← Chapters

လေးမျက်နှာကျေးရွာ

Vol. 147 Ch. 2086

လေးမျက်နှာကျေးရွာ

Vol. 147 Ch. 2086

ကောင်းကင်ပြက္ခဒိန် ၁၀၀၅၈ ခုနှစ်တွင် တုန်းဟွာနယ်မြေအတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ် အများအပြား ဖြစ်ပေါ်လာခဲ့သည်။ နင်ဟွာအဆင့်တက်ခြင်းအပြင် ရှေးဟောင်းတော်၀င်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်၏ မဟာမိတ်လက်ထပ်ခြင်းကလည်း  အလွန် စိတ်၀င်စားဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း အရာအားလုံးထက် နောက်ပိုင်း ဖြစ်ပျက်ခဲ့သော ကိစ္စမှာ ယခင် မည်သည့်အခါကမှ ဖြစ်ပျက်ခဲ့ဖူးခြင်းမရှိသည့် အုတ်အော်သောင်းနင်းတစ်ခု ဖြစ်ခဲ့ပေသည်။

ရီဖူရှင်းပြန်လည်ထွက်ပေါ်လာပြီးနောက် သူ၏ အဖွဲ့သည် ရန်ဟောင် စစ်တပ်တစ်ခုလုံးကို ချေမှုန်းခဲ့ပြီး အဆင့်ကိုး ရန်ဟောင်တစ်ပါးသည်ပင်  တစ်ချက်တည်းနှင့် ဖျက်ဆီး​ချေမွခံခဲ့ရသည်။ ထိုအဖြစ်အပျက်သည် နင်ဟွာ၏ အဆင့်တက်ခြင်းမှ ဖြစ်ပေါ်ခဲ့သော ထိတ်လန့်တုန်လှုပ်မှုများထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအဖြစ်အပျက်အားလုံးမှ တုန်းဟွာနယ်မြေ၏ နယ်နမိတ်အတွင်း၌သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဒေသမှ နယ်မြေတစ်ဆယ့်ရှစ်ခုအတွင်း တစ်ခုချင်းစီတွင် မရေတွက်နိုင်သော ကုန်းမြေများရှိပြီး မရေတွက်နိုင်သော အဖြစ်အပျက်များကလည်း နေ့တိုင်း ဖြစ်ပေါ်နေခဲ့သည်။  ဥပမာပြောရလျှင် နင်ဟွာ၏ အဆင့်တက်ခြင်းနှင့် ယန်ပြည်ထောင်မှ မင်္ဂလာပွဲအတွက် စီတန်းလှည့်လည်ခဲ့သော အခမ်းအနား ဖျက်ဆီးခံခဲ့ရခြင်း စသည့် ဖြစ်ရပ်များသာလျှင် အခြားနယ်မြေများ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်၏။ အခြားအဖြစ်အပျက်များက သူတို့ နယ်မြေများအတွင်း၌သာ ဖြစ်ပွားကြခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားသောအခါ တုန်းဟွာနယ်မြေအပြင်ဘက်မှ အခြားနယ်မြေများရှိ ထိပ်သီးအင်အားစုများသာလျှင် ထိုအကြောင်းများကို ကြားနိုင်ကြသည်။ အခြားနယ်မြေရှိ သာမန်တန်ခိုးရှင်များသည် အကြောင်းအရာများကို များများစားစား နားလည်သဘောပေါက်ကြလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဒေသသည် အလွန်ကျယ်ပြောလှရာ နေ့တိုင်း မရေတွက်နိုင်သော သတင်းများနှင့် မတူညီသော ကိစ္စများတွင် မတူညီသော အာရုံစိုက်မှုများ ရှိကြသည်။ ထို့ကြောင့် သူတို့၏ အားအင်နှင့် အာရုံစိုက်မှုများမှာ သူတို့ကိုယ်ပိုင်နယ်မြေများအတွင်း ဖြစ်ပျက်နေသည့်အရာများနှင့်သာ ကန့်သတ်ထားလိမ့်မည်။

