့ အခြား လက်တွေ့ကျသည့် အတွေးအခေါ်တစ်ခုလည်း သူ့တွင် ရှိနေသည်။ အကယ်၍ မစ်ရှင် မအောင်မြင်ခဲ့ပါက အပြစ်ကို သူတို့နှစ်ယောက်သာလျှင် ခေါင်းခံရမည်ဖြစ်ပြီး အကယ်၍ အောင်မြင်ခဲ့မည် ဆိုလျှင်တော့ သူ ၊ လျိုချွင်ကျန်းက အကျိုးဆောင်မှတ် အများဆုံး ရယူမည် ဖြစ်၏။

“ နားလည်ပါပြီ …”

နှစ်ဦးလုံးက တိတ်တဆိတ် တုံ့ပြန်လိုက်ကြ၏။

ထို့နောက် လျိုကွမ်းရှန်နှင့် ဟန်ကျုံးယွီတို့သည် ဘေးတစ်နေရာသို့ ရွေ့လျားသွားခဲ့ကြပြီး … ဟန်ကျုံးယွီက အပြုံးလေးဖြင့် ဆိုလိုက်၏။

“ လောင်လျို … ဒီမစ်ရှင်အတွက် ငါတို့ ရဲစခန်းနှစ်ခုက နီးနီးကပ်ကပ် ပူးပေါင်းဖို့လိုမယ်… သူတို့ လူတစ်ယောက်ချင်းစီတိုင်းကို အမိဖမ်းဖို့ လိုတယ်… တစ်ယောက်တစ်လေလေးတောင် လွတ်ထွက်သွားလို့ မဖြစ်ဘူး….”

“ ဒါတော့ သေချာပေါက်ပဲပေါ့ ..” လျိုကွမ်းရှန်လည်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြန်ပြောလိုက်၏။ “ ဒီအတွက် ငါတို့ ရှင်းရှန်းခရိုင်ကနေ လက်ရွေးစင်ဆိုတဲ့ အဖွဲ့သားတွေကိုမှ ရွေးပြီးခေါ်လာခဲ့တာပဲလေ… သူတို့ တစ်ယောက်မှ မလွတ်သွားစေရဘူး …”

“ အဲ့လိုကြားရတာ ကောင်းတယ်…” ဟန်ကျုံးယွီ ပြောလိုက်ပြီး “ ငါတို့ အစောပိုင်းတုန်းက ဆွေးနွေးခဲ့တဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့ … အားလုံး အဆင်ပြေပြေနဲ့ ခရီးတွင်လောက်တယ်…”

“ ကောင်းပြီ …”

လျိုကွမ်းရှန် သဘောတူလိုက်ပြီး …. ထို့နောက် ညွှန်ကြားရန်အတွက် လူတိုင်းကို စုဝေးလိုက်သည်။

သို့သော် သူ့ဘက်က စတင်၍ တာဝန်ကို ခွဲဝေပေးတော့မည့် အချိန်မှာပဲ ဟန်ကျုံးယွီက နှစ်သင်းလုံးသို့ ရည်ရွယ်ပြီး စကားပြောဆိုလာသည်။

“ ငါ အရင် အဆိုပြုခဲ့တဲ့ အစီအစဉ်အတိုင်းပဲ နှစ်သင်းလုံးက သူတို့ရဲ့ သက်ဆိုင်ရာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်…”

“ ရှေ့က ရေချိုးစင်တာမှာ အနောက်တံခါးပေါက် ရှိတယ်… အဲ့ဒီ တံခါးပေါက်ကို ငါတို့ စုန့်ကျန်း ရဲစခန်းက ကိုင်တွယ်ပြီး ရှန်းရှန်း ရဲစခန်းကတော့ ရှေ့ပေါက်ကို ကာထားရမယ်… သူတို့ကို အထဲမှာ ပိတ်ဆို့ထားပြီး ကွန်ထဲပိတ်မိနေတဲ့ ငါးတွေလိုမျိုး တစ်ယောက်တောင် လွတ်ထွက်သွားခိုင်းလို့ မရဘူး …”

လင်းရီသည် လီရှန်းဟွေ့နှင့် အကြည့်ချင်း ဖလှယ်မိလိုက်၏။ ဤ ဟန်ကျုံးယွီဆိုသည့် လူက လူလည်ကြီးပင်။ စစ်ဆင်ရေးက မစဆင်သေးသော်ငြားလည်း အကျိုးရမှတ်များကို စပြီး ရယူနေပြီဖြစ်၏။