သာမန်တန်ခိုးရှင်များသည် အခြားနယ်မြေများရှိ ထိပ်သီးပုဂ္ဂိုလ်များက မည်သူဖြစ်သည်ကို သေချာ သိရှိကြလိမ့်မည် မဟုတ်ပေ။

ဥပမာအနေနှင့် တုန်းဟွာနယ်မြေနှင့် အိမ်နီးချင်းနယ်မြေဖြစ်သော ရှန်ချင်းနယ်မြေသည် တုန်းဟွာနယ်မြေအတွင်း၌ ဖြစ်ပျက်နေသော အရာများနှင့် ပတ်သတ်ပြီး ဂရုစိုက်ခြင်း ရှိလိမ့်မည်မဟုတ်သလို သတင်းစီးဆင်းမှုကလည်း အကန့်အသတ် ရှိသည်။ တုန်းဟွာနယ်မြေ၏ ဒုနယ်မြေသခင်နင်ဟွာနှင့် ရီဖူရှင်းတို့၏ အမည်များက တုန်းဟွာနယ်မြေအတွင်း၌သာ ကျော်ကြား၏။ ရှေးဟောင်းတော်၀င်ယန်မိသားစုသည်လည်း တုန်းဟွာနယ်မြေအတွင်း၌သာ အင်အားစုကြီးတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် ပတ်သတ်သည့် အဖြစ်အပျက်အားလုံးမှာ နယ်မြေအတွင်းရှိ အခြားတန်ခိုးရှင်များ၏ စိတ်၀င်စားမှုကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ သို့သော်လည်း ရှန်ချင်းနယ်မြေအတွင်းရှိ သာမန်တန်ခိုးရှင်တစ်ယောက်အနေနှင့် နင်ဟွာနှင့် ရီဖူရှင်းမှာ မည်သူဖြစ်ကြောင်း သိပင်သိကြလိမ့်မည် မဟုတ်ပေ။

သူတို့က ထိုကိစ္စများနှင့် ပတ်သတ်၍ အာရုံအများကြီး မစိုက်ကြသည့်အတွက်ကြောင့် သတင်းများက အဝေးထိ ပျံနှံ့ရန် ခက်ခဲသည်။

ရှန်ချင်းနယ်မြေအတွင်းတွင် အလွန်ကျော်ကြားသော လေးမျက်နှာကုန်းမြေဟု ခေါ်သည့် ကုန်းမြေတစ်ခုရှိသည်။

လေးမျက်နှာကုန်းမြေဟူသော အမည်သည် သာမန်ဆန်ပြီး အလွန် ဝေးကွာသော နေရာတွင် တည်ရှိသည်။ ၎င်းကရှန်ချင်းနယ်မြေ၏ အစွန်အဖျားတွင် တည်ရှိပြီး အဓိကကုန်းမြေမှ အလွန်ဝေးကွာ၏။ ထိုကုန်းမြေသည် လူနေ နည်းပါးပြီး ကုန်းမြေတစ်ခုလုံးက ကြီးမားသော အရွယ်အစား မရှိပေ။ ၎င်းကို နယ်မြေ၏ အဓိက ကုန်းမြေနှင့် နှိုင်းယှဉ်ရန် ခက်ခဲလှသည်။

သို့သော်လည်း ထိုသို့သော ကုန်းမြေသည် ရှန်ချင်းနယ်မြေ၌ ကြီးမားသော ဂုဏ်သရေရှိနေသည်။ မရေတွက်နိုင်သော တန်ခိုးရှင်များက နှစ်စဉ်နှစ်တိုင်း လာရောက်ကြ၏။ ထိပ်သီးအင်အားစုများလည်း ပါ၀င်သည်။

ထိုသည်မှာ လေးမျက်နှာကုန်းမြေအတွင်းတွင် အထူးတည်ရှိနေသော လေးမျက်နှာ ကျေးရွာဟု ခေါ်သည့် နေရာကြောင့်ပင် ဖြစ်၏။

၎င်းက ရွာတစ်ရွာပင် ဖြစ်သော်လည်း ထိုရွာသည် ရှန်ချင်းကုန်းမြေတစ်ခုလုံးနှင့် ကောင်းကင်ဒေသ၌ပင် မြင့်မားသော ဂုဏ်သရေကို ပိုင်ဆိုင်ထားသည်။

အခြားအကြောင်းပြချက်များထက် အရှင်ဒွန်ဟောင်ပင်လျှင် ထိုကျေးရွာသို့ ကျင့်ကြံရန် တစ်ကြိမ်၀င်ရောက်ခဲ့ဖူးသည်။ ပြောကြသည်မှာ သူက ဤရွာသို့ လမ်းစဉ်ရှာဖွေရန် လာရောက်ခြင်း ဖြစ်သည်ဟု ပင်။ ထိုအချိန်၌ သူက မဟာအင်ပါယာ မဖြစ်သေးသော်လည်း လေးမျက်နှာကျေးရွာက ဂုဏ်သတင်း ကျော်ဇောနေခဲ့ပြီး ဖြစ်သည်။ အချို့က လေးမျက်နှာကျေးရွာကို အင်ပါယာ၏ ကျေးရွာဟုလည်း ခေါ်ကြသည်။

လေးမျက်နှာကုန်းမြေသည် အရွယ်အစားမကြီးမားသလို လူဦးရေမထူထပ်သော်လည်း လေထဲတွင် ခရီးဆက်နေသော တန်ခိုးရှင်များကို ရံဖန်ရံခါ မြင်နေကြရသည်။ ဤနေရာသို့ ရောက်လာကြသော သူများမှာ အထူးသဖြင့် အပြင်ဘက် နယ်မြေမှ တန်ခိုးရှင်များ ဖြစ်ကြပြီး သူတို့ အားလုံးက လေးမျက်နှာကျေးရွာသို့ ဦးတည်နေကြခြင်းဖြစ်သည်။

ထိုအချိန်တွင် ကုန်းမြေအထက် ကောင်းကင်၌ တန်ခိုးရှင်တစ်စုကတိမ်တိုက်နှင့် မြူများကို ဖြတ်သန်းကာ လေထဲတွင် ခရီးဆက်နေကြသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အဖြူရောင်ဆံပင်နှင့် ငယ်ရွယ်သော သူ တစ်ဦးဖြစ်သည့် ရီဖူရှင်းပင် ဖြစ်သည်။

ရီဖူရှင်း၏ ဘေးတွင် ရှားရှင်းယွန် ရှိနေပြီး သူ့နောက်တွင် ချန်ယိက ထိုင်နေသည်။ ကျီဖုန့်က ထိုအနောက်ဘက်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ပေ့ကုံးအော့နှင့် သူ့သမီးလည်း ရှိနေခဲ့သည်။ သူတို့ကို သယ်ဆောင်လာသည့် သူမှာ အလွန် အလုပ်ကြိုးစားလှသည့် 'ဆရာကြီးသိမ်းငှက်' ပင်ဖြစ်၏။

ဤခရီး၌ ပါဝင်သူ များများစားစားမရှိပေ။ သူတို့ထဲမှ အနည်းငယ်မှာ ရှားရှင်းယွန်၊ ကျီဖုန့်နှင့် သိမ်းငှက်လေးတို့ ဖြစ်သည်ကို ညွှန်းဆိုရန် မလိုပေ။ ပေ့ကုံးအော့နှင့် သူ၏ သမီးက သူတို့အိမ်မှ ထွက်လာစဉ်ကတည်းက ရီဖူရှင်းနှင့် လိုက်ပါလာခြင်း ဖြစ်သည်။ ချန်ယိက ရီဖူရှင်းနောက် လိုက်ပါလာသည်မှာ အံ့သြစရာဖြစ်သော်လည်း လီချန်ရှန်းက ချန်ယိကို ဤ ခရီး၌ သူတို့နှင့်အတူ လိုက်ပါရန် အားပေးခဲ့ခြင်း ဖြစ်သည်။