အစီအစဉ်ကို စခန်းနှစ်ခုက ပူးပေါင်း၍ ရေးဆွဲချမှတ်ထားသော်လည်းပဲ သူ၏ လက်ရှိပြောပုံက သူတစ်ဦးတည်းက စီစဉ်ထားသည့်နှယ်ပင်။ အဆိုးရွားဆုံးကတော့ လက်ရှိတွင် ရာထူးမြင့် အကြီးအကဲ တစ်ဦးက နေရာတွင် ရှိနေပြီး ၎င်း၏ စကားလုံးတို့က လျိုကွမ်းရှန်ကို အရေးမပါသည့် လူတစ်ဦးအသွင်သို့ ရောက်ရှိသွားစေလေသည်။

အဘိုးကြီးလျို၏ စိတ်ထဲ မည်မျှ ခံပြင်းနေလိုက်မည်လဲဆိုတာကို တွေးတောမိရင်း လင်းရီ ကြိတ်လျက်သာ ရယ်မောမိလိုက်၏။

“ ထပ်ပြီး .. ငါတို့ ရထားတဲ့ သတင်းတွေအတိုင်းဆိုရင် ပိုင်ရုံရှိုက အခု အခန်း 409 မှာ ရှိနေတယ်… စစ်ဆင်ရေး စပြီဆိုတာနဲ့ ပိပိရိရိ လှုပ်ရှားဖို့ မမေ့နဲ့ … ပိုင်ရုံရှိုရဲ့ အဖွဲ့သားတွေကို တပ်လှန့်သလို ဖြစ်ပြီး သူတို့ဘက်က ခုခံလာမှာကို မလိုချင်ဘူး … အထိကရုဏ်းဖြစ်ရင် ဖမ်းရ ခက်ခဲသွားလိမ့်မယ်… ဒီည အစီအစဉ်က ဒီလိုပဲ … လူတိုင်း နားရှင်းကြလား …”

“ ဟုတ်ကဲ့ … ရှင်းပါတယ်…”

စုန့်ကျန်း အသင်းသားများမှ သံပြိုင်ဖြေဆိုလိုက်ကြ၏။

“ ဒါဆို စကြတော့ …”

“ ခဏလေး …” လင်းရီ ကောက်ကာငင်ကာ ပြောဆိုလိုက်ပြီး “ အစီအစဉ်က ဒါလေးပဲလား …”

ဟန်ကျုံးယွီသည် လင်းရီထံသို့ စူးရဲသည့် အကြည့်တစ်ချက် ပို့လိုက်၏။

ခရိုင်သုံးခု ပြိုင်ပွဲမှတဆင့် လင်းရီ၏ ဂုဏ်သတင်းကို သူ သတိပြုထားမိပြီး ဖြစ်သည်။ သို့သော် ယခုလို အချိန်၌ မေးခွန်းထုတ်လာသည်ကိုတော့ သူ့စိတ်ထဲ အံ့အားသင့်နေမိခဲ့၏။

“ ဒါပဲ …”

ဟန်ကျုံးယွီသည် လင်းရီ ပြောဆိုလာမည့် စကားကို ကြိုတင် သိရှိနေဟန်ဖြင့် ဆက်လက် ပြောဆိုလာခဲ့၏။

“ အစီအစဉ်က တအား ရိုးရှင်းတယ်လို့ မင်း ထင်နေတာကို ငါနားလည်တယ်… ဒါပေမယ့် အတွေ့အကြုံရှိပြီးတဲ့ အရာရှိ တစ်ယောက်နေရာကနေ တကယ့် လက်တွေ့ စစ်ဆင်ရေးတွေဆိုတာ မင်းတို့ ဝတ္ထုတွေ ၊ ရုပ်ရှင်ဇာတ်ကားတွေထဲလိုမျိုး မဟုတ်ဘူးဆိုတာပဲ … အစီအစဉ်က ပိုပြီး ရှုပ်ထွေးလေ ၊ အမှားအယွင်း ဖြစ်ပေါ်နိုင်ချေ ပိုများလေပဲ … ရိုးရှင်းမှုသည်သာ အခရာပဲ … လောင်လျိုလည်း မင်းကို ဒီလို အခြေခံကျတဲ့ သဘောတရားတွေလောက်တော့ သင်ပေးထားမယ်ဆိုတာ ငါယုံတယ်…”

စစ်ဆင်ရေးက မစတင်ရသေးသော်လည်းပဲ နှစ်ဖက်အခြေအနေမှာ စပြီး တင်မာနေချေပြီ။ စုန့်ကျန်းရဲစခန်းရှိ အသင်းသားများကတော့ လင်းရီကို လှောင်ပြောင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်ရှုနေကြကာ သူတို့စိတ်ထဲတွင်တော့ လင်းရီကို ဟိတ်ဟန်ထုတ်ချင်နေသည့် လူတစ်ဦးအဖြစ် ရှုမြင်နေလျက် ရှိကြ၏။

ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ငနဲသားက ငါတို့ ခေါင်းဆောင်ကြီးရဲ့ အစီအစဉ်ကို စိန်ခေါ်ချင်နေတယ်ပေါ့ ဟုတ်လား … မရင့်ကျက်လိုက်တာ …

အလှမ်းသိပ်မဝေးသည့် နေရာတွင် ရှိနေသည့် လင်းဟန်သည်လည်း လင်းရီကို တစ်ချက်ကြည့်လိုက်မိသည်။

ကနေဦးတုန်းက သူမ လင်းရီကို မြင့်မြင့်မှန်းထားပြီး စစ်ဆင်ရေးအတွင်း ယှဉ်ပြိုင်ရာ၌ အခက်တွေ့လာနိုင်သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်းပဲ လက်ရှိ ကြည့်ရသလောက်တော့ သူမဘက်က အထင်ကြီးနေခဲ့မိဟန်ပင်။

လူ သတိပြုမိတာကို ခံချင်သူတို့က သူတို့၏ လက်ရှိ နယ်ပယ်တွင် အမြင့်သို့ မရောက်တတ်ကြပေ။ သူ၏ စိုးရိမ်ပူပန်မှုတို့က အသုံးမဝင်သည့် အရာများသာ ဖြစ်၏။

လျိုချွင်းကျန့်သည်လည်း လင်းရီ၏ ဟိတ်ဟန်ထုတ်လိုမှုကို အာရုံခံမိလေသည်။ ဤမျှ အသက်ငယ်ငယ်လေးဖြင့် ဟန်ထုတ်ကြွားဝါလိုနေသည်က ကောင်းသည့် လက္ခဏာရပ်တော့ မဟုတ်ချေ။

“ ရိုးရှင်းလွန်းတယ်လို့ ကျုပ်မပြောဘူး … အစီအစဉ်မှာ ပြဿနာ ရှိနေတယ်လို့ ကျုပ်ပြောချင်တာ …”

“ ဘာပြဿနာလဲ … မင်း ထောက်ပြလိုက် … ငါ ချက်ချင်း ရှင်းပြပေးမယ်…” ဟန်ကျုံးယွီ ပြောဆိုလိုက်သည်။

“ ချန်ကျန်း ရေချိုးစင်တာမှာ အရှေ့တံခါးနဲ့ အနောက်တံခါးပဲ ရှိတယ်လို့ ဘယ်သူကပြောတာ ….”

လင်းရီ၏ မေးခွန်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။ ဤကဲ့သို့ မေးခွန်းထုတ်လာလိမ့်မည်ကို သူတို့ ထင်မှတ်မထားခဲ့ပါချေ.

“ မင်း ဘာပြောချင်နေတာ … အဲ့တာဆို နောက်တတိယ တံခါးပေါက် ရှိနေသေးတာလား …”

“ အဲ့ဒီထက်ကို ပိုတယ်…” လင်းရီ ပြောဆိုလိုက်ပြီး “ အရှေ့နဲ့ အနောက်အပြင်ကို တောင်ဘက်မှာလည်း ဝင်ပေါက်တစ်ခု ရှိတယ်…”

ဟန်ကျုံးယွီ အားပါးတရ ရယ်မောမိသွားခဲ့၏။ “ တောင်ဘက်မှာ ဝင်ပေါက်ရှိတာကို ငါ မသိဘဲ နေမလားကွ … ဒါပေမယ့် အဲ့တံခါးက ချိတ်ပိတ်ထားတာ ကြာပြီ … အခု မသုံးတော့ဘူး … ဆိုတော့ ထည့်စဉ်းစားနေစရာ မလိုဘူး …”

“ ချိတ်ပိတ်ထားတယ်လို့ ဘယ်သူကပြောတုန်း … ချိတ်ပိတ်ထားဖို့ဆိုရင် ဘာလို့ အစကတည်းကရင် တံခါးပေါက် လုပ်နေတော့မှာ … အသုံးမဝင်တဲ့ဟာတွေ လုပ်ပြီး ဘယ်သူမှ အလုပ်ရှုပ်ခံမနေဘူး …” လင်းရီ ထောက်ပြလိုက်သည်။ “ ပြီးတော့ မှတ်တမ်းတွေ အရဆိုရင် ချန်ကျန်း ရေချိုးစင်တာ ဖွင့်လာခဲ့တဲ့ သက်တမ်းက ရှစ်နှစ်ကျော်ပြီ … တောင်ဘက် ဝင်ပေါက်ဝကို ပိုင်ရှင်က ဒုတိယမြောက်နှစ်မှာ ပြုလုပ်ခဲ့တယ်… ရဲတွေ ရုတ်တရက် ဝင်လာပြီးဖမ်းရင် အရေးကြီးတဲ့ ဧည့်သည်တော်တွေ အချိန်မီ ထွက်ပြေးနိုင်အောင်လို့ပဲ …”

All Chapters