လီချန်ရှန်းသည် ချန်ယိက လေးမျက်နှာကျေးရွာသို့ သွားရောက်လည်ပတ်ရန်အတွက် သင့်တော်သော ထူးချွန်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ခံစားမိသည်။

"မကြာခင် ရောက်တော့မယ်။" သိမ်းငှက်နက်လေးက  လူသား အသံနှင့် ပြောလိုက်သည်။

"လေးမျက်နှာကုန်းမြေက အဲဒီလောက်မကြီးဘူး။ ငါတို့ ရောက်ခါနီးပြီ။ လေးမျက်နှာတောင်ကုန်းကို တွေ့တဲ့အခါ လေးမျက်နှာကျေးရွာကို ရှာတွေ့လိမ့်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထိုသည်မှာ လီချန်ရှန်း လိုချင်သည့် အရာဖြစ်၏။ သူက စမ်းသပ်မှုများအတွက် အပြင်လောကသို့ ထွက်လာရန် ဆုံးဖြတ်လိုက်သည့်အခါ လီချန်ရှန်းသည် လေးမျက်နှာကုန်းမြေသို့ တိုက်ရိုက်သွားရန် ညွှန်ကြားလိုက်သည်။

လီချန်ရှန်းက အဆင့်တက်ပြီးနောက် သူက ရှန်ချင်းနယ်မြေတွင်သို့ ရောက်ရှိခဲ့ပြီး အချို့ကိစ္စများကို ကြားသိခဲ့သည်။

လီချန်ရှန်းကိုယ်တိုင် သူတို့အား လေးမျက်နှာကျေးရွာသို့ လိုက်ပါ ပို့ဆောင်ခဲ့ခြင်း မရှိသည်မှာ လေးမျက်နှာကုန်းမြေသည် ကောင်းကင်ဒေသ၌ အထူးအဆင့်အတန်းရှိသောကြောင့် ဖြစ်သည်။ အရှင်ဒွန်ဟောင်က ဆရာသခင် အဆင့် ကျင့်ကြံသူများကို လေးမျက်နှာကုန်းမြေသို့ ဝင်ရောက်ရန် ခွင့်ပြုမထားပေ။

ထပ်ပြောရလျှင် လေးမျက်နှာကုန်းမြေ၌ အခြားသော စည်းမျဉ်းတစ်ခု ရှိနေသေးသည်။ ရွာသားများကြားမှလွဲ၍ ကျေးရွာအတွင်း ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများကို တင်းကျပ်စွာ တားမြစ်ထားသည်။ ရွာအတွင်းမှ လူများကို ထိခိုက်စေမည့် မည်သည့် အပြင်လူမဆို ချို့ယွင်းချက်မရှိ သတ်ဖြတ်ခြင်း ခံရမည် ဖြစ်သည်။

အချို့က ပြောကြသည်မှာ ထိုစည်းမျဉ်းများအား ချမှတ်ခြင်းမှာ အရှင်ဒွန်ဟောင် တစ်ချိန်က လေးမျက်နှာကျေးရွာ၌ ကျင့်ကြံခဲ့ဖူးသောကြောင့် ဖြစ်ပြီး အချို့က ပြောကြသည်မှာ ထိုသည်က လေးမျက်နှာကျေးရွာ၏ အထူးသတ်မှတ်ချက် တစ်ခု ဖြစ်သောကြောင့်ဟူ၍ ဖြစ်၏။ မည်သို့ပင် ဖြစ်စေ မည်သူကမှ အရှင်မဟာ အင်ပါယာ၏ အမိန့်ကို မနာခံဘဲ မနေရဲကြပေ။

ထို့ကြောင့်ပင် ဤ နေရာက လူဦးရေနည်းပါးပြီး ကုန်းမြေ၏ အစွန်အဖျား၌ ရှိနေသော်လည်း လောက၏ အမြင်တွင် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နေသော နေရာတစ်ခု ဖြစ်သည်။ ၎င်း၏ မြင့်မြတ်သော အဆင့်အတန်းက မဟာအင်ပါယာ ကိုယ်တိုင် အာရုံစိုက်လာစေရန်ပင် လုံလောက်၏။

လေးမျက်နှာကုန်းမြေ၏ ထူးခြားသော သဘာ၀ကြောင့် ဤနေရာ၌ အဆောက်အဦးများ မရှိဘဲ ကုန်းမြေတစ်ခုလုံးတွင် အဆုံးမဲ့ တောင်တန်းများနှင့် လွင်ပြင်များသာ ရှိသည်။ ဤနေရာ၌ မြို့ဟူ၍ မရှိဘဲ လူနေထိုင်သည့် အစအနက လွန်စွာ ရှားပါးသည်။ အချိန်တိုင်းလိုလို လေဟာနယ်ကို ဖြတ်သန်း၍ ခရီးသွားနေသော လူများကိုသာ တွေ့နိုင်ပေသည်။

"သိမ်းငှက်လေး မင်းလမ်းမသိရင် တခြားလူတွေရဲ့ နောက်ကိုလိုက်။" ရီဖူရှင်းက တီးတိုးပြောလိုက်သည်။

"နားလည်ပါပြီ။" သိမ်းငှက်လေးက ခေါင်းညိတ်လိုက်ပြီး မတူညီသော အရပ်မျက်နှာမှ လူများအားလုံး အားလုံးသွားနေသည့် နေရာကို အာရုံခံရန် သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သူသည် ရှန်ချင်းနယ်မြေမှ လာသော သူများက ဤနေရာကို သူတို့ထက် ပို၍ ရင်းနှီးကြပြီး အခြားလူများနှင့်အတူ ခရီးဆက်ရမည်ကို နားလည်၏။

သိပ်မကြာခင်မှာပ​င် သူတို့၏ ရှေ့၌ တောင်တန်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထူးခြားသော အရှိန်အဝါတို့က ထိုနေရာမှ ထွက်ပေါ်နေသလို ထင်မှတ်ရသည်။ တောင်တန်းတစ်ခုလုံးကို နတ်အရှိန်အဝါတို့ ပျော်ဝင်နေသည့် မြူမှုန်များနှင့် လွှမ်းခြုံထားသဖြင့် ဖမ်းဆုပ်ရ ခက်ခဲသလို ထင်မှတ်ရပေသည်။

"အဲဒီမှာ မဟာလမ်းစဉ်ဖိအားရှိတယ်... အောက်ဆင်းလိုက်တော့။" ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ အဝေးမှ လူများသည်လည်း ဆင်းသက်လာကြပြီး သိမ်းငှက်နက်လေးသည် ဤနေရာရှိ ထူးခြားဆန်းကြယ်သော ဖိအားကို ခံစားမိ၏။ ၎င်းက ကောင်းကင်နှင့် မြေကြီးအကြား နေရာအနှံ့တွင် ဖြန့်ကျက်နေပြီး သူ့ကို အောက်သို့ နိမ့်နိမ့်ဆင်းလာစေရန် ဖိအားပေးနေသည်။

ရီဖူရှင်း ဆင်းသက်ပြီးနောက် တောင်တန်း၏ အောက်ခြေသို့ ရောက်ရှိလာသည်။ သူ၏ အရှေ့တွင် တောင်ထိပ်သို့ ဦးတည်ထားသည့် ကွေ့ကောက်နေသော တောင်တက်လမ်းတစ်ခုရှိသည်။ တောင်တန်း၏ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ပင် ဖြစ်၏။ တောင်တက်လမ်း၏ တစ်၀က်တွင် ကျောက်စာချပ်တစ်ခုရှိပြီး စာလုံးအနည်းငယ် ထွင်းထုထားသည်။ 'လေးမျက်နှာကျေးရွာ'

ထို​ကျောက်စာချပ်ကို ကျော်သွားပြီးလျှင် လှေကားထစ်များရှိနေသည်။ ထိုလှေကားထစ်သည် တစ်ကြိမ်၌ လူတစ်ယောက်သာ သွားနိုင်လောက်အောင် အလွန်ကျဉ်းမြောင်းလှပြီး တစ်ဖက် တစ်ချက်၌ ကျောက်နံရံများ ရှိနေသည်။ ထိပ်ဖျားမှ အောက်ဆုံးထိ အလွန် လျှို့ဝှက်ဆန်းကြယ်သော လေထုက လွှမ်းခြုံထား၏။ ထိုလှေကားထစ်များကို ဖြတ်သန်း၍ ဝင်ရောက်ရန်မှာ လွယ်ကူသောတာ၀န်မဟုတ်ပေ။

လေးမျက်နှာကျေးရွာကို ဝင်ရောက်ရန် ထိုလမ်းကျဉ်းလေးတစ်ခုသာလျှင် ရှိသည်။

လေးမျက်နှာကျေးရွာကို အပြင်ဘက်မှ မြင်နိုင်ခြင်း မရှိပေ။ ထိုလမ်းကျဉ်းလေးအား ဖြတ်သန်းသွားနိုင်သည့် သူသာလျှင် ရွာအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

လီချန်ရှန်း၏ ပြောပြချက်အရ ထိုအရပ်လေးမျက်နှာမှ မဟာလမ်းစဉ်များက အပြင်လောကနှင့် မတူညီဘဲ အထဲ၌ နတ်ဘုရားအမွေအနှစ် တစ်ခုရှိသည်။

ပြောကြသည်မှာ ထိုလမ်းကျဉ်းလေးကို ကံကောင်းမှုများ မပိုင်ဆိုင်သည့် သူက ဖြတ်သန်းသွားရန် မဖြစ်နိုင်ဟု ဆိုကြသည်။ ထိုလမ်းကျဉ်းလေးအား ဖြတ်သန်းရန် ကျရှုံးသွားသည်လျှင် လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ရန် မဖြစ်နိုင်ဟု ဆိုလိုသည်။

"ငါ မင်းတို့ကို ဒီမှာ စောင့်နေမယ်။" ပေ့ကုံးအော့က ရီဖူရှင်းကို ပြောလိုက်သည်။ သူက အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်နေပြီ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းရည်ကို သိ၏။ လီချန်ရှန်း၏ ပြောပြချက်သာ အမှန်ဖြစ်မည်ဆိုလျှင် သူ့အတွက် လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

"ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူး။ ဒီနေရာက ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူးလေ။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ကံကောင်းသွားတာလည်း ဖြစ်နိုင်တာပဲ။"

"ကောင်းပြီ။" ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်။ ရီဖူရှင်းနှင့် လိုက်သွားပါက ကံကောင်းခြင်းလည်း ရှိနိုင်ပေ၏။

သူတို့ရှေ့တွင် အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ သူတို့က ကျောက်စာချပ်ရှေ့တွင် ရပ်နေကြပြီး တစ်ဖက်စီတွင် လူများများစားစားမပါရှိသော်လည်း တစ်ယောက်ချင်းစီ၌ ထူးချွန်ထက်မြက်သော အရှိန်အဝါတို့ ရှိနေပြီး သူတို့၏ လမ်းစဉ်ကလည်း ထူးခြားလှသည်။ အကြည့်တစ်ချက်နှင့်ပင် သူတို့က သာမန်မဟုတ်သော သူများဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်း နိုင်သည်။

သူတို့သည် ကျဉ်းမြောင်းသော ဖြတ်လမ်းကို တိုက်ရိုက်လျှောက်ဝင်သွားကြပြီး အထက်အပေါ်သို့ တက်သွားကြသည်။ ရုတ်တရက် လျှို့၀ှက်ဆန်းကြယ်သော အရှိန်အဝါက လမ်းကျဉ်းလေးတွင် ဖြန့်ကျက်လာပြီး နတ်ဘုရား မြူမှုန်တို့က သူတို့အားလုံးကို လွှမ်းခြုံသွားသည်။

"ကျွန်တော်တို့လည်း တက်ကြရအောင်။" ရီဖူရှင်းက တောင်တက်လမ်းကို လျှောက်တက်သွားရင်းနဲ့ ပြောလိုက်သည်။ သူက လမ်းကျဉ်းကို မော့ကြည့်လိုက်ပြီး ကျောက်တုံးလှေကားကို စ၍ တက်လိုက်၏။ ရီဖူရှင်းက အရှေ့တွင် ရှိနေပြီး ရှားရှင်းယွန်နှင့် အခြားလူများက နောက်မှ လိုက်ပါသွားကြသည်။

ဤလမ်းကျဉ်းသည် သူတို့ကို မည်သည့်ဖိအားမှ မဖြစ်စေပေ။ သူတို့အနီးတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများ စီးဆင်းနေသည်မှအပ မည်သည့် ထူးထူးခြားခြားမှ ဖြစ်မလာပေ။ ရီဖူရှင်းသည် ဤသို့ လုပ်ဆောင်ရခြင်းက ခက်ခဲမည်ဟု တွေးထင်ထားသော်လည်း သူ၏ ခြေလှမ်းများက အလွန် ပေါ့ပါးနေ၏။

ရှားရှင်းယွန်နှင့် အခြားသူများအတွက်လည်း အတူတူပင် ဖြစ်သည်။ သူတို့က အလွန် လွယ်ကူစွာ လျှောက်နေကြသည်။ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်း သည်ပင် အခက်အခဲမရှိ နောက်မှ လိုက်နေခဲ့ကြသည်။

…

လမ်းကျဉ်း၏ အထက်တွင် ကျောက်တုံး ကျေးရွာတစ်ခု ရှိနေသည်။ ရွာအတွင်းမှ လမ်းများက အလွန် ရှေးကျလှပြီး အပြာရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ သူတို့ အိမ်များကလည်း ရှေးကျလှသော အချိန်ကာလကို ဖြတ်သန်းခဲ့ရသလို ထင်မှတ်ရ၏။ သို့သော်လည်း ရွာသည် အလွန် သန့်ရှင်းနေပြီး အနီးဝန်းကျင်၌ ရှေးဟောင်းသစ်ပင်အများအပြား ရှိနေကြသည်။

ထိုအချိန်တွင် လူအများက လမ်းတစ်လျှောက် လျှောက်လာနေကြသည်။ သူတို့၏ ဘေးတွင် တောက်ပသော အနီရောင် မေပယ်များက တစ်ပင်လုံး အပြည့်အဝ လွှမ်းခြုံနေပြီး ကောင်းကင်တစ်ခုလုံးသည်လည်း ချက်ချင်းပင် သွေးနီရောင်လွှမ်းထားသကဲ့သို့ ဖြစ်လာသည်။ ရွာထဲရှိ လူများက ထိုအချင်းအရာကြောင့် အံ့သြခြင်းမရှိပေ။ ရံဖန်ရံခါ သူတို့က အဝေးသို့ ကြည့်နေပြီး လျှောက်လမ်းတို့ တက်လာနေသော လူများကို အာရုံခံနေခဲ့ကြသည်။

သို့သော်လည်း အနီရောင် မေပယ်သစ်ရွက်များက ဆက်လက်၍ ပွင့်လန်းနေပြီး ပို၍ တောက်ပလာသသည်။ တဖြေးဖြေးနှင့် အချို့က ရပ်တန့်ကာ ရှေးဟောင်းသစ်ပင်များကို ကြည့်လိုက်ကြသည်။ ညှိးခြောက်နေသော မေပယ်သစ်ပင်က တဖန် စတင်၍ ပွင့်လန်းလာသည်ကို မြင်လိုက်ကြရသည်။ သူတို့က အလွန်လှပစွာဖြင့် အဆက်မပြတ် ပွင့်လန်းလာနေသည်။

"နောက်ထပ် ကံကောင်းခြင်းတွေနဲ့ လူသစ်တွေ ရောက်လာပြီပဲ။" အနည်းငယ် ဝဖိုင့်သော လူအိုကြီးက လမ်းလျှောက်လာရင်း အပြုံးနှင့် ပြောလိုက်သည်။ သူဖြတ်သွားသည့် နေရာတွင် အနီရောင် မေပယ်သစ်ပင်များက အပြည့်အဝ ပွင့်လန်းလာနေကြ၏။ ပန်းများက မြေပြင်ကို ဖုံးလွှမ်းထားသည်။ ရွာတစ်ရွာလုံးရှိ မေပယ်သစ်ပင်များ အားလုံး ရှင်သန်လာစေရန် အချိန်သိပ်မယူလိုက်ရပေ။ တောင်တစ်ခုလုံးတွင် အနီရောင်များနှင့် ဖုံးလွှမ်းထားသည်မှာ အလွန် လှပသော မြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။

လူအများက ရွာအတွင်း၌ ရှေးဟောင်းသစ်ပင်များ ကြည့်ရင်း အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ သူတို့၏ မျက်လုံးများက သူတို့၏ စိတ်ထဲ၌ ခံစားနေရသော အနှောက်အယှက်များကို သစ္စာဖောက်နေသည်။ မကြာခင်မှာပင် တောက်ပသော အနီရောင်အလင်းများက ရွာတစ်ခွင်လုံးကို ဖုံးလွှမ်းလာပြီး ကောင်းကင်ကို လှပသော အနီရောင်အ​​ဖြစ် ပြောင်းလဲသွားစေသည်။

"ပန်းတွေက နေရာအနှံ့မှာ ပွင့်နေပြီး အနီရောင် မေပယ်တွေက မြေပြင်ကို ဖုံးလွှမ်းထားတယ်။ ရွာထဲကို ဝင်လာတဲ့သူတွေထဲမှာ ဘယ်သူက နတ်သဘာဝဖြစ်စဉ်ကိုတောင် ဖြစ်လာစေနိုင်လောက်အောင် ထူးခြားလိမ့်မလဲ။"   လူအိုကြီးတစ်ယောက်က သူ့ မျက်လုံးကို ကျဉ်းမြောင်းကာ ရေရွတ်လိုက်သည်။

"ဘယ်လောက် အားကောင်းလိုက်တဲ့ အရှိန်အဝါလဲ။" တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်ပြန်၏။ ကြည့်ရသည်မှာ လေးမျက်နှာကျေးရွာသို့ ရောက်ရှိလာသည့် ဧည့်သည်များတွင်

ဂုဏ်သရေရှိ ဧည့်သည်တော်များ ပါဝင်လိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ရွာအတွင်းရှိ သီးသန့် စာသင်ကျောင်း တစ်ခု၏ ရှေ့တွင် လူအများက ထိုင်နေကြပြီး အဘိုးအို တစ်ယောက် သင်ကြားပြသပေးနေသည်ကို နားထောင်နေကြသည်။

အဘိုးအိုတွင် အမတအရှိန်အဝါတို့ လွှမ်းခြုံထားသည်။ သူက ဤ လောကမှ မဟုတ်သကဲ့သို့ ထင်မှတ်ရပေသည်။

သူက ကောင်းကင်သို့ လှမ်းကြည့်လိုက်ပြီးနောက် အဝေးကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ နတ်အလင်းများ ဖြန့်ကျက်လာပြီး သူ၏ အမူအရာက ပို၍ တည်ငြိမ်လာ၏။

ထိုသည်မှာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်မှ မဖြစ်ပျက်ခဲ့ဖူးပေ။ ရွာသို့ လာရောက်ကြသော လူက များပြားသော်လည်း ကောင်းကင်၌ ထိုကဲ့သို့ အနီရောင် တောက်ပနေခြင်းမှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

သူက ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာစေခဲ့သည့် နောက်ဆုံးအကြိမ်ကို မှတ်မိသည်။ ယခု ထိုသူက လောကတွင် အလွန် ကျော်ကြားသော လူ ဖြစ်နေပြီး ဖြစ်သည်။

ဤတစ်ကြိမ်၌ မည်သူ ထပ်ရောက် လာပြန်သနည်း။

***

All Chapters